Creative Coder Myanmar
1.38K subscribers
547 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐝𝐞𝐫 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐘𝐞𝐚𝐫 𝐄𝐧𝐝 𝐉𝐨𝐮𝐫𝐧𝐞𝐲 

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

2023 ကလည်းမကြာခင်ကုန်တော့မှာဆိုတော့ ဒီတစ်နှစ်အတွင်း Creative Coder မှာဘာတွေလုပ်ခဲ့သလဲဆိုတာ ကို မိတ်ဆွေတို့ကိုပြောပြပေးချင်ပါတယ်။

2020 ကစတင်ခဲ့တဲ့ Creative Coder အတွက် ဒီ 2023 ခုနှစ်ဟာ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တဲ့နှစ်လို့ဆိုရမှာပါ။

ကိုယ်ပိုင် team နဲ့ Creative Coder Myanmar Website ကို run နိုင်ခဲ့ပြီး အပြင်မှာ ရုံးခန်းနဲ့ကျောင်းကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ကျောင်းသားတွေရဲ့ Web Development ခရီးစဉ် အစအဆုံးကို တာ၀န်ယူနိုင်ဖို့အတွက် Creative Coder Myanmar ကနေ အခုလက်ရှိ အတန်းပုံစံ သုံးခုဖွင့်လှစ်ထားရှိပေးပါတယ်။

📝 Website ကနေလေ့လာလို့ရတဲ့ အတန်း
📝 Zoom မှတစ်ဆင့်သင်ယူလေ့လာနိုင်တဲ့အတန်း
📝 ဆရာနဲ့မျက်နှာချင်းဆို ကျောင်းကိုလာရောက်ပြီးသင်နိုင်တဲ့ In Class အတန်းတွေပဲဖြစ်ပါတယ်။

လက်ရှိမှာ Web Development Foundation Class Batch 3 အထိဖွင့်လှစ်နိုင်ခဲ့ပြီး Laravel Zoom Class Batch 5 အထိရောက်ခဲ့ပြီးဖြစ်ပါတယ်။

Website မှာ ပညာသင်ယူနေကြတဲ့လစဉ်ကျောင်းသား (၃၀၀) 
ကျော်ရှိပြီး စုစုပေါင်းကျောင်းသား (၃၃၉၅) ယောက် 
စုစုပေါင်း ရှိပြီလည်းဖြစ်ပါတယ်။

Creative Coder ရဲ့ခရီးစဉ်မှာပါ၀င်ပေးခဲ့ကြတဲ့ ကျောင်းသားတစ်ဦးချင်းစီတိုင်းကိုလည်း Creative Coder မှအထူးကျေးဇူးတင်ရှိပါတယ်။

2024 မှာလည်းပိုပြီးကောင်းမွန်၊အရည်အသွေးပြည့်၀တဲ့ သင်ခန်းစာတွေ၊ သင်တန်းတွေကိုဖွင့်လှစ်ပေးသွားမှာမို့စောင့်ကြည့်ဖို့မနေ့ကြနဲ့နော် 👀

ကျောင်းသားတွေကရော Creative Coder နဲ့ပတ်သက်ပြီးဘယ်လိုအမှတ်တရတွေရှိခဲ့လဲဆိုတာ ပြောပြပေးသွားကြပါဦးနော် 👀❤️🥳

#creative_coder_myanmar
#web_development
#2023
#2024
❝𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တို့အတွက် 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐑𝐞𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧❞
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

နှစ်ဟောင်းကုန်လို့ နှစ်သစ်လည်းရောက်ခါနီးပြီဆိုတော့ Developer ကြီးတွေအနေနဲ့ နှစ်သစ်အတွက်ဘာတွေများကြိုတင်ပြင်ဆင်ပြီးကြပြီလဲ ?

မပြင်ရသေးဘူးဆိုရင်ကျွန်တော်နဲ့ အတူ New Year Resolution လေးပြင်ကြည့်ရအောင် 👀

New Year Resolution ကိုပြင်ဆင်ခြင်းအားဖြင့် နှစ်သစ်ကိုရောက်တဲ့အခါ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ပိုသိလာစေပြီး ရှင်းလင်းတဲ့ goal တွေကိုချမှတ်နိုင်ဖို့အကူအညီပေးပါတယ်။

စာအုပ်နဲ့ခဲတံလေးဖြစ်စေ ၊ ဖုန်းထဲက note ထဲမှာဖြစ်စေ လိုက်မှတ်ထားဖို့တော့လိုပါတယ်။ 

📝 ပထမဆုံးကုန်ဆုံးတော့မှာဖြစ်တဲ့ 2023 တစ်နှစ်လုံးမှာ ကိုယ်ဘာတွေပြီးမြောက်ခဲ့လဲ ? ဘာတွေလုပ်ဖို့လိုအပ်ခဲ့လဲဆိုတာ reflection ပြန်လုပ်ပါ။ ပြီးရင်တော့ ဒီတစ်နှစ်လုံးကိုကောင်းမွန်စွာဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် appreciate လုပ်ဖို့မမေ့ပါနဲ့ ။

📝 နောင်တစ်နှစ်အတွက် အစီအစဉ်ချတဲ့အခါ သတိထားရမှာက တစ်နှစ်အတွင်းမှာ ဖြစ်မြောက်နိုင်တာကိုပဲထည့်ရေးတာပါ။ ကိုယ့်ရဲ့ goal ကကြီးရုံတင်မကဘဲ clear လည်းဖြစ်နေဖို့လိုအပ်ပါတယ်။
ဥပမာ - နောင်နှစ်ကျရင် programming language တစ်ခုထပ်လေ့လာမယ် ဒါဆိုရင် ဖြစ်နိုင်ချေရှိတဲ့ goal ပါ။
နောင်နှစ်ကျရင်တော့ programming language ‌၁၀ ခုလောက်ရအောင်လေ့လာမယ်ဆိုတာကတော့ ကြီးပေမယ့် unclear မဖြစ်တဲ့ goal လို့ဆိုရမှာပါ။ ဒါကြောင့် ၂၀၂၄ အတွက် ကြိုတင်ချမှတ်တဲ့ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာအတွင်းမှာပဲဖြစ်သင့်ပါတယ်။

📝 Developer တွေလုပ်လို့ရတဲ့ goal လေးတွေကို ဥပမာ အနေနဲ့ကြည့်လိုက်ရအောင် 👀
📌 Programming Language အသစ်သင်တာ
📌 Open source project တစ်ခုခုမှာပါ၀င်တာ
📌 ကိုယ်က အလုပ်အတွေ့အကြုံလိုအပ်နေတာဆိုရင်  Internship တွေလျှောက်ကြည့်တာ
📌 ကိုယ့်ရဲ့ coding style ကိုပြောင်းကြည့်တာ (ဥပမာ clean & clear ဖြစ်တဲ့ code ရေးတဲ့အလေ့အကျင့်ကို‌ပျိုးထောင်တာ)
📌 Hard Skill တင်မဟုတ်ဘဲ soft skill ကိုထည့်သွင်းလေ့ကျင့်တာ 
📌 Linkedin Profile ကိုကောင်းကောင်းပြင်ဆင်ထားတာ
📌 Developer Conference တွေ Meetup တွေတက်တာ 
📌 Work Life Balance ကိုညီအောင်ကြိုးစားတာ
📌 Developer Network ကိုချဲ့ထွင်တာမျိုးတွေပြုလုပ်လို့ရပါတယ်။

📝 နောက်တစ်ခုကတော့ ကိုယ့်ရဲ့ progress ကိုပြန်ကြည့်ဖို့အတွက် notion လို project management tools တွေအသုံးပြုပြီး ကိုယ့်ရဲ့ တနေ့တာ ကို စီမံခန့်ခွဲတာပဲဖြစ်ပါတယ်။

ဒီအချက်လေးတွေထဲကမှ Developer ကြီးတို့အနေနဲ့  ကိုယ့်အတွက်အဆင်ပြေတဲ့ လိုက်လုပ်နိုင်တဲ့ goal တွေကိုမှတ်ပြီး 2024 အတွက် New Year Resolution လိုက်လုပ်နိုင်ပါတယ်။

Developer ကြီးတို့ရော 2024 အတွက် ဘယ်လိုအစီအစဉ်တွေရှိလဲဆိုတာ comment မှာပြောပေးသွားကြပါဦးနော် 👀

#creative_coder_myanmar
#resolution 
❝𝐕𝐮𝐞 နဲ့ 𝐋𝐚𝐫𝐚𝐯𝐞𝐥 ဘယ်လိုချိတ်ဆက်အလုပ်လုပ်လဲ?❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder ဟာ 2020 ခုနှစ်တည်းကစတင်ပြီး Vue နဲ့ Laravel အတန်းတွေဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Creative Coder ကအတန်းတွေကိုတက်ရောက်ပြီး လုပ်ငန်းခွင်၀င်တဲ့‌သူတွေလည်းတော်တော်များများရှိနေပြီဖြစ်ပါတယ်။
ဒီနေ့မှာတော့ frontend framework တစ်ခုဖြစ်တဲ့ Vue နဲ့ backend Framework တစ်ခုဖြစ်တဲ့ Laravel တို့ဘယ်လိုချိတ်ဆက်အလုပ်လုပ်ကြလဲဆိုတာပြောပြပေးချင်ပါတယ်။

Vuejs ဟာ frontend ပိုင်းမှာဖြစ်တဲ့ dynamic & interactive ဖြစ်တဲ့အပိုင်းတွေကိုကိုင်တွယ်ပြီး Laravel ကတော့ server side logic တွေနဲ့ frontend နဲ့ backend ကိုချိတ်ဆက်ပေးဖို့အတွက် API ထုတ်ပေးတဲ့အပိုင်းတွေမှာအသုံး၀င်တာဖြစ်ပါတယ်။
ဒီ Framework နှစ်ခုပေါင်းစပ်အလုပ်လုပ်ခြင်းအားဖြင့် developer တွေအနေနဲ့ responsive ဖြစ်တဲ့ web application တွေကိုဖန်တီးရေးသားနိုင်မှာပဲဖြစ်ပါတယ်။

Client side Development ပိုင်းမှာ Vuejs ကိုအဓိကအသုံးပြုပြီး Vue Component တွေနဲ့ HTMl based template တွေ ၊ JavaScript Logic တွေ CSS ကို styling လုပ်တာတွေပြုလုပ်လို့ရပါတယ်။ Vue Router ကိုတော့ Vuejs application တွေမှာ route တွေသတ်မှတ်တာမျိုးတွေအတွက်အသုံးပြုလို့ရပါတယ်။

Laravel ကိုတော့ web application တစ်ခုရဲ့ server side development ပိုင်းမှာအသုံးပြုပြီး server side PHP Framework တစ်ခုအနေနဲ့ routing , controller, models နဲ့ view စတဲ့ feature တွေထည့်သွင်းနိုင်ပါတယ်။ 
ဒါ့အပြင် Laravel ရဲ့ RESTful API တွေ ကလည်း frontend နဲ့ဆက်သွယ်နိုင်ပါတယ်။ ဒီနေရာမှာ API တွေကနေတစ်ဆင့် data retrive လုပ်တာတွေ ၊ သိမ်းတာတွေ ၊ server side မှာ data manipulation လုပ်တာတွေအထိပြုလုပ်လို့ရပါတယ်။

ဒါကတော့ Vue နဲ့ Laravel တွဲပြီးဘယ်လိုအလုပ်လုပ်တာလဲဆိုတာ အမြည်းလေးပြောပြပေးခဲ့တာဖြစ်ပါတယ်။ 

Vue + Laravel နဲ့ပတ်သက်ပြီး Creative Coder ကနေ 100% free webinar လေးစီစဉ်ပေးထားတာလေးမကြာခင်မှာ page ကနေတင်ပေးသွားဖို့ရှိပါတယ်။ 
နှစ်ရက်တာ Webinar လေးမှာ Vue / Laravel နဲ့ပတ်သက်တဲ့အကြောင်းအရာအပြည့်အစုံကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ 
လူအရေအတွက်အကန့်အသတ်လေးလည်းရှိတာမို့ မြန်မြန်လေး register လုပ်ထားမှစိတ်ချရမယ့်အကြောင်းလေးလည်းကြိုတင်သတိပေးလိုက်ရပါတယ်ခင်ဗျာ 🤭💯🎉

#creative_coder_myanmar
#vue
#laravel 
❝ အများဆုံးအယောက် (၈၀) သာလက်ခံပေးသွားမယ့် 𝐕𝐮𝐞 + 𝐋𝐚𝐫𝐚𝐯𝐞𝐥 𝐅𝐫𝐞𝐞  𝟏𝟎𝟎% 𝐖𝐞𝐛𝐢𝐧𝐚𝐫❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder ကနေ  နှစ်ရက်တာ ပြုလုပ်သွားမယ့် Vue + Laravel Webinar လေးရောက်ရှိလာပါပြီ။

ဒီ Webinar လေးမှာ အဓိကပြောပြပေးသွားမယ့် Speaker ကတော့ဆရာ လှိုင်မင်းသန်းပဲဖြစ်ပြီး Creative Coder Myanmar ရဲ့ Founder တစ်ဦးလည်းဖြစ်ကာ လက်ရှိမှာလည်း Vue နဲ့ Laravel project တွေကို ဦးဆောင်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။

ဒီ Webinar လေးကိုပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ Creative Coder မှာ Vue နဲ့ Laravel ကိုလေ့လာနေတဲ့ကျောင်းသားတွေအပြင် Vue နဲ့ Laravel Developer တွေအတွက် Tips & Tricks တွေကိုမျှဝေပေးသွားဖို့ပဲဖြစ်ပါတယ်။

ဒီ Webinar မှာ အဓိကပြောပြပေးသွားမယ့်အကြောင်းအရာတွေကတော့ 
📝 Vue နဲ့ Laravel ဘယ်လိုချိတ်ဆက်အလုပ်လုပ်ကြလဲ?
📝 Real World Project တွေက Vue နဲ့ Laravel အကြောင်းတွေပဲဖြစ်ပါတယ်။

ဒါ့အပြင် ဆရာရဲ့ သုံးနှစ်တာ အတွေ့အကြုံတွေနဲ့ထပ်ပေါင်းပြီးပြောပြပေးသွားမှာဦးလည်းဖြစ်ပါတယ်။ 

Webinar ရဲ့နောက်ဆုံးနေ့မှာ Creative Coder ရဲ့ Vue + Laravel Internship Program တွေနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်းပြောပြပေးသွားမယ့်အပြင် သိလိုတဲ့မေးခွန်းတွေကိုလည်းဆရာ့ကိုတိုက်ရိုက်မေးလို့ရဦးမှာဖြစ်ပါတယ်။ 

Webinar ပြုလုပ်မယ့်ရက်လေးနဲ့ အချိန်ကတော့ January 13,14 (8 pm to 10:30 pm) အထိပဲဖြစ်ပါတယ်။ 

ဒီနှစ်ရက်တာ Webinar လေးကိုအခမဲ့တက်ရောက်နိုင်မှာဖြစ်ပြီး ပါ၀င်တက်ရောက်ချင်သူတွေအနေနဲ့အောက်ပါအချက်လေးတွေကို လိုက်လုပ်ပေးရမှာဖြစ်ပါတယ်။
👉 ပထမဆုံးတစ်ခုကတော့ လူအရေအတွက်အကန့်အသတ်နဲ့ဖြစ်တာကြောင့် တက်ရောက်တဲ့သူတိုင်းနှစ်ရက်တာကို မပျက်မကွက် တက်ရောက်ပေးရမှာဖြစ်ပါတယ်။ regsiter လုပ်ထားပြီးမတက်ရောက်တဲ့သူတွေက Cretaive Coder ရဲ့မည်သည့် အတန်းကိုမှတက်ရောက်ခွင့်ရှိတော့မှာမဟုတ်ပါဘူး။

👉 ‌ဒီ post လေးကို like & share လုပ်ပြီး screenshot လေးနဲ့အတူ comment မှာသူငယ်ချင်းသုံးယောက်ကို mention ခေါ်ပေးရမှာဖြစ်ပါတယ်။ 

👉 စည်းကမ်းချက်လေးနဲ့အညီလုပ်ဆောင်သူတိုင်းကို chat box ကနေပြီးတက်ရောက်ရမယ့် အချက်အလတ်အပြည့်အစုံကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ 

လူအရေအတွက်ကန့်သတ်ထားတာမလို့တက်ရောက်ချင်တယ်ဆိုရင်မြန်မြန်လေးပါ၀င်ဖို့တော့လိုပါတယ် မိတ်ဆွေတို့ရေ 💯🎉

#creative_coder_myanmar
#free
#vue
#laravel
#webinar
❝𝐈𝐧 𝐂𝐥𝐚𝐬𝐬 အတန်းတွေရဲ့ ၀န်ဆောင်မှုများ 👉📝💯

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

အခုလက်ရှိမှာ Creative Coder မှာ In Person အတန်းတွေဖွင့်လှစ်ထားရှိပေးထားပါတယ်။

လက်ရှိဖွင့်လှစ်ထားတဲ့ အတန်းတွေကတော့
💯 Web Development Foundation Class
💯 PHP & Deep Dive Laravel အတန်းတွေပဲဖြစ်ပါတယ်

ဒီအတန်းတွေဟာ ကျောင်းသားတွေရဲ့သင်ယူတတ်မြောက်မှုနဲ့ လက်တွေ့အသုံးချနိုင်မှုတွေကိုဦးစားပေးထားတဲ့အတန်းတွေဖြစ်ပါတယ်။
သင်ခန်းစာတစ်ခုပြီးတိုင်းမှာ သင်ယူလိုက်ရတဲ့အရာတွေကို project တွေထဲမှာ လက်တွေ့ထည့်သွင်းအသုံးချပြရမှာဖြစ်ပါတယ်။
ဒါကြောင့် အတန်းပြီးသွားတာနဲ့ လက်တွေ့အသုံးချတတ်သွားမှာဖြစ်ပြီး လုပ်ငန်းခွင်၀င်နိုင်အောင်နဲ့လေ့လာမှုကို တစ်ဆင့်မြှင့်တင်ပေးလိုက်မှာပဲဖြစ်ပါတယ်။

In Person ကျောင်းသားတွေအနေနဲ့ရရှိနိုင်တဲ့ ၀န်ဆောင်မှုတွေကတော့

👉 အတန်းချိန်တစ်ချိန်အတွင်းမှာ Assistant Teacher နှစ်ယောက်၊သုံးယောက်ထားပေးထားပြီး မသိတာတွေ နားမလည်တာတွေကို တစ်ခါတည်း မေးလို့ရအောင်စီစဉ်ပေးထားပါတယ်။

👉 စာသင်ချိန်အတွင်းမှာ မီးပျက်ခဲ့ရင်လည်းမီးစက်နှိုးလို့ရအောင်စီစဉ်ထားပေးပါတယ်။

👉 Coffee Free Flow ထားရှိပေးပါတယ်။

👉 Laptop အခက်အခဲရှိရင်လည်းယူသုံးလို့ရအောင်စီစဉ်ထားရှိပေးပါတယ်။

In Person အတန်းတွေမှာ စာချည်းပဲသင်တဲ့ပုံစံမျိုးနဲ့သွားတာမဟုတ်ဘဲ ‌ဆွေးနွေးသင်ကြားတဲ့ပုံစံတဲ့သွားတာဖြစ်တဲ့အတွက် ရင်းနှီးနွေးထွေးတဲ့ environment မှာသင်ကြားနေရသလိုခံစားနေရမှာဖြစ်ပါတယ်။

ဒီအတန်းတွေမှာ recording တွေကိုလည်း စီစဉ်ပေးထားပြီး နားမလည်တာတွေရှိရင် lifetime support ပေးထားတဲ့ recording တွေကိုပြန်ကြည့်လို့ရပါတယ်။

ကျောင်းသားတွေအပေါ် အမြဲတမ်းအကောင်းဆုံးတွေကိုပဲပေးဖို့ကြိုးစားနေတဲ့ Creative Coder ကနေနောက်ထပ်လည်းပိုကောင်းတဲ့ ၀န်ဆောင်မှုတွေပေးသွားဖို့ရှိသေးလို့ ဆက်လက်စောင့်ကြည့်ဖို့မမေ့နဲ့နော် 👀💕

#creative_coder_myanmar
#in_person
#web_development
❝𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အတန်းကဘယ်လိုအာမခံချက်တွေနဲ့ သင်ကြားပေးနေလဲ ???❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder ရဲ့ Web Development Foundation အတန်းဟာ Web Development ကိုစိတ်၀င်စားပြီး ဘယ်ကနေစရမလဲမသိတဲ့လူငယ်တွေ ၊ လေ့လာလည်းလမ်းပျောက်နေသူတွေအတွက်ရည်ရွယ်ပါတယ်။
ဒီအတန်းကနေ အာမခံချက်ပေးနိုင်တာနှစ်ခုရှိပါတယ်။

အဲ့တာကတော့ အမှန်တကယ်အခြေခံကို တတ်မြောက်ကျွမ်းကျင်သွားဖို့နဲ့ ရှေ့ဆက်လေ့လာရမယ့် ပညာတွေအတွက် project တွေမှာ ကိုယ်တတ်ထားတာတွေကို အမှန်တကယ် ထည့်သုံးတတ်နိုင်ဖို့ပဲဖြစ်ပါတယ်။

ပညာရပ်တစ်ခုကိုစတင်လေ့လာမယ့် သူတိုင်းအတွက် အခြေခံအဆင့်ဟာအရေးကြီးဆုံးပဲဖြစ်ပါတယ်။ 
အခြေခံကိုကျွမ်းကျင်ပိုင်နိုင်မှသာ ဆက်လေ့လာဖို့လွယ်ကူမှာဖြစ်ပါတယ်။ Web Development Foundation Class ကိုလက်တွေ့မှာ လုပ်ငန်းခွင်၀င်နေတဲ့ Instructor တွေကိုယ်တိုင် Course Curriculum ရေးဆွဲထားတာဖြစ်ပြီး beginner တွေအတွက်လိုအပ်တဲ့အကြောင်းအရာတွေအကုန် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ Creative Coder ကနေပေးနိုင်တဲ့ ပထမအာမခံချက်တစ်ခုဖြစ်တဲ့ အခြေခံခိုင်မာဖို့ပဲဖြစ်ပါတယ်။

နောက်တစ်ခုကတော့သင်ယူထားသမျှကိုလက်တွေ့မှာ ထည့်သွင်းအသုံးချတတ်ဖို့ဖြစ်ပါတယ်။ 
Web Development နယ်ပယ်ဟာ သင်ယူထားတာတွေကို လက်တွေ့မှာတကယ်အသုံးချနိုင်မှသာသေချာတတ်မြောက်ပြီလို့ပြောလို့ရတာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့စီစဉ်ပေးထားတာတွေကတော့ သင်ခန်းစာတစ်ခုပြီးတိုင်း လက်တွေ့ project တွေပြုလုပ်စေတာဖြစ်ပါတယ်။ သင်တန်းတစ်ခုလုံးမှာ mini Project တွေနဲ့ final project တွေကိုထည့်သွင်းထားပြီး အကုန်ပြီးမြောက်ပြီး တတ်မြောက်ကျွမ်းကျင်မှသာ Creative Coder ရဲ့အသိအမှတ်ပြုလက်မှတ်ကိုရှိမှာဖြစ်ပါတယ်။ 
ဒါကတော့ကျွန်တော်တို့နောက်ထပ်အာမခံချက် ပေးနိုင်တဲ့စာတွေ့လက်တွေ့ ရောနှောသင်ကြားပေးမှုပဲဖြစ်ပါတယ်။

ဒီအတန်းကပြီးသွားတဲ့ကျောင်းသားတွေဟာ အခြေခံကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်သွားပြီး ကိုယ်သွားချင်တဲ့လမ်းကိုဆက်လက် လေ့လာဖို့လွယ်ကူသွားမှာလည်းဖြစ်ပါတယ်။

သင့်ရဲ့ Web Development ခရီးစ‌ဉ်ကိုအခုလိုအာမခံချက်တွေပေးထားတဲ့ Creative Coder မှာစတင်ချင်တယ်ဆိုရင်တော့ အခုပဲ page messenger ကနေတစ်ဆင့်ဆက်သွယ်လိုက်ပါ ☎️


#creative_coder_myanmar
#web_development_foundation 
❝𝐖𝐞𝐛 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 အခြေခံအတန်းမှလက်တွေ့ 𝐩𝐫𝐨𝐣𝐞𝐜𝐭 များ❞
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder ကနေလက်ရှိဖွင့်လှစ်ထားတဲ့ In Class အတန်းတစ်ခုဖြစ်တဲ့ Web Development Foundation အတန်းဟာ ‌ကျောင်းသားတွေရဲ့တတ်မြောက်မှုကို အလေးပေးထားတဲ့ အတန်းဖြစ်တာနဲ့အညီ သင်ထားသမျှကို ကျောင်းသားတွေ လက်တွေ့မှာ ပြန်လည်အသုံးချနိုင်ဖို့က သင်တန်းရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဘယ်လို animation မဆိုချည်းကပ်ရေးသားနိုင်ဖို့ ကလည်းသင်တန်းရဲ့ အဓိကအချက်ပဲဖြစ်ပါတယ်။ 

ဒါကြောင့်သင်တော့ သင်လိုက်တယ် ဒါပေမယ့် သင်တန်းပြီးတဲ့ အချိန်ကျရင် လက်တွေ့မှာ ပြန်လည်အသုံးမချတတ်တာမျိုးမဖြစ်ရလေအောင် ကျွန်တော်တို့ Cretaive Coder မှာကျောင်းသားတွေ သင်ပြီးသမျှအသုံးချနိုင်စေဖို့ လက်တွေ့ project များစွာစီစဉ်ပေးထားပါတယ်။

သင်တန်းတစ်ခုလုံးမှာ စာသင်ရင်း Instructor နဲ့အတူ လုပ်ရမယ့် project တွေအပြင် ‌သင်တန်းအပြီးမှာ ကိုယ်တိုင်လုပ်ရမယ့် final project တွေနဲ့စုစုပေါင်း project (၁၀) ခုအထိရှိမှာပဲဖြစ်ပါတယ်။ 

Project အသေးတွေမှာဆိုရင်တော့ card design , table design နဲ့ animation တွေပါ၀င်လုပ်ဆောင်ပေးရမှာဖြစ်ပြီး သင်ပြီးသမျှသင်ခန်းစာထဲက အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပြီးတိုင်း စာထဲကဟာကိုလက်တွေ့ အသုံးချလို့ရတဲ့ project တွေပြုလုပ်သွားရမှာဖြစ်ပါတယ်။

Project အကြီးအနေနဲ့ဆိုရင် 
👉 HTML / CSS နဲ့တစ်ခု
👉 Bootstrap နဲ့တစ်ခု
👉 Tailwind project

တွေရေးသားရမှာဖြစ်ပါတယ်။ 

Final Project အနေနဲ့ဆိုရင်တော့ eCommerce site ရေးရမှာဖြစ်ပြီး project ရဲ့အခြေအနေပေါ်မူတည်ကာ သင်တန်းအောင်မြင်စွာပြီးဆုံးကြောင်း Certificate ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်။

အမှန်တကယ်စာလုပ်ပြီး သင်တန်းပြီးတဲ့အခါ ကျွမ်းကျင်စွာတတ်မြောက်သွားချင်တယ်ဆိုရင်တော့ အခြေခံခိုင်မာဖို့အတွက် Creative Coder မှာ သင့်ရဲ့ web development ခရီးစဉ်ကို စတင်လိုက်ပါ💯

အခုလက်ရှိဖွင့်လှစ်ထားတဲ့ Web Development Foundation In Class အတန်းလေးကို early bird Discount နဲ့အပ်နှံလို့ရသေးကြောင်းလည်းသတင်းကောင်းပါးအပ်ပါတယ်။

သင်တန်းအသေးစိတ်ကို အောက်ပါ link မှာကြည့်ရှုနိုင်ပါတယ် >>>>>


#creative_coder_myanmar
#website
#foundation
❝𝐏𝐇𝐏+ 𝐋𝐚𝐫𝐚𝐯𝐞𝐥 𝐈𝐧 𝐂𝐥𝐚𝐬𝐬 မှာ 𝐑𝐞𝐚𝐥 𝐖𝐨𝐫𝐥𝐝  𝐁𝐥𝐨𝐠 𝐬𝐲𝐬𝐭𝐞𝐦 တစ်ခုကိုအတူတည်ဆောက်သွားကြမှာဖြစ်ပါတယ် 💯🎉

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder Myanmar ကနေလက်ရှိဖွင့်လှစ်ထားတဲ့ Laravel In Class အတန်းလေးမှာ ထည့်သွင်းထားတဲ့ Project ကတော့ကျောင်းသားတွေကိုယ်တိုင်ဆရာနဲ့ အတူတည်ဆောက်ရေးသားသွားကြရမယ့် Blog System Project ပဲဖြစ်ပါတယ်။ 

ဒီ Laravel In Class အတန်းလေးဟာ Batch (2) အထိရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီအတန်းမှာဆိုရင် PHP Basic ကနေစတင်ကာ Laravel Advanced level အထိ backend Project တစ်ခုကို ကိုယ်တိုင်စဉ်းစားပြီးရေးတတ်အောင်သင်ပြပေးသွားမှာပါ။

Why ? ပုံစံကိုအခြေခံကာ သင်ကြားပေးသွားမှာဖြစ်ပြီး သူ့နောက်မှာတော့ ဘယ်လိုသုံးရမလဲဆိုတဲ့ How? ကပ်ပြီးတော့ကျောင်းသားတွေ နားလည်လွယ်အောင်နဲ့ စဉ်းစားတတ်တွေးခေါ်တတ်အောင် ဦးစားပေးသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ 

Laravel Project က Blog system Project ဖြစ်ပါတယ်။ သာမန် CRUD Level လောက်ပဲပါမှာမဟုတ်ပဲ Real World Blog System တစ်ခုကို ဖန်တီးသွားကြရမှာဖြစ်ပါတယ်။

ဒီ project ကြီးတစ်ခုလုံးမှာ ဘယ်အပိုင်းတွေပါမလဲဆိုရင် 

👉 Blog Management (CRUD)
 👉Filter Blogs by Category
👉 Filter Blogs by  Author
👉 Comment System
 👉Admin/User Role Permission and Authorization
👉 Blog Subscribe Feature
 👉Marketing & Notification Email Sending Features
 👉Upload File
 👉Real world deployment with VPS Server and custom domain

Real World Project တစ်ခုကို ဆရာနဲ့ တူတူ HTML CSS သိထားတဲ့ အခြေခံ Level လေးကနေစပြီး PHP Basic to Real world Laravel Project Level ထိ ဖြေးဖြေးနဲ့မှန်မှန်သင်ကြားသွားရမှာဖြစ်ပါတယ်။

ဒါကြောင့် programming language တစ်ခုကို အစအဆုံးတတ်မြောက်ချင်တယ် ၊ ကိုယ့်ဘာသာစဉ်းစားတွေးခေါ်ပြီးရေးတတ်ချင်တယ်ဆိုရင်တော့ ဆရာနဲ့ တိုက်ရိုက်သင်ကြားရမယ့် PHP + Laravel အတန်းလေးကအသင့်တော်ဆုံးပဲဖြစ်မှာပါ။

လူအရေအတွက် အကန့်အသတ်လေးလည်းရှိတာကြောင့် သင်တန်းအပ်ချင်တယ်ဆိုရင် အခုပဲ page messenger ကနေတစ်ဆင့်ဆက်သွယ်လိုက်ပါ 💯🎉

#creative_coder_myanmar
#laravel
#php
❝𝐇𝐓𝐌𝐋 𝐂𝐒𝐒 ရရုံနဲ့လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ သင်ကြားပေးမယ့် 𝐏𝐇𝐏 + 𝐋𝐚𝐫𝐚𝐯𝐞𝐥 𝐈𝐧 𝐂𝐥𝐚𝐬𝐬❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

HTML CSS သိထားရုံနဲ့ Creative Coder ကနေအခုလက်ရှိဖွင့်လှစ်ထားတဲ့ PHP Laravel In Class ကို join လို့ရပါတယ်။

Web Development Foundation ပြီးမြောက်ထားပြီး Backend Developer အဖြစ် စတင်ချင်တဲ့လူငယ်တွေအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့အတန်းလေးပဲဖြစ်ပါတယ်။

ဒီအတန်းမှာ ပထမအပိုင်းကို PHP basic ကနေစတင်ပြီး Advanced Level အထိသင်ကြားပေးသွားမှာဖြစ်ပြီး ဒုတိယအပိုင်းအနေနဲ့ Laravel Framework ကိုစတင်မိတ်ဆက်ပေးထားပြီး Laravel နဲ့ Project တွေလုပ်နိုင်တဲ့အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 

Creative Coder ဟာ Laravel အတန်းတွေကို 2020 ခုနှစ်တည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး In Class ရော Zoom အတန်းရော Website ကနေလေ့လာနိုင်တဲ့ screencast အတန်းတွေကိုပါ Creative Coder မှာထားရှိပေးထားပါတယ်။

📝 Web Development အခြေခံတွေလေ့လာပြီး language တစ်ခုဆက်ပြီးလေ့လာချင်သူ
📝 Backend Developer အဖြစ်ရပ်တည်ချင်သူတွေ 
📝 Framework တစ်ခုရဲ့အလုပ်လုပ်ပုံကို အတွင်းကျကျ နားလည်ချင်သူတွေ
📝 Real world project တွေရဲ့ အတွေ့အကြုံရချင်သူတွေအတွက် သင့်တော်တဲ့အတန်းလေးဖြစ်ပါတယ်။ 

အခြေခံပြီးမြောက်ထားသူတွေအတွက် လုပ်ငန်းခွင်၀င်နိုင်တဲ့အထိ သင်ကြားပေးသွားမယ့် ဒီအတန်းလေးဟာ PHP Laravel နဲ့ လုပ်ငန်းခွင်၀င်ဖို့ပြင်ဆင်နေတဲ့သူတွေအတွက် ပြင်ဆင်ထားတဲ့အတန်းလေးပဲဖြစ်ပါတယ်။ 

နှစ်လတစ်ခါ Batch အသစ်ဖွင့်လေ့ရှိပြီး အခုလက်ရှိမှာတော့ အပြင်မှာ ဆရာနဲ့တိုက်ရိုက်သင်ယူရမယ့် အတန်းလေးဖြစ်တဲ့ PHP+ Laravel In Class Batch (2) ကိုဖွင့်လှစ်ပေးထားပါတယ်။ Early Bird Discount လည်းရှိပြီး လူအရေအတွက်ကလည်းကန့်သတ်ထားသေးတာဖြစ်လို့ နှစ်သစ်ကို သင်ယူလေ့လာမှုအသစ်တွေနဲ့ အစပြုချင်ရင် အခုပဲ Creative Coder Myanmar ရဲ့ page messenger မှာစာရင်းပေးပြီးတက်ရောက်နိုင်ပါတယ်။

#creative_coder_myanmar
#php
#laravel 
❝𝟐𝟎𝟐𝟒 မှာဖြစ်ချင်တာတွေ ချရေးခဲ့ပါ 📝👀

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

မိတ်ဆွေတို့အနေနဲ့ 2024 မှာဖြစ်ကိုဖြစ်ရမယ်ဆိုမျိုး သတ်မှတ်ထားတဲ့ goal တွေရှိပါသလား?

ဥပမာ - language တစ်ခုကိုပြီးအောင်လေ့လာမယ်ဆိုတာမျိုး ၊ frontend developer or backend Developer အဖြစ်အလုပ်၀င်နိုင်ရမယ်ဆိုတာမျိုးတွေဖြစ်ပါတယ်။

ဒီနှစ်စမှာတည်းကသေချာလေး အစီအစဉ်ချထားရင် တစ်နှစ်လုံးကိုလည်း ဒီအစီအစဉ်လေးအတိုင်းပဲ စနစ်တကျသွားနိုင်ပါလိမ့်မယ်။ ဒါဆို 2024 နှစ်ဆုံးရောက်တဲ့အခါ ကြိုးစားမှုရဲ့ အသီးအပွင့်ကိုခံစားရမှာမလွဲမသွေပါပဲ။
နှစ်စမှာတည်းက ‌ဒီလအတွက် ဘာလုပ်ရမယ် ၊ ဒီနှစ်အတွင်း ဘာဖြစ်အောင်လုပ်မယ်ဆိုတာမျိုးမရှိရင် နှစ်ကုန်တဲ့အခါကျ achievement ရေရေရာရာမရှိဘဲ တစ်နှစ်တာကုန်ဆုံးခဲ့ရတဲ့ အချိန်တွေဟာ အကျိုးမရှိသလိုဖြစ်သွားပါလိမ့်မယ်။

ဒါကြောင့် မိတ်ဆွေတို့အနေနဲ့လည်း နှစ်စမှာတည်းက ကိုယ်ဖြစ်ချင်တဲ့ goal နဲ့ goal ဆီကိုရောက်အောင်သွားမယ့် plan ကိုမချရသေးရင် ကြိုပြီး ချထားဖို့အကြံပေးချင်ပါတယ်။ 

ဒီနှစ်ကို အစီအစဉ်ချထားတဲ့မိတ်ဆွေတွေကရော ဘာတွေဘယ်လိုစီစဉ်ထားလဲ ဘာတွေကိုဖြစ်အောင်လုပ်သွားမှာလဲဆိုတာ အချင်းချင်းအားတက်သွားအောင် Comment မှာပြန်လည်မျှဝေပေးသွားပါဦးနော် 📝👇

ကျွန်တော်တို့ Creative Coder Myanmar ရဲ့ 2024 အတွက် plan ကိုတော့မနက်ဖြန်မှာပြောပြပေးသွားမှာပဲဖြစ်ပါတယ် 🤭

#creative_coder_myanmar
#plan
#2024