Creative Coder Myanmar
1.52K subscribers
590 photos
2 videos
110 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
🔍 Web Developer တွေအတွက် Problem Solving Tips
Web Development မှာ Error တွေ၊ Issue တွေနဲ့ တွေ့ကြုံရတာ ပုံမှန်ပါပဲ။ ဒီနေ့မှာတော့ ထိရောက်တဲ့ Problem Solving နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

🎯 Problem Solving Approach:
1️⃣ Issue ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပါ

Error message တွေကို သေချာဖတ်ပြီးConsole log တွေစစ်ဆေးပါ။
Network requests တွေကိုလည်း monitor လုပ်ပါ။

2️⃣ ပြဿနာကို သေးငယ်တဲ့အပိုင်းလေးတွေခွဲချပါ။

// ဥပမာ - Login form issue ကို debugging လုပ်တဲ့အခါ
// 1. Form submission event စစ်ဆေးပြီး
console.log('Form submitted:', formData);

// 2. API call စစ်ဆေးပါ။
console.log('API Response:', response);

// 3. Error handling စစ်ဆေးပါ။
try {
await loginUser(formData);
} catch (error) {
console.log('Error details:', error);
}

3️⃣ Solution ရှာတဲ့အခါ systematic ဖြစ်အောင်လုပ်ပါ။

Documentation ကို အရင်ဖတ်ပြီး
Stack Overflow မှာ တူညီတဲ့ issue ရှာကြည့်ပါ။
ပြီးရင်တော့ Dev Tools နဲ့ step by step debug လုပ်လို့ရပါပြီ။

ဒီ tips လေးတွေကို အခြား developer တွေသိသွားအောင်လည်းမျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#WebDevelopment #ProblemSolving #CodingTips
1
🎯 DOM Manipulation ကို လေ့လာလိုက်ကြရအောင်👀

DOM Manipulation ဟာ dynamic web application တွေ ဖန်တီးဖို့အတွက် အရေးကြီးတဲ့ skill တစ်ခုဖြစ်ပါတယ်။

⚡️ အသုံးများတဲ့ DOM Methods တွေကတော့
1️⃣ Element တွေ Select လုပ်ခြင်း
javascriptCopy// Modern Selector Methods
const element = document.querySelector('.my-class');
const elements = document.querySelectorAll('.items');

// Event Listener တပ်ဆင်ခြင်း
element.addEventListener('click', () => {
console.log('Clicked!');
});

2️⃣ Dynamic Element Creation
javascriptCopy// Element အသစ်ဖန်တီးခြင်း
const newDiv = document.createElement('div');
newDiv.className = 'new-element';
newDiv.textContent = 'Hello World';

// Parent element ထဲကို ထည့်သွင်းခြင်း
parentElement.appendChild(newDiv);

3️⃣ Element Properties ပြောင်းလဲခြင်း
javascriptCopy// Style ပြောင်းလဲခြင်း
element.style.backgroundColor = '#007bff';
element.style.padding = '1rem';

// Class တွေ add/remove လုပ်ခြင်း
element.classList.add('active');
element.classList.remove('inactive');
element.classList.toggle('visible');

🔥 Practice Project:
javascriptCopy// Simple Todo List တစ်ခုဖန်တီးကြည့်ပါ
const todoForm = document.querySelector('#todo-form');
const todoInput = document.querySelector('#todo-input');
const todoList = document.querySelector('#todo-list');

todoForm.addEventListener('submit', (e) => {
e.preventDefault();

const todoText = todoInput.value.trim();
if(!todoText) return;

const todoItem = document.createElement('li');
todoItem.textContent = todoText;
todoList.appendChild(todoItem);

todoInput.value = '';
});
ဒီ code examples တွေကို practice လုပ်ကြည့်ပြီး DOM manipulation skills တွေ တိုးတက်အောင် လေ့ကျင့်လိုက်ကြပါ! 🚀

#JavaScript #WebDevelopment #DOMManipulation #CodingTutorial
2
Web Security အကြောင်း သိထားသင့်တဲ့ အရေးကြီး အချက်များ 🔐


ခုခေတ်မှာ Security ဟာ Developer တိုင်းအတွက် မဖြစ်မနေ သိထားရမယ့် အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Application တွေကို ဘယ်လို လုံခြုံအောင် ထားမလဲ၊ ဘာတွေ သတိထားရမလဲ ဆိုတာ လေ့လာကြည့်ရအောင်။


🎯 SQL Injection ကို ဘယ်လို ကာကွယ်မလဲ
Parameterized Queries တွေကိုသာ အသုံးပြုပါ
javascript

// မှားယွင်းအသုံးပြုပုံ
const query = SELECT * FROM users WHERE id = ${userId};

// မှန်ကန်တဲ့အသုံးပြုပုံ
const query = 'SELECT * FROM users WHERE id = ?';
connection.query(query, [userId]);

ORM တွေကို အသုံးပြုခြင်းဖြင့် ပိုမို secure ဖြစ်စေပါတယ်
User input တွေကို စစ်ဆေးပြီးမှ database ထဲ ထည့်သွင်းပါ

⚔️ XSS (Cross-Site Scripting) ကာကွယ်နည်းများ
HTML entities အဖြစ် encode လုပ်ပါ
Content Security Policy (CSP) headers တွေကို သတ်မှတ်ပါ
Third-party libraries တွေကို sanitize လုပ်ပါ

💪 CSRF (Cross-Site Request Forgery) ကာကွယ်နည်းများ
CSRF tokens တွေကို အသုံးပြုပါ
SameSite cookies attribute ကို strict သို့မဟုတ် lax အဖြစ်သတ်မှတ်ပါ

app.use(csrf());
// Form ထဲမှာ CSRF token ထည့်သွင်းပုံ
<form action="/api/data" method="POST">
<input type="hidden" name="_csrf" value="<%= csrfToken %>">
</form>

🔍 အခြား သတိထားရမယ့် အချက်များ
Dependencies တွေကို အမြဲ update လုပ်ထားပါ
npm audit ကို ပုံမှန် run ပါ
Environment variables တွေကို သေချာကိုင်တွယ်ပါ
File upload လုပ်ငန်းစဉ်တွေကို သေချာ validate လုပ်ပါ

📝 စဉ်ဆက်မပြတ် လုပ်ဆောင်သင့်တာတွေကတော့
Code review လုပ်တဲ့အခါ security ကို ဦးစားပေးစစ်ဆေးပါ
Security testing tools တွေကို CI/CD pipeline မှာ ထည့်သွင်းပါ
Log files တွေကို သေချာ monitor လုပ်ပါ
Security incidents တွေကို မှတ်တမ်းတင်ပြီး သင်ခန်းစာယူပါ


Security ဆိုတာ တစ်ခါလုပ်ပြီး ပြီးသွားတဲ့ အရာမဟုတ်ပါဘူး။ စဉ်ဆက်မပြတ် လေ့လာနေရမယ့် process တစ်ခုဖြစ်ပါတယ်။ Security practices တွေကို project စတင်တည်ဆောက်တဲ့ အချိန်ကတည်းက ထည့်သွင်းစဉ်းစားပါ။ မိမိရဲ့ application က user တွေအတွက် လုံခြုံစိတ်ချရတဲ့ platform တစ်ခုဖြစ်စေဖို့ အမြဲ ကြိုးစားနေရမှာ ဖြစ်ပါတယ်။
ဒီ security practices တွေကို လက်တွေ့ project တွေမှာ စတင်အသုံးချကြည့်ပါ။ Developer တို့ရဲ့ code တွေ ပိုမို secure ဖြစ်လာတာကို တွေ့ရမှာပါ! 💪
#WebSecurity #BestPractices #WebDevelopment #CyberSecurity
#creative_coder_myanmar
8👍1
🌳 Git Branching ဆိုတာ ဘာလဲ?
Developer တစ်ယောက်အနေနဲ့ Main branch ပေါ်မှာ တိုက်ရိုက် Code ရေးနေတုန်းပဲလား? 😱 ဒါဆိုရင်တော့ အန္တရာယ်များပါတယ်။
Team နဲ့ အလုပ်လုပ်တဲ့အခါ၊ Feature အသစ်တွေရေးတဲ့အခါ မူရင်း Code ကို မထိခိုက်စေဖို့ "Git Branching" ကို မဖြစ်မနေ သုံးတတ်ရပါမယ်။
Parallel Universe တစ်ခုလို အလုပ်လုပ်တဲ့ Git Branching ရဲ့သဘောတရားကို ပုံလေးတွေနဲ့ အဆင့်ဆင့်ရှင်းပြထားပါတယ်။ 👉 Slide တစ်ခုချင်းစီကို ဆွဲကြည့်လိုက်ပါ။
(ဒီ Post ကို Save လုပ်ထားပြီး လက်တွေ့ပြန်စမ်းကြည့်နော်)
#CreativeCoderMyanmar #Git #GitBranching #WebDevelopment #CodingTips #DevGuide
Creative Coder မှာ တက်ရောက်ခဲ့တဲ့ ကျောင်းသားလေး ကောင်းဇင်သူ ကိုယ်တိုင် ရေးဆွဲပေးထားတဲ့ Real Client Project လေးတစ်ခုဖြစ်တဲ့ Bright Eng Academy (https://brightengacademy.com/) Website လေးနဲ့ မိတ်ဆက်ပေးပါရစေ။
 👏 Web Development အခြေခံကနေစတင်လေ့လာခဲ့ပြီး အခုဆိုရင် လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ၊ ကိုယ်ပိုင် Client Project တွေ လက်ခံရေးဆွဲနိုင်တဲ့အထိ ကျွမ်းကျင်တတ်မြောက်သွားပြီဖြစ်လို့ ဆရာတစ်ယောက်အနေနဲ့ အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ 
မိတ်ဆွေတို့အနေနဲ့လည်း ဒီလိုမျိုး ကိုယ်ပိုင် Website တွေကို လက်တွေ့ရေးဆွဲနိုင်ဖို့အတွက် WDF (နေ့ခင်းတန်းသစ်) ကို လာမယ့် December 6 ရက်နေ့၊ စနေ၊ တနင်္ဂနွေ နေ့ခင်း (၁:၃၀ မှ ၃:၃၀) အချိန်မှာ စတင်ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် လက်ခံမယ့်ဦးရေရဲ့ ထက်ဝက်နီးပါး စာရင်းပေးသွင်းထားပြီးဖြစ်လို့ နေရာမပြည့်ခင် အမြန်ဆုံး စာရင်းပေးသွင်းပြီး ကိုယ့်ရဲ့ Web Development ခရီးလမ်းကို စတင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
ကျန်ရှိနေတဲ့ နေရာတစ်နေရာကို အမြန်ဆုံးရယူဖို့ Page Messenger 👉🏻 m.me/creativecodermm 👈🏻 မှာ "WDF" လို့ ပို့ပြီး အခုပဲ ဆက်သွယ်လိုက်ပါ။
သင်တန်းအကြောင်းကို အောက်ပါ link မှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။
( https://www.facebook.com/share/p/1Co7mqPn5H/)

#CreativeCoderMyanmar #StudentShowcase #WebDevelopment #WDF #Batch10 #ClientProject #RealWorldSkills
1
WDF(Batch-10) အတန်းကကျောင်းသားလေး Phone Yatha ရေးဆွဲခဲ့တဲ့ Final Project လေးပဲဖြစ်ပါတယ်။

မိတ်ဆွေတို့အနေနဲ့လည်း ဒီလိုမျိုး ကိုယ်ပိုင် Website တွေကို လက်တွေ့ရေးဆွဲနိုင်ဖို့အတွက် WDF (နေ့ခင်းတန်းသစ်) ကို လာမယ့် December 6 ရက်နေ့၊ စနေ၊ တနင်္ဂနွေ နေ့ခင်း (၁:၃၀ မှ ၃:၃၀) အချိန်မှာ စတင်ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် လက်ခံမယ့်ဦးရေရဲ့ ထက်ဝက်နီးပါး စာရင်းပေးသွင်းထားပြီးဖြစ်လို့ နေရာမပြည့်ခင် အမြန်ဆုံး စာရင်းပေးသွင်းပြီး ကိုယ့်ရဲ့ Web Development ခရီးလမ်းကို စတင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

ကျန်ရှိနေတဲ့ နေရာတစ်နေရာကို အမြန်ဆုံးရယူဖို့ Page Messenger 👉🏻 m.me/creativecodermm 👈🏻 မှာ "WDF" လို့ ပို့ပြီး အခုပဲ ဆက်သွယ်လိုက်ပါ။

သင်တန်းအကြောင်းကို အောက်ပါ link မှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

( https://www.facebook.com/share/p/1Co7mqPn5H/)

#CreativeCoderMyanmar #StudentShowcase #WebDevelopment #WDF #Batch10 #ClientProject #RealWorldSkills
1