Creative Coder Myanmar
1.38K subscribers
548 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
https://www.facebook.com/100064708297617/posts/pfbid02UD8iMqFWA6WZpme1x3yLBYUtfvz7A4Qr6Yid1P1Eev1adrrXZg4R93swb7MRufMbl/

PHP Laravel Zoom Class လေးနောက်ဆုံး ကျောင်းသား ၄ ယောက်သာ ထပ်လိုပါမယ်ခင်ဗျာ။🚀

- One by One Meeting နဲ့စာမေးနိုင်ခြင်း
- စဉ်းစားပုံနဲ့ Why Question တွေ အဓိက သွားသော သင်ကြားမှူ ပုံစံ
- Real World Project Base Learning နဲ့သွားမှာဖြစ်လို့ နောက်မကျစေနဲ့နော်ဗျို့။ 🚀
Creative Coder ရဲ့ အတန်းအတွက် Discussion တွေကို Telegram နဲ့ Zoom မှာ အဓိကထားပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Creative Coder မှာ learning platform အတန်းဖြစ်စေ၊ Zoom အတန်းဖြစ်စေ တက်ရောက်နေတဲ့ကျောင်းသားတွေအတွက် လိုင်းအခက်အခဲတွေကြောင့် သင်ယူလေ့လာမှုတွေ မနှောင့်နှေးရအောင် အခုလာမည့်အတန်းများရဲ့ communication & teaching  channel အဖြစ် Telegram နဲ့ Zoom ကိုပြောင်းလဲအသုံးပြုသွားမှာ ဖြစ်ပါတယ်။

‌ကျောင်းသားတွေအနေနဲ့ telegram ကနေတစ်ဆင့် လိုင်းအခက်အခဲတွေကို စိတ်ပူစရာမလိုဘဲ ဆွေးနွေးမေးမြန်းနိုင်မှာပါ။

သက်ဆိုင်ရာအတန်းတွေအတွက် telegram group link တွေကိုလည်းမကြာခင်ပို့ပေးသွားမှာပဲဖြစ်ပါတယ်။

Update တွေကို ပိုပြီးမြန်မြန်ဆန်ဆန်သိရအောင် Creative Coder ရဲ့ telegram channel လေးကို join ထားဖို့မမေ့နဲ့နော် 👀

https://t.me/creativecodermm

#creative_coder_myanmar
Zoom အတန်းလေး စမယ့်ရက်ကို နောက်အပတ် Tuesday ပြောင်းထားပါတယ်။ Facebook & messenger အစား Telegram ကို သုံးပေးသွားမှာမို့ စီစဉ်ပေးနေတာဖြစ်လို့ပါဗျ။ အတန်းလေးကတော့ ကျောင်းသား ၁ ယောက်ပဲလိုပါမယ်ဗျ။ စိတ်ဝင်စားသူများ မှီတုန်းနောက်မကျစေနဲ့နော်ဗျို့။❤️

https://www.facebook.com/100064708297617/posts/pfbid02TrphmYi2WsrUChFQvUUWcP6p6pX1gqCoJJC7EqPK89soiGEm5cK644ZjSixPqs1Yl/
Creative coder platform မှာ ကိုယ် ဘယ် Level ရောက်နေကြပြီလဲဗျို့။ နောက်ပိုင်း Pro Level & Legendary level ထိရောက်လာရင် course လက်ဆောင်လေးတွေပေးသွားပါမယ်ဗျ။
PHP Laravel အတန်းလေး တစ်ပတ်ခါဆို အတန်းစပြီဖြစ်ပါတယ်ခင်ဗျာ။🎉 ကျောင်းသားတော့ နောက်ဆုံး ၁ ယောက်ပဲ ထပ်အပ်လို့ရပါတော့မယ်ဗျ။

VPN စိတ်ပူစရာမလိုအောင် Telegram & Zoom ပဲသုံးသွားပါမယ်။
Video Record တစ်ရက်စာစီတိုင်း Telegram ကနေ ပြန်ပေးသွားပါမယ်။
စာပြန်လုပ်ရင်း အခက်ခဲတခုခုရှိရင် one on one meeting နဲ့ စာပြန်မေးနိုင်ပါမယ်။

ကျနော်တို့ဘက်က ရှယ် Service တွေနဲ့ လေ့လာသူများ အဆင်ပြေအောင်လုပ်ပေးထားပါတယ်။ ❤️

အသေးစိတ် information ကို ဒီကကြည့်ပါ။

https://www.facebook.com/100064708297617/posts/pfbid0QKBWrP5ffhcoBWc9e1iFeL1QEUCGkx8DL1i37bQESL2543WnyycFJ89hucJ8Rz8sl/
AI တို့ရဲ့ သမိုင်းကြောင်းအစ 📝

အခုဆိုရင် လူတိုင်းလိုလိုရဲ့ ပါးစပ်ဖျားမှာ AI AI ဆိုတာ ပြောလာကြတာကို တွေ့ရမှာဖြစ်သလို AI ကလည်း ကျောင်းသုံး၊ ရုံးသုံးကိစ္စတွေမှာပါ အသုံးများလာတာကို တွေ့ရမှာပါ။

သူတို့တွေ ဖြစ်ပေါ်လာပုံရဲ့သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် 
လူတွေရဲ့ အသိဉာဏ်လို အသုံးပြုနိုင်တဲ့ စက်တစ်ခုကို တီထွင်ခဲ့တဲ့ idea ကနေအစပြုရမှာပါ။ ၁၉၅၀ ခုနှစ်မှာ သချာ်ပညာရှင် Alan Turing ကနေ Computing Machinery and Intelligence ဆိုတဲ့ paper တစ်ခုကိုတင်ပြခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ စက်တစ်ခုက လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ အပြုအမူတွေကို ပုံတူကူးထားနိုင်လားဆိုတာ သိရှိရဖို့ဖြစ်ပါတယ်။

‌၁၉၅၆ မှာပြုလုပ်ခဲ့တဲ့ Dartmouth Conference မှာတော့ သိပ္ပံပညာရှင်တွေစုစည်းပြီး AI စတင်ဖန်တီးနိုင်မှုကို ဆွေးနွေးခဲ့ကြပါတယ်။ ၁၉၆၀ နဲ့ ၁၉၇၀ နှောင်းပိုင်းမှာ တီထွင်မှုတွေကို စတင်ပြုလုပ်ခဲ့ကြပြီး စိန်ခေါ်မှု၊ အခက်အခဲများစွာကိုလည်း ကြုံတွေ့ခဲ့ကြရပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ကာလတွေအရောက်မှာတော့ Machine Learning နဲ့ Algorithm တွေကိုအသုံးပြုလာခဲ့ကြပါတယ်။ 

အခုခေတ်မှာဆိုရင်တော့ AI လောကရဲ့ ကျယ်ပြန့်လာမှုကို မြင်တွေ့ရမှာပါ။ နည်းပညာတွေကို အမှီလိုက်နိုင်ဖို့ မျက်ခြည်မပြတ်လေ့လာထားဖို့လည်း လိုအပ်ပါသေးတယ်။ 

Developer ကြီးတို့ကရော AI ရဲ့တိုးတက်လာမှုတွေကို ဘယ်လိုထင်ပါသလဲ?

Comment မှာဆွေးနွေးပေးသွားကြပါဦးနော် 👀

#creative_coder_myanmar
#artifical_intelligence
Creative Coder Website မှာ Live Chat Feature နဲ့ စုံစမ်းမှုပြုလုပ်နိုင်ပါပြီ 🥳

အတန်းအကြောင်းစုံစမ်းချင်တာလား ?
စာမေးချင်တာလား?

သိချင်တာတွေအကုန်လုံးကိုအဖြေရှာဖို့အတွက် Creative Coder Website မှာ Live Chat Feature လေးကို မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။
ဒီ feature မှာဆိုရင် website မှာတင် admin နဲ့ကိုယ်တိုင်စကားပြောနိုင်ပြီး ဆက်သွယ်စုံစမ်းမှုတွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အသေးစိတ်ရှင်းပြထားတဲ့ အကြောင်းအရာကို ပုံတစ်ပုံချင်းစီကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

http://creativecodermm.com
Recoil နဲ့ Redux တို့ဟာ React Ecosystem မှာရှိတဲ့ state management library တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကိုအသုံးချမှုနဲ့ design ပေါ်မူတည်ပြီးကွဲပြားမှုလေးတွေရှိနိုင်ပါတယ်။

👉 Recoil ကတော့ Facebook က develop လုပ်ခဲ့တဲ့ state management library အသစ်တစ်ခုဖြစ်ပါတယ်။ React Application တွေမှာပါ၀င်တဲ့ state တွေကို လွယ်ကူစွာ manage လုပ်နိုင်ဖို့ရည်ရွယ်ပါတယ်။

သူ့ရဲ့ key feature တွေကတော့ atom တွေနဲ့ selector တွေပဲဖြစ်ပါတယ်။ atom တွေက react ရဲ့ဘယ် component တွေကိုမဆိုဖတ်နိုင်ပြီး selector ကတော့ complex ဖြစ်တဲ့ state logic တွေကို ထိန်းချုပ်ဖို့အသုံးပြုပါတယ်။

Recoil မှာဆိုရင် state တစ်ခုချင်းစီကို ထိန်းချုပ်တဲ့နေရာမှာ တစ်ခုချင်းစီကို လွတ်လပ်စွာ ထိန်းချုပ်နိုင်တာကြောင့် ထိန်းသိမ်းဖို့လွယ်ကူပါတယ်။

Performance ပိုင်းမှာဆိုရင်လည်း component တွေကို re-render လုပ်တာက state ပြောင်းတဲ့အပေါ်မူတည်တာကြောင့်
မလိုအပ်ဘဲ rendering လုပ်တာတွေကို လျှော့ချပေးပြီး လုပ်ဆောင်မှုကို ပိုအားကောင်းစေပါတယ်။

နောက်အချက်ကတော့ atom သို့မဟုတ် selector ကနေတဆင့် တစ်ခုခုပြောင်းလဲလိုက်ရင် subscribe ဖြစ်ပြီးသား component တွေကိုပါ အကုန် update ဖြစ်သွားစေပါတယ်။

Recoil ကို state တစ်ခုချင်းစီ ခွဲခြားပြီး
manage လုပ်ဖို့လိုတဲ့အခါ အသုံးပြုကြပါတယ်။

👉 Redux ကတော့ Javascript ရဲ့ state management library တစ်ခုဖြစ်ပြီး ခန့်မှန်းရလွယ်ကူတဲ့ container pattern တွေနဲ့ data flow တွေပါ၀င်ပါတယ်။

Redux က application တစ်ခုလုံးကို store တစ်ခုတည်းမှာတင် ထိန်းချုပ်ပေးတာဖြစ်ပါတယ်။

Redux မှာပါ၀င်တဲ့ action တွေ reducers တွေက type , reload တွေနဲ့အတူ state ပြောင်းလဲမှုကို ဖော်ပြပေးပြီး pure function တွေကနေတဆင့် current state ကနေ new state တစ်ခုကို return ပြန်ပေးပါတယ်။ Reducers တွေဟာ state ပြောင်းလဲမှုအပေါ်ဖြစ်ပေါ်တဲ့ response action တွေကိုလည်း ဖော်ပြပေးပါတယ်။

Redux မှာပါ၀င်တဲ့ middleware တွေက logging, asynchronous action နဲ့ side effects management စတဲ့အပိုင်းတွေအတွက် လုပ်ဆောင်မှုအပိုင်းကို ပိုပြီးကောင်းစေပါတယ်။

Redux မှာ developer tool တွေ၊ plugin တွေ၊ extension တွေလည်းပါ၀င်တာကြောင့် debugging, testing နဲ့ functionality ပိုင်းမှာ အဆင်ပြေစေမှာပါ။

တစ်ခုရှိတာက sync function အပိုင်းမှာဆိုရင် Recoil မှာက built in support အနေနဲ့ပါပြီးသားဖြစ်ပါတယ်။ Redux မှာဆိုရင်တော့ တိုက်ရိုက်အသုံးပြုလို့မရဘဲ thunk ကိုလိုအပ်ပါတယ်။

Redux ကိုအသုံးပြုတဲ့နေရာတွေကတော့ complex ဖြစ်တဲ့ state တွေပါ၀င်တဲ့ large-scale application တွေကို manage လုပ်ဖို့အသုံးပြုကြပါတယ်။

Developer တို့အတွက် Redux နဲ့ React အပေါ်ရွေးချယ်မှုကတော့ ကိုယ်အသုံးပြုနေတဲ့ application ပေါ်မှာပဲ အဓိကမူတည်သွားမှာပါ။

React Developer ကြီးတို့ကရော ကိုယ်ကဘာကိုအသုံးပြုနေလဲဆိုတာ comment မှာရေးပေးသွားကြပါဦးနော် 💬👀

#creative_coder_myanmar