Creative Coder Myanmar
1.42K subscribers
563 photos
1 video
103 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
Developer တို့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ Free Laptop အပြင် ငါးသိန်းကျော်တန်ဖိုးရှိ Web Development Course တွေကို Full Access ရရှိမယ့်  အစီအစဉ်

၂၀၂၅ ကိုရောက်ဖို့ (၄) လပဲလိုတော့တယ်နော် Developer ကြီးတို့ရေ..

Developer ကြီးတို့ရဲ့အိမ်မက်တွေအကောင်အထည်ဖော်နိုင်ဖို့ Cretaive Coder ကနေ ကူညီပံ့ပိုးပေးဖို့အစီအစဉ်လေးလည်းရှိပါတယ်။ 

ပထမတစ်ခုကတော့ 
Free Laptop အပြင် ငါးသိန်းကျော်တန်ဖိုးရှိ Web Development Course တွေကို Full Access ရရှိမယ့်  အစီအစဉ်ဖြစ်ပါတယ်။ 

Creative Coder ကနေ လူငယ်တွေရဲ့ အလုပ်အကိုင်အတွက် ကူညီပေးဖို့ ဒီလို HP Laptop (၂) လုံးနဲ့ လုပ်ငန်းခွင်၀င်နိုင်သည်အထိ သင်ကြားပေးထားတဲ့ (၅) သိန်းကျော် တန်ဖိုးရှိ Web Development Full Stack course တွေကို တကယ်လိုအပ်သူ (၂) ဦးကို အခမဲ့ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။

👉 ကိုယ်က Laptop တကယ်လိုအပ်နေသူဖြစ်ရပါမယ်။
👉 Web Development ကိုစိတ်ပါ၀င်စားသူဖြစ်ရပါမယ်။
👉 လက်ရှိမှာ Web Development နဲ့ပတ်သက်ပြီးလုပ်ငန်းခွင်ဝင်နေတဲ့သူ ဒါမှမဟုတ် HTML, CSS, Javascript သိထားသူဖြစ်ရပါမယ်။

အခုပေးမယ့် Laptop လေးတွေက ရုံးမှာ Developer တွေ သုံးဖို့  ကြိုးစားပမ်းစား စုပြီးဝယ်ပေးထားတဲ့ Laptop လေးဖြစ်တာကြောင့် အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့ Laptop လေးတွေဖြစ်ပါတယ်။  အခုစျေးနဲ့ဆို အနဲဆုံး ၁လုံး ကို ၁၀ သိန်းဝန်းကျင်လောက်ရှိပါတယ်ခင်ဗျာ။ 

အဓိက တကယ် Web Development ကို လေ့လာနေပြီး တကယ် တကယ် တကယ်ကို လိုအပ်နေတဲ့ သူ ၂ ယောက်လောက်ကို ကျနော် တို့ ကူညီပေးချင်တာဖြစ်ပါတယ်။

 လေ့လာရေး အတွက်ပါ ၆သိန်းလောက် တန်ဖိုးရှိတဲ့ Learning Platform Full Course Access ပါ 2 ယောက်စာထည့်ပေးသွားမှာဖြစ်ပါတယ်။ 

👉Application form stage
👉Interview Stage တွေနဲ့အတူ သေ‌သေချာချာစီစစ်ပြီး လူရွေးချယ်သွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ။

မကြာခင် Application form လေးနဲ့အတူပြန်လာမှာမလို့ စောင့်ကြည့်ဖို့မမေ့ကြပါနဲ့နော်။ 

#creative_coder_myanmar
#scholarship
Web Development ကိုအခမဲ့လေ့လာခွင့်ရမယ့် အခွင့်အရေးအတွက် (‌၈) ရက်သာကျန်ရှိပါတော့တယ် 🗓

Creative Coder ရဲ့ Zoom Class တွေဖြစ်တဲ့ Laravel နဲ့ React အတန်းများအတွက် scholarship လျှောက်ထားနိုင်ဖို့က (၈) ရက်သာကျန်ရှိတော့တာဖြစ်ပါတယ်။

ဒီအတန်းတွေဟာ တတ်မြောက်မှုကိုအလေးပေးသင်ကြားပေးထားတဲ့ အတန်းတွေဖြစ်ပြီး လက်တွေ့ပြုလုပ်ရမယ့် project တွေပါ ပါ၀င်ပါတယ်။

ဒီအတန်းတွေထဲကို တက်ရောက်ဖို့အခက်အခဲရှိသူတွေအတွက် ကျွန်တော်တို့ Creative Coder ကနေ scholarship လေးစီစဉ်ပေးထားပါတယ်။

ဒီ scholarship လေးမှာပါ၀င်ဖို့ အတွက်ကို အောက်ပါ post လေးမှာ အသေးစိတ်ရေးသားထားပါတယ်
👇🏻



***တကယ် သင်တန်းတက်ရောက်ဖို့အခက်အခဲရှိသူများသာ scholarship လျှောက်ထားပေးဖို့ မေတ္တာရပ်ခံလိုပါတယ်***

#scholarship
#react
#laravel