Cloud Zoo : Reviews
2.23K subscribers
1 link
Download Telegram
Free-dom Wri-ters (2007)

IMDB - 7.6/10
Genre - Drama

ကယ်လီဖိုးနီးယားပြည်နယ် Long Beach မှာMrs. Gruwellတို့ ဇနီးမောင်နှံကပျော်ပျော်နေ‌ကြတဲ့ မောင်နှံ ၂ ဦးပါအဲ့ဒီမှာ Mrs Gruwell ကလူငယ်ထိန်းသိမ်းရေးကျောင်းက ကလေးတွေနဲ့အပြင်ကျောင်းသားတွေနဲ့ ပူးပေါင်းသင်ကြားရေးပရိုဂရမ်ကို အကောင်အထည်ဖော်နေတဲ့ဝီလ်ဆင် ကျောင်းကို ဆရာမ သွားလျှောက်ပါတယ်။ အဲ့ဒီ့မှာ ဖြစ်နေကျအတိုင်းပေါ့ဗျာ။ စီနီယာ ဆရာ/မတွေက အထင်သေးတာပေါ့။ ခုမှ ဆရာမ စလုပ်ရမယ့်သူ၊ ပုလဲဆွဲကြိုးတွေကဆွဲထားသေးတယ်။ ဒါပေမယ့် ပုံမှန်ပဲ ဆက်ဆံပါတယ်။ သူတို့က လူငယ်ပြု‌ပြင်ရေးကျောင်းက ကလေးတွေရှိနေတဲ့အတန်းကို အလေးမထားဘဲ လျစ်လျူရှုနေတာကိုအဲ့ဒီ့ကတည်းက စတွေ့ရမှာပါ။ ဒီကောင်တွေကပြသနာကောင်တွေ သူတို့ရောက်လာလို့ ငါတို့ကျောင်းအဆင့်ကျသွားတာ၊ သူတို့ ကျောင်းမလာလည်း နားအေးတာပဲဆိုတဲ့ဆရာမျိုးတွေပါ။ ဒါပေမယ့် Gruwellကတော့ဒီပူးပေါင်းသင်ကြားရေးပရိုဂရမ်ကြောင့်ပဲဝီလ်ဆင်ကျောင်းကို လျှောက်ခဲ့တာလို့ ပြောခဲ့ပါတယ်။ အဲ့ဒီ့မှာ ပြောတဲ့စကားလေးကို အရမ်းသဘောကျတယ်ဗျ” ကျမ က အရင်တုန်းက ရှေ့နေ‌တစ်ယောက်ဖြစ်ချင်တာ၊ ဥပ‌ဒေပညာကို စိတ်ဝင်စားတယ်၊ ကလေးသူငယ်တွေအတွက်ကျမ တိုးတက်အောင်လုပ်ပေးမယ်၊ ကာကွယ် ခုခံပေးမယ် လို့ကျမ တွေးခဲ့တာ။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ဘုရားရေကလေးတစ်ယောက်က တရားခွင်မှာ ရောက်နေမှ ကျမကကာကွယ်ပေးမယ်ဆိုရင် သူ့အတွက်ကို အခွင့်အရေးကဆုံးရှုံးနေပြီလေ။ ကျမ တကယ်ကာကွယ်ပေးချင်ရင်စာသင်ခန်းထဲကနေစပြီး သူတို့အတွက် ပြုပြင်ပြောင်းလဲပေးရမယ်”ဒါကြောင့် သူက ဝီလ်ဆင်ကို လာအလုပ်လျှောက်ခဲ့တာပါဒါပေမယ့် အတွေ့အကြုံမရှိသေးတဲ့အတွက်Gruwell ပထမဆုံးဦးဆုံးသင်ရတဲ့ စာသင်ချိန်မှာကလေးတွေဟာ ဘယ်လိုရိုင်းမှန်း ကိုင်တွယ်ရခက်မှန်း သိခဲ့ရပါတယ်ပထမဆုံးအချိန်မှာ ရန်ဖြစ်လို့ လုံခြုံရေးခေါ်ပြီး ဖြန်ဖြေရတဲ့အထိပါပဲဒီကလေးတွေက မူးယစ်ဆေးသုံးစွဲသူတွေနဲ့အဆက်အသွယ်ရှိလူဆိုးဂိုဏ်းဝင်ထားတဲ့သူတွေလည်းဖြစ်ငယ်ငယ်ကကြုံခဲ့ရတဲ့ မတရားမှုတွေကြောင့်ဖိနှပ်ခံရမှုတွေကြောင့်လူဖြူတွေကို အရမ်းမုန်းတီးနေကြပါတယ်ဒီအခန်းထဲကကလေးအများစုက လူမဲတွေဖြစ်ပြီးငယ်ငယ်က စိတ်ဒဏ်ရာပေါင်းများစွာနဲ့လူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းရောက်ခဲ့ရတဲ့သူတွေပါလူဖြူကောင်လေး တစ်ယောက်ပဲပါပြီး သူ့အတွက်လည်းကျီးလန့်စာစားသလို နေနေရတာမျိုးပါအဲ့ဒီ့လို အမုန်းတရားတွေနဲ့ ပြည့်နေတဲ့ဆိုးမိုက်လွန်းတဲ့ လူမဲ ကျောင်းသားလေးတွေကိုလူဖြူ ဆရာမ တစ်ယောက်က လိမ္မာရေးခြားရှိလာအောင်အမှန်အမှားခွဲခြားတတ်လာအောင်ဘယ်လိုများ သင်ကြားပေးနိုင်မလဲဆိုတာကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဒီလိုမျိုးတွေကမြန်မာပြည်မှာလည်းရှိပါတယ် တိုင်းရင်းသားဒေသဘက်တွေမှာဗမာတွေရဲ့ကြီးနိုင်ငယ်ညှင်းပြုမှုခံရတာတွေကြောင့်ဗမာဆိုရင်ကို မုန်းနေတာတွေရှိပါတယ် ကချင်ဒေသဘက်မှာဗမာဆရာဆိုရင်ကို လက်မခံတဲ့နေရာတွေမျိုးထိရှိပါတယ်တခြားတိုင်းရင်းသားဒေသဘက်တွေမှာလည်းရှိနေတုန်းပါပဲ သူတို့ကို အပြစ်ပြောလို့မရဘူးဗျတိုင်းရင်းသားဒေသတွေမှာ ဘယ်လိုနေထိုင်ရလဲသူတို့လူမျိုးတွေအ‌ပေါ် ဗမာတွေ ဘယ်လိုလူလည်ကျခဲ့လဲဆိုတာဖိနှိပ်ခံခဲ့ရသလဲဆို ခင်ဗျားတို့ မခံရဖူးတော့ ကိုယ်ချင်း မစာနိုင်ဘူးဒါကြောင့် သူတို့ကို အပြစ်တင်နေလို့မရပါဘူးပြီးတော့ ဘာသာစကားအခက်အခဲကြောင့်ကလည်းတော်တော်ပြဿနာတက်ပါတယ် ဒါကလူမျိုးရေးအနေနဲ့ပြသနာတက်တာမျိုးတွေပါနောက်တစ်ခု ဘာသာတရားနဲ့ ပြည်မဘက်က ဆရာ/မတွေဟာဘာသာရေးနဲ့ပတ်သက်ရင် တော်တော်လေးတယူသန်နေတာမျိုးရှိတယ်ဗျ စာသင်နေတဲ့အချိန်မှာဘာသာရေးကြောင်းတွေထည့်သင်ပြီး ဘာသာခြားကလေး‌ တွေကိုနှိပ်ကွပ်တာမျိုးတွေရှိပါတယ် လုံးဝမလုပ်သင့်တာတွေပါပဲကျနော်တို့ ဆရာ/မ တွေအနေနဲ့ အမြင်မတူ ယုံကြည်ချက်မတူလူမျိုးမတူတဲ့ ကလေးတွေကို ကျနော်တို့ကို ရန်သူလို့သတ်မျတ်နေတဲ့ ကလေးတွေကို ဘယ်လိုလုပ် အမှန်တရားကိုလက်ခံလာအောင် သင်ကြားပေးနိုင်မလဲ ဘယ်လိုမျိုးကြိုးစားပေးနိုင်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီလိုလုပ်ဖို့ သူ ကျောင်းစာကြည့်တိုက်ထဲကစာအုပ်တွေကလေးတွေကို ဖတ်ခိုင်းဖို့ကြိုးစားတဲ့အခါကျောင်းက ဘုတ်အဖွဲ့ဝင် ဆရာ/မတွေက လက်မခံပါဘူးငါတို့ငှားလိုက်ရင် စာအုပ်တွေ ပြန်မရတော့ဘဲနေမှာသူတို့က ဖျက်ဆီးပစ်မှာ မငှားနိုင်ဘူးလို့ ပြောပါတယ်ပြီးရင် ကလေးတွေပညာရေးအတွက် သူကတိုးတက်အောင်လုပ်ပေမယ့်လို့ သူတို့အပေါ် ကျောတယ်ဆိုပြီးဘုတ်အဖွဲ့က ဆရာ/မတွေကလည်း သူ့ကိုစကားမပြောနိုင်တဲ့အထိအောင် ဖြစ်သွားကြပါတယ်အဲ့ဒီ့လိုအခက်အခဲတွေကြားက ကလေးတွေကိုဘယ်လိုများသင်ကြားပေးနိုင်အုံးမှာလဲဗျာစဉ်းစားကြည့်ရင် စိတ်ကူးယဉ်ဆန်ဆန်ပါပဲ ဒါပေမယ့်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုပါGruwell နဲ့ ကျောင်းသားတွေက အခု ကယ်လီဖိုးနီးယားမှာဖောင်ဒေးရှင်းတစ်ခုထောင်ထားပြီး ပရဟိတ လုပ်ငန်းတွေလုပ်ဆောင်နေဆဲဖြစ်ပါတယ် ဒီဇာတ်ကားမှာလူမျိုးတုန်းသတ်ဖြတ်မှုတွေ နာဇီက ငရဲခန်း အော့ဝှဇ်အကျဉ်းထောင်အကြောင်းတွေကို ပြတဲ့အခါလွတ်မြောက်ရှင်သန်ခဲ့တဲ့ ဂျူးလူမျိုးတွေကသူတို့အကြောင်းတွေ ပြောပြတဲ့အခါ မျက်ရည်ကျရတဲ့အထိဖြစ်ရပါတယ်။ အဲ့ဒီ့လောက်ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်
Close-up (1990)

IMDB - 8.2/10
Genre - Crime, Drama

တကယ့်အဖြစ်အပျက်ကို အဲဒီတကယ့်အဖြစ်အပျက်ထဲက လူတွေနဲ့ ဒိုကူမန်ထရီ ရိုက်ထားသလိုဖြစ်နေတဲ့ ဒိုကူမန်ထရီမကျ ဖစ်ရှင်မကျ ဒိုကူဖစ်ရှင် ရုပ်ရှင်အမျိုးအစားပဲ။ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာအယောင်ဆောင်ပြီး မိသားစုတစ်ခုကို လိမ်လည်ခဲ့တဲ့ လူတစ်ယောက်ရဲ့ လုပ်ရပ်ကို ခြေရာကောက်တဲ့အကြောင်း ရိုက်ပြထားတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်ကို Abbas က စိတ်ဝင်စားစရာ ကောင်းအောင် Rashomon Effect သုံးပြီး တင်ပြသလို တင်ပြမှုမျိုးနဲ့ တင်ပြသွားခဲ့တယ်။ Abbas အတွက် ဒီကိစ္စက သိပ်တော့မဆန်းလှဘူး။ ကျွန်တော့်အမြင်အရတော့ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေဟာ ဒိုကူ မန်ထရီတွေသာ မဖြစ်နေမယ်။ ရုပ်ရှင်တစ်ခုကိုတင်ပြပုံထက် တကယ့်ဘဝကို တင်ပြပုံနဲ့ အမြဲတူနေလို့ပါ ပဲ။ တခြားအီရန်ဒါရိုက်တာတွေနဲ့ သူကွဲထွက်နေတဲ့ အဓိကအချက်ကလည်း ဒီအချက်လို့ပဲ မြင်တယ်။ ဒုက္ခကို ဇာတ်နာအောင် တင်ပြမှုများတတ်တဲ့ အီရန်ရုပ်ရှင်တွေထဲ Abbas ကတော့ ဒုက္ခကို တင်ပြပေမဲ့ ဇာတ်ကြောင်းပြောသူတစ်ယောက်အနေနဲ့မဟုတ်ဘဲ ဒီအဖြစ်ကို လိုက်ကြည့်နေတဲ့သူတစ်ယောက်အနေနဲ့ ပဲ တင်ပြနေကျပဲ။ ပြောရရင် Abbas ဟာ လောကဓံတွေကို တင်ပြပေမဲ့ ဘယ်တော့မှ အဆိုးသက်သက် နဲ့ အဆုံးမသတ်သွားဘူး။ဒါကိုကလည်း ကမ္ဘာကြီးဆန်နေတာပါပဲ။ ဒီကားကလည်း လိမ်လည်မှုတစ်ခု တရားခွင်တစ်ခုကို တင်ဆက်ထားပေမဲ့ အဆိုးအကောင်းတွေအတွက် ဇာတ်ကြောင်း ပြောသူဘက်က အကဲဖြတ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ထားတဲ့ ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်း ရုပ်ရှင်မဟုတ်တဲ့ ရုပ်ရှင်လို့ ပြောလို့ရတယ်။
The Pe-rks of Be-ing a Wall-flower (2012)

IMDB - 7.9/10
Genre - Romance, Drama

အထက်တန်း ပထမနှစ်ကျောင်းသား Charlie ကတော့ သူငယ်ချင်းမရှိပါဘူး၊ သူ့ကို အခြားသူတွေ မမြင်ရဘူးတောင်ထင်နေတဲ့ အရှုံးသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ စိတ်ရောဂါတစ်ခု ရှိပြီးတော့ အဲ့ဒါကြောင့်လည်း သူကိုယ်သူလည်းယုံကြည်မှုမရှိဘဲ ရုန်းကန်နေရတဲ့ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ ရည်းစားလည်းမထားဖူးသလို First Kiss လည်းမပေးဖူးသေးတဲ့ လူရိုးလည်းတစ်ယောက်ဖြစ်ပါတယ်။ နောက်တော့ ကျောင်းဘောလုံးပွဲတစ်ခုမှာ Patrick ဆိုတဲ့ သူငယ်ချင်းတစ်ယောက်စရလာပြီး Sam ဆိုတဲ့ ကောင်မလေးနဲ့ပါ ထပ်ခင်သွားကြပါတယ်။ Sam နှင့် Patrick က အဖေတူအမေကွဲ တွေဖြစ်ပါတယ်။ Charlie ကတော့ Sam ကို သဘောကျနေပြီး သူကိုယ်သူတောင် ယုံကြည်မှုမရှိတာမလို့ ဖွင့်ပြောဖို့ဆို တာ ဝေးလွန်းလှပါတယ်။ ဒါပေမယ့်လည်း Sam နှင့် Patrick တို့ကိုစတွေ့ပြီး သူငယ်ချင်းဖြစ်တဲ့နေ့ကတည်းက Charlie တစ် ယောက် စပျော်လာပါတယ်။ ဒီလိုနဲ့ Charlie လည်း ပုံမှန်လူတစ်ယောက်လိုပဲ ဖြစ်လာပြီး သူ့ရောဂါကလည်း သက်သာလာပါတယ်။ Charlie တစ်ယောက် Sam ကိုဖွင့်ပြောဖို့ကြောက်နေတုန်းမှာပဲ Sam အခြားတစ်ယောက်နဲ့တွဲသွားပါ တယ်။ Charlie ကတော့ လက်မလျော့ပဲ Sam ပျော်ဖို့အတွက် ကျောင်းစာလုပ်တာအစ ကူညီပေးပါတယ်။ Charlie ကလည်း Sam သူငယ်ချင်း Mary နဲ့တွဲလိုက်ပါတယ်။ Charlie က သဘောမကျပေမယ့် ငြင်းရမှာ အားနာလို့ တွဲလိုက်တာဖြစ်ပါတယ်။ ဒီလိုနဲ့ နီးရက်နဲ့ဝေးနေတဲ့ Charlie နှင့် Sam တို့ရဲ့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ Charlie တစ်ယောက် Sam ကို ဖွင့်ပြောရဲပေါ့မလား၊ Sam ကရော Charlie ရဲ့ အချစ်တွေကို လက်ခံပါ့မလား
Dan-ny Col-lins (2015)

IMDB - 7/10
Genre - Comedy, Musical

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Al Pa-cino ကြီးရဲ့ ၂ဝ၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်အချက် အချို့ပေါ်အခြေခံထားတဲ့ အသက်ကြီးကြီးရော့ခ်စတားတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါ။ Al Pa-cino အပြင် အခြားသောနာမည်ကြီးသရုပ်ဆောင်များစွာလည်း ပါပါတယ်

ဒန်နီကောလင်းလို့အမည်တွင်တဲ့ အသက်ကြီးကြီးရော့ခ်ကာစူပါစတားကြီးဟာ သူ့ရဲ့မွေးနေ့မှာ ချစ်သူ ငယ်ချင်းကြီးက မွေးနေ့လက်ဆောင်အဖြစ်ရှာလာပေးတဲ့ နှစ်၄၀ကြာသက်တမ်းရှိနေပြီဖြစ်တဲ့ စာတစ် စောင်ကိုရခဲ့ပါတယ် အဲဒီစာက John Lennon ကြီးက သူ့ဆီ သူတက်သစ်စအချိန်မှာ အကြံပေးစာ၊ အကူအညီကမ်းလှမ်းစာအနေနဲ့ ရေးခဲ့တာပါ။ ကံမကောင်းစွာနဲ့ သူဒီစာကို ရသင့်တဲ့အချိန်မှာ ချက်ချင်းမရခဲ့ဘဲ မသမာသူတစ်ဦးရဲ့လက်ချက်ကြောင့် နှစ်ပေါင်း ၄၀အကြာမှသာ လက်ခံရရှိခဲ့ပါတယ်။ သူ့ဘဝကို ပရိသတ်တွေစိတ်တိုင်းကျရင်ပြီးရော ဖြစ်သလိုနေနေတဲ့ ဒန်နီကောလင်းတစ်ယောက် ဒီ အသက်အရွယ်မှာ ဒီစာကိုမြင်မှ အသိတရားရပြီး လွဲမှားနေခဲ့တဲ့သူ့ဘဝကို ပြန်ပြင်ဆင်ဖို့ဆိုပြီး စိုင်းပြင် ပါတော့တယ်။ ခြေလှမ်းအစအနေနဲ့ သူလှမ်းဖို့ ပြင်ခဲ့တာက သူတစ်ခါမှမမြင်ဖူးတဲ့ သူ့ရဲ့တရားမဝင်သားဖြစ်သူဆီ သွား တွေ့ဖို့ပါ သွားတွေ့တဲ့အချိန်မှာတော့ သားဖြစ်သူက တစ်သက်လုံးနေလို့တစ်ခါတောင်မလာတဲ့သူ့ကို မ ကြိုဆိုနေခဲ့ပါဘူး။ အဖြစ်က ထင်ထားသလိုမလွယ်ကူတဲ့အခါမှာ ဒန်နီကောလင်းတစ်ယောက် သူ့သားနဲ့သင့်မြတ်အောင် ဘယ်လိုကြိုးစားမလဲ သူ့ဘဝကို သူဖြစ်ချင်ခဲ့တဲ့အတိုင်း ရှေ့ဆက်မလားဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုခံစားလိုက်ကြပါခင်ဗျာ
Pa-tch Ad-ams (1998)

IMDB - 6.8/10
Genre - Comedy, Drama

ဒီရုပ်ရှင်လေးကတော့ အပြင်လောကမှာ တကယ်ရှိတဲ့ လူထူးလူဆန်း ဆရာဝန်ကြီးတစ်ယောက်ရဲ့ အဖြစ် လေးပါ။ သူဟာ ဆရာဝန်၊ လူရွှင်တော၊ ပရဟိတာသမား၊ စာရေးသူ တစ်ဦးဖြစ်ပြီး Gesundheit! Institute ဆိုတဲ့ အခမဲ့ဆေးကုသရေး အဖွဲ့အစည်းကြီးကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ နှစ်စဉ် နှစ်တိုင်းမှာ သူနဲ့ ပရဟိတသမားတွေဟာ ကမ္ဘာအနှံ့က ဆေးရုံတွေ မိဘမဲ့ကျောင်းတွေကို လူရွှင်တော် ပုံစံ ဝတ်ဆင်ပြီး ဖျော်ဖြေတတ်ကြပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူ့ရဲ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး အနည်းငယ် ပြောင်းလဲမှုတွေနဲ့ ရိုက်ကူး ထားခဲ့တာပဲဖြစ်ပါတယ်။ ဟန်တာအဒမ်စ်ဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ချင်စိတ်ဖြစ်နေတဲ့ အတွက် စိတ်ရောဂါကုဆေးရုံတစ်ခုမှာ ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ တက်ရောက်နေစဉ်အတွင်း စိတ်ရောဂါကုဆရာဝန်တွေရဲ့ လူနာတွေကို တကယ်နားလည်မပေးတာတွေ၊ သူကိုယ်တိုင်လည်း လူနာ တွေကို ကူညီရင်းနဲ့ သတ်သေချင်စိတ်တွေ ပျောက်လာတာတွေကို ခံစားမိလာပါတယ်။ ဒါကြောင့် နောက်ဆုံးမှ ဆေးရုံကနေ ဆင်းလာပြီး ဆရာဝန်ဖြစ်လာဖို့ ဆေးကျောင်းတက်ပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဆရာဝန်တွေရဲ့ အမှောင်ခေတ်တစ်ခုကို ထည့်သွင်းရိုက်ကူးထားတာ တွေ့ရမှာပါ။ ဆရာဝန်ဆိုတာ လူနာတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ စွမ်းအားရှင်တွေ အဖြစ် မြင်နေကြပုံတွေ၊ သူနာပြုတွေကို အထင်အမြင်သေးကြတာကြောင့် အထက်အောက်မပြေလည်တာတွေ၊ လူနာတွေအပေါ် ရောဂါကုသဖို့ကလွဲပြီး ကျန်တာတွေ ဂရုမစိုက်ကြသေးတဲ့ ခေတ်တစ်ခုလိုမျိုး ပုံဖော်ပြထားပါတယ်။ အ ဒမ်စ်ကတော့ ဆရာဝန်ဆိုတာ လူနာရဲ့ရောဂါကိုသာမက ဘဝတစ်ခုလုံးကောင်းမွန်အဆင်ပြေဖို့ပါ ထည့်သွင်းကြိုးစားပေးရမယ်ဆိုတဲ့ အတွေးကို ဆုပ်ကိုင်ထားမိတဲ့ လူထူးဆန်းတစ်ယောက်လို ဖြစ်နေပါ တယ်။ လူနာရောဂါတွေအကြောင်းမပြောခင် နာမည်လေးတော့ အရင်မေးလိုက်မယ်၊ ကုစရာဆေးမရှိတော့ ရင်တောင် စိတ်ချမ်းသာအောင်လုပ်ပေးလိုက်မယ်ဆိုတဲ့ ဆရာဝန်မျိုးကို ပုံဖော်ထားတာပါ။ ပြီးတော့ ဆေးအာမခံမရှိလို့ မကုသနိုင်တဲ့ လူနာတွေအတွက် အခမဲ့ဆေးကုဆောင်ဖွင့်ဖို့ ကြိုးစားတဲ့အကြောင်း တွေ ပါပါတယ်။ အဆိုပါခေတ်ရဲ့ ဆရာတွေ ကျောင်းနေဖက်တွေနဲ့ ယုံကြည်မှုတွေ အရမ်းကွဲပြားလာတဲ့ အခါမှာ နောက်ဆုံးတော့ ကျောင်းအုပ်ကြီးဟာ အဒမ်စ်ကို ကျောင်းထုတ်ဖို့ ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားရဲ့ အဓိကနေရာကတော့ အဒမ်စ်နဲ့ ဆေးကောင်စီ ဘုတ်အဖွဲ့တွေရဲ့ အမေးအဖြေတွေလို့ပဲ ပြောရမယ်ထင်ပါတယ်။ ဘာပဲပြောပြော ကြည့်သင့်တဲ့ ကားဟောင်းကားကောင်းလေးတစ်ခုမို့ တင်ပေးထားလိုက်ပါတယ်ဗျာ။
The Od-d Li-fe of Tim-othy Gre-en (2012)

တစ်ချို့လူတွေက … ကျွန်တော်တို့ရဲ့ ဘဝတွေထဲကို တိုက်တိုက်ဆိုင်ဆိုင် ဝင်ရောက်လာခဲ့ကြပြီး ကောင်းမွန်တဲ့ အမှတ်တရတွေနဲ့ မတူညီတဲ့ ရှုထောင့်တွေကနေ မြင်ကြည့်တတ်အောင် သင်ပေးခဲ့တယ်။ အဲဒီလိုလူတွေက အမြဲအမှတ်ရနေပေးဖို့ ထိုက်တန်ပါတယ်

အခန်းထဲမှာ ငိုကြွေးနေသည့် ဇနီးဖြစ်သူ Cynthia ရဲ့ အသံကိုနားစွင့်ရင်း James တစ်ယောက် သက် ပြင်းမောတွေ ချမိနေသည်။ သူတို့နှစ်ဦးရဲ့ ဘဝထဲမှာ ကလေးလေးရဖို့ မဖြစ်နိုင်ခဲ့တော့ဘူးတဲ့ … နေ့လည်က ဆရာဝန် ပြောခဲ့သည့် စကားသံတွေကို ပြန်လည်ကြားယောင်နေမိ၏။ ဝမ်းနည်းကြတာချင်းအတူတူ မိန်းမသားဖြစ်သည့် ဇနီးသည်က ပို၍ဝမ်းနည်းမှာကို သူသိနေခဲ့ရသည်။ Cynthia အပြင်ထွက်လာတော့ ဧည့်ခန်းထဲမှာ အတူထိုင်ရင်း ဇနီးဖြစ်သူ စိတ်အပြောင်းအလဲဖြစ်အောင် James တစ်ယောက် စာရွက်အပိုင်းအစလေးပေါ်မှာ ချရေးလိုက်သည်။နောက်ဆုံးအကြိမ်အဖြစ် သူ့တို့နှစ်ဦး ဖြစ်စေချင်ခဲ့ကြတဲ့ ကလေးလေးရဲ့ ပုံပန်းသွင်ပြင်နဲ့ ကိုယ်ရည် ကိုယ်သွေးတွေကို ချရေးပြီး မနက်ဖြန်မှာ စိတ်သစ်ကိုယ်သစ်နဲ့ စတင်ကြမည်။ ဇနီးမောင်နှံနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ကလေးလေးကို စိတ်ကူးပုံဖော်ပြီးနောက်မှာတော့ စာရွက် အပိုင်းအစလေးတွေ အားလုံးကို ဘူးထဲမှာထည့်ပြီး ခြံထဲက ဂေါ်ဖီထုပ်ပင်တွေကြားထဲမှာ အတူမြေမြှပ်လိုက်ကြသည်။

နှုတ်ဆက်ပါတယ် … ဖေဖေတို့ရဲ့ ဘဝထဲကို ဘယ်တော့မှ ရောက်မလာတော့မယ့် ကလေးလေးရေ ..

ဂျိမ်း

မိုးခြိမ်းသံကြောင့် James တစ်ယောက် အိပ်ယာကထပြီး အောက်ကိုဆင်းလာခဲ့သည်။ ဟနေသည့် အိမ်တံခါးကို ပြန်ပိတ်လိုက်ပြီး ရေခဲသေတ္တာဖွင့်ကာ ရေသောက်နေတုန်း အရိပ်ကလေးတရိပ် ဘေးကနေ ဖြတ်ပြေးသွားခဲ့တာကို James တစ်ယောက် သတိမထားလိုက်မိ။ သူ နောက်ထပ်သတိမထားခဲ့မိတာ တစ်ခုကတော့ သည်းကြီးမဲကြီး ရွာနေခဲ့တဲ့ ထိုမိုးဟာ သူတို့ရဲ့ အိမ် ဝန်းကလေးပေါ်ကိုပဲ ကွက်ပြီး ရွာနေခဲ့တာ ဆိုတာပါပဲ။ အိပ်ယာထဲဝင်ပြီး စောင်ခေါင်းမြီးခြုံအိပ်နေသည့် ဇနီးဖြစ်သူကို ဖက်လိုက်စဉ် အခန်းတံခါးကနေ Cynthia က ဝင်လာခဲ့၏။ ချက်ချင်း စောင်ကိုလှပ်ကြည့်လိုက်တော့ အရိပ်ကလေးက သူ့ဘေးကနေ လှစ်ခနဲ ထပြေးသွားခဲ့ကာ အိပ် ယာပေါ်မှာ မြေကြီးတွေသာ ပေကျံနေခဲ့လေသည်။ဇနီးမောင်နှံနှစ်ယောက် တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာကြည့်ရင်း အိမ်ထဲမှာ တစ်ကိုယ်လုံး မြေကြီး တွေနဲ့ ညစ်ပေနေခဲ့သည့် ကလေးလေးတစ်ယောက်ကို တွေ့လိုက်ကြရ၏။

"ဟိုင်း … သားနာမည် Timothy ပါ" တဲ့

ဘယ်ကမှန်းမသိ ရောက်လာခဲ့တဲ့ Timothy လေးကို ဇနီးဖြစ်သူက ရေမျိူးသန့်စင်ပေးနေလေသည်။ James တစ်ယောက် ရဲစခန်းကို ဖုန်းဆက်ရင်း အပြင်ဘက်ကိုကြည့်မိတော့ ဂေါ်ဖီပင်တွေကြားက ခုနကမြေမြှပ်ခဲ့သည့် နေရာမှာ ထူးဆန်းစွာ မြေကြီးတွေ ပုံပျက်နေတာကို တွေ့လိုက်ရ၏။ တစ်ဖက်မှာလည်း Tomothy လေးကို သန့်ရှင်းရေးလုပ်ပေးနေတဲ့ Cynthia တစ်ယောက် ကလေးလေး ရဲ့ ခြေထောက်နှစ်ဖက်မှာ ကပ်ပေါက်နေခဲ့တဲ့ ထူးဆန်းတဲ့ သစ်ရွက်လေးတွေကို မြင်လိုက်ရတဲ့အခါမှာ တော့ Timothy လေးဟာ James နဲ့ Cynthia Green တို့အတွက် သဘာဝတရားကြီးက ဖန်တီးပေးခဲ့တဲ့ ရင်သွေးလေးပဲလား ?
Cri-sis Nego-tiators (2024)

IMDB - 6.7/10
Genre - Crime

ဒီဇာတ်လမ်းကတော့အမှုတစ်ခုဖြစ်တိုင်း ပြစ်မှုကျူးလွန်သူတွေလက်နက်မချ အညံ့မခံတဲ့အခါမျိုးမှာတစ်ဖက်နဲ့
တစ်ဖက်ပြန်မတိုက်ခင်ရဲနဲ့ အပြစ်သားကြားမှာ ညှိနှိုင်းဆွေးနွေးမှုလုပ်ရတာပေါ့။ဒီလိုမှမရတဲ့အဆုံးမှာ လက်နက်သုံးတိုက်ခိုက်တဲ့အထိဖြစ်လာကြတာရဲဌာနရဲ့လုပ်ငန်းစဉ်ပါပဲ။ ဒီဇာတ်လမ်းထဲမှာ ကျောဝန်ဝေ၊ရှဲ့ကျားကျွင့်၊ကျန်းရုံကျာတို့က အကျွမ်းကျင်ဆုံးညှိနှိုင်းသူတွေဖြစ်ပြီး ရှဲ့ကျားကျွင့်ကလက်နက်မသုံးသွားပဲ တဖက်အပြစ်သားကိုလက်နက်အညံ့ခံလာအောင်လုပ်နိုင်တဲ့အထိ ညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိသူ။ ကျောဝန်ဝေကနည်းနည်းစိတ်ဆတ်သူဖြစ်ပြီး တည့်တိုးညှိနှိုင်းသည့်အဆုံးမရရင် လက်နက်သုံးတိုက်ခိုက်တဲ့အရည်အချင်းရှိသူ။ ဒီလိုနဲ့တစ်နေ့မှာရှဲ့ကျားကျွင့်အလုပ်ထွက်သွားပြီး လုပ်အားပေးအနေနဲ့လုပ်နေကာသုံးနှစ်ကြာပျောက်သွားခဲ့တယ်။ ဒီသုံးနှစ်အတွင်းကျောဝန်ဝေနဲ့ကျန်းရုံကျာတို့ အတူတူအလုပ်ဆက်လုပ်ကြရင်းတစ်ဖက်မှာ ရဲဌာနလူမှုဖူလုံရေးရန်ပုံငွေအလွဲသုံးစားမှုကိစ္စကို စုံစမ်းနေတယ်။ ဒီလိုနဲ့ကျောဝန်ဝေမွေးနေ့မှာ ကျန်းရုံကျာကသဲလွန်စရသွားပြီး နောက်တစ်နေ့ကျောဝန်ဝေကို ရန်ပုံငွေအလွဲသုံးစားလုပ်သူ မည်သူဖြစ်ကြောင်းပြောဖို့ချိန်းထားပေမဲ့ တဖက်ကတစ်လှမ်းရှေ့ရောက်ပြီး ကျန်းရုံကျာကိုသတ်သွားခဲ့တယ်။ဒီလိုနဲ့ ကျောဝန်ဝေကိုစွပညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိသူ။ ဘယ်လိုတွေဖြစ်လာမလဲ။ ဒီလိုအမှန်တရားကိုမြတ်နိုးပြီး အမြဲတမ်းတည့်တိုးပြောတတ်တဲ့ ကျောဝန်ဝေတစ်ယောက် ဘယ်လိုဒီအမှုကိုဖော်ထုတ်မလဲ
Para-dise Now (2005)

IMDb - 7.5/10
Genre -Crime, Thriller

“တန်းတူ ရှင်သန်ခွင့်မရှိဘူးဆိုရင် အနည်းဆုံးတော့ တန်းတူ သေရမယ်” တဲ့။
ဟုတ်ပါတယ်။ အသေခံဗုံးဖောက်ခွဲဖို့ ကြံရွယ်နေသူတစ်ဦးရဲ့ စကားပါ။ ဘာလို့ ဒါကိုပြောလဲဆိုတော့ Para-dise Now ဟာ အသေခံဖောက်ခွဲရေးသမား ၂ယောက်ရဲ့ အမြင်ကတစ်ဆင့် ကြည့်ရှုရမယ့် ရုပ်ရှင်မို့လို့ပဲဖြစ်ပါတယ်။

အစ္စရေး-ပါလက်စတိုင်းအရေးကိုတော့ တော်တော်များများသိကြမှာပါ။ ၂၀ရာစုလယ်လောက်ကတည်းက စခဲ့ပြီး ဒီနေ့ထိတိုင် အဖြေမတွေ့ မပြီးနိုင်သေးတဲ့ ပဋိပက္ခတစ်ခုဖြစ်ပြီး နိုင်ငံကြီးတွေ ကြားဝင်ညှိနှိုင်းပေးတာတောင် မအောင်မြင်သေးတဲ့ အရေးကိစ္စပါ။ ပါလက်စတိုင်းတွေဟာလည်း အနောက်ဘက်ကမ်းဒေသမှာ ကပ်နေရုံထက်ပိုပြီး နိုင်ငံအဖြစ်အသိအမှတ်ပြုခံရတာမျိုး မရှိသေးပါဘူး။ ဒီကားထဲမှာတော့ ပါလက်စတိုင်းတွေက အစ္စရေးတွေကို ‘အခြေချနေထိုင်သူတွေ’လို့ သုံးနှုန်းလေ့ရှိပါတယ်။
Paradise Now ဟာ တဲလ်အာဗစ်လို့ခေါ်တဲ့ အစ္စရေးရဲ့ လူထူထပ်တဲ့မြို့တစ်မြို့မှာ အသေခံဗုံးခွဲဖို့ အစည်းရုံးခံခဲ့ရတဲ့ ငယ်သူငယ်ချင်း၂ယောက်ရဲ့ ၂ရက်တာအကြောင်းပါ။ တစ်သက်လုံး အဖိနှိပ်ခံအဖြစ်နေခဲ့ရပြီး သူတို့ရဲ့မြေမှာ သူတို့ကိုယ်တိုင်ဟာ အကျဉ်းခံတွေလို ခံစားနေရတဲ့အပေါ် သူတို့ရဲ့ တုံ့ပြန်ချက်ကတော့ အညွှန်းထဲတောင် ဝှက်ထားဖို့မလိုပါဘူး။ ဒီကားထဲမှာ အဓိကကြည့်ရမှာက ဇာတ်လမ်းကိုထက် သူတို့ရဲ့ အမြင်၊ သူတို့ရဲ့ ခံယူချက်၊ သူတို့ရဲ့ ခံစားမှုတွေနဲ့ သူတို့ရဲ့ နောက်ဆုံးနေ့မှာ အတူရှိပေးကြတဲ့ သူတွေကိုပါ။ တကယ်တော့ အသေခံဖောက်ခွဲရေးသမားဆိုတာ လူသတ်သမားတွေပါပဲ။ ဒီလို အထိမခံတဲ့ကိစ္စကို ဒါရိုက်တာက သိမ်သိမ်မွေ့မွေ့ပဲ ပြသွားပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခကို တခြားရှုထောင့်တစ်ခုကနေ မြင်ရတဲ့သဘောလည်း သက်ရောက်ပါတယ်။
Bef-ore Sun-rise (1995)

IMDB - 8.5/10
Genre - Romance, Drama

Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို့နှစ်ဦးရဲ့ အငြင်းအခုန်ပွဲဟာ ရထားတွဲ အတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို့လည်း စာအုပ်တစ်အုပ် ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ် နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ် ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ့ စကားတွေများနေကြတာလဲ ဆိုပြီး

အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး ပြိုသိပ်ထားခဲ့ရတဲ့ ခံစားချက် တွေ၊ နားလည်ခြင်းတွေကို ထုတ်ဖော်ပြီး ရန်ဖြစ်နေကြတယ်။ အကယ်၍ အခြေအနေတစ်ခု တိမ်းစောင်းသွားပါက သူတို့နှစ်ယောက်ရဲ ့အိမ်ထောင်ရေးဟာ ပျက်စီးသွားကြတော့မယ်။ ဒါပေမဲ့ သူတို့မေ့နေတာက လွန်ခဲ့တဲ့ 18 နှစ်ကျော်က ရထားတစ်စင်းပေါ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်တာကို အကြောင်းပြုပြီး သူတို့နှစ်ယောက် စ တွေ့ခဲ့ကြတယ်ဆိုတာကိုပဲ။

ကျွန်တော်တို့တွေ အမြဲပြောလေ့ရှိတဲ့ ဝေါဟာရလေးတစ်ခုရှိတယ်။ ရေစက်တဲ့။ လူသားနှစ်ဦးဟာ ရေစက်ရှိလို့ ကံကြမ္မာက တမင်ဖန်တီးပေးတာလား၊ ဒါမှမဟုတ် ထိုရေစက်ဆိုတဲ့အရာကို မဖြစ် ဖြစ်အောင် ကျွန်တော်တို လူသားတွေကပဲ ကံကြမ္မာကို လှည့်စားခဲ့ကြတာလား။
Ram-aiya Vasta-vaiya (2013)

အေးချမ်းလှတဲ့ ရွာလေးမှာ ရာဂူးဗိနဲ့ ဆိုနာဆိုတဲ့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ ရိုးရိုးသားသား နဲ့ လယ်ယာမြေမှာ လယ်သမား တောသူတောင်သားဘဝနဲ့ ဘဝကို မောင်နှမနှစ်ယောက် အေးချမ်းစွာ ဖြတ်သန်း နေထိုင်လာရင်းနဲ့ပေါ့...တစ်နေ့ ညီမလုပ်သူရဲ့ သူငယ်ချင်း မင်္ဂလာဆောင်မှာ ညီမလုပ်သူကို မရမက မင်္ဂလာပွဲတက်ဖို့ ဖိတ်တာကြောင့် အကိုလုပ်သူမှာ ညီမငယ်ကို စိတ်မချလက်မချ ထည့်လိုက်ရတာပေါ့...အဲဒီတုန်းက သူ ထည့်ပေးလိုက်တာ ခဏ.. လို့ သူထင်ခဲ့ပေမယ့် ညီမငယ်ရဲ့ နှလုံးသားကို ခွဲဝေပေးရမယ့်သူနဲ့ တွေ့ခဲ့မယ်ဆိုတာ ...သူလည်း မသိနိုင်ခဲ့ဘူးလေ...မင်္ဂလာပွဲမှာ သူငယ်ချင်းရဲ့ အမျိုးတော်စပ်သူ ကိုလူချောရွှေမင်းသားလေး ရမ် ဟာ ချောမောလှပပြီး ရိုးသားအေးဆေးတဲ့ လယ်တောသူမလေး ဆိုနာကို အရူးအမူး စွဲလမ်းပါရောလား....ဂုဏ်တွေငွေကြေးတွေမြင့်တဲ့ ရွှေမင်းသားရဲ့မိဘတွေကတော့ လုံးဝ သဘောမတူပါဘူး...အဆင့်အတန်းမတူတဲ့ ရိုးသားဖြူစင်လှတဲ့ တောင်သူလယ်သမား မောင်နှမနှစ်ယောက် ကို အရှက်လှလှ ခွဲခဲ့ပြီး မောင်နှမနှစ်ယောက် နာကြည်းစွာနဲ့ ပြန်လာခဲ့ပါတယ်...အချစ်စစ်ကို လက်မလွှတ်နိုင်တဲ့ ရမ့် မှာတော့သူချစ်တဲ့ မိဘတွေကော..စည်းစိမ်ဥစ္စာတွေပါ စွန့်လွှတ်ထားခဲ့ပြီး သူချစ်မြတ်နိုးတဲ့ လယ်သူမိန်းကလေးဆီ အပြေးလာခဲ့ပါတော့တယ်...အရှက်ကောင်းကောင်းခွဲခံလိုက်ရတဲ့ အကိုတစ်ယောက်ရဲ့ ဒေါသကြောင့် ချစ်သူနှစ်ဦး ဒုက္ခအခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ဖြတ်ကျော်ခဲ့လဲ
The Se-ed of the Sac-red Fig (2024)

IMDB - 7.7/10
Genre - Crime, Drama

ဘာသာရေးကိုင်းရှိုင်းပြီးရိုးသားတဲ့ရှေ့နေတစ်ယောက်ဖြစ်တဲ့ အီမန်ဟာ ဇနီးဖြစ်သူ နက်ဂျ်မား၊ သမီးနှစ်ဦးတို့နဲ့အတူနေထိုင်ပါတယ်။ လတ်တလောမှာတော့ အီမန်ကို တီဟရန်ကအထူးတရားရုံးမှာ စုံစမ်းစစ်ဆေးရေးတရားသူကြီးအဖြစ်ရာထူးတိုးမြှင့်ခံထားရတဲ့အတွက် လစာပိုကောင်းလာမှာဖြစ်သလို သူတို့မိသားစုအတွက် တိုက်ခန်းကျယ်တစ်ခုလည်းရမှာဖြစ်တဲ့အတွက် တစ်မိသားစုလုံးဝမ်းသာပျော်ရွှင်နေကြတဲ့အချိန်ပါ။ အဲ့ဒီအချိန်မှာပဲ မာဆာအာမီနီ ဆိုတဲ့ ၂၂ နှစ်အရွယ်အီရန် ကာ့ဒ်အနွယ်ဖွားမိန်းကလေးတစ်ယောက်ဟာ ဟီဂျပ်ဘ်ကောင်းကောင်းမခြုံလို့ဆိုတဲ့အမှုနဲ့ ဘာသာရေးရဲတွေက ဖမ်းဆီးစစ်ဆေးနေစဉ်မှာသေဆုံးသွားတဲ့ဖြစ်စဉ် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကတစ်ဆင့် နိုင်ငံအနှံ့ဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့ပြီး အီမန်ရဲ့သမီးကြီးဖြစ်သူ ရေ့ဇ်ဗန်းရဲ့ သူငယ်ချင်းတစ်ဦးလည်းဖမ်းဆီးခံလိုက်ရပါတယ်။ ဒီဖြစ်စဉ်တွေအပေါ် အီမန်နဲ့နက်ဂျ်မားကအုပ်ချုပ်သူတွေ၊ စည်းမျဉ်းစည်းကမ်းတွေကသာ အမှန်လို့ယူဆပြီး သမီးနှစ်ဦးကတော့ သူတို့နဲ့ဆန့်ကျင်ဘက်အမြင်ဖြစ်ပြီးသဘောထားကွဲလွဲခဲ့ကြပါတယ်။ ဒါတွေဟာ တည်ငြိမ်အေးချမ်းတဲ့ သူတို့မိသားစုင်္အတွက် ရင်ဆိုင်ရမယ့် မုန်တိုင်းရဲ့အစပဲရှိပါသေးတယ်။
ဒီကားဟာ ရုပ်ရှင်ပွဲတော်တွေမှာအောင်ပွဲခံနေကျ အီရန်ကားတွေရဲ့ဖန်တီးရှင် Mohammad Rasoulof ရဲ့လက်ရာဖြစ်ပြီး သူ့အတွက်နောက်ထပ်ဂန္ဓဝင်ကားကောင်းတစ်ခုဖြစ်လာမှာပါ။ ၂၀၂၄ အော်စကာဆုအတွက်လည်း German entry အဖြစ်ရွေးချယ်ခံထားရပါတယ်
A Ta-il of Lo-ve (2022)


IMDB - 6.7/10
Genre - Romance, Drama

ဘယ်လာ နဲ့ သူ့ရဲ့အဖွား လီလီ တိုဟာ ခွေးလေးတွေအတွက် တိရစ္ဆာန်ဂေဟာလေးတစ်ခုဖွင့်ထားပါတယ်။ သူတိုဟာခွေးလေးတွေကို စစ်ဘက်ဆိုင်ရာကနေနဲ့ ရဲဘက်ဆိုင်ရာကနေ အနာယူလာတဲ့ ခွေးလေးတွေ အပါအဝင် ခွေးလေးတွေ ကို အများအပြား လက်ခံထားပါတယ် ။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှတော့ သူတိုရဲ့ အဓိက စပွန်ဆာပေးနေတဲ့ Stockard’s Pet Foods ဆိုတဲ့ ကုမ္ပဏီ က ရုတ်တရက်ကြီး စပွန်ဆာ မပေးတော့ပါဘူးဆိုပြီး စာရောက်လာပါတော့တယ် ။ဘာလိုလဲဆိုတော့ သူတိုက ကုမ္ပဏီ ကို အပြီးပိုင်ရောင်းချ လိုက်ပြီး ကုမ္ပဏီပိုင်ရှင်အသစ် က ဒီလိုထောက်ပံ့နေတာဟာ သူတို ရဲ့ အကျိုးစီးပွားကိုထိခိုက်ပါတယ်လို တိုင်ကြားချက်ရောက်လာပါတော့တယ် ။ ဒီလို ဂေဟာလေးကို ပိတ်ပစ်ရတော့မဲ့ အခြေနေမျိုးမှာ ဘယ်လာနဲ့ သူ့အဖွားတိုဟာ သူတိုအမှန်တကယ် ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းတွေကို ပြင်ဆင်ပြီး သက်သေပြဖို လုပ်ရပါတော့တယ် ။ ပြီးတော့ ဘယ်လာကလည်း Stockard အိမ်ခြံမြေရောင်းဝယ်ရေးကုမ္ပဏီ ပိုင်ရှင်ရဲ့ သားJR ဆီကို အကူညီသွားတောင်းပါတယ် ။ဒါနဲ့ JR ကလည်း ကူညီဖို သဘောတူလိုက်ပြီး ဂေဟာကို လာရောက်ရင်း Indie ဆိုတဲ့ စစ်ဘက်ဆိုင်ရာကနေ အနာယူထားတဲ့ ခွေးကလေးနဲ့ ဆုံတွေ့ခဲ့ရပါတယ် ။ ဒီလိုနဲ့ Indie လေးကြောင့် မင်းသားနဲ့ မင်းသမီးကြားမှာ အချစ်နှောင်ကြိုးလေးတွေ ဖြစ်ပေါ်လာပါတယ်။ ဒါ‌ပေမဲ့ JR ဟာ ရုတ်တရက်ကြီး အီရက်နိုင်ငံဘက်ကို အပြီးပိုင် ထွက်သွားဖို ဖြစ်လာရင်း သူတိုနှစ်ဦးကြားမှာ ဘာတွေ ဆက်ဖြစ်ကြမလဲ…ခွေးကလေးကရော ဘာတွေ ဖြစ်ဦးမလဲ
Let-ter Fr-om Iwo Ji-ma (2006)

IMDB - 7.8/10
Genre - War, Drama

အိုင်ဝိုဂျီးမားကျွန်းမှပေးစာများ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဂျပန်စစ်သည်တွေရဲ့စစ်ရံှုးခါနီးခံစားချက် အိမ်လွမ်းတဲ့ခံစားချက်တွေကိုဖော်ညွှန်းထားတဲ့ ဂရုဏာရသကိုအဓိက ဦးစားပေးရိုက်ကူးထားတဲ့ဇာတ်လမ်းတခုပဲ ဖြစ်ပါတယ်။စစ်သည်လို့ဆိုတဲ့နေရာမှာ သူတို့ကိုဦးစီးတဲ့ဗိုလ်ချုပ်အပါအဝင်ပေါ့….သူတို့ခံစစ်ဆင်မယ့် ကျွန်းပေါ်က ကလေးတယောက်ကစားနေတာကိုမြင်ပြီး အိမ်က ကလေးကိုသတိရသွားတဲ့ဗိုလ်ချုပ်…ဒီအချိန်လေးမှာပဲကိုယ်ချင်းစာစိတ်တခါပေါ်လာပြီးအပြစ်မဲ့ပြည်သူတွေကို တတ်နိုင်သလောက် ဘေးကင်းရာကိုရွှေ့ခိုင်းခဲ့တယ်။ ဗိုလ်ချုပ်ရဲ့ လုပ်ရပ်ဟာ ပင်ပန်းနေတဲ့သူ့စစ်သည်တွေကိုနားလည်သလို တဖက်ကိုလည်းကိုယ်ချင်းစာစိတ်တခုကိုပေါ်လွင်အောင်ပြသွားတဲ့မျက်နှာပေးတွေကလဲဂျပန်တွေရဲ့အနုပညာဖန်တီးမှုတခုပါ….ခေါင်းဆောင်ကောင်းတယောက်က ကြာပွတ်ကိုမသုံးဘူးဦးနှောက်ကိုသုံးတယ်ဆိုတဲ့ ဆုံးမစကားကလဲမှတ်သားစရာပါ…. အဆမတန်များပြားတဲ့ ရန်သူတွေလာမယ်ဆိုတာသိသိကြီးနဲ့ခံစစ်ပြင်ဆင်နေတဲ့ဂျပန်စစ်သားတွေရဲ့ အင်ပါယာစစ်သားဆိုတဲ့ဂုဏ်ကို တန်ဖိုးထားတတ်ပုံအချင်းချင်းရိုင်းပင်းကုူညီပုံ မိသားစုဆီပြန်သွားရမယ်ဆိုတဲ့အသိစိတ်တွေက ဒီကျွန်းက ရောဂါဘယတွေ ရေမကောင်းတာတွေ
ရိက္ခာအပြည့်အဝမရတဲ့ ဒဏ်တွေကိုကျော်လွှားနိုင်စေပါတယ်။ သူတို့အားလုံးအိမ်ကိုပြန်လာနိုင်ကြရဲ့လား….? ရှင်တိုဝါဒဟာလဲ သူတို့နိုင်ငံအတွက်ဂုဏ်ယူစေတဲ့အချက်တခုဖြစ်တယ်ဆိုတာ ဇာတ်ကားရဲ့မဖော်ပြထားတဲ့အပိုင်းမှာလေ့လာခဲ့ရပါတယ်…ဒါကဇာတ်လမ်းထဲကပေးတဲ့ မက်ဆေ့တချို့။ ဒီဇာတ်လမ်းနောက်မှာ ရှိတဲ့ ခိုင်မာတဲ့သမိုင်းကြောင်းတွေကတော့…..ပထမတခုကဂျပန်တွေဟာ ဗုဒ္ဓဘာသာ ခရစ်ယာန် ဇင်ကျင့်စဉ်နဲ့ဝိဉာဉ်ကိုးကွယ်မှုတွေကိုယုံကြည်လေ့ရှိတယ် ရှင်တိုဝါဒဟာလဲ ဒုတိယကမ္ဘာစစ်တွင်းက ဂျပန်တပ်မတော်မှာလေ့ကျင့်ပေးခဲ့တဲ့ကျင့်စဉ်တခုပဲဖြစ်ပါတယ်..ရဲဘော်သုံးကျိပ်ဝင်တွေ ဂျပန်ပြည်မှာစစ်ပညာလေ့လာစဉ်ကလဲရှင်တိုကျင့်စဉ်ကိုလေ့ကျင့်ပေးတယ်လို့ ၁၉၉၀ ဝန်းကျင်ထုတ်ဂျာနယ်တခုမှာ လေ့လာခဲ့ဖူးပါတယ်။ ဘုရားသခင်ရဲ့ကျင့်စဉ်လို့အမည်ပေးထားတဲ့ဒီကျင့်စဉ်ကိုနိုင်ငံတော်ဝါဒအဖြစ်ကျင့်သုံးခဲ့တဲ့ဝါဒလဲဖြစ်တယ်အရင်ဆုံးသွေးပူလုပ်ရတယ်၊စိတ်တည်ငြိမ်မှုလုပ်ရတယ်။ နောက်မှာတော့ သင်ပေးတဲ့ဆရာကလဲ တည်တည်ငြိမ်ငြိမ်နဲ့သန္နိဌာန်ချပြီး ဘုရင့်အတွက်အသက်စွန့်ပါမည်ဆိုတဲ့ စိတ်ဓါတ်မျိုးရိုက်သွင်းပေးရတယ်…။ရှင်တိုဝါဒဟာစစ်ဝါဒကိုအသက်သွင်းတဲ့ဝါဒသပ်သပ်သာဖြစ်ပြီးဘာသာရေးနဲ့မသက်ဆိုင်တဲ့ဝါဒသပ်သပ်သာဖြစ်တယ်လို့ယူဆတဲ့အတွက်ဒုတိယကမ္ဘာစစ်အပြီးမှာမဟာမိတ်တပ်တွေရဲ့စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီးမက်အာသာက အမိန့်ထုတ်ပယ်ဖျက်ခဲ့တဲအတွက် ရှင်တိုဝါဒဟာလဲ တိုင်းပြည်ဝါဒအဖြစ်မှ ပျောက်ကွယ်ခဲ့ရပါတယ်….နောက်တချက်ကတော့…. ဒီကျွန်းတိုက်ပွဲမှာခံစစ်ဆင်သွားတဲ့ပုံစံအကြောင်းပါ။ ၁၉၄၄ ခုနှစ်ဇွန်လတွင်းမှာဖြစ်ပွါးခဲ့တဲ့ နယူးဂီနီကျွန်းတိုက်ပွဲရဲ့ ဂျပန်တပ်မှူးဗိုလ်မှူးကြီး နာအိုယူကီ-ကူဇူမီက ကမ်းတက်တိုက်ပွဲစစ်နည်းအသစ်ကိုတီထွင်ခဲ့တယ်..။ယခင် ပုံစံတွေလိုကမ်းတက်လာမယ့်ရန်သူတွေကို ကမ်းခြေကနေစီးကြိုတိုက်တဲ့ပုံစံက ခွဲပြီး ကမ်းခြေမှာခံစစ်မယူတော့ဘဲတောတွင်းလျှိုမြောင်၊သဘာဝနဲ့လူလုပ်အတားအဆီးတွေပုံစံပြင်ဆင်ပြီး အနီးကပ်တောတွင်းတိုက်ပွဲ၊ညတိုက်ပွဲ၊ခြုံခိုတိုက်ပွဲပုံစံတွေနဲ့စစ်ဆင်ခဲ့ပါတယ်။ဒီလိုစစ်ဆင်ခြင်းအားဖြင့် ယခင်ကမ်းမှာစောင့်ပြီးခံစစ်ယူတဲ့အားနည်းချက်တွေကိုပြင်ဆင်နိုင်ခဲ့သလို ရန်သူကနေသတင်းအတိအကျထောက်လှမ်းလို့မရခြင်း၊အနီးကပ်တိုက်ပွဲဝင်ရတဲ့အတွက်ရန်သူ့လက်နက်ကြီးပစ်ကူထိထိရောက်ရောက်မရခြင်း၊မိမိဘက်ကအကျအဆုံးအနည်းငယ်နဲ့ရန်သူ့အင်အားများများကိုဖြုန်းတီးပစ်နိုင်တဲ့အပြင် တော၊ရာသီဥတု၊ရောဂါ၊နယ်မြေကျွမ်းကျင်မှုနဲ့ပေါင်းစပ်ပြီး ရန်သူ့စိတ်ဓါတ်ကိုပါရိုက်ချိုးနိုင်ခဲ့ပါတယ်…။အရင်ပုံစံကမ်းခြေမှာစီးကြိုခံစစ်ဆင်ခြင်းအားနည်းချက်တွေဖြစ်တဲ့

-ရန်သူမှအတိအကျသတင်းမထောက်လှမ်းနိုင်ခြင်း
-ရန်သူ့ပစ်အားကောင်းတဲ့ ရေတပ်လက်နက်ကြီးတွေကြိုတင်မွှေနှောက်ချေမှုန်းပစ်ခတ်မှုကြောင့်ခံစစ်ကျိုးပေါက်တပ်ပျက်ခြင်း
-မိမိထက်လူလက်နက် နည်းပညာအင်အားသာသူကိုတန်ပြန်ချေမှုန်းနိုင်ခြင်း
-မိမိအင်အားမလိုအပ်ဘဲကျဆုံးခြင်းစတဲ့အားသာချက်တွေကိုရရှိခဲ့သလို တကယ်လဲထိရောက်ခဲ့ပါတယ်။
“ချမ်းသာတဲ့သူတွေကျတော့ စစ်ပွဲနဲ့‌ရှောင်နေတယ်။ ဆင်းရဲတဲ့လူတွေကျတော့ တိုက်ပွဲထဲမှာ ရုန်းနေရတယ်”

Plat-oon (1986)

IMDb - 8.1/10
Genre - War, Drama

” ငါတို့တွေဟာ တိုက်လာတဲ့ စစ်ပွဲတိုင်း
နိုင်ခဲ့ကြတာချည်းပဲလေ။ ဒီတစ်ပွဲတော့ရှုံးသင့်ပါတယ် “

Sergeant Elias ကနေ ညတစ်ညမှာ တပ်သားလေး Chris ကိုပြောခဲ့တဲ့စကား။
Platoon ဟာ Oliver Stone ရဲ့အအောင်မြင်ဆုံးဇာတ်ကားကြီးတွေထဲကတစ်ခုပေါ့။ သူ့အတွေ့အကြုံ သူ့ခံစားချက်တွေကို ချပြခဲ့တယ်။ Vietnam စစ်ပွဲမှာ အမေရိကန်တွေစစ်ရှုံးသွားပုံတွေပေါ့။ ပိုဆိုးတာက စိတ်ဓာတ်တွေပါ ဆုံးရှုံးသွားခဲ့ရတာ။

တပ်သား Chris ဟာ ကောလိပ်တက်ခွင့်ရသူပါ။ ပညာတတ်တစ်ယောက်။ သူ့ရုပ်ရည်ရူပါဟာ စစ်ပွဲနဲ့ မအပ်စပ်ဘူး။ လုံးဝကို မအပ်စပ်တာ။ ရိုးသားပြီး စိတ်ကောင်းရှိတဲ့လူ။ Vietnam မြေပြင်ပေါ်ကို သူဘာလာလုပ်တာလဲ?ကျောင်းထွက်ပြီး စစ်ထဲကို စေတနာ့ဝန်ထမ်းလုပ်ပြီးဝင်လာတာတဲ့။ သူက အဲ့လိုလူမျိုးထဲမှာမပါဘူး။ အဆင့်အတန်းဂုဏ်တွေ ချောင်ထိုးထားပြီး စစ်ပွဲမှာ တိုင်းပြည်တာဝန်လာထမ်းတာ။ Vietnam ရောက် အမေရိကန်တွေဟာ စိတ်ဓာတ်တွေ ရေစုန်မြောနေပြီ။ အကုန်လုံးက စုတ်ပဲ့နေတာ။ တပ်သားအသစ်တွေဆို ပစားမပေးဘူး နှိမ်ခိုင်းတယ်။ မြန်မြန်သေ အေးတယ်။ ဒါမှ ဒုက္ခမပေးနိုင်မှာ။ ဘာလို့လဲဆို တိုက်ပွဲ အတွေ့အကြုံ မရှိလို့တဲ့။ သေရေးရှင်ရေးဆိုရင်တော့ တပ်သားအသစ်တွေကို ရှေ့တန်းတင်တော့တာပဲ။Sergeant Elias ကတော့ တခြားသူတွေနဲ့မတူဘူး။ သူဟာ အမြဲတန်း စစ်နိုင်သူပဲ။ စိတ်ထားကောင်းပြီး တပ်သား အသစ်တွေအပေါ် စိတ်ရှည်ရှာတယ်။ လိုအပ်တာတွေ သေချာသင်ပေးတယ်။ သူနဲ့ဆန့်ကျင်ဘက်က Sergeant Barnes ဆိုတဲ့ ဘဲကြီးပေါ့။ မျက်ခွက်ကိုက ဆွဲထိုးချင်စရာ ရုပ်ကြီးနဲ့။Pla-toon ( တပ်စု ) ထဲမှာ အဖွဲ့နှစ်ဖွဲ့ကွဲတယ်။ Elias ရဲ့ ဘက်တော်သားနဲ့ Barnes ရဲ့အစေခံကျွန်သပေါက်တွေ။ Chris ကတော့ Elias ရဲ့ အကောင်းဆုံး တပည့်ပေါ့။ အဖွဲ့နှစ်ဖွဲ့ဟာ အယူအဆမတူသလို အချင်းချင်းလဲ အမြင်စောင်းနေကြတာပါ။တစ်ရက်မှာ ရန်သူ့ စခန်းတစ်ခုကို ဝင်မွှေပါတယ်။ ရန်သူတွေ ရှိမနေပေမဲ့ ရန်သူတွေရဲ့ စွန့်ခွာလက်ဆောင် မိုင်းလေးကြောင့် တပ်သားနှစ်ယောက် ကြွသွားတယ်။ အလောင်းကတော့ တူးနေပြီ။ တစ်ယောက်ကတော့ ဒယိမ်းဒယိုင် ထွက်လာတယ်။ လက်တော့မရှိတော့ဘူး။ အူတွေကလဲ အလိပ်လိုက်ထွက်လို့… Barnes အရမ်းတင်းသွားတယ်။ ရန်သူတွေ ဝင်သွားခဲ့တယ်ဆိုတဲ့ ရွာကို အမြန်လိုက်။ ပြီးတော့… ရွာသားတွေကို နှိပ်စက်ပြီးမေးတော့တာပဲ။ဒီမှာ……စိတ်ကောင်းရှိပါတယ်ဆိုတဲ့ Chris တစ်ယောက်ဟာ နောက်တစ်ယောက်ဖြစ်သွားတော့တာပဲ။ ခြေတစ်ဖက်မရှိတဲ့ ကောင်လေးကို အော်ဟောက်နေမိတယ်။ အမေအိုကြီးက တောင်းပန်ငိုယိုလို့နေတာ…။ Chris ကတော့ ရပ်မနေခဲ့ပါဘူး။ အဲ့ကောင်လေးကို တွန်းလှဲပြီး ခေါင်းကို သေနတ်ဒင် နဲ့ထုသတ်လိုက်တယ်။ ဦးနှောက်တွေတောင်ထွက်လာတယ်။ အမေအိုကြီး အငိုတိတ်သွားတယ်။သူ့မျက်လုံးကတော့ သားဆီမှာ…မယုံနိုင်တဲ့ အကြည့်တွေနဲ့ပေါ့…ငိုဖို့တောင် မျက်ရည်မကျန်ရှာတော့ဘူး…သူငယ်ချင်းတစ်ယောက်ကလဲ Chris ကိုကြည့်လို့။ မယုံနိုင်ဘူး။ Chris ကတော့ မျက်နှာ မှိုင်ပြီး ထွက်သွားတယ်။ Oliver Stone ဟာ လူတွေရဲ့ ပတ်ဝန်းကျင်ကြောင့်ပြောင်းလဲသွားတဲ့စရိုက်ကို အကောင်းဆုံးချပြလိုက်တာပါ။Sergeant Barnes ဟာ အစစ်အမေးကြမ်းလွန်းတယ်။ ရွာသူကြီးကို အတင်းစစ်မေးတယ်။ ဝင်ရှုပ်နေတဲ့ သူ့မိန်းမကို Headshot နဲ့ Kill လိုက်တယ်။ မကျေနပ်နိုင်သေးတဲ့ သူ့စိတ်က အဖိုးကြီးရဲ့ သမီးလေးကို မဲတော့တာပဲ။ Elias ကပြေးဝင်ပြီးတားတယ်။ ထိုးကြကြိတ်ကြနဲ့။ ရန်ဖြစ်။ ဝင်ဆွဲ။ လုံးထွေးနေကြတယ်။ ပွဲပြီးတော့ Barnes ဟာ Elias ကို ကြည့်လိုက်တယ်။ ” တွေ့ကြသေးတာပေါ့ ” ဆိုတဲ့ အဓိပ္ပာယ်နဲ့။Barnes ရဲ့ ကောင်တွေက ခြုံတစ်ခုမှာ ကောင်မလေးတစ်ယောက်ကို မုဒိန်း ကျင့်နေကြတာ။ အောက်တန်းကျတဲ့ ခွေးမျိုးတွေ။ Chris ဝင်ချလာတယ်။ ဒီမှာတော့ သူ့စိတ်ကောင်းက လွှမ်းမိုး‌နေတဲ့အချိန်။ ကောင်မလေးကို ဆွဲခေါ်တယ် ကျင့်နေတဲ့ကောင်တွေကို ခပ်ကြမ်းကြမ်း ဆဲဆိုနေတယ်။ ဟိုကောင်တွေက Chris ကိုပြောတယ်

“မင်းက သောက်ခြောက်လား? ဒီဟာမ က Vietnam ကွ”

နာကျည်းနေတဲ့ Chris က ပြန်‌အော် ပြောလိုက်တယ်

” She’s a f**king human being !!!
F**k you !!!

လူလူချင်းတောင် တိရိစ္ဆာန်သဖွယ် သဘောထားနိုင်သွားတဲ့ စုတ်ချာ နေတဲ့ စိတ်ဓာတ်တွေကို ကွက်ကွက် ကွင်းကွင်းကြီးပြသွားတာပဲ
Ama-zon Bull-seye (2024)

ဒီဝတ္ထုကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယမ် အယ်လာဗ်ကျွန်း ကို ပထမအကြိမ်ပြည်နှင်ဒဏ်ပေးခံရချိန် ၁၈၁၅ ဝန်းကျင်မှာဇာတ် အိမ်တည်ထားပါတယ်။ နပိုလိုယမ် ကျွန်းကထွက်ပြေးလာချိန်မှာ အပ်ဒ်မွန်ဒန်းတစ်စ်ဆိုတဲ့ လူငယ်လေးက ဆုံးခါနီးသူ့ကပ္ပတိန်ရဲ့ စေခိုင်းမှုအရ နပိုလီယမ်နဲ့ အတူပြည်နှင်ခံရတဲ့ ဗိုလ်ချုပ်ကြီးဘာထရန်ဆီ အထုပ်တစ်ခု ပို့ဆောင်ပေးလိုက်ပါတယ်။ သူတို့မာဆေးကိုပြန်ရောက်တော့ ဒန်ဂလာစ်က သင်္ဘောပိုင်ရှင်ကို ဒန်တစ်စ်ရဲ့ အမိန့်မနာခံမှုအကြောင်း ပြောတော့ ပိုင်ရှင်က အမျိုးသမီးငယ်ကိုကယ်ခဲ့တဲ့ ဒန်တစ်စ်ကို ချီးကျူးပြီး ကပ္ပတိန် ခန့်အပ်လိုက်ပါတယ်။ သူ့ရဲ့ချစ်သူမာဆီဒတ်နဲ့ လက်ထပ်ချင်တဲ့အိမ်မက်လည်း ပြည့်သွား ပြီမို့ ချစ်သူနှစ်ယောက် အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမယ့် သူတို့လက်ထပ်ပွဲနေ့မှာ မနာလိုဖြစ်နေတဲ့ ဒန်ဂလာစ်ရဲ့ တိုင်တန်းမှုကြောင့် ဥပဒေအရာရှိဒယ်ဗီဖော့တ်ရဲ့ လက်မှတ်နဲ့ နပို လီယန်ထောက်ခံသူလို့ယူဆရတဲ့ အပ်ဒ်မွန်ဒန်တစ်စ်ကို ဖမ်းဝရမ်းနဲ့ အတူ အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အရာရှိက ဒန်တစ်စ်ကယ်ခဲ့တဲ့အမျိုးသမီးရဲ့ အစ်ကို ဖြစ်နေပြီး သူ့ဂုဏ်သတင်းထိခိုက်မှာစိုးတာကြောင့်သူ့အသိဖြစ်တဲ့ အပြင် ဒန်တစ်စ်ရဲ့ သူငယ်ချင်းဖာနန်ဒယ်မောဆဲကို ဒန်တစ်စ် အပြစ်ရှိကြောင်းထွက်ဆိုပေးဖို့တစ်ဖက်လှည့်နဲ့တိုက်တွန်းပါတယ်။ ဖာနန်ကလည်း ဒန်တစ်စ်ရဲ့ဇနီးလောင်းမာဆီဒတ်ကို တစ်ဖက်သတ် ချစ်နေသူဖြစ်တာကြောင့် အချစ်အတွက်သူငယ်ချင်းကို သစ္စာဖောက်ကာ ဗီဖော့တ်နဲ့ပေါင်းကြံပါတော့တယ်။ ကိုယ့်ကိုယ်ကျိုးအတွက် ဂုဏ်သတင်းအတွက် အချစ်အတွက် အခြားတစ်ယောက်ကို ထိုးချလိုက်ကြတဲ့ လူသုံးယောက်ကြောင့် အပ်ဒ်မွန်က ဘဝပျက်ပြီး ၂၂ နှစ်အရွယ်မှာတင် ချတိုဒိစ်ကျွန်းမှာ အကျဉ်းချခံလိုက်ရပါတော့တယ်။ လေးနှစ်အကြာမှာ ထောင်ဖောက်ဖို့ ကြိုးစားရင်း သူ့အခန်းကို မှား ရောက်လာတဲ့ ဖာသာဖာရီယာနဲ့တွေ့ခဲ့ပါတယ်။
ဖာရီယာက ပထမခရူးဆိတ်စစ်ပွဲတုန်းက သူရဲကောင်းတွေရဲ့ နောက်ဆုံးကျန်ရစ်သူကာဒီနယ်စပါတာရဲ့ တပည့်ဖြစ်ပြီး ဒန်တစ်စ် ကို သူတို့လွတ်ဖို့ ကြိုးစားနေတဲ့နှစ်တွေအတွင်း သိသမျှသင်ပေးခဲ့ ပါတယ်။ ဒန်တစ်စ်လွတ်လာတော့ သူ့ချစ်သူမာဆီဒတ်က ဖာနန်နဲ့လက်ထပ် ပြီး အခြားကိုပြောင်းသွားပြီဆိုတာသိလိုက်ရတဲ့အပြင် ဖခင်ဆုံး သွားတာပါသိတော့ စိတ်အနာနာကြီးနာသွားပြီး ဖာရီယာပြောခဲ့တဲ့ ကမ္ဘာပေါ်မှာမရှိဖူးသေးတဲ့ အကြီးမြတ်ဆုံးရတနာတစ်ပါးကိုသွား ရှာပါတော့တယ်။ အဲ့ဒီမှာ ကမ္ဘာကြီးကို လက်ဖဝါးပေါ်တင်ပြီး ကစားနိုင်သွားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ပုံပြင်စပါတယ်။ မွန်တီခရစ်စတိုမြို့စားကြီးအနေနဲ့ ပြန်လာခဲ့ပြီး သူ့အပေါ်မှားယွင်း စွာချောက်ချခဲ့တဲ့ လူသုံးယောက်ကို လက်စားချေမယ့် အစီအစဉ် ကိုစတင်အကောင်အထည်ဖော်ပါတော့တယ်
နာမည်ကျော်မင်းသားကြီး T-o-m Ha-nks ပါဝင်ရိုက်ကူးထားတာမို့လို့ ရုပ်ရှင်ကောင်းတစ်ကား

He-re (2024)

IMDB - 6.2/10
Genre - Fantasy, Drama

He-re ဆိုတဲ့ရုပ်ရှင်ကတော့ “ဒီနေရာ” ဆိုတဲ့အဓိပ္ပာယ်အတိုင်းပဲကင်မရာက နေရာတစ်နေရာတည်းကို Fo-cus ထားပြီး ကမ္ဘာဦးအစကနေ လက်ရှိခေတ်ရောက်တဲ့အချိန်ထိ အဲဒီနေရာလေးမှာ ဖြစ်ပျက်ခဲ့သမျှကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအစကနေ တောက်လျှောက် ကင်မရာက အိမ်တစ်အိမ်ရဲ့ဧည့်ခန်း တစ်နေရာတည်းကိုပဲ ဦးတည်ရိုက်ထားခဲ့ပြီး ဇာတ်သိမ်းပိုင်းမှသာ အိမ်ရဲ့အပြင်ဘက်နဲ့ အခြားနေရာတွေကို ခဏတာမြင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီလိုပြောလိုက်လို့ ပျင်းစရာကြီးနေမှာလို့တော့မတွေးမိစေချင်ပါဘူး။ ဒီတစ်နေရာတည်းကိုပဲ ဦးတည်ရိုက်ထားခဲ့တဲ့အတွက်ကြောင့် အဲဒီတစ်နေရာမှာ ဖြစ်ပျက်ခဲ့သမျှအဖြစ်အပျက်တွေကို ဆယ်စုနှစ်၊ ရာစုနှစ်နဲ့ချီပြီးတော့ ပြောင်းလဲသွားတာတွေကို မြင်တွေ့ရမှာပါ။ ရုပ်ရှင်ဆိုတဲ့အတွက် ဖန်တီးရိုက်ကူးထားတာဖြစ်ပေမဲ့ တကယ့် သမိုင်းကြောင်းအချက်အလက်တွေလည်း ပါဝင်နေခဲ့ပါတယ်။ ဥပမာဆိုရင် လက်ရှိရိုက်ကူးနေတဲ့အိမ်ရဲ့ မျက်စောင်းထိုး တစ်ဖက်လမ်းကအိမ်ကြီးက မိုးကြိုးလျှပ်စီးဟာ လျှပ်စစ်ဓာတ်တစ်မျိုးဖြစ်တယ်ဆိုတာကို မိုးသည်းကြီးမည်းကြီးထဲ စွန်လွှတ်ရင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ဘန်ဂျမင် ဖရန်ကလင်ရဲ့ တရားမဝင်သား ဝီလီယံ ဖရန်ကလင် နေထိုင်သွားတဲ့အိမ်ဆိုပြီး ပါပါတယ်။ ပြီးတော့လည်း တီဗီရှေ့မှာ ဇိမ်ရှိရှိနဲ့ ထိုင်ကြည့်ဖို့အတွက် ဆိုဖာခုံကို တီထွင်ခဲ့တဲ့သူ Goo-gle မှာ ရိုက်ရှာလိုက်ရင် အဲဒီ La-Z-Boy အမည်ရတဲ့ဆိုဖာခုံကို တီထွင်ခဲ့တာ မီရှီဂန်က ညီအစ်ကိုနှစ်ယောက်လို့ တွေ့ရပေမဲ့ ဒီထဲမှာတော့ ဘီလီဆိုတဲ့ လူကောင်ကြီးကြီးနဲ့ တစ်ယောက်က အိမ်မှာ အမြဲတမ်းသူ့ထိုင်ခုံကို အဆင့်မြှင့်တင်နေခဲ့ပြီး နောက်ဆုံး မီရှီဂန်ကကောင်လေးနှစ်ယောက်ကို ရောင်းလိုက်တယ် ဆိုတာမျိုး ထည့်ရိုက်ပြထားပါတယ်။ ဒါတွေအကုန် အမှန်ဟုတ်မဟုတ် ဘယ်သိနိုင်ပါ့မလဲနော်။ အဲဒီလို ကိုလိုနီခေတ်နဲ့ ခေတ်ဟောင်းကလူတွေအပြင် အဲဒီအိမ်ကြီးကိုဝယ်ပြီး နေထိုင်ခဲ့တဲ့ မစ္စတာနဲ့ မစ္စစ်ယန်း၊တစ်နည်းအားဖြင့် အဲလ်နဲ့ ရို့စ်တို့လင်မယားရဲ့ သားသမီးတွေ ထွန်းကားလာပုံ အဲဒီသားသမီးတွေကနေ ထပ်ပြီး မိသားစုတိုးပွားလာပုံတွေနဲ့ အဲဒီလိုတိုးပွားလာတာနဲ့အမျှ ကြုံတွေ့လာရတဲ့လူမှုရေးပြဿနာတွေ၊ မိသားစုဝင်ချင်းကတောက်ကဆဖြစ်မှုတွေ၊ လင်မယားချင်း အဆင်မပြေမှုတွေနဲ့ ကလေးမွေးရာက အစ ကျန်းမာရေးချို့ယွင်းပြီးသေတဲ့အထိ အလုံးစုံကို ရိုက်ကူး ပြထားတာဖြစ်လို့ A Cir-cle of Li-fe လို့ပြောလည်း မှားမယ်မထင်ပါဘူး။ နေ့စဉ်ဘဝ Rea-lity အရှိအတိုင်းကို မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရှုသူနဲ့တိုက်ဆိုင်တဲ့ခံစားချက်တွေရှိလာခဲ့ရင် တွေးစရာတွေအများကြီးရစေမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
The Lo-rd of the Rin-gs: The War of the Rohi-rrim (2024)

ကမ္ဘာကျော် The Lo-rd of the Rin-gs ဇာတ်လမ်းတွေထဲက တစ်ခုကိုထုတ်နုတ်ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ လက်စွပ်စစ်ပွဲကြီးမဖြစ်ခင် နှစ် ၂၀၀ အကွာလောက်က ဇာတ်လမ်းဖြစ်ပြီး The Two To-wers ထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ Helm’s Deep ရဲတိုက်ကြီးရဲ့ သမိုင်းကို အခြေခံထားပါတယ်။ ဒီတော့ အလယ်ကမ္ဘာရဲ့ တတိယခေတ်အတွင်းကဇာတ်လမ်းပါပဲ။ ဇာတ်ကြောင်းကို နောက်ခံပြောသူအဖြစ် The Two Tow-ers နဲ့ The Ret-urn of the Ki-ngs မှာပါတဲ့ Éowyn က ပြောပြသလို ဖန်တီး ထားတာဖြစ်ပြီး Éowyn ရဲ့ အသံသရုပ်ဆောင်အဖြစ် Miranda Otto က ပါဝင်ထားပါတယ်။ ဘုရင်ကြီး သီအိုဒန်ဟာ ရိုဟန်ရဲ့ ၁၇ ဆက်မြောက်ဘုရင်ဖြစ်ပြီး အခုရုပ်ရှင်ထဲမှာတော့ ရိုဟန် ၉ ဆက်မြောက်နဲ့ ၁၀ ဆက်မြောက်ဘုရင်ရဲ့ သမိုင်းကို ပြသထားတာဖြစ်ပါတယ်။ LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက တတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်။ မူလအစမှာတော့ Eru Ilúvatar  အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်။ ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာ ဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်။ အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်။ သူတို့ကိုတော့ Ainur အိုင်နူအော်လို့ခေါ်ပါတယ်။ သူတို့ဟာ အယ်ရူနဲ့အတူ ကမ္ဘာကြီးကို ဖန်ဆင်း
ကြတဲ့သူတွေဖြစ်ပါတယ်။ အယ်ရူဟာ Eä လို့ခေါ်တဲ့ ဗလာနယ်ကြီးကို ဖန်ဆင်းပြီးမှ Arda အဖြစ် စိတ်ကြိုက်ဖန်ဆင်းဖို့ အိုင်နူအော်တွေကို ခိုင်းစေခဲ့ပြီး အဲဒီလို ဖန်ဆင်းဖို့ သွားခဲ့ကြတဲ့ အကြီးဆုံး အိုင်နူအော်တွေကို Valar ဗယ်လာလို့ခေါ်ပါတယ်။ ပြီးတော့ အိုင်နူအာတွေထက် တဆင့်နိမ့်တဲ့ ဖန်ဆင်းရှင်အငယ်စားတွေကိုတော့ Maia မိုင်ရာလို့ခေါ်ပါတယ်။ Gandalf ဟာလည်း Olórin ဆိုတဲ့နာမည်နဲ့ မိုင်ရာတစ်ပါးပဲဖြစ်ပါတယ်။ အဲဒီနောက်မှာပဲ အယ်ရူရဲ့ စိတ်ထဲကနေ နတ်သူငယ်တွေနဲ့ လူသားတွေ အလယ်-ကမ္ဘာမှာပေါ်ထွက်လာပါတယ်။ ဒီနှစ်မျိုးကိုတော့ အီလူဗာတာရဲ့ ကလေးငယ်များလို့ခေါ်ပါတယ်။ နတ်သူငယ်တွေကိုတော့ ပထမမွေးဖွားသူလို့ခေါ်ပြီး လူသားတွေကိုတော့ ဒုတိယမွေးဖွားသူလို့ခေါ်ပါတယ်။ အဲဒီပထမခေတ်ရဲ့ အကြီးဆုံးရန်သူကတော့ အယ်ရူရဲ့ အကြီးဆုံးအမှုထမ်း စွမ်းအားအကြီးဆုံးအိုင်နူအော်အဖြစ်ကနေ ဖောက်ပြန်သွားတဲ့ Melkor ခေါ် Morgoth(ကမ္ဘာကြီးရဲ့အနက်ရောင်ရန်သူ) ပါပဲ။ မောရ်ဂေါ့သ်နဲ့ရဲ့ညီအစ်ကို Manwë Súlimo ကတော့ ဗယ်လာတွေရဲ့ ဘုရင်ပေါ့။ တိုကင်းရန်စကြဝဠာရဲ့ မကောင်းမှုအားလုံးက မောရ်ဂေါ့သ်ကနေ ဆင်းသက်လာတာပါ။ မောရ်ဂေါ့သ်ဟာ မိစ္ဆာဆိုတာကိုနားမလည်တဲ့အိုင်နူအာအငယ်တွေကို သူ့ဘက်ပါအောင် စည်းရုံးသွားခဲ့ပါတယ်။ မောရ်ဂါ့ရဲ့ အားဟာ အခြားဗယ်လာအားလုံးပေါင်းရဲ့အားလောက်ရှိတာမို့ သူတို့ ဗယ်လာတွေအစမှာမနိုင်ခဲ့ပါဘူး။ နောက်မှသာ ဗယ်လာ Tulkas ရောက်လာပြီး အင်အားမျှခဲ့တာပါ။ အဲဒီနောက်မှာ ဗယ်လာတွေ ဆုတ်ခွာပြီး အခြေချတဲ့နေရာက ဗယ်လီနော်ဆိုတဲ့ မသေမျိုးနိုင်ငံဖြစ်လာပါတယ်။ မောရ်ဂေါ့ကတော့ အလယ်-ကမ္ဘာကိုကြီးစိုးထားခဲ့ပါတဘ်။ ဗယ်လာတွေသူ့ကိုဝင်မတိုက်ခင်မှာ မောရ်ဂေါ့သ်ဟာ နတ်သူငယ်တွေကို ဖမ်းဆီးနှိပ်စက်ဖျက်ဆီးပြီး ပထမဆုံးတော့ အော့ခ် ဘီလူးတွေကို ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗယ်လာတွေဟာ မောရ်ဂေါ့သ်ကို ၇ နှစ်တိုင်တိုက်ခိုက်ပြီးမှ အကျဉ်းချထားနိုင်ခဲ့ပါတယ်။ နောင်မှ သူလိမ္မာချင်ယောင်ဆောင်လို့ ဗယ်လီနော်မှာခံဝန်နဲ့ ပြန်နေခွင့်ပေးခဲ့ပေမဲ့ နတ်ဘုရင် Finwë ကို သတ်ပြီး Silmarils ရတနာသုံးခုကိုယူပြီးထွက်ပြေးပြန်ပါတယ်။ သူ့ဘက်ကနေ လူသားတွေလည်း ပါလာကြပါတယ်။ အဲဒီနောက်မှာတော့အလယ်-ကမ္ဘာမှာ ပထမခေတ်ရဲ့ စစ်ပွဲကြီးတစ်ခုအဖြစ် နတ်သူငယ်တွေနဲ့ လူသားတွေပူးပေါင်း၊ မောရ်ဂေါ့သ်နဲ့လူသားတွေကိုအနိုင်တိုက်ပြီး အမှောင်ဗလာနယ်ထဲကို ပစ်ချလိုက်နိုင်ပါတော့တယ်။ အဲဒီတိုက်ပွဲဟာနှစ် ၅၀ ကြာခဲ့ပြီး မောရ်ဂေါ့သ်ဘက်က နဂါးတွေလည်း အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်တွေဘက်ကကူတိုက်တဲ့လူသားမျိုးနွယ်တွေဟာ Númenor နူမန်နော်မျိုးနွယ်ဖြစ်လာပြီးအခြားလူသားတွေထက် အသက်ပိုရှည်ကြပါတယ်။ LOTR ရုပ်ရှင်ထဲက အာရာဂွန်ဘုရင်ဟာ နူမန်နော်မျိုးဆက်ဖြစ်ပြီး အသက်၈၇ အထိ နုပျိုနေဆဲဖြစ်ပါတယ်။ နတ်တွေကလည်း အလယ်-ကမ္ဘာမှာပြန်အခြေချသူတွေရှိသလို ဗယ်လီနော်ကို သွားကြသူတွေလည်းရှိလာပါတယ်။ ဒါကတော့ ပထမခေတ်ရဲ့အကျဉ်းပါ။ မောရ်ဂေါ့သ်ကိုနှိမ်နင်းအပြီးမှာတော့ ဒုတိယခေတ်စတင်လာပြီး ဘာတွေ ဆက်ဖြစ်လဲဆိုတာကို ဒီစီးရီးမှာကြည့်ရမှာ ပါ။ ဒီခေတ်ရဲ့အဓိကမိစ္ဆာကတော့ မိုင်ရာတွေထဲကတစ်ယောက်ဖြစ်တဲ့ မောရ်ဂေါ့သ်ရဲ့ တပည့်ရင်းကြီးဆော်ရွန်ပါပဲ အတုမဲ့လက်စွပ်ကို ပြုလုပ်တဲ့သူပါ။ ဒုတိယခေတ်သမိုင်းကိုတော့ the ri-ngs of po-wer စီးရီးမှာ စောင့်ကြည့်ရမှာဖြစ်ပြီး တတိယခေတ်ကိုတော့ The hobbit နဲ့ The Lo-rd of the Rin-gs ရုပ်ရှင်တွေမှာ ကြည့်နိုင်ပါတယ်။
မအိပ်ခင်​လေး ​တောင်းထားတာတင်​ပေးလိုက်ပါတယ် 👍

A Ri-ver Ru-ns Thro-ugh It (1992)

IMdb - 7.2/10
Genre - Family, Drama

နော်မန်မက်ကလင်းဆိုတဲ့ လူတစ်ယောက်ဟာ ငါးမျှားတံကိုင်ပြီး ရပ်နေခဲ့တယ်ရေစီးထဲကိုကြိုးကိုပစ်ထည့်ရင်း ရစ်သမ်တစ်ခုအတိုင်းလက်လှုပ် ရှားနေပေမယ့် သူ့စိတ်တွေက ဒီငါးမျှားတံမှာမရှိတော့ဘူး။သူရပ်နေတဲ့မြစ်ကမ်းပါးကို ပတ်လည်ဝိုင်းထားတဲ့ တောင်တွေကြားက အလင်းရောင်ဟာတဖြည်းဖြည်း မှိန်ပြလာတယ်။ဖြူဖွေးပါးလျနေတဲ့ ဆံပင်တွေဟာ သူဖြတ်သန်းခဲ့ရတဲ့ သက္ကရာဇ်တွေရဲ့ သက်သေပါပဲ။သူချစ်တဲ့လူတွေကို သူနှစ်ခါပြန် ချိုးလို့မရတဲ့ မြစ်တစ်စင်းက ခေါ် ဆောင်သွားခဲ့ပြီ။ရေတွေရဲ့ အသံကို သူ နားစိုက်ထောင်ကြည့်တယ်။သူ့အဖေ သင်းအုပ်ဆရာ ရီဗားရန့်မက်ကလင်းကတော့ တစ်ခါပြောဖူးတယ်။"ဟိုးတုန်းက ရွှံတွေပေါ်ကို မိုးစက်တွေကျပြီး ကျောက်တုံးတွေဖြစ်လာခဲ့တယ်။အတိကျအဆို လွန်ခဲ့တဲ့ နှစ်သန်းငါးရာအကြာတုန်းကပေါ့။ ကျောက်တုံးတွေမဖြစ်လာခင်မှာ ဒီကန်ကြီးရဲ့အောက်ခြေမှာ တကယ်တမ်းရှိခဲ့တာက
ဘုရားသခင်ရဲ့စကားလုံးတွေပဲတဲ့"သူတကယ်တမ်းကြားနေရတာကတော့ ဘုရားသခင်ရဲ့ စကားလုံး တွေမဟုတ်ဘဲ သူချစ်ခဲ့တဲ့လူတွေရဲ့ စကားလုံးတွေပါပဲ။ သူ့အဖေပြောနေကြ တရားစာတွေ၊ သူ့ ညီလေးပေါလ်ရဲ့စကားလုံး အရိုင်းတွေ၊ သူ့ဘဝရဲ့အချစ်ဂျက်ဆီရဲ့ စကားလုံးချိုချိုတွေ မြစ်အောက်ဘက်ကကျောက်တုံးတွေအောက်မှာ ခိုဝင်နေတဲ့ စကားလုံးတွေကို သူကြားနေရတယ်။ ဟိုးအတိတ်နေ့တစ်ရံတစ်ခါဆီတုန်းက ဒီမြို့ကလေးရဲ့နေ့ရက်တွေ ကို သူပြန်ကြားနေရတယ် မြို့လယ်ခေါင်က အုတ်ခုံကလေးပေါ်မှာ ထိုင်ခဲ့ကြတဲ့ သူတို့ရဲ့ကလေးဘဝတွေ လူငယ်ဘဝတွေကို သူပြန်ကြားနေရတယ် လူဟာ ဘယ်လိုပဲ ငါဗဟိုပြုသတ္တဝါလို့ပြောပြော အရင်တစ်ခါဘဝ ကို ပြန်တွေးကြည့်တဲ့အခါ တကယ်တမ်း သူ့မှတ်ညဏ်မှာစွဲထင်ကျန်နေခဲ့တာက သူ့အကြောင်းတွေမဟုတ်ခဲ့ဘူး။ သူချစ်ခဲ့တဲ့လူတွေအကြောင်းတွေ တိတိပပပြောရရင်သူချစ်ခဲ့တဲ့ လူတွေကို သူချစ်ခဲ့တဲ့အတိတ်တွေသူ့အဖေ နောက်ဆုံးဟောခဲ့တဲ့ ဒေသနာတစ်ပုဒ်မှာ ပါသလိုပဲ " လူတွေဟာ သူတို့ချစ်တဲ့သူတွေရဲ့ စိတ်ကိုတောင် သူတို့နားလည် နိုင်မှာမဟုတ်ဘူး"နော်မန်ဟာ သူ့ညီ ပေါလ်ကိုလုံးဝနားမလည်ခဲ့ပါဘူး။ သူ့အဖေပြောသလို သူဟာ ပေါလ်ကို အလုံးစုံနားမလည်ပေမယ့် အပြည့်အဝချစ်နိုင်ခဲ့တယ်။နော်မန်ဟာ သူချစ်တဲ့လူတစ်ယောက်ကို ပထမဆုံးဆုံးရှုံးလိုက်ရတဲ့ အချိန်တုန်းက သူနားမလည်ခဲ့တဲ့ အရာကို ဆံပင်ဖြူတွေဖွေးထနေတဲ့ဘဝမှ သူနားလည်လာတယ် ။
၄၅ နှစ် (၂၀၁၅)

IMDB - 7.5/10
Genre - Drama, Romance

And-rew Hai-gh ရဲ့ပုံစံအတိုင်း လူနှစ်ယောက်ရဲ့ relationship ကို အဖြစ်အပျက်နည်းနည်း၊ အချိန်ကာလတိုတိုကို ပြပြီး အဲဒီကာလတိုတိုမှာ ဟိုးအဆက်ဆက်ကတည်းက သူတို့ရဲ့ခံစားချက်တွေရဲ့ သက်ရောက်မှုကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်ကောင်က အိမ်ထောင်သက် ၄၅ နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပတော့မယ့် ၇၀ နား၊ ၇၀ ကျော်က စုံတွဲတစ်တွဲပဲ။ ပြောရရင် အငြိမ်းစားယူပြီးသား အဘိုးကြီး၊ အဘွားကြီး နှစ်ယောက်ပေါ့။ ၄၅ နှစ်ပြည့် နှစ်ပတ်လည်နေ့နားနီးတဲ့အချိန်မှာ သူတို့ဘဝထဲကို ဘဝဟောင်းက တစ်ပတ်ပြန်လည်လာခဲ့တယ်။ အဘိုးကြီး ရဲ့ မေ့ထားသလား၊ မေ့ချင်ယောင်ဆောင်ထားသလား၊ မေ့မေ့ပျောက်ပျောက်ပဲဖြစ်နေခဲ့သလား မသိတဲ့ အတိတ်က လူတစ်ယောက်ရဲ့ သတင်းရောက်လာတယ်။ လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က ရေခဲမြစ်ထဲ ပြုတ်ကျပြီး ဆုံးသွားတဲ့ သူ့ရည်းစားဟောင်းရဲ့ အလောင်းကို ရှာတွေ့ပါပြီဆိုတဲ့ သတင်းပေါ့။ ဟိုဘက်က အတည်ပြုဖို့ အဘိုးကြီး ကို လာပေးဖို့ အကြောင်းကြားတယ်။ ဒါက ဇာတ်ရဲ့ပင်မကျောရိုးပါပဲ။ အဲဒီပင်မကျောရိုးကို ပြန်ယှက်ထားတာက အသက် ၇၀ နားနီးနေတဲ့ အဘွားကြီး ရဲ့ သူ့ယောက်ျားကို ဝန်တိုစိတ်တွေနဲ့ အသက် ၇၀ ကျော် အဘိုးကြီး ရဲ့ ဘဝဟောင်းမှာ ကျန်နေတဲ့ အလွမ်းတွေပါပဲ။ ဒီနှစ်ခုက အားပြိုင်တယ်လို့တောင် မပြောနိုင်လောက်ဘူး။ ပျော့ပျော့လေး တွန်းနေဆွဲနေတာလို့ပြောရမယ်။ သူတို့အသက်ရဲ့ လက်ကျန်အင်အားနဲ့ပေါ့။ ဒီဘာမှမပါတဲ့ ဇာတ်ရဲ့အသက်ကလည်း အပျော့စား အားပြိုင်မှုလေးတွေနဲ့ နောက်ဆုံးရလဒ်တွေပဲ။ ရွေးချယ်မှုတွေ၊ အချစ်တွေ—ခင်ဗျားဖွင့်ချင်သလို ဖွင့်လို့ရတယ်။ ဘယ်လိုပဲဖွင့်ဖွင့် သူ့အခြေအနေကြီးက မတရားဘဝမြောက်လွန်းနေတယ်။ အဘိုးကြီး က အဲဒီအတိတ်ကို သွားကြည့်ချင်ခဲ့တယ်။ ဒါကိုလည်း အဘွားကြီး က သိတယ်။ ဘယ်လိုသိဆို မိန်းမတွေရဲ့ အလိုလိုသိစိတ် နဲ့သိတယ်။ ယောက်ျားတွေမှာလည်း ဒီလို အလိုလိုသိစိတ် ရှိတတ်ပေမဲ့ သူတို့ကိုတော့ မမီဘူးကိုး။ ခေတ်အဆက်ဆက် လူနေမှုမှာ မိန်းမတွေဟာ စတင်သူမဟုတ်ခဲ့ဘူး။ ယောက်ျားတွေကတော့ သူတို့လိုချင်တာကို ထုတ်ပြ၊ ထုတ်ပြောပြီး ယူဖို့ကြိုးစားခွင့်ရှိခဲ့ပေမဲ့ မိန်းမတွေကတော့ များသောအားဖြင့် သူတို့လိုချင်တာကို ရဖို့ လမ်းကြောင်းပေးရတာ၊ အခြေအနေ၊ အချိန်အခါ၊ စိတ်ကို အကဲခတ်တာတွေက ဒီဘက်ခေတ်အထိတောင် သုံးနေရသေးတာပဲ။ ဒါကြောင့် သူချစ်လို့ ယူထားတဲ့ နှစ်ပေါင်းများစွာပေါင်းလာတဲ့ ယောက်ျားကို သူပိုအကဲခတ်လို့ရ၊ ပိုရိပ်မိတယ်။ လေ့ကျင့်လာသလိုဖြစ်သွားလို့ ကျွမ်းကျင်အဆင့်ဖြစ်နေပြီ ကိုး။ ဒီတော့ အဘိုးကြီး ဘယ်ခြေလှမ်းလှမ်း အဘွားကြီး က သိတယ်။ သိတော့ စကားနဲ့ဖြစ်စေ၊ သက်သေနဲ့ဖြစ်စေ၊ မကြီးပေမဲ့ ထိခတ်တဲ့ပြဿနာလေးတွေကလာတယ်။ အဘွားကြီး က အကုန်သိနေတော့ အဘိုးကြီး မှာ ဘယ်လိုမှ မလှိမ့်တပတ်လည်းလုပ်မရ၊ အကြောင်းပြချက်လည်းပေးမရဘူး။ ဒါကြောင့် နောက်ဆုံးရွေးချယ်မှု ပေါ့။ ခင်ဗျားတို့၊ ကျွန်တော်တို့ ယုံကြည်တဲ့ "အချစ်" ဆိုတဲ့အရာ တကယ်ရှိမရှိတော့ မသိဘူး။ သေချာတာကတော့ ခံစားချက်တွေက တကယ်ရှိတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက် ကတော့ "အချစ်" ဆိုတဲ့ ဘော်ဒီကြီးတစ်ခုလုံးကို မသေချာပေမဲ့ အဲဒီဘော်ဒီကြီးကို ဖွဲ့စည်းထားတဲ့ "ခံစားချက်" ဆိုတဲ့ အစိတ်အပိုင်းလေးတွေကိုတော့ သေချာတယ် လို့ ပြောဖူးတယ်။ ဒါလည်း ဟုတ်တာပါပဲ။ ကျွန်တော်သိပ်မသေချာတာက "ခံစားချက်" ဆိုတာက ဘော်ဒီကြီးဖြစ်ပြီး "အချစ်" က အဲဒီထဲက အစိတ်အပိုင်းဖြစ်နေမလားဆိုတာကိုပဲ။ "အချစ်" ထဲမှာပဲ "ခံစားချက်" ရှိရှိ၊ "ခံစားချက်" ထဲမှာပဲ "အချစ်" ရှိရှိ—ဘာနေနေ လိုရင်းကတော့ အတူတူပဲ။ ဒါတွေဟာ တစ်ဦးဆိုင် တစ်ဦးပိုင် ဆိုတာရဲ့သဘောကို ကျော်ပြီး ရွေ့လျောတတ်တယ်။ အဲဒီ ရွေ့လျောမှုကို အမြဲလိုက်ရွေ့လျောနေကြတာမျိုးတော့ မဟုတ်ဘူးပေါ့။ အတွေ့အကြုံနဲ့ ကံတရားကို မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်ကွဲပေမဲ့ လူအများစုမှာတော့ ပြန်ထိန်းကျောင်းသွားတဲ့ အရာတွေ ရှိလာတတ်တယ်။ အရင်းအနှီး သိပ်ကြီးတဲ့ အရာတွေရောပေါ့။ ဒီတော့ အဘိုးကြီး ရဲ့ခံစားချက်က အတိတ်ကိုရွေ့လျောနေတာကို ကျွန်တော်တို့ မြင်နေရပေမဲ့ အဆုံးသတ်မှာ အဘိုးကြီး ဟာ ထိန်းကျောင်းမှုအတိုင်းပဲ ရွေးချယ်ခဲ့တယ်။ ဒါ ရွေးချယ်တာလည်း ဟုတ်ချင်မှဟုတ်ပါမယ်။ သူပြောသလို "ဘဝမှာ ရွေးချယ်စရာတွေ အများကြီးနဲ့လာခဲ့ကြပေမဲ့ ကြာလာလေ ရွေးချယ်မှုတွေက သုံးလို့ကုန်လာလေဖြစ်ပြီး ဒါဟာ ရွေးချယ်ရမယ့်အပိုင်း မဟုတ်တော့လို့လည်း ဖြစ်နိုင်တယ်"။ အဘိုးကြီး ဟာ သူ့ခံစားချက်ရဲ့လမ်းကြောင်းကိုလိုက်ရင် ပေးရမယ့် အရင်းအနှီး သိပ်ကြီးလို့လည်းဖြစ်နိုင်တယ်။ အဘိုးကြီး ဟာ သူတကယ်ရွေးသင့်တယ်လို့ ထင်ရတဲ့အရာကိုပဲ ရွေးမှန်းမသိ၊ ရွေးသွားခဲ့တယ်။ ဒါကို အဘွားကြီး ကလည်း သိခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးသတ်မှာ အဘွားကြီး ရဲ့မျက်နှာဟာ "သူ့အလိုလိုသိစိတ်" ရဲ့အဖြေ လို့ ပြောလို့ရတယ်။ ဒီဘာမှမပါတဲ့ ရုပ်ရှင်ဟာ ကျွန်တော်တို့ဘာသာတောင် ဝန်ခံဖို့ခက်တဲ့ "အချစ်" နဲ့ "ရွေးချယ်မှု" ရဲ့ တကယ့်သဘာဝအမှန်ကို ကောင်းကောင်းကြီး ပုံဖော်သွားနိုင်ခဲ့တယ် လို့ ကျွန်တော်တော့ မြင်တယ်။
သူပုံစံက သာမန် လူထဲကလူပုံစံပါပဲ။ ခန့်ခန့်ညားညားလည်းမနေဘူး။ လူဆိုးဗိုလ်ပုံလည်းမပေါက်ဘူး။ လူဆိုးဗိုလ်ဂိုက်လည်းမဖမ်းဘူး။ အဲတော့ အဲဒီရုပ်ရှင်ကားက စိတ်ထဲစွဲငြိသွားတော့တာပေါ့ဗျာ။ သွက်လက်တဲ့မြီးကောင်ပေါက်မလေးနဲ့ အေးဆေးတဲ့ လူတစ်ယောက်ကို သဘာဝကျကျ ပေါင်းစပ်ပြထားတော့ လေပြည်လေးတွေကြား ယိမ်းနွဲ့နေတဲ့ မီးတောက်ကို ကြည့်ရသလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ပီပြင်တဲ့ ဇာတ်ကောင်စရိုက်တစ်ခုစီက ဆန့်ကျင်ဘက်လားရာကို အမှီသဟဲပြု ပေးနေကြတယ်လေ။ ဇာတ်ကားက ကြာလာလေလူဆိုးဗိုလ်ဇာတ်ကောင်အသွင်ကိုလည်း လေးစားလာတယ်။ မြီးကောင်ပေါက်မလေးရဲ့စရိုက်ကိုလည်းငြိလာပြီ။ လူဆိုးဗိုလ်ကြီးနဲ့သူမကို ပေါင်းဖက်စေချင်လှပြီ။ ဒါရိုက်တာ က ပူလောင်ခြောက်သွေ့တဲ့ ရှု ခင်းတွေထဲကနေ အေးမြစိမ်းစိုတဲ့ ဒေသဆီရောက်ရှိလာတာကို သူတို့ရဲ့စိတ်ချင်းနားလည်မှု တွေကနေ တစ်ဖြည်းဖြည်း ဆွဲခေါ်သွားခဲ့ပါတယ်။ ဇာတ်ကို ကြည့်ချင်အောင် တစ်ယောက်ကနာရတာမျို ရှာရာတာ မလုပ်ပြမသွားပါဘူး။ သူတို့ရဲ့လှု ပျှားမှု ကိုပဲ ဘေးကကြည့်ရသလိုမျို တင်ပြသွားတာ ပါ။ နောက် ဟိမဝန္တာ ဘက်မှ သူတို့ရာဇဝင်တွေကို အလျဉ်းသင့်လိုပြောမိသလိုမျို လေး ခပ်ပါးပါးကလေးတင်ပြသွားတာပါ။ ဖျတ်ခနဲ လျှပ်လက်တာ မြင်ရသလိုမျိုးလေးပေါ့။ ဒါရိုက်တာ က ဇာတ်ကိုလည်း အလိုမလိုက်ပါဘူး။ ဒါက ကံတရား ပဲ။ ဖြစ်သွားနိုင်တာပဲဆိုတဲ့ သဘောတရားမျိုး နဲ့ ဇာတ်ကိုချိုးပစ်လိုက်ပါတယ်။ ဇာတ်အဆုံးမှာ ကျွန်တော်တို့ ဟာခနဲဖြစ်ပြီးတော့ အဲဒီ ဟိုက်ဝေးလမ်းမမှာ ကားတွေဆက်မောင်းပေးချင်စိတ်ပေါက်သွား အောင် ဒါရိုက်တာ က စွမ်းဆောင်ပေးခဲ့ပါတယ်။ ဇာတ်ကားပြီးချိန်မှာတော့ ငိုင်တိုင်တိုင်နဲ့ ကျန်ရစ်ခဲ့ရပါတယ်။ အတွေးမျို စုံပေါ်လာပါတော့တယ်။ အဲဒါဟာ ဇာတ်ကားတစ်ကားကြည့်ခြင်းရဲ့ ရ ရှိလိုက်ရတဲ့ အရသာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကို ပိုက်ဆံပေး အချိန်ပေးကြည့်လိုက်ရတဲ့ တန်ပြန် ပေးဆပ်မှု ဖြစ်ပါတယ်။ တန်ဖိုးတစ်ခုဖြစ်ပါတယ်။