Creative Coder Myanmar
1.52K subscribers
592 photos
2 videos
110 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
ယုန်နဲ့လိပ်ပုံပြင်ရဲ့ Consistency

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

ဘယ်အလုပ်ကိုလေ့လာရင်ပဲ ဖြစ်ဖြစ် ဖြေးဖြေးမှန်မှန်လေးလေ့လာသွားဖို့က အရေးကြီးပါတယ်။

Developer တွေအနေနဲ့ Web Development ကိုစပြီးလေ့လာတဲ့ အခါမှာပဲဖြစ်စေ၊ လေ့လာရင်းလမ်းတစ်၀က်မှာပဲဖြစ်စေ၊ လုပ်ငန်းခွင်၀င်နေတဲ့အခါမှာပဲဖြစ်စေ လေ့လာနေတဲ့နှုန်းကို မရပ်ပစ်လိုက်ဖို့ အရေးကြီးပါတယ်။

တော်တော်များများက Web Development ကိုလေ့လာတယ်ဆိုပေမယ့် ကိုယ်စိတ်ပါမှထလေ့လာတာမျိုးတွေလုပ်တာက တော်တော်နဲ့ ခရီးမရောက်နိုင်ပါဘူး။

ငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ ယုန်နဲ့လိပ် ပုံပြင်ထဲမှာလိုပဲ လိပ်လို့တာထွက်ထဲက ဖြည်းဖြည်းမှန်မှန်နဲ့ ပန်းတိုင်ရောက်အောင်သွားသင့်ပါတယ်။

Beginner တွေကို အားပေးချင်တာကလည်း အစပိုင်းမှာခက်ခဲနိုင်ပေမယ့် ကိုယ်ကနောက်ပိုင်းမှာ ဖြည်းဖြည်းမှန်မှန်လေးလေ့လာသွားမယ်ဆိုရင် တဖြည်းဖြည်း လေ့လာရတာကို ကြိုက်နှစ်သက်လာပြီး လွယ်ကူလာမှာဖြစ်ပါတယ်။

ဒါကြောင့်ပညာရပ်တစ်ခုကိုလေ့လာတဲ့အခါ တစိုက်မတ်မတ်နဲ့ Consistency ရှိရှိလေ့လာသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်ခင်‌ဗျာ 💬👀

Developer တို့လေ့လာတဲ့အခါမှာရော Consistency ရှိကြရဲ့လား💬 comment မှာပြောပေးသွားကြပါဦးနော်။

#creative_coder_myanmar
#consistency
11