Creative Coder Myanmar
1.38K subscribers
555 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 ကနေ 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ဘယ်လိုယူကြမလဲ ?❞
======================================

Learning Platform ကနေအတန်းတွေကိုတက်ရောက်ပြီးတဲ့အခါမှာ Certificate ရယူဖို့အတွက် လိုအပ်တဲ့အဆင့်လေးတွေရှိပါတယ်။
Creative Coder က Premium Course တွေအကုန်လုံးကို Learning Platform မှာ Certificate ထုတ်ယူရမှာဖြစ်ပါတယ်။ ဘယ်လိုထုတ်ယူရမလဲဆိုတာ
တစ်ဆင့်ချင်းစီကြည့်လိုက်ရအောင် 👀

Certificate ကိုရယူတဲ့နေရာမှာ Mobile နဲ့ရော Laptop နဲ့ရောထုတ်ယူလို့ရပေမဲ့ Laptop လေးနဲ့ try ကြည့်ဖို့ကိုတော့ပိုပြီး recommend လုပ်ပါရစေခင်ဗျာ။

📝 ပထမဆုံး Certificate ရဖို့အတွက်ဆိုရင် lesson video တွေအကုန်လုံးကိုကြည့်ပြီးသွားရမှာဖြစ်ပါတယ်။ တကယ်လို့ကိုယ်က‌ကျောင်းသားဟောင်းဖြစ်စေ ၊ fb gp က lesson video က lessom video တွေကိုကြည့်ပြီးလို့ပြန်မကြည့်ချင်ရင်ပဲဖြစ်ဖြစ် lesson video တစ်ခုချင်းစီရဲ့ဘေးနားမှာ အမှတ်ခြစ်လေးလိုက်ခြစ်ပေးရမှာဖြစ်ပါတယ်။
( ကြည့်လို့မပြီးသေးဘဲ မခြစ်ရဘူးနော် ဝေ့)

📝ပြီးရင်တော့ lesson video တွေကြည့်တဲ့နေရာရဲ့အပေါ်ဘက်မှာ Certificate ဆိုတာလေးကိုနှိပ်ပါ။ဒီနေရာမှာ အကုန်ပြီးအောင်မကြည့်ရသေးဘူးဆိုရင် တော့ နောက်တစ်ဆင့်အတွက်ပေါ်လာမှာမဟုတ်ပါဘူး။
အကုန်ကြည့်ပြီးသွားရင်တော့ Apply Now ဆိုတာလေးကိုနှိပ်ပေးပါ။

📝 Certificate ကို request လုပ်ဖို့အတွက် form လေးပေါ်လာပြီးရင် နာမည်ရယ် email address ရယ် *ကိုယ်လုပ်ထားတဲ့ project ရဲ့ GitHub repo link လေးကို ထည့်ပြီး submit လုပ်ပေးရမှာပဲဖြစ်ပါတယ်။ဒီနေရာမှာ နာမည်နဲ့ mail ကို ကိုယ့်ရဲ့ နာမည် အရင်းနဲ့ ကိုယ်တကယ်လက်ရှိသုံးနေတဲ့ Mail ကိုပဲဖြည့်ပေးရမှာပါ။

📝‌နောက်တစ်ဆင့်ကတော့ ကိုယ့်ရဲ့ Certificate‌ လေးဘယ်လိုရရှိလာမလဲဆိုတဲ့အဆင့်ဆင့်ကိုမြင်ရမှာပါ။ လက်ရှိတော့ pending အဆင့်မှာပဲရှိနေဦးမှာဖြစ်ပြီး Instructor က review လုပ်နေပြီဆိုရင် In Review အဆင့်မှာရပ်နေမှာဖြစ်ပါတယ် ။နောက်ဆုံးကတော့ Result ထွက်တဲ့အဆင့်ဖြစ်ပါတယ်။

📝 Project ကို Instructor ကလည်း review လုပ်ပြီးသွားပြီဆိုရင်တော့ ကိုယ့်ရဲ့ mail ထဲကို ကိုယ့်ရဲ့နာမည်လေးနဲ့ Certificate လေးရောက်လာမှာပဲဖြစ်ပါတယ်။

ဒါကတော့ Certificate ရယူပုံအဆင့်ဆင့်ကိုပြောပြပေးသွားတာဖြစ်ပါတယ်။ 
Creative Coder က ကျောင်းသားတွေထဲမှာလည်း Certificate နဲ့ပတ်သက်ပြီးမေးချင်တာတွေကို အခု post မှာမေးမြန်းဆွေးနွေးလို့ရပါတယ်။

သင်တန်းတက်ချင်တယ်ဆိုရင်တော့ page messenger ကနေတစ်ဆင့်စုံစမ်းနိုင်ပါတယ်။

#creative_coder_myanmar
#learning_platform
#website
❝𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫𝐬 တွေအတွက် 𝐅𝐫𝐞𝐞 𝐂𝐨𝐮𝐫𝐬𝐞𝐬 များ❞

=======================================

Free Courses တွေချည်း ဂုန်းဆင်းဖို့ကြံရွယ်နေတဲ့ developer ကြီးတို့အတွက် အဖိုးတန် Free Course လေးတွေကိုဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

📝 Computer Science နဲ့ပတ်သက်ရင် မပါမဖြစ်ဖြစ်တဲ့ Harvard University ရဲ့ Introduction to  Computer Science Free Course ကနေစလိုက်ရအောင် ။ CS ကိုအခြေခံကနေစလေ့လာသူတွေသိသင့်တဲ့ Course တစ်ခုဖြစ်ပြီး Course တစ်ခုလုံးကအနှစ်တွေချည်းပါပဲ။

👉 https://www.edx.org/course/cs50s-introduction-to-computer-science

📝 Web Development နဲ့ပတ်သက်ပြီး  Docs တွေအပြည့်အစုံကိုသိချင်လေ့လာချင်သူတွေအတွက် MDN WEB docs တွေကအသင့်တော်ဆုံးပါပဲ။

👉 https://developer.mozilla.org/en-US/docs/Learn

📝 Python ကိုအစကနေစလေ့လာချင်သူတွေအတွက်လည်း University of Michigan က Course တစ်ခုဖြစ်တဲ့ Python for Everybody ကအကောင်းဆုံးပါပဲ။

👉 https://www.coursera.org/specializations/python

📝Web Development ကိုစိတ်၀င်စားတယ် အခြေခံ Html Css ကစပြီးလေ့လာချင်သူတွေအတွက်တော့ Codeademy က course လေးကိုညွှန်းပေးပါရစေ။

👉 https://www.codecademy.com/learn/learn-html-css

📝 React ကိုလေ့လာနေသူတွေအတွက်လည်းအဖိုးတန် Free Course တစ်ခုဖြစ်တဲ့ Udemy က Course လေးကိုတက်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

👉https://www.udemy.com/course/react-the-complete-guide-incl-redux/

📝 Machine Learning ကိုစိတ်ပါ၀င်စားသူတွေကတော့ 
Coursera က Course လေးကသင့်တော်ပါတယ်။

👉https://www.coursera.org/learn/machine-learning

📝 Mobile Application တွေ develop လုပ်ရတာစိတ်၀င်စားတယ်ဆိုတဲ့သူလေးတွေအတွက်ကတော့ Android Development for Beginners ဆိုတဲ့ Course လေးရှိပါတယ်။

👉https://developer.android.com/courses/android-basics-kotlin/course

📝 Data Science ပိုင်းမှာတော့ Introduction to Data Science in Python Free Course လေးကအဆင်ပြေပါတယ်။

👉https://www.coursera.org/learn/python-data-analysis

📝Git & GitHub ကိုသီးသန့်လေ့လာချင်သူတွေအတွက်ကတော့ Udacity ရဲ့ Free Course လေးရှိပါတယ်။

👉https://www.udacity.com/course/version-control-with-git--ud123

ကျွန်တော်တို့ရဲ့ Creative Coder Myanmar Learning Platform ကနေ Support လုပ်ပေးထားတဲ့ Free Course လေးတွေကတော့

Vuex 👉 https://creativecodermm.com/courses/component-library-vuex

PHP Framework Thinking Free Course 👉https://creativecodermm.com/courses/php-framework-thinking

Git & GitHub Absolute Basic 👉https://creativecodermm.com/courses/git-&-github-absolute-basics

Git & GitHub Intermediate 👉 https://creativecodermm.com/courses/git-and-github-intermediate

Python From Scratch 👉 https://creativecodermm.com/courses/python-from-scratch


ကိုယ်စိတ်ပါ၀င်စားရာ နယ်ပယ်က Course လေးတွေကို free လေ့လာလို့ရနိုင်ပါပြီခင်ဗျာ 

ကိုယ်တက်ရောက်ခဲ့ဖူးတဲ့ Free Course လေးတွေရှိရင်လည်း sharing လုပ်ပေးသွားကြပါဦးခင်ဗျာ 

#creative_coder_myanmar
#learning_platform
#website