GK&ကွန်ပျူတာဆိုင်ရာနည်းပညာ
2.22K subscribers
44 photos
3 links
Download Telegram
Computer ကိုသွက်အောင်လုပ်နည်း
"မင်္ဂလာပါ"
မိမိ computer ကို သွက်အောင်ဆိုပြီး
Run box ကနေ %temp% တို့ Recent
တို့နဲ့ ရှင်းတတ်ကြပါတယ်
ဒီနည်းလေးကတော့ နောက်တမျိုးပါ
ဆရာများ ကျော် ခွပြီးသွားကြပါ
လိုအပ်တာများမှာကြားပေးပါ
ကျေးဇူးတင်ပါတယ်
Credit..ကျော် ဇော အောင်
နှင့်
အိုင်တီလမ်းညွှန်
👍142
Laptop အသုံးပြုသူတွေမှာ Mouse Touchpad ပိတ်ထားချင်၊ ပြန်ဖွင့်ချင်တဲ့ ပြဿနာအမြဲကြုံလေ့ရှိပါတယ်။ Laptop Keyboard နဲ့စာရေးတဲ့သူတွေ ဂိမ်းဆော့တဲ့သူတွေမှာ အနှောင့်အယှက်ဖြစ်တတ်ကြတယ်။ ဒါကြောင့် Mouse Touchpad ဖွင့်/ပိတ်လုပ်လို့ရမယ့် နည်း(၆)နည်းကိုဖော်ပြပေးလိုက်ပါတယ်နော်။

နည်းလမ်း(၁) For Window 10 User Only
Window 10 အသုံးပြုသူတွေအတွက်လွယ်ကူတဲ့နည်းတစ်ခုကတော့ Start Button --> Setting--> Devices--> Touchpad--> Turn on (or) Turn Off မှာ ၀င်ရောက်ပြင်နိုင်ပါတယ်။

နည်းလမ်း(၂) Fn Key အသုံးပြုခြင်း
Fn Key နဲ့ အသံအတိုးအလျှော့လုပ်ရင်း အလင်းအမှောင်ချိန်ရင်း မှားနှိပ်မိလို့ Touchpad သုံးမရတော့တဲ့အခြေအနေမျိုးတွေမှာ ခဏခဏ ဖြစ်တတ်ပါတယ်။ အဲ့ဒီအခါကျရင် Fn Key ကို ဖိထားပြီး Function Key (F1, F2, F3,...,F12) တစ်ခုခုကိုနှိပ်ကြည့်ပါ။ တစ်ချိုစက်တွေမှာတော့ Fn+F7 နဲ့အဆင်ပြေသွားပါတယ်။ ကိုယ့်ရဲ့စက်အမျိုးအစားပေါ်မူတည်ပြီး Key တွေ မတူတတ်လို့ပါ။ Lenovo, Dell, HP, Toshiba, Acer, Asus Laptops တွေမှာဆိုရင်တော့ အောက်မှာပြထားတဲ့ Key တွေနဲ့စမ်းကြည့်လို့ရပါတယ်။

Fn + F6
Fn + F9
Fn + F12
Fn + F5

နည်းလမ်း(၃) Mouse Properties
တစ်ခါတစ်လေကျရင် Device Manager ထဲမှာ Disable ဖြစ်နေရင်လည်း Touchpad သုံးလို့မရပါဘူး။
Control Pannel-->Device Manager
သို့မဟုတ်
Window + R --> main.msc-->Ok ဖြင့် Device Manager သို့၀င်ပါ။

Device Manager သို့ရောက်ပါက -->Mice and other pointing Device ကို Double Click ဖြင့်ဖွင့်ပါ။ မိမိ Device ပေါ်မှာ Right Click --> Properties ဖြင့် Mouse Properties သို့၀င်ပါ။ (Laptop အမျိုးအစားပေါ်မူတည်ပြီး Touchpad Name တွေကွဲလွဲနိုင်ပါတယ်။ နမူနာအားဖြင့် Dell TouchPad, Lenovo TouchPad, Synaptics အစရှိတဲ့နာမည်တွေနဲ့ရှိတတ်ပါတယ်။)
(သို့မဟုတ်)
Window + R--> main.cpl--> OK ဖြင့်၀င်ပါ။
Box ကျလာလျှင် Device Setting သို့၀င်ပါ။ မိမိရဲ့ Device name ကိုရွေးပါ။ Enable နှိပ်ပြီး OK လုပ်ပါ။

နည်းလမ်း(၄) Touchpad Driver ကို Update or Roll Back ပြုလုပ်ပေးပါ။
Device Manager သို့၀င်ပြီး သင့်ရဲ့ Touchpad ပေါ်မှာ Right Click နှိပ်ပါ။ သင့်ရဲ့ Touchpad ကိုတော့ Enable ပြုလုပ်ထားပြီး Update Driver လုပ်ပေးပါ။ Update လုပ်တာမအောင်မြင်ခဲ့ဘူးဆိုရင် အရင် Driverအဟောင်းကိုပြန်သွားဖို့ Roll Back ပြုလုပ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ Update လုပ်ဖို့လိုအပ်နေတယ်ဆိုရင်လည်း Touchpad သုံးလို့မရပါဘူး။

Touchpad Driver တွင်မကပဲ အခြားသောDriver များကို အလွယ်တကူ Update ပြုလုပ်နိုင်ရန်အတွက် Driver Easy Software ကိုအသုံးပြုနိုင်ပါတယ်။ အောက်ကလင့်မှာဒေါင်းနိုင်ပါတယ်။
http://cdn.drivereasy.com/kb/DriverEasy_Setup.exe
Software Run ပြီးပါက Scan ဖတ်လိုက်ပါ။ သင့်ရဲ့စက်မှာလိုအပ်နေတဲ့ Update မြှင့်ရမယ့် Drivers တွေထွက်လာပါလိမ့်မယ်။ မိမိစိတ်ကြိုက်ရွေးချယ် Down နိုင်ပါတယ်။

နည်းလမ်း(၅) မလိုအပ်တဲ့ Mouse Drivers များကိုဖြုတ်ပါ။

Mouse တွေကို Computer နဲ့ချိတ်သုံးပြီး အသုံးမလိုတော့ရင် ဒီတိုင်းဆွဲဖြုတ်တတ်ကြတယ်။ သူတို့ရဲ့ Drivers တွေကိုတော့ ပြန်မဖျက်မိဘူးမလား။ ဒါဆိုရင်တော့ အဲ့ဒီ Drivers တွေကလိုက်ပြီးနှောင့်ယှက်နေဦးမှာပါပဲ။ တစ်ချို့ Driver တွေဆိုရင် Touchpad ကိုတောင် အလိုအလျောက် Disable လုပ်ပစ်နိုင်ပါတယ်။ Device Manager သို့၀င်ပါ။ ဘယ်လို၀င်ရတယ်ဆိုတာ အပေါ်မှာပြပြီးသားဖြစ် ပါတယ်။ Mice and other pointing device ကို Double Click နှိပ်ပြီးဖွင့်ပါ။ ပြီးရင် မလိုအပ်တော့တဲ့ Mouse Driver တွေကို သင့်ရဲ့ Touchpad အလုပ်မလုပ်မခြင်း တစ်ခုပြီးတစ်ခု Uninstall လုပ်ပါ။

နည်းလမ်း(၆) BIOS ထဲသို့၀င်ပြီး Touchpad ကို Enable/ Disable စစ်ပေးပါ။
Computer Firmware တွေ Update လုပ်ပြီးတဲ့နောက်ပိုင်းဆို BIOS မှာ Touchpad Disable ဖြစ်နေတတ်ပါတယ်။ ဒါကိုစစ်ကြည့်ချင်တယ် ဆိုရင်တော့ ကွန်ပျူတာစတက်လာချင်းမှာပဲ Delete or F2(မိမိစက်အမျိုးအစားပေါ်မူတည်၍ကွဲလွဲနိုင်သည်) ကို ဆက်တိုက်နှိပ်ပြီး BIOS ထဲ၀င်ပါ။BIOS ထဲက Advanced မှာ Internal Pointing Device ကိုရွေးပါ။ Enable ပြုလုပ်ထားပေးပါ။ ပြီးနောက် Save Changes and Exit ဖြင့်ထွက်ပါ။

နည်းလမ်း(၇) Tablet PC Input Service ကို Disable ပြုလုပ်ထားပေးပါ။
သင့်ရဲ့ကွန်ပျူတာက Window 10 Touch Screen အမျိုးအစားဖြစ်နေမယ်ဆိုရင် touchpad ကို အနှောင့်အယှက်ပေးနိုင်တဲ့ Tablet PC Input Service ဆိုတာရှိနေပါတယ်။ အဲ့ဒီ Service ကိုမသုံးရင်တော့ဘာမှမဖြစ်ဘူးပေါ့။ တကယ်လို့ သုံးမယ်ဆိုရင်တော့ Touch Screen Mode နဲ့ Touchpad Mode ကို အကြိမ်တိုင်းပြောင်းပြီးသုံးရမှာပါ။ Tablet Input Service ကို Disabe / Enable လုပ်ချင်ရင်တော့ Window + R --> service.msc --> Ok နှိပ်ပြီး Window Task Manager သို့၀င်ပါ။ သို့မဟုတ် Taskbar ပေါ်မှာ Right Click-->Start Task Manager သို့၀င်ပါ။ Service Tab ကိုဖွင့်ပြီး TabletInputService ပေါ် Right Click နှိပ်ပြီး Disable/ Enable
👍142
ပြုလုပ်နိုင်ပါတယ်။

CRD # အိုင်တီလမ်းညွှန်
မိမိ ရဲ့ ကွန်ပျူတာ ဟာ Power အဖွင့်မှာ windows Loading လုပ်ပြီးလေးနေသလား windows ပွင့်ပြီးရင်လဲ သုံးမရသေးဘဲ ဟန်းနေသလား
ဒီလိုလေး လုပ်ကြည့်လိုက်ပါ…..

Keyboard မှ Windows key+R ကိုနှိပ် လိုက်ပါ….

recent ဆိုပြီးရိုက်ထည့်လိုက်ပါ…

Ctrl+A ကိုနှိပ်၍ select လုပ်ပါပြီးရင် Ctrl+D ကိုနှိပ်၍
Delete လုပ်ပေးပါ…

နောက်တစ်ခါ windows key+R ကိုနှိပ်၍ Prefetch လို့ရိုက်ထည့်ပါ
အောက်မှာကြည့်ပါ….

windows key+R ကိုနှိပ်၍ temp လို့ရိုက်ထည့်ပါ… အောက်မှာကြည့်ပါ….

windows key+R ကိုနှိပ်၍ %tmp% လို့ရိုက်ထည့်ပါ… အောက်မှာကြည့်ပါ….

windows key+R ကိုနှိပ်၍ chkdsk လို့ရိုက်ထည့်ပါ…ဒါကတော့ Hard Disk

windows key+R ကိုနှိပ်၍ cleanmgr လို့ရိုက်ထည့်ပါ… ေ

လေးထောင့်ကွက်လေးတွေထဲမှာ အမှန်ခြစ်လေးတွေခြစ်ပေးပြီး Enter ခေါက်ပေးလိုက်ပါ..

Drive C မှာရှိတဲ့ မလိုအပ်တဲ့ဖိုင်တွေ ဖျက်ပြစ်ပါလိမ့်မယ်…
နောက်တစ်ခါ windows key+R ကိုနှိပ်၍ compmgmt.msc လို့ရိုက်ထည့်ပါ…

Enter ခေါက်လိုက်ပါ...ပြီရင် အောက်ပါပုံအတိုင်း အနီရောင်ဖြင့်ဝိုင်းပြထားသော Event Viewer ကို click တစ်ချက်နှိပ်လိုက်ပါ...

ပြီးရင် အနီရောင်ဝိုင်းထားသော အကွက်ထဲမှ Windows Logs ကို Click ပါ...

အဲ့ဒီနောက် Application ကို Right Click ထောက်၍ Clear Log ကို Click ပေးပါ...

Clear ကို Click နှိပ်၍ ရှင်းပေးပါ....

အထက်ပါနည်းအတိုင်း Security , Setup , System , Forwarded Events တို့ကိုလဲ ရှင်းပြစ်လိုက်ပါ....

အတိုင်းအတာတစ်ခုထိ တော့ ပေ့ါပါးသွားတာ ကိုမြင်တွေရမှာပါ...

Credit: Original Uploader
👍9
Computer ကို မြန်မြန်လေးအသုံးပြုနိုင်စေဖို့ System Speed မြန်အောင် လုပ်ဆောင်တဲ့ နည်းလေးတွေကို တင်ပေးလိုက်ပါတယ်။ System Speedကို မြန်ဆန်စေရန်အတွက် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

(၁) ကွန်ပျူတာတွင် Application တစ်ခုကိုအသုံးပြုပြီးတိုင်း Desktop ပေါ်တွင် Right Click ဖြင့် Refresh ပြုလုပ်ပေးရပါမည်။ Refresh ပြုလုပ်ပေးခြင်းအားဖြင့် RAM အတွင်းမလိုအပ်သည့် File များကိုဖယ်ထုတ်ပေးနိုင်ပြီး System Speed ကိုမြန်ဆန်စေပါသည်။

(၂) File Size ကြီးမားသောပုံများကို Wallpaper အဖြစ်အသုံးမပြုသင့်ပါ။ Wallpaper ကို File Size ကြီးမားသောပုံကိုအသုံးပြုခြင်းအားဖြင့် RAM ၏လုပ်ဆောင်မှုကို နှေးကွေးစေပါသည်။

(၃) Desktop ပေါ်တွင် Shortcuts များကိုထားရှိပြီး အသုံးပြုခြင်းမှရှောင်ကျဉ်ရပါမည်။ Desktop ပေါ်ရှိ Shortcuts တစ်ခုသည် RAM အတွင်း ၌ ၅၀၀ Bytes နေရာယူအသုံးပြုစေပါသည်။

(၄) Recycle Bin ကိုနေ့တိုင်း Empty ဖြစ်စေရန်ရှင်းလင်းပေးရပါမည်။ Recycle Bin ကို Empty မပြုလုပ်သေးသမျှ မိမိ Delete လုပ်လိုက် သည့် File များသည် Hard Drive တွင်နေရာယူနေပါသည်။ Delete လုပ်ရန်သေချာသည့် File များကို Shift + Delete ဖြင့် Recycle Bin အ တွင်းမရောက်စေပဲ တိုက်ရိုက် Delete လုပ်နိုင်ပါသည်။

(၅) Temporary Internet File များကို ပုံမှန် Delete ပြုလုပ်ပေးရပါမည်။

(၆) Defragment ပြုလုပ်ခြင်းကို ၇ ရက်လျင်တစ်ကြိမ်ခန့်ပြုလုပ်ပေးရပါမည်။ Defragment ပြုလုပ်ပေးခြင်းအားဖြင့် Hard Drive အတွင်း Free Space ကိုတိုးမြင့်လာစေပြီး File များကိုပြန်စီပေးသည့်အတွက် ကွန်ပျူတာကိုအသုံးပြုရာတွင် ပိုမိုမြန်ဆန်စေပါသည်။

(၇) ကွန်ပျူတာတွင် Partition ကိုအနည်းဆုံးနှစ်ခုထား၍ အသုံးပြုသင့်ပါသည်။ File Size ကြီးမားစွာအသုံးပြုရမည့် Photoshop၊ 3DS Max ကဲ့သို့သော Software များကို Run ၍အသုံးပြုသည့်အခါတွင် Window တင်ထားသည့် Partition ကိုအသုံးမပြုပဲ၊ ဒုတိယ Partition တွင် Run ၍အသုံးပြုရပါမည်။ Window တင်ထားသည့် Partition တွင် Data များထားရှိခြင်း၊ Software များ Run ၍အသုံးပြုခြင်းများကို တက်နိုင်သမျှရှောင်ကျဉ်၍ Free space များစေရန်ဆောင်ရွက်ရပါမည်။ Window တင်ထားသည့် Partition တွင် Free space နည်းနေပါက ကွန်ပျူတာလုပ်ဆောင်မှုကိုနှေးကွေးစေပါသည်။

(၈) Software တစ်ခုကိုအသုံးပြုရန်အတွက် Run ပြီးပါက Tray Icon များထားရှိ အသုံးပြုခြင်းကို မပြုလုပ်သင့်ပါ။ ထို Tray Icon များထားရှိ အသုံးပြုခြင်းသည် RAM ကို ပိုမိုအလုပ်လုပ်စေပြီး ကွန်ပျူတာ System ကိုနှေးကွေးစေနိုင်ပါသည်။

(၉) Software များကို ကွန်ပျူတာစဖွင့်သည်နှင့်တပြိုင်နက်တည်း Automatically အလုပ်လုပ်စေခြင်းမပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ရန်အတွက် Window+R (သို့မဟုတ်) Run တွင် msconfig ဟုရိုက်ပြီး Startup Tab ကိုနှိပ်ပါ ။အဲဒီနောက်တွင် မိမိကွန်ပြူတာ / Laptop Brand အမျိုးအစားနာမည်များမှလွဲပြီး ကျန်သောအခြားအရာများကို Mouse ဖြင့် Select (အမှတ်လေးလိုက်လုပ်ပေး) လုပ်ပေးပါ။ ထို့ နောက် Disable All ကို Click ပြုလုပ်၍ ကွန်ပျူတာကို Restart ပေးရပါမည်။ (မှတ်ချက်- အကယ်လို့ မိမိ အသုံးပြုနေသော Laptop မှာ Lenovo ဖြစ်ပါက Lenovo နဲ့စသော စာသားများပါသည်များကို အမှတ်မခြစ် (မရွေးချယ် ၊ Select) မပြုလုပ်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများသည်မိမိကွန်ပြူတာအတွက်အရေးကြီးပါသည်။ ထိုအရာများကို အမှတ်လုပ်ပြီး Disable လုပ်ခဲ့မယ်ဆိုရင်တော့ အင်တာနက်တို့ ၊ Bluetooth တို့ အပြင် အခြားသော Fn+F1 => F9 ကီးခလုတ်တွေအသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး။တနည်းအားဖြင့် Function Keys များလို့ ခေါ်ဝေါ်ပါတယ်။

(၁၀) ကွန်ပျူတာတွင်း ဖုန်များဝင်ရောက်ခြင်းကိုကာကွယ်ပေးရပါမည်။ ဖုန်များသည် ကွန်ပျူတာ Cooling Fan ကိုနှေးကွေးလာစေကာကွန်ပျူတာ CPU ကိုတဖြည်းဖြည်းချင်း ပူလာစေပါသည်။ ထိုသို့ပူလာသည်နှင့်အမျှ ကွန်ပျူတာ၏ ပုံမှန်စနစ်တကျလုပ်ဆောငမှုများကို ထိခိုက်လာစေကာ System Speed ကိုနှေးကွေးလေးလံလာစေနိုင်ပါသည်။ ကွန်ပျူတာ CPU အတွင်းရှိဖုန်များကိုဖယ်ရှားရန်အတွက် ဖုန်စုပ်စက်များကို လုံးဝအသုံးမပြုရပါ။ နူးညံ့သောအဝတ်စများ၊ ကွန်ပျူတာဖုန်သုတ်သည့် အဝတ်စများကိုသာ အသုံးပြုရပါမည်။

(၁၁) ကွန်ပျူတာကို System Restore Function ကိုဖွင့်ထားခြင်းသည် CPU ၏ စွမ်းဆောင်မှုကိုအသုံးပြုမှုများပြားစေပါသည်။ ထို့ကြောင့် System Restore ကိုပိတ်ထားသင့်ပါသည်။ System Restore ကိုပိတ်ထားရန်အတွက် My Computer ၊ Properties သို့ဝင်ရောက်၍ ၎င်းမှ System Restore Tab သို့ဝင်ရောက်ကာ Turn off system restore on all drives ကို Select လုပ်၍ ပိတ်ထားနိုင်ပါသည်။

(၁၂) Search Indexing ကို Disable ပြုလုပ်ထားခြင်းသည် ကွန်ပျူတာ System Speed ကို မြန်ဆန်စေပါသည်။ Search Function ကိုပိတ်ထားရန်အတွက် My Computer မှ Window တင်ထားသည့် C Drive ကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ Allow indexing Services to index this disk ကို uncheck ပေး၍ Apply ပေးရပါမည်။
👍16😁1
(၁၃) Error Checking Utility ကိုအသုံးပြုခြင်းဖြင့် ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ Error Checking Utility ကိုအသုံးပြုရန်အတွက် ကွန်ပျူတာအတွင်းဖွင့်ထားသော File များကိုပိတ်ရပါမည်။ My Computer မှ Drive တစ်ခုကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools Tab သို့ဝင်၍ Check now ကို Click ၍ Scan for and attempt recovery of bad sectors ကို Check ပေး၍ Start ကို နှိပ်ရပါမည်။

(၁၄) ကွန်ပျူတာအတွင်းရှိ Spyware များသည် ကွန်ပျူတာသုံးစွဲသူ၏ Personal Data များကို ခွင့်ပြုချက်မရှိပဲခိုးယူရုံသာမက ကွန်ပျူတာသုံးစွဲရာတွင် ကွန်ပျူတာကိုနှောင့်နှေးစေပြီး မကြာခဏရပ်တန့့်စေခြင်းခြင်းများကိုပါဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကွန်ပျူတာအတွင်းရှိ Spyware များကိုရှင်းလင်းပေးရပါမည်။ Antivirus Software ကိုအသုံးပြုခြင်းမရှိသေးပါက Online Free Service တစ်ခုဖြစ်သော http://onecare.live.com/ သို့ဝင်ရောက်၍ ကွန်ပျူတာ ကိုစစ်ဆေးခြင်းဖြင့် Virus များကိုဖယ်ရှားနိုင်ပါသည်။

(၁၅) Window တင်ရာတွင် NTFS အမျိုးအစား File Type ကိုအသုံးပြုရပါမည်။ FAT32 ကို အသုံးမပြုရပါ။ မိမိအသုံးပြုနေသည့် Window တွင်မည်သည့်အမျိုးအစားကိုအသုံးပြုထားသည်ကို သံသယဖြစ်ပါက Window တင်ထားသည့် C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်၍ကြည့်ရှုနိုင်ပါသည်။ အကယ်၍ FAT32 ဖြစ်နေပါက NTFS File Type သို့ပြောင်းလဲပေးရပါမည်။ ထိုသို့ပြောင်းလဲရန်အတွက် ပထမဆုံးအရေးကြီးသည့် Data များကို Back Up ပြုလုပ်ထားရပါမည်။ ထို့နောက် Start \ Run တွင် CMD ဟုရိုက်နှိပ်၍ Prompt တွင် CONVERT C: /FS:NTFS ဟုရေး၍ Enter ပေးရပါမည်။ ထို့နောက် ခေတ္တ စောင့်ပေးရပါမည်။ NTFS ကိုအသုံးပြုခြင်းအားဖြင့် Security မြင့်မားခြင်း၊ Folder ပမာဏကို ကြီးမားစွာအသုံးပြုနိုင်ခြင်းနှင့် Computer System Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ခြင်းနှင့် အခြားအကျိုးရလဒ်များကို ရရှိစေပါသည်။

(၁၆) ကွန်ပျူတာကို တစ်လလျှင်အနည်းဆုံးတစ်ကြိမ်ခန့် Disk Cleanup ပြုလုပ်ပေးသင့်ပါသည်။ Disk Cleanup ပြုလုပ်ပေးခြင်းဖြင့် Temporary Files များကိုဖယ်ရှားပေးနိုင်ပြီး ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်ပြီး Disk Cleanup Bottom ကိုနှိပ်၍ ပြုလုပ်နိုင်ပါသည်။

(၁၇) ကွန်ပျူတာအတွင်းမလိုအပ်သည့် Program များကိုဖယ်ရှားပေးရပါမည်။ ဖယ်ရှားရာတွင် Window တွင်ပါရှိသည့် Add or Remove Program မှတစ်ဆင့်ဖယ်ရှားနိုင်သကဲ့သို့ Your Uninstaller ကဲ့သို့ Uninstaller တစ်မျိုးမျိုးကိုအသုံးပြု၍ဖယ်ရှားနိုင်ပါသည်။ Software ကို အသုံးပြု၍ဖယ်ရှားပါက Add or Remove Program ကိုအသုံးပြု၍ဖယ်ရှား၍ ပျက်သွားခြင်း မရှိသည့် Registry အတွင်းရှိ File များကိုပါ ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။

Credit to Original Uploader

#MMPyi
#4MMPeople
👍9