ဂျိန်း (၂၀၂၃) Season 2
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာပေးရေးအပြင် ဟာသနဲ့ မိသားစုဒရာမာတွေကိုပါ ထည့်သွင်းတင်ဆက်ထားပါတယ်။ဂျိန်း ဂါစီယာ ဆိုတဲ့ ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ သူ့သူငယ်ချင်းတွေရဲ့ စိတ်ကူးယဥ် စွန့်စားခန်းဇာတ်လမ်းတွေ၊ မြေကမ္ဘာရဲ့ အံ့ဖွယ်အကြောင်းအရာတွေ၊ သက်ရှိသတ္တဝါတွေအကြောင်း စူးစမ်းလေ့လာကြတာတွေကို အပိုင်းတစ်ခုချင်းစီအလိုက် မတူညီတဲ့ အကြောင်းအရာတွေနဲ့အတူ တင်ဆက်ထားတာပါ။အထူးသဖြင့် မျိုးတုံးပျောက်ကွယ်ဖို့ အန္တရာယ်များနေတဲ့ မျိုးစိတ်တွေကို အပိုင်းတစ်ခုချင်းစီ အသားပေးတင်ပြထားတာကို တွေ့နိုင်မှာပါ။ကလေးသူငယ်တွေကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပညာပေးဖို့ ဦးတည်ထားတယ်ဆိုပေမဲ့ လက်တွေ့အပြင်လောကမှာ အရေးတကြီးလိုအပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံတန်ဖိုးတွေ၊ အသိအမြင်နိုးကြားမှုတွေ၊ အချက်အလက်တွေကိုပါ ထည့်သွင်းပေးထားတဲ့အတွက် အသိပညာလိုလားသူ လူကြီးလူငယ်တွေပါ ကြည့်ရှုဖို့ အဆင်ပြေပါလိမ့်မယ်။ပညာပေးသက်သက် မဟုတ်ဘဲ ဒရမ်မာ တွေလည်း ပါဝင်တဲ့ ဖျော်ဖြေရေးရှိုး လို့လည်း ဆိုနိုင်ပါတယ်။စိတ်ကူးယဥ် ဖန်တက်စီ၊ မိသားစု၊ ပညာရေး၊ သိပ္ပံပညာ စသဖြင့် မတူညီတဲ့ ဇာတ်လမ်းအမျိုးအစားတွေကို အချိူးညီညီ ပေါင်းစပ်ထားတဲ့ တီဗွီရှိုးလေးတစ်ခုဖြစ်ပါတယ်။
t.me/hanasrupl/3626

A He-ad Coa-ch's Turn-over (2025)
မိန်ဂုံး ကတော့ နာမည်အရမ်းကြီးတဲ့ ဘတ်စကတ်ဘော ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ ကစားသမား မိန်ဂုံး ဘဝကနေ အနားယူပြီး သုံးနှစ်ဆက်တိုက် Playoffs ကနေ ပြုတ်နေခဲ့တဲ့ Big Pandas ဆိုတဲ့ ဘတ်စကတ်ဘောအသင်းရဲ့ နည်းပြတစ်ယောက်ဖြစ်နေပြီး အသင်းရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်ကြောင့် အလုပ်ဖြုတ်ခံရနိုင်ခြေရှိတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရသူ ဖြစ်နေတယ်။ အထက်တန်းကျောင်းသားလေး ဂိုဟွာဂျင်း ကတော့ ဘတ်စကတ်ဘောကစားပွဲတွေကို ခဏကြည့်လိုက်တာနဲ့ ကောင်းကောင်းအကဲဖြတ်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တယ်။ ဂိုဟွာဂျင်း ကတော့ မိန်ဂုံး ကို မုန်းတီးသူများစုစည်းနေကြတဲ့ "မိန်ကုံးချေမှုန်းရေးအဖွဲ့" မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ဆိုရှယ်မီဒီယာမှာ မိန်ဂုံး ကို မကောင်းတဲ့မှတ်ချက်တွေ ပြင်းပြင်းထန်ထန်ရေးပြီး လက်စားချေဖို့ ကြိုးစားနေသူပေါ့။ ဒါပေမဲ့ အကြောင်းကိစ္စတွေ ကြုံကြိုက်လာတဲ့အခါမှာတော့ ဂိုဟွာဂျင်း နဲ့ လက်တွဲဖို့ ဖြစ်လာခဲ့တယ်။ မိန်ဂုံး နဲ့ ဂိုဟွာဂျင်း တို့ လက်တွဲပြီး ဘယ်လိုနည်းဗျူဟာတွေကို ထုတ်သွားကြမှာလဲ။
t.me/kdramacollectionbyhands/5567

Our Unwri-tten Seo-ul (2025)
တစ်နေ့တည်း တစ်ချိန်တည်း တစ်မအေတည်းကနေ မွေးဖွားလာခဲ့တဲ့ အမြွှာညီမနှစ်ယောက်ထဲမှာ အစ်မဖြစ်တဲ့ ယူမီရယ် နဲ့ ညီမဖြစ်တဲ့ ယူမီဂျီ တို့က ငယ်စဉ်ကလေးဘဝတည်းက အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ စိတ်နေစိတ်ထား ဘာဆိုဘာမှ မတူခဲ့ပါဘူး။ မီရယ် က စာတော်ပြီး အနေအေးပေမဲ့ မီဂျီ ကတော့ မဟုတ်မခံ ဆတ်ဆတ်ကြဲလေးရယ်ပါ။ ဒီလိုနဲ့ နေလာရင်း နှစ်ယောက်သားအရွယ်ရောက်လာကြတဲ့အခါ မီရယ် က အစိုးရပိုင်ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်ပြီး အတည်တကျဖြစ်နေတဲ့အချိန် မီဂျီ ကတော့ အားကစားသမားလုပ်မယ်ဆိုပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းဆဲပါပဲ။ ဒါပေမဲ့ တစ်နေ့မှာ အလုပ်အကိုင်အတည်တကျနဲ့ ဘဝအခြေကျနေပြီလို့ ထင်ရတဲ့ မီရယ် တစ်ယောက် လုပ်ငန်းခွင်မှာ မပျော်ရွှင်တော့ဘဲ အရာရာကို လက်လျှော့အရှုံးပေးချင်လာတဲ့အခါ ညီမဖြစ်တဲ့ မီဂျီ က "ဟိုးအရင်တုန်းကလိုမျိုး နင့်ကိုယ်စား ငါလုပ်ပေးမယ်" ဆိုပြီး နှစ်ယောက်သားနဲ့ ဘဝကို အလဲအလှယ်လုပ်လိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း တစ်ချိန်က မီဂျီ တို့နဲ့ အတန်းဖော်ဖြစ်ခဲ့ဖူးတဲ့ ဟိုဆူ က လက်ရှိမှာ ရှေ့နေတစ်ယောက်ဖြစ်နေပြီး အတိတ်ရဲ့ အဖြစ်အပျက်တချို့ကြောင့် ဘဝရဲ့ အပြောင်းအလဲတချို့နဲ့ ရင်ဆိုင်ခဲ့ရသူတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့ကျ ဟိုဆူ, မီရယ်, မီဂျီ တို့ သုံးယောက်သား မမျှော်လင့်ဘဲ ပြန်ဆုံဖြစ်ကြပြီး အဲဒီတွေ့ဆုံမှုကပဲ သူတို့ရဲ့ တကယ့်အစစ်အမှန်ပုံစံကို ရှာဖို့ တွန်းအားတစ်ခုဖြစ်လာတဲ့အခါ။
t.me/hanatrailers/5344

My Uni-que Sk-ill Mak-es Me OP Ev-en at Le-vel 1(2023)
Genres - Fantasy, Harem, Isekai
OP mc ကိုကြိုက်တယ်ဆိုရင် ဒီ Isekai ကားလေးကို လက်မလွှတ်သင့်ပါဘူး၊ကြည့်ရတာ တစ်မျိုးလေးနဲ့ကောင်းတာမို့ ကျိန်းသေ ကြည့်သင့်ပါတယ်။
t.me/animeseriesmyanmar/1018

ခေတ်သစ်တိုက်ပွဲ
တစ်ခါကကမ္ဘာကြီးပေါ်မှာ Fai-ry တွေဟာ သားရဲခန္ဓာကိုယ်တွေကိုဝင်ပူးနိုင်ကြပြီး အစွမ်းတွေပိုတိုးပွားလာအောင်လုပ်နိုင်ခဲ့လေတယ်။ ဒါပေမဲ့ လူသားတွေဟာ သားရဲခန္ဓာကိုယ်တွေထဲက Fai-ry တွေကိုဖယ်ထုတ်လိုက်ကြပြီးတော့ သူတို့ရဲ့လူသားတွေဆီအစွမ်းတွေကူးပြောင်းလိုက်ကြလေတယ်။ အဲဒီအချိန်ကစ Fai-ry တွေကို လူသားတွေဟာ အချိန်မရွေးဆင့်ခေါ်လို့ရသွားနိုင်ခဲ့ပြီး Fai-ry တွေဟာ အဲဒီလူတွေရဲ့စစ်လက်နက်တစ်ခုဖြစ်သွားရတော့တယ်။ အဲဒီလိုစစ်လက်နက် Fai-ry တွေကို Fai-ry တပ်သားတွေလို့လည်းနာမည်ပေးခဲ့ကြတယ်။ စစ်ပွဲကြီးပြီးဆုံးသွားချိန်မှာတော့ Fai-ry တပ်သားတွေဟာ သူတို့ရဲ့ဘဝရည်မှန်းချက်တွေပျောက်ဆုံးသွားကြပြီး လူမှုအသိုင်းအဝိုင်းထဲမှာ မနည်းဝင်ဆန့်အောင်ကြိုးစားရတဲ့သူတွေဖြစ်လာရတယ်။ တချို့က လက်နက်ကိုင်သူပုန်တွေ၊ မာဖီယားတွေနဲ့ အစိုးရဝန်ထမ်းစတဲ့အလွှာအသီးသီးကို ရောက်ရှိသွားကြတော့တယ်။ စစ်ပွဲကြီးပြီးဆုံးပြီး ၉ နှစ်အကြာမှာတော့ Fai-ry တွေနဲ့ဆိုင်တဲ့အမှုအခင်းဖော်ထုတ်စုံစမ်းရေးအဖွဲ့တစ်ခုဖြစ်တဲ့ Doro-thea မှာ လူသစ်လေး Mar-lya တစ်ယောက်ဝင်လာလေတယ်။ ငြိမ်းချမ်းနေတဲ့အချိန်ဆိုပေမဲ့ နိုင်ငံရေးရှုပ်ထွေးနေမှုတွေအပေါ်အခွင့်ကောင်းယူပြီး Fai-ry တွေဟာ လက်စားချေအကြမ်းဖက်မှုတွေပြန်လည်စတင်လာခဲ့ပြီး သူတို့ရဲ့အတိတ်က မတရားခံရမှုအပေါ်ကိုလက်စားချေဖို့အတွက် စစ်ပွဲကြီးကိုပြန်လည်စတင်လာပါတော့တယ်။
t.me/animeseriesmyanmar/1022

စတူဒီရို (၂၀၂၅)
IMDb - 8.1/10
Genre - Comedy
မက်ရမ်မစ် ဆိုတဲ့ စီမံခန့်ခွဲသူက သူ ဆယ်စုနှစ် ၂ ခုစာလောက် အလုပ်လုပ်လာတဲ့ ‘ကွန်တီနန်တယ်စတူဒီယို’ရဲ့ အမှုဆောင်ဦးစီးအဖြစ် ရာထူးတက်သွားတယ်။ ရာထူးတက်သွားပြီဆိုတာနဲ့ သူက ဘယ်လိုမျိုးအနုပညာလက်ရာတွေကို ချပြမှာ၊ ဘယ်လိုကားကောင်းတွေကိုပဲ ထုတ်မှာ ဘာညာသာရကာဆိုပြီး ကြွားလုံးထုတ်တော့တာပါပဲ။ တကယ်တော့ သူအဲ့ရာထူးရလာတာကိုက ဘာဘီ ရုပ်ရှင်လိုမျိုး ကူးလ်အိတ် အချိုရည်ကို ဘရန်းကြော်ငြာတဲ့ရုပ်ရှင်တစ်ကား ရိုက်ပေးပါ့မယ်ဆိုတဲ့ ကတိကဝတ်နဲ့ ရာထူးတက်လာတာ။ ရုံတင်ဝင်ငွေကောင်းတဲ့ရုပ်ရှင်ကားကိုရိုက်မလား၊ အော်စကာတွေ ပတ်သိမ်းမယ့်ဂန္တဝင်ရုပ်ရှင်ကားကို ရိုက်မလားလို့ သူ့ကိုလာမေးရင် သူက နှစ်ခုလုံးကို ရအောင်လုပ်ပြချင်တာပါတဲ့။ သူ့ရဲ့ စိတ်ကူးအိပ်မက်တွေက တခြား၊ တကယ်လက်တွေ့လုပ်နေရတာတွေက တခြားနဲ့ မက်တစ်ယောက် ဘယ်လိုမျိုး အလွဲတွေကို ရင်ဆိုင်ရမလဲဆိုတာကို ရယ်မောဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
t.me/hanasrupl/3631

The H-o-t Sp-ot (2025)
အာကာသစူးစမ်းမှုတွေများလာတာနဲ့အမျှ ကျွန်တော်တို့လူသားတွေဆီမှာ အတွေးတစ်ခုဝင်လာပါတယ်။ ဂြိုဟ်သားဆိုတဲ့ concept တစ်ခုပါ။ ပထမဆုံးအနေနဲ့ စပြီးသိချင်လာတာကတော့ ဂြိုဟ်သားဆိုတာ တကယ်ရှိလားပေါ့။ ဒါဆို ဂြိုဟ်သားတွေက လူတွေနဲ့ပုံစံတူဖြစ်ပြီးတော့ လူတွေကြားမှာ ရောနှောရှင်သန်နေတယ်ဆိုရင်ရော ။ ခိယိုမိ ဟာ စင်ဂယ်မား သားတစ်ယောက်ဖြစ်ပြီး ဟိုတယ်ဝန်ထမ်းအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ပေါ့။ သူတို့ဟိုတယ်မှာ တာကာဟာရှိ ဆိုတဲ့ လူထူးလူဆန်းတစ်ယောက်ရှိပါတယ်။ အရမ်းကိုရိုးအေးလွန်း စကားနည်းလွန်းပြီး ဟိုတယ်ကရေပူစမ်းကို အလုပ်ဆင်းချိန်မှာ အမြဲသုံးနေတတ်တဲ့သူပေါ့။ ဒါပေမဲ့ တစ်နေ့ ခိယိုမိ စက်ဘီးနဲ့ ဒုက္ခရောက်နေတုန်း တာကာဟာရှိ က ခိယိုမိ ကိုရော စက်ဘီးကိုပါ လူသာမန်မဟုတ်တဲ့အင်အားနဲ့ မပြလိုက်တာကို မြင်လိုက်ရတဲ့အခါ ။ အဲဒီလိုနဲ့ စပ်စုစိန်လုပ်ရင်း တာကာဟာရှိ ဟာ ဂြိုဟ်သားတစ်ယောက်ဆိုတာ သိလိုက်ရပြီး ယုံရခက်မယုံရခက်နဲ့ အဒေါ်ကြီး တို့ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ အတင်းတုပ်ရာကနေ မိနာပု နဲ့ ဟာချိ တို့ပါ သိသွားချိန်မှာတော့ ။ ဂြိုဟ်သားဦးဦးနဲ့ အန်တီမမ ၃ ယောက် ဘယ်လိုတွေတစ်စခန်းထကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ရှုစားလိုက်ရအောင်ပါ။
t.me/kdramacollectionbyhands/5588

အမိန့်မနာခံသောစက်ရုပ် (၂၀၂၅)
စက်အသိဉာဏ်သုံး လုံခြုံရေး စက်ရုပ်တစ်ရုပ်ဟာ သူ့ခေါင်းထဲက ထိန်းချုပ်စက်ကို သူ့ဘာသာ ပြန်ဟက်နိုင်သွားပြီး လွတ်လပ်သွားပါတယ်။ ဒီတော့ သူစိတ်ကုန်နေတဲ့ လူသားတွေအတွက် လုံခြုံရေး လုပ်မပေးချင်တော့ပါဘူး။ ကုမ္ပဏီက ဇာတ်လမ်းတွဲတွေကိုပဲ ဒေါင်းလုတ်ခိုးဆွဲပြီး အေးဆေးကြည့်နေချင်တာပါ။ ဒါပေမဲ့ သူထွက်မပြေးရဲပါဘူး၊ ကုမ္ပဏီက လိုက်ရှာပြီး အရေကြိုခံရမှာ ကြောက်လို့ အရင်လို ဟန်ဆောင်ပြီး အလုပ်လုပ်နေရပါတယ်။ သူ့ရဲ့တာဝန်ကတော့ အန္တရာယ်များတဲ့ ဂြိုလ်တစ်ခုပေါ်မှာ လေ့လာရေး သိပ္ပံပညာရှင်တစ်သိုက်ကို ဂြိုလ်ကောင်ကြီးတွေ အန္တရာယ်ကနေ ကာကွယ်ပေးဖို့ပါပဲ။ ဒီတော့ အဖွဲ့သားတွေကြားက ပြဿနာတွေ၊ အန္တရာယ်တွေကြားမှာ သူက အမိန့်မနာခံလည်း ရနေပြီဆိုတာကို မသိအောင် ဟန်ဆောင်ရင်း ဘယ်လိုရုန်းကန်သွားရမလဲဆိုတာ မြင်ရမှာပါပဲ။
t.me/hanatrailers/5368

Oh My Gho-st Clie-nts (2025)
သူမတူ တမူထူးခြားတဲ့ ဇာတ်လမ်းတွေကိုမှ နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက် သရဲတစ္ဆေတွေရဲ့ အမှုတွေ လိုက်ဖြေရှင်းမဲ့ ရှေ့နေကားသစ်လေး လာပါပြီ။ နိုမူဂျင်း ဟာ အလုပ်သမားအခွင့်အရေးဆိုင်ရာ အမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးတဲ့ ရှေ့နေ တစ်ယောက်ပါ။ ရှေ့နေ ဆိုပေမဲ့လည်း တရားမျှတခြင်းကို လက်ကိုင်မထား လူမှုဆက်ဆံရေးဗဟုသုတကင်းမဲ့ကာ ဝမ်းရေးချောင်လည်ဖို့အတွက် ရှေ့နေ အလုပ်ကို လုပ်ကိုင်နေသူပါ။ တစ်ရက်မှာတော့ မူဂျင်း ဟာ YouTuber တစ်ယောက်နဲ့ အကျင့်ပျက်ခြစားမှုကို လိုက်ရင်း အသက်အန္တရာယ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းကစပြီး မူဂျင်း ဟာ ထူးဆန်းစွာနဲ့ သရဲတစ္ဆေတွေ မြင်တွေ့လာရပြီး သရဲတွေ အကူအညီတောင်းတဲ့ အမှုတွေကို လိုက်လံဖြေရှင်းပေးဖို့ ဖြစ်လာပါတော့တယ်။ မူဂျင်း တစ်ယောက် ဘာလို့ သရဲတွေ မြင်တွေ့လာရတာလဲ။ ပေါ့ပေါ့တန်တန် ရှေ့နေ ကနေ ရှေ့နေကောင်း တစ်ယောက်အဖြစ် ပြောင်းလဲလာမှာလား။ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသအနှောလေးနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
t.me/hanatrailers/5374
သူမတူ တမူထူးခြားတဲ့ ဇာတ်လမ်းတွေကိုမှ နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက် သရဲတစ္ဆေတွေရဲ့ အမှုတွေ လိုက်ဖြေရှင်းမဲ့ ရှေ့နေကားသစ်လေး လာပါပြီ။ နိုမူဂျင်း ဟာ အလုပ်သမားအခွင့်အရေးဆိုင်ရာ အမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးတဲ့ ရှေ့နေ တစ်ယောက်ပါ။ ရှေ့နေ ဆိုပေမဲ့လည်း တရားမျှတခြင်းကို လက်ကိုင်မထား လူမှုဆက်ဆံရေးဗဟုသုတကင်းမဲ့ကာ ဝမ်းရေးချောင်လည်ဖို့အတွက် ရှေ့နေ အလုပ်ကို လုပ်ကိုင်နေသူပါ။ တစ်ရက်မှာတော့ မူဂျင်း ဟာ YouTuber တစ်ယောက်နဲ့ အကျင့်ပျက်ခြစားမှုကို လိုက်ရင်း အသက်အန္တရာယ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းကစပြီး မူဂျင်း ဟာ ထူးဆန်းစွာနဲ့ သရဲတစ္ဆေတွေ မြင်တွေ့လာရပြီး သရဲတွေ အကူအညီတောင်းတဲ့ အမှုတွေကို လိုက်လံဖြေရှင်းပေးဖို့ ဖြစ်လာပါတော့တယ်။ မူဂျင်း တစ်ယောက် ဘာလို့ သရဲတွေ မြင်တွေ့လာရတာလဲ။ ပေါ့ပေါ့တန်တန် ရှေ့နေ ကနေ ရှေ့နေကောင်း တစ်ယောက်အဖြစ် ပြောင်းလဲလာမှာလား။ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသအနှောလေးနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
t.me/hanatrailers/5374
Our Unwri-tten Seo-ul (2025)
တစ်နေ့တည်း တစ်ချိန်တည်း တစ်မအေတည်းကနေ မွေးဖွားလာခဲ့တဲ့ အမြွှာညီမနှစ်ယောက်ထဲမှာ အစ်မဖြစ်တဲ့ ယူမီရယ် နဲ့ ညီမဖြစ်တဲ့ ယူမီဂျီ တို့က ငယ်စဉ်ကလေးဘဝတည်းက အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ စိတ်နေစိတ်ထား ဘာဆိုဘာမှ မတူခဲ့ပါဘူး။ မီရယ် က စာတော်ပြီး အနေအေးပေမဲ့ မီဂျီ ကတော့ မဟုတ်မခံ ဆတ်ဆတ်ကြဲလေးရယ်ပါ။ ဒီလိုနဲ့ နေလာရင်း နှစ်ယောက်သားအရွယ်ရောက်လာကြတဲ့အခါ မီရယ် က အစိုးရပိုင်ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်ပြီး အတည်တကျဖြစ်နေတဲ့အချိန် မီဂျီ ကတော့ အားကစားသမားလုပ်မယ်ဆိုပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းဆဲပါပဲ။ ဒါပေမဲ့ တစ်နေ့မှာ အလုပ်အကိုင်အတည်တကျနဲ့ ဘဝအခြေကျနေပြီလို့ ထင်ရတဲ့ မီရယ် တစ်ယောက် လုပ်ငန်းခွင်မှာ မပျော်ရွှင်တော့ဘဲ အရာရာကို လက်လျှော့အရှုံးပေးချင်လာတဲ့အခါ ညီမဖြစ်တဲ့ မီဂျီ က "ဟိုးအရင်တုန်းကလိုမျိုး နင့်ကိုယ်စား ငါလုပ်ပေးမယ်" ဆိုပြီး နှစ်ယောက်သားနဲ့ ဘဝကို အလဲအလှယ်လုပ်လိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း တစ်ချိန်က မီဂျီ တို့နဲ့ အတန်းဖော်ဖြစ်ခဲ့ဖူးတဲ့ ဟိုဆူ က လက်ရှိမှာ ရှေ့နေတစ်ယောက်ဖြစ်နေပြီး အတိတ်ရဲ့ အဖြစ်အပျက်တချို့ကြောင့် ဘဝရဲ့ အပြောင်းအလဲတချို့နဲ့ ရင်ဆိုင်ခဲ့ရသူတစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့ကျ ဟိုဆူ, မီရယ်, မီဂျီ တို့ သုံးယောက်သား မမျှော်လင့်ဘဲ ပြန်ဆုံဖြစ်ကြပြီး အဲဒီတွေ့ဆုံမှုကပဲ သူတို့ရဲ့ တကယ့်အစစ်အမှန်ပုံစံကို ရှာဖို့ တွန်းအားတစ်ခုဖြစ်လာတဲ့အခါ။
t.me/hanatrailers/5376

Forwarded from Channel Help
အပျော်စီး ရိုလာကိုစတာစလော့လေးက🤩 🤩 🤩 🤩 အလှလေးနဲ့ (1️⃣ 0️⃣ )သိန်းတိတိထုတ်ပြီနော် 💰 👑
👉 အကောင့်ဖွင့်နှိပ်ပါ 👈
📱 @pouthphaw
📱 09 886 477 878
✅ မှန်ကန်မှုစုံစမ်းရန်💯
📱 ပေါက်ဖော် ✅
💵 💵 💵 💵 💵 💵 💵 💵 💵
🔥 ရှမ်းကိုးမီးမန်ဘာသစ်🤩 🤩 🤩 💯
🔥 စလော့မန်ဘာသစ်🤩 🤩 🤩 💯
🔥 နေ့စဉ် 🤩 🤩 💯
🔥 ရှုးကြေး 🤩 🤩 🤩 🤩 🤩 💯
🔥 Midnight Package Auto 🤩 🤩 💯
Please open Telegram to view this post
VIEW IN TELEGRAM
ဉာဏ်ကောင်းသောရှေ့နေ (၂၀၂၅)
ထိပ်တန်းရှေ့နေဟောင်းတစ်ယောက်ဖြစ်တဲ့ ဟအိအဲ ဆိုသူက အမွေဆိုင်ကိစ္စတွေ အမှုတွေကို ဖြေရှင်းပေးတဲ့နေရာမှာ ထိပ်တန်းဆရာတစ်ဆူပါပဲ။ သူ့ရဲ့ ထက်မြတ်တဲ့အတွေးအခေါ်တွေ ဉာဏ်ရည်တွေကို အသုံးချပြီး ရှုပ်ထွေး၊ ထူးဆန်းလှတဲ့ အမွေဆိုင်အမှုတွေရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုမျိုး ဉာဏ်နီဉာဏ်နက်တွေသုံးပြီး အမှုမှန်ပေါ်ပေါက်အောင် အဖြေမှန်ရအောင် ဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး။
t.me/kdramacollectionbyhands/5606

Despe-rate Mrs. Seo-nju (2024)
အိမ်ထောင်ရေးအရှုပ်တော်ပုံ ဇာတ်လမ်းတွဲရှည်တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် Shim Yi Young, Song Chan Euiတို့လို ဝါရင့် သမ္ဘာရင့် သရုပ်ဆောင်ကြီးတွေပါဝင်ထားတဲ့ ဇာတ်ကားကတော့ ထွက်ရှိလာပါပြီ ..
ဖီဆွန်းဂျူ (Shim Yi Young)ဟာ ရပ်ကွက်ငယ်လေးတစ်ခုမှာ အိမ်တွင်းအလှဆင်ဒီဇိုင်နာအဖြစ် လုပ်ကိုင်ပြီး ရည်မှန်းချက်ကြီးတဲ့ ဗိသုကာပညာရှင် ခင်ပွန်းသည် ဂျွန်နမ်ဂျင်းအပေါ် သစ္စာစောင့်သိတဲ့ ဇနီးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဂျွန်နမ်ဂျင်းကတော့ ဗိသုကာကုမ္ပဏီရဲ့ ဆက်ခံသူဖြစ်လာမယ့် ဂျင်ဆန်းအာနဲ့ ဖောက်ပြန်ပြီး သူ့ရဲ့ရည်မှန်းချက်နဲ့ အချစ်သစ်အတွက် လက်ရှိမိန်းမကို ကွာရှင်းခွင့်တောင်းပါတော့တယ်။ ဗိသုကာပညာရှင် ဂင်ဆိုယူ (Song Chang Eui)ကတော့ ဂျင်ဆန်းအာရဲ့ခင်ပွန်းဖြစ်ပြီး သူ့ရဲ့လက်ရှိတည်ငြိမ်နေတဲ့ဘဝကို ကျေနပ်နေတဲ့သူပါ။ ဒါကြောင့် ဖောက်ပြန်ခံရတဲ့ ဖီဆွန်းဂျူနဲ့ ဂင်ဆိုယူတို့ဟာ သူတို့ရဲ့သစ္စာမရှိတဲ့ ယောက်ျားနဲ့မိန်းမကို ကွာရှင်းပြီးတော့ ဘ၀အသစ်မှာ ဘယ်လိုကြိုးစားနေထိုင်ပြီး လက်စားချေပြသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အိမ်ထောင်ရေးဇာတ်ကားပဲ ဖြစ်ပါတယ်
t.me/kdramacollectionbyhands/5612

အိုစမာ ဘင်လာဒင်ကို အမဲလိုက်ခြင်း (၂၀၂၅)
အမေရိကမှာ မသိသူမရှိသလို တစ်ကမ္ဘာလုံးမှာလည်း မသိသူ မရှိသလောက်ရှားတဲ့ အယ်ကိုင်ဒါး အကြမ်းဖက်စစ်ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို အမေရိကန်တွေ ဖမ်းကြတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို documentary ပုံစံ ရိုက်ကူးထားတာပါ။
t.me/hanatrailers/5392
အမေရိကမှာ မသိသူမရှိသလို တစ်ကမ္ဘာလုံးမှာလည်း မသိသူ မရှိသလောက်ရှားတဲ့ အယ်ကိုင်ဒါး အကြမ်းဖက်စစ်ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို အမေရိကန်တွေ ဖမ်းကြတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို documentary ပုံစံ ရိုက်ကူးထားတာပါ။
t.me/hanatrailers/5392
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
Pu-mp Up the Hea-lthy Lo-ve (2025)
Gym ပိုင်ရှင်လည်းဖြစ်ကာ ကိုယ်ပိုင် Gym မှာ နည်းပြဆရာအဖြစ်ပါ ဝင်လုပ်နေတဲ့ ဂျောင်ဒိုဟျွန်း ဟာ ကျန်းမာရေးကို အလွန့်အလွန်လိုက်စားသူဖြစ်ပြီး သူ့ Gym လာသမျှ လူတွေအားလုံးကိုလည်း သူ့စံနှုန်းနဲ့အညီ လေ့ကျင့်ပေးမှုကြောင့် Gym လာတဲ့လူတိုင်း အော်ကြောလန်ရတဲ့သူပါ။ ဒီလို အော်ကြောလန် ဒိုဟျွန်း တစ်ယောက် တစ်နေ့မှာတော့ အီမီရန် ဆိုတဲ့ကောင်မလေးကို လေ့ကျင့်ပေးဖို့ရာ အကြောင်းဖန်လာခဲ့ပါတော့တယ်။ အလုပ်ထဲလည်း အဆင်မပြေတဲ့အပြင် ရည်းစားနဲ့ပါ ပြတ်သွားတဲ့ အီမီရန် ဟာ move on လုပ်ဖို့အတွက် သူ့ကိုယ်သူလှလာအောင် Gym ကစားမယ်လို့ သန္ဓိဌာန်ချပြီး ဒိုဟျွန်း ရဲ့ Gym ကို ရောက်လာခဲ့တဲ့အခါမှာတော့ ။ ဒိုဟျွန်း ရဲ့လေ့ကျင့်မှုအောက်မှာ မီရန် တစ်ယောက် အံ့ကြိတ်ဖြတ်ကျော်နိုင်ပါ့မလား ။ move on ရင်း အချစ်သစ်နဲ့ ကြုံတွေ့ရမလားဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။
t.me/kdramacollectionbyhands/5622