Creative Coder Myanmar
1.42K subscribers
563 photos
1 video
103 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
နှစ်ဆမြန်စေမယ့် Developer lifestyle အတွက် 👀

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

နေ့စဉ်အလုပ်တွေက မတွင်ကျယ်ဘူး ၊ အလုပ်မဖြစ်ဘူးလို့ခံစားနေရရင် ကိုယ့်ရဲ့ productivity တွေတိုးတက်ပြီး efficient ဖြစ်စေမယ့်နည်းလေးတွေကိုပြောပြပေးချင်ပါတယ်။

မလုပ်မဖြစ်ဘူးခံစားရတာဟာ အလုပ်ဖြစ်အောင်ကူညီပေးမယ့် tools တွေမရှိသေးလို့ပါပဲ။ ဘယ်အချိန်မှာ အလုပ်လုပ်မယ် ၊ learning လုပ်မယ် ဆိုတာခွဲထားပြီးရင် တနေ့တာအတွက် ကိုယ်ဘယ်လောက်ပြီးမြောက်ခဲ့လဲဆိုတာ ပြသပေးနိုင်မယ့် tools တွေရှိထားတာက အကောင်းဆုံးပါပဲ။ ဥပမာအနေနဲ့ ကျွန်တော်တို့ team မှာဆိုနေ့တိုင်း task တွေကိုခွဲပေးဖို့ Jira ဆိုတဲ့ project management tool ကိုအသုံးပြုပါတယ်။ နောက်ထပ် အသုံးပြုနိုင်တဲ့ tool တွေကတော့ Trello, Asana စတာတွေကို progress tracking အတွက်အသုံးပြုနိုင်ပါတယ်။ Google Calendar ကိုလည်း အသုံးပြုဖို့ highly recommend လုပ်ပါတယ်။ အသုံးပြုရလွယ်တဲ့ tool တစ်ခုဖြစ်ပြီး task တွေလည်းတစ်ခါတည်းခွဲထားနိုင်တာကြောင့်ဖြစ်ပါတယ်။

time management အတွက် pomodoro method 
ကိုသုံးလို့ရသလိုမျိုးပဲ forest တို့လို application တွေကိုလည်းသုံးပြီး အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ပါတယ်။

ကိုယ်လုပ်ရမယ့် task တွေကိုအပိုင်းသေးသေးလေးတွေခွဲပြီး ကိုယ်ပိုင် deadline ထားတာကလည်း task တွေကိုသေချာပြီးမြောက်ဖို့ ကောင်းတဲ့အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။

တစ်ခုသတိပေးလိုတာက အလုပ်တွေလုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အနားပေးဖို့‌မမေ့ပါနဲ့နော် 🫂

ကဲ.. Developer ကြီးတို့ရော အလုပ်တွင်ကျယ်အောင်ဘယ်လိုနည်းလမ်းတွေသုံးလဲဆိုတာ comment မှာပြောပြပေးသွားပါဦးနော် 👀

#creative_coder_myanmar
#lifestyle