ဗိုလ်ချုပ်မှူးကြီး၊ သက်ဆင်နှင့် အန်ဝါတို့ ညစာစားမည့် ဟိုတယ်မြင်ကွင်း
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါတို့ ညစာ စားကြမည့် ဟိုတယ်ကို ထိုင်းက လုံခြုံရေး တင်းကြပ်ထားသည်။
ညစာစားမည့် ဟိုတယ်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Phloen Chit လမ်းရှိ Rosewood ဟိုတယ်ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ဧပြီ ၁၇-၁၈ ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး မစ္စတာ အန်ဝါနှင့် မစ္စတာသက်ဆင်တို့ဖြင့် တွေ့ဆုံကြမည်ဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ အန်ဝါနှင့် ဝန်ကြီးချုပ် ပေတုန်တန် တွေ့ဆုံ
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မစ္စတာအန်ဝါနှင့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီ ၁၇ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် အာဆီယံ အနေဖြင့် ပူးပေါင်း ဖြေရှင်းရေး၊ ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ် အရေးကိုင်တွယ် ဖြေရှင်းရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
CNI Website တွင်ဖတ်ရန်--------https://cnimyanmar.com/index.php/political-2/politics-local/28580-2025-04-17-09-25-42

အာဆီယံဥက္ကဋ္ဌနှင့် နစကဥက္ကဋ္ဌ ဘာတွေဆွေးနွေးလဲ
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မစ္စတာအန်ဝါနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လည်း တက်ရောက်ခဲ့သည်ဟု နစက,က သတင်းထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန် ကြီးချုပ် အန်ဝါတို့ သုံးပွင့်ဆိုင် တွေ့ဆုံမှုတွင် မြန်မာငလျင်ဘေး ပြန်လည်ထူထောင်ရေးတွင် အာဆီယံ အသိုက် အဝန်းမှ ဆက်လက်ကူညီဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာ-အာဆီယံ အသိုက်အဝန်းမှ ပူးပေါင်းဆောင်ရွက်ကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
CNI Website တွင်ဖတ်ရန်------https://cnimyanmar.com/index.php/political-2/politics-local/28582-2025-04-17-14-48-30

ယူနိုက်တက်၊ စပါးနဲ့ ချယ်လ်ဆီး ဥရောပပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈
ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ယူနိုက်တက်၊ စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ပြိုင်ဘက်အသင်းတွေကို အနိုင်ယူကျော်ဖြတ်ပြီး ဥရောပပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို တက်ခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ လိုင်ယွန်အသင်း နဲ့ပွဲစဉ်မှာ အချိန်ပိုအထိယှဉ်ပြိုင်ခဲ့ရပြီး ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပွဲချိန်မိနစ် ၉၀ အတွင်းမှာ ယူနိုက်တက်အသင်းဟာ ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် လိုင်ယွန်အသင်းရဲ့ ချေပဂိုး ၂ ဂိုးကြောင့် ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
CNI Website တွင်ဖတ်ရန်--------https://cnimyanmar.com/index.php/local-news-2/local-sport/28583-2025-04-18-02-53-05

အာဆီယံဥက္ကဋ္ဌနှင့် NUG ဆွေးနွေး
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီး မစ္စတာအန်ဝါနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အွန်လိုင်းက တဆင့် ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးမှုကို ဧပြီ ၁၈ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်ခဲ့သည်။
အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီး မစ္စတာအန်ဝါနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်စ်မြို့တွင် ဧပြီ ၁၇ ရက်က လူချင်းတွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့နောက် NUG နှင့် မစ္စတာအန်ဝါကြား အွန်လိုင်းက တွေ့ဆုံမှု ပေါ်ပေါက်လာခဲ့သည်။
မစ္စတာအန်ဝါနှင့် တွေ့ဆုံရာတွင် မြန်မာပြည်သူများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိရောက်စွာ ပေးပို့နိုင်ရေးနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့သည်ဟု NUG က ထုတ်ပြန်ခဲ့သည်။

နေပြည်တော်ကို မြို့အကွက်ချမှု ပြန်လည်ရေးဆွဲမည်ဟု ပြော
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈
နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကို ပြန်လည်တွက်ချက်ရေးဆွဲသွားရန် စီစဉ်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ငလျင်လှုတ်ခတ်ခဲ့ခြင်းကြောင့် မန္တလေး တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးတို့ကို အရေးပေါ် အခြေအနေ ကြေညာခဲ့ရသည်။
အဆိုပါ ငလျင်ကြောင့် နစက ရုံးထိုင်လျက်ရှိသည့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ထမ်းအိမ်ယာများ၊ ဝန်ကြီးဌာနများနှင့် အစိုးရရုံးခန်းများ ထိခိုက်ပျက်စီးခဲ့သလို လွှတ်တော်အဆောက်အအုံများလည်း ထိခိုက်ပျက်စီး ခဲ့သည်။
CNI Website တွင်ဖတ်ရန်--------https://cnimyanmar.com/index.php/all-2/weather/28584-2025-04-18-15-36-45

အိမ်ဆောက်ဖို့ နိုင်ငံတော်မှ ဘိလပ်မြေ၊ သံနှင့်သွပ်များ ရောင်းပေးမည်
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၉
ငလျင်ဘေးသင့်၍ ပြိုကျပျက်စီးသွားသည့် လူနေအိမ်များနှင့် အဆောက်အအုံများ ပြန်လည် ဆောက်လုပ်ဖို့ အတွက် ဘိလပ်မြေ၊ သံနှင့်သွပ်များကို နိုင်ငံတော်မှ သင့်လျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
နစကဥက္ကဋ္ဌသည် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ရှိ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား သီးခြားစီ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “မန္တလေးမြို့နှင့် စစ်ကိုင်းမြို့အတွင်းရှိ ပျက်စီးသွားသည့် အဆောက်အဦများ ရှင်းလင်းရေးနှင့် ပြန်လည် ဆယ်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်မှလည်း ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သံနှင့်သွပ်များကိုလည်း နိုင်ငံတော် မှ သင့်လျော်သည့်ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်”ဟု ပြောသည်။
CNI Website တွင်ဖတ်ရန်--------https://cnimyanmar.com/index.php/all-2/humanlife/28585-2025-04-19-16-02-48