GK&ကွန်ပျူတာဆိုင်ရာနည်းပညာ
2.22K subscribers
44 photos
3 links
Download Telegram
USB Keyboard မှ ရလိုက်သော အတွေ့အကြုံ တခု အကြောင်း

တခါတရံ မှာ ကျနော့်​ ထံ မျက်စိလည်ပြီးအလည် ရောက်လာတတ်တဲ့ PC တွေ ရှိ ပါတယ် အကြောင်းသိတဲ့ မိတ်ဆွေ တွေထံကတဆင့်ပေါ့ဗျာ အလကားပြင်ပေးတာရယ် အမြန်ဆုံးပြင်ပေးတာရယ်လည်းပါမှာပေါ့ ကွန်ပြူတာ သုံးနေကြသူဟာတနေ့တမနက် မသုံးရရင် မနေနိုင်ပါဘူး
တခါတရံများ ကွန်ပြူတာပစ္စည်းရောင်းတဲ့ဆိုင်တွေမှာhardware သွားဝယ်တဲ့အခါ ကွန်ပြူတာ လာပြင်တဲ့သူတွေ ကိုတွေ့တယ် ရက်နဲ့ချီပြီး စောင့်ကြရပါလိမ့်မယ် ကိုယ်တွေလည်း ဟိုစဥ်အခါတုန်းက ဒီလိုဘဲ ခံ စားခဲ့ရဘူးလို့အရမ်းကို ကိုယ်ချင်းစာပါတယ် လာဗျာကားပေါ်တက် ချက်ခြင်းစစ်ပြီး ပြင်ပေးမယ်လို့ပြောချင်စိတ်တွေ ပေါ်လာတယ် တကယ်ပါဘဲ

ဒီတခါ တော့ Win 11 တင်ထားတဲ့ Desktop တလုံးပါ Keyboard အလုပ်မလုပ် တဲ့ပြသနာပါ
power on လိုက်တဲ့အခါ KB က မီးလင်းပါတယ် ဒါပေမဲ့ Window တက်သွားတဲ့အခါ မီး မလင်းတော့ပါဘူး KB အလုပ်မလုပ်တော့ပါဘူး Device Manager ထဲ ဝင်ကြည့်တဲ့အခါ usb input device မှာ ပြသနာ ပေါ်နေတာတွေ့ပါတယ် (ပုံမှာ ကြည့်ပါ) Double left click နဲ့ဝင် ကြည့်တဲ့အခါ Device status ကိုတွေ့ပါတယ် (ပုံမှာ ပြထားပါတယ်)
Error က Code 48 ပြသနာက တင်ထားတဲ့ driver က Window နဲ့ရန်ဖြစ်နေတာပါ
ကြည့်ရတာက ဒီပိုင်ရှင် တခုခု​ေတာ့ လုပ်ထားပြီ
ဒါ ဘာခက်တာမှတ်လို့ဆိုပြီး အဲ့device ကို driver update လုပ်ပေးပါတယ် မရပါဘူး ကဲဒါဆို Usb device ကို uninstall လုပ်ပြီး restart လုပ်လိုက်လည်း အဆင်မပြေ ပါဘူး
KB က Esc ကို နှိပ်ပြီး Usb မှာ ပြန်ထိုးပြီး KB ကိုreset လုပ်ထာလည်းမရပါဘူး
ဒါဘာခက်လည်း ဆို ပြီး Driver Genius software ကို သုံးပြီး driver update လုပ်ပေးပါတယ် အဆင်မပြေပါဘူး
google ခေါက်ရတဲ့အဆင့် ရောက်သွားပါပြီ
ဆရာသခင်တယောက်ကတော့ Run box ထဲဝင် appwiz.cpl ရိုက်ပြီးHyper-V feature ကို uncheck လုပ်ပါ ဆိုလို့ လုပ်ကြည့်တော့ uncheck လုပ်ပြီးသားဖြစ်နေတယ်
ပြီးတော့ Command Prompt မှာ sfc /scannowလုပ်လည်းမအိုကေဘူး
Windows Memory Diagnostic ကိုrun လည်းအဆင်မပြေဘူး ဒါနဲ့မှ မရရင်တဲ့ system restore လုပ်ပါတဲ့ ဒါတော့သူပြောမှလားဗျာ system restore က ဘသူမှ မလုပ်ကြဘူး
တော်သေးတာပေါ့ Reset PC မလုပ်ခိုင်းတာ
အဲ့ KB က သူ့ desktop နဲ့သာ အလုပ်မလုပ်တာ ကျနော့ pc မှာတော့ အလုပ်ဖြစ်နေတာ တွေ့ရပါတယ်
idea ရသွားပါပြီ စောစောကပြောတဲ့ Driver Genius software ကို ကျနော့် Win 11 PC မှာ install လုပ်လိုက်ပါတယ် softwareမှာ ပါတဲ့ backup ကိုသုံးပြီး PC ထဲ က driver တွေ ကို backup လုပ်ပြီးstick မှာ safe လုပ်ထားလိုက်ပါတယ်
ပြီးတဲ့အခါ save ထားတာကိုယူပြီးဟိုဘက်က PC ရဲ့ desktop မှာ save ထားလိုက်ပါတယ်
အဲ့ဒီ Desktop Pc ကိုSafe Modeက​​ေန ဝင်ပါတယ် driver Genius ကို run ပါတယ် restore ကိုအသုံးပြုပါတယ် လို အပ်တဲ့ backup folder ကိုတော့ စောစောက desktop ပေါ်က save ထားတာကို ညွန်းပါတယ် saveထားတဲ့ file တွေ ကို အကုန် check မလုပ်ပါဘူး
USB input Device (consumer control) နဲ့
USB input Device (Keyboard)
နှစ်ခုဘဲ check လုပ်ပြီး restore လုပ်ပေးလိုက်ပါတယ်
Window restart ဖြစ်ပြီး ပြန်တက်လာတော့ KB ရဲ့ Numlock က မီးလင်းလာ​ ပြီး အိုကေသွားပါတယ် နေ့တဝက်တော့ အချိန်ပေးလိုက်ရပါတယ်
ပိုင်ရှင်လည်းပျော်သွားသလို ကျနော်လည်းပျော်သွားပါတယ်
ကျနော်ပျော်ရခြင်းက ဒီ group မှာ တင်စရာ post တခု ရရှိလိုက်ရလို့ ဖြစ်ပါတယ်

#Crd
မူရင်းတင်သူ
👍206
Facebook, Messenger, Instagram/WhatsApp server Down ဖြစ်သွားပါတယ်ခင်ဗျာ
World Wide(တစ်ကမ္ဘာလုံး) ဖြစ်တာပါနော် အရမ်းစိတ်မပူကြပါနဲ့.....
👍1
The account of the user that owns this channel has been inactive for the last 5 months. If it remains inactive in the next 28 days, that account will self-destruct and this channel may no longer have an owner.
ကွန်ပျူတာတွေမှာ Virus ရှိနေရင်

ကိုယ့်ကွန်ပျူတာတွေမှာ Virus ရှိ၊ မရှိကို အလွယ်တကူ စစ်ဆေးကြည့်ရှုနိုင်ပါတလ်... Antivirus Software မရှိဘဲ စစ်ဆေးနိုင်တဲ့ နည်းလမ်းများစွားရှိပါတလ်.....

အရင်ဆုံးစစ်ဆေးကြည့်ရှု ရမှာကတော့ ...

Tools Menu က Folder Options ပျောက်နေခြင်း

Command Prompt, Registry, Task Manager ကိုဝင်တိုင်း ကွန်ပျူတာ Restart ကျနေခြင်း

Administrator Account ဖြစ်ရဲ့သားနဲ့ Registry Editor, Task Manager ဖွင့်မရခြင်း

Hidden Files, Hidden System Files တွေကို ဖော်မရဖြစ်နေခြင်း

Folder တွေကို Double Click နှိပ်လိုက်တိုင်း My Document Folder ပဲပေါ်နေခြင်း၊ ဒါမှမဟုတ် Folder လည်း မပွင့် ဘာမှလည်းမတတ်လားခြင်း

Memory Stick ရဲ့ Drive ပေါ်မှာ right click နှိပ်လိုက်ရင် Open က ထိပ်ဆုံးရောက်နေ မယ့်အစား Autoplay က ထိပ်ဆုံးရောက်နေခြင်း

Drive တွေ၊ Memory Stick တွေကို Double click နှိပ်လိုက်တိုင်း OpenWith Box ပဲပေါ်လာခြင်း

Memory Stick ထဲက Folder တွေပေါ်မှာ Right click နှိပ်ပြီး properties ကိုရွေးရင် Type မှာ File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေခြင်း

My Folder ဆိုတဲ့ Folder အောက်မှာ MyFolder.exe ကိုတွေ့မြင်နေရခြင်း (Folder ၏ နာမည်နှင့်တူသော exe ၀င်ရောက်နေခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။)

Task Manager ကိုဖွင့်ပါ။ (Ctrl+Alt+Del). Flashy, Fun, New Folder စတဲ့ Process တွေနဲ့ မသင်္ကာဖွယ်ရာ Process တွေ Run နေခြင်း (Run နေတယ်ဆိုရင် ဘယ် Memory Stick မှမတပ်ပါနှင့်။ Virus ချက်ချင်း ကူးစက်ခံနိုင်ရပါတယ်။ Stick ကို Format ချလည်းအပိုပါပဲ။ ကိုယ်က Format ချပြီးတာနဲ့ Virus ကပြန်ဝင်နိုင်ပါသည်။)

အထက်ပါ အချက်တွေထဲက တစ်ခုခု ဖြစ်နေရင် ကွန်ပျူတာမှာ သေချာသလောက်နီးပါး Virus or Trojan or spyware တစ်ခုခု စက်ထဲမှာရှိနေပြီလို့ ယူဆနိုင်ပါသည်။ အခြားစစ်ဆေးနည်းတွေ အများကြီးရှိပါသေးသည်။ ပိုသေချာအောင် Antivirus Software တစ်မျိုးမျိုးကို install လုပ်ပြီး Full Scan Run ကြည့်ပါ။ Virus ၀င်တာသေချာပြီးဆိုရင်တော့ Virus ကို အရင်သတ်လိုက်ပါ။ Virus Backup တောင်မလုပ်ထားပါနှင့်။ Backup လုပ်ထားတဲ့ Virus ကအန္တရာယ်ဖြစ်လာနိုင်ပါသည်။ တကယ့်ပြဿနာက Virus တွေကို အပြတ်ရင်းပြီးသည့်တိုင်အောင် Folder Options လို Feature မျိုး ပြန်မပေါ်လာဘူးဆိုရင် Hard Disk ကို Format ချပြီး Windows အသစ်တင်တာမျိုး မလုပ်ပါနဲ့။ Folder Option, Task Manager and Registry တို့ကို Tools တချို့အသုံးပြုပြီး ပြန်လည်ဖော်ထုတ်လုပ်ရပါတယ်။

အရင်ဆုံး System Restore Point တစ်ခုကို ဖန်တီးပါ။
Start > All Programs > Accessories > System Tool > System Restore ကိုဖွင့်ပါ။ Create a restore point ကိုရွေးပြီး Next ကိုနှိပ်ပါ။ Restore point description မှာ နာမည်တစ်ခုပေးပါ။ (ဥပမာ Before Repair ဆိုတာလိုမျိုးပေါ့။) ပြီးရင် Create ကိုနှိပ်ပါ။ Restore Point Created လို့ပေါ်လာရင် Restore point တစ်ခုကို အောင်မြင်စွာဖန်တီးနိုင်ပါပြီ။ Close ကိုနှိပ်ပြီး ထွက်ပါ။

Registry Editor ကိုအသုံပြုပြီး ပြင်ဆင်မှာ ဖြစ်လို့
Registry Database ကို backup လုပ်ထားနည်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Start > Run ကိုဖွင့်ပါ။ regedit လို့ရိုက်ထည့်ပါ။ File > Export ကိုရွေးပါ။ နာမည်တစ်ခုကို ပေးပြီး save လုပ်ပါ။

Windows ကို Repair လုပ်နိုင်ဖို့ အတွက် Windows ခွေ တစ်ချပ်ရှိထာဖို့လိုပါလိမ့်မယ်။ ( Windows CD တိုင်းကတော့ Windows ကို Repair လုပ်ပေး နိုင်မှာ မဟုတ်ပါဘူး။)

System Restore Point နဲ့ Registry ကို backup လုပ်ပြီးပြီးဆိုရင် အရေးကြီးတာတစ်ခု လုပ်ရပါလိမ့်မည်။ Data တွေကို Backup လုပ်ထားဖို့ပါပဲ။

Task Manager, Registry Editor & Folder Options ကိုဖော်ယူခြင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Task Manager, Registry Editor and Folder Option ကိုဖော်ယူဖို့အတွက် အရင်ဆုံး ကွန်ပြူတာမှာ Virus ကင်းဖို့လိုပါသည်။
ပထဆုံး Task Manager ပွင့်၊ မပွင့် ကြည့်ပါ။ Start > Run မှာ taskmgr လို့ရိုက်ထည့်ပါ။ (Crtl + Alt + Del). Task manger has been disabled by your administrator”
လို့တွေ့ရရင် Task Manger ကို Virus ကတော့ပိတ်သွားပြီလို့ ယူဆနိုင်ပါတယ်။ Task Manager ကို registry ကနေပြန်ဖွင့်ရလိမ့်မယ်။

Start > Run မှာ regedit လို့ရိုက်ထည့်ပါ။ Registry ပွင့်တယ်ဆိုရင် Task Manager and Folder Options ကို Manual ပြန်ဖွင့်လို့ရပါတယ်။ Registry ကိုဖွင့်ပြီး

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\Explorer မှာ No Folder Options ဆိုတဲ့ Key ကိုတွေ့ရင်ဖျက်ပါ။ (Right Click > Delete)
👍113🥰1
HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\System (AND) HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Policies\System မှာ “Disabled TaskMgr” ဆိုတဲ့ Key ကို တွေ့ရင်လည်းဖျက်ပါ။

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Run (AND) HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\ Policies\Run က Key
တွေအားလုံးကိုလည်းဖျက်ပါ။

အဲဒါတွေက ကွန်ပြူတာ ဖွင့်ဖွင့်ချင်းမှာ တက်လာမယ့် Program စာရင်းတွေဖြစ်ပါတယ်။ Virus က အဲဒီ နေရာကနေ စတင် Run တာပါ။ အားလုံးပြီးရင်တော့ ကွန်ပြူတာကို Restart ချပါ။ Folder Options and Task Manager ပြန်ရမရစစ်ပါ။ ပြန်မရဘူးဆိုရင် Registry ကိုပြန်ဖွင့်ပြီး HKEY_CURRENT_USER\ Software\ Microsoft\Windows\C urrentVersion\ Policies\ Explorer ကိုပြန်သွားပါ။ “No Folder Options” ပြန်ရောက်နေတယ်ဆိုရင် Virus မသေသေးပါဘူး။ Virus ကိုအရင်သတ်ပါ။

အကယ်၍ Registry ပွင့်ပြီး ကွန်ပြူတာ Restart ကျသွားရင်တော့ ကွန်ပြူတာမှာ Virus ရှိနေပါသေးတယ်။ ပြီးတော့ Run လည်း run နေသေးပါတယ်။ Virus ကင်းအောင် အရင် လုပ်သင့်ပါတယ်။ (Kaspersky ကိုအသုံးပြုရင် အဆင်ပြေနိုင်ပါတယ်။)

ဒါမှမဟုတ် “Registry editing had been disabled by your administrator” လို့တွေ့ရရင် Registry ကိုလည်း Virus ကပိတ်သွားပါပြီ။ အဲဒါဆိုရင်တော့ Tools တစ်ခုခုသုံးမှအဆင်ပြေနိုင်ပါတော့မည်။ (e.g Cover XP). အဲဒါတွေအပြင် iRepair Man လို့ခေါ်တဲ့ Program လေးတစ်ခုကို အသုံးပြုနိုင်ပါသည်။ သူက Folder Options, Task Manager and Registry ကိုပြန်ဖွင့်ပေးပါလိမ့်မည်။ http://www.isoft.ygn.cc မှာ Download ချယူနိုင်ပါသည်။

Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း။
Folder တွေကို Double Click နှိပ်လိုက်တိုင်း My Documents Folder ပေါ်နေခြင်း၊ ဘာမှမတက်လာခြင်း ဖြစ်နေပြီးဆိုရင်တော့ အဲဒီ Folder ဟာ User ရဲ့ Folder
အရောင်ဆောင်ထားတဲ့ Virus တစ်ခုပဲဖြစ်ပါတယ်။ အဲဒီ File ကို Right click နှိပ်ပြီး Type of file မှာကြည့်ကြည့်ပါ။
File Folder လို့ပေါ်နေမယ့်အစား Application လို့ပေါ်နေတယ်။ User ဟာ Folder ကို Double click လုပ်လိုက်ပြီဆိုတာနှင့် ကွန်ပြူတာထဲကို Virus ကတန်းဝင်သွားပါပြီ။

များသောအားဖြင့် Virus ကိုက်နေတဲ့ စက်မှာ သွားတပ်မိတဲ့ Memory Stick တွေမှာ တွေ့ရများပါသည်။
မှိန်နေတဲ့ Folder တွေကတော့ User ရဲ့ Folder အစစ်တွေပါပဲ။ ထင်းနေတဲ့ Folder တွေကတော့ Folder အယောင်ဆောင် File လေးတွေပဲဖြစ်ပါတယ်။ File ကို Select လုပ်လိုက်တဲ့ အခါ Detail မှာ Application လို့ပေါ်နေတာကို သတိထားမိမှာပါ။ မှိန်နေတာလေးတွေကို မြင်ရတယ်ဆိုရင်တော့ ဒီ Folder တွေပါဝင်တဲ့ Drive တစ်ခုလုံးကို Virus Scan စစ်ပေးပါ။ ထင်းနေတဲ့ အယောင်ဆောင် Virus အားလုံးကိုတော့ Antivirus Software ကဖျက်သွားပါလိမ့်မယ်။ မှိန်နေတဲ့ Folder တွေကို Select လုပ်ပြီး File > Properties ကိုရွေးပါ။ Hidden မှာ Click ဖြုတ်ပါ။ Apply > OK ကိုနှိပ်ပါ။ ပြန်မြင်ရပါလိမ့်မည်။

တကယ်လို့ မမြင်ရတော့ဘူးဆိုရင် Tools > Folder Options > View > Do not show hidden files and folder ကိုရွေးထားမိလို့ မမြင်ရတာပါ။ အဲဒါကို Show hidden files and folder ကို ပြောင်းရွေးရင် Hide ဖြစ်နေတာတွေပြန်မြင်ရလာမှာပါ။ တစ်ခါတစ်လေမှာ Show hidden files and folder ကိုရွေးတာတောင် Tools > Folder Options > View > Do not show hidden files and folders ကိုပြန်ရွေးကြည့်ရင် Do not Show ပဲပြန်ဖြစ်နေတတ်ပါတယ်။ (အဲဒါက Rootkit တွေကြောင့်ဖြစ်တဲ့ ပြဿနာပါ။ Windows ကို repair လုပ်မှပြန်ကောင်း လာတော့မှာ ဖြစ်ပါတယ်။) နောက်ထပ်တစ်ခုကတော့ keyboard ပေါ်က F3 ကိုနှိပ်ပါ။ Search Box တက်လာရင် All files and folders ကိုရွေးပါ။ More advanced Options က Search hidden files and folders ကိုအမှန်ခြစ်လုပ်ပေးပါ။

All or part of the file name မှာ *.* လို့ရိုက်ထည့်ပြီး Search ကိုနှိပ်ပါ။ မှိန်နေတဲ့ Folder တွေကို select လုပ်ပြီး File > Properties ကိုရွေး၊ Hidden မှာ အမှန်ခြစ်ဖြုတ်ပြီး Apply > OK ကိုရွေးလိုက်ရင် ရပါပြီ။

သူများစက်မှာ သွားတပ်လာတဲ့ Memory stick ကို ကိုယ်စက်မှာတပ်ပြီးရင် Double click မနှိပ်လိုက်ပါနှင့်။ Virus ပါလာတယ်ဆိုရင် ချက်ချင်းကူးနိုင်ပါသည်။ Antivirus Software နှင့် Scan အရင်စစ်ကြည့်ပါ။ Antivirus Software မရှိဘူးဆိုရင် Drive ကို Right Click နှိပ်ကြည့်ပါ။ Open ကထိပ်ဆုံးရောက်နေရင် Memory Stick ထဲမှာ Virus ၀င်နေပါတယ်။

Anti-Virus Software တစ်ခုခုတင်ပြီးတော့ Scan လုပ်ကိုလုပ်ရပါတော့မည်။

အဆင်ပြေကြပါစေ။


#Credit...owner
👍71
Data Structures

ခုပြောမှာက Data Structures ကို
Logically သီးသန့်ပြောမှာပါ
အဓိကက Data နဲ့ပတ်သက်ပြီး
organizes လုပ်တတ်အောင်
related လုပ်တတ်အောင်
အခြေခံလေးတွေလင်းချင်တာပါ

Different kinds of data structures
လို့ဆိုလိုက်တာနဲ့

- Array
- Linked List
- Stack, Queue
- Graph, Tree
- Hash Table ဆိုပြီးလေးမျိုးလောက်ရှိပါမယ်

ဒီလေးခုကို category ထပ်ခွဲရရင်

(Trees)
hierarchical data တွေကို
files and folders တွေထဲမှာ
filesystem အလိုက် orginazes လုပ်တာမျိုးကို
trees လို့ခေါ်ပါတယ်
Excel မှာဆိုရင် hyperlink သုံးသလိုမျိုးပေါ့

(queues)
queues ဆိုတာက
create task schedulers တွေဖန်တီးပြီး
tables to look up identifiers လုပ်တာမျိုးကိုဆိုလိုတာပါ
Excel မှာဆိုရင် vlookup အသုံးပြုသလိုမျိုးပေါ့

ဒီနေ့ကတော့ data structures မှာ
အသုံးအများဆုံး logic ဖြစ်တဲ့
stacks and queues
တို့အ‌ကြောင်း ပြောမှာပါ

Stack

stack က simple data structure ပါ
Very simple ပါနော်
adds လုပ်မယ်
removes လုပ်မယ်
ပုံမှာပြထားတဲ့အတိုင်း
Add လုပ်လိုက်တဲ့ data တွေဟာ
အမြဲအပေါ်ဆုံးမှာပဲရှိနေမှာပါ

တစ်ခါ remove ပြန်လုပ်တဲ့အခါ
အပေါ်ဆုံးက data ကိုပဲ ပြန် remove လုပ်မှာပါ
ဒါကို ကျွန်တော်တို့ပုံမှန်အားဖြင့်
LIFO လို့ပဲခေါ်ကြပါတယ် (Last In, First Out).

Terminology အနေနဲ့ဆိုရင်
Adding လုပ်တာကို push လို့ခေါ်ပါတယ်
Removing လုပ်တာကို pop လိုခေါ်ပါတယ်

Queue

queue ကတော့ logistics /warehouse ပိုင်းတွေမှာ
အများဆုံးသုံးပါတယ်

ပုံမှာပြထားတဲ့အတိုင်း
Add လုပ်လိုက်တဲ့ data ကို
အမြဲ back side ကို add ပြီး
Remove လုပ်ရင်
Front side က လုပ်မှာပါ
ဒါကို ကျွန်တော်တို့ပုံမှန်အားဖြင့်
FIFO လို့‌ခေါ်မှာပါ (First in First Out).

Terminology အနေနဲ့ဆိုရင်
Adding လုပ်တာကို back လို့ခေါ်ပါတယ်
Removing လုပ်တာကို front လိုခေါ်ပါတယ်

Summary

ပုံမှာအားဖြင့် data base တစ်ခုတည်ဆောက်တဲ့အခါ
Excel မှာဆိုရင်
Date ဆိုတဲ့ category column ရဲ့ အောက်မှာ
Date တွေဟာ vertical ‌ဒေါင်လိုက်အနေအထားပဲ
ရှိရပါမယ်
ဒါမှာ pivot အသုံးပြုလိုရမှာပါ
Date ကို column အလိုက် တစ်ခုခြင်းထားရင်
Pivot လုပ်ရတာ ဘယ်လိုမှအစဉ်မပြေပါဘူး

ပြောရရင် data value တွေကို
ခေါင်းစဉ် category တစ်ခုရဲ့အောက်မှာ
အမြဲထားပြီး vertical အတိုင်း data base တစ်ခုတည်ဆောက်ရမှာပါ
ဒါမှ data structures အရ
Vlookup /index/ match ကြိုက်သလို
ချိတ်လို့ရမှာပါ

ခု user တော်တော်များများရဲ့
Data Structures က format မကျတဲ့အခါမှာ
Vlookup ချိတ်ချင်ရင်တောင်
ဘယ်လိုချိတ်ရမလည်းမသိဖြစ်ဖြစ်နေတတ်ပါတယ်

သင်တန်းတွေအနေနဲ့လည်း
ကျောင်းသားတွေကို formula တွေကြီးမသင်ပဲ
Data Structures လေးတွေ
သဘောတရားလေးတွေ သင်စေချင်ပါတယ်
ဘာလို့ဆို
Operation လက်တွေ့လုပ်ငန်းခွင်မှာက
သင်တန်းကသင်ပေးလိုက်တဲ့
Dummy data လိုမျိုး
row 5 ကြောင်း column 6 ခုနဲ့
Table ဆောက်ထားတာမှမဟုတ်တာဗျာ

Formula မချိတ်ခင်
Data table ဟာ structures မှန်ရဲ့လား
အရင်ကြည့်တတ်အောင်သင်ပေးစေချင်တယ်

‌#စေတနာများဖြင့်
#BeHappyWithData
#excelMyanmar
#HMK
👍43
Bluetooth ဆိုတာဘယ်လိုအရာဖြစ်ပြီး ဘယ်လိုပုံစံအလုပ်လုပ်သလဲ?

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ ၊ ကျွန်တော် ဒီနေ့ ပြောပြသွားမယ့်အကြောင်းအရာကတော့ Bluetooth ဆိုတာ ဘယ်လိုအရာဖြစ်ပြီး၊ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ ၊ ကဲ ..... အားလုံးပဲ စလိုက်ကြရအောင်ဗျာ 💁‍♂️ .

ဘယ်ပစ္စည်းတွေက Bluetooth ကိုအသုံးပြုသလဲ? အခုသင့်အခန်းပတ်ပတ်လည်ကို တချက်ဝေ့ကြည့်လိုက်ရင် လျှပ်စစ်ပစ္စည်းတွေ အများစုကို တွေ့ရမှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေ၊ နားကြပ်တွေ၊ ကွန်ပြူတာတွေ အစရှိသဖြင့် အရာအများစုဟာ Bluetooth ကိုအသုံးပြုနိုင်ကြပါတယ်။ Bluetooth မရှိဘူးဆိုရင် ပစ္စည်းကိရိယာတစ်ခုချင်းစီကို ဝါယာကြိုးနဲ့လိုက်ဆက်ပြီး သုံးရမှာဖြစ်ပြီး သင်ဟာလဲ အဲဒီပစ္စည်းတွေနားကနေ ကြိုးရှည်သလောက် ပေအနည်းငယ်အကွာမှာပဲ အမြဲနေရမှာပါပဲ။

လျှပ်စစ်ပစ္စည်းတွေကို ဝါယာနဲ့အမြဲချိတ်သုံးနေရတာ စိတ်ရှုပ်စရာကောင်းသလို ကျန်းမာရေးအတွက်ကော Safety အတွက်ပါမကောင်းပါဘူး။ ဒါကြောင့် Bluetooth ဆိုတာပေါ်လာပါတယ်။ ဒါဖြင့်အဲဒါက ဘယ်လိုအလုပ်လုပ်လဲဆိုတာ ကြည့်ရအောင်။ ပထမဆုံးအနေနဲ့ Bluetooth ဆိုတာဘာလဲ? Bluetooth ဆိုတာ ရေဒီယိုလှိုင်းကိုအသုံးပြုပြီး အကွာအဝေးအနည်းငယ်အတွင်းမှာ ကြိုးမဲ့စနစ်နဲ့ လျှပ်စစ်ပစ္စည်းတွေ အချင်းချင်းကြားထဲ ဆက်သွယ်ပေးတဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ 1990 ခုနှစ်နှောင်းပိုင်းမှာ ပထမဆုံးပေါ်ထွက်လာခဲ့ပြီး ဒီနည်းလမ်းဟာ အထူးရေပန်းစားလာပါတယ်။ အကြောင်းက အရင်တုန်းကလျှပ်စစ်ပစ္စည်းတွေ အများကြီးကို တွဲပြီးချိတ်ဆက် အသုံးပြုရမယ်ဆိုရင် ကြိုးတွေအများကြီး ရှုပ်ယှက်ခတ်အောင် လိုက်ချိတ်နေရပါတယ်။ ဒါပေမယ့် Bluetooth ပေါ်လာပြီးနောက်မှာ လျှပ်စစ်ပစ္စည်းအများအပြားကို ဘာကြိုးမှမလိုဘဲ ချိတ်ဆက်အသုံးပြုလာနိုင်ပါတယ်။

ကျွန်တော်တို့ အိမ်ကတီဗီမှာ ရုပ်သံလိုင်းတွေ ပြောင်းမယ်ဆို ရီမုဒ်တစ်ခုနဲ့နှိပ်လိုက်ရုံနဲ့ ပြီးပါတယ်။ ဒါဖြင့် Bluetooth ကဘာများအရေးပါလို့လဲလို့ မေးစရာဖြစ်လာပါတယ်။ Bluetooth နဲ့မတူတာက တီဗီရီမုဒ်မှာအသုံးပြုတာဟာ အနီအောက်ရောင်ခြည်လှိုင်းပဲဖြစ်ပါတယ်။ အဲဒီလှိုင်းဟာ ချိတ်ဆက်မယ့် ပစ္စည်းချင်းချင်းကြားထဲမှာ တစ်ခုခုခံနေလို့မရပါဘူး။ ဥပမာ ရီမုဒ်နဲ့ တီဗီကြားထဲမှာ ပစ္စည်းတစ်ခုခု လူတစ်ယောက်ယောက်ခံနေမယ်ဆိုရင် သင်ရီမုဒ်ကိုနှိပ်ပေမယ့် လိုင်းပြောင်းလို့မရပါဘူး။ ဒါကအနီအောက်ရောင်ခြည်လှိုင်းရဲ့ အားနည်းချက်ပါ။ ဒါပေမယ့် Bluetooth မှာသုံးတဲ့ရေဒီယိုလှိုင်းကတော့ ကြားထဲမှာ ဘာပဲခံနေနေ အလုပ်လုပ်ပါတယ်။ အားနည်းချက်က အကွာအဝေး အရမ်းနည်းပြီး 10 မီတာဝန်းကျင်လောက်ပဲ ရတာတစ်ခုပါပဲ။

Bluetooth ပထမဆုံးပေါ်ထွက်လာပြီးနောက်မှာ ဒီနည်းပညာကို အဆင့်ဆင့်ထပ်မံ မွမ်းမံခဲ့ကြပြီး တွင်ကျယ်စွာအသုံးပြုခဲ့ကြပါတယ်။ 2020 ခုနှစ်အတွင်းမှာတင်ပဲ Bluetooth စက်ကိရိယာ လေးဘီလီယံနီးပါး ရောင်းချခဲ့ရပါတယ်။ Bluetooth ရဲ့လျှို့ဝှက်ချက်တစ်ခုက ကောင်းမွန်တဲ့ ခေတ်ဟောင်းရေဒီယိုပါပဲ။ အသံထုတ်လွှင့်တဲ့အခါ သို့မဟုတ် မိုဘိုင်းဖုန်းလှိုင်းတွေကို အသံလွှင့်တဲ့အခါ ရေဒီယိုရဲ့အဓိက လုပ်ငန်းတာဝန်ဟာ အကွာအဝေးပါပဲ။ ရေဒီယိုအသံလွှင့်ရုံဟာ သူ့ရဲ့အစီအစဥ်တွေကို ဟိုးအဝေးကြီးကနေ အကျယ်ကြီးကြားစေချင်ကြပါတယ်။ ဒါပေမယ့် မိုဘိုင်းဖုန်းလှိုင်းတွေဟာ အနီးဆုံး ဖုန်းတာဝါတိုင်ကို အရင်ရောက်ပြီးမှ လက်ခံမယ့် ဖုန်းဆီကိုတဆင့်ခံ ပြန်ပို့ပေးတာဖြစ်ပါတယ်။

ဒါပေမယ့် Bluetooth ကျတော့အဲဒါတွေထက် အားပျော့ပြီး 10 မီတာပတ်ဝန်းကျင်လောက်သာ အသုံးပြုလို့ရပါတယ်။ ရေဒီယို ရောင်စဥ်လှိုင်းဟာ 30 Hz ကနေ 300 GHz လောက်ထိရှည်လျားပါတယ်။ လှိုင်းကြိမ်နှုန်းနိမ့်လေ အကွာအဝေးရှည်လျားလေ ဖြစ်ပေမယ့် ပေးပို့ ရရှိတဲ့အချက်အလက်ရဲ့ အရည်အသွေးနဲ့ ထောက်ပံ့ပေးနိုင်တဲ့နှုန်းကလဲ လှိုင်းကြိမ်နှုန်းနိမ့်တာနဲ့အမျှ ကျဆင်းလာပါတယ်။ Bluetooth ရဲ့အကွာအဝေးကော အချက်အလက် အရည်အသွေးကော ညီမျှတဲ့ အကောင်းဆုံး ကြိမ်နှုန်းကတော့ 2.4 GHz ပဲဖြစ်ပါတယ်။ ဒီကြိမ်နှုန်းရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ တစ်ကမ္ဘာလုံးရဲ့ ဘယ်နေရာမှာမဆို တည်ရှိနေပြီး အသုံးပြုလို့ရတဲ့ ကြိမ်နှုန်းဖြစ်ပါတယ်။ ဒီကြိမ်နှုန်းဟာ ကြိုးမဲ့ဆက်သွယ်ရေးစနစ်တွေအတွက် စံသတ်မှတ်ထားတဲ့ ကြိမ်နှုန်းလဲဖြစ်ပါတယ်။

Bluetooth ဟာ 1990 ခုနှစ်လွန်ကာလတွေက စတင်ပေါ်ပေါက်ခဲ့ပြီး 1998 လောက်မှာ Bluetooth အထူးလေ့လာသုတေသနအဖွဲ့တွေပါ ဖွဲ့စည်းပြီး ဒီနည်းပညာကို တိုးတက်အောင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့အစည်းဟာ 1999 မှာ Bluetooth 1.0 ကိုစမ်းသပ် ထုတ်လုပ်ခဲ့ပြီး နောက်တစ်နှစ်အကြာမှာတော့ Bluetooth ကိုမိုဘိုင်းဖုန်းတွေနဲ့ ကွန်ပြူတာ PC တွေမှာ စတင်အသုံးပြုလာနိုင်ပါတယ်။ အဲဒါပြီး နောက်တစ်နှစ်အကြာ 2001 ခုနှစ်မှာ Laptop တွေ Printer တွေမှာပါ အသုံးပြုနိုင်ခဲ့ပါတယ်။ 2005 ဝန်းကျင်လောက်မှာတော့ Bluetooth နားကြပ်တွေပါပေါ်လာခဲ့ပြီး လူတွေကြားထဲမှာ အထူးရေပန်းစားခဲ့ပါတော့တယ်။

စာဖတ်သူကေ Bluetooth နဲ့ ပတ်သတ်တဲ့ အတွေ့ကြုံလေးတွေ ရှိရင် မျှဝေပေးသွားနိုင်ပါတယ် ခင်ဗျ 😉.
👍166🥰1👻1
ကျွန်တော် ခု Bluetooth နဲ့ ပတ်သတ်တဲ့အကြောင်းရာများကို ရှင်းပြတာကို နားလည်သဘောပေါက်မယ်လို့ မျှော်လင့်မိပါတယ် ခင်ဗျ 😇၊ ဒီနေ့ရဲ့ Topic လေး ကို ကျွန်တော့်အနေနဲ့ ဒီမှာပဲ ရပ်ပါရစေဗျာ၊ ကျွန်တော့်ရှေ့မှာလည်း Senior တွေမြောက်များစွားရှိကြပါတယ်၊ ကျွန်တော်ရေးတဲ့ အကြောင်းရာတွေကလည်း တချို့သော page တွေ၊ Google ကနေပါ ဆွဲယူရေးထားခြင်း ဖြစ်တဲ့အတွက် ဘယ် Page ကနေ Online ကနေလေ့လာမှတ်သား မမှတ်မိတဲ့အတွက် Source on Inter လို့ဘဲ #crd ပြပါရစေ ခင်ဗျ၊ ကျွန်တော့်ရဲ့ Senior များလည်း ဝေဖန်အကြုံပြုပြီး Suggestion Feedback လေးတွေပေးလို့ ရပါတယ် ခင်ဗျ ✍🏻..

#RainbowTechnology
#Hardware
#Crd Ken
👍107
" တိုင်းပြည်စီးပွားရေးပျက်ကပ်မှာ ပြည်သူတွေ
ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့တဲ့ မူ ၄ ချက် "

အမေရိကန်နိုင်ငံမှာ
၁၉၃၀ ခုနှစ် ပတ်ဝန်းကျင်လောက်က
ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်တော့
ပြည်သူတွေ အရမ်းကျပ်တည်းခဲ့ကြပါတယ်။

အဲဒီကျပ်တည်းခဲ့တဲ့ ကာလတွေမှာ
ပြည်သူတွေ ကျင့်ကြံဖို့ဆိုပြီး အစိုးရက
ချွေတာရေး ဆောင်ပုဒ်လေးနဲ့ ပညာပေး
လုပ်ခဲ့ပါတယ်။

အဲဒီ ဆောင်ပုဒ်လေးဟာ
အမေရိကန်နိုင်ငံသားတွေမှ မဟုတ်ပါဘူး။ ကျပ်တည်း ဆင်းရဲနေတဲ့ ဘယ်သူမဆို
အသုံးတည့်ပါတယ်။

လူတိုင်းဟာ ဘဝမှာ ငွေကြေးကြောင့်
သောကရောက်ရတဲ့ အချိန်တွေ အကြိမ်ကြိမ်
ရှိကြစမြဲပါ။

ချမ်းသာလှပါတယ်ဆိုတဲ့ သူဌေးတွေတောင်
ငွေအတွက် တောင့်တ ကြောင့်ကြရတဲ့အချိန်တွေ
ရှိခဲ့၊ ရှိနေကြဆဲ ဖြစ်ပါတယ်။

ငွေအတွက် ပူပင် သောကရောက်နေရပြီဆိုရင်
အားမလျှော့လိုက်ပါနဲ့ဦး။

ဒါဟာ လူတိုင်း ကြုံတွေ့ရတဲ့ ဒုက္ခပါ။

" ငါ ကံဆိုးလှပါလား" ဆိုပြီး
လဲကျရာက ပြန်မထရင်တော့
လဲကျလို့ နာတဲ့ ဒဏ်ရာအပြင်
လူတက်နင်း ကားတက်ကြိတ်တဲ့
သေရာပါဒဏ်ရာတွေ ထပ်ရနေပါလိမ့်မယ်။

ဒါကြောင့် ပြန်ထကြပါ။
ပြန်ထနိုင်ဖို့ အချင်းချင်း ဖေးမကူညီကျပါ။

ခုလည်း ဒီဆောင်ပုဒ်လေးဟာ
ငွေကြေးအကျပ်အတည်းဖြစ်နေလို့
ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသူတွေ
အတွက် ချွေတာဖို့ နည်းလမ်းအချို့ကို
လမ်းညွှန်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဆောင်ပုဒ်လေးကတော့

1. Use It Up
2. Wear It Out
3. Make It Do
4. Do Without ပါတဲ့ခင်ဗျာ။

အချက်လေးချက် ပါပါတယ်။

(1) Use It Up

" ကုန်အောင်သုံးပါ " ပေါ့။
ရှိသမျှ ငွေနဲ့ စည်းစိမ် ပစ္စည်းတွေကို
ကုန်အောင်သုံးခိုင်းတာတော့ မဟုတ်ပါဘူး။
အိမ်မှာ စားသုံးနေတဲ့ စားစရာတွေ ၊ သုံးနေတဲ့
ပစ္စည်းတွေကို မကုန်ခင် လွှင့်ပစ်တာမျိုး
မလုပ်ကြဖို့ ပြောတာပါ။

ဥပမာ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်
စတာတွေကိုအကပ်အသက် ကျန်တာလေးတွေကို
မသုံးတော့ပဲ လွှင့်ပစ်ပြီး အသစ်ဝယ်တာမျိုး ရှောင်ကြဉ်ရပါမယ်တဲ့။

ပစ္စည်းနဲ့ စားစရာ တွေကို မကုန်ခင် မဝယ်ပဲ
လုံးဝ ကုန်မှ ထပ်ဝယ်သင့်ပါတယ်တဲ့။
စိတ်ပညာသဘောအရ အိမ်မှာ နောက်တစ်ခု
အပိုမရှိတော့ဘူးဆိုရင် နောက်ဆုံးကျန်တာလေးကို တာရှည်ခံအောင် ချွေတာ သုံးတတ်ကြလို့ပါတဲ့။

(၂) Wear It Out

ဟောင်းစုတ်တဲ့ အထိသုံးပါ တဲ့။
မဟောင်းသေးပဲနဲ့ လွှင့်ပစ်တာမျိုး
ပေးပစ်တာမျိုး မလုပ်သင့်ပါဘူး။
အဝတ်အစား၊ ပရိဘောဂ၊ အသုံးအဆောင်
ပစ္စည်းအားလုံး အကျုံးဝင်ပါတယ်။

ဟောင်းနေတဲ့ အင်္ကျီအဝတ် အစုတ်တွေကိုလည်း အခြားနေရာမှာ (ဥပမာ ကြမ်းတိုက်အဝတ်
လက်နှီး အဖြစ်) ပြန်သုံးသင့်ပါတယ် တဲ့။

(၃) Make It Do

ရှိတာလေးနဲ့ အဆင်ပြေအောင် နေပါတဲ့။
ရှိတာလေးကို ပျက်နေရင်ပြင်သုံး၊ စုတ်နေရင်
ဖာသုံးပါ။ ပစ္စည်းတွေ အပြင်မှာပေါပေါလောလော ဝယ်လို့ရနေတော့ ချုပ်ဖို့၊ ဖာဖို့၊ ပြင်ဖို့ထက်
အသစ်ဝယ်ကြဖို့သာ စိတ်အားသန်ကြပါတယ်။
ဒီအချက်ကိုလည်း သတိထားရပါမယ်။

တစ်ခုခုကို အသစ်မဝယ်ခင်မှာ အိမ်မှာရှိသလား စဉ်းစားပါ။ ပျောက်နေတာ ဆိုရင် ရှာကြည့်ပါဦး။ အသစ်ဝယ်မဲ့အစား အိမ်မှာ ရှိတာလေးတွေနဲ့ အဆင်ပြေ အောင် သုံးကြည့်ပါ။ မဖြစ်မနေ
ဝယ်ရမယ်ဆိုရင်လည်း ဈေးတော်တဲ့ ပစ္စည်းဟောင်းဆိုင်တွေ မှာ ရှာကြည့်ပါဦး

(၄) Do Without

မရှိတာတွေကို တောင့်တ မနေပဲ ရောင့်ရဲပါတဲ့။ လိုချင်တာနဲ့ လိုအပ်တာ ကို ခွဲခြားသိပါ။
လိုချင်တာတွေ လျှော့ပါ။ မရှိပဲ နေတတ်အောင် ကြိုးစားပါ။ မဝယ်ခင် ကိုယ့်ကိုယ်ကို ပြန်မေးရ
မှာက ဒီပစ္စည်းမဝယ်ပဲနဲ့ကော နေလို့မရဘူးလား။ သေရေး ရှင်ရေးလား။ နေလို့ ရသေးတယ်ဆိုရင်
မဝယ်ပါနဲ့။

ဒီလောက်ဆိုရင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး
ဖြစ်တော့ အမေရိကန် နိုင်ငံသားတွေ
ဘယ်လိုနည်းတွေနဲ့ ချွေတာခဲ့တယ်ဆိုတာ သဘောပေါက် နားလည် ကြမယ်လို့ထင်ပါတယ်။

ငွေကျွန် မဖြစ်ချင်ရင် ချွေတာကြပါ။
ငွေသခင် ဖြစ်မှ ဖြုန်းချင်ဖြုန်းကြပါလို့လည်း
ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။

Credit ~ မိုက်ကယ် အက်ကင်ဆန်

စာရေးသားသူအားလေးစားကျေးဇူးတင်လျှက်ပါ

#ဂျွန်တာ
#စာကောင်းပေမွန်
👍4417🥰1
Excel 2016 တွင် တွဲရေးထားသောစာလုံးများကို Find, Mid အသုံးပြု၍ ခွဲထုတ်ခြင်း
👍148
တိုးတက်ရေးအတွေးအခေါ်များ

၁။ ဘူကောင်တွေကို ရှောင်ပါ။

၂။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ်လုပ်ပါ။

၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။

၄။ ဒီနေ့လုပ်တဲ့အလုပ်က မနက်ဖြန်အချိန်ကို ချွေတာနိုင်ပါစေ။

၅။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေပါ။

၆။ ကိုယ့်ကိုငွေရှာပေးမယ့်အရာတွေမှာ ငွေသုံးဖို့ မနှမြောပါနဲ့။

၇။ လုပ်နေတဲ့အလုပ်တိုင်းကို ပိုလွယ်၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်ပါ။

၈။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အပြစ်မတင်ပါနဲ့။

၉။ လူတွေရဲ့အထင်အမြင်မှာ အသက်မရှင်ပါနဲ့။

၁၀။ လိုချင်တာမရခဲ့ရင် ပိုကောင်းတာရလိမ့်မယ်။ ဒါကြောင့် လုပ်စရာ ရှိတာ ဆက်လုပ်ပါ။

၁၁။ လူတွေကို Dream List ထဲ ထည့်မထားပါနဲ့။

၁၂။ အရာရာက စမ်းသပ်မှုပဲ။ ဒါကြောင့် ကျရှုံးမှာ မကြောက်နဲ့။ ဒူပေနာပေခံပါ။

ဒီစာအုပ်လေးကို စာချစ်သူတွေအတွက် အများကြီး ရီးဗျူးမရေးပေးတောဘူး ကိုယ်တိုင်ဖတ်ကြည့်ဖို့ပဲ တိုက်တွန်းလိုက်ပါတယ်။

#လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ

(DR-PHYO PAING)

#စာအုပ်စာပေဖတ်ရှုခြင်းကနေ ဘဝခွန်းအား၊ စိတ်ဓာတ်ခွန်းအားများ တိုးပွား ရရှိနိုင်ကြပါစေနော်။🥰🙏

MK Book Store & စင်္ကာပူ
👍266🤝1
computer နည်းပညာနဲ့ စာပေမှတ်သားစရာများကို
ပြန်လည်မျှဝေပေးပါမယ်။
အားလုံး တိုးတက်အောင်မြင်ကြပါစေ။
18