👨💻 Creative Coder ကြီးတို့အတွက် သတင်းကောင်း!
ဒီအပတ်မှာတော့ ကိုယ့် coding စွမ်းရည်ကို မြင်သာအောင် ပြသနိုင်တဲ့ Project တစ်ခုဖန်တီးပြီး၊ လက်ဆောင်တွေကိုလည်း ရယူနိုင်မယ့် ဒုတိယမြောက်အခွင့်အရေးကြီးကိုယူဆောင်လာပါပြီ။
📌 Weekly Project Challenge
ဒီအပတ်ရဲ့ challenge ကတော့ —
ကိုယ်ပိုင်အချက်အလက်နဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြနိုင်တဲ့ ရိုးရှင်းပြီး စိတ်ဝင်စားဖွယ်ရာ Portfolio Website/Page တစ်ခု ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။
📌 Portfolio Website ဘာလို့အရေးကြီးလဲ?
Portfolio Website တစ်ခုဟာ —
🔹 သင်ဘယ်လို Developer တစ်ယောက်လဲ
🔹 ဘယ် Project တွေကို လုပ်ပြီးသားလဲ
🔹 ဘယ် Tech Stack တွေကို ကျွမ်းကျင်သလဲ
🔹 ကိုယ်ရေးထားတဲ့ Code Style/Design Pattern
တွေကို ပြသနိုင်တဲ့ အကောင်းဆုံး အလုပ်ရှာရာမှာကောင်းတဲ့အကူအညီပေးမယ့်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
✨ Portfolio Website တစ်ခုမှာ ပါဝင်သင့်တဲ့ Common Features:
✅ Home/Intro Section – ကိုယ်ကိုယ်တင်ပြတဲ့ short intro (name, role, tagline)
✅ About Me – career goal, passion
✅ Skills – နားလည်တဲ့ programming languages, frameworks, tools
✅ Projects – လုပ်ခဲ့ဖူးတဲ့ Projects ရဲ့ နမူနာ (GitHub link, screenshots, brief descriptions)
✅ Contact Section – Email, LinkedIn, GitHub, phone number
✅ Responsive Design – စတဲ့ အချက်လေးတွေတော့ပါ၀င်ရမှာဖြစ်ပါတယ်။
🏆 Challenge Participation Details:
📅 အချိန်ကာလ – (၅) ရက်
ဒီ challenge ရဲ့ အချိန်ကာလကတော့ စုစုပေါင်း (၅) ရက်သာရှိပါတယ်။ အဆိုပါကာလအတွင်းမှာ ပထမဆုံး Submit လုပ်သည့် Developer ၃ ဦးကို အထူးတန်ဖိုးရှိတဲ့ လက်ဆောင်များကို ပေးအပ်သွားမှာဖြစ်ပါတယ်။
လက်ဆောင်များမှာတော့ Creative Coder ရဲ့ Official T-Shirt တစ်ထည်၊ သယ်သွားရလွယ်ကူတဲ့ Dev Notebook တစ်စောင်၊ Coding Desk ပေါ်မှာအသုံးဝင်မယ့် Sticker တွေနဲ့ Mouse Pad တို့ ပါဝင်ပါမယ်။
💬 Programming Language မည်သည့်ဘာသာစကားဖြင့်မဆို ဖန်တီးနိုင်ပါတယ်။
🤖 AI Tools သုံးလို့ရပေမယ့် Code ကို ကိုယ်နားလည်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။
📤 GitHub Repo ကို Creative Coder Myanmar ရဲ့ Facebook Page Messenger မှာ ပေးပို့ဖို့လိုပါတယ်။
ဆရာဇေယျာဝင်းရဲ့ portfolio project အကြောင်းပြောပြပေးထားတဲ့ video ကိုလည်း အောက်ပါ link မှာကြည့်ရှုနိုင်ပါတယ်။
(https://youtu.be/s6qn8SL6pq4)
🔥 Challenge ထဲ ပါဝင်ချင်သူတွေကတော့ “Ready” လို့ comment မှာရေးခဲ့နော်။
ကိုယ့် coding journey ကို next level တက်ဖို့ ဒီအခွင့်အရေးကို လက်လွှတ်မခံနဲ့နော်! 🚀
#creative_coder_myanmar
#PortfolioChallenge
#BuildAndShow

YouTube
Build Portfolio With Creative Coder Myanmar
ဒီဗီဒီယိုထဲမှာ HTML နဲ့ CSS ကိုသုံးပြီး ရိုးရှင်းတဲ့ Portfolio Project တစ်ခုကို ဘယ်လိုဖန်တီးရမလဲဆိုတာ ပြသထားပါတယ်။ အချိန်တိုအတွင်း ကိုယ်ပိုင်ပရောဂျက်တစ်ခု ဘယ်လိုတည်ဆောက်ရမယ်ဆိုတာ လမ်းညွှန်ပေးပါလိမ့်မယ်။ Build & Show Off! လုပ်ဖို အခုပဲ စလိုက်ရအောင်။
❤2
Feedback ကောင်းများစွာရရှိထားတဲ့ Web Development Foundation အတန်းလေး July (5) ရက်နေ့စပါမယ် 🚀
Web Development မှာ အခြေခံကို ပိုင်နိုင်စွာလေ့လာထားပြီး လက်တွေ့အသုံးချတတ်ဖို့က အရေးကြီးပါတယ်။
ဒီအတန်းမှာ အခြေခံကိုပဲ၍သေချာပိုင်နိုင်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
✅ Telegram & Zoom Only အသုံးပြုသင်ကြားရမှာဖြစ်ပါတယ်။
✅ One on One mentorship meeting support ပေးထားပါတယ်။
✅ Video Record တွေလဲတရက်စာစီပေးထားတဲ့ အပြင် batch တိုင်းအခမဲ့ ပြန်တက်ရောက်နိုင်ပါသေးတယ်ခင်ဗျာ🚀
အတန်းအပ်မယ်ဆို page messenger ကနေ အပ်နှံနိုင်ပါပြီ 🥳

❤1
JavaScript မှာ String နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေက မကြာခဏဆိုသလို လိုအပ်လာတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ Code ကို ပိုမိုထိရောက်စေဖို့အတွက် အသုံးများပြီး သိထားသင့်တဲ့ String Method (၅) ခုကို တစ်ပုံချင်းစီမှာ code example တွေနဲ့အတူ ကြည့်လိုက်ရအောင်👀
📝slice()
slice() Method က String တစ်ခုရဲ့ သတ်မှတ်ထားတဲ့ အပိုင်းအစကို ဖြတ်ထုတ်ယူဖို့ အသုံးပြုပါတယ်။
📝replace()
replace() Method က String တစ်ခုထဲမှာရှိတဲ့ သတ်မှတ်ထားတဲ့ စာသား ဒါမှမဟုတ် ပုံစံကို တခြားစာသားနဲ့ အစားထိုးဖို့ အသုံးပြုပါတယ်။ ပထမဆုံးတွေ့တဲ့ စာသားကိုပဲ အစားထိုးပေးမှာပါ။
📝toLowerCase()
toLowerCase() Method က String တစ်ခုလုံးမှာရှိတဲ့ အက္ခရာအားလုံးကို အင်္ဂလိပ်အက္ခရာ အသေး (lowercase) အဖြစ် ပြောင်းလဲပေးပါတယ်။
📝 includes()
includes() Method က String တစ်ခုထဲမှာ သတ်မှတ်ထားတဲ့ စာသား ဒါမှမဟုတ် စာလုံးပေါင်း ပါဝင်ဟုတ်မဟုတ်ကို စစ်ဆေးပါတယ်။ ပါဝင်တယ်ဆိုရင် true ၊ မပါဝင်ဘူးဆိုရင် false ပြန်ပေးပါတယ်။
📝 split()
split() Method က String တစ်ခုကို သတ်မှတ်ထားတဲ့ ခွဲခြားမှတ် (delimiter) နဲ့ ခွဲခြားပြီး Array တစ်ခုအဖြစ် ပြောင်းလဲပေးပါတယ်။

ဒီ Promotion လေး လူ ၅ ယောက်ပဲလိုပါတော့မယ်ခင်ဗျာ။ လမကုန်ခင် လူပြည့်ရင် အတန်း လက်ခံတာလေး ရပ်လိုက်တော့မှာဖြစ်ပါတယ်ဗျ။ အများကြီး လာအပ်ပေးကြတာ ကျေးဇူးပါဗျ။ အတန်းသစ်တွေလဲ လာမို့ ရှိတာမို့ စောင့်ပေးကြပါဦးနော်ခင်ဗျာ။ ❤️🫶✨
❤5
💼 အလုပ်ခေါ်ချင်စရာကောင်းတဲ့ Developer Portfolio တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?
Developer တစ်ယောက်အနေနဲ့ အလုပ်လျှောက်တဲ့အခါ ကိုယ့်ရဲ့ CV က "ကိုယ်ဘာတွေတတ်ပါတယ်" လို့ ပြောတဲ့ စာရွက်တစ်ရွက်သက်သက်ပါပဲ။ တကယ်တမ်း အလုပ်ရှင်တွေ၊ Technical Lead တွေနဲ့ Senior Dev တွေက ကိုယ်တကယ် "ဘာတွေလုပ်နိုင်လဲ" ဆိုတာကို မြင်ချင်တာပါ။ အဲ့ဒီ "ဘာတွေလုပ်နိုင်လဲ" ဆိုတာကို သက်သေပြနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ ကိုယ့်ရဲ့ Developer Portfolio ပါပဲ။ ဒါကြောင့် HR တွေ၊ Senior Dev တွေက ကိုယ့် CV ထက် ကိုယ့်ရဲ့ Portfolio ကို ပိုစိတ်ဝင်စားပြီး အချိန်ပေးကြည့်ကြပါတယ်။ ဒီနေရာမှာ အများစုမှားလေ့ရှိတာက Tutorial တွေကနေ တစ်ဆင့်ချင်း လိုက်လုပ်ထားတဲ့ Project တွေ၊ "To-Do List" App လိုမျိုး Project တွေချည်းပဲ ထည့်ထားတာပါ။ ဒါတွေကို ရပ်ပြီး တကယ်အလုပ်ဖြစ်တဲ့၊ အလုပ်ခေါ်ချင်စရာကောင်းတဲ့ Portfolio တစ်ခုကို ဒီလို အချက်တွေနဲ့ တည်ဆောက်သင့်ပါတယ်။
ပထမဆုံးနဲ့ အရေးကြီးဆုံးကတော့ Quality over Quantity (အရေအတွက်ထက် အရည်အသွေး) ပါ။ Project အများကြီးထည့်ထားတိုင်း အထင်ကြီးတာမဟုတ်ပါဘူး။ သေသေချာချာ အချိန်ပေးပြီး အစအဆုံး စဉ်းစားပြီးလုပ်ထားတဲ့ Project (၂) ခု (၃) ခုက ဟိုစပ်စပ် ဒီစပ်စပ် Project အသေးလေး (၁၀) ခုထက် အများကြီး ပိုတန်ဖိုးရှိပါတယ်။ "Quality" ဆိုတာက ဒီ Project မှာ User Authentication ပါသလား၊ Data တွေကို Database မှာ သေချာသိမ်းသလား၊ Error Handling တွေ လုပ်ထားသလား၊ Code တွေကို Clean ဖြစ်အောင် ရေးထားသလား ဆိုတာတွေအပေါ် မူတည်ပါတယ်။
ဒုတိယအချက်ကတော့ Show Your Work (ကိုယ့်ရဲ့ Project ကို တကယ်သုံးလို့ရအောင် ပြသပါ)။ ဒါက လုံးဝ (လုံးဝ) မရှိမဖြစ်တဲ့ အချက်ပါ။ ကိုယ့် Project ကို စိတ်ဝင်စားလို့ ကြည့်ချင်တဲ့သူက ကိုယ့် Github Repo ကို Clone ချ၊ npm install လုပ်ပြီး Run ကြည့်ဖို့ အချိန်မရှိပါဘူး။ Project ရဲ့ Live Demo Link (Netlify, Vercel, ဒါမှမဟုတ် ကိုယ်ပိုင် Server ပေါ်တင်ထားတာ) ကို မဖြစ်မနေ တွဲထည့်ပေးရပါမယ်။ Link ကိုနှိပ်လိုက်တာနဲ့ တကယ်သုံးလို့ရတဲ့ App တစ်ခုကို သူတို့ မြင်ချင်တာပါ။ ပြီးတော့ Github Repo Link ကိုလည်း ပွင့်လင်းမြင်သာစွာ ချပြထားရပါမယ်။ ဒါမှ သူတို့က ကိုယ့်ရဲ့ Code Quality နဲ့ Project Structure ကို ဝင်ကြည့်နိုင်မှာပါ။
တတိယအချက်ကတော့ README is Key (Github README ဖိုင်က အသက်ပါ)။ Senior Dev တွေက ကိုယ့်ရဲ့ Live Demo ကို သဘောကျပြီဆိုရင် နောက်တစ်ဆင့်အနေနဲ့ Github Repo ကို ဝင်ကြည့်ပါတယ်။ အဲ့ဒီမှာ README.md ဖိုင်က ရှင်းရှင်းလင်းလင်း မရှိဘူးဆိုရင် သူတို့ စိတ်ပျက်သွားနိုင်ပါတယ်။ README မှာ ဒီ Project က ဘာလဲ၊ ဘာကြောင့်လုပ်ဖြစ်တာလဲ၊ ဘာ Technology တွေ (e.g., React, Node.js, MySQL) သုံးထားလဲ၊ Screenshot ဒါမှမဟုတ် GIF လေးတွေနဲ့တကွ၊ ဒီ Project ကို သူတို့စက်ထဲမှာ Run ချင်ရင် ဘယ်လို Run ရမလဲဆိုတဲ့ (Setup Instructions) အဆင့်ဆင့်ကို ရှင်းရှင်းလင်းလင်း ရေးပြထားရပါမယ်။ ဒါက ကိုယ့်ရဲ့ Technical Skill အပြင် Communication Skill နဲ့ Professionalism ကိုပါ ပြသရာရောက်လို့ Senior တွေ အရမ်းသဘောကျတဲ့အချက်ပါ။
နောက်ဆုံးအချက်ကတော့ Solve a Problem (ပြဿနာတစ်ခုကို ဖြေရှင်းပေးတဲ့ Project မျိုးလုပ်ပါ)။ Tutorial Project တွေက ကိုယ် Technology တစ်ခုကို သုံးတတ်တယ်ဆိုတာပဲ ပြနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် ပြဿနာသေးသေးလေးတစ်ခုကို ဖြေရှင်းပေးတဲ့ App တစ်ခု (ဥပမာ- ကိုယ်ပိုင်လစဉ်သုံးငွေတွေကို မှတ်ထားဖို့ Expense Tracker App၊ ကိုယ်ဖတ်ပြီးသား စာအုပ်တွေကို မှတ်ထားမယ့် Personal Library App) ကို တည်ဆောက်ပြတာက ကိုယ့်ရဲ့ "Product Thinking" နဲ့ "Initiative" (ကိုယ်တိုင် အစပြုလုပ်ဆောင်နိုင်စွမ်း) ကိုပါ ပြသနိုင်တာကြောင့် Tutorial Project တွေထက် အများကြီး ပိုအထင်ကြီးစေပါတယ်။
ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ Portfolio တစ်ခု တည်ဆောက်ထားနိုင်ပြီဆိုရင် ကိုယ့်ရဲ့ Developer အလုပ်အကိုင် အခွင့်အလမ်းက တခြားသူတွေထက် အများကြီး သာသွားမှာ အသေအချာပါပဲ။
ကိုယ့်ရဲ့ Portfolio ကို ဘယ်လိုအဆင့်မြှင့်တင်ရမလဲ၊ ဒီလို Quality ကောင်းတဲ့ Project တွေ ဘယ်လိုတည်ဆောက်ရမလဲ ဆွေးနွေးချင်တယ်၊ လေ့လာချင်တယ်ဆိုရင် Creative Coder ရဲ့ Project-Based အတန်းတွေ (ဥပမာ Vue + Laravel နဲ့ Stack Overflow Clone တည်ဆောက်မယ့်အတန်းမျိုး) ကို လာရောက်စုံစမ်းနိုင်ပါတယ်နော်။
#CreativeCoderMyanmar #DeveloperPortfolio #CareerAdvice #WebDeveloper #JobSearch #React #Vue

🚀 Web Development ကို AI နဲ့ Level Up လုပ်ကြမယ်။
Developer တိုင်းသိထားသင့်တဲ့ နောက်ဆုံးထွက် AI Tools များ
AI က Web Development လောကကို အရှိန်အဟုန်နဲ့ ပြောင်းလဲနေပါပြီ။ အခုဆိုရင် Code ရေးတာကနေ၊ Bug ရှင်းတာ၊ UI ဒီဇိုင်းဆွဲတာအထိ AI က နေရာတိုင်းမှာ ပါဝင်လာပါပြီ။ ဒါဟာ Developer တွေရဲ့ အလုပ်ကို အစားထိုးဖို့မဟုတ်ဘဲ၊ ပိုမြန်၊ ပိုတိကျ၊ ပို Productive ဖြစ်အောင် ကူညီပေးဖို့ပါပဲ။
ဒီနေ့တော့ Developer တွေရဲ့ Productivity ကို အဆပေါင်းများစွာ မြှင့်တင်ပေးမယ့် နောက်ဆုံးပေါ် AI Tool (၄) ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဘယ် tool တွေသုံးဖြစ်နေလဲ comment မှာရေးသွားကြပါဦးနော်။