Creative Coder Myanmar
1.52K subscribers
590 photos
2 videos
110 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝𝐖𝐡𝐚𝐭 𝐢𝐬 𝐆𝐢𝐭 𝐑𝐞𝐯𝐞𝐫𝐭 ? ❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer မိတ်ဆွေတို့ မဖြစ်မနေသိရမဲ့ အထဲမှာ Git Command တွေအကြောင်းကလည်းပါ၀င်ပါတယ်။

Git Revert ဆိုတာ Git repository တွေကို manage လုပ်တဲ့ command တွေဖြစ်ပါတယ်။

Git Revert ကိုဘယ်လိုနေရာတွေမှာ အသုံးပြုသလဲဆိုရင်
👉 previous commit ကိုပြန်ပြောင်းချင်တဲ့အခါ (undo) အဖြစ်သုံးပါတယ်။ ဒါကိုသုံးတာက commit history တစ်ခုလုံးကိုပြောင်းလဲမသွားစေပါဘူး။
👉 ကိုယ်က record တစ်ခုကိုပြောင်းလဲပြီး ပြောင်းလဲသွားတာကို အခြား Developer တွေကို share ချင်တဲ့အခါသုံးလို့ရပါတယ်။
👉 Git Revert ကိုသုံးခြင်းက commit တွေအများကြီးနဲ့ deal လုပ်ရတဲ့အခါ ပိုပြီးလွယ်ကူစေပြီး safe ဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပိုပြီးနားလည်လွယ်အောင်ပြောရမယ်ဆိုရင်

Commit A နဲ့ Commit B ရှိတယ်ဆိုပါစို့

ကိုယ်က commit B မှာ ရေးနေပြီ ဒါပေမဲ့ commit B က ကုဒ်တွေကို အကြောင်းကြောင်းကြောင့် မတင်ချင်တော့ဘဲ commit A ကိုပဲ final ထားချင်တယ် ဆိုရင် git revert ကိုသုံးလို့ရပါတယ်

💯ထူးခြားချက်တွေက
Commit A ကို သွားတာမဟုတ်ဘဲ Commit A ထဲမှာ ရေးထားသမျှတွေကို commit အသစ်တစ်ခု create ပေးပြီး final version ထားပေးလိုက်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။

ဒီလိုမျိုးလုပ်ခြင်းအားဖြင့် Commit History ကိုလည်းထိခိုက်စေမှာမဟုတ်ပါဘူး။

Example Git Command လေးကတော့
git revert <commit> ဆိုတဲ့ command လေးပဲဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေတို့က လုပ်ငန်းခွင်မှာသုံးမယ်ဆိုရင် Git Revert က commit အသစ်ကိုဖန်တီးပေးပြီး မူရင်း history ကိုမထိခိုက်စေတဲ့အတွက် efficient ဖြစ်ပြီး
ပိုပြီးလည်း safe ဖြစ်ပါတယ်။

Developer တို့လုပ်ငန်းခွင်၀င်တော့မယ်ဆိုရင် Team နဲ့အတူတူတွဲပြီးအလုပ်လုပ်ရတော့မှာဖြစ်တဲ့အတွက် Git Command တွေကိုမဖြစ်မနေသုံးလာရတော့မှာဖြစ်ပါတယ်။ ဒီအခါမှာ ဘယ်လို Command ကတော့အကျိုးသက်ရောက်မှု ဘယ်လိုရှိတယ်ဆိုတာ လေ့လာထားသင့်ပါတယ်။
နောက်နေ့တွေ့မှာရော ဘယ် command လေးတွေအကြောင်းမျှဝေပေးရမလဲဆိုတာ comment မှာရေးပေးသွားခဲ့ကြပါဦးနော် 👀


#creative_coder_myanmar
#git_commands
#revert
3👍1
❝𝐖𝐡𝐚𝐭 𝐢𝐬 𝐆𝐢𝐭 𝐑𝐞𝐬𝐞𝐭?❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Git Reset. က Git Version Control System ထဲက command တစ်ခုဖြစ်ပါတယ်။
Git reset ကို Commit တစ်ခုကိုဖျက်ဖို့နဲ့
ကိုယ်သွားချင်တဲ့ commit ဆီပြန်သွားနိုင်ဖို့အတွက်အသုံးပြုကြပါတယ်။

ဥပမာ ကိုယ့်ရဲ့ working history ထဲမှာ commit
1-2-3-4 ရှိမယ် 2 ကိုပြန်သွားမယ်ဆိုရင်
git reset 2 လို့ရေးလိုက်ရုံပါပဲ။
ဒါပေမဲ့သူ့ရှေ့မှာ ရှိတဲ့ 3 နဲ့ 4 က တော့ ပျက်သွားမှာပဲဖြစ်ပါတယ်။

Git Reset မှာ mixed, soft နဲ့ hard ဆိုပြီးသုံးမျိုးရှိပါတယ်။

Mixed ( default ) - ကိုသုံးမယ်ဆိုရင် သူက ခုနက 3 နဲ့ 4 မှာရေးထားတဲ့ code တွေကို commit မလုပ်ခင် အခြေအနေ နဲ့ ပြန်ပေးတာပဲဖြစ်ပါတယ်။

Usage - git reset <commit>

Soft - သူက 3 နဲ့ 4 က ရေးပြီးသား Code
တွေကို လက်ရှိရောက်နေတဲ့ commit 2 မှာ commit လုပ်ပြီးသား အခြေအနေ နဲ့ပြန်ပေးပါတယ်။

Usage - git reset --soft <commit>

Hard - ကိုယ်သွားချင်တဲ့ commit 2 ကိုတော့ ရောက်သွားပါတယ်။ ဒါပေမဲ့ 3 နဲ့ 4 မှာ ရေးခဲ့သမျှ ဘာမှရှိတော့မှာမဟုတ်ဘူး။ အကုန်ပျက်သွားမှာဖြစ်ပါတယ်။

Usage - git reset --hard <commit>

သူရဲ့အကျိုးကျေးဇူးအနေနဲ့က ကိုယ်တကယ်ရှင်းချင်တဲ့ commit မှတ်တမ်းတွေရှိလာရင် ဒါလေးသုံးပြီး ရှင်းလို့ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဆိုးကျိုးအနေနဲ့ဆိုရင် hard ကိုသုံးတဲ့အခါ အထူးသတိပြုရမှာဖြစ်ပါတယ်။

ကိုယ်လိုအပ်တဲ့ code တစ်ခုခု ဒါမှမဟုတ် အခြား developer တွေက ဝင်ရေးထားတဲ့ code တွေ က ဖျက်ချင်တဲ့ commit မှာ ရှိနေမယ်ဆိုရင် hard ကိုသုံးတာတွေကိုရှောင်သင့်ပါတယ်။

ကဲ.. ဒီလောက်ဆိုရင် Git Reset အကြောင်းကိုသိသွားလောက်ပြီလို့ထင်ပါတယ်။

မိတ်ဆွေတို့ရော Git Reset ကိုအသုံးပြုဖူးလားဆိုတာ ပြန်ပြီးမျှဝေပေးခဲ့ပါဘူးနော် 👀

#creative_coder_myanmar
#git_reset
👍3
🌳 Git Branching ဆိုတာ ဘာလဲ?
Developer တစ်ယောက်အနေနဲ့ Main branch ပေါ်မှာ တိုက်ရိုက် Code ရေးနေတုန်းပဲလား? 😱 ဒါဆိုရင်တော့ အန္တရာယ်များပါတယ်။
Team နဲ့ အလုပ်လုပ်တဲ့အခါ၊ Feature အသစ်တွေရေးတဲ့အခါ မူရင်း Code ကို မထိခိုက်စေဖို့ "Git Branching" ကို မဖြစ်မနေ သုံးတတ်ရပါမယ်။
Parallel Universe တစ်ခုလို အလုပ်လုပ်တဲ့ Git Branching ရဲ့သဘောတရားကို ပုံလေးတွေနဲ့ အဆင့်ဆင့်ရှင်းပြထားပါတယ်။ 👉 Slide တစ်ခုချင်းစီကို ဆွဲကြည့်လိုက်ပါ။
(ဒီ Post ကို Save လုပ်ထားပြီး လက်တွေ့ပြန်စမ်းကြည့်နော်)
#CreativeCoderMyanmar #Git #GitBranching #WebDevelopment #CodingTips #DevGuide