ကျွန်တော် ခု Bluetooth နဲ့ ပတ်သတ်တဲ့အကြောင်းရာများကို ရှင်းပြတာကို နားလည်သဘောပေါက်မယ်လို့ မျှော်လင့်မိပါတယ် ခင်ဗျ 😇၊ ဒီနေ့ရဲ့ Topic လေး ကို ကျွန်တော့်အနေနဲ့ ဒီမှာပဲ ရပ်ပါရစေဗျာ၊ ကျွန်တော့်ရှေ့မှာလည်း Senior တွေမြောက်များစွားရှိကြပါတယ်၊ ကျွန်တော်ရေးတဲ့ အကြောင်းရာတွေကလည်း တချို့သော page တွေ၊ Google ကနေပါ ဆွဲယူရေးထားခြင်း ဖြစ်တဲ့အတွက် ဘယ် Page ကနေ Online ကနေလေ့လာမှတ်သား မမှတ်မိတဲ့အတွက် Source on Inter လို့ဘဲ #crd ပြပါရစေ ခင်ဗျ၊ ကျွန်တော့်ရဲ့ Senior များလည်း ဝေဖန်အကြုံပြုပြီး Suggestion Feedback လေးတွေပေးလို့ ရပါတယ် ခင်ဗျ ✍🏻..
#RainbowTechnology
#Hardware
#Crd Ken
#RainbowTechnology
#Hardware
#Crd Ken
👍10❤7
" တိုင်းပြည်စီးပွားရေးပျက်ကပ်မှာ ပြည်သူတွေ
ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့တဲ့ မူ ၄ ချက် "
အမေရိကန်နိုင်ငံမှာ
၁၉၃၀ ခုနှစ် ပတ်ဝန်းကျင်လောက်က
ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်တော့
ပြည်သူတွေ အရမ်းကျပ်တည်းခဲ့ကြပါတယ်။
အဲဒီကျပ်တည်းခဲ့တဲ့ ကာလတွေမှာ
ပြည်သူတွေ ကျင့်ကြံဖို့ဆိုပြီး အစိုးရက
ချွေတာရေး ဆောင်ပုဒ်လေးနဲ့ ပညာပေး
လုပ်ခဲ့ပါတယ်။
အဲဒီ ဆောင်ပုဒ်လေးဟာ
အမေရိကန်နိုင်ငံသားတွေမှ မဟုတ်ပါဘူး။ ကျပ်တည်း ဆင်းရဲနေတဲ့ ဘယ်သူမဆို
အသုံးတည့်ပါတယ်။
လူတိုင်းဟာ ဘဝမှာ ငွေကြေးကြောင့်
သောကရောက်ရတဲ့ အချိန်တွေ အကြိမ်ကြိမ်
ရှိကြစမြဲပါ။
ချမ်းသာလှပါတယ်ဆိုတဲ့ သူဌေးတွေတောင်
ငွေအတွက် တောင့်တ ကြောင့်ကြရတဲ့အချိန်တွေ
ရှိခဲ့၊ ရှိနေကြဆဲ ဖြစ်ပါတယ်။
ငွေအတွက် ပူပင် သောကရောက်နေရပြီဆိုရင်
အားမလျှော့လိုက်ပါနဲ့ဦး။
ဒါဟာ လူတိုင်း ကြုံတွေ့ရတဲ့ ဒုက္ခပါ။
" ငါ ကံဆိုးလှပါလား" ဆိုပြီး
လဲကျရာက ပြန်မထရင်တော့
လဲကျလို့ နာတဲ့ ဒဏ်ရာအပြင်
လူတက်နင်း ကားတက်ကြိတ်တဲ့
သေရာပါဒဏ်ရာတွေ ထပ်ရနေပါလိမ့်မယ်။
ဒါကြောင့် ပြန်ထကြပါ။
ပြန်ထနိုင်ဖို့ အချင်းချင်း ဖေးမကူညီကျပါ။
ခုလည်း ဒီဆောင်ပုဒ်လေးဟာ
ငွေကြေးအကျပ်အတည်းဖြစ်နေလို့
ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသူတွေ
အတွက် ချွေတာဖို့ နည်းလမ်းအချို့ကို
လမ်းညွှန်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဆောင်ပုဒ်လေးကတော့
1. Use It Up
2. Wear It Out
3. Make It Do
4. Do Without ပါတဲ့ခင်ဗျာ။
အချက်လေးချက် ပါပါတယ်။
(1) Use It Up
" ကုန်အောင်သုံးပါ " ပေါ့။
ရှိသမျှ ငွေနဲ့ စည်းစိမ် ပစ္စည်းတွေကို
ကုန်အောင်သုံးခိုင်းတာတော့ မဟုတ်ပါဘူး။
အိမ်မှာ စားသုံးနေတဲ့ စားစရာတွေ ၊ သုံးနေတဲ့
ပစ္စည်းတွေကို မကုန်ခင် လွှင့်ပစ်တာမျိုး
မလုပ်ကြဖို့ ပြောတာပါ။
ဥပမာ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်
စတာတွေကိုအကပ်အသက် ကျန်တာလေးတွေကို
မသုံးတော့ပဲ လွှင့်ပစ်ပြီး အသစ်ဝယ်တာမျိုး ရှောင်ကြဉ်ရပါမယ်တဲ့။
ပစ္စည်းနဲ့ စားစရာ တွေကို မကုန်ခင် မဝယ်ပဲ
လုံးဝ ကုန်မှ ထပ်ဝယ်သင့်ပါတယ်တဲ့။
စိတ်ပညာသဘောအရ အိမ်မှာ နောက်တစ်ခု
အပိုမရှိတော့ဘူးဆိုရင် နောက်ဆုံးကျန်တာလေးကို တာရှည်ခံအောင် ချွေတာ သုံးတတ်ကြလို့ပါတဲ့။
(၂) Wear It Out
ဟောင်းစုတ်တဲ့ အထိသုံးပါ တဲ့။
မဟောင်းသေးပဲနဲ့ လွှင့်ပစ်တာမျိုး
ပေးပစ်တာမျိုး မလုပ်သင့်ပါဘူး။
အဝတ်အစား၊ ပရိဘောဂ၊ အသုံးအဆောင်
ပစ္စည်းအားလုံး အကျုံးဝင်ပါတယ်။
ဟောင်းနေတဲ့ အင်္ကျီအဝတ် အစုတ်တွေကိုလည်း အခြားနေရာမှာ (ဥပမာ ကြမ်းတိုက်အဝတ်
လက်နှီး အဖြစ်) ပြန်သုံးသင့်ပါတယ် တဲ့။
(၃) Make It Do
ရှိတာလေးနဲ့ အဆင်ပြေအောင် နေပါတဲ့။
ရှိတာလေးကို ပျက်နေရင်ပြင်သုံး၊ စုတ်နေရင်
ဖာသုံးပါ။ ပစ္စည်းတွေ အပြင်မှာပေါပေါလောလော ဝယ်လို့ရနေတော့ ချုပ်ဖို့၊ ဖာဖို့၊ ပြင်ဖို့ထက်
အသစ်ဝယ်ကြဖို့သာ စိတ်အားသန်ကြပါတယ်။
ဒီအချက်ကိုလည်း သတိထားရပါမယ်။
တစ်ခုခုကို အသစ်မဝယ်ခင်မှာ အိမ်မှာရှိသလား စဉ်းစားပါ။ ပျောက်နေတာ ဆိုရင် ရှာကြည့်ပါဦး။ အသစ်ဝယ်မဲ့အစား အိမ်မှာ ရှိတာလေးတွေနဲ့ အဆင်ပြေ အောင် သုံးကြည့်ပါ။ မဖြစ်မနေ
ဝယ်ရမယ်ဆိုရင်လည်း ဈေးတော်တဲ့ ပစ္စည်းဟောင်းဆိုင်တွေ မှာ ရှာကြည့်ပါဦး
(၄) Do Without
မရှိတာတွေကို တောင့်တ မနေပဲ ရောင့်ရဲပါတဲ့။ လိုချင်တာနဲ့ လိုအပ်တာ ကို ခွဲခြားသိပါ။
လိုချင်တာတွေ လျှော့ပါ။ မရှိပဲ နေတတ်အောင် ကြိုးစားပါ။ မဝယ်ခင် ကိုယ့်ကိုယ်ကို ပြန်မေးရ
မှာက ဒီပစ္စည်းမဝယ်ပဲနဲ့ကော နေလို့မရဘူးလား။ သေရေး ရှင်ရေးလား။ နေလို့ ရသေးတယ်ဆိုရင်
မဝယ်ပါနဲ့။
ဒီလောက်ဆိုရင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး
ဖြစ်တော့ အမေရိကန် နိုင်ငံသားတွေ
ဘယ်လိုနည်းတွေနဲ့ ချွေတာခဲ့တယ်ဆိုတာ သဘောပေါက် နားလည် ကြမယ်လို့ထင်ပါတယ်။
ငွေကျွန် မဖြစ်ချင်ရင် ချွေတာကြပါ။
ငွေသခင် ဖြစ်မှ ဖြုန်းချင်ဖြုန်းကြပါလို့လည်း
ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။
Credit ~ မိုက်ကယ် အက်ကင်ဆန်
စာရေးသားသူအားလေးစားကျေးဇူးတင်လျှက်ပါ
#ဂျွန်တာ
#စာကောင်းပေမွန်

👍44❤17🥰1
Excel 2016 တွင် တွဲရေးထားသောစာလုံးများကို Find, Mid အသုံးပြု၍ ခွဲထုတ်ခြင်း
👍14❤8
တိုးတက်ရေးအတွေးအခေါ်များ
၁။ ဘူကောင်တွေကို ရှောင်ပါ။
၂။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ်လုပ်ပါ။
၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။
၄။ ဒီနေ့လုပ်တဲ့အလုပ်က မနက်ဖြန်အချိန်ကို ချွေတာနိုင်ပါစေ။
၅။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေပါ။
၆။ ကိုယ့်ကိုငွေရှာပေးမယ့်အရာတွေမှာ ငွေသုံးဖို့ မနှမြောပါနဲ့။
၇။ လုပ်နေတဲ့အလုပ်တိုင်းကို ပိုလွယ်၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်ပါ။
၈။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အပြစ်မတင်ပါနဲ့။
၉။ လူတွေရဲ့အထင်အမြင်မှာ အသက်မရှင်ပါနဲ့။
၁၀။ လိုချင်တာမရခဲ့ရင် ပိုကောင်းတာရလိမ့်မယ်။ ဒါကြောင့် လုပ်စရာ ရှိတာ ဆက်လုပ်ပါ။
၁၁။ လူတွေကို Dream List ထဲ ထည့်မထားပါနဲ့။
၁၂။ အရာရာက စမ်းသပ်မှုပဲ။ ဒါကြောင့် ကျရှုံးမှာ မကြောက်နဲ့။ ဒူပေနာပေခံပါ။
ဒီစာအုပ်လေးကို စာချစ်သူတွေအတွက် အများကြီး ရီးဗျူးမရေးပေးတောဘူး ကိုယ်တိုင်ဖတ်ကြည့်ဖို့ပဲ တိုက်တွန်းလိုက်ပါတယ်။
#လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ
(DR-PHYO PAING)
#စာအုပ်စာပေဖတ်ရှုခြင်းကနေ ဘဝခွန်းအား၊ စိတ်ဓာတ်ခွန်းအားများ တိုးပွား ရရှိနိုင်ကြပါစေနော်။🥰🙏
MK Book Store & စင်္ကာပူ

👍26❤6🤝1
computer နည်းပညာနဲ့ စာပေမှတ်သားစရာများကို
ပြန်လည်မျှဝေပေးပါမယ်။
အားလုံး တိုးတက်အောင်မြင်ကြပါစေ။
ပြန်လည်မျှဝေပေးပါမယ်။
အားလုံး တိုးတက်အောင်မြင်ကြပါစေ။
❤18
GK&ကွန်ပျူတာဆိုင်ရာနည်းပညာ pinned «computer နည်းပညာနဲ့ စာပေမှတ်သားစရာများကို ပြန်လည်မျှဝေပေးပါမယ်။ အားလုံး တိုးတက်အောင်မြင်ကြပါစေ။»
စာချုပ်စာတန်း ရေးပုံရေးနည်း
*** ***
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေးသားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိညာဉ်တစ်စုံတစ်ရာကိုလုပ်ရင် အဲဒီစာချုပ်မှတစ်ပါး အခြားသက်သေကို လက်ခံခွင့်မရလို့ဘဲ။
စာချုပ်မှာ ခု၊ လ၊ ရက်တို့ကို တိတိကျကျသေသေချာချာရေးဖို့လိုတယ်။ အင်္ဂလိပ်သက္ကရာဇ်နဲ့ မြန်မာသက္ကရာဇ်တွေကို ပြိုင်တူတွဲပြီး ရေးသားသင့်တယ်။ ပစ္စည်းနဲ့ပတ်သက်ပြီး အကြောင်းအရာရေးသားရင် ပစ္စည်းစာရင်းကို စာချုပ်နောက်ပိုင်းမှာ ပစ္စည်းဇယားအနေနဲ့ ပြည့်ပြည့် စုံစုံဖော်ပြရတယ်။
ချုပ်ဆိုတဲ့စာချုပ်ဟာ ဘယ်လိုအမျိုးအစားဖြစ်တယ်ဆိုတာ အလွယ်တကူ သိနိုင်အောင်စာချုပ်ခေါင်းစဉ် ဖော်ပြရတယ်။
စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးသူတွေရဲ့ အမည်၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာတွေ ဖော်ပြရတယ်။
စာချုပ်ဆိုရာမှာ ပါဝင်ရမယ့် ပုဂ္ဂိုလ်ဟာအသက်အရွယ် မပြည့်သူမဖြစ်ရဘူး။ တကယ်လို့ အသက်အရွယ်မပြည့်သေးတဲ့သူ ဖြစ်နေရင် အုပ်ထိန်းသူက လက်မှတ်ရေးထိုးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသက်မပြည့်သေးသူဟာ ပဋိညာဉ်ပြုပိုင်ခွင့် မရှိလို့ဘဲ။ စိတ်မနှံသူဖြစ်ရင်လည်း ပဋိညာဉ်ပြုပိုင်ခွင့် မရှိပါ။
တချို့ပုဂ္ဂိုလ်တွေဟာ စာချုပ်ချုပ်ဆိုရာမှာ ကိုယ်တိုင်ကိုယ်ကျ မပါဝင်ဘဲ ကိုယ်စားလှယ်နဲ့ ချုပ်ကြတာလည်းရှိတယ်။ ဦးဘ၏ ကိုယ်စားလှယ်စာရသူ စသည်ဖြင့် လက်မှတ်ရေးထိုးနိုင်တယ်။ ဒါပေမယ့် လက်မှတ်ရေးထိုးတဲ့ ဦးမောင်မောင်ဟာ ဦးဘရဲ့ ကိုယ်စားလှယ်စာ အမှန်တကယ် ရရှိထားသူဖြစ်ရပါမယ်။
စာချုပ်မှာ
- နိဒါန်း
- အဖိုးစားနား
- ပိုင်းခြားဝေငှခြင်း
- စည်းမျဉ်းနဲ့ သတ်မှတ်ချက်
- အကျိုးခံစားခွင့်ဆိုင်ရာ ဖော်ပြချက်
- ဖော်ထုတ်ပြုလုပ်တဲ့ သဘောတူမှုနဲ့တာဝန်ယူခြင်း
- နိဂုံး
- လက်မှတ်နဲ့ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်း
- ထပ်ဆင့်လက်မှတ်ရေးထိုးခြင်းနဲ့ နောက်
ဆက်တွဲစာချုပ်ဆိုတဲ့ အပိုင်းတွေ သူ့စာချုပ် အမျိုးအစားလိုက်ပါရှိတယ်။
စာချုပ်တွေကို ရေးရာမှာ ဖျက်ရာမပါအောင် ရေးရပါတယ်။ အကယ်၍ဖျက်ရာရှိခဲ့ရင် ဖျက်ရာနေရာမှာ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးရမယ်။
ငွေပမာဏကို ဂဏန်းနဲ့ရေးရမယ့်အပြင် စာနဲ့လည်းရေးရမယ်။
စာရေးရာမှာ နောက်ထပ်ဖြည့်စွက်ရေးတာမျိုး မရှိနိုင်အောင် ကြားလပ်မရှိစေဘဲ မျဉ်းကြောင်းစိပ်စိပ် ရေးရပါမယ်။
တံဆိပ်ခေါင်းပါတဲ့ စာချုပ်မှာ တစ်ချပ်တစ်ရွက်နဲ့ မလုံလောက်ရင် နောက်ထပ်တစ်ချပ်တစ်ရွက်မှာ ရေးရပါမယ်။ တစ်မျက်နှာနဲ့မလုံလောက်တဲ့အတွက် စာချုပ်ကျောဘက်မှာ ရေးတာမျိုးမလုပ်သင့်ပါ။ စာချုပ်ခေါင်းပါတစ်ရွက်နဲ့ မလုံလောက်တဲ့အတွက် နောက်ထပ်စာချုပ်ခေါင်းတစ်ရွက်ပေါ်တွင်သာ ရေးသင့်ပါတယ်။
စာရွက်တိုင်းမှာ စာမျက်နှာဖော်ပြရပါမယ်။ စာတစ်မျက်နှာ ကုန်ဆုံးရင် နောက်ထပ်စာမျက်နှာသို့ လို့ စကားအဆုံးသတ်ရပါမယ်။
စာချုပ်မှာ လက်မှတ်ရေးထိုးခြင်းဟာ အရေးပါတဲ့ကိစ္စဖြစ်တယ်။ လက်မှတ်တွေကို ချုပ်ဆိုသူတွေနဲ့ သက်သေအဖြစ် ပါဝင်သူတွေကိုယ်တိုင်ရေးထိုးကြရမှာ ဖြစ်တယ်။ စာမျက်နှာတိုင်းမှာ လက်မှတ်ရေးထိုးသင့်တယ်။
စာချုပ်ချုပ်ဆိုရာမှာ သက်သေကို တကူးတက ခေါ်ယူရတယ်။ ရေးချုပ်ဖတ်ပြနေတုန်းမှာ အမှတ်မထင် ရောက်လာတာမျိုးဟာ သံသယမကင်းစရာဖြစ်တတ်တယ်။ ဒါကြောင့် တမင်ခေါ်ယူပြီး တိတိကျကျ သေသေချာချာ ပါဝင်ချုပ်ဆိုရတယ်။ စာချုပ်ပါအချက်တွေကို သိရှိဖို့လိုတယ်။ စာချုပ်ကို သေသေချာချာ ဖတ်ကြည့်ဖို့လိုတယ်။ စာချုပ်အတိုင်း ဟုတ် မဟုတ် မေးဖို့လိုတယ်။
ချုပ်ဆိုတဲ့ စာချုပ်မှာတံဆိပ်ခေါင်း လုံလောက်ဖို့လိုတယ်။
Crd #ဥပဒေရေးရာ

👍17❤4
ပုတ်ခတ်တိုင်း စုတ်ပြတ်ရမှာလား
ပုတ်ခတ်တိုင်း စုတ်ပြတ်ရရင် ဗုဒ္ဓဆိုတဲ့
ဘုရားရှင်တောင် လောကမှာ ပွင့်လာမှာ
မဟုတ်ဘူး။
ပြောချင်တာက...
ဆောင်းရာသီရောက်လာရင် ဆောင်းရဲ့
အအေးဒဏ်ကို မလွဲမသွေခံရမှာဖြစ်သလို
လူ့လောကထဲရောက်လာရင်လည်း
လူတွေရဲ့တိုက်ခိုက်,ပုတ်ခတ်မှုဒဏ်ကို
မလွဲမသွေ ခံကြရမှာပဲ။
ဆောင်းကို မအေးပါနဲ့လို့ တားမရသလို
လူတွေကိုလည်း မပုတ်ခတ်ပါနဲ့လို့ တားမရဘူး။
အအေးကို အနွေးနဲ့သာ ကာကွယ်ပြီး
နွေးနွေးထွေးထွေး နေတတ်အောင်
နေနိုင်အောင် ကြိုးစားရမှာဖြစ်သလို
တိုက်ခိုက်,ပုတ်ခတ်မှုဒဏ်ကိုလည်း
နှလုံးသွင်းမှန်ကန်မှုဆိုတဲ့
"ယောနိသောမနသိကာရ"နဲ့သာ
ကာကွယ်ရပြီး နွေးနွေးထွေးထွေး
နေတတ်နိုင် နေနိုင်အောင် ကြိုးစားရမှာပါ။
တကယ်တော့ တစ်ဘက်က ကိုယ့်ကို
မလိုလို့ ပြောနေတာကို ကိုယ်က လိုတယ်ထင်ပြီး
ထည့်ထည့်တွေးနေတာကိုက မှားနေတာပါ။
တစ်ခါတလေ ထည့်ထည့်မတွေးပဲ
တည့်တည့်တွေးတာက ပိုကောင်းပါတယ်။
တိုက်ခိုက်, ပုတ်ခတ်မှုဒဏ်တွေ ခံလာရတဲ့အခါ
ဒီဖြေဆေးလေးတွေကို သောက်ပြီး နွေးထွေးစွာ
နေကြည့်ပါ။ 😊
၁။ အကောင်းတွေနဲ့ပြည့်နေတဲ့ ဘုရားရှင်တောင်မှ
ကဲ့ရဲ့ပုတ်ခတ်မှုဒဏ်ကို ခံခဲ့ရသေးတာပဲလေ၊
ငါက ဘာမို့လို့လဲ။
၂။ တစ်ဖက်က မလိုလို့ ပြောနေတာကို လိုတယ်လို့
ထင်ပြီး ထည့်ထည့်တွေးနေတာကိုက ငါမှားတာ။
၃။ အတိတ်က အကြွေးတွေကို ဆပ်နေရတယ်။
၄။ ဘေးစကားကို ဘေးမှာထားတာ အကောင်းဆုံး။
၅။ ငါ့ခေါင်းဟာ အမှိုက်ပုံးတစ်လုံး မဟုတ်ဘူး။
၆။ အပင်မြင့်ရင် လေအတိုက်ခံရတာ သဘာဝပဲလေ။
၇။ ဒါလည်းပဲ အချိန်တန်ရင် ပြီးသွားမှာပါ။
တကယ်တော့ သူတို့ ဘယ်လောက်ပေးပေး
ကိုယ်ဘက်က လက်ခံမှ ဖြစ်တာပါ။
ရောဂါတွေပို အသက်တွေတိုလာကြပြီ
နဂိုအပူတွေထက် အပိုအပူတွေကို မယူမိမှသာ
ဘဝဟာ မိတ်ကပ်လိမ်းစရာမလိုဘဲ ပိုလှမှာ
မဟုတ်လား။
မေတ္တာဖြင့်
အရှင်စန္ဒာဝရာလင်္ကာရ
မဟာဂန္ဓာရုံ

❤17👍9
နာမည်ကျော် တင်းနစ်သမား
အာသာအက်ရှ်ဟာ နှလုံးခွဲစိတ်ဖို့ သွေးသွင်းရာကနေ HIV ကူးစက်ပြီး AIDS ရောဂါ ဖြစ်ခဲ့တယ်။
သူသေရတော့မယ့်အချိန်မှာ ပရိတ်သတ်တွေက စာတွေပို့ပြီး အားပေးစကားပြောကြတယ်။
အဲဒီထဲက တစ်ယောက်သောပရိတ်သတ်က
အာသာအက်ရ်ှကို မေးခွန်းထုတ်တယ်။
ဘုရားသခင်က ဘာလို့များ ခင်ဗျားကိုမှ
ဒီရောဂါ ဆိုးကြီး ဖြစ်စေရတာလဲဗျာတဲ့။
ဒီတော့ အာသာအက်ရ်ှက စာပြန်တယ်။
ကမ္ဘာပေါ်မှာ ကလေးသန်း ၅၀ လောက်
တင်းနစ် ကစားကြတယ်။
၅ သန်းလောက်က သေချာ သင်ယူကြတယ်။
၅ သိန်းလောက်က
ပရော်ဖက်ရှင်နယ် ဖြစ်လာဖို့ ကြိုးစားကြတယ်။
ဒါပေမယ့် ၅ သောင်းလောက်ပဲ ပြိုင်ပွဲဝင်ပြိုင်နိုင် ကြတယ်။
အဲဒီထဲမှာ ၅ ထောင်လောက်က
ဂရင်းဆလန်းကို ရောက်တယ် ။
ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဝင်ပြိုင်နိုင်တဲ့သူကတော့
အယောက် ၅၀ ပဲရှိတယ်။
ဆီမီးဖိုင်နယ်ကို ၄ ယောက်တက်ပြီး
ဖိုင်နယ်ကို ၂ ယောက်ရောက်တယ်။
ချန်ပီယံဆုဖလားကို ငါကိုင်မြောက်နိုင်တဲ့
အချိန်တွေတုန်းက ဘာကြောင့် ငါ့ကိုမှရွေးပြီး
ဗိုလ်စွဲရတာလဲလို့ ဘုရားကို
တစ်ခါမှ မမေးခဲ့ဖူး ပါဘူးတဲ့။
ဒါကြောင့် အခု ဒီလိုရောဂါဖြစ်တော့မှ
ငါ့ကိုမှ ဖြစ်ရတယ်လို့ ဘုရားကို သွားမေးရင်
ဘယ်တရား ပါ့မလဲလို့ ပြန်ဖြေသွားခဲ့တယ်။
စိတ်ချမ်းသာတယ်ဆိုတာ အလိုလိုက်
အကြိုက်တွေ့ စရာ ဖြစ်တယ်။
စမ်းသပ်တယ်ဆိုတာ ခံနိုင်ရည်ရှိအောင် ဖြစ်တယ်။
လူတိုင်းမှာ သောက ရှိပေမယ့်
အောင်မြင်ရင် ထောင်လွှားပြီး
ဆုံးရှုံးမှုတွေများလာတော့မှ
မာန်စွယ်ကျိုး လာတယ်။
ဒါပေမယ့် ယုံကြည်မှု သဒ္ဓါတရားရှိရင်
ဘာမဆို ဖြစ်နိုင်တယ်။
စိတ်ချမ်းသာစရာတွေနဲ့ အောင်မြင်နေတုန်းက
ဘုရားကိုမေ့နေပြီး ဒုက္ခရောက်တော့မှ ဘုရားတ
လို့ရော ဘာထူးမှာလဲ။
ကိုယ့်ကိုကိုယ် မကျေမနပ် ဖြစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ဘဝကို အားကျနေတဲ့လူတွေ ဒီကမ္ဘာမှာ အများကြီးရှိတယ်။
လယ်ကွင်းထဲက ကလေးက
လေယာဉ်ပျံသွားတာကို မော့ကြည့်ပြီး
လေယာဉ်စီးဖို့ စိတ်ကူးယဉ်နေ
ပေမယ့် လေယာဉ်မောင်းတဲ့
ပိုင်းလော့ကတော့ လယ်ကွင်းထဲက ကလေးကို ငုံ့ကြည့်ပြီး
အိမ်ပြန်ချင်စိတ် ဖြစ်ရင်ဖြစ်နေမယ်။
ဘဝဆိုတာ ဒါပဲလေ.....
ကိုယ့်ဘဝကိုယ် ပျော်ဖို့လိုတယ်။
ချမ်းသာမှ ပျော်ရမယ်ဆိုရင်
သူဋ္ဌေးတွေလမ်းပေါ် ထွက်ကနေတော့မှာပေါ့။
ဒါပေမယ့် လမ်းပေါ်မှာ ပျော်နေကြတာ
ဆင်းရဲတဲ့ ကလေးတွေပဲ ဖြစ်တယ်။
အာဏာ ရှိမှ လုံခြုံတယ် ဆိုပေမယ့်
ညကိုကောင်းကောင်း အိပ်မပျော်နိုင်တဲ့ သူတွေလဲရှိတယ်။
ရုပ်ချောပြီး အောင်မြင်တဲ့သူတွေသာ
အတွဲညီကျကြေး ဆိုရင် ဆယ်လီတွေ
အိမ်ထောင်ရေး ဘာကြောင့် မမြဲသလဲ ?
ရိုးရိုး ရှင်းရှင်းနဲ့ ကျိုးကျိုးနွံ နွံ နေထိုင်ပြီး
ဘဝကို ပျော်ပျော် ဖြတ်သန်းမယ်ဆိုရင်
နေတတ်လို့ကတော့"ဘဝဟာ
ကျေနပ်စရာကြီးဖြစ်တယ်လို့ပြောပါရစေ။
သို့ကြောင့်
အခုဒီစာကိုဖတ်နေတဲ့မိတ်ဆွေများလည်း
ဘဝကိုဘယ်တော့မှအရုံးမပေးပါနဲ့။
တနေ့ကိုယ့်ကိုကိုယုံကြည်မှု့ကိုအပြည့်ထားပါ။
ငါဖြစ်ကိုဖြစ်ရမယ်။
ငါဘယ်တော့မှအရုံးမပေးဘူးလို့
အမြဲတမ်းကိုယ့်ရဲ့စိတ်အမြဲတမ်းမွေးထားပါ။
Credit to original

❤25👍14🔥1
❝ စာဖတ်ခြင်း ❞
==============
(ဆရာကြီးအောင်သင်း)
ခွေးတကောင်ဟာ မီးခဲကိုနင်းမိရင်
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲ
နောက်တကောင်က ထပ်နင်းမိလည်း
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ
သူနင်းမိလို့ ပူတဲ့ကိစ္စကို တခြားခွေးတွေကို
မနင်းမိစေနဲ့ ပူတယ်လို့်မပြောနိုင်ဘူး
သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး
ဘာဖြစ်လို့လည်းဆိုတော့
သူတို့မှာ ဘာသာစကားမရှိလို့
ကိုယ်တိုင်ဖြစ်မှ ကိုယ်တိုင်သိရတာ
ကမ္ဘာဦးအစ ခွေးတွေကနေ
ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ
တို့တတွေလူတွေမှာတော့ အဲ့ဒီလိုမဟုတ်ဘူး
ဘာသာစကားရှိတယ်
မင်းတို့ ငယ်ငယ်ကတည်းက တပါးသူရဲ့ အတွေ့အကြုံလက်ဆင့်ကမ်းလာတာ
အမေဖြစ်သူက အဲ့ဒါမကိုင်နဲ့ ပူပူ အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့
မင်းကိုင်ပါဦးမလား
မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့်
မင်း မီးကို အပူမှန်းသိသွားတယ်
ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ်
အောက်ဆီဂျင်ကို ခုချက်ချင်း မင်း ဓာတ်ခွဲခန်းထဲမှာ မင်း ရှာဖွေထုတ်နိုင်တယ်
အဲ့ဒီအောက်ဆီဂျင်ကို မင်းရှာတွေ့ခဲ့တာမဟုတ်ဘူး
ဒါပေမယ့်
ရှာတွေ့ခဲ့တဲ့ ပညာရှင်က
လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ချင်းဖော်ထုတ်နိုင်တယ်
ဒါအတွေ့အကြုံကို လက်ဆင့်ကမ်းတာပဲ
ပညာသင်တယ် ပညာရှာတယ်ဆိုတာ ဒါပဲလေ
ဘာသာစကားရှိလို့ တပါးသူရဲ့ အတွေအကြုံကို
လက်ဆင့်ကမ်းနိုင်တယ်
တဆင့်ပြီးတဆင့် လက်ဆင့်ကမ်းကြတယ်
ဒါကြောင့်လည်း
လူ့လောကကြီးက တဆင့်ပြီးတဆင့် တိုးတက်ပြောင်းလဲလာတာပေါ့
အတွေးအကြံ ၊အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ နှစ်မျိုးရှိတယ်
တခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့
နောက်တခုက သူ့ရဲ့ အတွေ့အကြုံတွေကို
စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာ
ဥပမာ
အောင်မြင်သူတွေရဲ့အထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်
သူတို့ရဲ့အတွေးအကြံ ၊အတွေ့အကြုံတွေ
မင်း ရလာမယ် မင်း စိတ်ဓာတ်တွေ မာကျောလာမယ်
အထပ်တလဲလဲ ကြိုးစားချင်စိတ်တွေ ဖြစ်လာမယ်
အောင်မြင်သူတွေလည်း အခက်အခဲတွေကြားက ရုန်းထကြတာကိုး
ဒါမို့ စာဖတ်ခိုင်းတာ
စာဖတ်တဲ့ နေရာမှာလည်း နည်းနည်းဖတ်မိတောင် များများတွေးပါ လိုက်နာပါ ကျင့်သုံးပါ
သူတပါးရဲ့ အတွေ့အကြုံကို
ကိုယ့်ရဲ့ အတွေးအကြံလေးနဲ့ပေါင်းစပ်ပါ
ကိုယ့်ကိုကိုယ်ခိုင်း ကိုယ့်ကိုကိုယ်မခိုင်းရင် သူများခိုင်းတာခံရတတ်တယ် စဉ်းစားတွေးတောပေးရတယ် ဦးနှောက်ကို ခါးတောင်းကျိုက်ပါ ဒါမှ ခေါင်းဆောင်ဖြစ်မှာ လူခါးတောင်းကျိုက်ရင် ကူလီပဲဖြစ်မှာပေါ့
စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့
စာဖတ်တယ်ဆိုတာ တပါးသူရဲ့ အမှားကို ကိုယ်ဆက်မမှားအောင်လုပ်တာ
တပါးသူရဲ့ အတွေ့အကြုံကို ကိုယ့်အတွေ့အကြုံအဖြစ် ရယူတာပဲ
လူလိမ္မာတို့သည် တပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့
ကိုယ်တိုင်မှားမှ မှားမှန်းသိရင် ခွေးသာသာဖြစ်သွားမှာပေါ့
စာကြည့်တိုက်တတိုက်ဖွင့်ရင်
အချုပ်ထောင်မှာ လူငါးယောက်လျော့မယ်
စာဖတ်တဲ့လူဟာ အသိအဉာဏ်အားကောင်းလာတယ်
အနည်းဆုံး မိဘတွေ ဆုံးမရတာသက်သာတယ်
မင်းကိုယ်မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းမိသားစုကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတိုင်းပြည်ကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတို့တတွေ
ဗဟုသုတကို ရှာဖွေပါ လေ့လာပါ ဆည်းပူးပါ
စာဖတ်ပါ
တပါးသူရဲ့အတွေ့အကြုံကို
လက်ဆင့်ကမ်းယူကြပါ
ဘဝကို
ဦးနှောက်က ဦးဆောင်တာဖြစ်တဲ့အတွက်
ဦးနှောက်ကို ဦးစားပေးတဲ့စာမျိုး
များများဖတ်စေချင်တယ် ။
-အောင်သင်း
(ဓာတ်ပုံကို မူရင်းတင်သူအား credit ပေးပါတယ်ရှင်)
#kantkawkhinbookhouse

👍21❤13
" တာဝန်နှစ်ခု "
=========
မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်
မင်းတို့ရဲ့ဘဝကို
မင်းတို့မိဘတွေထက်
ပိုသာလွန်တဲ့ဘဝဖြစ်အောင်ကြိုးစားရမယ်
မင်းတို့ရဲ့သားသမီးတွေကို
မင်းတို့ဘဝတွေထက်ပိုပြီး
ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်
"အချိန်ဆိုတာ ဘဝ"
==============
မင်းအသက် ၃၀ ငါ့အသက် ၈၆
ဒါအချိန်ပဲ
အချိန်ကဘဝပဲ
အချိန်မပါဘဲ ဘဝကိုဖွဲ့စည်းလို့မရဘူး
မင်းဘဝကိုတန်ဖိုးထားရင်
မင်းရဲ့အချိန်ကိုလည်း တန်ဖိုးထားရလိမ့်မယ်
" နှလုံးသားလှဖို့လိုတယ် "
===============
ကဗျာရူးရယ် စာရူးရယ် အချစ်ရူးရယ်
ငါအချစ်ဆုံးပဲ
သူတို့ကနှလုံးသားရှိလို့
ဥစ္စာရူးရယ် အာဏာရူးရယ် ငါအမုန်းဆုံး
သူတို့ကနှလုံးသားမရှိလို့
" အားခဲထားနိုင်ရမယ် "
=============
စိတ်ပျက်လက်ပျက်ဆိုတာမျိူးမဖြစ်စေနဲ့
စိတ်ပျက်ချင်ပျက် လက်တော့မပျက်နဲ့
ဆိုလိုတာက
လေ့ကျင့်ကြိုးပမ်းမှုကိုမလျော့လိုက်နဲ့
" အကျင့် "
========
လူတွေက
မကောင်းတာလုပ်ဖြစ်ရင်
မကောင်းအကျင့်ပါသွားမှာကျသိကြတယ်
ငါပြောမယ်
မကောင်းတာအကျင့်လုပ်ရင်
မကောင်းကျင့်ပါသွားမှာပဲ
အဲ့ဒီလိုပဲ
ကောင်းတာကိုလည်း
အကျင့်လုပ်ရင်
ကောင်းတဲ့အကျင့်ဖြစ်သွားမှာပဲ
" ရခဲမှရတနာ"
==========
အောက်တန်းကျဖို့ဆိုတာ
ကြိုးစားနေဖို့မလိုဘူး
တစ်နေ့
ငါအောက်တန်းကျရမယ်လို့
အဓိဋ္ဌာန်ပြုနေဖို့မလိုဘူး
အောက်တန်းကျတာရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့
အထက်တန်းစားစိတ်ဓာတ်ဖြစ်ဖို့ကျ
ခဲယဉ်းသွားပြီ
" သတိမမူရင် ဂူမမြင်ဘူး "
===============
လူတွေက
သူများထီပေါက်ရင်သာ
ငါလည်း ထီပေါက်နိုင်တယ်လို့ တွေးတတ်ကြတာ
သူများကားတိုက်ရင်
ငါလည်း ကားတိုက်ခံရနိုင်တယ်လို့
မတွေးကြဘူး
သူများအောင်မြင်ရင်သာ
ငါလည်းအောင်မြင်မယ်လို့သာ တွေးကြတာ
သူများကျရှုံးရင်
ငါလည်း ကျရှုံးနိုင်တယ်လို့မတွေးကြဘူး
သတိထား အစစအရာရာ
သတိဆိုတာ ပိုတယ်မရှိဘူး
" အခိုက်အတန့် "
===========
လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ
" တောင်းမှာအကွပ် "
=============
အသိပညာရှိသောသူ၊ ဆုံးမထိုက်သောသူ၊ ဆုံးမရန်
ဝတ္တရားရှိသောသူတွေကိုက
ပစ်ပယ်လိုက်ပြီဆိုရင်တော့
အဲ့ဒီကောင်ဘဝ သေပြီလို့မှတ်လိုက်တော့.
"စာနာမှု"
=======
"ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ သူများအတွက်လည်း
ကြည့်ပေးနိုင်တာကလည်း
ယဉ်ကျေးမှုပဲ"
"ရိုးသားပါ "
========
ကိုယ်မရသင့်တာကို မယူချင်ပါနဲ့..
ကိုယ်မရသင့်တာကို ယူလိုက်မိရင်
ကိုယ်မလိုချင်တာတွေကိုပါ လက်ခံရတတ်တယ်
" လူမိုက်နှင့် လူလိမ္မာ "
===============
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို
ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့
"ရင်ဆိုင်ပါယှဉ်ပြိူင်ပါ "
==============
တညည်းညည်း တညူညူနဲ့
"ငါတော့ ကံဆိုးတာပဲလို့
အောက်မေ့နေရင်
အဲဒီလူ တစ်ကယ်ကံဆိုးသွားပြီလို့သာ
အောက်မေ့ပေတော့..
လောကကြီးမှာ ရှုံးလို့ထွက်ပြေးရင်
တစ်သက်လုံးပြေးပေတော့..
အောင်မြင်မှု ဘယ်တော့မှ မရဘူး..
ထွက်ပြေးတဲ့ကောင် ဘယ်တော့မှနိုင်ရိုးမရှိဘူး..
ရင်ဆိုင်နိုင်တဲ့ကောင်မှ နိုင်တာ..။
...........................&..............:.........
( ဆရာကြီး ဦးအောင်သင်း၏ ဒဿနများ )

👍23❤14
အရမ်းကောင်းလို့.(ဖတ်စေချင်)💞💞
"ကိုယ်ကိုယ်ကိုဆုံးမခြင်း''✍
~~~~~~~
အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။
Be Strong !!!💪
ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ်မင်းရှေ့မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
Stay like Independent person !!!
ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှမင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။
Be Active !!! 💪
ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။
Believe Yourself.!!!✍
ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာတာ ကိုယ်ဆက်လုပ်ပါ။
Forget !!!✍
မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။
Stop !!!✍
မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။
Have Resistance !!!✍
လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။
Accept !!!✍
မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကိုလက်ခံပါ
#Credit....မူရင်း

❤26👍15🤷♀1
ကြောက်တတ်တဲ့ ဦးနှောက်မှာ
အိမ်မက်တွေမရှင်သန်နိုင်ဘူး ...💥💥💥 *********
#တကယ်ကိုမရှင်သန်တာဗျ...
ကျွန်တော်တို့ရဲ့အောင်မြင်မှုကို အကြီးမားဆုံး ပိတ်ဆို့တားစီးထားတဲ့အရာက ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်ပဲ ဖြစ်ပါတယ်။
လူအများစု အောင်မြင်မှုမရပဲ အခွင့်အလမ်းတွေနဲ့ လွဲချော်ရခြင်းရဲ့ အဓိကအားနည်းချက်ကလည်း သူတို့တွေဟာ အောင်မြင်မှုကြောင့်ရလာတဲ့ ပျော်ရွှင်ရမယ့်ခံစားချက်ထက် ရှုံးနိမ့်ပြီးကြုံတွေ့ရမယ့် နာကျင်ခြင်းခံစားချက်ကို ပိုပြီး ကြောက်နေကြလို့ပါပဲ။
ဆိုရိုးစကားတစ်ခွန်းရှိတယ်။ "လူတွေက ကောင်းကင်ဘုံတော့ ရောက်ချင်ကြတယ်။ ဒါပေမယ့်ဘယ်သူမှမသေချင်ကြဘူး'' တဲ့။
အဲဒီလိုပါပဲ လူအများစုကချမ်းသာဖို့ စိတ်ကူးယဉ်ကြပေမယ့် ဆုံးရှုံးမှာကိုတော့ သေမလောက်ကြောက်ကြတယ်။ အဲဒီအတွက်ကြောင့်ပဲ သူတို့ဟာကောင်းကင်ဘုံကို ဘယ်တော့မှ မတွေ့ကြတာပေါ့။
ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာလည်း ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ပြီးမှ အောင်မြင်ခြင်းတွေ ရောက်ရှိလာလေ့ရှိကြောင်းကို သတိထားမိတယ်။ ကျွန်တော်စက်ဘီးမစီးတတ်ခင် အချိန်ထိ အကြိမ်ကြိမ်လဲကျခဲ့ဖူးတယ်။
ဂေါက်သီးတလုံးမှ မပျောက်ဖူးပဲ ဂေါက်ရိုက်တတ်သွားတဲ့ သူမရှိသလို တစ်ခါမှ ငွေကြေးမဆုံးရှုံးဖူးပဲ ချမ်းသာသွားတဲ့ သူဌေးတွေလည်း ကျွန်တော်မတွေ့ဖူးသေးဘူး။
ကျွန်တော်တို့ဘဝမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကြောက်ရွံ့မှု (Fear) တွေ ကျွန်တော်တို့ရဲ့စိတ်ခံစားချက် (Emotion) တွေကို ထိန်းချုပ်ပြီး ဘယ်အရာကိုမဆို ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ပြီး ရဲရဲရင်ဆိုင်ဖို့ အရေးကြီးပါတယ်။
ရောဘတ်ကီယိုဆာကီ
#လေးစားစွာဖြင့်

👍36❤8🥰1
software auto update များ ပိတ်ရန်
1- win key + r နှိပ်ပြီး run box ခေါ်ပါ။ gpedit.msc ရိုက်ပြီး OK နှိပ်ပါ။
2- ဘယ်ဘက်က Computer Configuration -> Administrative Templates -> All Settings နှိပ်ပြီး ညာဘက်က Configure Automatic Updates ကို double click နှိပ် Disabled ရွေးပြီး OK နှိပ်ပါ။
windows update ပိတ်ရန်
1- win key + r နှိပ်ပြီး run box ခေါ်ပါ။ services.msc ရိုက်ပြီး OK နှိပ်ပါ။ ဘယ်ဘက်က Windows Update ကို double click နှိပ်ပြီး Manual ကို Stop လုပ်ပါ။ အဲ့ဒီနောက် Disabled ပြန် ရွေးပြီး Start ကိုနှိပ်ကာ OK ကိုနှိပ်ပါ။
2- win key + r နှိပ်ပြီး run box ခေါ်ပါ။ gpedit.msc ရိုက်ပြီး OK နှိပ်ပါ။ဘယ်ဘက်က Computer Configuration -> Administrative Templates -> Windows Components နှိပ်ပါ။
3- ထပ်မံပြီး Windows Update ကို နှိပ်ပါ။ ညာဘက်က Configure Automatic Updates ကို double click နှိပ် Disabled ရွေးပြီး OK နှိပ်ပါ။
4- win key + r နှိပ်ပြီး run box ခေါ်ပါ။ gpedit.msc ရိုက်ပြီး OK နှိပ်ပါ။ဘယ်ဘက်က HKEY LOCAL MACHINE -> SOFTWARE -> Policies -> Microsoft ကို နှိပ်ပါ။
5- ထပ်မံပြီး Windows ->WindowsUpdate -> AU ကိုနှိပ်ပါ။ ညာဘက်က NoAutoUpdate ကို double click နှိပ်ပြီး Value data ကို 1ပြောင်းပါ။ OK နှိပ်ပါ။
Credit…. Phoe Thar
လေးစားစွာဖြင့်

❤54👍18🍓2