Chaw Thwin-ချောသွင်
811 subscribers
214 photos
183 videos
37 links
ဒီငရဲပဲမလားယောက်ဖ
အင်းလေ---
ဒီငရဲပဲပေါ့။ ။

-ချောသွင်
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ညတာမရှည်လျားဖို့အတွက်
ကြုံရာဘုရားဆီဒူးထောက်တောင်းပန်ခဲ့ရတဲ့ညပါပဲမခင်ယုဇန။
ချန်ထားခဲ့သူရဲ့ရာဇသံအောက်မှာပြားပြားဝပ်ခဲ့ရတဲ့
ကျန်ရစ်သူလမ်းခုလတ်ကလေးပေါ့။
မျှော်လင့်ချက်ရစ်ဘီးက‌လေးကိုသေချာထုတ်ပိုးပြီးရင်
သံသရာရဲ့ရှည်လျားမှုထဲမှာပဲမှတ်မှတ်ရရထည့်သိမ်းထားလိုက်ပါ့မယ်။
စွန်ကလေးကတော့‌
ပျံလို့ ဝဲလို့။

-ချောသွင် (ခင်ယုဇနကော်ဖီ - ၉)
💔16🔥4🐳2
အမျိုးသားရေးဆင့်ခေါ်စာ

သတင်းစကားဟာ
အပြင်ကနေဘယ်တော့မှမလာဘူး။
အတွင်း‌ကနေစိမ့်တယ်။
လူမျိုးတုံးသတ်ဖြတ်ဖို့ဆိုတာလည်း
လူမျိုးစုတစ်ခုလုံးကိုမြှားခေါ်နိုင်အုံးမှပေါ့။

ဧပြီပထမရက်
ဧပြီဒုတိယရက်
ဧပြီတတိယရက်
ဘယ်ပြက္ခဒိန်ကမှငါတို့နှစ်မကူးဘူးလို့သစ္စာမဆိုထားဘူး။
ရဲဘော်ဂွေဗားရား
ဟိုချီမင်း
လီနင်
ဥက္ကဌမော်
သူတို့လည်းသေမှာကိုကြောက်တတ်ခဲ့မှာပဲ။
ကျိုးကြောင်းဆီလျော်မှုဆိုတာ
ရင်ဘတ်ပေါ်ကထိုးသွင်းဒဏ်ရာအတိမ်အနက်၊
ဒါကလက်တွေ့။

ခြေဖဝါးရဲ့အသားမာတွေကြောင့်
ခရီးမိုင်တွေရဲ့မာယာအပြောင်းအလဲကိုတွက်ချက်တတ်ခဲ့ကြသူများ။
အနုပညာသမားရဲ့ပါးစပ်ဟာ
တော်လှန်ရေးတေးဘယ်‌တော့မှမညည်းဘူး။
သူ့ရင်ဘတ်မှာပဲတော်လှန်ရေးပန်းပွင့်တယ်။
(အချို့ကျသေပန်းပါတွဲပွင့်)

အထက်ပါကဗျာပိုဒ်တွေကို
ငါအလကားလျှောက်ပြောနေတာ။
မယုံနဲ့
မယုံကြနဲ့။
စိတ်သဏ္ဍာန်ကလွဲရင်ဘာမှမယုံကြနဲ့
ခံစားမှုကလွဲရင်ဘာမှမယုံကြနဲ့
သက်ရှိသက်မဲ့ဖြစ်တည်မှုကလွဲရင်ဘာမှမယုံကြနဲ့။
"ငါ"ဘုရားကိုမယုံနဲ့
မဂ်ဖိုနိဗ္ဗာန်ကိုမယုံနဲ့
သေသည်၏အခြားမဲ့ကိုမယုံနဲ့။

ခရီးရှည်ချီတက်ပွဲများ
ရာသီတွေကိုချေမှုန်းလာ။
အချိန်ကား သက္ကရာဇ် ၇.၆၂
အချစ်‌ရေးအပေါ်
"မမ" ပေါင်းသောင်းခြောက်ထောင်
ဝုန်းခနဲဒိုင်းခနဲ့လက်ပံတွေပွင့်ပုံ
ဆန်းလည်းဆန်းကြယ်ပေစွ။

သတိ
အာဏာထုတ်လုပ်‌ရေးဈေးကွက်ရှယ်ယာ
ဗရမ်းဗတာမငြိမ်မသက်ဖြစ်နေပါသဖြင့်
ယနေ့အသက်ဈေးတက်မည်။
မနက်ဖြန်လည်း
ကျချင်မှကျမည်။
ထို့ကြောင့်-----
မလိုအပ်ပဲဝယ်ယူ(မှာယူ)စုဆောင်းခြင်းမပြုကြပါရန်။

မိဘပြည်သူများရှင်အပေါ်
ပုရွက်ဆိတ်တွေမတက်ဘူးလို့ဆန္ဒပြတဲ့နေ့က
နိုင်ငံပိုင်ရုပ်သံလိုင်းကမိန်းမရဲ့အသံကပဲ
တစ်တိုင်းပြည်လုံးရဲ့နားကိုမုဒိန်းကျင့်သွားတာ။
အဲ့ဒါ Gender Equality လို့ခေါ်လို့ရမလား။
ငါရယ်တယ်။
မနက်ကနေညအထိရယ်တယ်။
တစ်နှစ်ကနေနောက်တစ်နှစ်အထိရယ်တယ်။
အခုလည်းငါရယ်တုံး။
ပြီးတော့
နောက်လည်းရယ်ရအုံးမှာပဲ။
ဟာသဆိုတာဒီလိုရှိပါတယ်။

မြေပုံတွေရဲ့သက်တမ်းကို
ကာဗွန်တွေစစ်ကြည့်ပြီးတိုင်းတာစရာမလိုဘူး။
ငါတို့မမေ့မလျော့မှတ်မိတယ်။
ဒါကတော့ဘယ်သူဘယ်ဝါ
ဟိုဘက်မှာဘယ်တုံးကဘယ်သူ
အို---မမှတ်မိချင်မှအဆုံး။
စစ်ဆိုတာကလည်း
စစ်တာမှ "စစ်စစ် စစ်စစ်" ကိုမြည်လို့။
မျက်ရည်ဟာသံစုံတီးဝိုင်း
ခြေပြတ်လက်ပြတ်တွေဟာဇာတ်ပို့ဇာတ်ရံ
သွေးမြေကျရတဲ့အခန်းတွေဆိုတာ
ကျော်ကြည့်လို့မရဘူး။
မေ့သွားလို့မရဘူး။


-ချောသွင်
❤‍🔥17🔥6🐳6
Media is too big
VIEW IN TELEGRAM
ကိုယ်တို့တွေမသေအောင်နေကြမယ်အချစ်ရယ်။

စစ်မက်တွေထူပြောလှတဲ့ခေတ်ထဲ
ကိုယ်တို့တွေမသေအောင်နေကြမယ်အချစ်ရယ်။

ပန်းကလေးတွေပွင့်သလို
မင်းအပြုံးတွေကိုပွင့်စေချင်တယ်။
ဇာတ်သိမ်းခန်း‌ဆိုတာ
မင်းသားနဲ့မင်းသမီးသက်ဆုံးတိုင်ပေါင်းရလေသတည်းလို့
ကိုယ့်မှာအထင်မှားခဲ့ရ။
အခုတော့
မင်းကတစ်ကမ္ဘာ ကိုယ်ကတစ်‌ဘဝ
စစ်ကြီးက
ချစ်ခြင်းတရားတွေကိုအပိုင်းပိုင်းဖြတ်တောက်ထား
တတ်နိုင်သလောက်တော့
ကိုယ်တို့တွေမသေအောင်နေကြမယ်အချစ်ရယ်။

‌ကိုယ်တို့လက်ထဲ
မောင်းပြန်ရိုင်ဖယ်တွေအစားထိုးဝင်လာတဲ့ခုနှစ်များ
ရင်ဝကိုပြေးပြေးပြီးဆောင့်တဲ့ကျည်ဆံ‌တွေဟာ
ပန်းတွေကိုမပွင့်အောင်တားထားတယ်။
ဘယ်နေ့ရက်စွဲနဲ့မှ
မပါလာနိုင်တော့တဲ့နာရေးသတင်း‌တွေ
ဘယ်ရာသီရောက်ရောက်
အိမ်ပြန်မလာနိုင်တော့တဲ့သူ‌တွေနဲ့
ဘယ်အိပ်မက်ကိုမှ
မက်ခွှင့်မရတော့တဲ့အိပ်စက်ခြင်းတွေ။
မလွတ်လပ်တဲ့ကာလထဲမှာ
တော်လှန်ရေးဟာကိုယ်တို့ထမ်းရမယ့်ရထားပဲ။
မင်းကတစ်ဖက်ကိုယ်ကတစ်ဖက်
သံလမ်းလိုဖြစ်တည်မှုမျိုးနဲ့
ဘူတာရုံဆီကိုပို့‌ပေးနေရ။
ဒီလိုခေတ်ပျက်ထဲ
အနည်းဆုံးတော့
ကိုယ်တို့တွေမသေအောင်နေကြမယ်အချစ်ရယ်။

တိမ်တွေဟာထုံးစံအတိုင်းပြေးလွှားနေ။
မြောက်ပြန်လေတွေတိုက်တိုင်း
ထည့်ပေးစရာအလွမ်းသတင်း‌တွေဟာ
ကိုယ့်ကျောပိုးအိတ်ထဲမှာအပြည့်ပဲ။
ဒီတိုင်းပြည်ရဲ့ဖျားနာမှုတွေထဲ
ချစ်ခြင်းမေတ္တာတွေထည့်သွင်းသင်္ဂြိုလ်ခဲ့ရတာ။
ပြန်မဆုံနိုင်တာသေခြာခဲ့ရင်တောင်
ကိုယ်တို့တွေမသေအောင်နေကြမယ်အချစ်ရယ်။

ကောင်းကင်ပေါ်မှာလေယာဉ်တွေပျံဝဲနေကြ
ကိုယ်တို့ဆီကျလာတဲ့ဗုံးဆံတွေထဲ
ဘယ်နှဘဝစာရက်စက်ယုတ်မာမှုတွေပါလာမယ်ဆိုတာ
ကြိုတင်ခန့်မှန်းမရဘူးလေ။
ဗုံးခိုကျင်းထဲမှာတော့
စိုးရိမ်ထိတ်လန့်မှုတွေဟာ
ပြန့်လို့ ကြဲလို့
ဒီနေ့စာအတူတူသင်ခဲ့ပြီး
နောက်နေ့ကျမတွေ့ရတော့တဲ့သူငယ်ချင်တွေ
ဒီနေ့ဘေးချင်းကပ်ထမင်းစားခဲ့ပြီး
နောက်နေ့ကျပန်းကန်တစ်ချပ်လျော့သွားတဲ့ထမင်းဝိုင်းတွေ
ဒီနေ့ရန်သူကိုအတူတူတိုက်ခဲ့ပြီး
နောက်နေ့ကျကိုင်သူမဲ့သွားတဲ့မောင်းပြန်ရိုင်ဖယ်တွေ
သွေးသံရဲရဲတိုက်ပွဲတွေထဲ
ခေါင်းမော့ပြီးပွင့်ပြနေတဲ့ပန်းတွေဟာ
ကိုယ်တို့တိုင်းပြည်ထဲမှာအများကြီးပဲအချစ်ရယ်။

ယမ်းငွေ့တွေဝေနေတဲ့ကတုတ်ကျင်းထဲ
ကိုယ်တို့မြှပ်နှံထားတဲ့ငယ်ရွယ်နုပြိုမှုတွေ။
သွေးရောင်လွှမ်းနေတဲ့မနက်ခင်းထဲ
ကိုယ်တို့စွန့်လွှတ်လိုက်ရတဲ့တွယ်တာခြင်းတွေ။
တစ်မြို့ဝင်တစ်ရွာထွက်
ကိုယ့်အသက်ကိုယ်လောင်းကြေးထပ်ခဲ့ရတဲ့လူငယ်ပါ။
ကိုယ့်အချစ်ကိုယ်လောင်းကြေးထပ်ခဲ့ရတဲ့လူငယ်ပါ။
ကိုယ့်ဘဝကိုယ်လောင်းကြေးထပ်ခဲ့ရတဲ့လူငယ်ပါ။
နွေဥဩတွေတွန်တိုင်း
အိမ်ပြန်လမ်းကိုတွေ့မလားလို့
ကယောင်ကတမ်း ထရှာနေတဲ့လူငယ်ပါ။

ကဗျာရေးတဲ့လက်တွေဆီကနေ
ခေတ်အလိုအရကျည်ဆံတွေတဒိုင်းဒိုင်းထွက်ပေးနေရ။
ဖြစ်နိုင်ရင်တော့
ကဗျာတွေပဲရေးနေချင်ပါတယ်အချစ်ရယ်။

သာကြောင်းမာကြောင်းကစပြီးရင်
လွမ်းကြောင်းနဲ့အဆုံးသတ်ရတဲ့စာတွေ။
ဂရုစိုက်နော်ဆိုတဲ့စကားနဲ့စပြီး
ဘယ်‌သူတော့ဖြင့်ကျသွားပြီဆိုတဲ့သတင်းစကားတွေ။
ကြာလာတော့
ချစ်ရသူတွေကိုမဆက်သွယ်ရဲတော့ဘူးအချစ်ရယ်။
ငိုစရာတွေပဲပေးနိုင်တဲ့လူဟာ
ချစ်ရသူတွေကို မဆက်သွယ်ရဲတော့ဘူးကွဲ့။

အချိန်ဟာ ဒဏ်ရာတွေကိုထပ်တိုးလာစေခဲ့
ပြဇာတ်တွေဆုံးခန်းမတိုင်ခင်အထိတော့
ကျရာဇာတ်ရုပ်ကနေ
အပီပြင်ဆုံး ပေးဆပ်ရအုံးမယ်မဟုတ်လား။
မင်းကတစ်ကမ္ဘာ
ကိုယ်ကတစ်ဘဝ
ဒီလိုစစ်မက်တွေထူပြောလှတဲ့ခေတ်ထဲ
ကိုယ်တို့တွေမသေအောင်နေကြမယ်အချစ်ရယ်။

-ချောသွင်
❤‍🔥15💔5😢3
အရပ်မျက်နှာများ

ရှေ့ပြော
နောက်ကြည့်။
အထက်ဖါး
အောက်ဖိ။
ယုန်တောင်ပြေး
ခွေးမြောက်လိုက်။
ယနေ့မှစငြင်းခုန်စရာများ။
ယနေ့မှစရင်ခုန်စရာများ။

-ချောသွင်
❤‍🔥19😱3🔥2🐳1
ဘဝမှာ လူသေရင်သေ မသေရင်စိတ်သေကြတာချည်းပါပဲ။


ယနေ့ည (၈:၃၀) မှာတော့တစ်ခုမဟုတ်တစ်ခုသေဆုံးနေကြသူတွေ။ ဒါမှမဟုတ် နှစ်ခုစလုံးသေဆုံးနေကြသူတွေစုဝေးကာ ကဗျာရွတ်ဖတ်ကြမှာပဲဖြစ်ပါတယ်။ ဒါဟာ ပန်ဒိုရာသေတ္တာထဲမှာနောက်ဆုံးကျန်ခဲ့တဲ့ မျှော်လင့်ချက်ကိုခြစ်ကုပ်ယူတာဖြစ်သလို ကျကွဲသွားကြတဲ့စိတ်အပိုင်းအစတွေအတွက်အလွမ်းတေးညည်းကြတာမျိုးမို့လို့ https://t.me/chawthwin တွင်လာရောက်စုဝေးကဗျာရွတ်ဖတ်ကြဖို့ဖိတ်ကြားအပ်ပါတယ်။

-ချောသွင်
3❤‍🔥15😢7🐳4😱1
ရိုဘော့တစ်ဆက်စ်

ပွန်းမူဗွီတွေထဲကနေ
လိပ်ပြာတွေတဝုန်းဝုန်းပျံထွက်
အာသာမပြေနိုင်တဲ့အာသာဖြေခြင်းတွေဟာ
ငါ့လိင်တံတစ်လျှောက်မှာ
အဆုန်အဆန်စီးဆင်း။
တိုင်ကပ်နာရီဆီကတချပ်ချပ်မြည်သံဟာ
ညကိုဝုန်းခနဲဖေါက်ထွက်သွားပြီးရင်
ဗလာဟင်းလင်းပြင်ကြီးထဲမှာ
လွင့်မြဲတိုင်း လွင့်။

ရင်သားတွေရဲ့အတ္ထုပ္ပတ္တိဟာ
လှည့်ဖြားခြင်းတွေနဲ့ငါ့ဆီပစ်ဝင်လာခဲ့။
သာယာစရာအထိအတွေ့တွေထဲမှာ
ဘယ်မလဲငါရှာနေတဲ့အချစ်။
ဒီလိုနဲ့ငါးပါးမှောက်ခဲ့ရခြင်းတွေ
အထွဋ်အထိပ်ဟာငါ့ကိုစောက်ခွက်ထထပြောင်တယ်။

တစ်ခေတ်လုံးနဲ့ကာမစပ်ယှက်ပြီး
သန္ဓေမမှန်တဲ့သားလောင်းတွေပေါက်ဖွါး
အိပ်လိုက်
စားလိုက်
လိင်ဆက်ဆံလိုက်နဲ့
တဖြည်းဖြည်းပါးလျလာလိုက်တဲ့ရှင်သန်လိုမှုတွေ။
တပ်မက်မှုထဲဒိုင်ဗင်ပစ်ဆင်းပြီးသွားတဲ့နောက်
မေတ္တာကိုငါရှာမတွေ့တော့ဘူး။

အရည်ပျော်ကျနေတဲ့အခန်းနံရံဟာ
ငါ့ကလီဆာတွေကိုဆွဲစုပ်
ပိန်းကေလာတွေကူးခတ်နေတဲ့အစာအိမ်တစ်ခု
ငါ့မှာရှိနေပါလျက်နဲ့
တစ်ကိုယ်လုံးကိုင်ရိုက်ခံထားရသလို
နာကျင်ကိုက်ခဲ။
‌ဂျက်စ်ဂီတနဲ့ကဗျာကလွဲရင်
အခန်းထဲဘယ်ကောင်မှဝင်လာစရာမလိုဘူး။

ဝတ်လစ်စလစ်နဲ့အမျိုးသမီးရဲ့ကောက်ကြောင်းတွေထဲ
ငါမေးခွန်းထုတ်နေတဲ့မေတ္တာကဘယ်မလဲ။

ငါ့နထင်ဆီပြေးပြေးဆောင့်နေတဲ့ဝေခွဲမရခြင်းတွေနဲ့အတူ
တိုးပွါးလာတဲ့စိတ်ဆန္ဒတွေကြားထဲက
မောဟိုက်နေတဲ့တိုက်ပွဲ
အတွင်းသားရဲ့ထိတွေ့မှုတွေဆီမြောပါသွားပြီးတဲ့နောက်
ငါဟာ
အချစ်ကိုလည်းမမြင်
စစ်ကိုလည်းမမြင်။

-ချောသွင်
1❤‍🔥11😱3🐳3💔2🔥1
ဝှက်စာ

ကျွန်တော်ဟာ
ဖွံဖြိုးတိုးတက်မှုဆုတ်ယုတ်နေတဲ့တိုင်းငယ်ပြည်ငယ်ထဲက
လူမသိသူမသိကဗျာဆရာတစ်ယောက်ပါပဲ။
ဒါကိုမှသက်သေပြပါဆိုရင်
အာဟာရချို့တဲ့မှု
ရောဂါဘယ
စစ်ပွဲ
မိဘမဲ့ကလေးသူငယ်များ
အစရှိသည်ဖြင့်ကျွန်တော်ရည်ညွှန်းပြရပါလိမ့်မယ်။

-ချောသွင်
2❤‍🔥10😢74🐳3💔2
ဆက်လက် Attention ပေးမည်မဟုတ်တော့ပါ။ တကယ်လို့တစ်ခုခုများဆောင်ရွက်လိုပါက သက်ဆိုင်ရာ တရားရုံးမှဆင့်ခေါ်၍ဖြေရှင်းနိုင်ပါသည်။ ကျွန်တော်လာရောက်ဖြေရှင်းပေးပါမည်။

-ချောသွင်
❤‍🔥10🐳4🔥3😱1
ကဗျာဆရာအချင်းချင်းအထင်တွေလွဲမနေနဲ့ကစ်ဆင်ဆွဲ။
မင်းတို့သာဆွဲမယ်ဆိုချောသွင်ကလည်းအဆင်သင့်ပဲ။

-ပလုတ်တုတ်သွင်
❤‍🔥9😱5🔥31
အင်းလေ
သေခြာတွေးကြည့်တော့လည်း
ငါ့တို့ပျက်ခြင်းတွေအဆင်မပြေခဲ့ကြပုံများ
ဘယ်လောက်ကြေကွဲဖို့ကောင်းလိုက်သလဲ။

-ချောသွင်
💔8❤‍🔥3🔥1🐳1
This media is not supported in your browser
VIEW IN TELEGRAM
Hey Haters. Have a problem?

Vocalist by C to the Thwin.
❤‍🔥9🐳5😱3🔥2
This media is not supported in your browser
VIEW IN TELEGRAM
ကဗျာဆရာလို့တော့ပြောတာပဲ။
အသိုင်းနဲ့အဝိုင်းနဲ့
အပိုင်းနဲ့ဂိုဏ်းနဲ့။

-ချောသွင်
😱7🐳4🔥3
Forwarded from All about Hlying !
This media is not supported in your browser
VIEW IN TELEGRAM
Official cypher - Hlying Yuu Lwint

မင်းတို့ ရူးပြီးကျက်တဲ့တေးက
ငါ မူးပြီးရွတ်တဲ့စကေး။
😱9❤‍🔥7🔥3
Forwarded from စာပေရိပ်မြုံ (ထက်အရုဏ်)
❤‍🔥6🔥2🐳2
အင်ပေါဇေးဘဲလ်

အာဆင်နယ်ချန်ပီယန်လိဂ်ဖလားမရဖူးဘူး။
မင်းငါ့ကိုဘယ်တုံးကမှမချစ်ဖူးဘူး။
ဘာဆိုင်လဲကွာ---
ကိုယ့်အိမ်ကွင်းမှာမှ
ကိုယ်မင်းကိုလက်လွှတ်ဆုံးရှုံးခဲ့ရတယ်ဆိုတာ။

-ချောသွင်
😱7🔥53😢3
This media is not supported in your browser
VIEW IN TELEGRAM
စစ်ကြီးထဲမှာပန်းတွေပွင့်တဲ့အခါ

စစ်ကြီးထဲမှာချစ်ရမယ်လို့
ဘယ်သူထင်မှာလဲခင်နှင်းဆီရဲ့။

-ချောသွင်

ရွတ်သူ - Relax
1❤‍🔥9😢4🔥1🐳1