In-side the Mi-nd of a D-og (2024)
ကိုယ့်အိမ်မှာမွေးထားတဲ့ခွေးလေးတွေကိုကြည့်ရင်း သူတို့စိတ်ထဲမှာ ဘာတွေများတွေးနေပါလိမ့်လို့ စဉ်းစားဖူးတဲ့သူတွေရှိလားဗျ။ ဒီတစ်ခါတော့ ဒီမေးခွန်းကိုဖြေပေးမယ့် Net-flixရဲ့ Documentaryလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ခွေးလေးတွေဟာ ကျွန်တော်တို့လူတွေအတွက် အရမ်းသစ္စာရှိတဲ့ မိတ်ဆွေကောင်းတွေဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ အိမ်မွေးခွေးလေးတွေအဖြစ်ကစပြီး မသန်စွမ်းသူတွေကို ကူညီပေးတဲ့ လက်ထောက်ကူခွေးလေးတွေအဖြစ်အထိ ခွေးတွေဟာ လူတွေကို အထောက်အကူပြုပါတယ်။ ဒီ documentaryထဲမှာတော့ ကျွမ်းကျင်သူတွေဟာ ခွေးလေးတွေရဲ့ အမူအကျင့်နဲ့ တွေးခေါ်ပုံတွေကို သိပ္ပံနည်းကျ လေ့လာထားပါတယ်။ ဒီလိုလေ့လာမှုတွေအပြင် ထူးခြားတဲ့ ခွေးလေ့ကျင့်ရေးကျောင်းတွေရဲ့ အကြောင်းကိုပါ ကြည့်ရဦးမှာပါ။ ခွေးလေးတွေကို လူတွေနဲ့ပိုမိုရင်းနှီးအောင် ကျွမ်းကျင်သူတွေက ဘယ်လိုသင်ကြားပေးလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်ဗျ။ ဒီdocumentaryလေးထဲမှာ ခွေးလေးတွေ ဘယ်ကနေဆင်းသက်လာတယ်ဆိုတာကနေစလို့၊ ဘာကြောင့်ခွေးလေးတွေဟာ အောင်မြင်တဲ့ သတ္တဝါမျိုးစိတ်ဖြစ်ရတယ် ဆိုတဲ့မေးခွန်းမျိုးတွေအထိ သိပ္ပံနည်းကျ အဖြေရှာတာတွေကို တွေ့ရှိရမှာပါ။ ဒါ့အပြင် အရေးအကြီးဆုံးဖြစ်တဲ့ လူတွေနဲ့ ဘယ်လိုရင်းနှီးလာရသလဲ ဆိုတာကိုလည်း ကောင်းကောင်းရှင်းပြထားပါသေးတယ်။ ဒါကြောင့် ခွေးလေးတွေကို ချစ်တတ်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲံခွေးလေးတွေအကြောင်းကို ပိုပြီးနားလည်ချင်လို့ပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ documentaryတစ်ခုပါပဲ။ ခွေးလေးတွေရဲ့အကြောင်းကို လေ့လာချင်တဲ့သူတွေအတွက်ရော ဗဟုသုတတွေ အများကြီးရစေမှာပါ။

Cap-tain Fan-tastic (2016)
IMDb - 7.8/10
Genre - Comedy, Adventure
ဘန်နဲ့သူ့ရဲ့အမျိုးသမီးလက်စလီတို့ဟာ မြို့ပေါ်မှာမနေတော့ဘဲ တောထဲမှာသွားရောက်နေထိုင်ပြီး သဘာဝအတိုင်း ခေတ်မီပစ္စည်းတွေမသုံးဘဲနဲ့ ရှင်သန်နေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်။ သူတို့သားဦးလေးငယ်စဉ်ကတည်းက မြို့ကနေထွက်လာခဲ့ကြပြီးတော့ကလေး ၆ ယောက်ရတဲ့အထိ အားလုံးကိုတောထဲမှာပဲ ပြုစုပျိုးထောင်ခဲ့ကြပါတယ်။ ကလေးတွေကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်အောင်၊ တိုက်ခိုက်တတ်အောင် တောထဲမှာပုံမှန်လေ့ကျင့်ပေးပြီး စာပေပညာရပ်အားလုံးကိုလည်း သူတို့ကိုယ်တိုင်ပဲသင်ပေးခဲ့ကြပါတယ်။ ကလေးတွေက နည်းပညာ၊ ခေတ်မီပစ္စည်းအသုံးအဆောင်ဘာဆိုဘာမှ သုံးခွင့်၊ သိခွင့်မရကြပါဘူး။တောထဲမှာပဲနေရင်း သဘာဝအလှအပတွေခံစားတတ်အောင်လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာတော့ နဂိုကတည်းက စိတ်ရောဂါအခံရှိတဲ့သူတို့အမေလက်စလီဟာ မြို့ပေါ်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ လက်စလီရဲ့အဖေက သူ့ရဲ့သမီးနဲ့ဘန်တို့တောထဲမှာနေဖို့ဆုံးဖြတ်ခဲ့တာကို အလွန်စိတ်ဆိုးခဲ့တဲ့အတွက် ဘန့်ကို လက်စလီဈာပနပွဲကို တက်ခွင့်မပြုဘူးလို့ပြောလိုက်ပါတယ်။အချိန်အကြာကြီးမြို့ပေါ်သွားပြီးဆေးကုရင်းနဲ့ သေဆုံးသွားတဲ့မိခင်ကို ကလေးတွေကလွမ်းနေကြပြီးတော့ ဈာပနပွဲသွားချင်နေပါတယ်။ အဲဒီနောက်မှာတော့ဘန့်အနေနဲ့ သူတို့ကလေးတွေကို ပုံမှန်ကမ္ဘာကြီးထဲကို ပထမဆုံးခေါ်သွားရပါတော့တယ်။ တကယ့်ကမ္ဘာအစစ်ထဲကိုရောက်တဲ့အခါမှာ ကလေးတွေက သူတို့ကြီးပြင်းခဲ့ရတဲ့ပုံတွေကို စိတ်ကျေနပ်မှုရှိရဲ့လား၊ ဘန်နဲ့လက်စလီတို့ ကလေးတွေကိုလေ့ကျင့်သင်ပြပေးထားတာတွေက သူတို့လေးတွေ တကယ့်ကမ္ဘာမှာရှင်သန်ဖို့ တကယ်လက်တွေ့အသုံးဝင်ရဲ့လား၊ ဘန်ကိုယ်တိုင်ကရော ဖခင်တစ်ယောက်အနေနဲ့ သူ့ကိုယ်သူမှန်တယ်လို့ ဆက်ထင်သေးရဲ့လားဆိုတာတွေကို လွမ်းဆွေးဖွယ်ရိုက်ပြထားတဲ့ ဒရာမာကားကောင်းလေးပဲဖြစ်ပါတယ်။

The Rea-son I Ju-mp (2020)
IMDb - 7.4/10
Genre - Drama, Documentary
ကျွန်တော့်အတွက် တောအုပ်ထဲမှာ ရောက်နေချိန်ဆို အာရုံမစိုက်နိုင်ခြင်းက ပြဿနာတစ်ခုလို အထူးအထွေ ရှိမနေတော့ပါဘူး။”Forest School ဆိုတဲ့ တောအုပ်ထဲမှာ မိုးရွာရွာနေပူပူတက်ရတဲ့ ကျောင်းကလေးကို ပုံမှန်တက်ရောက်သူ ဒေးဗစ်ရဲ့ ရင်ဖွင့်သံပါ။ကျွန်မအနေနဲ့ Forest School ဆရာမဖြစ်ကာစ အစောပိုင်းကာလမှာကိုပဲ ADHD ရှိတယ်လို့ ကောက်ချက်ချခံရသူ ကလေးအချို့နဲ့ တွေ့ကြုံခွင့်ရခဲ့ပါတယ်။ကလေးတစ်ယောက်ရဲ့ ဖခင်ကဆို သူ့သားကလေးကိုကျောင်းလာပို့တော့ …“သားသားက တောထဲမှာဆို သိပ်ပျော်တာ၊ သူဆောက်တည်ရာမရ ဖြစ်လာတဲ့ အချိန်မျိုးမှာဆို သစ်တုံးခပ်လေးလေး တစ်တုံးသာ တစ်နေရာက တစ်နေရာကို ချီရွှေ့ခိုင်းလိုက်ပါ ဆရာမ၊ သူအဆင်ပြေသွားပါလိမ့်မယ်” တဲ့။အမှန်တော့ အင်္ဂလန်က မူကြိုကျောင်းတိုင်းမှာ ကလေးတွေအတွက် SENCO (Special Educational Needs Coordinator) လို့ခေါ်လို့တဲ့ အထူးပြု ဆရာ/ဆရာမ အနည်းဆုံးတစ်ယောက် မဖြစ်မနေထားကြရပါတယ်။ အထူးဂရုပြုကူညီပံ့ပိုးပေးဖို့လိုအပ်တဲ့ ကလေးငယ်တစ်ယောက်ယောက် (Special Needs) ကိုယ့်ကျောင်းကို ရောက်ရှိလာရင် အဲဒီကလေးကို အလွယ်တကူ သတိပြုမိစေဖို့နဲ့ အနီးကပ် စောင့်ကြည့်နိုင်ပြီး လိုအပ်တဲ့ အကူအညီကို သင့်တော်စွာပေးနိုင်ဖို့အတွက် ကျွမ်းကျင်သူဆရာမတစ်ယောက်က ဦးဆောင်တာဝန်ယူရတဲ့ သဘောပါ။တနည်းအားဖြင့် လိုအပ်လာပါက ကလေးကို ကောင်းမွန်စွာပံ့ပိုးပေးနိုင်မယ့် ကျွမ်းကျင်ပညာရှင်နဲ့ ချိတ်ဆက်ပေးတာမျိုး၊ ကလေးရဲ့ မိသားစုကို လိုအပ်တဲ့ အကူအညီပေးတာမျိုး (ငွေကုန်ကြေးကျရှိလာပါက အစိုးရဘက်မှ ပံ့ပိုးမှုအရဖြစ်စေ)၊ မိမိကျောင်းမှာ ရှိစဉ်တောက်လျှောက် ကလေးရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို အကောင်းဆုံး စောင့်ကြည့်ပြီး ပံ့ပိုးပေးနိုင်ရန် မိဘ၊ ဆရာ/မ၊ အခြားပညာရှင်များပါ လက်တွဲပူးပေါင်းဖို့လဲ ဖြစ်ပါတယ်။ ဆရာ/မ တွေအနေနဲ့ အတွေ့အကြုံအရ ဖြစ်နိုင်ချေရှိသည်များကို ခန့်မှန်းကြည့်နိုင်သော်ငြား ဘယ်ကလေးကိုမှ ငယ်နုတဲ့ကာလမှာ အလွယ်တကူ ကောက်ချက်ချတာမျိုး တံဆိပ်ကပ်တာမျိုး မလုပ်ဖို့ သတိထားကြပါတယ်။ဒါဆို ဟုတ်ပြီ၊ ဒီလိုမျိုး တံဆိပ်မကပ်ဘူးဆို ဘယ်လိုနာမ်စား အစားထိုးသုံးကြမလဲပေါ့။ ကျွန်မတို့လို အသွင်ပြောင်းပညာရေးကို ဖော်ဆောင်တဲ့ ဆရာ/မ တွေကြားမှာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ပိုပြီး တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ နောက်တစ်ချက်က Children with Special Educational Needs အစား Children with Different Abilities လို့လဲ ပြောင်းလဲ သုံးနှုန်းပါတယ်။Neurodivergent ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာပါလဲ။“Neurodiversity describes the idea that people experience and interact with the world around them in many different ways; there is no one “right” way of thinking, learning, and behaving, and differences are not viewed as deficits.”
– Harvard Health Publishingသာမန်ကနေ ခွဲထွက်တွေးသူ၊ ထူးခြားစွာပြုမှုပြောဆိုဆက်ဆံသူ၊ ထူးခြားသော အပြုအမူရှိသူ၊ သင်ယူမှုပုံစံကွဲပြားသူ၊ စသဖြင့်… အများနဲ့ မတူဘူးဆိုတာနဲ့ ချို့ယွင်းချက်ရယ်လို့ တထစ်ချ မသတ်မှတ်ပဲ သီးခြားဖြစ်တည်လုပ်ဆောင်မှုတစ်မျိုးမျိုးနဲ့ ဦးနှောက်ပိုင်ရှင် ဘယ်သူမဆို နျူရိုဒိုင်ဗားဂျန့် ဖြစ်သူလို့ သတ်မှတ်ကြပါတယ်။ဒါဟာ ခြုံငုံပြီးခေါ်တဲ့ Non-Medical Umbrella Term တစ်ခုဖြစ်ပါတယ်။ ဒီခြုံငုံမှုထဲမှာ ASD လို့ခေါ်တဲ့ အော်တစ်ဇင် Spectrum ထဲမှာ ပါသူတွေ၊ Dyslexia စာဖတ်ခက်ခဲခြင်းပြဿနာ ရှိသူတွေ၊ ADHD အာရုံစိုက်ဖို့ ခက်ခဲပြီး တစ်နေရာထဲ အငြိမ်မနေနိုင်သူတွေ Epilepsy ရှိသူတွေ စသည်ဖြင့် ဦးနှောက် Function မျိုးစုံနဲ့ ကလေးတွေရော လူကြီးတွေပါ ပါဝင်ပါတယ်။ယေဘူယျအားဖြင့် ဦးနှောက်အာရုံကြောများ ကွဲပြားစွာ အလုပ်လုပ်ခြင်းကြောင့် လူတစ်ဦးတစ်ယောက်ဟာ အများနဲ့ မတူ၊ အများလက်ခံထားတဲ့ တန်ဖိုးစံနှုန်းတွေကနေ သွေဖယ်တာ၊ တွေးပုံ နေထိုင်ပြုမှုပုံ မတူညီတာကို၊ ဒါက အော်တစ်ဇင်၊ ဒါက စာသင်မရတဲ့ ရောဂါ၊ ဒါက ငြိမ်ငြိမ်မနေနိုင်တဲ့ ADHD ဆိုပြီး အလွယ်တကူ ကောက်ချက်ချခြင်းတွေအပြင် လူအများစုနဲ့ မတူတိုင်း အသင်းအဖွဲ့ကနေ အလိုအလျှောက်ပယ်လိုက်ဖို့ ဝန်မလေးတဲ့ လုပ်ရိုးလုပ်စဉ် တွေကို တိုက်ဖျက်ချင်တာမို့ ပညာရှင်အချို့ဟာ Neurodivergent ဆိုတဲ့ အသုံးအနှုန်းကို ၁၉၉၀ ကျော်ကာလတွေမှာ စတင် အစားထိုးအသုံးပြုလာတာဖြစ်ပါတယ်။အမှန်တော့ ကမ္ဘာကြီးကို တနည်းတဖုံပြောင်းလဲစေသူ၊ ကိုင်လှုပ်နိုင်ခဲ့ကြသူ (လက်ရှိမှာကိုပဲ ကမ္ဘာကိုကိုင်လှုပ်နေသူ) တော်တော်များများဟာ နျူရိုဒိုင်ဗားဂျန့် တွေ ဖြစ်နေပြန်ပါတယ်။ဒီလိုပြောတဲ့အတွက် မိမိကလေးဟာ နျူရိုဒိုင်ဗားဂျန့် ဖြစ်နေရင် တစ်နေရာရာမှာ အထင်ကရဖြစ်မှာပဲလို့တော့ မဆိုလိုပါဘူး။

[19+] Wh-ite Nig-ht (1995)
IMDb - 6.2/10
Genre - Mystery, Thriller
"ငါ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဘယ်အပြစ်မဆို
(၁၅)နှစ်ကြာရင် အပြစ်ကြေတယ်တဲ့။
ငါတို့ နောက်(၁၅)နှစ်ကြာမှ ပြန်တွေ့ကြရအောင်" - ဒီစကားကို လီဂျီအာက ကင်ယိုဟန်ကို ပြောခဲ့တာပါ။
သူတို့ နှစ်ယောက်ရဲ့ ကလေးဘဝက ကြမ်းတမ်းခဲ့ပါ တယ်။ကင်ယိုဟန်ရဲ့ အဖေဖြစ်သူ တစ်ညမှာ အသတ်ခံခဲ့ရပြီး လီဂျီအာရဲ့ အမေဖြစ်သူက လူသတ်မှုအတွက် အဓိက သံသယရှိသူ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ကင်ယိုဟန်ရဲ့ အမေက ခင်ပွန်းဖြစ် သူ အသတ်ခံရပြီးချိန်မှာပဲ အလုပ်သမား ကန်ဂျယ်ဒိုနဲ့ဖောက်ပြန်ခဲ့ပါတယ်။ သပွတ်အူလို ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကြားက လူသတ်မှုကို စုံစမ်းရသူကတော့ စုံထောက်ဟန်ဒုန်ဆူ ပါ။ စုံစမ်းနေရင်း တန်းလန်းမှာပဲ သံသယရှိသူ လီဂျီအာရဲ့ အမေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့ တယ်။ စုံထောက်ဟန်ဟာ သံသယရှိသူ သတ်သေသွားလို့ အမှုပိတ်ကာမှ အမှုအတွက် မသင်္ကာစရာတွေကို ရှာတွေ့လာတဲ့အတွက် အမှုကို သဲကြီးမဲကြီးလိုက်ရင်း ဆုံးရှုံးမှု ကြီး ကြီးမားမားကြုံလိုက်ရပါတယ်။ သူ ဘယ်လိုပဲ ကြိုးစားကြိုးစား အဖြေကိုရှာမရခဲ့တဲ့အမှုဟာ ပဟေဠိဆန်ဆန်ကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ (၁၄)နှစ်ကြာတဲ့အခါမှာ ကင်ယိုဟန်ရဲ့ အမေနဲ့ ဖောက်ပြန်ခဲ့တဲ့ လူသတ်မှုနဲ့ ဆက်နွယ်နေသူ ကန်ဂျယ် ဒို သေဆုံးခဲ့ရာကနေ လွန်ခဲ့တဲ့(၁၄)နှစ်က အမှုဟာ တစ်ပတ်ပြန်လည်လာခဲ့ ပါတယ်။ ဒီအမှုကို လက်လျှော့ထားခဲ့တဲ့ စုံထောက်ဟန်တစ် ယောက် ဒီတစ်ကြိမ်မှာရော အမှုကို ဖြေရှင်းနိုင်မလား၊ တရားခံကိုရော ဖမ်းနိုင်မလား၊ (၁၅)နှစ်ပြည့်တဲ့အခါ ပြန်ဆုံကြဖို့ ကတိထားခဲ့တဲ့ လီဂျီ အာနဲ့ ကင်ယိုဟန်တို့ရော ကတိအတိုင်း ပြန်ဆုံနိုင်ကြပါ့ မလား၊

No Ga-in No Lo-ve (2024)
ဆွန်းဟယ်ယောင်းဟာဆိုရင် ဘယ်လိုအခြေအနေမျိုးမှာမှ နစ်နာဆုံးရှုံးမှု မဖြစ်ချင်တဲ့သူမျိုးပါ။ ငယ်စဉ်တုန်းက မိဘမဲ့ကလေးတွေကို အိမ်မှာခေါ်ပြီး စောင့်ရှောက်ပေးတတ်တဲ့ အမေဖြစ်သူကြောင့် အမေ့မေတ္တာကို တခြားကလေးတွေနဲ့ မျှဝေခံစားခဲ့ရတဲ့ ဟယ်ယောင်းလေး ..အလုပ်ဝင်ပြန်တော့လည်း ဟယ်ယောင်းတို့ကုမ္ပဏီက လူမှုဖူလုံရေး အကျိုးခံစားခွင့် ၉၀% ကို အိမ်ထောင်သည်များကိုသာ ပုံပေးထားပါတယ် ..ခုလည်း အမြန်ဆုံး ရာထူးတိုးနိုင်မဲ့ အခွင့်အရေးဖြစ်တဲ့ ကုမ္ပဏီတွင်းပြိုင်ပွဲမှာ လူလွတ်တွေကို မရွေးချယ်ပါဘူးတဲ့ ..ဘာတစ်ခုမှ အဆုံးရှုံးမခံချင်တဲ့ ဟယ်ယောင်းလည်း နည်းလမ်းရှာဖွေရင်း သူ စဉ်းစားလိုက်မိတာက ယောက်ျားယူဖို့...သူယူလို့ အဆင်ပြေမဲ့ယောက်ျားကို လိုက်ရှာရင်း ဟယ်ယောင်းမျက်စိကျမိသွားတာကတော့ ကုန်စုံဆိုင်က အချိန်ပိုင်းအလုပ်သမားလေး ဂင်ဂျီအုပဲဖြစ်ပါတယ်။ ဂျီအုကတော့ အကူအညီလိုအပ်နေတဲ့သူတွေကို မျက်ကွယ်ပြုမထားနိုင်ဘဲ မှန်ကန်တဲ့အလုပ်ကိုပဲ လုပ်ဖို့ ကြိုးစားလေ့ရှိသူလေးပါ။ သူက ကုန်စုံဆိုင်ကို လာဝယ်တဲ့ ဝယ်ယူသူတိုင်းအပေါ် ဖော်ရွေပေမဲ့ ဆွန်းဟယ်ယောင်းကတော့ ခြွင်းချက်ဖြစ်နေပါတယ်။ ဒီလိုနဲ့ ဟယ်ယောင်းက ဂျီအုကို ဟန်ဆောင်လက်ထပ်ရမဲ့ အချိန်ပိုင်းအလုပ်ကိုလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့...နစ်နာဆုံးရှုံးမှု မဖြစ်ချင်လို့ လက်ထပ်ပွဲကျင်းပဖို့ ဆုံးဖြတ်လိုက်တဲ့ ဆွန်းဟယ်ယောင်းနဲ့ သူများကို နစ်နာဆုံးရှုံးမှု မဖြစ်စေချင်လို့ ဟန်ဆောင်သတို့သားလုပ်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့ ဂင်ဂျီအု...သူတို့နှစ်ယောက်ကြားက Rom Com အချစ်ဇာတ်လမ်းလေးကိုတော့ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း စောင့်ကြည့်လို့ရမှာပဲဖြစ်ပါတယ်

Mar-tyrs (2008)
လူစီဆိုတဲ့ကလေးမလေးဟာ ဒဏ်ရာဒဏ်ချက်ဗရပွနဲ့ ဆောက်လုပ်ရေးဆိုဒ်တစ်ခုကနေ ထွက်ပြေးလာပြီး လူတွေက တွေ့ရှိရာကနေ စတင်ထားပါတယ်။ သူမကို မုဒိန်းကျင့်ထားတာမျိုးတော့မရှိပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးကို စုတ်ပြတ်သပ်နေအောင် နှိပ်စက်ထားပါတယ်။ ဒီလိုနှိပ်စက်မှုမျိုးကြောင့် စိတ်ဒဏ်ရာရရှိသွားတဲ့ လူစီဟာ တစ်ကယ်မရှိတဲ့သရဲလိုလိုအကောင်ကို မြင်နေရပြီးတော့ သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်တာမျိုးတွေ ရှိလာပါတယ်။ဒီလိုနဲ့ သူမကို တွေ့ရှိပြီးတဲ့နောက်မှာ မိဘမဲ့ဂေဟာတစ်ခုကို ပို့လိုက်တဲ့အခါမှာ အန်နာဆိုတဲ့ကောင်မလေးနဲ့ ခင်မင်သွားပါတော့မယ်။ ဆယ့်ငါးနှစ်အကြာမှာတော့ လူစီဟာ သူမကိုနှိပ်စက်ခဲ့တဲ့လူကို ခြေရာခံနိုင်ခဲ့ပြီး တစ်မိသားစုကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ပြီးတာနဲ့ သူဟာ အန်နာကို ဖုန်းခေါ်တဲ့အချိန်မှာ သူငယ်ချင်းကောင်းဖြစ်တဲ့ အန်နာက လိုက်လာခဲ့ပြီး အပြစ်မဲ့တဲ့မိသားစုကို သတ်ပစ်လိုက်တဲ့အတွက် မခံစားနိုင် သူ့သူငယ်ချင်းထောင်ကျမှာကိုလည်း မကြည့်ရက်ဘဲ အလောင်းတွေကို လက်စဖျောက်ပစ်ဖို့လုပ်ပါတော့တယ်။ဒီလိုလက်စဖျောက်နေရင်းနဲ့ အဲဒီအိမ်မှာ စနစ်တကျတည်ဆောက်ထားတဲ့ လျှို့ဝှက်မြေအောက်ခန်းကို တွေ့လိုက်ရပြီး ဆင်းသွားတဲ့အခါမှာ အမှောင်ခန်းထဲမှာ အလုံပိတ်ပြီး နှိပ်စက်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ဒီမိသားစုဟာ သူထင်သလို အပြစ်မကင်းဘဲ လူစီပြောတာ မှန်နေခဲ့ကြောင်းသိလိုက်ရပြီး ထိုကောင်မလေးကို ကယ်ထုတ်လာပါတော့တယ်။ အန်နာတစ်ယောက် ဒီပြဿနာ ဒီမိသားစုနဲ့ ပြီးပြီထင်ခဲ့ပေမယ့် နောက်ထပ်လူတွေထပ်ရောက်လာပါတော့တယ်။ ဒီအချိန်မှာ ဒီကိစ္စဟာ မိသားစုတစ်စုဆိုက်ကိုဖောက်ပြီး လူတွေဖမ်းဆီးနှိပ်စက်နေတာမဟုတ်ဘဲ နောက်ကွယ်မှာ (နည်းစနစ်တကျ ညှင်းပန်းနှိပ်စက်ခြင်းအားဖြင့် နာကျင်မှုခံနိုင်ရည်ကိုကျော်လွန်ပြီး သေလွန်ပြီးကာလအပိုင်းအခြားကို ရှုမြင်နိုင်သူ) မာတာဆိုတဲ့ဖြစ်တည်မှုကို မွေးဖွားလာစေပြီး သေလွန်ပြီးရင် ဘာဆက်ဖြစ်မယ်ဆိုတာကို သိချင်ကြတဲ့ ယုံကြည်မှုတစ်ခုကို စွဲကိုင်ထားကြတဲ့ လူကုံထံအသိုင်းအဝိုင်းက ကြေးရတတ်တွေပါဝင်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုလုံး ရှိနေမှန်း သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ အန်နာဟာ သူလူစီ့ကိုကယ်ချင်ခဲ့တဲ့ငရဲတွင်းထဲကို သူပါ ကျရောက်သွားပါတော့တယ်။ ဒီတော့ သူမဟာ ဘယ်လိုမွန်းကြပ်စရာကောင်းအောင် နှိပ်စက်ခံရမလဲ၊ ဒီငရဲတွင်းထဲကနေ လွှတ်မြောက်နိုင်မလား၊ ဒီမာတာဆိုတဲ့ဖြစ်တည်မှုကရော တစ်ကယ်တည်ရှိတာလား

[18+] Termi-nator Ze-ro (2024)
Animation ဆိုသော်ငြားလည်းအသတ်အဖြတ် အကြမ်းအရမ်းတွေကတော့
ရှယ်တွေမို့ ကလေးသူငယ်တွေနဲ့ ကြည့်ရှုဖို့ မသင့်တော်ပါကြောင်း
Judge-ment day ဆိုတာကတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက မင်းသားကြီး အာနိုးပါဝင်တဲ့ Termi-nator 2 ထဲမှာ AI တွေက အသိစိတ်ဝင်ပြီး လူသားတွေအပေါ် နူကလီးယားချတဲ့နေ့ကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒါ ဒီနေ့မှာတင် ထူးထူးခြားခြား Termi-nator ကမ္ဘာရဲ့ ပထမဆုံး Animation စီးရီးကို Netflix ကနေ Bleach ဒါရိုက်တာရဲ့ လက်စွမ်းနဲ့အတူ Ka-iju No.8, Gho-st in the Sh-ell တွေကို ထုတ်လုပ်ပေးထားတဲ့ Produc-tion IG ကုမ္ပဏီရယ် MI ရုပ်ရှင်တွေကို ထုတ်လုပ်ပေးခဲ့တဲ့ Skyd-ance နဲ့ ပူးပေါင်းထုတ်လုပ်ပြီး ထွက်ရှိလာခဲ့ပါပြီ။ ဒီစီးရီးမှာတော့ အမေရိကန်အခြေစိုက်မဟုတ်တော့ပဲ ဂျပန်နိုင်ငံကို ဦးစားပေး တင်ဆက်ထားပေမဲ့ အားလုံးသိခဲ့တဲ့ Ja-mes Came-ron ရဲ့ Termi-nator Universe မှာပဲ တည်ရှိနေတာပါ။ ဇာတ်ကြောင်း Timeline အရတော့ ၁၉၉၇ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကို အပြန်အလှန် ယှဉ်ပြထားတာပါ။ ၁၉၉၇ ခုနှစ်မှာကတော့ Dr Malcolm ဆိုတဲ့ သိပ္ပံပညာရှင်က ဒီ Judge-ment ကြီး ဖြစ်နေမှာကို သိပြီးသားလူတစ်ယောက် အဲဒါကို တားဆီးဖို့ Kokoro ဆိုတဲ့ AI နဲ့ ကြိုးစားနေတာပေါ့လေ။ ၂၀၂၂ ခုနှစ်မှာတော့ သိတဲ့အတိုင်း လူတွေနဲ့ စက်ရုပ်တွေ စစ်ဖြစ်နေပြီ လူသားတွေ အရေးနိမ့်လို့ မြေအောက်နေရာတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ တစ်ကွဲတစ်ပြားပေါ့။ အဲဒီမှာ Eiko ဆိုတဲ့ စစ်သည်တော်တစ်ယောက်က Skynet ရဲ့ အရေးပါဒေတာတွေ ရလာချိန် ၁၉၉၇ ခုနှစ်ကို
အချိန်ခရီးသွားဖို့ ဖြစ်လာတယ်။ ရန်သူတော်တွေဖက်ကလည်း Termi-nator တစ်ယောက်ကို ၁၉၉၇ ခုနှစ်ကို စေလွှတ်တဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။

The Um-brel-la Fa-iry (2024)
ရှေးဟောင်း အမှတ်တရပစ္စည်းခန်းမမှာစုဝေးနေတဲ့ ခေတ်အဆက်ဆက်က ပစ္စည်းတွေနဲ့အတူ အဲ့ပစ္စည်းတွေမှာ ရှိနေတဲ့ စိတ်ဝိညာဉ်လေးတွေရဲ့ အကြောင်းကို နောက်ခံပြု ဇာတ်လမ်းဆင်ထားတာပေါ့...ဒီခန်းမထဲကို နောက်ဆုံးရောက်လာတဲ့ စိတ်ဝိညာဉ်နှစ်ယောက်ကတော့ ကျောက်စိမ်းနက်တစ်တုံးတည်းကနေ ခွဲပြီး လုပ်ခဲ့တဲ့နောက်ဆုံးမင်းဆက်ဘုရင့်သမီးတော်ရဲ့ထီးတော်မိုးနဲ့ နောက်ဆုံးမင်းဆက်ရဲ့တိုက်ပွဲကျစစ်သူကြီးရဲ့ ကျောက်စိမ်းနက်ဓားပဲပေါ့...ထီးတော်မိုးရဲ့ စိတ်ဝိညာဉ်လေးက ပျော့ပျောင်းသလောက် ကျောက်စိမ်းနက်ဓားကတော့ သွေးစာနေတဲ့ ဓားတစ်ချောင်းပီပီ ခက်ထန်တယ်...ချင်တိုက်ဆိုတဲ့ ထီးတော်မိုး စိတ်ဝိညာဉ်က ခန်းမထဲက
တခြားစိတ်ဝိညာဉ်တွေနဲ့ တည့်အောင်ပေါင်းဖို့ကြိုးစားပေမယ့်...ဝမ့်ကွေးဆိုတဲ့ ကျောက်စိမ်းနက်ဓား စိတ်ဝိညာဉ်ကတော့
သူဟာ ဒီမှာပိတ်လှောင်ခံရမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ ခန်းမက ထွက်ပြေးခဲ့တယ်...ချင်တိုက်လည်းဝမ့်ကွေးကို ပြန်ရှာဖို့ကြိုးစားတာပေါ့...ချင်တိုက်ရဲ့ ဝမ့်ကွေးရှာပုံတော်ခရီးမှာ အဓိက ကူညီသူကတော့ ခန်းမကအလုပ်သမားလေး ယွမ်မော့ပါပဲ...ယွမ်မော့က လူသားဆိုပေမယ့် ငယ်စဉ်တည်းက စိတ်ဝိညာဉ်တွေကို မြင်တွေ့နေခဲ့တာကြောင့်...မိတ်ဆွေမရှိတဲ့အပြင် ခန်းမထဲမှာ ပိတ်မိနေခဲ့တဲ့ လူသားကောင်လေးပေါ့..ကဲ ချင်တိုက်လေးတစ်ယောက် ဝမ့်ကွေးကို ရှာနိုင်မှာလား...ဒီကြားထဲ ဘာကိစ္စတွေဖြစ်ဦးမှာလဲ...ယွမ်မော့လေးကရော စိတ်ဝိညာဉ်တွေဘာလို့မြင်နိုင်တယ်ဆိုတာ သိနိုင်မှာလား...ဝမ့်ကွေးကရော ဘာလို့ ထွက်ပြေးသွားခဲ့ရတာလဲ

Captains Of The World (2023)
ကမ္ဘာ့ဖလား… ကမ္ဘာရဲ့ ဖလား…
ကမ္ဘာပေါ်က တိုက်ကြီး ၇ တိုက် နိုင်ငံပေါင်းရာနဲ့ချီကြားက ကမ္ဘာ့အကောင်းဆုံး နိုင်ငံအသင်းတစ်ခုတည်းကပဲ ရနိုင်မယ့်ဖလား…တချို့တွေအိပ်မက်မက်ခဲ့ကြတယ်။ တချို့တွေ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြတယ်။ ခေတ်တိုင်းရဲ့ အခမ်းနားဆုံးကစားသမားတွေဟာ သူတို့ရဲ့ ခမ်းနားမှုကို သကာဆင့်ဖို့ ဒါမှမဟုတ် သက်သေတည်ဖို့ ဒီရွှေသားကို တမ်းတခဲ့ကြတယ်။ ၄ နှစ် တစ်ကြိမ်… အခွင့်အရေးဆိုတာ လူတစ်ယောက်အတွက် ၅ ခါထက်ပိုမလာနိုင်ဘူး…အခမ်းနားဆုံးပါဆိုတဲ့ ကစားသမားတွေအတွက်ဆိုရင်တောင်ပေါ့။ ကမ္ဘာ့ဖလားဆိုတာ အမှားအယွင်းတွေဖြစ်သွားဖို့ အလွယ်ကူဆုံးပြိုင်ပွဲပဲ။ ထပ်မံကြိုးစားခွင့်ကို ဘုရားသခင်ဆီမှာတောင် တောင်းခံလို့မရ။ကြားထဲက အချိန် ၄ နှစ်မှာ ရင်ထဲ မီးကိုမွေးပြီး ပြိုင်ပွဲစတဲ့အချိန် အစွမ်းကုန်လောင်ကျွမ်းပြဖို့ပဲ ရှိမယ်။ ကမ္ဘာ့ဖလားရဲ့ ထူးခြားချက်က အဲဒါပဲ။ အစွမ်းကုန်လောင်ကျွမ်းပြတဲ့ ကစားသမားတွေကို မြင်ရမယ်။ အစွမ်းကုန် မီးတင်ပေးတဲ့ ပရိသတ်တွေကို မြင်ရမယ်။ အစွမ်းကုန် တွေအားလုံးကို ဟင်းလေးအိုးကြီးတဲ့ရောထည့်လိုက်တဲ့အခါ အစွမ်းကုန် ခမ်းနားတဲ့ ပြိုင်ပွဲကြီးကိုရလိမ့်မယ်။ ကမ္ဘာ့ဖလားကို အရှိန်အဝါအရှိဆုံး ဖလားတစ်လုံးလို့ သတ်မှတ်ဖို့ အကြောင်းအရာတွေအများကြီးရှိတယ်။ ရာဇဝင်လား… စိတ်လှုပ်ရှားမှုလား… သမိုင်းကြောင်းလား… ဒရာမာတွေလား… ဘယ်ရှုထောင့်ကကြည့်ကြည့် ကမ္ဘာ့ဖလားဆိုတာ ဘောလုံးဘာသာရေးမှာ ယေရှုရဲ့ သောက်ရေခွက်တော်အလားပဲ။ ထိုသောက်ရေခွက်တော်ကို ထိုက်သူသာ တွေ့အံ့။ ထိုက်သူသာ ပင့်ဆောင်နိုင်အံ့။ အမည်မသိကျိန်စာအောက် အခမ်းနားဆုံးဆိုတဲ့ ကစားသမားတွေ ငိုကြွေးခဲ့ရဖူးတယ်။ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားကတော့ ပိုလို့တောင် ဒရာမာတွေ များခဲ့တယ်။ ဆော်ဒီကို အာဂျင်တီးနားက ရှုံးသတဲ့လား။ မော်ရိုကိုသားတွေ ဆာဟာရကို ကာတာအထိ ယူဆောင်လာကြ။ ဆာမူရိုင်းတွေရဲ့ ဘူရှီဒိုလမ်းစဉ်က ပြန်လာခြင်းလမ်းတွေကိုဖောက်ခဲ့။ ပြင်သစ်မှာ တစ်ကိုယ်ရည်ပျံသန်းတဲ့ ငှက်တစ်ကောင်။ ဆမ်ဘာတေးသံတွေ ထင်သလောက် အသံမကျယ်ခဲ့ခြင်းများ။ ပေါ်တူဂီအင်ပါယာသမိုင်း တကျော့ပြန်လည်ခြင်း။ ဒက်ကလန်ရိုက်စ် မသုံးလိုက်ရတဲ့ ကမ္ဘာ့ဖလားထည့်ဖို့အိတ်…အဲဒါတွေအပြင် ကျွန်တော်တို့ ငယ်ငယ်က ကြည့်လာခဲ့ရတဲ့ ဘောလုံးခေတ်တစ်ခုက ကစားသမားအများစုရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်နေခြင်းကလည်း ဒီပြိုင်ပွဲကို အရောင်တင်ပေးခဲ့တယ်။ ခေတ်တစ်ခုရဲ့အဆုံးမှာ ခေတ်သစ်တစ်ခုကို စောင်းပါးရိပ်ချည် မြင်ခဲ့ရတယ်။ ကမ္ဘာ့ဖလားရဲ့ ဖိအားဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ စိန်ဟာ သိပ်ကြီးမားတဲ့ဖိအားအောက်မှာမှ ဖြစ်ထွန်းတယ်။ ကမ္ဘာ့ဖလားဖိအားကလည်း အကြံ့ခိုင်ဆုံး စစ်သည်တွေကို သွန်းလုပ်ပေးတယ်။ ဒါပေမဲ့ အရေးအပါဆုံးက ဘယ်သူတွေလဲ။ အရေးအပါဆုံးဆိုတာထက် အရာအားလုံးကို ဦးဆောင်တဲ့သူ၊ ခေါင်းခံတဲ့သူ၊ ကိုယ်စားပြုထားတဲ့သူတွေက ဘယ်သူတွေလဲ။ သူတို့ကိုတော့ အသင်းခေါင်းဆောင် ကပ္ပတိန်တွေလို့ ခေါ်ပါတယ်။ ကပ္ပတိန်တွေရဲ့ အခန်းကဏ္ဍဟာ ကစားသမားတွေရဲ့ကွင်းတွင်းကွင်းပြင် စိတ်ပိုင်းဆိုင်ရာအတွက် သိပ်ကိုအရေးပါတယ်။ ကစားသမားတစ်ယောက်က တစ်ရာဖိုးလောက် စိတ်ဓာတ်ကြံ့ခိုင်ရရင် ကပ္ပတိန်တစ်ယောက်က တစ်သောင်းဖိုးလောက် ကြံ့ခိုင်နေမှ တော်ကာကျပါလိမ့်မယ်။ ကပ္ပတိန်ဆိုတာ အဲဒီလို စိတ်ဓာတ်မျိုးနဲ့ ကစားသမားတွေပါ။ ဒီ စီးရီးမှာတော့ ကိုယ့်အသင်းကို ကမ္ဘာ့ဖလားဆီဦးဆောင်ခဲ့တဲ့ ကပ္ပတိန်တွေအကြောင်းနဲ့ ကမ္ဘာ့ဖလားရဲ့ အဝတ်လဲခန်း ဒရာမာတွေကို ရိုက်ကူးပြထားတယ်။ ခုနောက်ပိုင်း နက်ဖလစ်ရဲ့ အားကစား ဒိုကူမန်တရီတွေရဲ့ ကွာလတီက အတော်ကိုကောင်းလာတာ မြင်ပြီးသားဖြစ်မှာပါ။ Commentary ကိုလည်း တကယ့်ပွဲသံကိုသုံးထားတာကြောင့် တခြားလူမဟုတ်တဲ့ Peter Drury ရဲ့အသံနဲ့ ကမ္ဘာ့ဖလားပွဲတွေကို ပြန်လည်ခံစားရမှာပါ။ ကမ္ဘာ့ဖလားအပြီး ၁ နှစ် အကြာမှာ ထုတ်ခဲ့တာဆိုတော့ ကမ္ဘာ့ဖလားအလွမ်းပြေအဖြစ်ကော… အခမ်းနားဆုံးကစားသမားတွေရဲ့ နောက်ဆုံးကခုန်ခြင်းအဖြစ်ပါ ကြည့်ရှုဖို့အတွက် အတော်ကောင်းတဲ့ ဒိုကူမန်ထရီတစ်ခုပါပဲ။

A Per-fect Wor-ld (1993)
IMDb - 7.5/10
Genre - Crime, Thriller
အကျဉ်းထောင်တစ်ခုမှာ လူနှစ်ယောက်ထောင်ဖောက်ပြေးဖို့ကြိုးစားကြသည်။သူတို့ကြည့်ရတာပြေးဖို့အတွက်အချိန်အတော်ကြာပြင်ဆင်ခဲ့ပုံရတယ်။အလွယ်တစ်ကူလွတ်မြောက်သွားတယ်။ဒီရာဇဝတ်သား(၂)ယောက်ဟာ ထောင်ကထွက်ပြေးပြီးနောက်ပိုင်းမှာဓားစာခံအဖြစ် ကလေးလေးတစ်ယောက်ကိုပါခေါ်သွားခဲ့တယ်။ထောင်ပြေး(၂)ယောက်ဟာ အရင်တုန်းက ဘယ်လောက်ဆိုးသွမ်းခဲ့လို့ထောင်ကျခဲ့တယ်မသိပေမယ့် ထွက်ပြေးစဉ်လုပ်ပုံကိုင်ပုံတွေကြည့်ရတာတစ်ယောက်က သွေးအေးဉာဏ်ကောင်းစွာနဲ့ ရင်ဆိုင်ရတဲ့ပြသနာတွေကိုဖြေရှင်းနေပြီး နောက်တစ်ယောက်ကတော့ သေနတ်တစ်ယမ်းယမ်းနဲ့ဦးဏှောက်မဲ့အဆင်ခြင်မဲ့ လုပ်ကိုင်နေတယ်….သူတို့(၂)ယောက်လွတ်သွားတော့ ရဲဌာနတစ်ခုလုံးလည်း တိုင်ပတ်နေသလိုမြို့တော်ဝန်ရဲ့ ဖိအားကြောင့် ရှိသမျှဌာနစုံက ဖမ်းဆီးဖို့ကြိုးစားနေကြတယ်။ ဒီကားက ဇာတ်လမ်းအစမှ အဆုံးထိစိတ်ဝင်စားဖို့ကောင်းသလို ထွက်ပြေးစဉ်ကာလတစ်လျောက်လုံး
ကလေးတစ်ယောက်နဲ့ သူတို့ရဲ့ ထူးခြားတဲ့ဆက်ဆံရေးကိုတွေ့ရလိမ့်မယ်….
လောကကြီးထဲ ခုမှစဝင်တဲ့ကလေးတစ်ယောက်ကို ကားမောင်းထွက်ပြေးရင်းနဲ့
စီးကရက်ရှိုက်လိုက် မပြုံးမရယ်နဲ့ ပြောရင်းသင်ကြားနေတဲ့ ထောင်ပြေးသမားတစ်ယောက်ကို
ခင်ဗျားတို့ အံအားသင့်စရာတွေ့ရလိမ့်မယ်….
သူတို့လွတ်မြောက်မလား ……ကလေးလေးကရော သူ့အပေါ်ဘယ်လိုသဘောထားလဲ…
ခံစားကြည့်လိုက်ပါဦး……..သေချာတယ် ဒီကားကြည့်ပြီး ခင်ဗျားတို့သဘောအကျဆုံးကားဟောင်းစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်လို့…..

The Hu-nt For Red Octo-ber (1990)
IMDb - 7.5/10
Genre - Thriller, Action
ရုရှားရေတပ်ကပ္ပတိန် ရေးမီယပ်စ် ဦးဆောင်တဲ့ Red Octo-ber ဆိုတဲ့ အဖျက်ရေငုပ်သင်္ဘောကြီးဟာ ရုရှားပြည်တွင်းကနေ အမေရိကန်ကို ထွက်ပြေးလာပြီးနောက် ရုရှားနိုင်ငံတွင်းက ရေတပ်သင်္ဘောအားလုံး သူတို့ပိုင်သင်္ဘောကို ပြန်ရဖို့ ဖမ်းဆီးရေးခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ရေးမီယပ်စ်က မထွက်ခွာခင် ရုရှားရေတပ်ရဲ့ဗိုလ်ချုပ်ကြီးပါဒိုရင်ကို အမေရိကန်ဘက်မှာ ခိုလှုံမယ့်အကြောင်းစာပို့ခဲ့တာဖြစ်လို့ ရုရှားတွေ အသည်းအသန်တားဆီးဖို့ အကြောင်းဖန်လာတာပါ။ အမေရိကန်တွေအမြင်မှာတော့ တာဝေးပစ်ဒုံးတွေ သယ်ဆောင်လာတဲ့ ဆိုဗီယက်ပိုင်ရေငုပ်သင်္ဘောကြီးက အကြောင်းအရင်းမသိရဘဲ သူတို့နိုင်ငံဘက်ကို ဦးတည်လာတဲ့အတွက် တားဆီးရဖို့ဖြစ်လာပါတယ်။
Red Octo-ber ရဲ့ ရည်ရွယ်ချက်အစစ်ကို သတိပြုမိခဲ့ကတော့ CIA ရဲ့ သုတေသီ ဂျက်ရိုင်ယန်ဖြစ်ပြီး သူ့အနေနဲ့ အဆိုပါသင်္ဘောရဲ့ကပ္ပတိန် ရေးမီယပ်စ်ရဲ့ ခိုလှုံချင်တဲ့သဘောထားကို ယူအက်စ်အာဏာပိုင်တွေ၊ ရေတပ်အရာရှိတွေ ယုံကြည်အောင် နားချရပါတော့တယ်။ ဆိုဗီယက်အစိုးရဘက်ကလည်း သူတို့ရဲ့ရေငုပ်သင်္ဘောကြီး သူတို့ရဲ့မဟာရန်သူ လက်ထဲ အလွယ်တကူအရောက်မခံနိုင်လို့ သွေးထိုးမှုတွေ ဆက်တိုက်လုပ်လာခဲ့လို့ ဂျက်ရိုင်ယန်နဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ဟာ အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ ရှေ့နောက်ညှပ်တိုက်မှုကို ခံရမယ့်အခြေအနေပါ။ဂျက်အနေနဲ့ ဆိုဗီယက်ရဲ့သွေးထိုးမှုတွေကို ယူအက်စ်အာဏာပိုင်တွေ နားမယောင်အောင် ပြောနိုင်မလား။ အနောက်ကလိုက်ပါလာတဲ့ ရုရှားအဖျက်သင်္ဘောတွေရန်ကနေ Red Octo-ber ကိုကယ်တင်ပြီး ခိုလှုံခွင့်တောင်းချင်တဲ့ ကပ္ပတိန်ရေးမီယပ်စ်တို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ချပြနိုင်မလား

15+ လို့တော့ ပြောထားပေမယ့် ဇာတ်လမ်းထဲမှာ အသုံးအနှုန်းတွေ ကြမ်းပါတယ်။ တချို့ဇာတ်ဝင်ခန်းတွေ လန်းပါတယ်။ မိသားစုနဲ့ ကြည့်ဖို့ ကိုယ်တိုင်အရင်ကြည့်ပြီးမှ ဆုံးဖြတ်ကြပါလို့
Be-gum Ja-an (2017)
ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာ အိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီး နယ်စပ်မျဉ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။ အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဉ်း
နှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ် အဲ့ဒါကတော့ ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။ ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။ ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့် ကံကြမ္မာဆိုးကြောင့် ပြည်တန်ဆာခေါင်း တစ်ယောက်အဖြစ်နဲ့ ဇာတိကို ပြန်လာခဲ့ရသူတစ်ယောက်။ ဘေဂွန်ဂျမ်းဆိုတာ ဥပဒေက သူ့ကို ပြန်ကြောက်နေရတဲ့သူ တစ်ယောက်။ ဘေဂွန်ဂျမ်းဆိုတာ ဘုရင်ကိုယ်တိုင်က ကောင်းချီးပေးထားရသူ တစ်ယောက်။ အဲ့ဒီလို ဘေဂွန်ဂျမ်းလို လူမျိုးရဲ့ ဆောင်ကြာမြိုင်ဟာ နယ်စပ် စစ်ဆေးရေးဂိတ်တွေ ဆောက်လုပ်မှာမို့မဖြစ်မနေ နှစ်ခြမ်းခွဲမှကို ဖြစ်လာတဲ့အခါ ဘေဂွန်ဂျမ်းနဲ့ ပြည်တန်ဆာ ၁၁ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ

10 Clover-filed La-ne (2016)
IMDb -7.2/10
Genre - Horror, Thriller
စကားလုံးတွေ ကင်းမဲ့နေတဲ့ New Orleans မြို့ရဲ့ညနေခင်းတစ်ခုရဲ့မြစ်ရေပြင်ကို သူမနေတဲ့ Apartment ခန်းလေးကနေလှမ်းမြင်နေရတယ်။ ဒါပေမဲ့ သူမကတော့ ထိုရှုခင်းလေးကို ခံစားဖို့စိတ်မဝင်စား။ ခရီးဆောင်အိတ်ထဲကို အဝတ်အစားတစ်ချို့ခပ်မြန်မြန်သွပ်ထည့်နေလေတယ်။ အနီးအနားမှာ ရှိတဲ့ ပေကြိုးနှစ်ကြိုးစ သုံးကြိုးစကို လှမ်းမြင်ရတော့ သူမသည် အဝတ်အထည်ချုပ်ခြင်း စသော Designer အလုပ်ကို လုပ်ကိုင်သူ (သို့မဟုတ်) စိတ်ဝင်စား လေ့လာနေသောသူတစ်ယောက်ဖြစ်နိုင်သည်ဆိုသည်ကို ခန့်မှန်းနိုင်ပေတယ်။ ကဗျာကယာ ထုပ်ပိုးပြီး ခရီးဆောင်အိတ်ကို ဆွဲပြီး အခန်းထဲက ထွက်သွားတော့ စားပွဲပေါ်မှာ တင်ထားခဲ့တာက စေ့စပ်လက်စွပ် (သို့မဟုတ်) လက်ထပ်လက်စွပ် တစ်ကွင်းနဲ့အိမ်သော့တစ်ချောင်း …ညက မှောင်သထက်မှောင်လာတယ်။ သူမတစ်ယောက်တည်း မောင်းနေတဲ့ကားဘီးလေးက Louisiana ရဲ့တောလမ်းကတ္တရာပေါ်မှာ။ ထိုစဉ် Phone call တစ်ခုဝင်လာတယ်။ (နာမည်က Ben တဲ့)။ သူမ ကိုင်လိုက်ပါတယ်။ စကားကတော့ တစ်ခွန်းမှ မပြောဘူး။ သူမက ကားမောင်းနေတော့ Phone Speaker ထားတာကြောင့် Ben ဆိုတဲ့ ဟိုဘက်ကလူပြောတဲ့ စကားတွေကတော့ အတိုင်းသားကြားနေရတယ်။ “Michelle, please come back.” ထို့နောက်ဆက်ပြောတာက “Running away isn’t going to help anything.” တဲ့။ ချစ်သူရည်းစား ထွက်သွားတော့ ပြန်လာဖို့ကို Boyfriend လုပ်သူက သနားကြင်နာစွာနဲ့တောင်းဆိုနေဟန်ပါပဲ။ သူမ Phone ကို ချလိုက်တယ်။ နောက်တစ်ခါ Phone ပြန်ဝင်လာတော့ သူမ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်နေပြီ။ အာရုံတွေ ထွေပါးလာပြီး စဉ်းစားရကြပ်နေတုန်း အချိန်မှာ သူမကားကို တစ်ခြားကားတစ်စီးက ဝင်တိုက်လိုက်တယ်။ ကစဉ့်ကလျားဖြစ်သွားတဲ့ သူမရဲ့ကားလေး လမ်းမပေါ်ကနေထိုးကျပြီး အမှောင်ထုထဲသို့မှောက်ကျသွားတယ်။ (10 Cloverfield Lane)သူမ သတိရလာတော့ အခန်းကျဉ်းလေးတစ်ခုတည်းရဲ့အိပ်ယာလေးပေါ်မှာ ရောက်နေတယ်။ သူမ ဒဏ်ရာရရှိနေတဲ့ ခြေထောက်တစ်ဖက်ကို ပတ်တီးစည်းထားပေမဲ့ ရုန်းဖို့ကြိုးစားလိုက်တဲ့အခါ သူမရဲ့ခြေထောက်ကို နံရံနဲ့ခြေထိပ်ခတ်ထားတယ်ဆိုတာ သိလိုက်ရတယ်။ သူမရဲ့မလှမ်းမကမ်းနားမှာ ရှိနေတဲ့ သူမရဲ့ပစ္စည်းတွေထဲက ဖုန်းကိုရအောင်ယူနိုင်ပေမဲ့ Signal မရှိသောကြောင့် မည်သူ့ကိုမှ အကူအညီခေါ်ရန်မဖြစ်နိုင်တော့။ ထိုစဉ် သူမရဲ့ထိုအခန်းလေးကို သော့ခတ်ထားတဲ့ လေးလံသော သံတံခါးကြီး ပွင့်လာတော့ လူဝကြီးတစ်ယောက် ဝင်လာတယ်။ “ရှင် ကျွန်မကို ဘာလုပ်မှာလဲ?” လို့ မေးလိုက်တဲ့ သူမရဲ့မေးခွန်းကို ထိုလူဝကြီး ဖြေလိုက်တဲ့ အဖြေက “ငါ မင်းကို အသက်ရှင်အောင် ထားဖို့”တဲ့။ ထို့နောက် ထိုလူကြီးက ရှင်းပြတယ်။ အပြင်မှာ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်တဲ့။ ကြီးမားတဲ့ တစ်ခုပဲတဲ့။ ဘယ်သူတွေလဲတော့ အတိအကျမပြောနိုင်ဘူးတဲ့။ Chemical စစ်ပွဲ (ဒါမှမဟုတ်) Nuclear စစ်ပွဲကြီးတစ်ခု ဖြစ်နိုင်တယ်တဲ့။ သေချာတာတစ်ခုကတော့ အပြင်မှာ ရှိတဲ့ လူသားတွေအကုန်လုံးသေကုန်ကြပြီတဲ့။ အခု သူမရောက်ရှိနေတဲ့ နေရာက စစ်ပွဲတွေရဲ့ရန်ကို ရှောင်ပုန်းနေထိုင်ရန် တည်ဆောက်ထားသော Bunker တစ်လုံးပဲဖြစ်တယ်ဆိုပြီး ပြောပြတယ်။ အခန်းထဲက ထိုလူကြီးထွက်သွားတော့ သူ့နာမည်ကို လှမ်းပြောပြတယ်။ “Howard” တဲ့

Se-oul Bus-ters (2024)
Dongbang Yoo-Bin ဆိုသူဟာ ရုပ်ချောပြီး ဥာဏ်ကောင်းတဲ့အပြင် အားကစားဘက်မှာလည်း ထူးချွန်ပြီး ချို့ယွင်းချက်ရယ်လို့မရှိတဲ့ လူတစ်ယောက်ဖြစ်တဲ့အပြင် နိုင်ငံရပ်ခြားက နာမည်ကြီးတက္ကသိုလ်တစ်ခုမှာ စာသင်ကြားပေးတဲ့
ပါမောက္ခ တစ်ယောက်လည်း ဖြစ်ပါတယ်။ လူတော်တစ်ယောက်ဖြစ်တာကြောင့် သူ့ကို တက္ကသိုလ်ရဲ့ ဌာနအကြီးအကဲတစ်နေရာမှာ အလုပ်လုပ်ပေးဖို့အတွက် ကမ်းလှမ်းလာခဲ့ပေမဲ့ အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး မွေးရပ်မြေ ကိုရီးယားကိုပြန်လာကာ ဆုန်းဝန်းရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့
ခေါင်းဆောင်အဖြစ်နဲ့ စေတနာ့ဝန်ထမ်းဝင်လုပ်ပါတော့တယ်။ ဂျူဒိုကစားသမားဟောင်းဖြစ်ပြီး ဘူဒိုဇာဆိုတဲ့ နာမည်ပြောင်ရှိတဲ့ Mu Joong-Ryeok ၊ နိုင်ငံ့ကိုယ်စားပြု သေနတ်ပစ်သမားဟောင်းဖြစ်တဲ့ Jung Jung-Hwan ၊ အဖွဲ့ရဲ့ တစ်ဦးတည်းသော မိန်းကလေးစုံထောက်ဖြစ်ပေမဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ မလိုက်ဖက်လောက်အောင် ကြမ်းတမ်းပြီး ခေါင်းမာတာကြောင့် ဒေါသအိုးလို့အခေါ်ခံရတဲ့ Seo Min-Seo နဲ့ အဖွဲ့ရဲ့ အငယ်ဆုံးစုံထောက်တစ်ဖြစ်လဲ အမှားအများဆုံးလုပ်တတ်တဲ့ လူသစ်လေး Jang Tan-Sik တို့က အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ အဖွဲ့ဝင်တွေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ တော်တတ်လွန်းတဲ့ အဖွဲ့ခေါင်းဆောင် Dongbang Yoo-Bin ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ ပင်ကိုစရိုက်တွေမတူကြတဲ့ အဖွဲ့သားတွေနဲ့ တွေ့ဆုံဖို့ဖြစ်လာပြီး စိတ်ဝင်စားစရာကောင်းတဲ့အမှုတွေကို အလွဲတွေနဲ့ ဘယ်လိုဖြေရှင်းသွားကြမလဲ

Ja-ws (1975)
IMDb - 8.1/10
Genre - Thriller, Adventure
Ja-wsကို ရိုက်တော့ စပီးဘာ့ဂ်က မူရင်းစာအုပ်က အခန်းတွေအများကြီးကို ဖြုတ်ချပြီး ကျောရိုးကိုပဲ အဓိကထားရိုက်ခဲ့တယ်။ ဇာတ်ညွှန်းကိုလည်း မူလက အပ်ထားတဲ့ ဇာတ်ညွှန်းသမားဟာကို အချိတ်အဆက်မမိဘူးလို့ခံစားရတာကြောင့် နောက်တစ်ယောက်ကိုပါ ထပ်အပ်ခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးသလို ရုပ်ရှင်မှာ အဓိကက တစ် ဇာတ်ညွှန်း နှစ်ဇာတ်ညွှန်း သုံးဇာတ်ညွှန်းပဲ ဆိုသလိုပေါ့။ တကယ်တမ်း Ja-wsကို ရုပ်ရှင်ရိုက်တော့လည်း အခက်အခဲအများကြီး ကြုံခဲ့ရတယ်။ စပီးဘာ့ဂ်ရဲ့ တိုင်အပတ်ခဲ့ဆုံးတွေထဲက တစ်ကားလို့ပြောရမယ်။ ဒါပေမဲ့ ထွက်လာတဲ့အချိန်မှာတော့ အောင်မြင်ခဲ့တယ်။ သိရသလောက်ဆို ရုံထဲကနေ ပရိသတ်တစ်ယောက် ထွက်ပြေးသွားတော့ စပီးဘာ့ဂ်က သူ့ကားဘွန်းပြီလို့ထင်ခဲ့သတဲ့။ ဒါပေမဲ့ ဟိုလူက အန်ပြီး ပြန်လာပြီး ကားပြီးတဲ့အထိ ဆက်ကြည့်မှပဲ သူစိတ်အေးသွားရသတဲ့။ တကယ်လည်း နည်းနည်းလန့်ဖို့ကောင်းတဲ့ အခန်းတွေပါသလို နောက်ခံတီးလုံးက ဂျွန်ဝီလီယမ်လက်စွမ်းပြထားတာဆိုတော့ Jumpscareခန်းတွေမှာ သူ့တီးလုံးနဲ့ တော်တော်လေးအသက်ဝင်နေတယ်။ ငါးမန်းကားဆိုပေမဲ့ သူတို့၂ယောက်လက်စွမ်းကြောင့် ဟော်ရာကားလိုလို အရသာပါရနေတယ်။ Thriller အငွေ့အသက်လည်း အပြည့်ရပါတယ်။ ဒီလိုအသက်ဝင်နေတာကြောင့်ပဲ Ja-wsဟာ တော်တော်လေး အောင်မြင်ခဲ့သလို Block-buster ဆိုတဲ့ စကားလုံးဟာ Ja-wsမှာ ပိုတွင်ကျယ်လာတယ်လို့ပြောကြတယ်။ ဒါတော့မသေချာဘူး။ ဒါပေမဲ့လည်း Ja-wsဟာ အောင်မြင်ရုံတင်မဟုတ်ဘဲ culture တစ်ခုကိုပါ တည်ဆောက်နိုင်ခဲ့တယ်။

Dal-las Buy-ers Cl-ub (2013)
IMDb - 7.9/10
Genre - Drama
1984ခုနှစ်ကျော်ကာလက ရောဂါဆန်းတွေ ကမ္ဘာကြီးထဲကို ထဲထဲဝင်ဝင် ရောက်ရှိလာသည့် နှစ်ကာလတွေဟု ပြောရမည်။အမေရိကလို အထူးလွတ်လပ်စွာနေထိုင်ခွင့်ရနိုင်သည့် လူတန်းစားတွေကြားမှာ လူတွေပဲ သတ်မှတ်ထားသည့် ကောင်းမှု ။မကောင်းမှု တွေအား အလွယ်တကူ ရရှိခံစားနိုင်သော အချိန်ကာလမှာ အေ့အိုင်ဒီအက်စ်ရောဂါကို ဖြစ်စေသည့် အိတ်ချ်အိုင်ဗွီ ဗိုင်းစ်ရပ်ပိုးကလေးတွေကလည်း လူသားတွေကြားကို တိုးဝင်ရောက်ရှိလာသည်။ယခုနှစ်ကာလများသည် အေအိုင်ဒီအက်စ် ခေတ်ဦးလို့ ဆိုရမည်။လူတန်းစားအကြား ဖြစ်ပွားလာချိန်မှာ ဆေးသိပ္ပံအဖွဲ့အစည်းတွေအတွက် အထူးခေါင်းခဲရသော အချိန်ကာလများဖြစ်နိုင်သည်။လိင် အပျော်အပါး။မူးယစ်ဆေးဝါးစတဲ့ စိတ်လွတ်လပ်မှု ကို အထောက်အကူပြု သော ယင်းအချက်အလက်များနှင့် လွတ်ကင်းနိုင်ဖွယ်မရှိသည့် လူတန်းစားတွေကြားကို ချက်ချင်းပျံ့နှံ့လာသည်။ထဲထဲဝင်ဝင် ထိန်းချု ပ်တားဆီးလို့ရမည့် ဆေးတွေလည်း မရှိသေး။လူတွေလည်း တစ်ဖြု တ်ဖြုတ်သေကုန်သည်။ ဆေးရုံအများစုတွင်လည်း အိတ်ချ်အိုင်ဗီကနေ အေ့စ်အဆင့်ဖြစ်နေသည့် လူနာတွေနှင့်ပြည့်လို့နေသည်။သို့ဖြစ်စေကာမူ လူထုအကြားဝယ် ပညာပေးနှိုးဆော်မှု နှင့် ရောဂါကူးစက်နိုင်သော အကြောင်းရင်းတွေကို ရှောင်ကျဉ်ကာကွယ်ရမည့် အချက်တွေကို ထိထိရောက်ရောက် ပညာပေးချိန်မရှိသေးတဲ့အချိန်မျို းမှာ အပျော်အပါးခုံမင်သည့် ရွန်လို လူတစ်ယောက်မှာလည်း အိတ်ချ်ဗွီစက်ကွင်းက မလွတ်မြောက်ခဲ့။သူခန္ဓာကိုယ်ထဲမှာ အချိန်အတော်ကြာကတည်းက တိုးဝင်ရောက်ရှိနေပုံရသည့် ဗိုင်းရပ်စ်ပိုးသည် သူ၏ ခုခံအားကာကွယ်မှု နည်းစနစ်ကို ဘယ်အချိန်ကတည်းက တိုက်ဖျက်အောင်နိုင်ခဲ့ပြီလဲ မသိနိုင်။ကနဦးကမှ ကျန်းမာရေးစောင့်ရှောက်မှု နည်းပြီး ပေပေတေတေနေလေ့ရှိသူဖြစ်တော့ ခန္ဓာကိုယ်ဟာ ထောက်ကန်မပေးနိုင်ရှာတော့။ရွန် တစ်ယောက် ဆေးရုံရောက်သွားသည်။ဆေးရုံရောက်တော့ ဆရာဝန်ပြောကြားချက်အရ သူမှာ အေအိုင်ဒီအက်စ်ရောဂါဖြစ်နေပြီတဲ့။သူမကြာခင်သေရတော့မှာလို့ ဆရာဝန်ကပြောသည်။အလွန်ဆုံးခံရင် ရက်သုံးဆယ်ပဲတဲ့။မိမိ၏ သေဆုံးရမည့် ရက်စွဲအတိအကျကို ပြောပြသတ်မှတ်တာမျို းကြုံ ရချိန်မှာ ဘယ်လိုလူသားမျိုးက ပြုံ းပြုံ းကလေးနှင့် ခေါင်းညိတ်လက်ခံနိုင်မှာလဲ။သူမယုံ။ဆရာဝန်တွေကို အော်ဆဲသည်။သူ့မှာ ဒီရောဂါမရှိနိုင်ဟု အကြောက်အကန် ငြင်းဆန်ပေမယ့် သူ့ခန္ဓာရဲ့ထောက်ကူမှု ဟာ သိသိသာသာလျော့နည်းလာတာကိုတော့ သိရှိနေသည်။ဆရာဝန်ပြောကြားချက်အရ မူးယစ်ဆေးကို မသန့်ရှင်းသည့်ဆေးထိုးအပ်နဲ့ မျှဝေသုံးစွဲတာတို့နှင့် လိင်တူလိင်ကွဲဆက်ဆံမှု ကနေ ကူးစက်သည်ဟု ပြောပေမယ့် သူက လိင်တူဆက်ဆံရခြင်းအမှု ကို အထူးရွံရှာသူဖြစ်သည်။ဒါပေမယ့် ပြည့်တန်ဆာများနှင့် လွန်လွန်ကဲကဲ အပျော်အပါးလိုက်စားမှု ကိုတော့ မရှောင်ကျဉ်ခဲ့။ဒီရလဒ်ကြောင့် ကူးစက်ရသည်ကို သိသွားတဲ့အခါမှာ ကိုကင်းတွေကို ခါတိုင်းထက်ရှု ရှို က် သုံးစွဲပြန်သည်။အရက်တွေပိုသောက်သည်။ခန္ဓာကိုယ်က ခါးလယ်ကပိုင်းဖြတ်ခံရသော အပင်တစ်ပင်လို ခွေကျသွားပြန်သည်။ရွန်တို့ အေအိုင်ဒီအက်စ် ရောဂါဖြစ်ရသော ကာလသည် အခြေအနေအဆိုးဝါးဆုံး အချိန်ကာလတစ်ခုပါပဲ။ယခုခေတ်လို အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ် ပျံ့နှံ့မှု ကို ထိန်းချု ပ်ပေးသည့် ART လို ဆေးဝါးတွေလည်း မပေါ်ပေါက်သေး။ဟိုဆေးက တည့်နိုးနိုး ဒီဆေးက ကောင်းနိုးနိုး စမ်းသပ်ဆဲအဆင့်သာ ရှိသေးသည်။ထိုအခါဝယ် ရွန်တို့လို လူနာတွေသည် ဆေးကုမ္ပဏီတွေ၏ အစမ်းသပ်ခံလူနာမျိုးတွေ ဖြစ်ကုန်သည်။ဆေးရုံကို တစ်ဖန်ပြန်ရောက်သောအခါတွင် သူလို လူနာတွေအတော်များများ ရှိနေသည်ကို တွေ့ရသည်။သူ့ခုတင်ကပ်ရက်မှာ နောင်တွင် ဘဝရုန်းကန်ဖော် မိတ်ဆွေဖြစ်လာမည့် မိန်းမလျာ ရေရွန်နှင့် ဆုံရပြန်သည်။ဖြစ်တည်ခံစားနေရသည့် ဘဝမွန်းကြပ်မှု များကြောင့် အနာဂါတ်ပျောက်ဆုံးနေတဲ့ ရွန်ရဲ့စိတ်အစုံဟာ ကြည်လင်မှု အားနည်းနေချိန်မှာ ကနဦးကပင် မိန်းမလျာတွေဆိုရင် မြင်ပြင်းကတ်လေ့ရှိသည့်အတွက် အေ့စ်ဝေဒနာသည် ရေရွန်အနားကပ်လာချိန်တွင် နှင်ထုတ်ပစ်သေးသည်။အေ့စ်ရောဂါသည်မှန်းသိရင် လူ့အဖွဲ့အစည်းအတွင်းထဲက စွန့်ပစ်ပစ်ပယ်သူသာ ပေါများသည့် လူလောကဝယ် ရွန်၏ မိတ်ဆွေတွေကလည်း ထိုနည်းနှင်နှင်ပါပင်။ရွန်ကို ရှောင်ဖယ်ကြသည်။အသားချင်းထိမှာပင် ကြောက်ရွံ့နေကြ၏။ထိုအခါမျို းမှာ သူအော်ညံဆဲဆိုထားသော မိန်းမလျာ ရေရွန်ကမူ စိတ်မဆိုးဘဲ သူ၏ခြေသလုံးပုလွေ ရိုးလေးကိုပင် ကြွက်တက်ဝေဒနာခံစားရချိန်၌ နှိပ်နယ်ပေးသေးသည်။
သူ့စိတ်ထဲတွင် အကောင်းမြင်စိတ်ကလေး ဝင်သွားသလိုပင်။ရွန်အနေဖြင့် မပေတေရဲတော့။လူသားတစ်ဦးပီပီ သေဆုံးရမယ့်ကာလနောက်ဆုံးအထိ စိတ်အားတင်းရမည်ဆိုတာ နားလည်သဘောပေါက်ပုံရသည်။ဒီလိုမျို း ဘာဆေးဝါးမှ အတိအကျ မရှိသည့် စမ်းတစ်ဝါးဝါးကာလမျို းမှာ မိမိကိုယ်ကိုယ် မိမိဘာသာ ထိန်းကျောင်းခြင်းကသာ အကောင်းဆုံးပဲ မဟုတ်ပါလား။ဆေးရုံကဆရာဝန်တွေကနေတစ်ဆင့် AZT ဆေးဝါးကို သုံးစွဲလျှင် ဝေဒနာသက်သာသည်ဟု သိရသည်။သို့ပေမယ့် ယင်းဆေးဝါးတွေကလည်း အတိအကျအထောက်အကူပြု တယ်လို့ ခိုင်မာတဲ့ရလဒ်ကလည်း မရှိသေးပေ။ထို့ကြောင့် ဝယ်ယူလို့လည်းမရပေ။သူခိုးဝယ်သည်။မှီဝဲကြည့်သည်။သက်သာမလာ ပိုဆိုးလာသည်။ထို့နောက်ပိုင်းကာလများသည် ရွန် တစ်ယောက် ယင်းဝေဒနာဆိုးကြီးကိုကြံ့ကြံ့ခံကာကွယ်သော

အထူးသဖြင့် ဆရာဝန်တွေက သတ်မှတ်ပြောကြားထားသည့် ယင်းရောဂါဝေဒနာဖြစ်ပါက နှစ်ကာလအနည်းငယ်အတွင်းမှာ ဧကန်မုချ သေဆုံးရမည် ဆိုသည့် စကားရပ်ကြီးကို စိတ်ဓါတ်ခိုင်မာမှု ။အထောက်အကူပြု နိုင်သော နည်းလမ်းအသွယ်သွယ်ကို ကြို းစားရှာဖွေကာ ခိုင်ခိုင်မာမာ ရပ်တည်ပြသည့် အေ့စ်ဝေဒနာဆိုးကြီးအား ခုတင်ပေါ်ဝယ် တစ်ရှုံ့ရှံ့ထိုင်ငိုကာ အရှူံ းပေးမယ့်အစား လက်တွေ့ကျကျ တန်ပြန်တိုက်ခိုက်ပြသည့် အချိန်ကာလတွေကို ပြဆိုသွားခြင်းဖြစ်သည်။ရွန်သည် လက်တွေ့ဘဝဝယ် ရှိခဲ့သော အေ့စ်ဝေဒနာဖြစ်ရပ်များအတွက် အတုယူရှင်သန်တတ်စေဖို့ စံနမူနာပြ ကြို းစားပြခဲ့သော လူပုဂ္ဂို လ်တစ်ယောက်လို့လည်း သတ်မှတ်နိုင်ပါသည်။ယခု ခေါင်းစဉ်ပါ Dallas Buyers Club ဆိုတာက အေ့စ်ဝေဒနာလျော့ပါးဖို့အတွက် အထူးသဖြင့် AZTဆေးဝါးက အလုပ်မဖြစ်မှန်း သိရှိသွားတဲ့အခါမှာ သူကိုယ်တိုင်ရှာဖွေထားသော ဆေးဝါးများဖြင့် ဘဝတူဝေဒနာရှင်များအား ဖြန့်ဝေကုသသော ဆေးဆိုင်တစ်ဆိုင်လို့ ပြောလို့ရပါမည်။ထို့နောက်တွင် မိန်းမလျာအေ့စ်ရောဂါဝေဒနာရှင်လေး ရေရွန်နှင့်အတူ FDA လို ဆေးဝါးထိန်းချု ပ်ရေး ကုမ္ပဏီတွေရဲ့ တိုက်ခိုက်မှု တွေကိုပါ ရင်ဆိုင်ကာ ဘဝခရီးကို ဖြတ်သန်းကြခြင်း ဖြစ်ပါသည်။ယခုရုပ်ရှင်တွင် အေ့စ်ဝေဒနာသည်များအဖြစ် သရုပ်ဆောင်သွားသည့် မက်သရူး မက်က္ကနောဟေးနှင့် မိန်းမလျာဇာတ်ရုပ်အဖြစ် ပါဝင်ထားသော ဂျရတ် လက်တိုတို့နှစ်ဦးလုံး အနေဖြင့် အော်စကာဆုကို ဆွတ်ခူးရရှိခြင်းမှာ အထူးပင် အံ့သြဖွယ်ရာ မရှိချေ။မက်သရူး မက္ကနောဟေးဆိုလျှင် လူကောင်ထွားထွားကြီးနှင့် ကြမ်းကြမ်းဇာတ်ရုပ်မျို းတွေသာ လိုက်ဖက်သူဟု ရှူ မြင်ခဲ့ပေမယ့် ယခုရုပ်ရှင်မှာမူ စာတန်းသာထိုးမထားလျှင် သူဟုပင် သိနိုင်ကြမည် မထင်ပါ။ရောဂါဝေဒနာ နှိပ်စက်မှု ကြောင့် ပိန်ချုံ းကျုံ လှီနေသည့် ခန္ဓာကိုယ်ကလေးနှင့် အကောင်းဆုံး သရုပ်ဆောင်သွားနိုင်ခဲ့သလို ဂျရတ်လက်တိုမှာလည်း မိန်းမလျာဇာတ်ရုပ်ကို ကြည့်သူတွေ ရင့်နင့်အောင် သနားမိလာအောင် ပိုလိုသော အိုက်တင်မျက်နှာပေးတွေ အမူအယာတွေလည်း လုံးဝမပါဘဲ ဆေးစွဲနေသူ ။ဘဝတူ ကူညီအားပေးသည့် မိတ်ဆွေတွေကို ဖြူ ဖြူ စင်စင် ခင်တွယ်ရှာသူ။တတ်အားသမျှ ကူညီပေးတတ်သည့် မိန်းမလျာလေးတစ်ဦးအဖြစ် ဇာတ်ပို့နေရာကနေ ကြည့်ရှု သူစိတ်တွေဆီကို စွဲကျန်အောင် ထားရစ်ခဲ့ပါသည်။ထို့ကြောင့်ပင် နိုင်ငံတကာကချီး မြှင်သော အနုပညာပိုင်းဆိုင်ရာ ဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခြင်း ဖြစ်တန်ရာ၏။ကျွန်တော်တို့လူသားအားလုံးမှာ နေ့စဉ်လိုလို မတော်တဆမှု ကြောင့် ဖြစ်စေ ။ရောဂါဝေဒနာများကြောင့် ဖြစ်စေ သေဆုံးနေကြရချည်းသာ ဖြစ်သည်။ထိုအခါဝယ် အေ့စ်လို ရောဂါမျို းကလည်း ရောဂါအထွေထွေထဲက ရောဂါတစ်မျို းမျို းသာ မဟုတ်ပါလား။ထိုရောဂါဆိုးကြီးကို မည်သူမျှတော့ လက်ခံချင်ကြမှာ မဟုတ်တာတော့ သေချာပါသည်။သို့ရာတွင်မူ အကြောင်းအမျို းမျို းကြောင့် မိမိတို့ထံကို ရောက်ရှိလာတာမျို းလည်း ကြုံနိုင်ပါသည်။သေခြင်းတရားကတော့ နည်းလမ်းအမျို းမျို းနှင့် ရောက်လာနိုင်တာပါပဲ။အေအိုင်ဒီအက်စ်ကရော တကယ်ပင် လူသားတစ်ယောက်ကို မည်သူကမျှ ဘာမှလုပ်မပေးနိုင်ဘဲ လက်မှို င်ချကြည့်ရှု့နေရသည့် ရောဂါဆိုးကြီးဆိုတာတကယ်ပဲလား။ရွန်လို လူသားတစ်ယောက်ကတော့ ကနဦးခေတ်ကာလမှာပင် အပြုံ းမပျက်ဘဲ တွန်းလှန်ပြသွားခဲ့ပါသည်။ဒါဟာ ကိုးဆယ့်ခြောက်ပါးသောဝေဒနာထဲက ထူးမခြားနားသည့် ဝေဒနာတစ်ရပ်လို သဘောမျို းသာဖြစ်ကြောင်း သူကိုယ်တိုင်က ကြံ့ကြံခံတိုက်ခိုက်၍ သက်သေပြသွားခဲ့ပါသည်။ယခုခေတ်ကာလတွင် စောင့်ရှောက်ရေးဂေဟာတွေ။စနစ်တကျ စမ်းသပ်ထုတ်လုပ်ထားပြီဖြစ်သည့် ဆေးဝါးတွေကိုလည်း သုံးစွဲရရှိနိုင်ပြီ ဖြစ်ပါသည်။ရွန်လို ဟေ့ကောင်တွေ ငါမသေဘူးကွ။ငါရက်သုံးဆယ်အတွင်း သေမှာဆို ။ငါမသေဘူးကွ။ဘဝက ဒီလိုမျို းကြုံ မယ်လို့တော့ ဘယ်တွေးမိမလဲ။ဖြစ်ချင်တာက မိသားစုကလေးပိုင်ဆိုင်ချင်တယ်။မြင်းရိုင်းတစ်ကောင်ပေါ်မှာ စီးနင်းဖျော်ဖြေပြတဲ့ မြင်းစီးသမား ဖြစ်ချင်တာ ဆိုပဲ။သူကတော့ ပြောသည့် အတိုင်း ဝေဒနာကြီး ရှိနေလျက်နဲ့ လုပ်ပြခဲ့သည်။သေမင်းကို လှောင်ပြုံ း ပြုံးပြသွားခဲ့ပါသည်။ကျွန်တော်တို့ရော အရာရာ ရှုံ းနိမ့် အဆိုးတွေလာရောက်နှိပ်စက်ကလူပြု နေတုန်းမှာ ရွန်လို အဲဒီအဆိုးတရားတွေကို ပြုံးပြပြီး လက်လှဲအနိုင်မယူနိုင်ဘူးလားဟု မေးရင်းဖြင့်သာ။
Emp-ire of the Su-n (1987)
IMDb - 7.7/10
Genre - War, Action
ဒီရုပ်ရှင်မှာ ဒါရိုက်တာကအသက် 13 နှစ်အရွယ် မင်းသား ခရစ်ရှန်ဘေးကိုအယောက် ၄၀၀၀ လောက် ဝင်အရွေးခံတဲ့အထဲကမှရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်ကတော့ဂျေမီဆိုတဲ့ ဗြိတိန်လူမျိုးကောင်ကလေးပါပဲ။သူက သူ့မိဘနှစ်ယောက်နဲ့အတူ ရှန်ဟိုင်းမှာမွေးကတည်းက နေခဲ့တာပါ။ တကယ်တော့တရုတ်နဲ့ ဂျပန် စစ်မကြေညာဘဲ စစ်ဖြစ်နေတာလေးနှစ်လောက်ကြာနေပါပြီ။ ဒါပေမဲ့နိုင်ငံတကာသံတမန်လုံခြုံရေးအရ ရှန်ဟိုင်းမှာ အေးအေးလူလူနေထိုင်နေကြတဲ့ အနောက်တိုင်းသားတွေ အများကြီးပါပဲ။သူတို့အေးအေးလူလူ နေနိုင်တဲ့အချိန်တွေကုန်တော့မှာကို မသိကြသေးပါဘူး။ပုလဲဆိပ်ကမ်းကို ဂျပန်တွေဗုံးမကျဲခင်အထိပေါ့လေ။ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးထဲမှာ ဂျပန်တွေရှန်ဟိုင်းကိုဝင်လာချိန်မှာမှာ ဗြိတိန်သားတွေအလုအယက်ထွက်ပြေးကြရပါတော့တယ်။ထွက်ပြေးကြတဲ့အချိန်မှာမှဂျေမီလေးကတစ်ယောက်တည်းမိဘတွေနဲ့ ကွဲပြီးကျန်နေခဲ့တာပေါ့။ ဂျေမီလေးက လေယာဉ်တွေကို အရမ်းစိတ်ဝင်စားပြီးဂျပန်တွေကိုလည်း သတ္တိရှိတယ် လေယာဉ်တွေပိုကောင်းတယ်ဆိုပြီးလေးစားတဲ့စိတ်ရှိပါတယ်။ ကလေးတစ်ယောက်ရဲ့ ရိုးရှင်းတဲ့အတွေးပေါ့။ ဒါပေမဲ့ ဘေစီဆိုတဲ့ အမေရိကန်တစ်ယောက်နဲ့အတူ ဂျပန်ချွေးတပ်စခန်းမှာ နှစ်အတော်ကြာနေလိုက်ရတဲ့အခါမှာတော့ ဂျေမီ တစ်ဖြည်းဖြည်းပြောင်းလဲလာရတာကို စစ်သမိုင်းနောက်ခံနဲ့ လှလှပပ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ သေသွားတဲ့သူရဲ့ ဖိနပ်တွေကို မချွတ်ဖို့အတင်းတားခဲ့ဖူးတဲ့ ကောင်လေး အဖြစ်ကနေ သူသေသွားရင် သူ့ဖိနပ် ကျွန်တော့်ကိုပေးနော်ဆိုတဲ့ ကောင်လေးဖြစ်လာတဲ့ဂျေမီ။ နေ့စဉ်စာသင်နေရင်းနဲ့ စကားလုံးအသစ်တွေ သင်နေခဲ့တဲ့ ဂျေမီအတွက် ချွေးတပ်စခန်းမှာ နောက်ဆုံးသင်ရမယ့်စာလုံးက အနုမြူဗုံးဆိုတဲ့ စာလုံးဖြစ်သွားတဲ့ ဂျေမီ။ ကြောက်စရာကောင်းဆုံးအချိန်က စစ်ပွဲအစနဲ့ စစ်ပွဲအဆုံးသတ်အချိန်ပဲ၊
ကြားထဲမှာတော့ ဟန်ချက်ညီအောင်အသက်ရှင်ရင်း ပေါင်းသင့်တဲ့သူနဲ့ပေါင်းရတယ်ကွဆိုတဲ့ ဘေစီ။ သူတို့နှစ်ယောက် ချွေးတပ်စခန်းထဲမှာ ဘယ်လိုရုန်းကန်ကြမလဲဆိုတာ…..

Be Cool (2005)
IMDb - 5.7/10
Genre - Comedy, Musical
ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ “မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့” ပါတဲ့။ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့
သူတွေပေါ့။ တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) လူမိုက်တပည့်တွေတပြုံကြီးခြံရံပြီးတော့ သူထုတ်လုပ်တဲ့အခွေတွေကို နည်းလမ်းမျိုးစုံနဲ့ ပေါက်အောင်လုပ်တတ်တဲ့ MBA ဘွဲ့ရ ဂိုဏ်းစတားသူဌေးကြီးတစ်ယောက်ကလည်း တစခန်းထလာသေးတယ်။လင်ဒါ ရဲ့မန်နေဂျာဆိုတဲ့ဘဲက လူဖြူဖြစ်လျက်နဲ့ သူ့ကိုယ်သူ အာဖရိကန်-အမေရိကန် Gangsta Rapper လို့ထင်နေတဲ့သူ။ သူ့ဘေးမှာ သက်တော်စောင့်လုပ်ခိုင်းထားတာကတော့ ဆမိုအာကျွန်းသား ရုပ်ရှင်ရူးရူးနေတဲ့ Dwayne Johnson ကြီးပါပဲ။ ဟုတ်ကဲ့ အဲဒီတုန်းကတော့ the Rock လို့ဖြစ်မလာသေးဘူးပေါ့ဗျာ။ သူက ဂေးလည်းဂေးနေသေးတာတဲ့ (ဇာတ်လမ်းထဲမှာပြောပါတယ်)။ ဒါပေမဲ့ ဂေးတယ်ပြောရင် ရန်ရှာသေးတာ။သူတို့တွေနဲ့ ချီလီပါးလ်မား တို့ ထွေးလုံးရစ်ပတ် အသောဇာတ်ကိုကပြကြတဲ့ Be Cool ဆိုတဲ့ ဒီဇာတ်ကားကို ခံစားကြည့်ကြပါ လို့။

Law-rence of Ara-bia (1962)
IMDb - 8.3/10
Genre - Adventure, War
အော်စကာဆု (၇) ဆု ရရှိထားတဲ့ ဖြစ်ရပ်မှန်စစ်ပွဲနောက်ခံ တကယ့်ဂန္တဝင်ဇာတ်ကားကြီးနဲ့မိတ်ဆက်ပေးချင်ပါတယ်…ဒီဇာတ်ကားဟာ ၁၉၁၆ ခုနှစ်များဆီက အာရပ်ကန္တာရတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ T.E. Lawrence အကြောင်းဖြစ်ပြီးတော့Revolution တို့ရဲ့သဘောတရားကို ရှုမြင်နိုင်ပါတယ်…ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှဗိုလ်တစ်ဦးဖြစ်တဲ့ ဗိုလ်လောရန့်စ်ဟာ ဂျာမန်နဲ့တူရကီတွေကိုဆန့်ကျင်တိုက်ထုတ်နေတဲ့ အာရပ်တွေရဲ့တော်လှန်ရေးကို လေ့လာဖို့ အာရေးဘီးယားကို စေလွှတ်ခြင်းခံရပါတယ်။ ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့ ကန္တာရဒေသမှာ ခရီးစနှင်ကတည်းက အခက်အခဲများစွာကြုံတွေ့ရင်းကနေ အာရပ်ခေါင်းဆောင် မင်းသားဖိုင်ဆယ်ဆီရောက်ရှိလာပါတော့တယ်။ ဒီလိုနဲ့ အစိတ်စိတ်အမွှာမွှာကွဲပြားနေတဲ့ အာရပ်လူမျိုးစုတွေကို ပြန်လည်စည်းရုံးစုပေါင်းပြီး လောရန့်စ်တစ်ယောက် ဗြိတိသျှအထက်အမိန့်တွေကို ဖီဆန်ကာ အာရပ်တော်လှန်ရေးကိုအရှိန်မြှင့်တင်ခဲ့ပါတော့တယ်။စစ်မှန်တဲ့စိတ်ရင်းစေတနာ၊ မလျှော့သောဇွဲနဲ့ ထက်မြက်တဲ့စစ်ဆင်ရေးနည်းဗျူဟာတွေကြောင့် လက်နက်အင်အား၊ လူအင်အားမမျှတဲ့ တူရကီကြီးစိုးရာနယ်မြေတွေကို သိမ်းယူလာနိုင်ခဲ့တဲ့လောရန့်စ်ဟာ အာရပ်လူမျိုးတွေနဲ့ အင်္ဂလိပ်အရာရှိနှစ်ဖက်လုံးရဲ့ ယုံကြည်ကိုးစားမှုကို တစ်စတစ်စရရှိလာပြီး သူနဲ့အတူအာရပ်တော်လှန်ရေးဟာလည်း အရှိန်အဟုန်မြင့်လာပါတော့တယ်။တော်လှန်ရေးတစ်လျှောက်မှာ မိတ်ဆွေတွေတိုးပွားပြီး စိတ်အားတက်စရာတွေကြုံခဲ့ရသလို ရပြီးသားမိတ်ဆွေတွေကိုဆုံးရှုံးရပြီး လက်လျှော့ချင်စိတ်အကြိမ်ကြိမ်ဖြစ်ခဲ့ရတဲ့ လောရန့်စ်ရဲ့စိတ်ခံစားချက်အတက်အကျတွေကိုပီပြင်အောင်ပုံဖော်နိုင်ခဲ့တဲ့ မင်းသားကြီး Peter O’Toole ရဲ့ ကောင်းမွန်လှတဲ့သရုပ်ဆောင်ချက်တွေရော၊ လှပတဲ့ရိုက်ချက်တွေရောကြောင့် အော်စကာဆု ၇ဆုထိရရှိခဲ့ပြီး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်တစ်ခုဖြစ်ခဲ့ပါတယ်

Ku-ng Fu (2021)
အက်ရှင် ဇာတ်လမ်းတွဲ ကောင်းကောင်းလေးတွေကို မျှော်လင့်နေတဲ့ ပရိသတ်တွေအတွက် 2021 က ထွက်ရှိထားတဲ့ Ku-ng Fu ဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နောက်ပြီး ဒီစီးရီးဟာ CW ကနေထုတ်လွှင့်လာတဲ့ စီးရီးတစ်ခုဖြစ်ပြီး တရုတ်ကားဆန်ဆန်ရိုက်ပြထားတာမျိုးမဟုတ်ဘဲ Mar-vel ရဲ့ Sha-ng-Chi လိုစီးရီးမျိုးပါ။
နစ်ကီရှန်ဟာ တရုတ်မိသားစုက သမီးမိန်းကလေးတစ်ယောက်ပါ ။ တရုတ်မိသားစုတို့ရဲ့ ထုံးစံအတိုင်း ငယ်ငယ်လေးကတည်းက နစ်ကီဟာ စာ၊ အနုပညာ၊ အားကစား ဘက်စုံမှာ ထူးချွန်အောင် သွန်သင်ခြင်းခံရပြီး၊ မိဘတွေ ချပေးတဲ့ ပုံစံခွက်ထဲမှာ နေရတဲ့ ကလေးမလေး တစ်ယောက် ဖြစ်ခဲ့တယ် ။ နစ်ကီဟာ သူ တွဲနေတဲ့ လူဖြူကောင်လေးနဲ့ပါ လမ်းခွဲခဲ့ရပြီး၊ မိဘစိတ်တိုင်းကျနေခဲ့ပေမယ့် မိဘတွေဟာ သူ့ကို ကြင်ဖက်တွေ့ပေးဖို့ပါ စီစဉ်လာတော့ နစ်ကီတစ်ယောက် ဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ထွက် ပြေးပြီး အမျိုးသမီးရှောင်လင်ကျောင်းတစ်ကျောင်းမှာ ရောက်ရှိ နေထိုင် ဖြစ်ကာ အဲဒီကျောင်းမှာပဲ သုံးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပါတယ် ။
တစ်ရက်မှာတော့ နစ်ကီရဲ့ ဆရာ ပေလင် အသတ်ခံရပြီး ကျောင်းရဲ့ အဖိုးတန် ဓါးကိုပါ ခိုးယူသွားခြင်းခံလိုက်ရတဲ့အခါမှာ နစ်ကီတစ်ယောက် လူသတ်သမား နောက်ကိုလိုက်ရင်း သူမ စွန့်လွှတ်ခဲ့တဲ့ မွေးရပ်မြေကို ပြန်ဖို့ ဖြစ်လာပါတယ် ။ သုံးနှစ်တိုင်တိုင် သူ မရောက်ဖြစ်ခဲ့တဲ့ မွေးရပ်မြေဟာ အရင်လို မဟုတ်ဘဲ ဒုစရိုက်မှုတွေ ကြီးစိုးနေတဲ့အခါမှာတော့ နစ်ကီတစ်ယောက် လူသတ်သမားကို လိုက်ရှာဖွေရင်းနဲ့ တစ်ဖက် ဒုစရိုက်မှုတွေကိုပါ တားဆီးရတော့မှာဖြစ်ပါတယ်။ ခပ်မိုက်မိုက် martial arts ကစားကွက်တွေ တရုတ်မိသားစုဓလေ့တွေကို ရှေးဟောင်းတရုတ်သမိုင်းကြောင်း လက်နက်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားတာ ဖြစ်လို့ ကြည့်ရတာတန်မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါကြောင်း အသိပေးပါရစေ။