ချိတ်-The Hook
Photo
🔎 Demonstrated Interest အကြောင်း တစ်စေ့တစ်စောင်း
𝐖𝐡𝐚𝐭 𝐢𝐬 𝐃𝐞𝐦𝐨𝐧𝐬𝐭𝐫𝐚𝐭𝐞𝐝 𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭?
ပထမဦးဆုံး Demonstrated Interest ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းနဲ့ အစပြုရမယ်ဆိုရင် US က ကျောင်းတွေက ကျောင်းသားတစ်ယောက်ကို ကျောင်းဝင်ခွင့် ပေး၊ မပေးဆိုတာကို စဉ်းစားဆုံးဖြတ်ကြတဲ့အခါမှာ Factors အများကြီးကို ထည့်သွင်းစဉ်းစားတဲ့ Holistic Admissions ကို ကျင့်သုံးကြပါတယ်။ အဲ့ဒီ Factor တွေထဲက တစ်ခုအပါအဝင်ပဲဖြစ်တဲ့ Demonstrated Interest ကတော့ ကိုယ်က ကျောင်းတစ်ကျောင်းကို လျှောက်တဲ့အခါ အဲ့ဒီကျောင်းအပေါ်မှာ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှု ဘယ်လောက်ရှိသလဲဆိုတာကို ထည့်သွင်းစဉ်းစားတဲ့အချက်လို့ ဆိုရပါမယ်။
သို့ပေမယ့် ဒီအချက်ကတော့ တခြား Factor တွေဖြစ်တဲ့ Academics, Extracurriculars, and Essays တွေနဲ့ယှဉ်ရင် အရမ်းအရေးမကြီးတာကိုလည်း သတိပြုရပါမယ်။ ကိုယ်က အပေါ်မှာပြောခဲ့တဲ့ Factor တွေဖြစ်တဲ့ Academic တို့ ဘာတို့မှာ Strong မဖြစ်ဘဲ Demonstrated Interest တစ်ချက်နဲ့တင် ကျောင်းဝင်ခွင့်ရဖို့ မဖြစ်နိုင်ဘူးဆိုတာ ပြောပါရစေ။ ဟင်.. Demonstrated Interest က အရေးမကြီးဘူးဆိုရင် ဒါကိုဘာလို့ ထည့်သွင်းစဉ်းစားနေဦးမလဲ၊ ကျောင်းတွေကလည်း ဘာလို့ ဒီအချက်ကို ဆက်ပြီး ကျင့်သုံးနေသေးသလဲ..။
𝐖𝐡𝐲 𝐝𝐨 𝐭𝐡𝐞𝐬𝐞 𝐬𝐜𝐡𝐨𝐨𝐥𝐬 𝐚𝐥𝐬𝐨 𝐜𝐨𝐧𝐬𝐢𝐝𝐞𝐫 “𝐃𝐞𝐦𝐨𝐧𝐬𝐭𝐫𝐚𝐭𝐞𝐝 𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭” 𝐟𝐚𝐜𝐭𝐨𝐫?
ဘာလို့လဲဆိုရင် ကျောင်းတွေက Admissions လက်ခံတဲ့အချိန် ကျောင်းသားတွေ ရာချီထောင်ချီ လျှောက်ကြတဲ့အခါမှာ ဘယ်ကျောင်းသားတွေကို ဝင်ခွင့်ပေးသင့်တယ်၊ မပေးသင့်ဘူးဆုံးဖြတ်တဲ့အခါ အကြပ်ရိုက်စရာ အခြေအနေမျိုးတွေ့ခဲ့ရင် Demonstrated Interest ကို ထည့်သွင်းစဉ်းစားဖို့ပဲဖြစ်ပါတယ်။ ဘယ်လို အကြပ်ရိုက်စရာကိစ္စမျိုးလဲဆိုရင် ဥပမာ ကျောင်းသား 5 ယောက်ရဲ့ Application ကို Review လုပ်တဲ့အခါ အဲ့ဒီကျောင်းသား 5 ယောက်စလုံးက အရေးကြီးတဲ့ Factor တွေလို့ ယူဆထားတဲ့ Academics, Extracurriculars နဲ့ Essays တွေမှာ အရည်အချင်းက အတူတူနီးပါးဖြစ်လာတဲ့အခါမှာ ကျောင်းတွေက ဒါကို နောက်ဆုံးဝှက်ဖဲအနေနဲ့ ထုတ်သုံးတတ်ကြပါတယ်။ ဆိုတော့ အားလုံးက အရည်အချင်းအတူတူ ဖြစ်သော်ငြားလည်း ကိုယ်လျှောက်တဲ့ကျောင်းနဲ့ ပတ်သက်ပြီး ဘယ်လောက စိတ်ဝင်စားမှုရှိလဲ၊ စိတ်အားထက်သန်သလဲဆိုတဲ့ အကြောင်းကို မျက်ဝါးထင်ထင်ပြထားတဲ့ ကျောင်းသားကို ရွေးချယ်ဖို့ ရာခိုင်နှုန်းက ကျိန်းသေပေါက် ပိုများမှာပဲဖြစ်ပါတယ်။
ဒီနေရာမှာ သတိချပ်စရာတစ်ခုကတော့ ကိုယ်က ဘယ်လောက်ပဲ ရည်သန်မှုရှိရှိ ကျောင်းတွေက သူတို့သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေ (Academics, Extracurriculars,...) နဲ့ ကိုက်ညီမှုမရှိရင်လည်း ကျောင်းဝင်ခွင့်ပယ်ချခံရနိုင်သလို ကိုယ်က သူတို့ Standard ထက် အရမ်းတော်နေ၊ ပိုထက်မြက်နေပေမယ့်လည်း ခုနကပြောပြခဲ့သလို အခြေအနေမျိုးနဲ့ကြုံလာတဲ့အခါမှာ ကိုယ့်အနေနဲ့ Demonstrated Interest ကို Showcase မလုပ်ထားရင်လည်းပဲ Reject ခံရဖို့ အလားအလာရှိပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ကိုယ့်ဘက်ကနေ လစ်ဟင်းမှုမရှိဘဲ အကုန်လုံးကို အဘက်ဘက်ကနေ ဖြည့်ထားဖို့တော့ လိုတာပေါ့နော် ။👩🏻🎓
𝐖𝐚𝐲𝐬 𝐭𝐨 𝐬𝐡𝐨𝐰𝐜𝐚𝐬𝐞 𝐲𝐨𝐮𝐫 𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭
ဘယ်လိုနည်းတွေနဲ့ ကျောင်းတွေကို ကိုယ့်ရဲ့ Interest ကို သိအောင် ချပြရမလဲဆိုရင် -
⭐ ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်ကတော့ ကျောင်းလျှောက်တဲ့အခါမှာ Early Decision (ED) နဲ့ လျှောက်တာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ED လျှောက်တဲ့အခါ ကျောင်းဝင်ခွင့်ရခဲ့တယ်ဆိုရင် အဲ့ဒီကျောင်းကိုပဲ တက်ပါမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ Bond ထိုးပေးရတာမလို့ ဒီနည်းလမ်းက သူတို့ကျောင်းကို တကယ်တက်ချင်ပါတယ်ဆိုတဲ့ သဘောကို သက်ရောက်နေပါတယ်။ ဒါ့အပြင် ကျောင်းသားတွေအနေနဲ့ Early Decision အတွက် အမေရိကမှာ ကျောင်းတွေ မရေမတွက်နိုင်အောင် ရှိတဲ့ထဲမှာမှ ကျောင်းတစ်ကျောင်းကိုသာ ရွေးချယ်ပြီး လျှောက်ရတာဖြစ်လို့ ဥပမာ ကိုယ်က ED အတွက် Yale ကို ရွေးလိုက်မယ်ဆိုရင် ဒီကျောင်းက ကိုယ့်ရဲ့ဦးစားပေး Top Choice ဖြစ်တဲ့ကျောင်းဆိုတာကိုလည်း တိုက်ရိုက်ပြောပြရာရောက်ပါတယ်။
ကျောင်းတွေက ဘာလို့ သူတို့ကျောင်းတွေကို Early Decision အနေနဲ့ ရွေးချယ်ပြီး လျှောက်ကြတဲ့ ကျောင်းသားတွေကို ပိုပြီး Prefer ဖြစ်ကြလဲဆိုရင် ကျောင်းတက်ကို တက်ပါမယ်ဆိုတဲ့ ခံဝန်ချက်ပါပြီးသားဖြစ်တဲ့အတွက် သူတို့ကျောင်းရဲ့ “Yield Rate” ကိုမြှင့်တင်ရလဲရောက်လို့ပါ။ ဒီနေရာမှာ “Yield Rate” ဆိုတာကို ဥပမာပေးရရင်တော့ ကျောင်းတွေကနေ ဝင်ခွင့်ရတဲ့ ကျောင်းသားတွေကို Acceptance Letter Offer တဲ့အခါမှာ ကျောင်းသားတွေဘက်ကနေပြီး အဲ့တာကို ပြန် Accept လုပ်ပြီး ဒီကျောင်းမှာပဲတက်ပါမယ်ဆိုတဲ့ Decision ကိုချတဲ့နှုန်း ဒါမှမဟုတ်ရင် ကျောင်းသားအရေအတွက်လို့ ပြောရပါတယ်။ ဒါကြောင့် “Yield Rate” က တခြားကျောင်းတွေနဲ့ ယှဉ်တဲ့အခါ သူတို့ကျောင်းရဲ့ Ranking နဲ့ Reputation ကို Affect ဖြစ်တာမလို့ ED နဲ့လျှောက်တဲ့ကျောင်းသားတွေကို ပိုစဉ်းစားပေးတာဖြစ်ပါတယ်။

Facebook
Log in or sign up to view
See posts, photos and more on Facebook.
❤1
ချိတ်-The Hook
Photo
⭐ ဒုတိယအရေးအကြီးဆုံးအချက်ကတော့ မရှိမဖြစ် Essays တွေပဲဖြစ်ပါတယ်။ အက်ဆေးတွေက ကိုယ်ပိုင်နည်း၊ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်အတွေးတွေကို သုံးပြီး Admissions Team တွေဆီ တိုက်ရိုက်ဆက်သွယ်လို့ရနိုင်တဲ့ တယ်လီဖုန်းလေးတွေလို့ တင်စားလို့ရပါမယ်။ ကျောင်းတော်တော်များများက "Why us" ဆိုတဲ့ သူတို့ကျောင်းကို ဘာလို့ရွေးရသလဲဆိုတာနဲ့ “Why this major” ဆိုတာတွေကို ရေးခိုင်းလေ့ရှိပါတယ်။ အဲ့အခါမှာ ကိုယ်က ဒီအခွင့်အရေးကို အသုံးချပြီး ဒီကျောင်းကို၊ မေဂျာကို ဘာလို့ရွေးရသလဲဆိုတဲ့ စိတ်အားထက်သန်မှုကို သက်သေပြနိုင်ဖို့ရာအတွက် အခွင့်ကောင်းတစ်ခုပါပဲ။
𝖳𝗂𝗉𝗌:
⋄ “Why us” essay တွေရေးတဲ့အခါ - ကိုယ်လျှောက်ဖို့လျာထားတဲ့ကျောင်းကနေ Offer ပေးတဲ့ Academic Programs တွေ Personal Development Oppurtunies စတာတွေကို နှိုက်နှိုက်ချွတ်ချွတ် Research လုပ်ထားတတ်ဖို့လိုပါမယ်။
⋄ “Why this major” essay တွေရေးတဲ့အခါ - ဒီတက္ကသိုလ်မှာ ဒီမေဂျာက ကောင်းလို့၊ နာမည်ကြီးလို့ လျှောက်တာပါဆိုတာထက် ကိုယ်က ဘယ်လိုအကြောင်းအရာတွေကို သင်ယူရတာသဘောတွေ့ မနောခွေ့လို့၊ ဘယ်လိုမျိုး Goal တွေရှိလို့ပါဆိုပြီး ပြောပြတတ်ဖို့လည်း လိုပါဦးမယ်။
⭐ နောက်ဆုံးတစ်ချက်ကတော့ ကျောင်းဘက်ကနေ Next Step အနေနဲ့ Interview ဖြေဖို့ ကမ်းလှမ်းလာခဲ့ရင် (ဒီနေရာမှာ တချို့ကျောင်းတွေက Interview တွေကို Optional အနေနဲ့သတ်မှတ်ထားပေမယ့်လို့ ကိုယ်ရဲ့ Enthusiasm ကို ချပြဖို့ဆိုရင်) Interview ကို Accept လိုက်ခြင်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ Interview ဖြေပြီး Q & A session ရောက်လို့ ကျောင်းနဲ့ပတ်သက်ပြီး ကိုယ်မေးချင်တဲ့မေးခွန်းကို မေးခိုင်းတဲ့အခါ ကိုယ်လျှောက်တဲ့ Institution အကြောင်းကို သေချာ Research လုပ်ထားပြီး မေးခွန်းကို သေချာပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
𝐁𝐢𝐭𝐬 & 𝐏𝐢𝐞𝐜𝐞𝐬
အစပိုင်းမှာ ပြောပြခဲ့သလိုပဲ ကျောင်းအများစုကတော့ Demonstrated Interest ကို အရေးကြီးတဲ့ Factor တစ်ခုအနေနဲ့ ထည့်သွင်းမစဉ်းစားပေမယ့်လို့ Lehigh University ကတော့ Important အနေနဲ့ သတ်မှတ်ထားပါတယ်။ ဒီတော့ ကိုယ်လျှောက်မယ့်ကျောင်းက “Level of applicant's interest” လို့ခေါ်တဲ့ Demonstrated Interest ကို Not Considered, Considered, Important, or Very Important ဆိုပြီး ဘယ်လို သတ်မှတ်ထားသလဲဆိုတာကို သိဖို့အတွက် သက်ဆိုင်ရာကျောင်းရဲ့ သက်ဆိုင်ရာ CDS မှာ ရှာဖွေကြည့်လို့ရပါတယ်။
Common Data Set ဆိုတာ ဘာလဲ မသိသေးသူတွေအတွက်
https://www.facebook.com/share/p/jaeG7UMeWBLeAAUs/?mibextid=oFDknk
ကဲ ဒါဆိုရင် ကျောင်းလျှောက်တဲ့အခါမှာ Demonstrated Interest ကို သေချာ ပြနိုင်ပြီး မိမိတက်ချင်တဲ့ ကျောင်းတွေကနေ ၀င်ခွင့်တွေတသီကြီးရလို့ အဆင်ပြေချောမွေ့ကြပါစေ ဆုတောင်းရင်း..👩🏻🎓
Chate your dreams 🪝
ချိတ် - The Hook
Content Writer - Wai Hnin Paing
Graphic Designer - Thu San Htet

❤3
ချိတ်-The Hook
Photo
Letter of Recommendation ဘယ်လိုတောင်းမလဲ။ 📧✒️❔
US ကျောင်းတွေဟာ ကျောင်းသားတွေကို ဝင်ခွင့်ပေး မပေးဆုံးဖြတ်ကြရာမှာ Academic Achievement တစ်ခုတည်းကို ကြည့်တာမဟုတ်ဘဲ Holistic Review ဆိုတဲ့ ကျောင်းလျှောက်သူတွေရဲ့ ဘက်ပေါင်းစုံကို ခြုံငုံစဉ်းစားလေ့ရှိပါတယ်။ ဒါကြောင့်မို့ US ကျောင်းတွေလျှောက်တဲ့အခါ Academic ပိုင်းအပြင် Extracurricular Activities၊ Personal Statements၊ Letter of Recommendation စတဲ့ Document တွေကိုလည်း ပေးပို့ရပါတယ်။ ဒီထဲမှာမှ “Recommendation Letter” ဟာ ကျောင်းသားတွေကိုယ်တိုင်မရေးရဘဲ အခြားသူတစ်ယောက်ကို ရေးသားခိုင်းရတဲ့ တစ်ခုတည်းသော ထူးထူးခြားခြား စာတစ်စောင်ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ရှု့ထောင့်ကနေ ရေးထားတာမဟုတ်ဘဲ အခြားသူတစ်ယောက်ကနေ ရေးထားတာဖြစ်လို့ Letter of Reommendation ဟာ ကျောင်းသားတွေရဲ့ စာရိတ္တ၊ အပြုအမှု၊ စိတ်နေစိတ်ထားကို အကောင်းဆုံးဖော်ပြပေးနိုင်တဲ့ စာတစ်စောင်ဖြစ်တယ်ဆိုပြီး တက္ကသိုလ်တွေက ယူဆကြပါတယ်။ ဒါ့အပြင် Letter of Recommendation ကနေ ကျောင်းသားတွေလုပ်ခဲ့တဲ့ Extracurriculum Activities တွေ၊ Social Activities တွေကိုလည်း ဖော်ပြပေးနိုင်ပါတယ်။ ဒါကြောင့်မို့ Letter of Recommendation ဟာ ကျောင်းလျှောက်ရာမှာ အရေးပါအရာရောက်စေတဲ့ စာတစ်စောင်ဖြစ်ပြီး (အကယ်၍ Recommendation Letter ကောင်းကောင်းသာ တင်ပြနိုင်မယ်ဆိုရင်) Financial Aid အမြောက်အမြားကိုပါ ရရှိစေမှာပါ။
ဘယ်သူ့တွေဆီက Letter of Recommendation တောင်းကြမလဲ။ ❔👥
Letter of Recommendation ကို “ဘယ်သူ့ဆီကနေ တောင်းခံရမယ်” ဆိုပြီး ကန့်သတ်ထားတာ မရှိပေမဲ့ Letter ကိုရေးပေးတဲ့ သူအပေါ်မူတည်ပြီး တက္ကသိုလ်တွေဘက်ကနေ ကျောင်းသားအပေါ်ထားရှိတဲ့ Impression ကွာနိုင်တာကြောင့် Recommendation Letter အတွက် Right Person ကိုရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။
ပုံမှန်အားဖြင့် ကိုယ့်ကို သင်္ချာ၊ အင်္ဂလိပ်၊ သိပ္ပံ၊ Social Studies စတဲ့ ဘာသာရပ်ကြီးတွေသင်ကြားပေးဖူးတဲ့ ဆရာ၊ဆရာမတွေဆီကနေ Recommendation Letter တောင်းခံနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်အကြောင်း တကယ်သိပြီး၊ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်ရှိတဲ့ ဆရာ၊ဆရာမတွေကို တောင်းတာက အကောင်းဆုံးဖြစ်ပါတယ်။ Counselor တွေကတော့ Grade 11 ကိုသင်ကြားပေးခဲ့တဲ့ ဆရာတွေဆီကနေ တောင်းဖို့ အကြံပေးထားပါတယ်။
*တစ်ချို့တက္ကသိုလ်တွေက ကိုယ်ယူမယ့် မေဂျာအပေါ်မူတည်ပြီး ဘယ်ဘာသာရပ်ကို သင်ကြားပေးတဲ့ ဆရာတွေကနေ တောင်းခံရမယ်ဆိုပြီ Requirement တစ်ခုအနေနဲ့ တောင်းလေ့ရှိလို့ ကိုယ်လျှောက်မယ့်တက္ကသိုလ်ရဲ့ ဝက်ဆိုက်ကို အရင်ဆုံးလေ့လာသင့်ပါတယ်။
ဥပမာဆိုရင်- MIT ကနေပြီး Science Teacher ဆီက တစ်စောင်၊ Humanities Teacher ဆီက တစ်စောင် တောင်းဖို့လိုအပ်တာမျိုး ရှိတတ်ပါတယ်။
အကယ်၍ ဘယ်ဆရာဆရာမကိုမှ မသိဘူး။ မရင်းနှီးနေဘူးဆိုရင်ကော။ 🫥🫂
Letter of Recommendation ရဲ့အသက်ဟာ ကိုယ်မဟုတ်တဲ့ သူတစ်ယောက်ကနေ ကိုယ့်အကြောင်းကို ကောင်းကောင်းဖော်ပြပေးဖို့ ဖြစ်တာကြောင့် Letter ရေးပေးမယ့်သူဟာ ကိုယ်နဲ့ “ရင်းနှီးနေဖို့” လိုအပ်ပါတယ်။ ဒါကြောင့် Letter ရေးပေးနိုင်မယ့် ဆရာ၊ ဆရာမတွေနဲ့ အချင်းချင်းသိကျွမ်းအောင် ကျောင်းသားတွေဘက်ကနေ အားထုတ်သင့်ပါတယ်။ ဥပမာအားဖြင့် စာသင်ချိန်တွင်းမှာ ကိုယ့်ကိုသတိထားမိအောင် စာမေးတာ၊ စာသင်ချိန်ပြင်ပမှာလည်း တရင်းတနှီးစကားပြောတာ၊ Social Media Account တွေမှာ Follow လုပ်တာ၊ ကိုယ့်ရဲ့ပြဿနာတွေကို ရင်ဖွင့်ပြောဆိုတာ စတာတွေကို လုပ်ဆောင်ပြီး ဆရာ-တပည့် ရင်းနှီးအောင် ပြုလုပ်လို့ရပါတယ်။ အဲ့ကနေတစ်ဆင့် ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဆရာတွေဘက်ကနေ သိလာမှာဖြစ်ပြီး၊ ကိုယ့်အတွက် အကောင်းဆုံး Recommendation Letter ကိုရေးပေးနိုင်မှာဖြစ်ပါတယ်။
မြန်မာကျောင်း ဆယ်တန်းနဲ့ လျှောက်ထားမယ့်သူတွေအနေနဲ့ကတော့ အကယ်၍ လက်ရှိအချိန်မှာ အစိုးရကျောင်းဘက်ကို ဆက်သွယ်ရတာ ခက်ခဲနိုင်ပါတယ်။ ဒီလိုအခြေအနေမှာဆိုရင် ကိုယ့်ကို ဘာသာရပ်သင်ကြားဖူးပြီး ခင်မင်ရင်းနှီးတဲ့ ဆရာ၊ ဆရာမ တစ်ယောက်ယောက်ကို ချဉ်းကပ်သင့်ပါတယ်။ အကယ်၍ ဆရာ၊ဆရာမ အနေနဲ့ နည်းပညာနဲ့ အကျွမ်းတ၀င်မရှိတာမျိုး၊ Common App ကနေ ဘယ်လို Submit လုပ်ပေးရမှန်းမသိတာမျိုးဆိုရင်တော့ မိမိအနေနဲ့ အချိန်ကြိုတင်ယူပြီး Assist လုပ်ပြီး သေချာလေး ရှင်းပြထားစေချင်ပါတယ်။ အင်္ဂလိပ်လို ရေးပြီးတင်ဖို့ရာ ဘာသာစကား အခက်အခဲရှိတဲ့ ဆရာ၊ဆရာမ ဖြစ်နေတယ်ဆိုရင်လည်း မိမိဘက်က ဘာသာပြန်ဖို့အတွက် အင်္ဂလိပ်ဆရာမ တစ်ယောက်ယောက်ကို အကူအညီတောင်းတာမျိုး နည်းလမ်းတွေကို ကြိုတင်စဉ်းစားထားစေချင်ပါတယ်။
ဘယ်ချိန်စတောင်းသင့်လဲ။ ⏳
Recommendation Letter ကို စောစောစတောင်းနိုင်လေ ကောင်းလေဖြစ်ပါတယ်။ မတောင်းရသေးဘူးဆိုရင် August လမှာ College Application တွေစဖွင့်တော့မှာမို့ Recommendation Letter အတွက် စပြီးလုပ်သင့်ပါပြီ။ ဆရာတွေဟာလည်း သူ့အလုပ်နဲ့သူရှိတာဖြစ်လို့ Letter ရေးဖို့ အနည်းဆုံး (၂)ပတ်ခန့် အချိန်ပေးသင့်ပါတယ်။
အရေးကြီးပြီ။ တောင်းမယ့် Recommender တွေကို ဘယ်လို ချဉ်းကပ်ရမလဲ🗣️❔

🔺“It’s all about communication” ဖြစ်ပါတယ်။ Media Platform ပေါ်ကမဟုတ်ဘဲအပြင်မှာ ကိုယ်တိုင်ကိုယ်ကျတောင်းခံသင့်ပါတယ်။ အပြင်မှာ Face-to-face စကားပြောဆိုပြီး Recommendation Letter တောင်းတာက ဆရာ့အပေါ်လေးစားမှုကို ပြသသလို သူရေးပေးလိုက်မယ့် စာက ကျောင်းသားအတွက် အရေးကြီးကြောင်းလည်း ဆိုလိုရာရောက်ပါတယ်။ ကိုယ်နဲ့ ဆရာနဲ့က နီးနီးနားနားမရှိဘဲ အဝေးရောက်နေတယ်ဆိုရင် ဖုန်းဆက်ပြီး တောင်းခံနိုင်ပါတယ်။ နောက်ဆုံးဖုန်းဆက်ဖို့လည်း အဆင်မပြေမှ Email ကနေစာပို့ပြီး ဆက်သွယ်တောင်းခံသင့်ပါတယ်။
အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ Recommendation Letter တောင်းတဲ့အခါ ❌ဆရာတွေအစားစားနေတဲ့အချိန်မတောင်းသင့်ပါဘူး။
❌ဒါ့အပြင်စာမသင်ခင်အချိန်မှာလည်း မတောင်းသင့်ပါဘူး။
❌ဆရာတွေ စိတ်မကြည်မလင်ဖြစ်နေတဲ့အချိန်၊ ဒေါသဖြစ်နေတဲ့အချိန်မှာလည်း မတောင်းသင့်ပါဘူး။
❌Social Media အကောင့်တွေကနေ Texting လုပ်ပြီးလည်း မတောင်းသင့်ပါဘူး။
❌အခြားကျောင်းသားတွေရှိနေတဲ့ အချိန်မှာလည်း မတောင်းသင့်ပါတယ်။ (ဆရာနဲ့ ကိုယ် နှစ်ကိုယ်ကြားရှိနေတဲ့အချိန်မှာ တောင်းခံသင့်ပါတယ်)။
🔺Recommendation Letter ထဲမှာ ကိုယ်ပါစေချင်တဲ့ အချက်တွေကို ဆရာကို သေသေချာချာပြောပြထားသင့်ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ Extracurriculm Activities တွေ၊ ကိုယ့်ရဲ့ထူးခြားတဲ့ Talent တွေကိုလည်း ပြောပြထားသင့်ပါတယ်။ ဒါမှ ဆရာကနေ ကိုယ့်အတွက် Recommendation Letter ကို ကောင်းကောင်းရေးသားနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ့်ဖာကိုယ် ကိုယ့်အကြောင်းတွေ သေသေချာချာ ပြုစုထားတဲ့ Resume Sheet တစ်ခုလုပ်ပြီး ဆရာကို Reference Sheet အနေနဲ့ ပို့ပေးလို့ရပါတယ်။
တစ်ချို့ကျောင်းသားတွေက ဆရာအလုပ်မအားမလပ်ဖြစ်နေတဲ့အခါ (ဒါမှမဟုတ်) Application Deadline နီးကပ်သွားတဲ့အခါ Recommendation Letter မှာထည့်မယ့် စာသားတွေကို ကိုယ်တိုင်ရေးပြီး ဆရာကို လက်မှတ်ထိုးခိုင်းလေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမရောက်ရလေအောင် Recommendation Letter ကို စောနိုင်သမျှစောနိုင်အောင် တောင်းခံသင့်ပါတယ်။
🔺ဆရာတွေကို College Deadline ပြောပြပေးပါ။ ဒါမှ ဆရာဘက်ကနေ Letter ရေးဖို့အတွက် အချိန်စီစဉ်လို့ရမှာဖြစ်ပါတယ်။ Deadline မတိုင်ခင် နှစ်ပတ်အလို လောက်တည်းက Rec Letter ကို ရအောင်လုပ်တာက အကောင်းဆုံးဖြစ်ပါတယ်။
Recommendation Letter ဘယ်နှစောင်လိုလဲ။ 🔢
စာဘယ်နှစောင်လိုမလဲဆိုတာက ကိုယ်လျှောက်မယ့်ကျောင်းအပေါ်မှာမူတည်ပါတယ်။ များသောအားဖြင့် ထောက်ခံစာ တစ်စောင်ကိုသုံးပြီး ကျောင်းတွေအားလုံးကို ပေးပို့လို့ရပါတယ်။ တစ်ချို့ကျောင်းတွေကတော့ သူတို့ကျောင်းကို လျှောက်ဖို့အတွက် သီးသန့် Recommendation Letter သုံးပေးရပါတယ်။ ဒါကြောင့်မို့ ကိုယ်လျှောက်မယ့် ကျောင်း ဝက်ဆိုက်ကို သေချာလေ့လာသင့်ပါတယ်။ ယေဘုယျအားဖြင့် ဘာသာရပ်သင်ဆရာ နှစ်ယောက်ကနေ Letter တစ်ခုစီ၊ မိမိရဲ့ High School Counselor သို့ Principal ဆီကနေ တစ်ခု အနည်းဆုံးရှိထားသင့်ပါတယ်။ မြန်မာကျောင်းကနေ လျှောက်ထားမယ်ဆိုရင် အစိုးရအထက်တန်းကျောင်းတွေမှာ Counselor မရှိတဲ့ အတွက် ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီး တွေကို ချဉ်းကပ်ကြပါတယ်။ အကယ်၍ ကျောင်းအုပ်က မကူညီနိုင်တဲ့ အခါမှာဆိုရင် Subject Head ဘာသာရပ်ခေါင်းဆောင်ဆရာမ ကဲ့သို့သော ရာထူးရှိတဲ့ ဆရာ၊ဆရာမ တစ်ဦးဦးကို Counselor အစားထိုးအနေနဲ့ တင်ပြနိုင်ပါတယ်။ (College Application ထုံးစံမှာ Counselor အစားထိုး လုပ်လေ့မရှိပေမယ့် မြန်မာနိုင်ငံအစိုးရကျောင်းတွေမှာ မရှိတဲ့ စနစ်တစ်ခုဖြစ်နေတာမလို့ သေချာလေးပြောပြပြီး အစားထိုးဆရာ ကြိုတင်ရှာထားစေချင်ပါတယ်။)
အချို့ကောလိပ်တွေကနေ Peer Rec Letter သို့မဟုတ် Additional Rec Letter တွေလည်း ပေးပို့လို့ရပါတယ်ဆိုပြီး ခွင့်ပြုထားပါတယ်။ ဒါကြောင့် ကိုယ်နဲ့ အလုပ်တွဲလုပ်ဖူးတဲ့ ဆရာတွေ၊ တခြား ကိုယ့်အကြောင်းကို ပြည့်ပြည့်စုံစုံသိတဲ့ သူငယ်ချင်း သို့မဟုတ် ရာထူးတစ်ခုခုရှိတဲ့ လူတစ်ယောက်ဆီကနေ Rec Letter တစ်ခုစီတောင်းထားလို့ရပါတယ်။
Recommendation Letter ဘယ်လို ထပ်မလဲ။ 📬❔
Rec Letter ကိုကျောင်းသားတွေကနေ ထပ်လို့မရဘဲ ထောက်ခံစာရေးပေးတဲ့သူကနေ တိုက်ရိုက်ထပ်ပေးရပါတယ်။ ဥပမာ- ကျောင်းသားက Common App ကိုသုံးရင် Common App Website ကနေ Submit လုပ်ပေးရပါတယ်။ Recommendation Letter ပေးပို့တဲ့အခါ ကျောင်းသားဘက်ကနေ FERPA Rights တွေကို တောင်းဆိုမလား (reserve)၊ စွန့်လွတ်မလား (waive) ဆိုပြီး ရွေးပေးရပါတယ်။ FERPA Rights ဆိုတာက ကျောင်းသားတွေကို သူတို့ရဲ့ ကိုယ်ပိုင် Academic Records တွေကို စိတ်တိုင်းကျစီမံခန့်ခွဲခွင့်ပေးထားတဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကိုယ်က FERPA Rights တွေကို Waive မလုပ်ထားဘူးဆိုရင် Rec Letter ရေးပေးမယ့်ဆရာတွေကို သူတို့စိတ်တိုင်းကျရေးခွင့်မပေးဘဲ ကျောင်းသားတွေဘက်ကနေ ဖတ်ထားတယ် ဒါမှမဟုတ် ဝင်ရောက်စွက်ဖက်ထားတယ်ဆိုပြီး တက္ကသိုလ်ကနေ ယူဆတဲ့အတွက် FERPA Rigts Waive မလုပ်ထားတဲ့ Rec Letter တွေဟာ အားပျော့သွားလေ့ရှိပါတယ်။
ကောင်းမွန်တဲ့ Letter of Recommendation သာဓက ✉️

ဒီမှာကတော့ ချိတ်ရဲ့ Co-Founder ကို အောင်ခန့်ပိုင်အတွက် သူ့ဆရာ ရေးပေးခဲ့တဲ့ Rec Letter Sample တစ်ခုဖြစ်ပါတယ်။
(https://drive.google.com/file/d/18RxrKrHsoTGnxGCbkWxtApw7y-CRSrPS/view)
ဒါဆိုရင်တော့ Recommendation Letter ကိုဘယ်လိုတောင်းကြမလဲဆိုတဲ့ အကြောင်းအရာကို ခရေစေ့တွင်းကျ သိသွားလောက်မယ်လို့ ယုံကြည်ပါတယ်။ အကောင်းမွန်ဆုံး Rec Letter တွေကို ရေးပေးကြတဲ့ ဆရာ၊ ဆရာမတွေကို ကျေးဇူးတင်စကားပြောကြဖို့လည်း မမေ့ကြပါနဲ့နော်။ နောက်ပြီး ကျောင်းဝင်ခွင့်ရသွားတဲ့အခါလည်း ဆရာ၊ ဆရာမတွေကို သေချာပေါက် ပြောပြပေးကြပါ။
Content Writer: Kyaw Zin Tun
Graphic Designer: Kyail Nay La

❤4👍1
ချိတ်-The Hook
Photo
ငွေရေးကြေးရှင်းတမ်း (ခေါ်) 𝗖𝗦𝗦 𝗣𝗿𝗼𝗳𝗶𝗹𝗲
𝗖𝗦𝗦 𝗣𝗿𝗼𝗳𝗶𝗹𝗲 ဆိုတာဘာလဲ?
အမေရိက က ကျောင်းတွေကို လျှောက်တဲ့အခါ College Application အတွက်ဆိုရင် Common App ကို သတိရဖို့လိုသလို Financial Aid လျှောက်ဖို့ဆိုရင် CSS Profile ကို မေ့ထားလို့မဖြစ်လို့ပါဘူး။🧏🏻♀️ ဘာလို့လဲဆိုရင် CSS Profile က Financial Aid လျှောက်ရတဲ့ Platform တစ်ခုဖြစ်ပြီးတော့ ပုံမှန် Application Process ထဲမှာ မပါဘဲ ကျောင်းသားတွေ သီးသန့်လျှောက်ရတာဖြစ်ပါတယ်။ ဒီအပေါ်မှာမူတည်ပြီးတော့ ကျောင်းသားတစ်ယောက်ရနိုင်တဲ့ Financial Aid ပမာဏကွာခြားသွားနိုင်တာမလို့ ကျောင်းလျှောက်မယ့်သူတွေ နှံ့နှံ့စပ်စပ် သိထားဖို့ အရမ်းအရေးကြီးပါတယ်။
ဒါကြောင့် CSS Profile အတွက် Application တင်ဖို့ဆိုရင် အရင်ဆုံး သူ့ရဲ့ Website ကိုသွားပြီး Account ဖွင့်ရပါမယ်။ ချောချောမွေ့မွေ့နဲ့ ဘာအခက်အခဲမှ မရှိဘဲလျှောက်နိုင်ဖို့ဆိုရင် Website ဘယ်လို အလုပ်လုပ်သလဲဆိုတာ ရင်းနှီးထားမှ အဆင်ပြေမှာမလို့ Drop down menus တွေလိုက်နှိပ်ကြည့်ပြီး ကလိလို့ရပါတယ်။👩🏻🔧 Financial Aid Application Form တင်တဲ့အခါ ပထမဆုံးကျောင်းအတွက် $25 ကုန်ကျမှာဖြစ်ပြီးတော့ နောက်ထပ်လျှောက်တဲ့ Additional ကျောင်းတွေအတွက်တော့ $16 ပဲ ကျသင့်မှာဖြစ်ပါတယ်။ Website မှာပါတဲ့ Section headings တွေက တစ်နှစ်နဲ့တစ်နှစ် ကွာခြားနိုင်ပေမယ့်လို့ လိုအပ်တဲ့အဓိက Key Information ကတော့ အတူတူပါပဲ။ အဲ့တာတွေကတော့…
𝟭. 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 (& 𝗥𝗲𝗾𝘂𝗶𝗿𝗲𝗺𝗲𝗻𝘁𝘀)
Personal Information မှာတော့ ပုံမှန်ဖြည့်နေကြအတိုင်းပဲ ကိုယ့်ရဲ့ နာမည်၊ မွေးနေ့၊ Contact Info နဲ့ Citizenship စတာတွေကို ဖြည့်စွက်ပေးရပါမယ်။ နောက်ထပ် ကိုယ့်မိဘတွေရဲ့ Martial Status (ဥပမာ အုပ်ထိန်းသူ တစ်ယောက်ရှိပဲသလား၊ နှစ်ယောက်လုံးရှိသလား) စတာကိုလည်းဖြည့်ပေးရပါမယ်။ ဒါမှသာ ကိုယ့်ရဲ့ Financial Support အခြေအနေကို သိစေဖို့ဖြစ်ပါတယ်။
𝟮. 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 (& 𝗖𝘂𝗿𝗿𝗲𝗻𝗰𝘆)
ကိုယ်နောက်ဆုံးတက်ခဲ့တဲ့ ကျောင်းရဲ့ အချက်လက်တွေကို ဖြည့်ပေးတဲ့အခါမှာ တကယ်လို့ ကျောင်းရဲ့နာမည်က Options ထဲမှာ မပါခဲ့ဘူးဆိုရင် ကိုယ်တိုင် ကျောင်းရဲ့ နာမည်နဲ့ Address ကို ရိုက်ထည့်ပေးလို့ရပါတယ်။ ပြီးတဲ့အခါ ကိုယ် Financial Aid လျှောက်ချင်တဲ့၊ လျှောက်မယ့်ကျောင်းတွေကို ရွေးထားရပါမယ်။ ရွေးတဲ့အခါမှာလည်း ကိုယ်ရွေးလိုက်တဲ့ကျောင်းတွေက Aid ပေးမပေးဆိုတာကို Website မှာ Information တွေ တစ်ခါတည်း Check လို့ရပါတယ်။ အဲ့ဒါတွေအကုန်လုပ်ပြီးရင်တော့ နောက်ဆုံးအနေနဲ့ ကိုယ့်နိုင်ငံရဲ့ Currency (ကျပ်) ကိုရွေးရပါမယ်။ တခြား Monetary Information တို့လို ငွေကြေးအချက်အလက် ဖြည့်ရတဲ့ကိစ္စတွေမှာဆိုရင်လည်း ကိုယ့် Currency နဲ့ပဲ ဖြည့်ရတာဖြစ်ပါတယ်။
𝟯. 𝗣𝗮𝗿𝗲𝗻𝘁𝘀’ 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻, 𝗧𝗮𝘅 𝗗𝗲𝘁𝗮𝗶𝗹𝘀
ဒီ Section မှာတော့ အခွန်ဆောင်ရတာတွေနဲ့ မိဘတွေရဲ့ ဝင်ငွေအသေးစိတ်ကို ဖြည့်ပေးရတာပဲဖြစ်ပါတယ်။
𝗧𝗮𝘅 𝗥𝗲𝘁𝘂𝗿𝗻𝘀 —------> Tax Returns ကတော့ မိဘတွေက သူတို့ရဲ့ ဝင်ငွေထဲကနေဖဲ့ပြီး အခွန်မှန်မှန်ဆောင်တယ်၊ မဆောင်ဘူးဆိုတာကို သက်သေအနေနဲ့ ပြနိုင်မယ့်အရာဖြစ်ပြီးတော့ လွန်ခဲ့တဲ့၂နှစ်ကနေ အခုလက်ရှိအချိန်အထိ ပေးဆောင်လာခဲ့ရသမျှ အခွန်မှတ်တမ်းအကုန်ကို ပြောပြဖို့လိုပါတယ်။ ကိုယ်က တကယ်လို့ အပေါ်က Personal Information မှာ “အုပ်ထိန်းသူနှစ်ယောက် ရှိပါတယ်” လို့ဖြည့်ခဲ့ပြီးတော့ တကယ်လို့ တစ်ယောက်က လက်ရှိမှာ အလုပ်မလုပ်နေဘူးဆိုရင် “အခွန်ဆောင်စရာမလိုတဲ့အတွက်ကြောင့် အခွန်မဆောင်ပါ” ဆိုတဲ့အချက်ကို ရွေးလို့ရပါတယ်။ ဒါဆိုရင် ကျန်ရှိနေတဲ့ အုပ်ထိန်းသူတစ်ယောက်တည်းရဲ့ အခွန်ဆောင်တဲ့အချက်အလက်တွေပဲ ဖြည့်ပေးရတော့မှာပါ။ နောက်ဆုံးမှာတော့ အခုအချိန်ထိ အခွန်ဆောင်ခဲ့တဲ့မှတ်တမ်းအကုန်ကို တွက်ချက်ပြီးတော့ (Income Tax or Corporate/ Business Tax) ဆိုတဲ့ Category ထဲကို ထည့်ပေးဖို့လိုပါတယ်။
𝗜𝗻𝗰𝗼𝗺𝗲 𝗗𝗲𝘁𝗮𝗶𝗹𝘀 𝗼𝗳 𝗣𝗮𝗿𝗲𝗻𝘁𝘀 —------> ကိုယ့်မိဘတွေရဲ့ Recent အဖြစ်ဆုံးဝင်ငွေစာရင်းကို တစ်ခုစီ ဖော်ပြပေးရမှာပဲဖြစ်ပါတယ်။ ဥပမာ မိဘက တခြားလုပ်ငန်းမှာ အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်၊ တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံထားလို့ Interest ရတာတွေလည်း ရှိတယ်ဆိုရင် အဲ့ဒီ Income တွေ အကုန်ကိုရေးပေးရပါမယ်။ ပုံမှန်အားဖြင့်ကတော့ ဒီ Information တွေက CSS profile Submit ပြီးတဲ့နောက်မှာ ဆက်ဖြည့်ရလေ့ရှိတဲ့ “IDOC” Portal မှာ evidential document တွေအနေနဲ့ tax reports documents ဒါမှမဟုတ် Wage Documentation (W-2 forms) ဆိုပြီး တင်ပြရတာဖြစ်ပါတယ်။
𝟰. 𝗛𝗼𝘂𝘀𝗲𝗵𝗼𝗹𝗱 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻, 𝗘𝘅𝗽𝗲𝗻𝘀𝗲𝘀

ဒီ Section မှာတော့ ကိုယ့်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ (ဥပမာ ကား၊ အိမ်၊ ငွေကြေးစုဆောင်းမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ) စတဲ့ အချက်တွေကို ဖော်ပြဖို့လိုပါတယ်။ တကယ်လို့ရှိခဲ့တယ်ဆိုရင် ကားနဲ့ အိမ်တွေကို ဖော်ပြတဲ့အခါ အဲ့တာတွေရဲ့ လက်ရှိပေါက်ဈေး၊ အရင်ကဝယ်ထားတဲ့ဈေးနှုန်း၊ ဝယ်ယူခဲ့တဲ့နှစ်နဲ့ ပေါင်နှံမှု အချက်အလက်တွေကိုပါ ထပ်ဆောင်းဖြည့်စွက်ပေးရပါမယ်။ တကယ်လို့ ကိုယ်က ဈေးနှုန်းတွေ အတိအကျမမှတ်မိတော့ရင်လည်း အဲ့တာတွေရဲ့ Estimated Price ကို အကြမ်းဖျင်း ရေးပေးလိုက်လို့ရပါတယ်။
နောက်တစ်ချက်အနေနဲ့ကတော့ ကိုယ်ရဲ့ နေထိုင်စားသောက်စရိတ်ကို အသေးစိတ်ဖော်ပြရမှာပဲဖြစ်ပါတယ်။ ပြီးရင်တော့ မိသားစုဝင်အရေအတွက်နဲ့ ကိုယ့်မှာနောက်ထပ် မောင်နှမရှိ၊မရှိကို မေးပါတယ်။ တကယ်လို့ရှိခဲ့တယ်ဆိုရင် သူတို့လည်း လက်ရှိမှာ ကျောင်းတက်နေလားထပ်မံမေးသေးတာမလို့ ကိုယ့်မောင်နှမရဲ့ လက်ရှိပေးရတဲ့ကျောင်းလခနဲ့ ကျောင်းပြီးတဲ့နှစ်အထိ ပေးရမယ့် ကျောင်းစရိတ်စက အကုန်လုံးကို ရေးပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် Medical Expenses, Electricity Bill, Transportation စတဲ့ အပိုကုန်ကျစရိတ်တွေကိုပါ အသေးစိတ်တွက်ချက်ပေးရပါမယ်။ ဘာလို့အဲ့တာတွေကအစ မေးနေရသလဲဆိုရင်တော့ ကိုယ့်မိသားစုရဲ့ ဝင်ငွေနဲ့ ထွက်ငွေကို ချိန်ဆကြည့်ပြီး ကိုယ်ကျောင်းတက်ဖို့အတွက် ဘယ်လောက်ထောက်ပံ့နိုင်မလဲဆိုတာကို မှန်းဆကြည့်ဖို့ပဲ ဖြစ်ပါတယ်။
𝟱. 𝗢𝘁𝗵𝗲𝗿 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻
နောက်ဆုံးအနေနဲ့ ဘာတွေဖြည့်စွက်ဖို့လိုသေးလဲဆိုရင်
➔ ကျောင်းသားရဲ့ ဝင်ငွေနဲ့ ပိုင်ဆိုင်မှုတွေကို ဖော်ပြရတဲ့အချက်တွေ (ဒီနေရာမှာ ကိုယ်က Income မရှိသေးဘူးဆိုရင်လည်း Zero လို့ဖြည့်လို့ရပါတယ်)
➔ ကိုယ့်မိဘ/ အိမ်ရဲ့ Financial Stablity အခြေအနေကို Impact ဖြစ်တဲ့အချက်တွေနဲ့ တကယ်လို့ မိဘတွေက သူတို့ရဲ့မိသားစုထဲက တခြားအမျိုးတွေကို ထောက်ပံ့ပေးနေရတဲ့ အခြေအနေတွေ ရှိလားဆိုတဲ့အချက်တွေ
➔ CSS profile ကို submit တဲ့အခါမှာ Common App လိုကျောင်းအားလုံးပေါင်းအတွက် Cover ဖြစ်တဲ့ General Questions တွေအပြင် ကျောင်းတစ်ကျောင်းစီက သီးသန့်မေးတဲ့ မေးခွန်းတွေကို ဖြေရတဲ့ Section အပြင်
➔ “Expected Family Contribution” လို့ခေါ်တဲ့အပိုင်းမှာ ကိုယ်က ဒါမှမဟုတ် မိဘတွေက ကျောင်းရဲ့ Tuition Fee အတွက် ဘယ်လောက်ထောက်ပံ့နိုင်တယ်၊ ပိုက်ဆံ ဘယ် Amount ထိတော့ ပေးပါမယ်ဆိုတာကို ဖြည့်ရမယ့်အချက်တွေ ပါပါတယ်။ သတိထားစရာတစ်ခုကတော့ ကိုယ်ဖြည့်လိုက်တဲ့ Amount နဲ့ ကျောင်းက Application ကို Review ပြီးလို့ ဒီလောက်ပေးပါလို့ သတ်မှတ်လိုက်တဲ့ Amount နဲ့က အမြဲတမ်းထပ်တူကျမနေနိုင်ဘူးဆိုတာကိုတော့ သိထားရပါမယ်။
(အရှင်းဆုံးပြောရရင်တော့ ကိုယ်က $1000 ပဲတတ်နိုင်ပါတယ်လို့ပြောထားပေမယ့် ပေးရမယ့် Tution Fee က အဲ့အောက်လည်း နည်းနေနိုင်သလို အဲ့ထက်ပိုပေးရတဲ့ အခြေအနေတွေလည်း ရှိတာကြောင့်မလို့ သူတို့ရဲ့ Decision နဲ့ပဲဆိုင်ပါတယ်။)
🥇 Scholar မှ Scholar ဆိုပြီး တောင့်တနေသူတွေအတွက် Up to 100% အထိ Financial Aid ရတာဟာဘဝမှာ ထီအကြီးကြီးပေါက်သလိုပါပဲ။ ဒါကြောင့် ကိုယ်လည်း အဲ့လို ထီပေါက်သူတွေထဲက တစ်ယောက်ဖြစ်နိုင်အောင် ကျောင်းလျှောက်ဖို့ လိုအပ်တဲ့အကြောင်းတွေကို “ချိတ်” က အဆင်သင့်ရှာဖွေရေးထားပြီးသားမလို့ အခုကတည်းက တစ်ခုချင်းစီ နှံ့နှံ့စပ်စပ်လေ့လာထားလိုက်ကြပါတော့ရှင်။
( စကားချပ် ။ ရှေ့ဆက်လျှောက်မှာ ကျောင်းသားတွေအနေနဲ့ ကျောင်းလျှောက်ခြင်းနှင့်ပတ်သက်ပြီး ချိတ် ကိုတောင်းဆိုအကြုံပြုလိုတဲ့ Content တွေများရှိလျှင် အောက်ပါဖောင်မှတစ်ဆင့် တောင်းဆိုနိုင်ပါတယ်။)
https://docs.google.com/forms/d/1Qs7fZk1pNbk91MuTdSbhnhBM4p9-2FFg3G2UF5d3ykE/edit?usp=drivesdk
Chate your dream 🪝
ချိတ် - The Hook
Content- Wai Hnin Paing
Graphics - Thu San Htet

Google Docs
Requested Topics for Upcoming Contents
Dear Readers of ချိတ်-The Hook,
We are thrilled to receive your suggestions and requested topics for our upcoming contents which will allow us to provide more insightful and useful information to you.
Thank you so much for your participations, and we carefully…

💘10❤1
ချိတ်-The Hook
Photo
“𝐄𝐱𝐭𝐫𝐚𝐜𝐮𝐫𝐫𝐢𝐜𝐮𝐥𝐚𝐫𝐬 တွေရဲ့ အရေးပါပုံ အဖုံဖုံ”
အထက်တန်းပြီးလို့ Universities တွေကို ဆက်ကူးတဲ့အခါ US ကကျောင်းတွေ လျှောက်မယ်လို့ စိတ်ကူးထားတယ်ဆိုရင် အားလုံးသိထားကြတဲ့အတိုင်းပဲ သူတို့တွေ ကျင့်သုံးတဲ့ Admission Process က Holistic Review System ဖြစ်တာကြောင့်မလို့ Extracurricular activities တွေက အရေးကြီးတဲ့ကဏ္ဍမှာ ပါနေတယ်လို့ ပြောရပါမယ်။
👩🏻🎓 အကယ်၍ Extracurricular တွေက Academic နဲ့မှ မဆိုင်တာ တကယ်ရော လိုတာဟုတ်ရဲ့လားလို့ မေးလာတဲ့အခါ….
တကယ်သေချာပေါက် လိုအပ်ပြီး အရေးကြီးတယ်လို့ ပြောပါရစေ။ ဘာကြောင့်လဲဆိုရင် အပေါ်မှာပြောသွားခဲ့သလိုပဲ Holistic Review သည် ကျောင်းသားတစ်ယောက်ရဲ့ စာတော်၊ မတော်ဆိုတဲ့ Academic ကိုတင် တိုင်းတာ တာမဟုတ်ဘဲနဲ့ ရှုထောင့်မျိုးစုံကနေပြီး ကျောင်းသားကို အဆင့်ဆင့် အကဲဖြတ်ပြီးမှ ဝင်ခွင့်လက်ခံတဲ့ System မျိုးဖြစ်ပါတယ်။
ဥပမာ - 4.0 GPA ရှိပြီး Extracurricular ပိုင်းမှာ တစ်ခုမှ ပြစရာမရှိတဲ့ ကျောင်းသားတစ်ယောက်နဲ့ 3.8 GPA ပဲရှိပေမယ့် Academic ပိုင်းအပြင် သင်ရိုးပြင်ပလုပ်ငန်းတွေမှာပါ တက်ကြွတဲ့ကျောင်းသား ယှဉ်လာခဲ့တဲ့အခါ ဒုတိယကျောင်းသားက ပိုပြီးအရွေးခံရဖို့ အခွင့်အလမ်းများပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် Balanced View နဲ့ကြည့်တာကြောင့် ကိုယ်က Curriculum အရ တော်တဲ့သူတင်မကဘဲ Extracurricular တွေမှာပါ ဒီလို Potential ရှိတဲ့သူတစ်ယောက်ပါဆိုပြီး ကျောင်းတွေကို မီးမောင်းထိုးပြနိုင်မှ “ဝိုး ကနဲ ဝါးကနဲ” Admission Team ဘက်ကနေ သဘောတွေကျသွားမှာပဲ ဖြစ်ပါတယ်။
Extracurriculars ထဲမှာ ဘာတွေပါသလဲ..❓
ECs မှာ ဘာတွေပါသလဲဆိုရင် အကြမ်းဖျင်းအားဖြင့် Sports, Clubs Participation, Volunteering တွေ နောက်ပြီး ကိုယ့်ရဲ့ ဝါသနာထုံတဲ့ Activities လုပ်တာတွေပါဝင်ပြီးတော့ Exchange Program Join တာတွေအထိ အကုန်လုံးအကျုံးဝင်ပါတယ်။ ကျောင်းတွေက ဒါတွေကို ဘာလို့ အရေးကြီးတယ်လို့ သတ်မှတ်ရသလဲဆိုရင် ကျောင်းသားတစ်ယောက် ပါဝင်ထားတဲ့ သို့မဟုတ် လုပ်ထားတဲ့ ECs ပေါ်မှာ မူတည်ပြီးတော့ ဒီကျောင်းသားက ဘယ်လို Passion တွေရှိသလဲ၊ သူ့ရဲ့ Interest ကရောဘာလဲနဲ့ ထူးချွန်တဲ့ ကျောင်းသားတစ်ယောက် ရှိထားသင့်တဲ့ Teamwork/ Leadership skills တွေရှိသလားဆိုတာကို ဆန်းစစ်တာပဲဖြစ်ပါတယ်။
Extracurricular Categories ထဲက မြန်မာကျောင်းသားတွေနဲ့ မစိမ်းဘဲ အကျွမ်းတဝင်အဖြစ်ဆုံးက ဘာလဲဆိုတာကို လက်ညှိုးထိုးပြရင် Volunteering ဖြစ်မယ်ဆိုတာ အသေအချာပါပဲ။ ဆိုတော့ ကိုယ်က ဘယ်လိုနေရာမျိုး ဘယ်လို Organization မျိုးမှာ Volunteer လုပ်မလဲဆိုတာကလည်း နောက်ဆက်တွဲ တွေးစရာတစ်ခုဖြစ်လာပါတယ်။
🌱 Volunteering အတွက် မသိမဖြစ် ဆေးတစ်မြစ်
အဲ့ဆေးမြစ်က တခြားတော့ မဟုတ်ပါဘူး “ကိုယ့်ရဲ့ Interest က ဘာလဲဆိုတာနဲ့ အဲ့ဒီစံနှုန်းနဲ့ကိုက်ညီတဲ့ Organization တစ်ခုကို ရှာနိုင်စွမ်း” လို့ပြောရပါမယ်။
“Scholarship လျှောက်ရင် Volunteering Proof ပြရမှဖြစ်မယ် ဒါကြောင့် ကြုံရာမှာ ဝင်လုပ်လိုက်မယ်” ဆိုတာထက် ကိုယ်က ဘယ်လိုအပိုင်းမှာ စိတ်ဝင်စားသလဲ.. ဥပမာ SDG Goals တွေထဲက Goals အချို့ဖြစ်တဲ့ “Quality Education” ကို စိတ်ဝင်စားသလား၊ ကျားမတန်းတူ အခွင့်အရေးရဖို့ စိတ်အားထက်သန်လား၊ ဒါမှမဟုတ် Social Justices ပိုင်းမှာ Advocate လုပ်ချင်သလား စတဲ့စတဲ့ မေးခွန်းအမြောက်အမြားမေးပြီး ကိုယ့်ကိုယ်ကိုယ်အရင် ဆန်းစစ်ရပါမယ်။ နောက်ဆုံး ကိုယ်ဘာစိတ်ဝင်စားသလဲဆိုတာကို သိရင်တော့ သက်ဆိုင်ရာ Non-Profit Organization တွေမှာဝင်လုပ်လို့ရသလို၊ ကိုယ်တိုင်လည်း Passionate တအားဖြစ်တဲ့ Project Idea တစ်ခုရှိခဲ့မယ်ဆိုရင်လည်း ကိုယ်တိုင် Lead လုပ်ပြီး Leadership Skills တွေ ထုတ်ပြလို့ရပါသေးတယ်။
ECs တွေကို အထာကျကျ ရွေးကြမယ်‼️
ဘယ် Extracurriculars တွေကို လုပ်သင့်သလဲဆိုတာ ဆုံးဖြတ်ဖို့အတွက် “Hobbies, Experiences, Values” ဆိုတဲ့ ဒီညီနောင်သုံးဖော်ထဲကနေပြီး အထာကျကျ ရွေးထုတ်တတ်ဖို့ပဲလိုပါတယ်။
‣ Hobbies မှာဆိုရင် ကိုယ်အားရင်အားသလို လုပ်ဖြစ်တဲ့၊ သဘောကျတဲ့ Activities တွေကိုလည်း ရွေးလို့ရသလို (eg- Drawing, Swimming..)
‣ ကိုယ့်မှာတော့ ဒီလို Experience တွေရှိပါတယ်ဆိုပြီး ချပြဖို့အတွက် ပြိုင်ပွဲအမျိုးမျိုးတွေမှာ ကိုယ်ကျွမ်းကျင်ရာအလိုက် ဝင်ပြိုင်လို့ရပါတယ် (Maths Olympiads, Debate Competitions..)
‣ နောက်ဆုံးတစ်ခုဖြစ်တဲ့ Value မှာတော့ အနီးစပ်ဆုံးပြောရရင် ကိုယ် လျှောက်မယ့် Major နဲ့အသက်ဆိုင်ဆုံးဖြစ်တဲ့ Activity/ Field ကိုရွေးရင် ပိုပြီးတော့ အဆင်ပြေတယ် ပြောရပါမယ်။
ဥပမာ ချိတ်ရဲ့ Admission Advisor တစ်ဦးဖြစ်တဲ့ အစ်မ Wendy ဆိုရင် Brown University မှာ Neuroscience & Public Health Faculty ကိုလျှောက်ဖို့အတွက် Oxford က Professor တစ်ယောက်နဲ့ ရေးခဲ့တဲ့ Maternal Healthcare Research Paper တွေအပြင် Clinical Hours တွေကိုပါ ကျောင်းလျှောက်တဲ့နေရာမှာ တင်ပြခဲ့ပါတယ်။ ဒါမှသာ ကျောင်းဘက်ကနေပြီး ကိုယ်က လျှောက်တဲ့မေဂျာနဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် Passionate ဖြစ်သလဲဆိုတာ တန်းသိနိုင်မှာဖြစ်ပါတယ်။
ကဲ..

❤7💘3👍1
ချိတ်-The Hook
Photo
ကိုယ့်မှာ ဒါတွေအကုန်လုံး ခိုင်ခိုင်မာမာရှိနေပြီဆိုရင် ဘာတွေတွေးပူနေဦးမလဲ?? ကျောင်းလျှောက်ဖို့အတွက် နောက်ဆုံးအဆင့်ဖြစ်တဲ့ Common App မှာ Extracurriculars အကြောင်း မေးတာတွေကို ဘယ်လိုဖြည့်ရမလဲပဲ ကျန်ပါတော့တယ်။
💻 Common App မှာ ECs ကို ဘယ်လိုဖြည့်ကြမလဲ..
Common App မှာ Extracurricular Activities တွေကို ဖြည့်ကြတဲ့အခါ “Arts, Community Service, Foreign Language,..” အစရှိသဖြင့် ရွေးစရာ Categories “27” ခု တောင်ရှိပါတယ်။ အဲ့ဒီထဲကမှ ကိုယ်ပါဖူး၊ လုပ်ဖူးခဲ့တဲ့ Acitivities 10 ခုအထိ ရေးပေးလို့ရပါတယ်။ Description တွေ ရေးရတဲ့အခါမှာလည်း Word Count တွေကို Limit လုပ်ထားတာမလို့ ကျစ်ကျစ်လျစ်လျစ်နဲ့ ထိမိအောင် ပြောပြနိုင်ဖို့က အရေးကြီးပါတယ်။
July 1st မှာ ပြုလုပ်ခဲ့တဲ့ “Extracurricular for Colleges” ဆိုတဲ့ အစ်မ Wendy ရဲ့ Webinar ကို မတက်ရောက်လိုက်ရတဲ့သူများ ရှိခဲ့တယ်ဆိုရင် ECs’ Description ဖြည့်ပုံဖြည့်နည်း အသေးစိတ် Sample ကိုတော့ အောက်မှာပေးထားတဲ့ Youtube Link ကနေတစ်ဆင့် သွားရောက်ကြည့်ရှုနိုင်ပါတယ်။
Video Link
https://youtu.be/I-2qd55aBeA?si=v1vJvJLC_Wgb30gp
Chate your dreams
ချိတ် - The Hook
Content Writer - Wai Hnin Paing
Graphic Designer - Kyail Nay La, Cho Thar Nwe

YouTube
Extracurricular Activities for US Colleges - ချိတ် The Hook Webinar
ကျောင်းတွေလျှောက်ဖို့ ဘယ်လို Extracurricular Activities တွေလုပ်ရမယ်မှန်းမသိဖြစ်နေလား❓
အမေရိကတက္ကသိုလ်တွေကို လျှောက်တဲ့အခါ ECs လို့အတိုကောက်ခေါ်လေ့ရှိတဲ့ Extracurricular Activities တွေဟာ Admission Process ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေထဲက တစ်ခုဖြစ်ပါတယ်။ ECs…

❤10💘7👍1🕊1
ချိတ်-The Hook
Photo
နိုင်ငံတကာ International School တွေမှာပညာသင်ဆုနဲ့ အထက်တန်းတက်ဖို့ မျှဝေပေးမယ့် “High School Scholarships : A Stepping Stone” 💌
အားလုံးပဲ ချိတ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ ကျွန်မတို့ရဲ့ ချိတ်ကနေပြီး စိတ်လှုပ်ရှားစရာ ပရိုဂရမ်အသစ်လေး တစ်ခုကို ယူဆောင်လာပါပြီ။ 🥳
အထက်တန်းကျောင်းသားတွေ အတွက်ရည်ရွယ်ပြီးတော့ A Stepping Stone လို့အမည်ပေးထားတဲ့ Webinar Series လေးကို မိတ်ဆက်ပေးပါရစေ။ နိုင်ငံတကာ ပညာရေးလမ်းကြောင်းရဲ့ လမ်းစအဖြစ် ပထမဆုံး ခြေလှမ်း လှမ်းနိုင်ဖို့ရာ Fully Funded ပညာသင်ဆုတွေပေးတဲ့ High School Scholarships တွေ အကြောင်းကို လက်ရှိ ကမ္ဘာ အနှံ့က High School တွေမှာ Scholarship နဲ့ ပညာသင်ကြားနေကြတဲ့ ထူးချွန်ကျောင်းသားကျောင်းသူတွေကနေပြီး Sharing လုပ်ပေးသွားမယ့် Webinar Series လေးဖြစ်ပါတယ်။ ဒီ Webinar Series မှာဆိုရင် High School Scholarships တစ်ခုချင်းစီရဲ့ Requirement တွေ၊ Application Process တွေနဲ့ အတူ ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
💌 A Stepping Stone Series လေးမှာ ဆိုရင် Webinar သုံးခု ပါရှိမှာဖြစ်ပါတယ်။
Day 1: AISL Harrow Scholarship
Day 2: United World College Scholarship
Day 3: ASEAN Scholarship
🔹Day 1 (November 15) မှာတော့ Harrow International School Bangkok မှာ A-level သင်ကြားနေတဲ့ Ko Swan Tayza Aung (Class of 2025) ကနေပြီး AISL Harrow Scholarship အကြောင်းကို မျှဝေပေးမှာဖြစ်ပါတယ်။
🔹Day 2 (November 16) မှာတော့ United World College Scholarship ရရှိထားတဲ့ Ma Yoon Ei Ko Ko (UWC Mahindra College ’25) နဲ့ Ma Hema Lian Duh Kip Tial (UWC Atlantic College ’26) တို့ကနေပြီး UWC Experience နဲ့ IB Program အတွေ့ အကြုံတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
🔹 Day 3 (November 17) မှာတော့ စင်ကာပူပညာရေး၀န်ကြီး ဌာနက ပေးအပ်တဲ့ အထက်တန်းပညာသင်ဆုဖြစ်တဲ့ ASEAN Scholarship အကြောင်းကို Arnt Hume Ti Kyi (Raffles Institution ’27) ကနေပြီး စင်ကာပူက အထက်တန်းကျောင်းအတွေ့အကြုံကို ပြောပြပေးမှာ ဖြစ်ပါတယ်။
Register here: https://docs.google.com/forms/d/e/1FAIpQLSeB6Z0UMMzcyUNRvVDYB5KW6lIZhLt48gWtN9nfl4no6aTd9w/viewform?usp=pp_url
💌 Speaker တစ်ယောက်ချင်းစီရဲ့ Profile ကို အောက်ပါ ပိုစ့်တွေမှာ အသေးစိတ်ဖော်ပြထားပါတယ်။
Content - Yoon Ei Ko Ko
Graphics - Wine Zin Moe

High School Scholarships : A Stepping Stone
You are registering for "High School Scholarships : A Stepping Stone"
Date :
November 15th - AISL Harrow Scholarship
November 16th - UWC Scholarship
November 17th - ASEAN Scholarship
Time : 7:00 PM (MMT)
Date :
November 15th - AISL Harrow Scholarship
November 16th - UWC Scholarship
November 17th - ASEAN Scholarship
Time : 7:00 PM (MMT)
❤11👍2❤🔥1
ချိတ်-The Hook
Photo
Scholar Scholar ဆိုပြီး Demand အရမ်းများတဲ့ ခေတ်ကာလကြီးမှာ ကျောင်းလျှောက်ဖို့ရာအတွက် ကိုယ်ရေးလိုက်တဲ့ Essay က ဖတ်တဲ့ Admission Team ရဲ့ ရင်ထဲအသည်းထဲကို တကယ်ရောက်ပြီး Effective ဖြစ်၊ မဖြစ်ဆိုတာကို 100% သေချာပြီလား။ 🫵🏻 ခုထိဘယ်လိုဘယ်ပုံရေးရမလဲဆိုတာကို ထဲထဲဝင်ဝင် မသိသေးဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ ချိတ်လေးကို 🪝 ယုံကြည်ကိုးစားလိုက်ပါခင်ဗျာ။ အခုတစ်ခေါက်ကတော့ US ကကျောင်းတွေကို လျှောက်တဲ့အခါမှာ ရေးရလေ့ရှိတဲ့ Common App Essay နဲ့ အခြား Supplemental Essays တွေကို ဘယ်လိုစာလုံးတွေသုံးပြီး ဘယ်လို Method, ဘယ်လို Tone နဲ့ရေးသင့်သလဲကို ပြောပြသွားပါမယ်။
ဆိုတော့ အရင်ဆုံး Tone ဆိုတာက ဘာကြီးလဲ❓❓
အနီးစပ်ဆုံး မြင်သာအောင် ပြောရရင်တော့ ကိုယ့်အမေက ဆူတဲ့အခါမှာ ပြောတဲ့လေသံနဲ့ အမေစိတ်ကြည်နေတဲ့အခါမှာ ချိုချိုသာသာ ပြောတဲ့လေသံနှစ်ခု မတူသလိုပဲ တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါမှာ သူတို့ရဲ့ သုံးလာတဲ့စကားလုံးအနေအထားနဲ့ လေသံကို ကြည့်ပြီး ရွဲ့ပြောတာလား၊ ဝမ်းနည်းနေတာလား၊ အတည်ပြောနေတာလား စသဖြင့် Tone အမျိုးမျိုးကို ခန့်မှန်းလို့ရပါတယ်။
ဒါဆိုရင် Essay ရေးတာက အပြင်မှာပြောသလို အသံကြားရတာမဟုတ်တဲ့အတွက်ကြောင့် Tone ကို ဘယ်လိုလုပ်သိနိုင်မှာလဲ။🤷🏻♀️ မပူပါနဲ့ ဟောသည်က Tips တွေအတိုင်း တစ်ဆင့်ချင်းစီ ရေးကြည့်ဖို့ အကြံပြုချင်ပါတယ်။
🪝 College Essay က Academic Writing လည်း မဟုတ်သလို ကိုယ့်ရဲ့ အကြောင်း၊ Achievements တွေကိုချည်း သက်သက် List လုပ်ပြီး ရေးပြရတဲ့ Report Writing လည်း မဟုတ်ပြန်ပါဘူး။ ကိုယ်နဲ့ ကိုယ့် Essay ကို Review လုပ်မယ့် Admission Officers တွေကြားကို ဆက်သွယ်ပေးမယ့် ပေါင်းကူးတံတားလေးပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ တံတားကိုဖြတ်နေရင်း ကျိုးမကျရလေအောင် Dos and Don’ts တွေပါ သေချာမှတ်ထားတော့ဗျို့။
🪝 Essay ရေးတဲ့အခါမှာ ကိုယ်က တိုက်ရိုက်ပြောပြပေးနေသလို ဖြစ်ရမှာမလို့ အတတ်နိုင်ဆုံး Active voice နဲ့ရေးပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ဘာကိုဆိုလိုချင်သလဲ၊ Application ဖြည့်တဲ့အခါမှာ မပြောပြလိုက်ရတဲ့ (ဥပမာ - Personal Info ဖြည့်တဲ့အခါမှာ ကိုယ်ကဘယ်လိုလူမျိုးဆိုတာကို မြင်သာအောင်ပြဖို့ရာ မလွယ်ကူတဲ့အခြေအနေမျိုးတို့မှာ) ကိုယ့်ရဲ့ Personality ကို Essay ကနေတစ်ဆင့် ပုံဖော်ပြသလို့ရပါတယ်။
🪝 အဲ့လို ဖော်ပြတဲ့အခါမှာလည်း ကျွန်တော်ကတော့ ဒီလိုအရည်အသွေးတွေ ရှိတဲ့ ကျောင်းသားတစ်ယောက်ပါ၊ ဒီလိုလူမျိုးပါဆိုပြီး တုံးတိကြီးပြောလိုက်တာထက် ကိုယ်ပြောချင်တာနဲ့ဆက်နွယ်နေတဲ့ Real Life Example တစ်ခုခုကို စဉ်းစားပြီးနှိုင်းယှဉ်ပြလိုက်တာက ပိုပြီးသင့်တော်ပါတယ်။ ကိုယ်ပြောချင်တဲ့ အဆိုတစ်ခု၊ အကြောင်းအရာတစ်ခုကို နောက်ကနေ Back-up လုပ်ပေးတဲ့ Reason/ Example ထည့်လိုက်တဲ့သဘောမျိုးမလို့ ကွက်တိအံကိုက်ပါပဲ။
🪝 နောက်တစ်ခုကတော့ ကိုယ်ရေးနေတဲ့ Essay ထဲမှာ ကိုယ့်ရဲ့ Emotions တွေကို ပစ်သွင်းပြီး စီးမြောလိုက်ပါ။ ဟာသမဟုတ်ပါဘူး အတည်ပြောတာပါ။ ဒီလိုပြောလို့ ဒရမ်မာချိုးရမှာလား ဘာညာဆိုရင် နိုးပါလို့ပြောပါရစေ။ ကိုယ့်ရဲ့ ခံစားချက်တွေကို ထည့်ခိုင်းတာသည် သနားအောင်လုပ်ပြတာမဟုတ်ပါဘူး Funny ဖြစ်တာတွေ Heartwarming ဖြစ်စေတဲ့အခိုက်အတန့်တွေကို ထည့်ရေးတာအပြင် တခြားတခြားသော ခံစားချက်တွေကို ကိုယ့်ရဲ့အစစ်အမှန်အတိုင်း ဖတ်ရတဲ့သူပါ လိုက်ပြီးမြောပါနိုင်အောင် ရေးခိုင်းတာပဲ ဖြစ်ပါတယ်။
♦️ တစ်ခုသတိထားရမှာကတော့ Word Limit နဲ့ Essay တွေရေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုယ်ပြောချင်တာတွေ များကောင်းများနေနိုင်သော်လည်းပဲ ဘောင်ထဲ အကန့်ထဲမှာပဲပြောရတာကို သတိထားစေချင်ပါတယ်။ ဒါကြောင့် ပြောချင်တာတွေများပြီး အကြောင်းအရာတွေကို ပေါင်းစုံ ပစ်သွင်းပြီး ရေးတာထက် တစ်ခုကိုပဲအာရုံထားပြီး ဖတ်တဲ့သူ Lost ဖြစ်မသွားအောင် ခေါင်းရှုပ်မသွားအောင် ကြိုးထုံးကို တစ်မျှင်ချင်း ဖြည်ချသလို ရှင်းရှင်းလင်းလင်းရေးရပါမယ်။ Word Count မပြည့်ခဲ့ရင်လည်း မပြည့်ပြည့်အောင်ဆိုပြီး ကြုံရာ တွေးမိရာရာတွေ ကောက်ထည့်တာတွေလည်း ရှောင်ရပါမယ်။ ကိုယ်ရေးလိုက်တဲ့ Sentence တိုင်း Word တိုင်းသည် ဝင်ခွင့်ရ၊မရဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သွားနိုင်ပါတယ်။
အပေါ်မှာ DOs တွေပြောပြီးသွားပြီဆိုတော့ ဘယ်အချက်တွေကို သတိထားပြီး ရှောင်ရမလဲ။🙅🏻♀️
➥ အစပိုင်းမှာ ပြောသွားခဲ့သလိုပဲ အက်ဆေးက ပုံမှန် Academic Writing တွေလို မဟုတ်တဲ့အတွက်ကြောင့် Formal မဖြစ်အောင် လုံးဝ လုံးဝ သတိထားရပါမယ်။ အဲ့အစား Conversational Tone အတိုင်း အချင်းချင်းစကားပြောနေသလို Respect ရှိရှိ တစ်ချိန်တည်းမှာပဲ Relaxed ဖြစ်ဖြစ်နဲ့ ပြောပြရပါမယ်။ နောက်ပြီး စာရေးဆရာတွေ သုံးနေကြ Method အတိုင်း ကိုယ်ကချည်း ပြောသွားရသလို မဟုတ်ဘဲ ကိုယ့်ရဲ့ စာကိုဖတ်တဲ့သူပါ Engaged ဖြစ်အောင်၊ ဦးနှောက်ကို အလုပ်တစ်ခုပေးလိုက်သလိုဖြစ်ပြီး ပိုစိတ်ဝင်စားသွားအောင် Rhetorical Questions ❓လေးတွေပါ ထည့်ရေးလို့ရပါတယ်။

❤6👍1🔥1
ချိတ်-The Hook
Photo
➥ Admisson ဘက်ကနေ “ဟာ ဒီကျောင်းသားက အရမ်းတော်တာပဲ ဝင်ခွင့်ပေးလိုက်မယ်”လို့ စဉ်းစားမှာပဲဆိုပြီး ကိုယ့်ရဲ့ Past Achievements တွေကိုချည်း တသီတတန်းကြီး ဖော်ပြဖို့ စိတ်ကူးထားတယ်ဆိုရင်ကတော့ ဒီနေရာမှာပဲ ရပ်လိုက်ပါတော့ မိတ်ဆွေ။ Accomplishment တွေကို List လုပ်တာက ဦးစားပေးရွေးချယ်ခံရမယ်ဆိုပြီး တပ်အပ်ပြောမရတဲ့အပြင် ကြွားဝါသလိုပါ ဖြစ်နိုင်တာမလို့ ဖတ်တဲ့သူအပေါ် အခန့်မသင့်ရင် မျက်စိဆံပင်မွေးစူးသွားနိုင်စေပါတယ်။🙍🏻♀️
➥ အခုခေတ်စကားနဲ့ပြောရရင်တော့ နောက်တစ်ချက်က “ပန်းနုမသွေးပါနဲ့”။ ကိုယ်ကြုံခဲ့ရတဲ့ အခက်ခဲတွေ၊ ဘယ်လောက်တောင် ပင်ပန်း ကျော်ဖြတ်ခဲ့ရတာတွေကို ပြောပြချင်တာ မှန်ပေမယ့်လို့ အဲ့အတွက်ပဲ အကြောင်းအရာအရှည်ကြီး ဆွဲရေးတာမျိုးကိုရှောင်ရပါမယ်။ အဲ့အစား ကိုယ်ဘယ်လို ပင်ပန်းခဲ့ရသလဲဆိုတာတွေကို တိုတိုနဲ့ ထိထိမိမိဖော်ပြပြီး အဲ့ဒီအခြေအနေကနေ ဘယ်လိုရုန်းထွက်ခဲ့သလဲ၊ ဒါကြောင့်မလို့ အခုလိုမျိုး ပိုကောင်းတဲ့သူ ဖြစ်လာရပါတယ်ဆိုတာကို Tragic ဖြစ်စရာကောင်းတဲ့ အားနည်းချက်ကနေ အားသာချက်ရောက်အောင် ပြောင်းပြန်လှန်ပစ်နိုင်ရပါမယ်။
➥ တစ်ချိန်တည်းမှာပဲ Self-Reflection မရှိတာမျိုးကို အဲ့သဘောမျိုးရောက်စေတဲ့ အရေးအသားမျိုးကို ရှောင်သင့်ပါတယ်။ ❗အရည်အချင်းရှိတဲ့ကျောင်းသားဟာ အမြဲလိုလို ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ ဘယ်နေရာမှာ တိုးတက်အောင်လုပ်ရမလဲ၊ ဘယ်အမှားတွေကနေ Reflect လုပ်ပြီး ပြန်သင်ယူနိုင်မလဲဆိုတာကို တွေးတောနေတာဖြစ်လို့ ကိုယ်က အဲ့လိုမဟုတ်ဘူးဆိုရင် Impression ကျသွားနိုင်စေပါတယ်။
➥ နောက်ဆုံးအချက်ကတော့ Controversial Topics တွေဖြစ်တဲ့ Politics တို့ Religion တို့ အကြောင်းကို ပုံမှန်ထက်ပိုရေးတာတွေကို သတိထားရပါမယ်။ မရေးရဘူးဆိုပြီး ကန့်သတ်ထားတာမရှိပေမယ့် အပေါ်က ကိုယ့် Struggles တွေကိုချည်း အက်ဆေးတစ်ပုဒ်ထဲမှာ အကုန်စုရေးပြသွားတာမျိုး မလုပ်ခိုင်းသလိုပဲ အခုမှာလည်း ဒီအကြောင်းအရာတွေချည်း တစ်ခုတည်းမှာ ပြုံရေးလိုက်တာက သတိထားရမယ့်အချက်မလို့ တတ်နိုင်သလို ဉာဏ်ကိုလွှာပြီး ဒါဆိုရင် ဘယ်လိုအရေးကြီးတဲ့ အချက်လေးတွေပဲ ထည့်မယ်ဆိုတဲ့ Key Information လေး သက်သက်ရေးမှတ်ထားပြီးမှ Essay ကို Plot ချသင့်ပါတယ်။
ကဲ.. ဒါဆိုရင် ဘာတွေ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတဲ့အချက်တွေအပြင် ဘယ်လိုမျိုးလေးတော့ ရေးလို့ရမလဲဆိုတဲ့ အကြံဉာဏ်တွေပါ တစ်ပါတည်း ပေးလိုက်တာမလို့ Essay ရေးတဲ့အခါမှာ Easy Peasy နဲ့ Slay နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်🤹🏻♀️ May y’all get admitted to the ones you are hoping for!
Content Writer - Wai Hnin Paing
Graphic Designer - Wine Zin Moe
Chate Your Dreams
ချိတ်- The Hook

❤23👍3🔥1💘1