Creative Coder Myanmar
1.38K subscribers
555 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
Merry Christmas To You all  

အားလုံးပဲ Christmas ကာလမှာပျော်ရွှင်နွေးထွေးမှုတွေကို ခံစားနိုင်ကြပါစေကြောင်း Creative Coder မှ‌ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။

#creative_coder_myanmar
# Christmas 
Portfolio Website တစ်ခုတည်ဆောက်မယ်ဆိုရင် ဘာတွေသိထားသင့်လဲ ?
ပထမဆုံးအနေနဲ့ portfolio website တစ်ခုမှာ မရှိမဖြစ် ပါဝင်သင့်တဲ့ အပိုင်းတွေကို သိထားဖို့လိုပါတယ်။ Home page မှာ ကိုယ့်ရဲ့ မိတ်ဆက်စကားလေးနဲ့အတူ ကိုယ်ဘာတွေလုပ်နိုင်လဲ၊ ဘယ်လို skill set တွေရှိလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသင့်ပါတယ်။ About section မှာတော့ ကိုယ့်ရဲ့ ပညာရေးနောက်ခံ၊ အတွေ့အကြုံတွေနဲ့ ကိုယ်ပိုင်စိတ်ဝင်စားမှုတွေကို ထည့်သွင်းဖော်ပြနိုင်ပါတယ်။
Project showcase section ကတော့ portfolio website ရဲ့ အဓိကကျတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်လုပ်ဆောင်ခဲ့တဲ့ project တွေကို ပုံရိပ်လှလှလေးတွေနဲ့အတူ၊ project တစ်ခုချင်းစီရဲ့ ရှင်းလင်းချက်၊ အသုံးပြုခဲ့တဲ့ technology တွေ၊ GitHub link နဲ့ live demo link တွေကို ထည့်သွင်းဖော်ပြသင့်ပါတယ်။ ဒါ့အပြင် project တစ်ခုချင်းစီကနေ ဘာတွေသင်ယူခဲ့ရလဲ၊ ဘယ်လို challenge တွေကို ဖြေရှင်းခဲ့ရလဲဆိုတာတွေကိုလည်း ထည့်သွင်းဖော်ပြနိုင်ပါတယ်။
Technical skills section မှာတော့ ကိုယ်တတ်ကျွမ်းတဲ့ programming languages တွေ၊ framework တွေ၊ tool တွေကို ဖော်ပြထားသင့်ပါတယ်။ ဒီနေရာမှာ skill တစ်ခုချင်းစီရဲ့ proficiency level ကိုပါ ထည့်သွင်းဖော်ပြနိုင်ပါတယ်။ Contact section မှာတော့ ကိုယ့်ရဲ့ professional email၊ LinkedIn profile နဲ့ တခြား social media link တွေကို ထည့်သွင်းထားသင့်ပါတယ်။
Design ပိုင်းမှာလည်း အရေးကြီးတဲ့ အချက်တွေ ရှိပါတယ်။ Clean design ဖြစ်ဖို့၊ responsive ဖြစ်ဖို့၊ navigation လွယ်ကူဖို့တို့က အဓိကကျပါတယ်။ Website loading speed ကိုလည်း အထူးဂရုစိုက်သင့်ပြီး၊ image optimization တွေ၊ code optimization တွေကို သေချာလုပ်ဆောင်သင့်ပါတယ်။ Dark mode လို feature လေးတွေကိုလည်း ထည့်သွင်းနိုင်ရင် ပိုကောင်းပါတယ်။
SEO optimization ကိုလည်း မေ့လို့မရပါဘူး။ Meta tags တွေ၊ semantic HTML တွေကို သေချာသုံးပြီး search engine တွေက ကိုယ့် portfolio ကို ကောင်းကောင်း index လုပ်နိုင်အောင် စီစဉ်ထားသင့်ပါတယ်။ Analytics tool တွေကိုလည်း ထည့်သွင်းပြီး visitor တွေရဲ့ behavior ကို track လုပ်နိုင်ရင် ပိုကောင်းပါတယ်။
နောက်ဆုံးအနေနဲ့ portfolio website က ကိုယ့်ရဲ့ digital identity တစ်ခုဖြစ်တာမို့ အမြဲတမ်း update လုပ်နေဖို့ လိုအပ်ပါတယ်။ Project အသစ်တွေ၊ skill အသစ်တွေ၊ certification အသစ်တွေကို ပုံမှန် ထည့်သွင်းပေးခြင်းအားဖြင့် ကိုယ့်ရဲ့ professional growth ကို ပြသနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် website ကို regular maintenance လုပ်ခြင်းအားဖြင့် bug တွေ၊ broken link တွေ မရှိအောင် စစ်ဆေးပေးသင့်ပါတယ်။

ကောင်းမွန်တဲ့ portfolio တွေတည်ဆောက်နိုင်ကြပါစေ။

#creative_coder_myanmar
#portfolio
သုံးသိန်းခွဲ‌တည်းနဲ့တက်ရောက်နိုင်မယ့် December Promotion ကုန်ဆုံးဖို့ (၄) ရက်သာလိုပါတော့တယ် 👀

Learning Platform က Premium အတန်းတွေအကုန်လုံးကိုရယူနိုင်မယ့် ဒီနှစ်ရဲ့နောက်‌ဆုံးအခွင့်အရေးပဲဖြစ်ပါတယ်။

အခုအပ်၊ အခုတက်၊ တသက်လုံးလေ့လာလိုပါက Creative Coder အတန်းတွေကနေ ကြိုဆိုလိုက်ပါတယ်။

Page messenger ကနေဖြစ်စေ၊ Website ကနေဖြစ်စေ တိုက်ရိုက်အတန်းအပ်နှံနိုင်ပါတယ် 📝💬

#creative_coder_myanmar
# website 
သုံးသိန်းခွဲ‌တည်းနဲ့တက်ရောက်နိုင်မယ့် December Promotion ကုန်ဆုံးဖို့ (၃) ရက်သာလိုပါတော့တယ် 👀

Learning Platform က Premium အတန်းတွေအကုန်လုံးကိုရယူနိုင်မယ့် ဒီနှစ်ရဲ့နောက်‌ဆုံးအခွင့်အရေးပဲဖြစ်ပါတယ်။

အခုအပ်၊ အခုတက်၊ တသက်လုံးလေ့လာလိုပါက Creative Coder အတန်းတွေကနေ ကြိုဆိုလိုက်ပါတယ်။

Page messenger ကနေဖြစ်စေ၊ Website ကနေဖြစ်စေ တိုက်ရိုက်အတန်းအပ်နှံနိုင်ပါတယ် 📝💬

#creative_coder_myanmar
# website 
Creative Coder’s Premium Services 
Creative Coder Myanmar ဟာ ၂၀၂၁ ခုနှစ်ကတည်းက  Web Development ကို စိတ်ဝင်စားသူတိုင်း လွယ်ကူစွာ တက်ရောက်နိုင်ဖို့စီစဉ်ပေးထားတဲ့ကျောင်းလေး ဖြစ်ပါတယ်။
သင်တန်းသားတွေအတွက် အထူးအခွင့်အရေးတစ်ခုကတော့ "အခုဝယ်၊၊အခုတက်၊ တစ်သက်လုံးလေ့လာ"ပဲ ဖြစ်ပါတယ်။ အချိန်မအားလို့ သင်ခန်းစာတွေ ပျက်ကွက်မှာ စိုးရိမ်နေစရာ မလိုသလို၊ မီးပျက်တဲ့အခါမှာလည်း သင်ခန်းစာတွေ လွဲချော်မှာကို စိတ်ပူစရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ သင်ခန်းစာတွေအားလုံးကို ကြိုတင် download လုပ်ထားနိုင်ပြီး၊ အချိန်မရွေး နေရာမရွေး ပြန်လည်လေ့လာနိုင်မှာ ဖြစ်လို့ပါပဲ။
နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေအတွက်လည်း စိတ်ပူစရာမလိုပါဘူး။ နားမလည်တဲ့ အကြောင်းအရာတွေ၊ ကြုံတွေ့ရတဲ့ error တွေအတွက် Creative Coder ရဲ့ Instructor တွေက online meeting တွေနဲ့ ချက်ချင်း ဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ခန်းစာတွေနဲ့ project တွေ ပြီးဆုံးတဲ့အခါ certificate တစ်ခုကိုလည်း ရရှိမှာ ဖြစ်ပါတယ်။
ထူးခြားချက်တစ်ခုအနေနဲ့ Creative Coder ရဲ့ ကျောင်းသားဟောင်းတွေအတွက် သီးသန့်စီစဉ်ပေးထားတဲ့ internship program မှာလည်း ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအခွင့်အရေးက လက်တွေ့အတွေ့အကြုံတွေ ရရှိစေပြီး၊ IT industry ထဲကို ခြေလှမ်းစတင်ဖို့အတွက် အထောက်အကူ ဖြစ်စေမှာပါ။
နောက်ထပ်အားသာချက်တစ်ခုကတော့ သင်ခန်းစာတွေကို lifetime access ရရှိမှာဖြစ်ပြီး၊ နောက်ပိုင်းမှာ ထပ်မံဖြည့်စွက်လာမယ့် update တွေကိုလည်း အခမဲ့ ရရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာလောကထဲမှာ ခြေလှမ်းစတင်ချင်သူတွေအတွက် Creative Coder Myanmar ဟာ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်မှာပါ။
လက်ရှိမှာ သင်တန်းတွေကို စတင်လက်ခံနေပြီ ဖြစ်တဲ့အတွက် စိတ်ဝင်စားသူများအနေဖြင့် အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါပြီ။ သင့်ရဲ့ Web Development ခရီးလမ်းကို Creative Coder Myanmar နဲ့အတူ စတင်လိုက်ပါ။ 🚀
#creative_coder_myanmar
ဒီနှစ်ရဲ့ နောက်ဆုံးအခွင့်အရေး 📢

သုံးသိန်းခွဲ‌တည်းနဲ့ Learning Platform က Premium အတန်းတွေအကုန်လုံးကိုရယူနိုင်မယ့် ဒီနှစ်ရဲ့နောက်‌ဆုံးအခွင့်အရေးပဲဖြစ်ပါတယ်။

အခုအပ်၊ အခုတက်၊ တသက်လုံးလေ့လာလိုပါက Creative Coder အတန်းတွေကနေ ကြိုဆိုလိုက်ပါတယ်။

Page messenger ကနေဖြစ်စေ၊ Website ကနေဖြစ်စေ တိုက်ရိုက်အတန်းအပ်နှံနိုင်ပါတယ် 📝💬

#creative_coder_myanmar
# website 
ဒီနှစ်ရဲ့ နောက်ဆုံးအခွင့်အရေး 📢

သုံးသိန်းခွဲ‌တည်းနဲ့ Learning Platform က Premium အတန်းတွေအကုန်လုံးကိုရယူနိုင်မယ့် ဒီနှစ်ရဲ့နောက်‌ဆုံးအခွင့်အရေးပဲဖြစ်ပါတယ်။

အခုအပ်၊ အခုတက်၊ တသက်လုံးလေ့လာလိုပါက Creative Coder အတန်းတွေကနေ ကြိုဆိုလိုက်ပါတယ်။

Page messenger ကနေဖြစ်စေ၊ Website ကနေဖြစ်စေ တိုက်ရိုက်အတန်းအပ်နှံနိုင်ပါတယ် 📝💬

#creative_coder_myanmar
# website 
2025 မှာ ဒီနည်းပညာတွေကိုမသိသေးရင် ခေတ်နောက်ကျသွားမယ်နော် Developer တို့ရေ 👀🚀
ဒီနေ့မှာတော့ 2025 ခုနှစ်မှာ Developer တိုင်း သိထားသင့်တဲ့ နည်းပညာအသစ်တွေအကြောင်း မျှဝေပေးချင်ပါတယ်။
AI ခေတ်ထဲမှာ Web Development လောကက အရှိန်အဟုန်နဲ့ ပြောင်းလဲနေပါတယ်။
📝 ဒါကြောင့် ပထမဆုံးအနေနဲ့ AI-First Development အကြောင်း ကိုကြည့်လိုက်ရအောင်။ GitHub Copilot နဲ့ Amazon CodeWhisperer တို့လို AI tool တွေဟာ code ရေးတဲ့ပုံစံကို ပြောင်းလဲလိုက်သလိုပါပဲ။ ဒီ tool တွေက documentation ရေးတာကနေ code review လုပ်တာအထိ ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် AI ရဲ့ output ကို အမြဲတမ်း စစ်ဆေးဖို့တော့ လိုအပ်ပါတယ်နော်။
📝 React က framework ဆန်လာပြီး၊ Remix နဲ့ Next.js တို့ရဲ့ server-first approach က industry standard ဖြစ်လာပါပြီ။ Server Components တွေက performance ပိုင်းမှာ အရမ်းကောင်းမွန်လာသလို၊ development experience ကလည်း ယခင်ကထက် ပိုကောင်းလာပါတယ်။
📝 Streaming နဲ့ Partial Rendering တွေကလည်း 2025 မှာ အရမ်းအရေးပါလာပါတယ်။ User experience ကို မထိခိုက်စေပဲ content တွေကို တဖြည်းဖြည်းချင်း load လုပ်နိုင်တာက application တွေရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးပါတယ်။
📝 Island Architecture က micro-frontends ထက် ပိုပြီး လူကြိုက်များလာပါတယ်။ Page ထဲက interactive ဖြစ်ဖို့လိုတဲ့ component တွေကိုပဲ hydrate လုပ်တာက initial load time ကို လျှော့ချပေးပါတယ်။ Astro framework က ဒီနေရာမှာ ဦးဆောင်နေပါတယ်။
📝 Database ပိုင်းမှာ Edge Database တွေက trend အသစ်တစ်ခု ဖြစ်လာပါတယ်။ PlanetScale နဲ့ Neon တို့လို serverless database တွေက scalability နဲ့ performance ကို တပါတည်း ဖြေရှင်းပေးနိုင်ပါတယ်။ Prisma လို type-safe ORM တွေနဲ့ တွဲသုံးတာကလည်း developer experience ကို အများကြီး ကောင်းမွန်စေပါတယ်။
📝 UI ပိုင်းမှာ "View Transitions API" က animation တွေကို native ပုံစံနဲ့ လုပ်နိုင်တာကြောင့် page transition တွေ၊ layout ပြောင်းလဲမှုတွေက ပိုမိုချောမွေ့လာပါတယ်။ ဒါ့အပြင် shadcn/ui လို component library တွေကလည်း beautiful UI တွေကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်အောင် ကူညီပေးပါတယ်။
📝 WebAssembly (Wasm) က browser ထဲမှာ high-performance code တွေ run နိုင်တာကြောင့် complex calculation တွေ၊ game development တွေမှာ အသုံးများလာပါတယ်။ Rust နဲ့ Go လို language တွေကနေ compile လုပ်ထားတဲ့ code တွေက browser မှာ near-native performance ရနိုင်ပါပြီ။
📝 Container ပိုင်းမှာ WebContainers က browser ထဲမှာ Node.js environment အပြည့်အစုံကို run နိုင်တာက online code editor တွေ၊ learning platform တွေအတွက် game changer ဖြစ်လာပါတယ်။ StackBlitz နဲ့ CodeSandbox တို့က ဒီနည်းပညာကို အသုံးချနေကြပါပြီ။
📝 Authentication ပိုင်းမှာ Passkeys က password-less authentication အနေနဲ့ standard ဖြစ်လာပြီး User တွေအတွက် လုံခြုံပြီး အသုံးပြုရ လွယ်ကူလာစေပါတယ်။
ဒါပေမယ့် trend နောက်လိုက်ရင်း Web Development ရဲ့အခြေခံတွေကိုတော့ မမေ့ထားသင့်ပါဘူး။ HTML semantics၊ CSS layout systems၊ JavaScript basics တွေက Web Development ကိုစတင်လေ့လာလိုသူတွေအတွက် အစကနေသင်ကြားသင့်တဲ့အရာတွေဖြစ်ပါတယ်။
မေးမြန်းလိုတာတွေ၊ ဆွေးနွေးလိုတာတွေ ရှိရင်လည်း comment မှာ ရေးပေးခဲ့လို့ရပါတယ်။ နောက်ရက်တွေမှာဘယ်လို knowledge sharing content တွေနဲ့ပြန်လာမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော် 👀
#creative_coder_myanmar
Web Development Foundation အတန်းတက်ဖူးတဲ့သူတွေ ဘာတွေပြောခဲ့ကြလဲဆိုတာ ဒီမှာကြည့်လိုက်ပါ 👇🏻

Web Development ကိုအခြေခံကနေ စတင်လေ့လာချင်သူတို့အတွက် အသင့်တော်ဆုံးအတန်းတစ်ခုဖြစ်တဲ့ Web Development Foundation အတန်းက ကျောင်းသား၊ ကျောင်းသူအချို့ရဲ့စကားသံကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

အခုလက်ရှိမှာလည်း ဒီအတန်းလေးကို 50,000 MMK OFF နဲ့အပ်နှံနိုင်မှာပါ။ 
အတန်းအပ်နှံလိုတဲ့ မိတ်ဆွေတို့အနေနဲ့ 👉m.me/creativecodermm 👈🏻 ကို “web” လို့ပေးပို့ပြီးအတန်းအပ်နှံနိုင်ပါတယ်  👀💬

အမှန်တကယ်စာလုပ်ပြီး သင်တန်းပြီးတဲ့အခါ ကျွမ်းကျင်စွာတတ်မြောက်သွားချင်တယ်ဆိုရင်တော့ အခြေခံခိုင်မာဖို့အတွက် 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐝𝐞𝐫 မှာ သင့်ရဲ့ 𝐰𝐞𝐛 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ခရီးစဉ်ကို စတင်လိုက်ပါ💯


#creative_coder_myanmar
(၃၀) နှစ်မြောက် ပြာသိုလပြည့် အမေများနေ့ကို Creative Coder မှ ဂုဏ်ပြုကြိုဆိုလျက်

အမေများနေ့ကို ဆရာကြီး ဘဘဦးသုခရဲ့ ကြိုးပမ်းမှုကြောင့် မြန်မာ့ပြက္ခဒိန်မှာ ၁၉၉၅ ကနေစတင်ပြီး ထည့်သွင်းလာခဲ့တာ ယနေ့ ၂၀၂၅ အရောက်မှာတော့ နှစ် (၃၀) တိုင်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အမေများနေ့ကို Creative Coder Myanmar ကနေလည်း ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်။

#creative_coder_myanmar
Error တွေ့ရင် ဘယ်လိုဖြေရှင်းကြမလဲ?
Developer တစ်ယောက်အနေနဲ့ Error တစ်ခုကို Step by Step ဘယ်လိုဖြေရှင်းမလဲဆိုတာကို Graphic တစ်ခုချင်းစီနဲ့ ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ code example နဲ့ပြောပြပေးသွားမှာဖြစ်လို့ အကုန်လုံးလည်းလိုက်လုပ်ကြည့်လို့ရပါတယ်။
#creative_coder_myanmar
Web Development Foundation ကိုတက်ရောက်ခဲ့သူတို့ရဲ့ စကားသံကိုနားထောင်ကြည့်ရအောင်
🚀

Web Development ကိုအခြေခံကနေ စတင်လေ့လာချင်သူတို့အတွက် အသင့်တော်ဆုံးအတန်းတစ်ခုဖြစ်တဲ့ Web Development Foundation အတန်းက ကျောင်းသား၊ ကျောင်းသူအချို့ရဲ့စကားသံကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

အခုလက်ရှိမှာလည်း ဒီအတန်းလေးကို အပ်နှံလို့ရပါသေးတယ်။
အတန်းအပ်နှံလိုတဲ့ မိတ်ဆွေတို့အနေနဲ့ 👉m.me/creativecodermm 👈🏻 ကို “web” လို့ပေးပို့ပြီးအတန်းအပ်နှံနိုင်ပါတယ်  👀💬

အမှန်တကယ်စာလုပ်ပြီး သင်တန်းပြီးတဲ့အခါ ကျွမ်းကျင်စွာတတ်မြောက်သွားချင်တယ်ဆိုရင်တော့ အခြေခံခိုင်မာဖို့အတွက် 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐝𝐞𝐫 မှာ သင့်ရဲ့ 𝐰𝐞𝐛 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ခရီးစဉ်ကို စတင်လိုက်ပါ💯

#creative_coder_myanmar
Developer တစ်ဦးအနေနဲ့ Laptop ရွေးချယ်တဲ့အခါဘာတွေသိထားသင့်လဲ?
Developer တစ်ယောက်အနေနဲ့ Laptop ရွေးချယ်တဲ့အခါမှာ RAM ကအရေးကြီးသလို၊ အခြား Specifications တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ RAM က Multitasking နဲ့ Heavy Applications တွေကို Run ဖို့အတွက် အဓိကကျပြီး၊ Minimum 8GB လောက်တော့ ရှိသင့်ပါတယ်။ Web Development လို Lightweight Tasks အတွက် 8GB က လုံလောက်ပေမယ့်၊ Android Development, Data Science, ဒါမှမဟုတ် Virtual Machines တွေသုံးမယ်ဆိုရင် 16GB ကနေ 32GB အထိ ရွေးချယ်သင့်ပါတယ်။ RAM များများရှိရင် Applications တွေကို Smoothly Run နိုင်ပြီး၊ Future-Proof ဖြစ်စေပါတယ်။
RAM အပြင်၊ Processor (CPU) ကလည်း အရေးကြီးပါတယ်။ Developer တစ်ယောက်အနေနဲ့ Intel Core i5 ဒါမှမဟုတ် AMD Ryzen 5 အထက်ကို ရွေးချယ်သင့်ပါတယ်။ Heavy Tasks အတွက်ဆိုရင် Intel Core i7/i9 ဒါမှမဟုတ် AMD Ryzen 7/9 တို့လို High-End Processors တွေကို ရွေးချယ်နိုင်ပါတယ်။ CPU ကောင်းရင် Code Compile လုပ်တာ၊ Applications Run တာ၊ နဲ့ Multitasking လုပ်တာတွေမှာ Speed ပိုမြန်ပါတယ်။
Storage ကလည်း သိထားသင့်တဲ့ အချက်တစ်ခုပါ။ SSD (Solid State Drive) ကို ရွေးချယ်သင့်ပြီး၊ Minimum 256GB လောက်တော့ ရှိသင့်ပါတယ်။ SSD က HDD ထက် Speed ပိုမြန်တာကြောင့်၊ System Boot Time, File Transfers, နဲ့ Applications Loading Time တွေကို သိသိသာသာ မြန်ဆန်စေပါတယ်။ Projects များများလုပ်မယ်၊ Data များများသိမ်းမယ်ဆိုရင် 512GB ဒါမှမဟုတ် 1TB SSD ကို ရွေးချယ်နိုင်ပါတယ်။
Graphics Card (GPU) ကတော့ ကိုယ်လုပ်မယ့် Workload အပေါ်မူတည်ပါတယ်။ Game Development, 3D Rendering, ဒါမှမဟုတ် Machine Learning လို Tasks တွေအတွက် Dedicated GPU (ဥပမာ - NVIDIA GTX/RTX Series) ကို ရွေးချယ်သင့်ပါတယ်။ သာမန် Web Development ဒါမှမဟုတ် Mobile App Development အတွက်ဆိုရင် Integrated Graphics က လုံလောက်ပါတယ်။
Display ကလည်း Developer တစ်ယောက်အတွက် အရေးကြီးပါတယ်။ Minimum 1080p (Full HD) Resolution ရှိတဲ့ Screen ကို ရွေးချယ်သင့်ပြီး၊ Screen Size အနေနဲ့ 14-inch ကနေ 16-inch အထိ ရွေးချယ်နိုင်ပါတယ်။ Color Accuracy ကောင်းတဲ့ Display က Design နဲ့ပတ်သက်တဲ့ Tasks တွေအတွက် အထောက်အကူဖြစ်စေပါတယ်။
Battery Life ကလည်း သိထားသင့်တဲ့ အချက်တစ်ခုပါ။  Minimum 6-8 Hours Battery Life ရှိတဲ့ Laptop ကို ရွေးချယ်နိုင်ပါတယ်။
Ports နဲ့ Connectivity Options တွေကိုလည်း သတိထားသင့်ပါတယ်။ USB-C, HDMI, နဲ့ Thunderbolt Ports တွေက External Devices တွေနဲ့ Connect လုပ်ဖို့အတွက် အဆင်ပြေစေပါတယ်။ Wi-Fi 6 နဲ့ Bluetooth 5.0 လို Modern Connectivity Options တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။
Laptop နဲ့ Desktop ရွေးချယ်ရာမှာလည်း ကောင်းကျိုးဆိုးကျိုးတွေရှိပါတယ်။ Laptop က Portable ဖြစ်ပြီး၊ ဘယ်နေရာမဆို ယူသွားလို့ရတာကြောင့်၊ Remote Work လုပ်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဒါပေမယ့်၊ Laptop က Desktop လောက် Performance မရှိဘဲ၊ Upgrade လုပ်ရတာလည်း ခက်ခဲပါတယ်။ Desktop ကတော့ Performance ပိုကောင်းပြီး၊ Components တွေကို အလွယ်တကူ Upgrade လုပ်လို့ရပါတယ်။ ဒါပေမယ့်၊ Desktop က Portable မဖြစ်ဘဲ၊ နေရာလည်းယူပါတယ်။
ဒါကြောင့်၊ Developer တစ်ယောက်အနေနဲ့ Laptop ရွေးချယ်တဲ့အခါမှာ RAM, CPU, Storage, GPU, Display, Battery Life, နဲ့ Ports တွေကို သေချာစဉ်းစားပြီး၊ ကိုယ့်ရဲ့ Workload နဲ့ Budget အပေါ်မူတည်ကာ ရွေးချယ်သင့်ပါတယ်။

#creative_coder_myanmar
၂၀၂၅ မှာ Developer ဖြစ်ချင်သူတိုင်း တက်ကိုတက်သင့်တဲ့ အတန်း(၄) ခုကို Discount နဲ့လေ့လာနိုင်ပါပြီ

**ကျောင်းသား(၁၀) ဦးသာ ဒီ Early Bird Discount ကိုအရယူနိုင်မှာဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ Creative Coder ကနေ ထူးထူးခြားခြားဖြစ်အောင် TECH Stack လေးတစ်ခုကို လျှော့ဈေးနဲ့ အပ်နှံလို့ရအောင်ပြုလုပ်ပေးထားပါတယ်။

ဒီ Developer Starter Pack လေးကို HTML, CSS ပြီးထားတဲ့သူတိုင်း စတင်လေ့လာနိုင်မှာဖြစ်ပြီး Deployment Stage အထိထည့်သွင်းပေးထားပါတယ်။

ဒီထဲမှာ ပါ၀င်သွားမဲ့ အတန်းတွေကတော့

👉🏼Programmingရဲ့ အခြေခံကျတဲ့ သဘောတရားတွေ
👉🏼 JavaScript ရဲ့ အရေးကြီးတဲ့ Concepts တွေ
👉🏼လက်တွေ့ Project တွေနဲ့ အသုံးချနည်းတွေကို သင်ကြားပေးသွားမဲ့ Programming basic with JS class
Programming Basic with Javascript>> https://creativecodermm.com/courses/programming-basic-with-javascript
📝 React အခြေခံကနေ Firebase အထိ Project တွေနဲ့ သင်ကြားပေးသွားမယ့်  React + Firebase Class

React Class >> https://creativecodermm.com/courses/react-firebase-combo-package


📝Nodejs Absolute Basic
📝Node server 101
📝 Express 101
📝 MongoDB 101
📝 React Basic တွေပါ၀င်တဲ့ MERN Stack Class

MERN Stack Class >> https://creativecodermm.com/courses/mern-stack-basic-to-advance


✔️ Server ဆိုတာဘာလဲ လုံးဝ မသိသေးသူများ
✔️ Real World Deployment နဲ့ပက်သက်ပြီး လုံးဝ အတွေ့ကြုံ မရှိသေးသူများတွက်ရည်ရွယ်ထားသော course လေးဖြစ်တဲ့အတွက် Project လေးကို အသုံးချပြီး Website တစ်ခု အနေနဲ့ deploy လုပ်တာကို သင်ပြပေးသွားမဲ့
MERN Stack Deployment အတန်းတွေပဲဖြစ်ပါတယ်။

MERN Stack Deployment>> https://creativecodermm.com/courses/mern-stack-deployment

အတန်းတစ်ခုချင်းစီရဲ့ ပုံမှန်ဈေးနှုန်းက

Programming basic with JS (60,000 MMK)
React + Firebase (150,000 MMK)
MERN Stack (200,000 MMK)
MERN Stack Deployment (50,000 MMK)
ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ promotion လေးမှာတော့ ဒီအတန်း(၄) ခုကို (၂) သိန်းခွဲထဲနဲ့ အရယူနိုင်မှာဖြစ်ပါတယ်။

ဒါတွေကို Creative Coder ရဲ့ learning platform မှာ premium quality နဲ့တက်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ် 💯

ကိုယ်အားတဲ့အချိန်မှ screencast video တွေကနေတစ်ဆင့်ကြည့်ရှုလေ့လာနိုင်ပြီး အတန်းတစ်တန်း အပ်လိုက်တာနဲ့ တစ်သက်တာလေ့လာခွင့်ကိုရရှိမှာလည်းဖြစ်ပါတယ်။

Learning Platform ကကျောင်းသားတွေအတွက်ကျွန်တော်တို့ပေးထားတဲ့အကောင်းဆုံး၀န်ဆောင်မှုတစ်ခုဖြစ်တဲ့ error တက်တာတွေနားမလည်တာတွေရှိရင် one on one meeting နဲ့ချက်ချင်း‌ဖြေရှင်းပေးထားပါတယ်။

သင်တန်းအပ်နှံလိုပါက 👉🏼m.me/creativecodermm 👈🏼
ကို Developer Starter Pack “DSP” လို့ပေးပို့ပြီး အပ်နှံနိုင်ပါတယ်။

(၁၀) ယောက်ပဲ Discount ရမှာဖြစ်လို့ မြန်မြန်လေးအပ်နှံဖို့တော့ လိုတယ်နော် မိတ်ဆွေတို့ရေ 🏃🏼
#creative_coder_myanmar
Software Developer Junior Position အတွက် အလုပ်ရှာဖို့ ခက်လာပြီလား? ဘာတွေ ပြင်ဆင်ထားသင့်လဲ?

အခုအချိန်မှာ AI (Artificial Intelligence) နဲ့ automation တွေ မြင့်တက်လာတာနဲ့အမျှ၊ software development industry မှာ Junior Developer Position တွေအတွက် အလုပ်ရှာဖို့ ပိုခက်ခဲလာနေပါပြီ။ လိုအပ်တဲ့ skills တွေကို သေချာလေ့လာပြီး လက်တွေ့ projects တွေနဲ့ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားမယ်ဆိုရင် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ Junior Developer တစ်ယောက်အနေနဲ့ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာကို ကြည့်လိုက်ရအောင် 

📝Core Programming Concepts ကို နားလည်အောင် လေ့လာပါ
AI နဲ့ automation တွေ မြင့်တက်လာတာနဲ့အမျှ၊ programming ရဲ့ အခြေခံ concepts တွေကို သေချာနားလည်ထားဖို့ ပိုအရေးကြီးလာပါတယ်။ ဒါကြောင့် data structures, algorithms, object-oriented programming (OOP), functional programming စတဲ့ core concepts တွေကို သေချာလေ့လာပါ။

📝 Programming Languages ကို ရွေးချယ်ပြီး ကျွမ်းကျင်အောင် လေ့လာပါ
Junior Developer တစ်ယောက်အနေနဲ့ programming language တစ်ခုကို ရွေးချယ်ပြီး ကျွမ်းကျင်အောင် လေ့လာထားဖို့လိုပါတယ်။ လက်ရှိ market မှာ လူကြိုက်များတဲ့ languages တွေဖြစ်တဲ့ Python, JavaScript, Java, C# တွေကို ရွေးချယ်လေ့လာနိုင်ပါတယ်။

📝 Version Control Systems (Git) ကို သုံးတတ်အောင် လေ့လာပါ။

Developer မှန်ရင် Git နဲ့ဝေးကွာလို့မရပါဘူး။Git က software development မှာ အရေးကြီးတဲ့ tool တစ်ခုဖြစ်ပါတယ်။ Git ကို အသုံးပြုပြီး code တွေကို manage လုပ်တတ်ဖို့၊ branches တွေကို သုံးတတ်ဖို့၊ pull requests တွေကို handle လုပ်တတ်ဖို့ လေ့လာပါ။ GitHub လို platforms တွေမှာ projects တွေကို upload လုပ်ပြီး portfolio တစ်ခုတည်ဆောက်ပါ။

📝 Real-World Projects တွေကို လုပ်ကြည့်ပါ
Junior Developer တစ်ယောက်အနေနဲ့ လက်တွေ့ projects တွေကို လုပ်ကြည့်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ သင်ယူထားတဲ့ concepts တွေကို အသုံးချတတ်မှာဖြစ်ပြီး၊ interview တွေမှာလည်း ကိုယ့်ရဲ့ skills တွေကို ပြသနိုင်မှာဖြစ်ပါတယ်။

📝AI နဲ့ Automation Tools တွေကို နားလည်အောင် လေ့လာပါ။
AI နဲ့ automation tools တွေကို နားလည်ထားဖို့လည်း အရေးကြီးပါတယ်။ ဒါမှသာ ဒီ tools တွေကို ဘယ်လိုအသုံးချမလဲဆိုတာ သိမှာဖြစ်ပြီး၊ ကိုယ့်ရဲ့ productivity ကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ AI tools တွေကို ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အသုံးချပါ။ အားမကိုးပါနဲ့။ 

📝Soft Skills တွေကို မမေ့ပါနဲ့။
Technical skills တွေအပြင် soft skills တွေဖြစ်တဲ့ communication, teamwork, problem-solving တွေကိုလည်း မမေ့ပါနဲ့။ ဒီ skills တွေက ကိုယ့်ရဲ့ professional growth အတွက် အရေးကြီးပါတယ်။

📝 Portfolio တည်ဆောက်ပါ
ကိုယ့်ရဲ့ skills တွေကို ပြသနိုင်ဖို့ portfolio တစ်ခုတည်ဆောက်ပါ။ GitHub မှာ projects တွေကို upload လုပ်ပြီး၊ LinkedIn မှာ profile ကို update လုပ်ပါ။

Junior တစ်ယောက်အနေနဲ့ ဒီအချက်လေးတွေကို လိုက်လုပ်ပြီး ကောင်းတဲ့ position တစ်ခုကိုအရယူနိုင်မယ်လို့ထင်ပါတယ်။

#creative_coder_myanmar