Creative Coder Myanmar
1.38K subscribers
547 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝𝐖𝐡𝐚𝐭 𝐢𝐬 𝐆𝐢𝐭 𝐑𝐞𝐯𝐞𝐫𝐭 ? ❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer မိတ်ဆွေတို့ မဖြစ်မနေသိရမဲ့ အထဲမှာ Git Command တွေအကြောင်းကလည်းပါ၀င်ပါတယ်။

Git Revert ဆိုတာ Git repository တွေကို manage လုပ်တဲ့ command တွေဖြစ်ပါတယ်။

Git Revert ကိုဘယ်လိုနေရာတွေမှာ အသုံးပြုသလဲဆိုရင်
👉 previous commit ကိုပြန်ပြောင်းချင်တဲ့အခါ (undo) အဖြစ်သုံးပါတယ်။ ဒါကိုသုံးတာက commit history တစ်ခုလုံးကိုပြောင်းလဲမသွားစေပါဘူး။
👉 ကိုယ်က record တစ်ခုကိုပြောင်းလဲပြီး ပြောင်းလဲသွားတာကို အခြား Developer တွေကို share ချင်တဲ့အခါသုံးလို့ရပါတယ်။
👉 Git Revert ကိုသုံးခြင်းက commit တွေအများကြီးနဲ့ deal လုပ်ရတဲ့အခါ ပိုပြီးလွယ်ကူစေပြီး safe ဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပိုပြီးနားလည်လွယ်အောင်ပြောရမယ်ဆိုရင်

Commit A နဲ့ Commit B ရှိတယ်ဆိုပါစို့

ကိုယ်က commit B မှာ ရေးနေပြီ ဒါပေမဲ့ commit B က ကုဒ်တွေကို အကြောင်းကြောင်းကြောင့် မတင်ချင်တော့ဘဲ commit A ကိုပဲ final ထားချင်တယ် ဆိုရင် git revert ကိုသုံးလို့ရပါတယ်

💯ထူးခြားချက်တွေက
Commit A ကို သွားတာမဟုတ်ဘဲ Commit A ထဲမှာ ရေးထားသမျှတွေကို commit အသစ်တစ်ခု create ပေးပြီး final version ထားပေးလိုက်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။

ဒီလိုမျိုးလုပ်ခြင်းအားဖြင့် Commit History ကိုလည်းထိခိုက်စေမှာမဟုတ်ပါဘူး။

Example Git Command လေးကတော့
git revert <commit> ဆိုတဲ့ command လေးပဲဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေတို့က လုပ်ငန်းခွင်မှာသုံးမယ်ဆိုရင် Git Revert က commit အသစ်ကိုဖန်တီးပေးပြီး မူရင်း history ကိုမထိခိုက်စေတဲ့အတွက် efficient ဖြစ်ပြီး
ပိုပြီးလည်း safe ဖြစ်ပါတယ်။

Developer တို့လုပ်ငန်းခွင်၀င်တော့မယ်ဆိုရင် Team နဲ့အတူတူတွဲပြီးအလုပ်လုပ်ရတော့မှာဖြစ်တဲ့အတွက် Git Command တွေကိုမဖြစ်မနေသုံးလာရတော့မှာဖြစ်ပါတယ်။ ဒီအခါမှာ ဘယ်လို Command ကတော့အကျိုးသက်ရောက်မှု ဘယ်လိုရှိတယ်ဆိုတာ လေ့လာထားသင့်ပါတယ်။
နောက်နေ့တွေ့မှာရော ဘယ် command လေးတွေအကြောင်းမျှဝေပေးရမလဲဆိုတာ comment မှာရေးပေးသွားခဲ့ကြပါဦးနော် 👀


#creative_coder_myanmar
#git_commands
#revert