Creative Coder Myanmar
1.79K subscribers
680 photos
3 videos
163 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
၂၀၂၆ ရောက်နေပြီ... Vue နဲ့ Laravel က ခေတ်ကုန်သွားပြီလား

နည်းပညာလောကမှာ (၂) နှစ်ဆိုတာ အရမ်းကြာတဲ့ အချိန်ကာလတစ်ခုပါ။

Next.js တွေ၊ Go တွေ၊ Rust တွေ ခေတ်စားလာတဲ့ကြားက ကျနော်ကတော့ Vue + Laravel ကိုပဲ ၂၀၂၆ ရဲ့ Best Stack လို့ ညွှန်းချင်ပါတယ်။

ဘာကြောင့်လဲ?

ကျနော် ခံယူထားတဲ့ အမှန်တရားတစ်ခု ရှိပါတယ်။ "Tools ဆိုတာ အလုပ်ပြီးဖို့ပါ၊ ရှုပ်ဖို့ မဟုတ်ပါဘူး"

Developer တစ်ယောက်အနေနဲ့ Project တစ်ခုကို အစအဆုံး (Fullstack) တည်ဆောက်တဲ့အခါ အရေးကြီးဆုံးက Speed နဲ့ Efficiency ပါ။

အရင်ကတော့ Frontend သီးသန့်၊ Backend သီးသန့်ရေးပြီး API တွေ လိုက်ချိတ်ရတာ အတော်လေး လက်ဝင်ပါတယ်။

ဒါပေမဲ့ ၂၀၂၆ မှာတော့ Inertia.js လိုကောင်တွေ ပေါ်လာပြီးနောက်ပိုင်း Vue နဲ့ Laravel ဟာ "Modern Monolith" အဖြစ် ပေါင်းစပ်သွားပါပြီ။

API ရေးစရာမလိုတော့ဘူး။ Routing တွေ Frontend မှာ လိုက်ခွဲစရာ မလိုတော့ဘူး။ Backend ကနေ Frontend ကို Data လှမ်းပစ်ပေးလိုက်ရုံပါပဲ။

ဒါဟာ Solo Developer တစ်ယောက်အတွက်တော့ လက်နက်ကောင်း တစ်ခုပါပဲ။ လူအများကြီး မလိုဘဲ SaaS Product တွေ၊ Web App ကြီးတွေကို တစ်ယောက်တည်း တည်ဆောက်နိုင်တဲ့ Power ကို ပေးစွမ်းနိုင်ပါတယ်။

နောက်တစ်ခုက Developer Experience (DX) ပါ။

Vue 3 (Composition API) က ရေးရတာ ရှင်းတယ်။ Laravel 11 က လိုအပ်တာ အကုန်ပါပြီးသား။ ဒီနှစ်ခု ပေါင်းလိုက်ရင် Code ရေးရတာ "အရသာ" ရှိပါတယ်။

ဒါကြောင့် ပြောချင်တာက

👉 Trend နောက်ကို အရမ်းမလိုက်ပါနဲ့။
👉 အလုပ်မြန်မြန်ပြီးပြီး၊ Maintenance လုပ်ရလွယ်တဲ့ Stack ကို ရွေးပါ။

၂၀၂၆ မှာ နည်းပညာတွေ ဘယ်လောက်ပြောင်းပြောင်း... "Performance ကောင်းဖို့၊ အလုပ်မြန်မြန်ပြီးဖို့" ဆိုတဲ့ လိုအပ်ချက်က မပြောင်းလဲပါဘူး။

အဲ့ဒီအတွက် အကောင်းဆုံး အဖြေကတော့ Vue + Laravel ပါပဲ။

ဒီလို Modern Stack တွေနဲ့ လုပ်ငန်းခွင်ဝင် Full Stack Developer တစ်ယောက်ဖြစ်ဖို့ စိတ်ဝင်စားလား? လာမယ့် February 10 မှာ စမယ့် Vue + Laravel Class အတွက် အသေးစိတ်ကို "Vue & Laravel " လို့ပေးပို့ပြီး Messenger ကနေ စုံစမ်းနိုင်ပါတယ် 👉 m.me/creativecodermm

—Creative Coder Myanmar

#CreativeCoderMyanmar #VueJS #Laravel #WebDevelopment #2026Trends #FullStackDev
၂၀၂၆ ရဲ့ နည်းပညာလောကမှာ "AI Agents" တွေအကြောင်း မသိထားရင် ခေတ်နောက်ကျနေပါပြီ။ 🤖

အရင်ကတော့ Website တစ်ခုမှာ AI ပါတယ်ဆိုတာ User မေးတာကို ပြန်ဖြေပေးရုံ (Chatbot) အဆင့်ပဲ ရှိပါသေးတယ်။

ဒါပေမဲ့ ၂၀၂၆ မှာတော့ Web Apps တွေဟာ "Action-oriented AI Agents" တွေဆီကို ကူးပြောင်းသွားပါပြီ။ သူတို့က User နဲ့ စကားပြောရုံတင် မဟုတ်တော့ပါဘူး။

👉🏼User အတွက် လိုအပ်တဲ့ Data တွေကို ရှာပေးတယ်

👉🏼Report တွေကို အလိုအလျောက် ထုတ်ပေးတယ်

👉🏼Backend Logic တွေကို နားလည်ပြီး Task တွေကို ကိုယ်တိုင် Execute လုပ်ပေးလာတယ်။

ဒါဟာ Web Developer တွေအတွက် ဘာကို ဆိုလိုတာလဲ?

ကိုယ့်ရဲ့ Application ထဲမှာ AI ကို Logic တစ်ခုအနေနဲ့ ဘယ်လို ထည့်သွင်းမလဲ (Integrate လုပ်မလဲ) ဆိုတာ သိဖို့က မဖြစ်မနေ လိုအပ်လာတဲ့ Skill တစ်ခု ဖြစ်သွားတာပါ။

Vue 3 (Frontend) နဲ့ Laravel (Backend) ဟာ ဒီလို AI Agents တွေကို တည်ဆောက်ဖို့ အကောင်းဆုံးပါပဲ။ Laravel ရဲ့ ခိုင်မာတဲ့ Job Queues, API Integrations တွေနဲ့ Vue 3 ရဲ့ စွမ်းဆောင်ရည်မြင့်တဲ့ UI Components တွေ ပေါင်းစပ်လိုက်တဲ့အခါ Smart ကျလွန်းတဲ့ Modern App တစ်ခုကိုဖန်တီးနိုင်မှာပါ။

Trend နောက်ကို လိုက်နေရုံနဲ့ မပြီးပါဘူး။ တကယ် အလုပ်လုပ်တဲ့ AI Feature တွေကို ကိုယ်တိုင် ရေးတတ်ဖို့ လိုပါတယ်။

ဒီလို AI-Powered Features တွေကို အခြေခံကနေ Industry Standard အတိုင်း စနစ်တကျ ရေးတတ်ချင်တယ်ဆိုရင်တော့...

Vue + Laravel Batch (2) မှာ အခုခေတ်စားနေတဲ့ AI Integration တွေအပြင် Modern Fullstack Web Application တစ်ခုလုံးကို စနစ်တကျ သင်ကြားပေးသွားမှာပါ။

Career မှာ AI ကြောင့် အစားထိုးခံရမယ့်သူ မဖြစ်ဘဲ AI ကို အသုံးချနိုင်တဲ့ High-level Developer တစ်ယောက် ဖြစ်ဖို့ အခုပဲ ပြင်ဆင်ပါ။

👉 သင်တန်းအသေးစိတ် စုံစမ်းရန်: m.me/creativecodermm ကို "Vue Laravel " လို့ အခုပဲ ပို့ထားလိုက်ပါ။

— Creative Coder Myanmar

#CreativeCoderMyanmar #AIAgents #WebDevelopment #2026Trends #VueJS #Laravel #FullstackDev
2