AI တို့ရဲ့ သမိုင်းကြောင်းအစ 📝
အခုဆိုရင် လူတိုင်းလိုလိုရဲ့ ပါးစပ်ဖျားမှာ AI AI ဆိုတာ ပြောလာကြတာကို တွေ့ရမှာဖြစ်သလို AI ကလည်း ကျောင်းသုံး၊ ရုံးသုံးကိစ္စတွေမှာပါ အသုံးများလာတာကို တွေ့ရမှာပါ။
သူတို့တွေ ဖြစ်ပေါ်လာပုံရဲ့သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင်
လူတွေရဲ့ အသိဉာဏ်လို အသုံးပြုနိုင်တဲ့ စက်တစ်ခုကို တီထွင်ခဲ့တဲ့ idea ကနေအစပြုရမှာပါ။ ၁၉၅၀ ခုနှစ်မှာ သချာ်ပညာရှင် Alan Turing ကနေ Computing Machinery and Intelligence ဆိုတဲ့ paper တစ်ခုကိုတင်ပြခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ စက်တစ်ခုက လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ အပြုအမူတွေကို ပုံတူကူးထားနိုင်လားဆိုတာ သိရှိရဖို့ဖြစ်ပါတယ်။
၁၉၅၆ မှာပြုလုပ်ခဲ့တဲ့ Dartmouth Conference မှာတော့ သိပ္ပံပညာရှင်တွေစုစည်းပြီး AI စတင်ဖန်တီးနိုင်မှုကို ဆွေးနွေးခဲ့ကြပါတယ်။ ၁၉၆၀ နဲ့ ၁၉၇၀ နှောင်းပိုင်းမှာ တီထွင်မှုတွေကို စတင်ပြုလုပ်ခဲ့ကြပြီး စိန်ခေါ်မှု၊ အခက်အခဲများစွာကိုလည်း ကြုံတွေ့ခဲ့ကြရပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ကာလတွေအရောက်မှာတော့ Machine Learning နဲ့ Algorithm တွေကိုအသုံးပြုလာခဲ့ကြပါတယ်။
အခုခေတ်မှာဆိုရင်တော့ AI လောကရဲ့ ကျယ်ပြန့်လာမှုကို မြင်တွေ့ရမှာပါ။ နည်းပညာတွေကို အမှီလိုက်နိုင်ဖို့ မျက်ခြည်မပြတ်လေ့လာထားဖို့လည်း လိုအပ်ပါသေးတယ်။
Developer ကြီးတို့ကရော AI ရဲ့တိုးတက်လာမှုတွေကို ဘယ်လိုထင်ပါသလဲ?
Comment မှာဆွေးနွေးပေးသွားကြပါဦးနော် 👀
#creative_coder_myanmar
#artifical_intelligence

❤2