Creative Coder Myanmar
1.38K subscribers
546 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝𝟐𝟎𝟐𝟒 မှာ 𝐌𝐄𝐑𝐍 𝐒𝐭𝐚𝐜𝐤 ကဘယ်နေရာအထိဘယ်လောက်အထိအသုံး၀င်လာပြီလို့ထင်ပါသလဲ ?❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer ကြီးတို့ သိကြတဲ့အတိုင်း ကျွန်တော်တို့ IT industry မှာ အသစ်အသစ်တွေကနေ့တိုင်းလိုလို
ထွက်နေတာဖြစ်ပါတယ်။ language တွေ framework တွေ libraries တွေကို သူအစုလေးနဲ့သူ အတွဲအစပ်မိမိ တွဲသုံးတတ်ကြတာလေးတွေရှိလာပါတယ်။ MERN, MEAN,MEVN ဆိုတဲ့ အတိုကောက်စကားလုံးတွေက Client Side ရော server ရော တည်ဆောက်နိုင်တဲ့ libraries တွေ framework တွေစုစည်းထားတာကိုပြောတာဖြစ်ပါတယ်။ 

Frontend ပိုင်းရော Backend ပိုင်းမှာပါ အသုံးပြုတဲ့ framework တွေ libraries တွေကိုကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ Full Stack Developer တွေ အသုံးပြုကြတဲ့ Web Technologies တွေကိုဆိုလိုတာဖြစ်ပါတယ်။ MERN မှာ website တစ်ခုကို စတင်တည်ဆောက်တဲ့အပိုင်းကနေ implementation 
လုပ်တဲ့အပိုင်းအထိ အသုံးပြုရတဲ့ Powerful Technologies တွေအကုန်လုံးပါပါတယ်။ MERN Stack ကိုအလွယ်ပြောရမယ်ဆိုရင် full stack javascript framework တစ်ခုလို့ပြောလို့ရပါတယ်။ 

Developer ကြီးတို့ထဲမှာမှ Fullstack Developer လည်းဖြစ်ချင်တယ်။ ဘယ်အပိုင်းကိုရွေးရမလဲမသေချာဘူးဆိုရင် MERN Stack ကရွေးချယ်ဖို့အကောင်းဆုံးနေရာမှာရှိနေပါတယ်။ 

𝗠𝗘𝗥𝗡 ရဲ့ တစ်ခုချင်းစီအဓိပ္ပါယ်ကိုဆက်ပြီးကြည့်လိုက်ကြရအောင် 👀
𝗠 - ဆိုတာကတော့ Database အတွက်အသုံးပြုတဲ့ MogoDB ကိုပြောတာဖြစ်ပါတယ်။ 
𝗘 - Express.JS ကိုပြောတာဖြစ်ပြီးအောက်မှာဆက်ပြောပြမဲ့ Nodejs ရဲ့ Framework တစ်ခုပဲဖြစ်ပါတယ်။
𝗥 - React ဖြစ်ပြီး frontend developer တွေရွေးချယ်မှုများတဲ့ Javascript Library တစ်ခုပဲဖြစ်ပါတယ်။
𝗡 - Backend ပိုင်းမှာ JS ရဲ့ Web Server အဖြစ်အသုံးပြုတဲ့ Nodejs ဖြစ်ပါတယ်။

ဒါတွေက တစ်ခုချင်းစီကြည့်ရင်တော့သီးခြားဖြစ်နေပေမဲ့ သူတို့အကုန်လုံးကိုပေါင်းပြီး Web Application တစ်ခုတည်ဆောက်တဲ့နေရာမှာ အသုံးပြုလိုက်တဲ့အခါ ကောင်းမွန်တဲ့ Website တစ်ခုပေါ်ထွက်လာစေမှာပါ။ 

MERN ရဲ့ Architectural Structure ကိုလေ့လာကြည့်မယ်ဆိုရင်
Client ပိုင်းမှာ Reactjs ကိုသုံးထားပြီး Server ပိုင်းမှာတော့ Node.Js ရယ် သူ့ရဲ့ framework တစ်ခုဖြစ်တဲ့ Express.JS ကိုအသုံးပြုထားပါတယ်။ Data တွေကိုသိမ်းဆည်းဖို့ Database အပိုင်းမှာဆိုရင် Mogo DB ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ 

Frontend ပိုင်းမှာ အသုံးပြုထားတဲ့  React က dynamic client-side application တွေဖန်တီးတဲ့နေရာမှာ အသုံးပြုတဲ့ library တစ်ခုပဲဖြစ်ပါတယ်။ React ကိုအသုံးပြုထားရင် ကျွန်တော်တို့ Website မှာ page တစ်ခုကနေ တစ်ခုပြောင်းတဲ့အခါ reload စရာမလိုတဲ့အထိ ကောင်းမွန်တဲ့ web application တွေဖန်တီးထားနိုင်မှာကိုတွေ့ရမှာဖြစ်ပါတယ်။ Server ပိုင်းမှာဆိုရင် Nodejs ရဲ့ function တွေပိုပြီးကောင်းမွန်လာဖို့ ExpressJs နဲ့တွဲပြီး အသုံးပြုထားပါတယ်။ Expressjs ကိုသုံးပြီး ပိုပြီး powerful ဖြစ်တဲ့ API တွေ web server တွေဖန်တီးနိုင်ပါတယ်။ Nodejsကတော့ open source environment တစ်ခုဖြစ်တဲ့အလျောက် JS code တွေကို browser အပြင်ကို execute လုပ်ပေးပါတယ်။ 
Data တွေကို handle လုပ်တဲ့အပိုင်းမှာတော့ Non Structured Query Language တစ်ခုဖြစ်တဲ့ Mogo DB ကိုအသုံးပြုထားတဲ့အတွက် data တွေကိုသိမ်းထုတ်ရလွယ်ကူအောင် format တွေခွဲပြီးသိမ်းပေးထားပါတယ်။

ဒါကြောင့် JavaScript ကိုအခြေခံထားတဲ့ ဒီ MERN Stack ဟာလေ့လာလို့လည်းလွယ်ကူ အသုံးလည်း၀င်တဲ့နေရာမှာရှိနေတာပဲဖြစ်ပါတယ်။ 

ဒါကြောင့် developer ကြီးတို့အနေနဲ့ 2024 မှာ fullstack Developer တစ်ယောက်ဖြစ်ဖို့ကြုရွယ်နေတယ်ဆိုရင်တော့ MERN Stack ကတော့လေ့လာဖို့အကောင်းဆုံးပါပဲ။

Creative Coder မှာလည်းမကြာခင် MERN Stack Basic to advance course ကိုဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက်စောင့်ကြည့်ကြဖို့မမေ့နဲ့နော် 👀

#creative_coder_myanmar
#MERN
#website 
❝အထူးစပါယ်ရှယ် ပြင်ဆင်ပေးထားတဲ့ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐝𝐞𝐫 ရဲ့ 𝐌𝐄𝐑𝐍 𝐒𝐭𝐚𝐜𝐤 𝐂𝐨𝐮𝐫𝐬𝐞❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

MERN stack Developer အဖြစ်ရပ်တည်ချင်တဲ့ကျောင်းသားတို့အတွက် course တစ်ခုတည်းနဲ့ လုပ်ငန်းခွင်၀င်နိုင်တဲ့အထိ သေချာလေးပြင်ဆင်ပေးထားတာဖြစ်ပါတယ်။

HTML CSS လောက်ရထားတဲ့ သူတစ်ယောက် ကို Js ကို 0 level basic ကဆွဲခေါ်ပြီး MERN Stack project ကို deploy လုပ်နိုင်တဲ့ထိသွားပေးထားတာဖြစ်တဲ့အပြင် Creative Coder ရဲ့ပထမဆုံး learning platform အတန်းဖြစ်တာကြောင့် ကျောင်းသားတွေအဆင်ပြေအောင် discount တွေလည်းပေးထားတဲ့အပြင် သင်တန်းကြေးကိုနှစ်ခါခွဲသွင်းလို့ရအောင်လည်းပြုလုပ်ပေးထားပါသေးတယ်။ 

ဒါ့အပြင် ကျွန်တော်တို့ Creative Coder ရဲ့ one on one meeting နဲ့ error ဖြေရှင်းပေးသွားမယ့် service ကလည်း ဒီ course မှာပါ၀င်မှာဖြစ်ပါတယ်။

ဒီအတန်းမှာဆိုရင် သေချာပြင်‌ဆင်ပေးထားတဲ့ Course Outline တွေကအစ နားလည်ရလွယ်အောင်တစ်ဆင့်ချင်းသွားပေးထားတာဖြစ်ပါတယ်။

📝Nodejs Absolute Basic 
📝Node server 101
📝 Express 101
📝 MongoDB 101
📝 React Basic 
📝 Todo React App
📝 React Router V6
📝 MERN stack Project တွေပါ၀င်မှာပဲဖြစ်ပါတယ်။

ဒီအတန်းက အာမခံပေးထားနိုင်တာတွေအနေနဲ့‌ဆိုရင် 

👉Nodejs,Express,React,Mongo တစ်ခုချင်းစီကို တစ်ပိုင်းစီ အခြေခံကနေစတင် နားလည်အသုံးချတတ်သွားပါမယ်။

👉MERN stack Project တစ်ခု အစဆုံးရေးနိုင်သွားပါမယ်။ Authentication ပိုင်းတွေ File Upload အပိုင်းတွေထိရသွားမှာဖြစ်ပါတယ်။

👉ကိုယ်ရေးထားတဲ့ MERN Stack Project ကို ကိုယ်တိုင် server နဲ့ domain ဝယ်ယူပြီး user တွေ အသုံးချနိုင်တဲ့ Deployment Level ထိသိသွားမှာဖြစ်ပါတယ်။

ကဲ.. MERN stack နဲ့ website တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ရေးတတ်ချင်ပြီး လက်တွေ့အသုံးချချင်တဲ့ မိတ်ဆွေတို့အတွက် Creative Coder ရဲ့ MERN stack Course လေးကို discount ရှိတုန်းအပ်နှံထားကြဖို့ မမေ့နဲ့ဦးဗျို့ 🎉💯


#creative_coder_myanmar
#mern_stack 
❝𝐌𝐄𝐑𝐍 𝐬𝐭𝐚𝐜𝐤 𝐂𝐨𝐮𝐫𝐬𝐞 ရဲ့ 𝐑𝐞𝐜𝐢𝐩𝐞 𝐂𝐑𝐔𝐃 𝐅𝐢𝐧𝐚𝐥 𝐏𝐫𝐨𝐣𝐞𝐜𝐭 😱💯

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder ကနေပထမဆုံးဖွင့်လှစ်လိုက်တဲ့ MERN stack Course လေးမှာဘယ်လို final project ကြီးတစ်ခုပြုလုပ်ရမလဲဆိုတာသိပြီးကြပြီလား 🤭

Creative Coder ရဲ့အတန်းတွေဟာ စာကိုဒီတိုင်းသင်လိုက်ရုံတင်မဟုတ်ဘဲ ကျောင်း‌သားတွေရဲ့တတ်မြောက်မှုကို အဓိကအလေးပေးထားတဲ့အတွက် သင်ခန်းစာတစ်ခုပြီးတာနဲ့ သင်ပြီးသွားတဲ့အကြောင်းအရာတွေကို ဘယ်နေရာမှာ ဘယ်လိုအသုံးချရမယ်ဆိုတာနဲ့ပတ်သက်ပြီး လက်တွေ့ project တွေကို သင်ခန်းစာတိုင်းမှာထည့်သွင်းပေးထားတာဖြစ်ပါတယ်။

MERN stack Course မှာဆိုရင်လည်း သင်ခန်းစာအလိုက် Mini Project တွေနဲ့နောက်ဆုံးမှာ Recipe Final Project ကြီးကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ 

ဒီ final project ကြီးမှာဆိုရင် frontend & backend ကိုသေချာ setup လုပ်သွားရမယ့်အပြင် အခြား API နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေလည်းပါ၀င်ပါသေးတယ်။ 
Recipe Project ဖြစ်တာကြောင့် CRUD အပိုင်းတွေကိုသေချာသင်ပြပေးထားပြီး လိုက်လုပ်ရလွယ်ကူအောင်တတ်မြောက်အောင်လည်းရှင်းပြပေးထားပါတယ်။ 
MERN stack ရဲ့အပိုင်းတစ်ခုချင်းစီတိုင်းကို ပြန်ခွဲထားပြီး တစ်ပိုင်းချင်းစီသပ်သပ် ရှင်းပြပေးထားပါသေးတယ်။ 

ဒီ final project ကြီးပြီးသွားရင် ကျောင်းသားတွေက သင်ပြီးသမျှကို လက်တွေ့အသုံးချတတ်သွားမှာဖြစ်ပြီး သင်ပြီးသမျှ tech stack တွေရဲ့သဘောတရားကိုလည်းနားလည်သွားမယ်လို့မျှော်လင့်ပါတယ်။

ဒီ Course ကနေ certificate ထုတ်ယူဖို့အတွက်‌ဆိုရင် ဒီ final project ကြီးကိုပြီးမြောက်မှ Certificate ရရှိမှာဖြစ်ပါတယ်။

သင်တန်းအကြောင်းအသေးစိတ်ကြည့်ရှုရန် >>>> https://m.facebook.com/story.php?story_fbid=pfbid02Ti14zSpMovSeuS7rqCFp9VtBHDXc3BkUkHAEX5wNyoH4FBALjLxwanbtoEHuT7Eel&id=100064708297617&mibextid=Nif5oz


MERN stack ကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ချင်တဲ့ကျောင်းသားတွေအတွက် နှစ်ခါပြန်ရနိုင်တဲ့ discount အခွင့်အရေးကြီးလည်းရှိသေးတာမို့ စိတ်၀င်စားတုန်းအပ်ထားကြနော် ကျောင်းသားတို့ရေ 👀


#creative_coder_myanmar
#mern
❝ 𝐌𝐄𝐑𝐍 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တစ်ယောက်အဖြစ် ရပ်တည်ဖို့ အာမခံချက်တွေပေးနိုင်တဲ့ 𝐌𝐄𝐑𝐍 𝐒𝐭𝐚𝐜𝐤 𝐂𝐨𝐮𝐫𝐬𝐞 ကိုအခုပဲ တက်ရောက်လိုက်ပါ 💭🎈
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder ကနေပထမဆုံးဖွင့်လှစ်ထားတဲ့ MERN stack Course လေးကို အပ်နှံလို့ရပါသေးတယ်။ 

သင်တန်းအကြောင်းအသေးစိတ်ကြည့်ရှုရန် >>>> https://m.facebook.com/story.php?story_fbid=pfbid02Ti14zSpMovSeuS7rqCFp9VtBHDXc3BkUkHAEX5wNyoH4FBALjLxwanbtoEHuT7Eel&id=100064708297617&mibextid=Nif5oz


ဒီ course လေးဟာ website က screencast video တွေကို ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာကနေ အချိန်နေရာမရွေးလေ့လာလို့ရနိုင်တဲ့ အတန်းလေးဖြစ်ပြီး တစ်ခါအတန်းအပ်နှံပြီးတာနဲ့ တစ်သက်စာ လေ့လာလို့ရမှာဖြစ်ပါတယ်။

self paced learning ဖြစ်လို့ ကိုယ့်ကို ကြီးကြပ်ပေးမယ့် mentor မရှိဘူးလို့တော့မထင်လိုက်ပါနဲ့ 👀🤭

ကိုယ်ဘာတွေလေ့လာပြီးသွားပြီလဲဆိုဝာာနဲ့ပတ်သက်ပြီး လေ့လာဆွေးနွေးလို့ရတဲ့ Discussion Group လေးတစ်ခုလည်းရှိနေသလို မရတာတွေကို meeting နဲ့ဖြေရှင်းပြပေမယ့် one on one meeting service လည်းရှိနေပါတယ်။ 

ကျောင်းသားတွေအတွက် အာမခံချက်ပေးထားနိုင်တာတွေကတော့ 

👉Nodejs,Express,React,Mongo တစ်ခုချင်းစီကို တစ်ပိုင်းစီ အခြေခံကနေစတင် နားလည်အသုံးချတတ်သွားပါမယ်။

👉MERN stack Project တစ်ခုကို ကိုယ့်ဘာသာ 
အစဆုံးရေးနိုင်သွားပါမယ်။ Authentication ပိုင်းတွေ File Upload အပိုင်းတွေထိရသွားမှာဖြစ်ပါတယ်။

👉ကိုယ်ရေးထားတဲ့ MERN Stack Project ကို ကိုယ်တိုင် server နဲ့ domain ဝယ်ယူပြီး user တွေ အသုံးချနိုင်တဲ့ level တစ်ခုရောက်အောင်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ 

- JavaScript နဲ့ backend ပိုင်းကို စနစ်တကျရေး တတ် ချင်တယ်၊
- Authentication, Authorization စတာတွေကို လည်း ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်သွားချင်တယ်၊
- Deployment ထိ လုပ်တတ်သွားချင်တယ်ဆိုရင်တော့၊

MERN Stack Course လေးကို သင်တန်းစမယ့်ရက်မတိုင်ခင် ကျောင်းသား အယောက် ၄၀ သာလက်ခံထားတာမို့ လူမပြည့်ခင် အမြန်ဆုံးစာရင်းပေးပြီးအပ်နှံထားနိုင်ပါပြီခင်ဗျာ 💯

#creative_coder_myanmar
#mern_stack
#project 
❝𝐌𝐄𝐑𝐍 𝐒𝐭𝐚𝐜𝐤 𝐂𝐨𝐮𝐫𝐬𝐞  အတွက်သင်တန်းသား (၂) ယောက်သာလိုပါတော့တယ်❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder Myanmar ရဲ့ ပထမဆုံး အတန်းဖြစ်တဲ့ MERN stack စတင်ရန်အတွက်ကျောင်းသား (၂) ယောက်သာလိုတော့တာဖြစ်ပါတယ်။

MERN stack developer တစ်ယောက်အဖြစ်ရပ်တည်ဖို့အခြေခံခိုင်အောင် သင်ကြားပေးထားတဲ့ သင်တန်းလေးဖြစ်ပြီး learning platform ကနေတစ်ဆင့်လေ့လာလို့ရတဲ့ အတန်းဖြစ်တာကြောင့် တစ်ခါသင်တန်းအပ်ပြီးတာနဲ့ အချိန်နေရာမရွေး အမြဲလေ့လာနိုင်မှာဖြစ်ပါတယ်။

သင်တန်းအကြောင်းအသေးစိတ်ကြည့်ရှုရန် >>>> https://m.facebook.com/story.php?story_fbid=pfbid02Ti14zSpMovSeuS7rqCFp9VtBHDXc3BkUkHAEX5wNyoH4FBALjLxwanbtoEHuT7Eel&id=100064708297617&mibextid=Nif5oz


ဒီအတန်းလေးက လူပြည့်တော့မှာဖြစ်တာကြောင့်စိတ်ပါ၀င်စားပါက အမြန်ဆုံးလာရောက်အပ်နှံဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာ 💯

#creative_coder_myanmar
#mern_stack 
❝𝐌𝐄𝐑𝐍 𝐬𝐭𝐚𝐜𝐤 𝐂𝐨𝐮𝐫𝐬𝐞 ကိုအပ်နှံလိုက်တာနဲ့ 𝟏𝟐𝟎𝟎𝟎𝟎 တန် 𝐑𝐞𝐚𝐜𝐭+𝐅𝐢𝐫𝐞𝐛𝐚𝐬𝐞 နဲ့ 𝟒𝟎𝟎𝟎𝟎 တန် 𝐉𝐒 𝐁𝐚𝐬𝐢𝐜 𝐂𝐨𝐮𝐫𝐬𝐞 ကိုလက်ဆောင်ယူလိုက်ပါ 🎉
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=

January လကုန် Promotion တစ်ခုအနေနဲ့ MERN stack Course ကိုအပ်နှံလိုက်တာနဲ့ 160000 ရှိတဲ့ အတန်းနှစ်ခုကိုအခမဲ့တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

MERN stack Course လေးဟာကျောင်းသားတောင်းဆိုမှုတွေကြောင့် Course Outline တွေ‌သေချာပြင်ဆင်ပြီး ဖွင့်လှစ်ခဲ့တဲ့အတန်းလေးဖြစ်ပါတယ်။

ဒီအတန်းလေးဟာ တစ်ခါအပ်နှံပြီးတာနဲ့ တစ်သက်လုံးတက်လို့ရမှာလည်းဖြစ်ပြီး ကျွန်တော်တို့ဘက်ကနေ lifetime customer service ကိုပါ support ပေးထားပါတယ်။

ဒီ promotion package လေးမှာဆိုရင် Javascript Basic နဲ့ React Basic to Advanced ပါလက်ဆောင်ထည့်ပေးထားတဲ့အတွက် HTML, CSS သိထားတဲ့ကျောင်းသားတွေအနေနဲ့စလေ့လာရင်လည်းအဆင်ပြေစေမှာဖြစ်ပါတယ်။

ဒီ promotion လေးက MERN stack အတန်းကိုအပ်နှံပြီးသွားတဲ့ကျောင်းသားတွေအတွက်လည်း အကျုံး၀င်မှာဖြစ်ပါတယ်

ဒီ့ထက်တန်တာတောင်ဒီလောက်မတန်တော့တဲ့ Promotion လေးဖြစ်တဲ့အတွက် အခုပဲ page messenger မှာအမြန်ဆုံးလာရောက်စာရင်းပေးဖို့မမေ့ပါနဲ့နော် 🏃🌬️

သင်တန်းအကြောင်းအသေးစိတ်ကြည့်ရှုရန် >>>> https://m.facebook.com/story.php?story_fbid=pfbid02Ti14zSpMovSeuS7rqCFp9VtBHDXc3BkUkHAEX5wNyoH4FBALjLxwanbtoEHuT7Eel&id=100064708297617&mibextid=Nif5oz


#creative_coder_myanmar
#mern_stack
#react
#javascript 
MERN Stack သင်ယူဖို့အတွက် အကောင်းဆုံး YouTube Channel (၃)ခု


MERN Stack လေ့လာဖို့ အကောင်း‌ဆုံး YouTube channel တွေကိုဖော်ပြပေးလိုက်ပါတယ်။

📝Traversy Media
Brad Traversy ရဲ့ channel ဖြစ်ပြီး Web Development နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အသေးစိတ် သင်ပေးတဲ့ channel တစ်ခုပါ။ Concept တွေကို အခြေခံကနေ နက်နက်နဲနဲ ရှင်းပြပေးပါတယ်။ Project လေးတွေ တကယ်လက်တွေ့ လုပ်ပြီး သင်ပေးတာမို့ လိုက်လုပ်ရတာ လွယ်ကူပါတယ်။ MERN Stack နဲ့ အပြည့်အစုံ Project တွေ လုပ်ပြထားတာမို့ လေ့လာရတာ အဆင်ပြေပါတယ်။ နောက်ဆုံးထွက် features တွေနဲ့ version တွေကို update လုပ်ပြီး သင်ပေးပါတယ်။
ကြည့်သင့်တဲ့ Playlist တွေကတော့
MERN Stack Front To Back
React Crash Course
Node.js API Masterclass
Channel Link >> https://www.youtube.com/traversymedia
📝JavaScript Mastery
Adrian Hajdin ရဲ့ channel ဖြစ်ပြီး modern JavaScript နဲ့ MERN stack project တွေကို အထူးပြုသင်ကြားပေးတဲ့ channel ပါ။Code တွေကို step-by-step ရှင်းပြပေးတာမို့ လိုက်လုပ်ရလွယ်ကူပါတယ်။ Project တွေရဲ့ Design ပိုင်းကိုပါ အလေးထား သင်ကြားပေးပါတယ်။ Project တွေရဲ့ source code ကိုလည်း GitHub မှာ share ထားပေးပါတယ်
Playlist တွေကတော့
Build and Deploy Full Stack MERN Applications
Modern React Tutorials
Advanced MERN Stack Projects
Channel Link >> https://www.youtube.com/@javascriptmastery
📝Net Ninja
Shaun Pelling ရဲ့ channel ဖြစ်ပြီး Web Development နဲ့ပတ်သက်တဲ့ course တွေကို စနစ်တကျ သင်ကြားပေးပါတယ်။ Video တွေက ၁၀-၁၅ မိနစ်လောက်စီပဲ ကြာပြီး point ကျကျ ရှင်းပြပေးပါတယ်။ React, Node.js, MongoDB စတာတွေကို သီးခြားစီ လေ့လာနိုင်ပါတယ်။
အကောင်းဆုံး playlist တွေကတော့
MERN Stack Crash Course
Complete React Tutorial
Node.js Crash Course
Channel Link >> https://www.youtube.com/@NetNinja
#MERN