Hana: Anime & Cartoons
40.3K subscribers
6.65K photos
29 videos
5.14K links
For Business Contact 👉 @heinoothwin
Download Telegram
လေယာဉ် (၂၀၁၃)

IMDB - 5.7/10
Genre - Action/ Adventure


ဟိုးအရင်က ထွက်ခဲ့ဖူးတဲ့ “ကား” ဆိုတဲ့ ကာတွန်းကားနဲ့ ဇာတ်လမ်းက တော်တော်တူပါတယ်။ လယ်ယာအလုပ်ပဲ လုပ်နေရတဲ့ လေယဉ်ပျံလေးက သူများလို ကမ္ဘာ့ချန်ပီယံရှစ် မှာ ဝင်ပြိုင်ချင်တဲ့ ပြိုင်ပွဲစီးသမား တစ်ယောက် ဖြစ်ချင်တာပါ။ သူကို နည်းပြပေးမယ့် စစ်ပြန်လေယဉ်ကြီးတစ်ယောက်လည်း ရှိသေးတယ်။ အခက်အခဲတွေနဲ့ နောက်ဆုံး ချန်ပီယံရှစ် မှာ အနိုင်ရမလား ရှုံးသွားမလားဆိုတာတော့ ဒီကားထဲမှာပဲ ကြည့်လိုက်တော့ဗျ။ ဒီဇနီ က ထုတ်တာဆိုတော့ Animation ပိုင်းကတော့ ပြောစရာမလိုလောက်အောင် ကောင်းပါတယ်။

t.me/cartoonmoviesmms/1592
ကြမ္မာဖန်တဲ့ထိုရေစက်

"ငါကနင့်ကိုစားဖို့လာတာ"ဆိုတာ ရေသူမလေး Shiroi တစ်ယောက် ပင်လယ်ကနေထွက်လာလာချင်း အထက်တန်းကျောင်းသူလေး Hinako ကိုပြောခဲ့တဲ့စကားပင်။ Hinako ဟာ ပင်လယ်နားကမြို့လေးမှာတစ်ယောက်တည်းနေထိုင်နေသူဖြစ်ပြီး အနီးအနားကမကောင်းဆိုးဝါးတွေကိုဆွဲဆောင်နိုင်တဲ့ထူးခြားတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့သူပေါ့။ Shiroi တစ်ယောက် Hinako ကိုစတွေ့တဲ့နေ့တည်းက အမြဲဘေးနားကနေ Hinako ကိုကာကွယ်နေပေးတတ်ပြီး ကာကွယ်ပေးရတဲ့အကြောင်းကတော့ တစ်နေ့ကျ အရသာရှိတဲ့ Hinako ရဲ့အသားကိုတစ်လွှာချင်းစားချင်လို့ပါတဲ့။ ဒီလိုနဲ့အသားစားဖို့လာတဲ့ရေသူမလေးနဲ့ Hinako တို့ကြားက ခံစားချက်တွေ ဆက်ဆံရေးတွေ ပိုနီးကပ်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ

t.me/animeseriesmyanmar/2634
❤1
ရင်ခုန်သံရပ်၀န်း

အထက်တန်းကျောင်းသား Akiteru Oboshiက တခြားသူ့အရွယ်ကျောင်းသားတွေနဲ့မတူဘူး ။သူ့အတွက်က ပျော်ပွဲရွှင်ပွဲတွေ သူငယ်ချင်းတွေ ယုတ်စွအဆုံး ရည်စားထားတာကိုပါ အချိန်ဖြုန်းရာကျတယ်လို့ ခံယူထားသူတစ်ယောက်ပါ။ သူ့ရဲ့ အခင်ရဆုံးသူငယ်ချင်းမှာ Iroha Kohinataလို့ ခေါ်တဲ့ ညီမလေးတစ်ယောက်ရှိတယ်။ Iroha ဟာ Akiteru ရဲ့ အခန်းထဲမှာ ထစ်ခနဲလာနေပြီး သူ့အိပ်ယာပေါ်မှာ အမြဲထိုင်နေတတ်တာ။ အဲဒီလိုကပ်ပါးကောင်လိုကပ်နေတဲ့ Irohaကို Akiteruတစ်ယောက် စိတ်ရှုပ်စရာလို့ မြင်တော့တာပါပဲ။ အမြင်မကြည်တစောင်းစောင်းဖြစ်နေတဲ့ နှစ်ဦးသားဘယ်လိုမျိုးနှစ်ပါးသွားကြမလဲ Iroha ကရော Akiteru ကို ဘာလို့ဒီလောက် စိတ်ရှုပ်စေရတာလဲ

t.me/animeseriesmyanmar/2639
🆗အဖိုးကြီးလား 👍သမီးတော်လား

🆗ကျွဲဖမ်းမလား ✅ရှမ်းကိုးမီးဆော့မလား

🚨❗️❗️❗️❗️❗️❗️❗️❗️❗️🚨

😀ငွေသွင်းငွေထုတ်တိကျမှန်ကန်မှု
😀နာမည်ပျက်လုံးဝမရှိ
😀ငွေကြေးပိုင်း၁၀၀%အာမခံမှူအပြည့်
😀ပိတ်ခန်းမရှိ |စည်းကမ်းချက်မရှိ
😀စိတ်ကြိုက် ဝိုင်းပြောင်းကစားနိုင်




ဆက်သွယ်ဆော့ကစားလိုပါက ◀️


📱 တိုက်ရိုက်လင့် - https://t.me/Shwe71_bot

📱 09453357672

📱 @luck7m9skm ကိုဆက်သွယ်ကစားနိုင်ပါပြီရှင့်
Please open Telegram to view this post
VIEW IN TELEGRAM
❤1
ကြယ်ကလေးရဲ့ချစ်ပုံပြင်

အချစ်ဇာတ်လမ်းတို့ရဲ့ထုံးစံအတိုင်း Sae နဲ့ Kokiတို့က ငယ်ငယ်ကတည်းက ခင်လာတဲ့သူငယ်ချင်းတွေပါ အလယ်တန်းပြီးခါနီးကျ Saeက Kokiအရွယ်ရောက်လာတာကို သတိထားမိသွားပါရော ဒီလိုနဲ့နေလာလိုက်တာ အထက်တန်းရောက်တော့ Saeနောက်ထပ်သတိထားမိသွားတာက သူ Kokiကို ချစ်မိနေပြီဆိုတာပဲ ဒါပေမဲ့ဖြစ်ချင်တော့ Saeတစ်ယောက်တည်းကပဲ Kokiအပေါ်ခံစားချက်ရှိနေတာမဟုတ်တဲ့အခါ နောက်ဆုံးမှာ Koki ဘယ်သူ့ကိုသဘောကျသွားမှာလဲ Saeကရော အချစ်ပြိုင်ဖက်တွေကို ကျော်ပြီး Kokiနှလုံးသားရယူနိုင်ပါ့မလား

t.me/animeseriesmyanmar/2642
❤2👻1
Telegram မှာ သီချင်းကောင်းကောင်းလေးတွေကို လွယ်လွယ်ကူကူ နားထောင်ဖို့ Join ထားလိုက်နော်💗

🔣 https://t.me/hanamusicplaylist 🔣
Please open Telegram to view this post
VIEW IN TELEGRAM
❤1
❗️❗️❗️❗️❗️❗️❗️❗️❗️ဂိမ်းဆိုဒ်ကြီးမှာ ဆော့ကစားပီး အလျော်အစားအတွက်ပြသနာဖြစ်ခဲ့ ရင် သွင်းငွေရဲ့ ၁၀ ဆ 💵ပြန်အမ်းပေးပါသည်💯👉🤪

❤️ယုံကြည်စိတ်ချရမှုက 1️⃣0️⃣0️⃣🔤

❤️အလျော်အစားမှန်ကန်မှု 1️⃣0️⃣0️⃣🔤

❤️မြန်ဆန်တိကျမှု 1️⃣0️⃣0️⃣🔤


စလော့ဂိမ်းတွေကစားရတာ စိတ်ဝင်စားရင်တော့-


📱  Telegram Link : https://t.me/shwenagar99_bot

📱  Telegram No :  09268581903

📱   Viber Link :https://msng.link/o?959268581903=vi
Please open Telegram to view this post
VIEW IN TELEGRAM
၉ (၂၀၀၉)

သိပ္ပံနည်းပညာတွေထွန်းကားလာတဲ့အချိန်မှာ လူသားတွေဟာ ငြိမ်းချမ်းရေးအတွက် စက်ပစ္စည်းတွေကို စစ်ပွဲတွေရပ်တန့်ဖို့အစား အသုံးပြုခဲ့ပေမယ့် အဲစက်ပစ္စည်းတွေက နောက်ဆုံးမှာ လူသားတွေအားလုံးအတွက် ဆိုးကျိုးတွေကို သယ်ဆောင်လာခဲ့ပါတယ်။ လူသားတွေ ဖန်တီးခဲ့တဲ့ စက်ရုပ်တွေရဲ့ ဖျက်ဆီးမှုကြောင့် လူသားမျိုးစိတ်တစ်ခုလုံး အသက်ဆုံးရှုံးခဲ့ရပြီး၊ လူသားတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ဝိဉာဉ်တွေအစား ထိုးဆောင်ထားတဲ့ အရုပ်ကလေး ၉ ရုပ်သာ ကျန်ခဲ့ပါတယ်။ ၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉ ဆိုတဲ့ ကိုယ်ပိုင်နံပါတ်တွေရှိတဲ့ အရုပ်ကလေး ၉ ရုပ်ဟာ အမြဲပုန်းကွယ်နေခဲ့ပေမယ့် နောက်ဆုံးမှာ ၉ ရဲ့ မတော်တဆမှုလေးတစ်ခုကြောင့် ၉ ရုပ်လုံး ပျက်စီးမယ့် အကြောင်းရာကြီးတစ်ခု စတင်ခဲ့ပါတယ်။ IMDB Rating 7.1 ရရှိထားပြီး 9.9.2009 မှာ ထွက်ရှိခဲ့တဲ့ ၉ ဆိုတဲ့ ဒီ Animation ကားလေးကို ပရိတ်များ ပြန်လည်ကြည့်နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်။

t.me/cartoonmoviesmms/1128
❤2
နဂါးစောင့်ရှောက်သူ (၂၀၂၄)

ဇာတ်လမ်းကို တရုတ်နိုင်ငံ ဟန်မင်းဆက်ခေတ် မှာ အခြေတည်ထားပြီး အစေခံမလေးတစ်ယောက်ဖြစ်တဲ့ ပင် နဲ့ နဂါးကြီး လုံတန်စီ တို့ရဲ့ စွန့်စားခန်းခရီးစဉ်ကို လိုက်ကြည့်ရှုရမှာပါ။ လူသားတွေနဲ့ နဂါးတွေဟာ ရှေးတုန်းက တစ်ခေတ် တစ်ခါမှာ အတူလက်တွဲစစ်တိုက်ခဲ့ကြဖူးပေမယ့် အာဏာမက်မောတဲ့ လူသားတွေကြောင့် နဂါးတွေဟာ ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခံရပြီး မျိုးတုန်းတော့မယ့် အရေးနဲ့ ရင်ဆိုင်လာခဲ့ရပါသည်။ ဒါပေမယ့် ရဲရင့်တဲ့ ပင် ဆိုတဲ့ မိန်းမငယ်လေးကတော့ ရှားရှားပါးပါး နဂါးတွေကို ထိန်းချုပ်နိုင်သူအနေနဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး နောက်ဆုံးလက်ကျန် နဂါးဥလေး ကို ကယ်တင်ပေးနိုင်မှာလား ဆိုတာကို စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

t.me/cartoonmoviesmms/1126
သူတပြန် ကိုယ်တပြန် (၂၀၂၃)

IMDb - 6.9/10
Genre - Fantasy, Comedy


သဘာဝလွန် စိတ်ကူးယဥ် ဟာသလေးတွေကို နှစ်သက်တဲ့သူတွေအတွက်ကာတွန်းကားကောင်းလေး ကြည့်ရှုလို့ရပါပြီ။ ကျောင်းမှာ အဆိုးဆုံးအတန်းလို့ နာမည်ကြီးတဲ့အတန်းက အဆိုးဆုံး ကျောင်းသားလေး ဝမ်ချန် အမြဲတမ်းကျောင်းလစ်ပြီး အင်တာနက်က ဖေးမှာ သူငယ်ချင်းတွေနဲ့ ဂိမ်းသွားဆော့တတ်တဲ့ ကောင်လေး။ ဆရာမ ရှီးမြောင်နာ့ ကတော့ စည်းကမ်းတင်းကြပ်လွန်းပြီး ထူးချွန် ဆရာရွေးချယ်တဲ့ သရုပ်ပြသင်ကြားရေး အတန်းရဲ့ ဆုကို အရမ်းလိုချင်လို့ကြိုးစားနေသူ ဆရာမတစ်ယောက်။ ဆိုးသွမ်းတဲ့ ဝမ်ချန် တို့ အဖွဲ့နဲ့ ဆရာမ ရှီး ကတော့ အမြဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။ တစ်နေ့ သူတို့နှစ်ယောက် ကြား ပဋိပက္ခဖြစ်ရင်း အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ချင်းလဲလှယ်သွားရတယ်။ ခန္ဓာကိုယ်လဲသွားခဲ့တဲ့ ဆရာမနဲ့ ကျောင်းသား ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ။ ဆန့်ကျင်ဘက် လူသားနှစ်ယောက် အချင်းချင်း နားလည်မှုတွေ ရသွားနိုင်မလား။ ခန္ဓာကိုယ် လဲသွားလို့ ဖြစ်လာတဲ့ ပြသာနာတွေကို ရော ဘယ်လို ရင်ဆိုင်မလဲ။ ခန္ဓာကိုယ်ရော ပြန်လဲနိုင်ပါ့မလားဆိုတာတွေကို ကြည့်ရှုရမဲ့ ဟာသအပြည့် အချိန်ပေါင်းကာတွန်းဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

t.me/cartoonmoviesmms/1598
Forwarded from Dragon King Online Game
🔺🔺♦️🔺🔺🔺 😳🔺♦️🔺🔺
ရဲ့ နိုင်ခြေမြင့်
🏆🔝 ဂိမ်းခန်းကောင်းများ 🎰🎰

🏆🏆🏆🏆🏆🏆🏆

💖 ❗️❗️❗️❗️❗️❗️❗️❗️ 💖


☹️ တောင်ပေါ်သား ရှမ်းကိုးမီး ဘူကြီး
🥵 အပေးကြမ်းတဲ့ စလော့ဂိမ်းပေါင်းစုံ
🥵 ငါးပစ်ဂိမ်း 
🧐ကာစီနိုဂိမ်းများစွာကို တစ်နေရာတည်းမှာ စိတ်ကြိုက် ကစားနိုင်တဲ့

😳 😭😎🤓🤓😞 😳

📢 မန်ဘာသစ် ဘောနပ်စ်
😀😃😃 💯

📢 နေ့စဉ် ဘောနပ်စ်            
5️⃣😃 💯

📢 သွင်းတိုင်းရ ဘောနပ်စ်   
😀😃 💯

💵 ငွေသွင်း ငွေထုတ် ကန့်သတ်ချက်မရှိ

😒  😒  🤓 ပိတ်ရက်မရှိ ဝန်ဆောင်မှု

😳 😋😚🤓🧐🤓  😳

Phone        ➡️ 09268040308

Viber          ➡️ https://tinyurl.com/mpb34kau

Telegram  ➡️ https://t.me/dragon7785

Messenger➡️ https://tinyurl.com/dgkinme

😳 😞😏😙☹️🙁 😳

Viber         ➡️ https://tinyurl.com/pm3cy4fz

Telegram  ➡️ https://t.me/dragonkingvip

Facebook  ➡️ https://tinyurl.com/dgkinfb

😳 😋😚🤓🧐🤓  😳

https://m.africanbuffalo.vip/sign-up?code=9EB0
Please open Telegram to view this post
VIEW IN TELEGRAM
ပြာကလပ်စိန် ခွေးကြီး မာမဒုခ် (၂၀၂၂)

ခန္ဓာကိုယ်ကကြီးမားသလောက် ကလေးဆိုးကြီးလို အဆော့မက်ပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ ပြာကလက်စိန်ဂရိတ်ဒိန်းခွေးအမျိုးအစား မာမဒုခ် တစ်နေ့မှာတော့ သူ့ကိုထိန်းမရလို့ သူ့သခင် ဖီးလ် က အခန်းပိတ်အပြစ်ပေးခဲ့ပါတယ်။ ခန္ဓာကိုယ်ကိုသာလှောင်ပိတ်လို့ရမယ်၊ ပြာကလက်စိန်လုပ်တတ်တဲ့ ငါ့ရဲ့အကျင့်ကိုတော့ လှောင်ပိတ်မရဘူးဆိုတဲ့ မူနဲ့အတူ သူမွှေခဲ့ပါတော့တယ်။ အပြင်ဘက်မှာ ဖီးလ် ရဲ့သား မာမဒုခ် ရဲ့သူငယ်ချင်းလေး ဘီလီ ရဲ့ မွေးနေ့ပွဲကျင်းပနေချိန် အပေါ် ထပ်သော့ခတ်ထားတဲ့ အခန်းထဲကနေ သူ ခုန်ထွက်လာခဲ့ပါတယ်။ ပါတီပွဲတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ရဲ့ သူ့ရဲ့ အမွှေစိန်ဖြစ်ရပ်ကိုမှတ်တမ်းတင်ကာ ဆိုရှယ်မီဒီယာထက်တင်လိုက်ရာ လူကြိုက်များကျော်ကြားလာခဲ့ပါတော့တယ်။ ဒီလို ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ မာမဒုခ် ရဲ့ သတင်းကို ခြောက်ကြိမ် ဆက်ချန်ပီယံခွေးလေ့ကျင့်ရေးသမား ဂိုင် ဟိလ်တွန် တွေ့သွားခဲ့ရာကနေ… မာမဒုခ် ရဲ့ အနာဂတ် ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းပေါ်လာပါတယ်။

t.me/cartoonmoviesmms/1600
မွန်းစတား တက္ကသိုလ် (၂၀၁၃)

မိုက်ခ် နဲ့ ဆူလေး ဆိုတဲ့ မွန်းစတား ၂ကောင်က ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး မွန်းစတား ဆိုတဲ့ ဘွဲ့ရအောင် မွန်းစတား တက္ကသိုလ် ကို လာတက်ကြတယ်။ သူတို့ ၂ကောင်က အစတုန်းမှာတော့ မဟာပြိုင်ဘက်တွေဖြစ်ကြပေမဲ့ အဆုံးသတ်မှာ ရန်သူတွေဖြစ်နေဦးမှာလား၊ အကောင်းဆုံး BFF တွေဖြစ်လာကြမလားဆိုတာကို ကြည့်ရှုရမှာပါ။

t.me/cartoonmoviesmms/1602
❤2
ရဲရင့်သော မင်းသမီးလေး (၂၀၁၂)

မာရီဒါ လေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက်၊ မြားပစ်တာ၊ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ်။ သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူး။ တနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ်။ ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမ တစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ စုန်းမ က သူ့မိခင်ကို စိတ်ပြောင်းသွားအောင် လုပ်ပေးမယ်ဆိုပြီး ကိတ်မုန့်တစ်ခုပေးလိုက်ပါတယ်။ မာရီဒါ လေးဟာ အိမ်ပြန်လာပြီး သူ့မိခင်ကို ကျွေးလိုက်တဲ့အခါမှာတော့ ရလဒ်က သူမျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ်။ ဒါနဲ့ သူ့ကြောင့် ဖြစ်သွားရတဲ့ အမှားကို ပြန်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားရတဲ့အခါ မာရီဒါ လေးတစ်ယောက် အခက်အခဲတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲ၊ ဘယ်လိုတွေ စွန့်စားရမလဲဆိုတာ စိတ်ဝင်စားဖွယ် မြင်တွေ့ရမယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

t.me/cartoonmoviesmms/1604
❤2
Forwarded from OMG BET
This media is not supported in your browser
VIEW IN TELEGRAM
အပေးကြမ်းပီး လူကြိုက်များတဲ့ဂိမ်း လေးတွေဆိုရင်

🤩🤩🤩😀😀 😀😀😀😀 နဲ့
🥹🤰🧑‍🦳 😘👍💅 🦵👩‍🍼💦

ကျွဲဂိမ်း-အဖိုးကြီး-သမီးတော်-ချိုချဉ်ဂိမ်းများကို 🔠🔠🔠 🅱️🔠🔠 မှာ လာရောက်ကစားကြည့်ဖို ဖိတ်ခေါ်ပါတယ်နော် 😘😘

❗️❗️❗️❗️❗️❗️
📱 Viber : 09797928789
📌 Viber Link :https://msng.link/o?+95797928789=vi
📱Telegram : 09797928789 / @omgbet789
📌Telegram link ;https://t.me/omgbet789
📱Official Channel : https://t.me/omgbetofficial
Please open Telegram to view this post
VIEW IN TELEGRAM
ဟာကုဘို (၂၀၁၉)

ဒီကားလေးက Iwaki မှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကြည်နူးစွတ်ပျံ့ဖွယ်ရာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ တယောထိုးတာကလွဲရင် ဘာကိုမှ ယုံယုံကြည်ကြည် မလုပ်ဝံ့တဲ့ ကောင်မလေးတစ်ယောက်၊ ရိုးရှင်းတဲ့ ဘဝမှာနေပြီး ပန်းချီဆွဲရတာကို နှစ်သက်တဲ့ ကောင်လေးတစ်ယောက်။ ဒါပေမဲ့ တိုဟိုကု ငလျင်ကြောင့် သူ့ဘဝဟာ ပြောင်းလဲလာခဲ့တယ်။ သူတို့ ၂ယောက်ဟာ ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ဒေသမှာ တွေ့ဆုံခဲ့ကြတယ်။ သူတို့ရဲ့ တွေ့ဆုံမှုကနေ တဖြည်းဖြည်း အချစ်ဆိုတဲ့အရာ ပေါက်ဖွားခါမလား၊ ဒါမှမဟုတ် သာမန်တွေ့ဆုံမှုတွေလိုမျိုးပဲ ဝေဝါးသွားမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ဆက်ကြည့်လိုက်ပါ။

t.me/cartoonmoviesmms/1606
နင်ဂျာစာလိပ် (၁၉၉၃)

ရှီမူဒါ မြို့ကို "ကပ်ရောဂါ" လို့ အမည်တပ်ပြီး လူတိုင်းကို အဆိပ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီအကြောင်းကို စုံစမ်းဖို့ နင်ဂျာအဖွဲ့ကို စေလွှတ်ရာမှာ တစ်ဖွဲ့လုံး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ကာဂီရို လို့ ခေါ်တဲ့ နင်ဂျာမိန်းကလေးတစ်ယောက်ပဲ အသက်ရှင်ခဲ့ပါတယ်။ အဲဒီနောက် နင်ဂျာခေါင်းဆောင်က အဲဒီမိန်းကလေးကို စုံစမ်းခိုင်းရာ နင်ဂျာဂျူဘီ နဲ့ ဆုံပြီး ဒက်ခန် လို့ ခေါ်တဲ့ အစိုးရစပိုင်နဲ့လည်း ဆုံခဲ့ပါတယ်။ ထိုနောက် အဆိပ်ခက်လုပ်ကြံတဲ့ လူဆိုးတွေကို သူတို့ သုံးယောက် ဘယ်လိုတိုက်ခိုက်ကြမလဲ၊ ဂျူဘီ ရဲ့ ရန်သူတော်ကြီး ဂမ်မာ က ဘယ်လိုပြန်ရှင်လာမလဲ၊ နောက်ပိုင်းမှာ ဂျူဘီ က အစိုးရ စစ်ဆင်ရေးကို ဘယ်လိုပူးပေါင်းပြီး လုပ်ဆောင်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းပေါ်လာပါတယ်။

t.me/cartoonmoviesmms/1608
❤4
ဝံပုလွေ၏ အိမ်မက်ဆိုး (၂၀၂၁)

ဒီ Animation ထဲမှာ ဗက်စီမာ ရဲ့ ငယ်ဘဝဇာတ်ကြောင်း၊ ဝှစ်ချာ တစ်ယောက်ဖြစ်လာဖို့ ကျော်ဖြတ်ရတဲ့ စမ်းသပ်မှုတွေ၊ သူ့ရဲ့ စွန့်စားခန်းတွေနဲ့အတူ ရှေးအယူအရ သာမန်လူတွေ ရဲ့ ဝှစ်ချာ တွေကိုသဘောထားကိုလည်း ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ ဒါ့အပြင် Kaedwen တိုင်းပြည်က Madam Tetra Gilcrest ကလည်း ဝှစ်ချာ တွေကို ရန်ငြိုးရန်စသောကြောင့် ကြောင့်မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေ နဲ့ပူးပေါင်းပြီး ဗက်စီမာ တိုရဲ့ ဝှစ်ချာ တိုင်းပြည်ကြီးကို အပြီးတိုင် အမြစ်ဖြတ်ပစ်ဖို့ ကြိုးစားလာတဲ့အခါမှာ ထုံးစံအတိုင်း ကြမ်းကြမ်းတမ်းတမ်းအပြောအဆိုတွေ၊ သတ်ခန်းဖြတ်ခန်းတွေကို သွေးသံတရဲရဲနဲ့ ပီပီပြင်ပြင် တင်ဆက်ထားတာကြောင့် R-rated အဖြစ် သတ်မှတ်ရပါတယ်။

t.me/cartoonmoviesmms/1610
❤2
🎲Sein City Gaming🎲

💎💎💎

ငွေကြေးပိုင်းအတွက်သာမက ကိုယ်တိုင်လုံခြုံစိတ်ချရမယ့် Gameတစ်ခုကို ဆော့ကစားချင်တယ်ဆိုရင်တော့ SeinCity မှာအခုပဲ အကောင့်ဖွင့်ပြီးကစားနိုင်ပါပြီ🎮💁❤️
ďťż
❤️Thai 2D
80ဆ
❤️Myanmar 2D 80ဆ
❤️3D အဆ700၊သွပ်ပတ်လည်ဆယ်ဆ
🎮လေးကောင်ဂျင်၊ခြောက်ကောင်ဂျင်
♠ဖဲဂိမ်း၊ရှမ်းကိုးမီး၊ပိုကာ
🐋ငါးပစ်ဂိမ်း
🎰စလော့ဂိမ်း
⚽️Bti Sport
စတဲ့ဂိမ်းပေါင်း(200)ကျော်💸

Seincity Download link👇
https://www.mmhotapp.com/seincity_download/

တိုက်ရိုက်ဆော့ကစားရန်Link🎮
https://www.seincity.com/

Viber☎09974586879,09974586919

Facebook Page📱https://bit.ly/4c85UrA

SeinCity telegram Link👇
https://t.me/seincitygaming

#SeinCityGaming
နောက်ဆုံးအနေနဲ့ တစ်ခုလောက်မေးလို့ရမလား (၂၀၂၅)

Genres - Action, Comedy, Romance


ခန်းမကြီးရဲ့ အလယ်မှာ စကားလက် ဟာ သူ့ရဲ့ သတို့သားလောင်း ကိုင် ဆီက စေ့စပ်မှု ဖျက်ဖို့ ကြေညာခြင်းကို ခံရတယ်။ လူတိုင်းက သူ့ကို ဗီလိန်လို့ မှားယွင်းစွပ်စွဲပြီး အနိုင်ကျင့်တဲ့သူလို့ သမုတ်ကြလေ၏။ အထက်တန်းစားတွေကလည်း သူ့ကို ရှုတ်ချနေကြပေမဲ့ စကားလက် ဟာ အရင်ကတည်းက ကိုင် ရဲ့ နှိပ်စက်မှုတွေကို ခံနေရသူဖြစ်ပြီး၊ ဒါပေမဲ့ အခုတော့ သည်းမခံနိုင်တော့ပါဘူး။ နောက်ဆုံးအနေနဲ့ စကားလက် သည် တောင်းဆိုမှုတစ်ခု လုပ်လိုက်ပြီး၊ အဲ့ဒါက ကိုင် ရဲ့ မျက်ခွက်ကို ထိုးရန် ဖြစ်ပါတယ်။ စကားလက် တစ်ယောက် သူ့ကို စော်ကားတဲ့သူတွေကို ဘယ်လို ပညာပြမလဲဆိုတာက အဓိက စိတ်ဝင်စားစရာ ဖြစ်နေပါသည်။

t.me/animeseriesmyanmar/2652