Creative Coder Myanmar
1.38K subscribers
549 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
Developer တို့အတွက် Practical websites များ

လက်တွေ့နဲ့မကင်းနိုင်တဲ့ Developer တို့အတွက် practical website တွေဆိုတာ မရှိမဖြစ်ပါပဲ။

ဒါကြောင့် Developer တို့အတွက်အသုံးဝင်စေမဲ့ website တွေကို ဖော်ပြပေးလိုက်ရပါတယ်။

📝 LeetCode (leetcode.com)

Coding interview တွေအတွက် coding challenges တွေကို လေ့ကျင့်နိုင်တဲ့ website လေးပဲဖြစ်ပါတယ်။ 

📝 Hacker Rank (hackerrank.com)

Programming ကိုလေ့ကျင့်ဖို့အတွက် problems တွေအများကြီးရှိတဲ့ website တခုဖြစ်ပါတယ်။

📝 Codepen (codepen.io)

HTML,CSS, JavaScript code snippets တွေစမ်းဖို့အတွက် online community တခုပဲဖြစ်ပါတယ်။

📝 Kaggle (kaggle.com)

Data science နဲ့ဆိုင်တဲ့ dataset တွေ notebook တွေရှိတဲ့ website ဖြစ်ပါတယ်။

📝Dev.to (dev.to)

Developer အချင်းချင်း article တွေ tutorial တွေ share ရင်း discuss လုပ်နိုင်မယ့် community ဖြစ်ပါတယ်။

ကဲ…ဒီ website တွေကတဆင့် ကိုယ့်ရဲ့ coding skill ကို တိုးမြှင့်ဖို့ မမေ့နဲ့နော် 👀

#creative_coder_myanmar
#website
#practical