Creative Coder Myanmar
1.38K subscribers
547 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝𝐕𝐮𝐞𝐣𝐬 ကိုပါ တစ်ခါတည်းလေ့ကျင့်သင်ကြားပေးသွားမယ့် 𝐖𝐞𝐛 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အတန်းများ 💯📝

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder ရဲ့ Web Development Foundation အတန်းတွေက January 22 ရက်နေ့ဆိုစတင်တော့မှာဖြစ်ပါတယ်။

ဒီအတန်းတွေမှာ ထပ်တိုးထားတဲ့ Course Outline တွေအဖြစ် JavaScript Basic to Advanced နဲ့ Vuejs ပါတစ်ခါတည်းပါ၀င်သွားမှာဖြစ်ပါတယ်။

Vuejs ကိုပါထည့်သွင်းလိုက်ရတဲ့အကြောင်းအရင်းကတော့ Beginner တွေကို framework ဆိုတာနဲ့ရင်းနှီးကျွမ်း၀င်ဖြစ်သွားစေချင်တာရယ် ၊ လက်တွေ့လုပ်ငန်းခွင်မှာ framework တွေနဲ့ real world project တွေဘယ်လိုရေးလဲဆိုတာ ထင်သာမြင်သာရှိသွားအောင်ပဲဖြစ်ပါတယ်။

ဒီအတန်းမှာ Vuejs နဲ့ပတ်သက်တဲ့အခြေခံအကြောင်းအရာတွေနဲ့ သိသင့်သိထိုက်တာတွေပါထည့်သွင်းသင်ကြားပေးမှာဖြစ်ပါတယ်။
သင်ခန်းစာတစ်ခုပြီးတိုင်း Project တွေနဲ့လက်တွေ့ပြုလုပ်ရတာကြောင့် စာတွေမမှတ်မိမှာကိုလည်းစိတ်ပူစရာမလိုပါဘူး။

Web Development Foundation အတန်းဟာ Beginner တွေအတွက်သီးသန့်ရည်ရွယ်ထားတဲ့ အတန်းလေးဖြစ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ကျောင်းသားကိုယ်တိုင်လည်းအပြင်မှာလက်တွေ့ အသုံးချတတ်လာအောင် သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

သင်တန်းသားအနည်းငယ်သာလိုတော့တာဖြစ်ပြီး ဒီအတန်းလေးကိုစိတ်ပါ၀င်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ page messenger ကနေတစ်ဆင့်ဆက်သွယ်နိုင်ပါတယ် 👉☎️

သင်တန်းအကြောင်းအသေးစိတ်ကြည့်ရှုရန် >>>> 

https://m.facebook.com/story.php?story_fbid=pfbid0UACpCNRKRQd69MxSgUGX9xuXK4mqAn8oWWNoV7FpFSUr8wHZXTMyoWrijxPU5Bfol&id=100064708297617&mibextid=Nif5oz

#creative_coder_myanmar
#website
#foundation
❝𝐋𝐚𝐫𝐚𝐯𝐞𝐥 အပြင်တန်းအတွက် လူပြည့်ရန်ကျောင်းသား(၁) ယောက်သာလိုပါတော့တယ် 💯

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

January 20 မှာစတင်တော့မယ့် Laravel အပြင်တန်းလေးဟာ လူပြည့်ဖို့ကျောင်းသားတစ်ယောက်ပဲလိုတော့တာဖြစ်ပါတယ်။

Laravel ကိုအပြင်မှာဆရာနဲ့အတူတူ လေ့လာရမယ့်အတန်းလေးဖြစ်ပြီး စာတွေ့ရော လက်တွေ့ရော code ရေးတဲ့အခါစဉ်းစားတွေးခေါ်ပုံတွေကိုပါသင်ကြားပေးသွားမှာဖြစ်ပါတယ်။

Teaching Assistant တွေကိုလည်းအတန်းချိန်တစ်လျှောက်လုံးထားပေးသွားမှာဖြစ်ပြီး ကျောင်းသားတွေ မသိနားမလည်တာတွေနဲ့ လိုအပ်တာတွေကို ကူညီဖို့အသင့်ရှိနေမှာပါ။

Laravel In Class အတန်းလေးကို Creative Coder Myanmar ရဲ့ Founder တစ်ဦးဖြစ်သူ ဆရာလှိုင်မင်းသန်းကိုယ်တိုင်သင်ကြားပေးသွားမှာဖြစ်ပြီး ကျောင်းသားတွေရဲ့ တတ်မြောက်မှုနဲ့ တကယ့် project တွေမှာလက်တွေ့အသုံးချနိုင်မှုတို့ကို ဦးစားပေးသင်ကြားပေးသွားမှာဖြစ်ပါတယ်။

သင်တန်းလေးဟာလူပြည့်ဖို့တစ်ယောက်ပဲလိုတော့တဲ့အတွက် နှစ်သစ်မှာ Backend Developer Career ကိုစတင်ချင်ပါက အခုပဲ page messenger ကနေတစ်ဆင့်အတန်းလေးကိုလာရောက်အပ်နှံနိုင်ပါတယ် ☎️

သင်တန်းအကြောင်းအသေးစိတ်ကြည့်ရှုရန် >>>

https://m.facebook.com/story.php?story_fbid=pfbid02Xy934G78doYyFyTY2tndwYyqo7dTgugdrj9QPrjSm4Mmr3MPtzCX2vThGhqTbX1Wl&id=100064708297617&mibextid=Nif5oz


#creative_coder_myanmar
#laravel
#january
#website 
❝𝐖𝐞𝐞𝐤𝐞𝐧𝐝 / 𝐖𝐞𝐞𝐤𝐝𝐚𝐲 အတွက်စုစုပေါင်း ကျောင်းသား (၂) ယောက်သာလိုပါတော့တယ် 🧑‍💻🧑‍💻
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

2024 ရဲ့ January လမှာ Web Development ပညာရပ်တွေကို စတင်ပြီး လေ့လာချင်တဲ့ကျောင်းသားတွေအတွက် January 22 ရက်နေ့မှာစတင်တော့မယ့်  Web Development In Class အတန်းလေးတွေမှာ လူပြည့်ဖို့ Weekday (1) ယောက် ၊ Weekend (1) ယောက်သာလိုတော့တာဖြစ်ပါတယ်။

ဒီအတန်းလေးတွေဟာ အခြေခံကနေစတင်ပြီးတက်ရောက်နိုင်တဲ့ အတန်းလေးတွေပဲဖြစ်ပြီး ထပ်တိုးသင်ခန်းစာတွေအနေနဲ့ Javascript Basic to Advanced နဲ့ Vuejs တို့ကိုပါလက်တွေ့ project တွေနဲ့အတူ တစ်ခါတည်းထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။ 

ဒါ့အပြင် Weekend Zoom အတန်းကို
တက်ရောက်ချင်ပေမယ့် ရန်ကုန်မှမဟုတ်သော ကျောင်းသားတွေ
 သင်တန်းလာဖို့ အခက်အခဲရှိသူတွေအတွက် Weekend In Class ကကျောင်းသားတွေနဲ့အတူတက်ရောက်နိုင်မယ့် Zoom အတန်းလေးပြင်ဆင်ပေးထားပါတယ်။ 
ထိုကျောင်းသားတွေအနေနဲ့ In class ကို အိမ်ကနေ zoom သုံးပြီး live join လို့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် နားမလည်တာ error တက်တာမျိုးတွေအတွက်ဆိုရင်လည်း  instructor ကိုယ်တိုငိ တိုက်ရိုက် ဖြေကြားပေးသွားမှာဖြစ်ပါတယ်။

Developer တစ်ယောက်အဖြစ်အသက်မွေးသူတွေ စတင်တက်ရောက်သင့်တဲ့ အတန်းလေးဖြစ်တာကြောင့် Developer Journey ကိုစတင်ဖို့ အခုပဲ Creative Coder Myanmar ကိုဆက်သွယ်လိုက်ပါ ☎️


#creative_coder_myanmar
#inclass
#zoom
❝𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 ရဲ့လတ်တလော 𝐍𝐞𝐰 𝐅𝐞𝐚𝐭𝐮𝐫𝐞𝐬 𝐔𝐩𝐝𝐚𝐭𝐞 များ ❞


=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

ကျွန်တော်တို့ Creative Coder Myanmar ရဲ့ learning platform ဟာကျောင်းသားတွေ အဆင်ပြေပြေ သင်ယူနိုင်ဖို့အတွက် အကောင်းဆုံး features တွေစဉ်ဆက်မပြတ် အရောက်ပို့ပေးနိုင်ဖို့ကြိုးစားလျက်ရှိပါတယ်။

ခုလတ်တလောမှာတော့ Course တွေကို၀င်ကြည့်ရတဲ့အပိုင်းတွေမှာပြောင်းလဲမှုတွေရှိသွားပြီး အချက်အလတ်တွေ ထပ်မံထည့်သွင်းပေးထားပါတယ်။

Updated Features တွေအနေနဲ့ 

📌 Account Termination Features

ဒီ features လေးဟာ security အတွက်အရေးပါတဲ့ feature လေးပဲဖြစ်ပါတယ်။ ဒီ feature လေးကိုထပ်မံထည့်သွင်းရတဲ့ အကြောင်းလေးက spamming comment တွေ နဲ့ injection threats တွေကိုကာကွယ်‌ဖို့အတွက်ပဲဖြစ်ပါတယ် ။ User တစ်ဦးအနေနဲ့ ကျွန်တော်တို့ရဲ့ platform မှာ မသင့်တော်တဲ့အပြုအမူတွေ ပြုလုပ်နေတယ်ဆိုရင် ကျွန်တော်တို့ဘက်ကနေ နှစ်ကြိမ်တိတိ သတိပေးစာပို့မှာဖြစ်ပါတယ်။ ဒါပေမယ့် user ဘက်ကနေပြီး platform ပေါ်မှာ testing လုပ်တာတွေ ၊ ကျွန်တော်တို့ရဲ့ကျောင်းသားတွေရဲ့ learning experience ကိုထိခိုက်စေမယ့် အပြုအမူ‌မျိုးတွေဆက်လက်လုပ်လာခဲ့ရင်တော့ user ရဲ့အကောင့်ကို သုံးမရအောင် ပိတ်သိမ်းလိုက်မှာဖြစ်ပါတယ်။

ဒီ user ကနေပြီး ကျွန်တော်တို့ platform ကိုပြန်လည်အသုံးပြုချင်တယ်ဆိုရင်တော့ second chance အနေနဲ့ ဒီလိုအပြုအမူမျိုး နောက်ထပ်မပြုလုပ်တော့ပါဘူးဆိုတဲ့ အာမခံချက်နဲ့အတူ appeal form လေးတင်ပေးလို့ရပါတယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ဘက်က‌နေသေချာစီစစ်ပြီး ပြန်လက်ခံပေးမှာဖြစ်ပါတယ်။

📌 Course Difficulty

Course တစ်ခုခုကို၀င်ကြည့်လိုက်တာနဲ့ ဒီ course ကဘယ် level အတွက်ရည်ရွယ်ထားတာလဲဆိုတာ သိနိုင်အောင် beginner , advanced ဆိုပြီး level အလိုက်လေးတွေထည့်ပေးထားပါတယ်။ ကျောင်းသားတွေအနေနဲ့ 
ကိုယ်လေ့လာနေတဲ့ Course ရဲ့ difficulty level ကိုသိရှိနိုင်မှာဖြစ်ပါတယ်။

📌 Course Prerequisites

ဒီ feature လေးကတော့ course ကိုလေ့လာဖို့ ဘာတွေဦးစွာလေ့လာထားဖို့လိုအပ်လဲဆိုတာပြပေးတဲ့ feature လေးဖြစ်ပါတယ်။ ဥပမာ ကိုယ်က JavaScript မလေ့လာရသေးဘဲ React ကိုလေ့လာလို့မရပါဘူး။ React Course မှာ prerequisites JavaScript ဆိုပြီးရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့်ကျောင်းသားတွေအနေနဲ့ တစ်ခုပြီးမှတစ်ခု step by step လေ့လာသွားဖို့ရည်ရွယ်ပါတယ်။

📌 Learning Path in each course

Web Development အတွက် learning path သာမကဘဲ course တစ်ခုချင်းစီမှာလည်း ဆက်ပြီးဘာလေ့လာရမလဲဆိုတာကိုထည့်သွင်းပေးထားပါတယ်။

အခုပြောပြထားတဲ့ features တွေကို https://creativecodermm.com/
မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။

ကဲ.. ကျောင်းသားတွေအနေနဲ့ကရော အခု update လေးတွေကိုဘယ်လိုမြင်ကြလဲ နောက်ထပ်ရော ဘယ်လို features တွေထပ်ထည့်ပေးသင့်လဲဆိုတာပြောပြပေးသွားပါဦးနော် 👀

#creative_coder_myanmar
#website
#features
❝𝟐𝟎𝟐𝟒 မှာ 𝐌𝐄𝐑𝐍 𝐒𝐭𝐚𝐜𝐤 ကဘယ်နေရာအထိဘယ်လောက်အထိအသုံး၀င်လာပြီလို့ထင်ပါသလဲ ?❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer ကြီးတို့ သိကြတဲ့အတိုင်း ကျွန်တော်တို့ IT industry မှာ အသစ်အသစ်တွေကနေ့တိုင်းလိုလို
ထွက်နေတာဖြစ်ပါတယ်။ language တွေ framework တွေ libraries တွေကို သူအစုလေးနဲ့သူ အတွဲအစပ်မိမိ တွဲသုံးတတ်ကြတာလေးတွေရှိလာပါတယ်။ MERN, MEAN,MEVN ဆိုတဲ့ အတိုကောက်စကားလုံးတွေက Client Side ရော server ရော တည်ဆောက်နိုင်တဲ့ libraries တွေ framework တွေစုစည်းထားတာကိုပြောတာဖြစ်ပါတယ်။ 

Frontend ပိုင်းရော Backend ပိုင်းမှာပါ အသုံးပြုတဲ့ framework တွေ libraries တွေကိုကျွမ်းကျင်စွာ အသုံးပြုနိုင်တဲ့ Full Stack Developer တွေ အသုံးပြုကြတဲ့ Web Technologies တွေကိုဆိုလိုတာဖြစ်ပါတယ်။ MERN မှာ website တစ်ခုကို စတင်တည်ဆောက်တဲ့အပိုင်းကနေ implementation 
လုပ်တဲ့အပိုင်းအထိ အသုံးပြုရတဲ့ Powerful Technologies တွေအကုန်လုံးပါပါတယ်။ MERN Stack ကိုအလွယ်ပြောရမယ်ဆိုရင် full stack javascript framework တစ်ခုလို့ပြောလို့ရပါတယ်။ 

Developer ကြီးတို့ထဲမှာမှ Fullstack Developer လည်းဖြစ်ချင်တယ်။ ဘယ်အပိုင်းကိုရွေးရမလဲမသေချာဘူးဆိုရင် MERN Stack ကရွေးချယ်ဖို့အကောင်းဆုံးနေရာမှာရှိနေပါတယ်။ 

𝗠𝗘𝗥𝗡 ရဲ့ တစ်ခုချင်းစီအဓိပ္ပါယ်ကိုဆက်ပြီးကြည့်လိုက်ကြရအောင် 👀
𝗠 - ဆိုတာကတော့ Database အတွက်အသုံးပြုတဲ့ MogoDB ကိုပြောတာဖြစ်ပါတယ်။ 
𝗘 - Express.JS ကိုပြောတာဖြစ်ပြီးအောက်မှာဆက်ပြောပြမဲ့ Nodejs ရဲ့ Framework တစ်ခုပဲဖြစ်ပါတယ်။
𝗥 - React ဖြစ်ပြီး frontend developer တွေရွေးချယ်မှုများတဲ့ Javascript Library တစ်ခုပဲဖြစ်ပါတယ်။
𝗡 - Backend ပိုင်းမှာ JS ရဲ့ Web Server အဖြစ်အသုံးပြုတဲ့ Nodejs ဖြစ်ပါတယ်။

ဒါတွေက တစ်ခုချင်းစီကြည့်ရင်တော့သီးခြားဖြစ်နေပေမဲ့ သူတို့အကုန်လုံးကိုပေါင်းပြီး Web Application တစ်ခုတည်ဆောက်တဲ့နေရာမှာ အသုံးပြုလိုက်တဲ့အခါ ကောင်းမွန်တဲ့ Website တစ်ခုပေါ်ထွက်လာစေမှာပါ။ 

MERN ရဲ့ Architectural Structure ကိုလေ့လာကြည့်မယ်ဆိုရင်
Client ပိုင်းမှာ Reactjs ကိုသုံးထားပြီး Server ပိုင်းမှာတော့ Node.Js ရယ် သူ့ရဲ့ framework တစ်ခုဖြစ်တဲ့ Express.JS ကိုအသုံးပြုထားပါတယ်။ Data တွေကိုသိမ်းဆည်းဖို့ Database အပိုင်းမှာဆိုရင် Mogo DB ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ 

Frontend ပိုင်းမှာ အသုံးပြုထားတဲ့  React က dynamic client-side application တွေဖန်တီးတဲ့နေရာမှာ အသုံးပြုတဲ့ library တစ်ခုပဲဖြစ်ပါတယ်။ React ကိုအသုံးပြုထားရင် ကျွန်တော်တို့ Website မှာ page တစ်ခုကနေ တစ်ခုပြောင်းတဲ့အခါ reload စရာမလိုတဲ့အထိ ကောင်းမွန်တဲ့ web application တွေဖန်တီးထားနိုင်မှာကိုတွေ့ရမှာဖြစ်ပါတယ်။ Server ပိုင်းမှာဆိုရင် Nodejs ရဲ့ function တွေပိုပြီးကောင်းမွန်လာဖို့ ExpressJs နဲ့တွဲပြီး အသုံးပြုထားပါတယ်။ Expressjs ကိုသုံးပြီး ပိုပြီး powerful ဖြစ်တဲ့ API တွေ web server တွေဖန်တီးနိုင်ပါတယ်။ Nodejsကတော့ open source environment တစ်ခုဖြစ်တဲ့အလျောက် JS code တွေကို browser အပြင်ကို execute လုပ်ပေးပါတယ်။ 
Data တွေကို handle လုပ်တဲ့အပိုင်းမှာတော့ Non Structured Query Language တစ်ခုဖြစ်တဲ့ Mogo DB ကိုအသုံးပြုထားတဲ့အတွက် data တွေကိုသိမ်းထုတ်ရလွယ်ကူအောင် format တွေခွဲပြီးသိမ်းပေးထားပါတယ်။

ဒါကြောင့် JavaScript ကိုအခြေခံထားတဲ့ ဒီ MERN Stack ဟာလေ့လာလို့လည်းလွယ်ကူ အသုံးလည်း၀င်တဲ့နေရာမှာရှိနေတာပဲဖြစ်ပါတယ်။ 

ဒါကြောင့် developer ကြီးတို့အနေနဲ့ 2024 မှာ fullstack Developer တစ်ယောက်ဖြစ်ဖို့ကြုရွယ်နေတယ်ဆိုရင်တော့ MERN Stack ကတော့လေ့လာဖို့အကောင်းဆုံးပါပဲ။

Creative Coder မှာလည်းမကြာခင် MERN Stack Basic to advance course ကိုဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက်စောင့်ကြည့်ကြဖို့မမေ့နဲ့နော် 👀

#creative_coder_myanmar
#MERN
#website 
❝အထူးစပါယ်ရှယ် ပြင်ဆင်ပေးထားတဲ့ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐝𝐞𝐫 ရဲ့ 𝐌𝐄𝐑𝐍 𝐒𝐭𝐚𝐜𝐤 𝐂𝐨𝐮𝐫𝐬𝐞❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

MERN stack Developer အဖြစ်ရပ်တည်ချင်တဲ့ကျောင်းသားတို့အတွက် course တစ်ခုတည်းနဲ့ လုပ်ငန်းခွင်၀င်နိုင်တဲ့အထိ သေချာလေးပြင်ဆင်ပေးထားတာဖြစ်ပါတယ်။

HTML CSS လောက်ရထားတဲ့ သူတစ်ယောက် ကို Js ကို 0 level basic ကဆွဲခေါ်ပြီး MERN Stack project ကို deploy လုပ်နိုင်တဲ့ထိသွားပေးထားတာဖြစ်တဲ့အပြင် Creative Coder ရဲ့ပထမဆုံး learning platform အတန်းဖြစ်တာကြောင့် ကျောင်းသားတွေအဆင်ပြေအောင် discount တွေလည်းပေးထားတဲ့အပြင် သင်တန်းကြေးကိုနှစ်ခါခွဲသွင်းလို့ရအောင်လည်းပြုလုပ်ပေးထားပါသေးတယ်။ 

ဒါ့အပြင် ကျွန်တော်တို့ Creative Coder ရဲ့ one on one meeting နဲ့ error ဖြေရှင်းပေးသွားမယ့် service ကလည်း ဒီ course မှာပါ၀င်မှာဖြစ်ပါတယ်။

ဒီအတန်းမှာဆိုရင် သေချာပြင်‌ဆင်ပေးထားတဲ့ Course Outline တွေကအစ နားလည်ရလွယ်အောင်တစ်ဆင့်ချင်းသွားပေးထားတာဖြစ်ပါတယ်။

📝Nodejs Absolute Basic 
📝Node server 101
📝 Express 101
📝 MongoDB 101
📝 React Basic 
📝 Todo React App
📝 React Router V6
📝 MERN stack Project တွေပါ၀င်မှာပဲဖြစ်ပါတယ်။

ဒီအတန်းက အာမခံပေးထားနိုင်တာတွေအနေနဲ့‌ဆိုရင် 

👉Nodejs,Express,React,Mongo တစ်ခုချင်းစီကို တစ်ပိုင်းစီ အခြေခံကနေစတင် နားလည်အသုံးချတတ်သွားပါမယ်။

👉MERN stack Project တစ်ခု အစဆုံးရေးနိုင်သွားပါမယ်။ Authentication ပိုင်းတွေ File Upload အပိုင်းတွေထိရသွားမှာဖြစ်ပါတယ်။

👉ကိုယ်ရေးထားတဲ့ MERN Stack Project ကို ကိုယ်တိုင် server နဲ့ domain ဝယ်ယူပြီး user တွေ အသုံးချနိုင်တဲ့ Deployment Level ထိသိသွားမှာဖြစ်ပါတယ်။

ကဲ.. MERN stack နဲ့ website တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ရေးတတ်ချင်ပြီး လက်တွေ့အသုံးချချင်တဲ့ မိတ်ဆွေတို့အတွက် Creative Coder ရဲ့ MERN stack Course လေးကို discount ရှိတုန်းအပ်နှံထားကြဖို့ မမေ့နဲ့ဦးဗျို့ 🎉💯


#creative_coder_myanmar
#mern_stack 
❝𝐌𝐄𝐑𝐍 𝐬𝐭𝐚𝐜𝐤 𝐂𝐨𝐮𝐫𝐬𝐞 ရဲ့ 𝐑𝐞𝐜𝐢𝐩𝐞 𝐂𝐑𝐔𝐃 𝐅𝐢𝐧𝐚𝐥 𝐏𝐫𝐨𝐣𝐞𝐜𝐭 😱💯

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder ကနေပထမဆုံးဖွင့်လှစ်လိုက်တဲ့ MERN stack Course လေးမှာဘယ်လို final project ကြီးတစ်ခုပြုလုပ်ရမလဲဆိုတာသိပြီးကြပြီလား 🤭

Creative Coder ရဲ့အတန်းတွေဟာ စာကိုဒီတိုင်းသင်လိုက်ရုံတင်မဟုတ်ဘဲ ကျောင်း‌သားတွေရဲ့တတ်မြောက်မှုကို အဓိကအလေးပေးထားတဲ့အတွက် သင်ခန်းစာတစ်ခုပြီးတာနဲ့ သင်ပြီးသွားတဲ့အကြောင်းအရာတွေကို ဘယ်နေရာမှာ ဘယ်လိုအသုံးချရမယ်ဆိုတာနဲ့ပတ်သက်ပြီး လက်တွေ့ project တွေကို သင်ခန်းစာတိုင်းမှာထည့်သွင်းပေးထားတာဖြစ်ပါတယ်။

MERN stack Course မှာဆိုရင်လည်း သင်ခန်းစာအလိုက် Mini Project တွေနဲ့နောက်ဆုံးမှာ Recipe Final Project ကြီးကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ 

ဒီ final project ကြီးမှာဆိုရင် frontend & backend ကိုသေချာ setup လုပ်သွားရမယ့်အပြင် အခြား API နဲ့ပတ်သက်တဲ့ သင်ခန်းစာတွေလည်းပါ၀င်ပါသေးတယ်။ 
Recipe Project ဖြစ်တာကြောင့် CRUD အပိုင်းတွေကိုသေချာသင်ပြပေးထားပြီး လိုက်လုပ်ရလွယ်ကူအောင်တတ်မြောက်အောင်လည်းရှင်းပြပေးထားပါတယ်။ 
MERN stack ရဲ့အပိုင်းတစ်ခုချင်းစီတိုင်းကို ပြန်ခွဲထားပြီး တစ်ပိုင်းချင်းစီသပ်သပ် ရှင်းပြပေးထားပါသေးတယ်။ 

ဒီ final project ကြီးပြီးသွားရင် ကျောင်းသားတွေက သင်ပြီးသမျှကို လက်တွေ့အသုံးချတတ်သွားမှာဖြစ်ပြီး သင်ပြီးသမျှ tech stack တွေရဲ့သဘောတရားကိုလည်းနားလည်သွားမယ်လို့မျှော်လင့်ပါတယ်။

ဒီ Course ကနေ certificate ထုတ်ယူဖို့အတွက်‌ဆိုရင် ဒီ final project ကြီးကိုပြီးမြောက်မှ Certificate ရရှိမှာဖြစ်ပါတယ်။

သင်တန်းအကြောင်းအသေးစိတ်ကြည့်ရှုရန် >>>> https://m.facebook.com/story.php?story_fbid=pfbid02Ti14zSpMovSeuS7rqCFp9VtBHDXc3BkUkHAEX5wNyoH4FBALjLxwanbtoEHuT7Eel&id=100064708297617&mibextid=Nif5oz


MERN stack ကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ချင်တဲ့ကျောင်းသားတွေအတွက် နှစ်ခါပြန်ရနိုင်တဲ့ discount အခွင့်အရေးကြီးလည်းရှိသေးတာမို့ စိတ်၀င်စားတုန်းအပ်ထားကြနော် ကျောင်းသားတို့ရေ 👀


#creative_coder_myanmar
#mern
❝ 𝐌𝐄𝐑𝐍 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တစ်ယောက်အဖြစ် ရပ်တည်ဖို့ အာမခံချက်တွေပေးနိုင်တဲ့ 𝐌𝐄𝐑𝐍 𝐒𝐭𝐚𝐜𝐤 𝐂𝐨𝐮𝐫𝐬𝐞 ကိုအခုပဲ တက်ရောက်လိုက်ပါ 💭🎈
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder ကနေပထမဆုံးဖွင့်လှစ်ထားတဲ့ MERN stack Course လေးကို အပ်နှံလို့ရပါသေးတယ်။ 

သင်တန်းအကြောင်းအသေးစိတ်ကြည့်ရှုရန် >>>> https://m.facebook.com/story.php?story_fbid=pfbid02Ti14zSpMovSeuS7rqCFp9VtBHDXc3BkUkHAEX5wNyoH4FBALjLxwanbtoEHuT7Eel&id=100064708297617&mibextid=Nif5oz


ဒီ course လေးဟာ website က screencast video တွေကို ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာကနေ အချိန်နေရာမရွေးလေ့လာလို့ရနိုင်တဲ့ အတန်းလေးဖြစ်ပြီး တစ်ခါအတန်းအပ်နှံပြီးတာနဲ့ တစ်သက်စာ လေ့လာလို့ရမှာဖြစ်ပါတယ်။

self paced learning ဖြစ်လို့ ကိုယ့်ကို ကြီးကြပ်ပေးမယ့် mentor မရှိဘူးလို့တော့မထင်လိုက်ပါနဲ့ 👀🤭

ကိုယ်ဘာတွေလေ့လာပြီးသွားပြီလဲဆိုဝာာနဲ့ပတ်သက်ပြီး လေ့လာဆွေးနွေးလို့ရတဲ့ Discussion Group လေးတစ်ခုလည်းရှိနေသလို မရတာတွေကို meeting နဲ့ဖြေရှင်းပြပေမယ့် one on one meeting service လည်းရှိနေပါတယ်။ 

ကျောင်းသားတွေအတွက် အာမခံချက်ပေးထားနိုင်တာတွေကတော့ 

👉Nodejs,Express,React,Mongo တစ်ခုချင်းစီကို တစ်ပိုင်းစီ အခြေခံကနေစတင် နားလည်အသုံးချတတ်သွားပါမယ်။

👉MERN stack Project တစ်ခုကို ကိုယ့်ဘာသာ 
အစဆုံးရေးနိုင်သွားပါမယ်။ Authentication ပိုင်းတွေ File Upload အပိုင်းတွေထိရသွားမှာဖြစ်ပါတယ်။

👉ကိုယ်ရေးထားတဲ့ MERN Stack Project ကို ကိုယ်တိုင် server နဲ့ domain ဝယ်ယူပြီး user တွေ အသုံးချနိုင်တဲ့ level တစ်ခုရောက်အောင်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ 

- JavaScript နဲ့ backend ပိုင်းကို စနစ်တကျရေး တတ် ချင်တယ်၊
- Authentication, Authorization စတာတွေကို လည်း ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်သွားချင်တယ်၊
- Deployment ထိ လုပ်တတ်သွားချင်တယ်ဆိုရင်တော့၊

MERN Stack Course လေးကို သင်တန်းစမယ့်ရက်မတိုင်ခင် ကျောင်းသား အယောက် ၄၀ သာလက်ခံထားတာမို့ လူမပြည့်ခင် အမြန်ဆုံးစာရင်းပေးပြီးအပ်နှံထားနိုင်ပါပြီခင်ဗျာ 💯

#creative_coder_myanmar
#mern_stack
#project 
❝𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐧𝐠 𝟕 𝐊 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞𝐫𝐬 𝐨𝐧 𝐎𝐮𝐫 𝐘𝐨𝐮𝐓𝐮𝐛𝐞 𝐜𝐡𝐚𝐧𝐧𝐞𝐥❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder Myanmar ရဲ့ YouTube channel လေးဟာ subscribers 7000 အထိရှိလာခဲ့ပြီဖြစ်ပါတယ်။
YouTube Channel မှာလည်း free course တွေ workshop တွေရဲ့ recording တွေကိုပြန်လည်တင်ပေးထားတာမို့ free သွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

 ကျွန်တော်တို့ရဲ့ Creative Coder Myanmar ဒီအထိရောက်လာအောင် ကူညီ‌အားပေးခဲ့ကြတဲ့ ကျောင်းသားတစ်ဦးချင်းစီ ၊ မိတ်ဆွေတစ်ဦးချင်းစီကိုလည်းကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ခင်ဗျာ

“ Your satisfaction is our first priority”

#creative_coder_myanmar
#celebration
❝𝐌𝐄𝐑𝐍 𝐒𝐭𝐚𝐜𝐤 𝐂𝐨𝐮𝐫𝐬𝐞  အတွက်သင်တန်းသား (၂) ယောက်သာလိုပါတော့တယ်❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder Myanmar ရဲ့ ပထမဆုံး အတန်းဖြစ်တဲ့ MERN stack စတင်ရန်အတွက်ကျောင်းသား (၂) ယောက်သာလိုတော့တာဖြစ်ပါတယ်။

MERN stack developer တစ်ယောက်အဖြစ်ရပ်တည်ဖို့အခြေခံခိုင်အောင် သင်ကြားပေးထားတဲ့ သင်တန်းလေးဖြစ်ပြီး learning platform ကနေတစ်ဆင့်လေ့လာလို့ရတဲ့ အတန်းဖြစ်တာကြောင့် တစ်ခါသင်တန်းအပ်ပြီးတာနဲ့ အချိန်နေရာမရွေး အမြဲလေ့လာနိုင်မှာဖြစ်ပါတယ်။

သင်တန်းအကြောင်းအသေးစိတ်ကြည့်ရှုရန် >>>> https://m.facebook.com/story.php?story_fbid=pfbid02Ti14zSpMovSeuS7rqCFp9VtBHDXc3BkUkHAEX5wNyoH4FBALjLxwanbtoEHuT7Eel&id=100064708297617&mibextid=Nif5oz


ဒီအတန်းလေးက လူပြည့်တော့မှာဖြစ်တာကြောင့်စိတ်ပါ၀င်စားပါက အမြန်ဆုံးလာရောက်အပ်နှံဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာ 💯

#creative_coder_myanmar
#mern_stack