Creative Coder Myanmar
1.38K subscribers
555 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝ရှာချင်တာမှန်သမျှ လွယ်ကူစွာရှာနိုင်တဲ 𝐋𝐚𝐫𝐚𝐯𝐞𝐥 ရဲ့ 𝐰𝐡𝐞𝐫𝐞𝐂𝐨𝐥𝐮𝐦𝐧 𝐌𝐞𝐭𝐡𝐨𝐝 ❞
======================================

Laravel ရဲ့အသုံး၀င်တဲ့ method တစ်ခုဖြစ်တဲ့ whereColumn Method လေးအကြောင်းကိုကြည့်လိုက်ရအောင်။

ဒီ method လေးဟာ trick တစ်ခုအဖြစ်တော်တော်လေးအသုံး၀င်ပါတယ်။
filtering လုပ်တဲ့နေရာမှာတော်တော်လေးအရေးပါတဲ့ method တစ်ခုဖြစ်တဲ့အတွက် Laravel ကိုလေ့လာနေတဲ့မိတ်ဆွေတို့အတွက်လည်းတော်တော်လေးအသုံး၀င်မယ်မျှော်လင့်ပါတယ်။

ပုံမှန်အတိုင်းဆိုရင်တော့ user တစ်ယောက်ကို ဆွဲထုတ်တဲ့နေရာမှာ specific column လေးတစ်ခုကိုရေးပေးဖို့လိုပါတယ်။
ကိုယ်ရှာချင်တာလူနာမည်ဆိုရင် name ဆိုတာလေးနဲ့ ဘေးမှာကိုယ်ရှာချင်တဲ့လူရဲ့နာမည်လေးဖြစ်ပါတယ်။ 
ဥပမာ 

User::where('name', 'john doe')->get();

ဒါပေမဲ့ ဒါလေးကိုပဲ shortcut အ‌နေနဲ့ ပိုပြီးမြန်အောင် ဒီလိုလေးရေးလို့ရပါတယ်။


User::whereName('john doe')->get();

Code ရေးတဲ့နေရာမှာပိုပြီးကျစ်လျစ်သွားပြီး ကြည့်ရတာလည်းရှင်းသွားပါတယ်။ နောက်ဆို လိုချင်တဲ့ value ကိုရယူဖို့အတွက် whereColumn pattern ကိုဒီလိုနေရာလေးတွေမှာအသုံးပြုလို့ရပါတယ်။

ကဲ.. နောက်ရော ဘယ်လို trick တွေတင်ပေးရမလဲဆိုတာပြောပေးသွားကြပါဦးနော် 👀

#Creative_Coder_Myanmar
#laravel
#whereColumn