Creative Coder Myanmar
1.38K subscribers
548 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
Go Programming ကိုဘာကြောင့်လေ့လာသင့်တာလဲ ?

Go Lang ဆိုတာကတော့ ၂၀၀၇ ခုနှစ်မှာ Google ကနေ create လုပ်ခဲ့တဲ့ open-source programming language တစ်ခုဖြစ်ပါတယ်။

ရေးလို့လွယ်ကူပြီး Programmer တော်တော််များများအတွက် စလေ့လာလို့အဆင်ပြေစေမယ့် language တစ်ခုလည်းဖြစ်ပါတယ်။ Go Language ဟာ compiled language တစ်ခုဖြစ်တာကြောင့် performance ပိုင်းမှာလည်း ကောင်းမွန်တာ အသေအချာပါပဲ။

ဒါ့အပြင် standard library တွေပါ၀င်ပြီး ‘go fmt’, ‘go test’ တို့လို robust tooling တွေလည်းပါ၀င်ပါသေးတယ်။

သူ့ရဲ့ကောင်းမွန်တဲ့အချက်နောက်တစ်ခုကတော့ cross platform အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။

ဒါကြောင့် သူနဲ့ ပတ်သက်ပြီး လေ့လာလို့ရတဲ့ resources တွေ YouTube Channel တွေကို မျှဝေပေးလိုက်ပါတယ်။

👉 Go Lang ရဲ့ official tour ကနေတစ်ဆင့်လည်း သူ့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအကြောင်းကို လေ့လာနိုင်ပါတယ်။
https://go.dev/tour/

👉 အခြေခံနဲ့ ပတ်သက်ပြီး စနစ်တကျလေ့လာချင်ရင်တော့ Codecademy ကအကောင်းဆုံးပါပဲ။
https://www.codecademy.com/catalog/language/go

👉 Go နဲ့ပတ်သက်တဲ့ Documentation တွေဖတ်ကြည့်တာကလည်း အခြေခံကို သေချာနားလည်သဘောပေါက်စေမှာပါ။
https://go.dev/doc/effective_go

👉 Code example တွေနဲ့ပတ်သက်ပြီး လေ့လာချင်ရင်တော့ ဒီကနေတစ်ဆင့် လေ့လာလို့ရပါတယ်။
https://gobyexample.com/

👉 Go Lang ရဲ့ Beginner To Advanced Level အထိ practical exercise တွေကို ဒီမှာကြည့်နိုင်ပါတယ်။
https://gophercises.com/

YouTube Channel တွေကတော့

Go Lang Official YouTube Channel 👉 https://www.youtube.com/watch?v=YS4e4q9oBaU

Gocode 👉 https://www.youtube.com/channel/UCIld0affiSkmp-KkEit3S_w

Caleb Curry 👉https://www.youtube.com/watch?v=69Fg-lDbCjA

JustForFunc 👉https://github.com/campoy/justforfunc

Traversy Median 👉https://m.youtube.com/@TraversyMedia

တွေကနေတစ်ဆင့် Basic to Advanced level အထိ tutorial တွေကနေလေ့လာနိုင်မှာပါ။

Go Lang ကိုလေ့လာနေတဲ့ အခြားသူငယ်ချင်းတွေသိသွားအောင် share ပေးသွားဖို့လည်းမမေ့နဲ့နော် 💬👀

#creative_coder_myanmar
#go
#google