Creative Coder Myanmar
1.38K subscribers
547 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝𝐏𝐇𝐏 𝐁𝐚𝐬𝐢𝐜 ကစပြီး 𝐋𝐚𝐫𝐚𝐯𝐞𝐥 𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 အထိ 𝐂𝐥𝐚𝐬𝐬 ကို အသက်သာဆုံးနှုန်းထားနဲ့ အပ်နှံနိုင်မယ့် 𝐋𝐚𝐫𝐚𝐯𝐞𝐥 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬 𝐁𝐚𝐭𝐜𝐡 𝟓❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

📝 backend ပိုင်းကိုကျွမ်းကျင်စွာတတ်မြောက်လိုသူတွေ
📝 PHP အခြေခံမှစတင်ပြီးသင်ကြားလိုသူတွေ
📝 Real world project တွေနဲ့အတူတကွ လေ့ကျင့်ချင်သူတွေ
📝 Instructor နဲ့အတူဆွေးနွေးရင်းသင်ကြားချင်သူတွေအတွက်

လက်လွှတ်မခံသင့်တဲ့ အတန်းလေးဖြစ်တဲ့ Laravel Zoom Class လေးက Discount လေးနဲ့ပြန်လည်ရောက်ရှိလာပါပြီ

ဒီ Laravel Zoom Class လေးရဲ့ထူးခြားချက်သုံးခုကတော့

💯 တစ်ခါအပ်နှံပြီးတာနဲ့ ကိုယ်ကစာနားမလည်သေးရင်ဖြစ်စေ / အကြောင်းတစ်ခုခုကြောင့်မတက်ဖြစ်ရင်ဖြစ်စေ နောက် သင်တန်းတွေကို အခမဲ့ ဘယ်နှစ်ကြိမ်ဖြစ်စေ ပြန်လည်တက်ခွင့်ရှိပါတယ်။

💯 နောက်တစ်ခုကတော့ online ကနေ face to face သင်တာဖြစ်ပေမယ့်လည်း ကျောင်းသားတွေဆီမှာ issue တွေ error တွေပေါ်လာခဲ့လို့ရှိရင် ချက်ချင်းကျွန်တော်တို့ဘက်ကနေ meeting နဲ့ထိုင်ရှင်းပေးပါတယ်။

💯 Assistant Teacher ကိုလည်း သုံးယောက်ထက်မနည်းထားပေးထားတာဖြစ်တဲ့အတွက် ကျောင်းသားတွေအနေနဲ့စာသင်နေတုန်းဖြစ်စေ စာသင်ပြီးနားမလည်တာတွေ ပြန်ကြည့်တဲ့အခါ မသိတာရှိရင်အချိန်မရွေးမေးမြန်းနိုင်ပါတယ်။

Zoom Platform ကနေ Face To Face သင်ကြားပေးမှာဖြစ်ပြီး ဒီအတန်းမှာအဓိကသင်ကြားပေးမှာက code ရေးဖို့စဉ်းစားပုံ တွေးခေါ်ပုံတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ကျောင်းသားတွေအနေနဲ့ PHP basic ကနေစပြီး Laravel ကို project တွေနဲ့အတူ ပြုလုပ်ရမှာဖြစ်ပါတယ်။

📝သင်တန်းမှာဘာတွေသင်ကြားပေးသွားမှာလဲ

ဒီ Course မှာပါဝင်သွားမှာတွေကတော့ PHP /Laravel ရဲ့ Advanced ပိုင်း core concept တွေအထိပါထည့်သွင်းသင်ကြားပေးသွားမှာပါ။
Intro to php basic +mysql for learning Laravel (also Framework Thinking Class include)
intro to basic command line for beginners
intro to Laravel
Env Setup
Routing and Tricks
What iso cache
Filesystem
Collection & Tinker
Env File and
what is migrations
Eloquent Model
database seeding & model factories using
Core Relationships (belongsTo,hasMany,manyToMany)
what is controller
Model View Controllers(MVC) and why use MVC?
all blade syntax
validation input form
Advance Tricky Queries
Auth System and middlewares
Full Comment System
Blog Subscription
photo upload system
Api development In Laravel
upload laravel project to Digitalocean Linux VPS Server 🥳

ဒါတွေအကုန်လုံးကို Zoom Live Session နဲ့သင်ကြားရမဲ့အပြင် သင်ကြားနေစဉ်အတွင်းနားမလည်တာတွေ ဆွေးနွေးချင်တာတွေကိုပါ ဆရာနဲ့အတူတူ ဆွေးနွေးလို့ရဦးမှာဖြစ်ပါတယ်။

📝 သင်တန်းတစ်ချိန်မတက်မိရင် သင်ခန်းစာတွေကို Record ပြန်ပေးတာလား ?

စာမေးဖို့နဲ့ဆွေးနွေးဖို့အတွက် Messenger Gp ရှိမှာဖြစ်ပြီး သင်တန်းချိန်ပြီးတိုင်းမှာ သင်ပြီးတဲ့ သင်ခန်းစာတွေရဲ့ recording ကို FB gp ထဲမှာပြန်လည်တင်ပေးသွားမှာဖြစ်ပါတယ်။

📝သင်ကြားပေးမဲ့ ဆရာအကြောင်း

👨‍🏫 Course နှစ်ခုလုံးအတွက်သင်ကြားပေးမဲ့ဆရာကတော့ Creative Coder ရဲ့ Founder တစ်ဦးဖြစ်တဲ့ ဆရာ Hlaing Min Than ဖြစ်ပါတယ်။
Foreign Company တွေမှာလုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံရှိသလို Laravel နဲ့လက်ရှိ Project တွေလုပ်နေတာလည်းဖြစ်ပါတယ်။

📝သင်တန်းကြေးနဲ့ Discount Price

ပုံမှန်သင်တန်းကြေးက 120000 MMK ဖြစ်ပေမဲ့ Discount ကာလဖြစ်တဲ့ တစ်ပတ်အတွင်းအပ်နှံမယ်ဆိုရင်တော့ Course တစ်ခုလုံးအပြီးအစီးကိုမှ 100000 MMK သာကျသင့်မှာဖြစ်ပါတယ်။
Creative Coder ရဲ့ထုံးစံအတိုင်းသင်တန်းကြေးကိုလည်းနှစ်ခါခွဲသွင်းလို့ရပါသေးတယ် ။
သင်တန်းကြေးနှစ်ခါခွဲသွင်းမယ်ဆိုရင်တော့ Discount Price နဲ့ရတော့မှာမဟုတ်ပါဘူး။

📝 သင်တန်းအချိန်စာရင်း

Live Class ဖြစ်တဲ့အတွက် လူ ၂၅ သာလက်ခံပေးသွားမှာဖြစ်ပါတယ်။
အပတ်စဉ် Tuesday, Wednesday & Thursday ည 8:30 ကနေ 10:00 အထိသင်ကြားပေးသွားမှာဖြစ်ပါတယ်

📝သင်တန်းကိုဘယ်ကနေအပ်နှံရမလဲ ?

သင်တန်းကိုအပ်နှံချင်တဲ့သူတွေက page messenger ကိုလာရောက်ပြီးအတန်းအပ်နှံနိုင်ပါတယ်။

သင်တန်းနဲ့ပတ်သက်ပြီး မေးမြန်းချင်တာဖြစ်စေ ၊ သင်တန်းအပ်နှံချင်တာဖြစ်စေ page messenger ကနေဖြစ်ဖြစ် comment ကနေဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

ကဲ… နှစ်ကုန်ခါနီးမှ Laravel နဲ့အပီဖြုတ်ဖို့ ready ပဲလား Developer ကြီးတို့ရေ 🥳

#creative_coder_myanmar
#laravel
#zoom
❝ကြိုက်နှစ်သက်ရာရွေးချယ်တက်ရောက်နိုင်မယ့် 𝐋𝐚𝐫𝐚𝐯𝐞𝐥 𝐂𝐥𝐚𝐬𝐬 များ❞
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder ကိုဘယ်ကနေစသိလဲလို့မေးလိုက်ရင် Laravel အတန်းတွေ Vue အတန်းတွေကစသိတယ်လို့‌ကျောင်းသားတော်တော်များများကဖြေကြပါတယ်။

Laravel အတန်းတွေကိုလွန်ခဲ့တဲ့သုံးနှစ်ကျော်တည်းကဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီအတန်းတွေကနေ ထူးချွန်တဲ့ကျောင်းသားတွေ လက်ရှိမှာလုပ်ငန်းခွင်၀င်နေတဲ့သူတွေကိုမွေးထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ဘယ်မှာမှမရနိုင်တဲ့ service တွေနဲ့ Laravel အတန်းပုံစံတွေက Creative Coder မှာပဲရှိပါတယ်။

📝 Online ကနေ Face to face တက်ရောက်သင်ကြားချင်သူတွေအတွက် Laravel Zoom Class

📝 Creative Coder မှာ On Campus တက်ရောက်နိုင်မယ့် In Class အတန်းတွေ

📝 Self-paced learning ကိုဦးစားပေးထားတဲ့ website ကနေအချိန်မရွေး တစ်သက်တာ သင်ယူလေ့လာနိုင်မယ့် အတန်းတွေပဲဖြစ်ပါတယ်။

Review တွေကိုတော့ အောက်ပါ link မှာကြည့်ရှုနိုင်ပါတယ်။

https://m.facebook.com/story.php?story_fbid=pfbid02gtDQPqxqTeouvDrz5EnpkmFjbFTwSvf1jQGeJW4R2xMsDKmyXRiwau3TT5tmJV4kl&id=100064708297617&mibextid=Nif5oz

ဒီအတန်းသုံးတန်းစလုံးကို ကြိုတင်အပ်နှံလို့ရပြီးတက်ရောက်နိုင်တာမလို့ အခုပဲ Discount တွေနဲ့အပ်နှံပြီးတက်ရောက်ဖို့ဖိတ်ခေါ်ပါရစေ။

#creative_coder_myanmar
#laravel
#zoom
#inclass
#website
❝ဒီနှစ်အတွက် နောက်ဆုံး 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 တွေနဲ့တက်ရောက်နိုင်မယ့် 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐁𝐚𝐭𝐜𝐡 𝟑❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Web Development Foundation Zoom Class Batch 3 ကို မူလသင်တန်းကြေးအပြင် discount တွေနဲ့တက်ရောက်နိုင်ဖို့ ဒီအခွင့်အရေးကို သေချာပေါက်အရယူလိုက်ပါ 🥳🎉

𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 အဖြစ်ခြေလှမ်းစတင်မဲ့လူတွေအတွက်အသင့်တော်ဆုံး 𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အတန်းလေးဖြစ်ပြီး ဒီနှစ်အတွက် နောက်ဆုံးဖွင့်လှစ်တဲ့အတန်းလေးဖြစ်ပါတယ်။

ဒါကြောင့်နှစ်ကုန်မှာ Developer Career ကို ခြေလှမ်းစချင်တဲ့ကျောင်းသားတွေအတွက် ရည်ရွယ်ထားပြီး အခြေခံနဲ့ပတ်သက်တာတွေ အစကနေစပြီး အကုန်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Online နေသင်ကြားပေးမယ့် Zoom Class လေးဖြစ်ပါတယ်။

Web Development ကိုဘာမှမသိသေးတဲ့သူတွေ ၊ အခုမှစပြီးလေ့လာမဲ့သူတွေအတွက် ဖွင့်လှစ်ပေးလိုက်တဲ့ Web Development Foundation Class လေးက

👤 Website တစ်ခုကိုပိုင်ပိုင်နိုင်နိုင်ရေးတတ်ချင်သူတွေ
👤 Web Development Basic ပိုင်းကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်လိုသူတွေ
👤 အခြား framework တွေ library တွေကိုဆက်လက်လေ့လာဖို့ အခြေခံကောင်းကောင်းတစ်ခုရလိုသူတွေ
👤 အရင်ကလေ့လာခဲ့ဖူးပေမဲ့ မေ့သွားလို့စာပြန်နွှေးချင်သူတွေ
👤 Web Development ကိုစိတ်ပါ၀င်စားလေ့လာလိုသူတွေအတွက်အသင့်တော်ဆုံးအတန်းလေးလည်းဖြစ်ပါတယ်။

ဒီအတန်းလေးမှာ အဓိကထားသင်ပေးသွားမှာကတော့ တကယ်ကိုအခြေခံကျတဲ့အပိုင်းတွေဖြစ်ပြီး Web Development ကိုဘာမှမသိသေးတဲ့သူတွေကစပြီးတက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်။ သေချာကျွမ်းကျင်တတ်မြောက်အောင် project တွေပါ သင်ခန်းစာတိုင်းမှာ တွဲထည့်ပြီးသင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးတဲ့အခါမှာ တတ်‌မြောက်ကြောင်း certificate လည်းထုတ်ပေးသွားဦးမှာပါ။

📝 WDF Course Type

👉 WDF Zoom Weekend Class

📝 Start Date & TimeTable

👉 WDF Zoom Weekend Class (Dec 23, 2023)
Duration - 2 to 2.5 months
Time - 1 to 4 pm
Days - Sat & Sun

သင်တန်းကြာချိန်လေးကတော့ (၂) လ ခွဲပဲဖြစ်ပါတယ်။
ဒီ class လေးကို Early Bird နဲ့ကြိုတင်အပ်နှံထားသူတွေက ၁၅ ယောက်ရှိနေပြီဖြစ်ပါတယ်။

နောက်ကျလို့ လူပြည့်သွားတာမျိုးမဖြစ်ရလေအောင် အခုပဲမြန်မြန်လေးသင်တန်းလာအပ်ဖို့တိုက်တွန်းချင်ပါတယ်။

📝 ဒီအတန်းမှာဘာတွေသင်ပေးသွားမှာလဲ ?

အဓိကသင်ပေးသွားမှာတွေကတော့
💻 HTML
💻 CSS
💻 Bootstrap
💻 Tailwind CSS

တို့ဖြစ်ပါတယ်။
သင်တန်းမှာသင်ကြားပေးသွားမဲ့ သင်ခန်းစာတွေနဲ့ Course Outline တွေကိုဒီမှာ ကြည့်ရှုနိုင်ပါတယ် 👇

👉 Introduction to HTML
👉 CSS Fundamentals
👉 Introduction to Bootstrap
👉 Advanced CSS with Tailwind CSS
👉 Projects Time (12 projects)

HTML Section 1

-Chapter 1 -> Introduction
-Chapter 2 -> Deep Dive into HTML tags
-Chapter 3 -> Advanced tags (form,table)
-Chapter 4 -> Revision and Example Project

CSS

Section 1

-Chapter 1 -> Introduction to CSS (css integrating ways)
-Chapter 2 -> Element Selector and its usages and what is cascading?
-Chapter 3 -> CSS basic properties related to text
-Chapter 4 -> Box model and related project
-Chapter 5 -> Width and Height usages and -> (Project)
-Chapter 6 -> UL, LI styling
-Chapter 7 -> Form input styling and Inline , block usages -> (SM Project)
-Chapter 8 -> Position properties , float

-Chapter 9 -> Display flex and Flex items
-Chapter 10 -> Project Day 01
-Chapter 11 -> Project Day 02
-Chapter 12 -> Display grid
-Chapter 13 -> Grid small project
-Chapter 14 -> Introduction to CSS animation
-Chapter 15 -> Project with CSS animation
-Chapter 16 -> Final Project

Bootstrap 5

Section 2

-Chapter 1 -> Introduction to Bootstrap 5
-Chapter 2 -> Bootstrap (Small Project)
-Chapter 3 -> Bootstrap (Final Project)

Tailwind Css

Section 3

-Chapter 1 -> Introduction to Tailwaind Css
-Chapter 2 - > Tailwind Deep Dive
-Chapter 3 -> Usages
-Chapte 4 -> Tailwind (Small Project)
-Chapter 5 -> Tailwind (Final Project) part 01
-Chapter 6 -> Tailwind (Final Project ) part 02

📝𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 ‌တွေအတွက် 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 အစီအစဉ်

Discount အစီအစဉ်လေးကတော့ ပထမဆုံး လာရောက်အပ်နှံတဲ့ early bird ကျောင်းသားဆယ်ယောက်က သင်တန်းကြေး ငါးသောင်းကျပ်လျှော့ပေးပြီး 200000 MMK နဲ့တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
ပုံမှန်သင်တန်းကြေးကတော့ 250000 MMK ဖြစ်ပါတယ်။
Creative Coder ရဲ့ထုံးစံအတိုင်း သင်တန်းကြေးကို နှစ်ခါခွဲသွင်းလို့လည်းရပါသေးတယ်။ ဒါ့အပြင် Cash နဲ့လည်းပေးသွင်းလို့ရပါသေးတယ်။

📝 သင်တန်းမှာဘာတွေစီစဉ်ပေးထားလဲ ?
ကျောင်းသားတွေလေ့လာရအဆင်ပြေအောင် သင်ခန်းစာတစ်ခုချင်းစီရဲ့ video record တွေကိုလည်းထားရှိပေးထားပါတယ်။

သင်တန်းမှာ Teaching Assistant တွေအဆင်သင့်ထားရှိပေးထားပြီး ကျောင်းသားတွေနားမလည်တာတွေနဲ့ error တွေကိုအချိန်မရွေး
ကူညီ‌ဖြေရှင်းပေးနိုင်အောင် one on one meeting တွေစီစဉ်ထားရှိပေးပါတယ်။

💢 သင်တန်းအပ်ပြီးငါးရက်အတွင်း စိတ်တိုင်းမကျပါကလည်းအချိန်မရွေးသင်တန်းငွေပြန်လည်ထုတ်ယူနိုင်ပါတယ် 💢

📝 သင်တန်းအပ်နှံရန်

သင်တန်းအကြောင်းကိုအသေးစိတ်စုံစမ်းလိုရင်ဖြစ်စေ ၊ သင်တန်းအပ်နှံလိုရင်ဖြစ်စေ page messenger ကိုလည်းကောင်း Creative Coder Myanmar ရဲ့ရုံးကိုလာရောက်ပြီးလည်းကောင်းအသေးစိတ်စုံစမ်းနိုင်ပါတယ်။

📝သင်တန်းကြေးလွှဲရမည့်နေရာများ

သင်တန်းကြေးလွှဲရန်အတွက် အောက်ပါ mobile banking များမှတစ်ဆင့် လွှဲနိုင်ပါတယ်။
Wave/ Kpay / Aya / CB / Uab Pay - 09422273300 ( Aung Khant Ko Ko )
Kbz mBanking-18830118801002901
Aya mBanking-40032045853
Cb mBanking-0045600100091049
UAB mBanking -027330100019846

mBanking နဲ့ Pay အကောင့်အားလုံးမှာ နံမည် Aung Khant Ko Ko သာ ဖြစ်ပါတယ်ခင်ဗျာ။ ငွေမလွှဲမီသေချာစစ်ဆေးပေးပါခင်ဗျာ ။

Office Address - ၅၄လမ်း ၊ No 75,77, 3လွှာ (မြေညီပါ) ၊ ဗိုလ်တစ်ထောင်မြို့နယ် ဖြစ်ပါတယ်။
ရုံးချိန် ကိုးနာရီခွဲမှ ညနေငါးနာရီအတွင်းလာရောက်ပြီးမေးမြန်းနိုင်ပါတယ်။

#creative_coder_myanmar
#website
#foundation
❝ဘယ်မှာမှ မရနိုင်သေးတဲ့ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐝𝐞𝐫 ရဲ့ 𝐬𝐞𝐫𝐯𝐢𝐜𝐞 အချို့ ❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

📝 Creative Coder Myanmar မှာမကြာခင်တက်ရောက်မယ့်လို့စဉ်းစားထားတဲ့သူလား ?
📝 Creative Coder ရဲ့လက်ရှိကျောင်းသားတစ်ယောက်လား ?

ဒါဆိုရင်တော့ Creative Coder မှာလက်ရှိပေးဆောင်နေတဲ့ service တွေကိုသိထားသင့်ပါတယ်။

Creative Coder မှာတက်ရောက်ရင် ကျောင်းသားတွေအနေနဲ့ ဘယ်လိုမျိုး၀န်ဆောင်မှုတွေကို အကျိုးခံစားမှုရှိလဲဆိုတာကြည့်လိုက်ရအောင် 👀

📝 Creative Coder ရဲ့ Learning Platform အတန်းတွေမှာ တစ်ခါအပ်ပြီးတာနဲ့ တစ်သက်လုံးတက်ရောက်လို့ရမှာဖြစ်ပါတယ်။

📝 Zoom အတန်းတွေကတော့ တစ်ခါအပ်နှံပြီးတာနဲ့ နောက် batch တွေမှာအကြိမ်ကြိမ်ပြန်လည်တက်ရောက်လို့ရပါတယ်။ သင်တန်းကြေးထပ်ပေးစရာ လုံး၀ (လုံး၀) မလိုပါဘူး။

📝 Zoom Class နဲ့ Learning Platform အတန်းကကျောင်းသားတွေအတွက် service ကတော့ တစ်ခုခုမရတာရှိတာနဲ့ one on one meeting နဲ့ရှင်းပြပေးတာဖြစ်ပါတယ်။

📝 Creative Coder ရဲ့ ကျောင်းသားဟောင်းသီးသန့်ခေါ်တဲ့ Internship Program တွေမှာလည်း ပါ၀င်လို့ရမှာဖြစ်ပြီး ကိုယ့်ရဲ့ skill တွေကိုလက်တွေ့အသုံးချလို့ရမှာပါ။

ဒီလိုတစ်မူထူးခြားတဲ့ service တွေက ကျောင်းသားတွေလေ့လာရမှာ အဆင်ပြေစေဖို့ ပေးထားတာဖြစ်ပါတယ်။

သင့်ရဲ့ Web Development ခရီးစဉ်အစအဆုံးကို Creative Coder မှတာ၀န်ယူပေးပါရစေ 💯

#creative_coder_myanmar
#web_development
❝𝐈𝐧 𝐂𝐥𝐚𝐬𝐬 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 👉📝💯

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

ဒီနှစ်အတွင်းကနေစပြီး Creative Coder မှာ In Person အတန်းတွေဖွင့်လှစ်ထားရှိပေးထားပါတယ်။

လက်ရှိဖွင့်လှစ်ထားတဲ့ အတန်းတွေကတော့ 
💯 Web Development Foundation Class 
💯 PHP & Deep Dive Laravel အတန်းတွေပဲဖြစ်ပါတယ်။

In Person ကျောင်းသားတွေအနေနဲ့ရရှိနိုင်တဲ့ ၀န်ဆောင်မှုတွေကတော့ 

👉 အတန်းချိန်တစ်ချိန်အတွင်းမှာ Assistant Teacher နှစ်ယောက်၊သုံးယောက်ထားပေးထားပြီး မသိတာတွေ နားမလည်တာတွေကို တစ်ခါတည်း မေးလို့ရအောင်စီစဉ်ပေးထားပါတယ်။

👉 စာသင်ချိန်အတွင်းမှာ မီးပျက်ခဲ့ရင်လည်းမီးစက်နှိုးလို့ရအောင်စီစဉ်ထားပေးပါတယ်။

👉 Coffee Free Flow ထားရှိပေးပါတယ်။

👉 Laptop အခက်အခဲရှိရင်လည်းယူသုံးလို့ရအောင်စီစဉ်ထားရှိပေးပါတယ်။

In Person အတန်းတွေမှာ စာချည်းပဲသင်တဲ့ပုံစံမျိုးနဲ့သွားတာမဟုတ်ဘဲ ‌ဆွေးနွေးသင်ကြားတဲ့ပုံစံတဲ့သွားတာဖြစ်တဲ့အတွက် ရင်းနှီးနွေးထွေးတဲ့ environment မှာသင်ကြားနေရသလိုခံစားနေရမှာဖြစ်ပါတယ်။

မကြာမီ Web Development ကို အခြေခံမှစတင်လေ့လာလိုသူတွေအတွက် WDF Batch 3 ခေါ်တော့မှာဖြစ်ပြီး Batch 2 Feedback တွေကိုလည်းတင်ပေးသွားမှာဖြစ်ပါတယ်။

ကျောင်းသားတွေအပေါ် အမြဲတမ်းအကောင်းဆုံးတွေကိုပဲပေးဖို့ကြိုးစားနေတဲ့ Creative Coder ကနေနောက်ထပ်လည်းပိုကောင်းတဲ့ ၀န်ဆောင်မှုတွေပေးသွားဖို့ရှိသေးလို့ ဆက်လက်စောင့်ကြည့်ဖို့မမေ့နဲ့နော် 👀💕

#creative_coder_myanmar
#in_person
#web_development
❝𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 & 𝐒𝐭𝐚𝐠𝐢𝐧𝐠 & 𝐓𝐞𝐬𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐞𝐫 တွေဘာလို့ခွဲသင့်လဲ ?❞
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer ကြီးတို့အနေနဲ့ လုပ်ငန်းခွင်၀င်တဲ့အခါမှာ အခြား Developer တွေနဲ့စုပေါင်းလုပ်ရပြီး လုပ်ငန်းခွင်အတွက်သီးခြားခွဲထားတဲ့ tool တွေကိုလည်းသိထားရမှာဖြစ်ပါတယ်။ 

လုပ်ငန်းခွင်ရောက်တဲ့အခါ code ချက်ချင်းတန်းရေးပြီးတာနဲ့ server ပေါ်တင်တာမျိုးမဟုတ်ဘဲ ကြားထဲမှာ Testing Server တွေ Staging Server တွေဆိုပြီး ခွဲထားတာမျိုးတွေရှိပါသေးတယ်။

ဒါမှသာ testing အဆင့်အဆင့်ကိုကျော်ဖြတ်ပြီး Production Server ပေါ်ရောက်တဲ့အခါ အကုန်အဆင်သင့်ဖြစ်ပြီး user တွေအနေနဲ့လည်းသုံးရအဆင်ပြေမှာဖြစ်ပါတယ်။

👾 Testing Server မှာတော့ ကိုယ်လုပ်လိုက်တဲ့ ticket တစ်ခုကအဆင်ပြေလား performance ကောင်းလားဆိုတာကိုအဓိကကြည့်ပြီးပြေပါတယ် ။ တကယ်လို့ဒီအဆင့်မှာအဆင်မပြေခဲ့ရင်တော့ ရေးထားတဲ့ code ကိုပြန်ပြင်ရမှာဖြစ်ပြီး အဆင်ပြေပြီဆိုရင်တော့ Staging ကိုသွားလို့ရပါပြီ။

👾 Staging Server ဆိုတာ လုပ်ငန်းရဲ့ website နဲ့အနီးစပ်ဆုံးတူတဲ့ server တစ်ခုဖြစ်ပြီး လုပ်ငန်းမှာတကယ်အသုံးပြုနေတဲ့ website တော့မဟုတ်ဘဲ clone ပုံစံမျိုးဖြစ်ပါတယ်။ feature , function အသစ်တွေစမ်းချင်တာမျိုးဆိုရင် staging ပေါ်အရင်ဆုံးတင်ပါတယ်။ 

👾 Production Server ကတော့ လုပ်ငန်းရဲ့ အဓိက user တွေအသုံးပြုနေတဲ့ server ကြီးဖြစ်ပြီး အပေါ်ကအဆင့်နှစ်ဆင့်မှာ ကိုယ်ရေးထားတဲ့ code ကကောင်းကောင်းအလုပ်လုပ်တယ်ဆိုရင် Production ပေါ်တင်လို့ရပြီပဲဖြစ်ပါတယ်။

ဒီလိုမျိုး server တွေခွဲထားခြင်းအားဖြင့်
👉 Testing & Debugging အတွက်အဆင်ပြေစေတယ်။
👉 Security ပိုင်းမှာလည်းသေချာယုံကြည်စိတ်ချနိုင်တယ်။
👉 Step တစ်ခုချင်းစီကို သေချာ track လုပ်လို့ရတာဖြစ်တဲ့အတွက် error ရှာတဲ့နေရာမှာလည်းအချိန်ကုန်သက်သာစေမှာပါ။

ဒါကတော့ ကျွန်တော်တို့ Creative Coder ရဲ့လုပ်ငန်းအတွေ့အကြုံပေါ်မူတည်ပြီး server တွေအကြောင်းပြောပြသွားတာပဲဖြစ်ပါတယ်။

Developer ကြီးတို့ကရော server တွေခွဲထားတဲ့အကြောင်းဘယ်လိုထင်ပါသလဲ အတွေးအမြင်လေးတွေမျှဝေပေးခဲ့ကြပါဦးနော် 👀

#creative_coder_myanmar
#server
𝐂𝐨𝐝𝐞 ပဲရေးနေရတဲ့ 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တစ်ယောက်အတွက် ဘယ်လိုမျိုး 𝐬𝐨𝐟𝐭 𝐬𝐤𝐢𝐥𝐥 တွေလိုအပ်မယ်ထင်ပါသလဲ

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer တစ်ယောက်ရဲ့နေ့စဉ်လူနေမှုဘ၀မှာ အမြဲတမ်း code ရေးတာနဲ့စတင်ပြီး code ရေးတဲ့ အချိန်နဲ့ပဲကုန်ဆုံးနေရတယ်ထင်ရင်တော့ မိတ်ဆွေတို့ရဲ့အထင်ကမှားယွင်းနေပါတယ်။

Developer တွေဆိုတာကလည်း လူမှုအသိုင်းအဝိုင်းမှာနေ့စဉ်ကျင်လည်‌ဖို့လိုအပ်တဲ့လူတွေဖြစ်တဲ့အတွက် code ကိုကောင်းကောင်းရေးနိုင်တာအပြင်အခြားအခြားသော လူမှုဆက်ဆံရေး skill တွေလည်းအများကြီးလိုအပ်ပါတယ်။

📝 Communication Skill မှာဆိုရင် ကိုယ်ရေးတဲ့ code အတွက် feedback တောင်းတာ ၊ team members အချင်းချင်းပြောဆိုဆက်ဆံတာမျိုးတွေ နဲ့ stakeholders တွေနဲ့ညှိုနှိုင်းရတဲ့ အခါမျိုးတွေကျရင် ပြောဆိုဆက်ဆံတတ်တဲ့ skill ကသေချာပေါက်လိုအပ်ပါတယ်။

📝 Problem Solving Skill ကတော့ Developer တွေရဲ့နေ့စဉ်ဘ၀မှာ မပါမဖြစ်တဲ့အရာတစ်ခုပါ။ error တွေ့တဲ့အခါ ဘာကြောင့်ဖြစ်တာလဲ ဘယ်လိုဖြေရှင်းရင်ရမလဲ ဘာကိုသုံးဖို့လိုအပ်လဲဆိုပြီး Creative Coder မှာပြောနေကြအတိုင်း Why? How? What? ကိုအသုံးပြုပြီး ပြဿနာတွေကို သုံးသပ်အ‌ဖြေရှာပါ။

📝 Collaboration Skill ကလည်း Junior ကနေ Senior အထိအရေးပါတဲ့ skill တစ်ခုပဲဖြစ်ပြီးလုပ်ငန်းခွင်မှာ လူအများကြီးနဲ့ပြောဆိုဆက်ဆံရမှာဖြစ်တဲ့အတွက်သေချာပေါက်ရှိထားသင့်တဲ့ skill တစ်ခုပဲဖြစ်ပါတယ်။

📝 Time Management ကောင်းကောင်းမရှိထားရင်တနေ့တာ ဟာ အစီအစဉ်မကျဘဲ အမြဲကမောက်ကမဖြစ်နေမှာပါပဲ။ ဒါကြောင့် ကိုယ်ဘယ်နေ့ဘယ်အချိန်မှာ ဘယ်ဟာကိုပြီးအောင်လုပ်မယ်ဆိုတာကို တစ်ပတ်စာလောက်ကြိုတင်စီစဉ်ထားသင့်ပါတယ်။ ဒီနေရမှာ work Life balance ရှိဖို့ကိုလည်းမမေ့ထားသင့်ပါဘူး။

📝 နောက်ဆုံးတစ်ခုကတော့ flexible ဖြစ်ဖို့ဖြစ်ပြီး ဘယ်ဟာလာလာ ဒီ language နဲ့ပဲရေးမယ်ဆိုပြီးတစ်ယူသန်နေလို့မရပါဘူး။ ဒါကြောင့် နည်းပညာတွေကိုမျက်ခြည်မပြတ် လေ့လာနေသင့်ပြီး project တွေလုပ်တဲ့နေရာမှာလည်း flexible ဖြစ်ရမှာဖြစ်ပါတယ်။

အခုဖတ်နေတဲ့ Developer ကြီးတို့ကရော အခြား ဘယ် skill တွေက Developer တို့ဘ၀မှာအရေးတကြီးပါ၀င်ပတ်သက်နေတယ်လို့ထင်ပါသေးလဲ။ ထင်တဲ့အကြောင်းအရာတွေကို အတူတူဆွေးနွေးကြည့်ဖို့ comment မှာချရေးခဲ့လို့ရပါတယ်။


#developer
#softskill
❝𝐂𝐚𝐫𝐞𝐞𝐫 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 အတွက် 𝐌𝐞𝐧𝐭𝐨𝐫𝐬𝐡𝐢𝐩 ရှာဖို့ 𝐀𝐃𝐏 𝐋𝐢𝐬𝐭 ကို သုံးကြစို့ ❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Career အတွက်စဉ်းစားတဲ့နေရာမှာ ရှေ့ဆက်ဘာလုပ်ရမလဲ မသိခေါင်းစားနေပါသလား ? 

ဒါဆိုရင်တော့ ADP List Program လေးနဲ့မိတ်ဆက်ပေးပါရစေ 👀

ADP List Program မှာဆိုရင် Web Development Career နဲ့ပတ်သက်ပြီး 
👉 မိတ်ဆွေတို့တိုင်ပင်လိုတဲ့ကိစ္စတွေ
👉 ရှေ့ဆက်ဘာဆက်လေ့လာရမလဲမသိတာတွေ 
👉 Web Development Field ကိုစပြီးအခြေချ ချင်သူတွေအတွက်သိသင့်သိထိုက်တာတွေကို Creative Coder Myanmar ရဲ့ Founder ဖြစ်တဲ့ဆရာ Hlaing Min Than ကနေတစ်ဦးချင်းဆွေးနွေးပေးသွားမယ့် Program လေးဖြစ်ပါတယ်။

ဒီ Program လေးကိုပါဝင်ချင်တယ်ဆိုရင် အရင်ဆုံး Appointment ယူပေးရမှာဖြစ်ပါတယ်။

https://adplist.org/mentors/hlaing-min-than

ဒါပြီးရင်တော့ appointment အချိန်ပေါ်မူတည်ပြီးဆရာနဲ့တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

ဒီ ADP List Program လေးဟာ Free Mentorship ရယူနိုင်တဲ့ အစီအစဉ်လေးဖြစ်ပြီး တကယ်လို့မိတ်ဆွေတို့က သူများကို အကြံပေးချင်တယ်ဆိုရင်လည်း Mentor အနေနဲ့ပါ၀င်ပြီးလျှောက်လို့ရပါသေးတယ်။ 

တိုင်ပင်ဆွေးနွေးစရာတွေရှိတဲ့မိတ်ဆွေတို့က အခုပဲ appointment ယူလိုက်တော့နော် 👀

#ADPList
#mentorship
❝𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တွေ 𝐓𝐞𝐬𝐭𝐢𝐧𝐠 လုပ်ဖို့အတွက် 𝐀𝐮𝐭𝐨𝐟𝐢𝐥𝐥 𝐄𝐱𝐭𝐞𝐧𝐬𝐢𝐨𝐧❞
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

ဒီနေ့မှာတော့ Creative Coder ကနေ Chrome Extension လေးတစ်ခုကိုပြောပြပေးချင်ပါတယ်။

Website တစ်ခုကို၀င်လို့ sign in / sign up လုပ်တဲ့နေရာမှာဖြစ်စေ ၊ အခြား info တွေဖြည့်တဲ့နေရာမှာဖြစ်စေ ဒီ extension လေးကအသုံး၀င်စေပါတယ်။

Chrome Web Store ကနေတစ်ဆင့် download လုပ်နိုင်ပြီး download လုပ်ပြီးသွားရင်တော့ chrome browser ကိုပိတ်ပြီးပြန်ဖွင့်ပေးဖို့လိုပါတယ်။

သူက လွတ်နေတဲ့နေရာတွေကိုဖြည့်ရမယ့် info တွေအကုန်ဖြည့်ပေးသွားတာပဲဖြစ်ပါတယ်။
ဒါပေမယ့် Fake Info တွေကိုပဲဖြည့်ပေးတာဖြစ်ပါတယ်။
Website တစ်ခုကို၀င်လိုက်ရင် Input တွေနေရာမှာသင့်တော်တဲ့ randomly generated mail တွေ phone number စတာတွေကို အကုန်ဖြည့်ပေးသွားတာပါ။

တစ်ခုသတိထားရမှာက သူက blank ဖြစ်နေတဲ့နေရာတွေအကုန်လုံးကိုကွက်လပ်မကျန်အောင်ဖြည့်ပေး
သွားတာပဲဖြစ်ပါတယ်။ ဥပမာ input တွေသာမကဘဲ search bar နေရာတွေလွတ်နေရင်လည်းသူကဖြည့်ပေးပါတယ်။

ဒါကြောင့် ဖြည့်‌စေချင်တဲ့နေရာတွေကို Customize လည်းကြိုလုပ်ထားလို့ရပါသေးတယ်။
ဥပမာ setting ထဲက option ကို၀င်ပြီး ignore field match ထဲမှာ select ကိုရွေးပေးထားမယ်ဆိုရင် select field ကိုနှိပ်လိုက်တဲ့အခါ auto ဖြည့်ပေးသွားမယ့်ဟာတွေပေါ်လာမှာမဟုတ်တော့ပါဘူး။
နောက်တစ်ခုကတော့ ကိုယ်လိုအပ်သလို တန်းဖြည့်ပေးမယ့် information တွေကိုချိန်ညှိထားနိုင်ပြီး ignore file that have already content ဆိုတဲ့ checkbox လေးကို လိုရင်လိုသလိုဖွင့်သုံးနိုင်ပါတယ်။ ဒါလေးက input box တွေထဲမှာဖြည့်ထားပြီးသားဆိုရင် fake Filler က ဖြည့်ပြီးသားတွေကိုကျော်ပြီးဖြည့်ပေးသွားမှာပါ။
ဒါက Developer တွေအတွက် testing လုပ်တဲ့နေရာမှာတော်တော်လေးအသုံး၀င်တဲ့ Extension လေးတစ်ခုပဲဖြစ်ပါတယ်။
Extension နာမည်က Fake Filler ဖြစ်ပြီး ဒီ ကနေတစ်ဆင့် ရယူအသုံးပြုနိုင်ပါတယ်။

https://chromewebstore.google.com/detail/fake-filler/bnjjngeaknajbdcgpfkgnonkmififhfo?pli=1

ကဲ… Developer ကြီးတို့ရော သုံးကြည့်ဖူးကြလား အတွေ့အကြုံလေးတွေပြန်လည်မျှဝေပေးသွားပါဦးနော် 👀

#creative_coder_myanmar
#autofill
#extension
#fakefiller