Creative Coder Myanmar
1.38K subscribers
548 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
Backend Framework နှစ်ခုရဲ့အားပြိုင်မှု (Node.js Vs Ruby on Rails)

Web Development ရဲ့ Backend ပိုင်းမှာအသုံးပြုကြတဲ့ framework နှစ်ခုဖြစ်တဲ့ Node.js နဲ့ Ruby on Rails နှစ်ခုအကြောင်းကို ကြည့်လိုက်ရအောင်။

👉Node.js က developer community မှာ ဆယ်စုနှစ်ကျော် တည်ရှိခဲ့တာဖြစ်တယ်။ ယုံကြည်စိတ်ချရပြီး၊ npm မှာရှိတဲ့ library များစွာနဲ့ တိုးတက်ဆဲ technology တစ်ခုဖြစ်ပါတယ်။

Node.js ကို developer တွေအသုံးပြုနေရတဲ့ အကြောင်းအရင်းတွေကတော့

📝npm မှာ modules ထောင်ပေါင်းများစွာရှိတဲ့အတွက် Developer တွေကို အများကြီးအထောက်အကူပေးနိုင်ပါတယ်။

📝Node.js ကိုအသုံးပြုပြီး JavaScript နဲ့ full-stack development လုပ်နိုင်တာကြောင့် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် development အချိန်ကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။

👉 Ruby နဲ့ရေးထားတဲ့ framework တစ်ခုဖြစ်တဲ့ Ruby on Rails ကတော့ server side web application တစ်ခုဖြစ်ပါတယ်။ Ruby ရဲ့ ecosystem က Node.js ထက် ပိုပြီးသေးပေမယ့်လည်း stable ဖြစ်တဲ့ library တော်တော်များများပါ၀င်နေပါတယ်။

Performance ပိုင်းမှာဆိုရင်လည်း speed ပိုင်းမှာ modern hosting ပိုင်းနဲ့တွဲပြီးလုပ်နိုင်သလို optimization နဲ့ catching အပိုင်းမှာလည်း အဆင်ပြေတာကိုတွေ့ရမှာပါ။

သူတို့နှစ်ခုရဲ့ အဓိက ကွာခြားချက်တွေကတော့

Node.js ကို CommonJS modules နဲ့ npm registry အတွက်အသုံးပြုနိုင်ပါတယ်။
Ruby on Rails ကိုသုံးဖို့အတွက်ဆိုရင်တော့ load balancers တွေ၊ background job processors တွေ၊ catching mechanism တွေလိုအပ်ပါတယ်။

Security အပိုင်းမှာဆိုရင်

Node.jsမှာ Built-in security permissions ပါ၀င်ခြင်းမရှိတဲ့အတွက် file တွေကို access လုပ်တာ၊ network request တွေ အများကြီးကို default အနေနဲ့ ရေးတဲ့အခါ unrestricted ဖြစ်စေနိုင်မှာဖြစ်ပါတယ်။
Ruby on Rails ကတော့ security ပိုင်းမှာ CSS, CSRF တို့လို vulnerabilities တွေကိုခံနိုင်အောင်လုပ်ဆောင်ထားပါတယ်။

Developer တို့အနေနဲ့ ဘာကို ရွေးချယ်ကြမလဲ?

Node.js ကို real time application တွေဖြစ်တဲ့ chat application တွေ live updates တွေမှာအသုံးပြုနိုင်ပြီး Ruby on Rails ကိုတော့ rapid development နဲ့ robust convention တွေပါ၀င်တဲ့ e-commerce platform တွေ၊ content management system တွေတည်ဆောက်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။

dependencies များစွာရှိတဲ့ project တွေမှာ အလုပ်လုပ်နေရင်၊ community support ကို အလေးထားတဲ့သူဖြစ်ရင်တော့ Node Js ကိုအသုံးပြုနိုင်ပါတယ်။
Rapid development ပိုင်းအတွက်ဆိုရင်တော့ Ruby on Rails ကအသင့်တော်ဆုံးပါပဲ။

Developer ကြီးတို့ရော ဘယ် framework ကိုပိုပြီးကြိုက်လဲဆိုတာ comment မှာပြောပေးသွားကြပါဦးနော် 💬

#creative_coder_myanmar
#ruby
#node.js
Developer ဖြစ်ဖို့အတန်ဆုံးအခွင့်အရေး 💯

Learning Platform ကရှိသမျှအတန်းတွေအကုန်လုံးကို မြန်မာငွေသုံးသိန်းခွဲတည်းနဲ့ အပ်နှံနိုင်မယ့် အခွင့်အရေးဟာ အခု ဩဂုတ်လကုန်အထိ ရှိနေမှာဖြစ်ပါတယ်။

ဒီအခွင့်အရေးမှာဆိုရင်သင်ခန်းစာတွေကို တစ်ခါ၀ယ်ယူရုံနြဲ
တစ်သက်တာ လေ့လာခွင့်ရမယ့်အခွင့်အရေးအပြင် one on one meeting, Internship opportunities စတဲ့အခွင့်အရေးတွေပါရှိနေပါသေးတယ်။

ဒီအတန်းလေးကို နောက်လေးရက် (ဩဂုတ်လကုန်) အထိသာ အပ်နှံခွင့်ရတော့မှာ ဖြစ်တဲ့အတွက် Developer ဖြစ်ဖို့အတန်ဆုံးအခွင့်အရေးကို အရယူထားဖို့ မမေ့နဲ့နော် 👀💬

#creative_coder_myanmar
Empty Check လုပ်ဖို့အတွက် အကောင်းဆုံး is empty function ✔️📝

Is empty function ကို သုံးဖူးပြီးသွားကြပြီလား Developer ကြီးတို့ရေ 👀

Is empty function ကို ပေးထားတဲ့ value က empty ဖြစ်လားဆိုတာ စစ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။

Type check တွေကို အသုံးပြုပြီး emptiness အမျိုးအစားကို return ပြန်ပေးပါတယ်။
Empty မဟုတ်တဲ့ string စတာတွေဆိုရင်တော့ false လို့ return ပြန်ပေးပါတယ်။

သူ့ရဲ့ main component အနေနဲ့ကတော့ Type checker ပါ၀င်ပြီး condition အမျိုးမျိုးကို return ပြန်ပေးပါတယ်။

Code example လေးနဲ့အတူ ကြည့်လိုက်ရအောင် 👀

function isEmpty(value) {
const typeCheckers = {
'null or undefined': value == null && true,
'boolean': typeof value === 'boolean' && false,
'number': typeof value === 'number' && isNaN(value),
'string': typeof value === 'string' && value.trim().length === 0,
'array': Array.isArray(value) && value.length === 0,
'plain object': Object.prototype.toString.call(value) === '[object Object]' && Object.keys(value).length === 0,
'map': value instanceof Map && value.size === 0,
'set': value instanceof Set && value.size === 0,
'arguments object': Object.prototype.toString.call(value) === '[object Arguments]' && value.length === 0,
'typed array': ArrayBuffer.isView(value) && value.length === 0,
'weak map': value instanceof WeakMap && false,
'weak set': value instanceof WeakSet && false,
'date': value instanceof Date && isNaN(value.getTime()),
'error': value instanceof Error && false,
'symbol': typeof value === 'symbol' && false,
'function': typeof value === 'function' && false,
'default': false
};
return Object.values(typeCheckers).find(check => check !== false) ?? false;
}

ဒီ code လေးမှာဆိုရင် ပထမဆုံး type checker နဲ့အတူ စစ်ပေးပါတယ်။

အောက်က example လေးမှာတော့ ဥပမာလေးတွေထည့်ပြထားပါတယ်။

// Examples
console.log(isEmpty(null)); // true
ဒီမှာဆိုရင် undefined ကမှန်တဲ့အတွက် true လို့ return ပြန်ပေးပါတယ်။

console.log(isEmpty(undefined)); // true
console.log(isEmpty(true)); // false
console.log(isEmpty(false)); // false
console.log(isEmpty(0)); // false

0 ဆိုရင်တော့ false လို့ return ပြန်ပေးတာက Nan တွေက empty မဟုတ်လို့ပဲ ဖြစ်ပါတယ်။

console.log(isEmpty(NaN)); // true
console.log(isEmpty('')); // true
console.log(isEmpty(' ')); // true
console.log(isEmpty('hello')); // false
console.log(isEmpty([])); // true
console.log(isEmpty([1, 2, 3])); // false
console.log(isEmpty({})); // true
console.log(isEmpty({ a: 1 })); // false
console.log(isEmpty(new Map())); // true
console.log(isEmpty(new Map([['a', 1]]))); // false
console.log(isEmpty(new Set())); // true
console.log(isEmpty(new Set([1, 2, 3]))); // false
console.log(isEmpty(function() {})); // false
console.log(isEmpty(Symbol())); // false
console.log(isEmpty(new Date())); // false
console.log(isEmpty(new Date('invalid'))); // true
console.log(isEmpty(new Error())); // false
console.log(isEmpty(arguments)); // true

ကျန်တဲ့ example တွေနဲ့ output တွေကို လေ့လာပြီး comment မှာ ဆွေးနွေးပေးသွားလို့ရပါတယ်။

#creative_coder_myanmar
Promotion ကာလမကုန်သေးပါဘူးဗျို့ 🚀

Creative Coder ရဲ့ Learning Platform အတန်းတွေကို သုံးသိန်းခွဲတည်းနဲ့ တက်ရောက်နိုင်မယ့်အခွင့်အရေးက ဩဂုတ်လကုန်အထိသာဖြစ်ပါတယ်

ဒါပေမယ့် သင်တန်းအပ်ဖို့မမှီလိုက်တဲ့ကျောင်းသားတွေအတွက် ဒီသင်တန်းကြေးနဲ့ပဲ စက်တင်ဘာလဆန်း(၃) ရက်နေ့အထိ ထပ်မံလက်ခံသွားမှာဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါရစေ။

နောက်တစ်ခါမရတော့တဲ့ ဒီလိုတန်မှတန်တဲ့အခွင့်အရေးကြီးကိုအရယူလိုပါက page messenger ကနေသင်တန်းအပ်နှံနိုင်ပါပြီ။

#creative_coder_myanmar
Learning Platform မှာလေ့လာတာနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ 📝

ကျွန်တော်တို့ Creative Coder Learning Platform မှာ အတန်းတွေ တက်ရောက်နိုင်ဖို့ ကျောင်းသားတွေမေးလေ့ရှိတဲ့မေးခွန်းလေးတွေကို စုပေါင်းပြီး ဖော်ပြပေးလိုက်ပါတယ်။
ကဲ.. ဒီမေးခွန်းလေးတွေကတော့ Learning Platform နဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့မေးခွန်းတွေဖြစ်ပါတယ်။
အခုလက်ရှိမှာလည်း သုံးသိန်းခွဲနဲ့ learning platform မှာရှိတဲ့ အတန်းတွေအကုန်တက်လို့ရတဲ့ promotion ရှိနေတာဖြစ်လို့ မြန်မြန်အတန်းအပ်ကြဖို့ မမေ့နဲ့နော်👀
Developer တို့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ Free Laptop အပြင် ငါးသိန်းကျော်တန်ဖိုးရှိ Web Development Course တွေကို Full Access ရရှိမယ့်  အစီအစဉ်

၂၀၂၅ ကိုရောက်ဖို့ (၄) လပဲလိုတော့တယ်နော် Developer ကြီးတို့ရေ..

Developer ကြီးတို့ရဲ့အိမ်မက်တွေအကောင်အထည်ဖော်နိုင်ဖို့ Cretaive Coder ကနေ ကူညီပံ့ပိုးပေးဖို့အစီအစဉ်လေးလည်းရှိပါတယ်။ 

ပထမတစ်ခုကတော့ 
Free Laptop အပြင် ငါးသိန်းကျော်တန်ဖိုးရှိ Web Development Course တွေကို Full Access ရရှိမယ့်  အစီအစဉ်ဖြစ်ပါတယ်။ 

Creative Coder ကနေ လူငယ်တွေရဲ့ အလုပ်အကိုင်အတွက် ကူညီပေးဖို့ ဒီလို HP Laptop (၂) လုံးနဲ့ လုပ်ငန်းခွင်၀င်နိုင်သည်အထိ သင်ကြားပေးထားတဲ့ (၅) သိန်းကျော် တန်ဖိုးရှိ Web Development Full Stack course တွေကို တကယ်လိုအပ်သူ (၂) ဦးကို အခမဲ့ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။

👉 ကိုယ်က Laptop တကယ်လိုအပ်နေသူဖြစ်ရပါမယ်။
👉 Web Development ကိုစိတ်ပါ၀င်စားသူဖြစ်ရပါမယ်။
👉 လက်ရှိမှာ Web Development နဲ့ပတ်သက်ပြီးလုပ်ငန်းခွင်ဝင်နေတဲ့သူ ဒါမှမဟုတ် HTML, CSS, Javascript သိထားသူဖြစ်ရပါမယ်။

အခုပေးမယ့် Laptop လေးတွေက ရုံးမှာ Developer တွေ သုံးဖို့  ကြိုးစားပမ်းစား စုပြီးဝယ်ပေးထားတဲ့ Laptop လေးဖြစ်တာကြောင့် အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့ Laptop လေးတွေဖြစ်ပါတယ်။  အခုစျေးနဲ့ဆို အနဲဆုံး ၁လုံး ကို ၁၀ သိန်းဝန်းကျင်လောက်ရှိပါတယ်ခင်ဗျာ။ 

အဓိက တကယ် Web Development ကို လေ့လာနေပြီး တကယ် တကယ် တကယ်ကို လိုအပ်နေတဲ့ သူ ၂ ယောက်လောက်ကို ကျနော် တို့ ကူညီပေးချင်တာဖြစ်ပါတယ်။

 လေ့လာရေး အတွက်ပါ ၆သိန်းလောက် တန်ဖိုးရှိတဲ့ Learning Platform Full Course Access ပါ 2 ယောက်စာထည့်ပေးသွားမှာဖြစ်ပါတယ်။ 

👉Application form stage
👉Interview Stage တွေနဲ့အတူ သေ‌သေချာချာစီစစ်ပြီး လူရွေးချယ်သွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ။

မကြာခင် Application form လေးနဲ့အတူပြန်လာမှာမလို့ စောင့်ကြည့်ဖို့မမေ့ကြပါနဲ့နော်။ 

#creative_coder_myanmar
#scholarship
Learning Roadmap နဲ့ အစီစဉ်တကျ လေ့လာနိုင်မဲ့ Developer Bundle Package လေးက ဒီည နောက်ဆုံးပဲရနိုင်တော့မှာဖြစ်ပါတယ်။ ဘာ service တွေပေးထားလဲဆိုရင်

တခုခု စာမရရင် website ထဲကနေ စာမေးနိုင်မဲ့ Live chat support
အကယ်၍ စာနဲ့ဖြေရှင်းလို့အဆင်မပြေရင် Video 1 by 1 ခေါ်မေးနိုင်တဲ့ service
ဒီ service တွေကို lifetime ရနိုင်မှာဖြစ်တဲ့ အပြင် ဒီ service တွေကိုလဲ lifetime ရအောင်လုပ်ထားပေးမှာဖြစ်ပါတယ်ဗျို့။🚀