Channel News Independent(CNI)
7.25K subscribers
14.7K photos
5.62K videos
1 file
18.3K links
Offical Telegram account of Channel News Independent (CNI)
Download Telegram
နိုင်ငံခြားသားများ မီဇိုရမ်ကိုဖြတ်၍ မြန်မာသူပုန်များကို သင်တန်းပေးနေ

CNI International News

အိုင်ဇော၊ မတ်လ ၁၂

နိုင်ငံခြားသားများသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဖြတ်သန်း၍ မြန်မာနိုင်ငံသို့ ဝင်ရောက်ပြီး ချင်းတောင် တန်းပေါ်က သူပုန်များကို စစ်သင်တန်းများ ပေးနေကြောင်း မီဇိုရမ် (Mizoram) ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုမာ (Lalduhoma) က မတ်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်ဟု NDTV မှ ဖော်ပြခဲ့သည်။

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတစ်လျှောက် သွားလာလှုပ်ရှားမှုများကို စည်းကမ်းချမှတ်ရန်နှင့် Protected Area Permit (PAP) ဟုခေါ်သော အိန္ဒိယနိုင်ငံသား မဟုတ်သူများကို သတ်မှတ်ထားသည့် နေရာများတွင် သွားလာ လှုပ်ရှားခွင့် တင်းကျပ်သည့် စနစ်ကို ပြန်လည်ကျင့်သုံးမည့် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို ပြည်နယ်အစိုးရက ဆန့်ကျင်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/27861-2025-03-12-02-49-00

Source: NDTV
Media is too big
VIEW IN TELEGRAM
နစကဥက္ကဋ္ဌ ရုရှားခရီးစဉ်အပြီး တရုတ်အထူးကိုယ်စားလှယ် ရောက်လာ

CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၂

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားနှင့် ဘယ်လာရုစ် ခရီးစဉ် အပြီးမှာဘဲ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် နစက၏ ဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/27841-2025-03-11-04-30-57
ICC ၏ ဖမ်းဝရမ်းဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးခံရ

CNI International News

မနီလာ၊ မတ်လ ၁၂

နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)က ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးအား မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲ တွင် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ ကျူးလွန်မှုဖြင့် ဖမ်းဆီးရန် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ၏ တောင်းဆိုမှုဖြင့် ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဒူတာတေးအား မတ်လ ၁၁ ရက် တွင် ဖမ်းဆီးခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အင်တာပိုလ် မနီလာရဲတပ်ဖွဲ့သည် ICC ၏ ဖမ်းဝရမ်း မိတ္တူကို မတ်လ ၁၁ ရက် နံနက်ပိုင်းက လက်ခံရရှိခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ၏ ဆက်သွယ်ရေးရုံးက ထုတ်ပြန်ခဲ့သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/27862-icc-13

Source: ရိုက်တာ
Media is too big
VIEW IN TELEGRAM
ပါတီစုံဖြစ်ရေး မှတ်ပုံမတင်ထားသည့် ပါတီများနှင့် နစက တွေ့ဆုံသင့်

CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၂

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ပြုလုပ်မည်ဆိုပါက မှတ်ပုံမတင်ထားသည့် နိုင်ငံရေးပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေးမှု လုပ်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲ ခတ်များက CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌသည် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအား အခိုင်အမာ လုပ်ဆောင်မည်ဖြစ်ပြီး ကဏ္ဍကောစ မလုပ် ဘဲ ပူးပေါင်းဆောင်ရွက်မှုသာလိုကြောင်း မတ်လ ၉ ရက်က ရုရှားနှင့်ဘယ်လာရုစ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်မှ မြန်မာနိုင်ငံသို့ ပြန်လာစဉ်တွင် ပြောကြားခဲ့သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/27847-2025-03-11-06-21-27
PSG ကို ချန်ပီယံလိဂ်ရဖို့ ရေပန်းစားတဲ့အသင်းအဖြစ် ဆလော့ မသတ်မှတ်

CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၂

လီဗာပူးလ်အသင်းဟာ PSG အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် နည်းပြအာနီဆလော့က PSG အသင်းကို ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းအဖြစ် သတ်မှတ်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

အာနီဆလော့က “PSG က ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်း မဟုတ်ပါဘူး။ ရေပန်းစားတဲ့ အသင်းတွေကို ကျနော် မပြောချင်ပါဘူး။ PSG က အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်ပေမယ့် ပြိုင်ပွဲမှာ အသင်းကောင်းတွေ အများကြီး ရှိနေပါသေးတယ်။ ပုံမှန်ဆိုရင် ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲမှာ ဒီအသင်းတွေနဲ့ တွေ့ရမှာဖြစ်ပေမယ့် ကံမကောင်းစွာနဲ့ ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ PSG အသင်းနဲ့ တွေ့ဆုံခဲ့ရပါတယ်”လို့ ပြောခဲ့တာပါ။

Websiteတွင်ဖတ်ရှုရန်..........https://cnimyanmar.com/index.php/local-news-2/local-sport/27864-psg-26

Source: Metro
ဆီးရီးယားအစိုးရသစ်က ကာ့ဒ်လက်နက်ကိုင်အဖွဲ့နှင့် ပူးပေါင်း

CNI International News

ဒမတ်စကတ်၊ မတ်လ ၁၂

ဆီးရီးယားအစိုးရအဖွဲ့သစ်သည် ကာ့ဒ်ဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) နှင့် ပူးပေါင်းရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဆီးရီးယားသမ္မတရုံးက မတ်လ ၁၀ ရက်တွင် ထုတ်ပြန်သည့် ဗွီဒီယိုထဲ၌ ဆီးရီးယား ယာယီသမ္မတ အာမက် အယ်ရှာရား (Ahmed al-Sharaa) နှင့် SDF တပ်မှူး မာဇလွမ် အဗ္ဗဒီ (Mazloum Abdi) တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးနေပုံကို ဖော်ပြထားသည်။

Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/index.php/political-2/politics-local/27865-2025-03-12-04-46-23

Source: ရိုက်တာ
ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဟာရီကိန်း စံချိန်သစ်တင်

CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၂

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းက လေဗာကူဆင်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဒီပြိုင်ပွဲမှာ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၁၀ ဂိုးအထိ ရှိလာခဲ့တာပါ။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-sport/27867-2025-03-12-04-56-13

Source: ESPN
Media is too big
VIEW IN TELEGRAM
လက်နက်ကိုင်များအား မက်လုံးပေး၍ အပေးအယူလုပ်ရန်လို

CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၂

လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်နိုင်ရေးအတွက် လက်နက်ကိုင်များအား မက်လုံး‌ပေး၍ နိုင်ငံရေးအပေးအယူ လုပ်ရန် လိုအပ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံ‌ရေးရည်မှန်းချက်အား ပြည့်မြောက်နိုင်ရန် လက်နက်ကိုင်ပဋိပက္ခကို ရပ်တန့်နိုင်သည့် အနေအထားတစ်ခု ဖြစ်အောင်လုပ်ရန်လိုပြီး ၂၀၀၈ ခြေ/ဥအား ကျော်လွန်ကာ အပေးအယူများ လုပ်ရန်လိုအပ်ကြောင်း ၎င်းက ပြော သည်။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/political-2/politics-local/27844-2025-03-11-04-56-30
ရုရှားနှင့်နစက သဘောတူညီချက်ကို သိလို၍ တရုတ်လာခြင်းဖြစ်နိုင်

CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၂

တရုတ်အနေဖြင့် ရုရှားနှင့် နစက ညှိနှိုင်းသဘောတူခဲ့သည့် ကိစ္စများ၊ ရှေ့လျှောက်လုပ်မည့် လုပ်ငန်းစဥ်များအား အသေးစိတ်နားလည်ဖို့အတွက် မြန်မာနိုင်ငံသို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း ရောက်ရှိလာခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ရုရှားနှင့် ဘယ်လာရုစ် နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ပြီး ပြန်လည်‌ရောက်ရှိလာသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းက လာရောက်တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/index.php/political-2/politics-local/27868-2025-03-12-05-38-05
၂၀၂၅ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲ ကြီးကြီးမားမား မဖြစ်နိုင်သေး

CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၂

ရွေးကောက်ပွဲ ကျင်းပပေးမည့်ကာလကို ထုတ်ဖော်ပြောကြားထားသော်လည်း ယခု ၂၀၂၅ ခုနှစ်၌ နိုင်ငံရေး အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်နိုင်သေးကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေး အပြောင်းအလဲ ဖြစ်လိုပါက နှစ်ဖက်အတိုက်အခံ အင်အားစုများ အားလုံးအနေဖြင့် လမ်းဖွင့်ရန်လို ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/27869-2025-03-12-06-06-58
ထရမ့် အခွန်တိုးကောက်၍ စတော့စျေးကွက်မှာ ဒေါ်လာ ၄ ထရီလျံဆုံးရှုံး

CNI International News

ဝါရှင်တန်၊ မတ်လ ၁၂

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ပြည်ပနိုင်ငံများမှ တင်ပို့သည့် ကုန်စည်များအပေါ် အခွန်များ တိုးမြှင့်ကောက်ခံသည့် အစီအစဉ်ကြောင့် ရင်းနှီးမြှုပ်နှံသူများကို စိုးရိမ်စေခဲ့ကာ ပြီးခဲ့သည့်လအတွင်း အမေရိကန်၏ စတော့ရှယ်ယာစျေးကွက်တွင် ဒေါ်လာ ၄ ထရီလျံခန့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ထရမ့်၏ မူဝါဒသစ်များ၊ အထူးသဖြင့် အမေရိကန်၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများဖြစ်သည့် မက္ကဆီကို၊ ကနေဒါ၊ တရုတ်နိုင်ငံတို့နှင့် အပြန်အလှန် အခွန်တိုးကောက်နေသည့် အခြေအနေများသည် စီးပွားရေးလုပ်ငန်း များ၊ စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံမှုများအကြား မသေချာ မရေရာမှုများ မြင့်တက်စေခဲ့ကြောင်း ကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/local-news-2/local-business/27873-2025-03-12-07-13-11

Source: The Nation
ဆန်ချိုကို ယူနိုက်တက်ထံ ချယ်လ်ဆီးပြန်ပို့ဖွယ်ရှိ

CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၂

ချယ်လ်ဆီးအသင်းဟာ အပြီးသတ် ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ ဆန်ချိုကို အပြီးသတ် မဝယ်ယူဘဲ နွေရာသီမှာ သူ့ရဲ့မိခင်ကလပ်ဖြစ်တဲ့ ယူနိုက်တက်အသင်းထံ ပြန်ပို့ဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကနေ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဆန်ချိုရဲ့ အငှားစာချုပ် ထဲမှာ ချယ်လ်ဆီးအသင်းဟာ အမှတ်ပေးဇယား အဆင့် ၁၄ ဒါမှမဟုတ် ဒီထက်ပိုမြင့်တဲ့ အဆင့်နဲ့ ရာသီ အဆုံးသတ်ခဲ့ရင် အပြီးသတ် ဝယ်ယူရမယ့်အချက် ပါဝင်နေတာပါ။

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ အဆင့် ရပ်တည်မှုအပေါ် မူတည်ပြီး ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးက ပေါင် ၂၂ သန်းကနေ ၂၅ သန်းကြားအထိ ယူနိုက်တက်အသင်းကို ပေးရမှာဖြစ်ပါတယ်။

Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/index.php/local-news-2/local-sport/27872-2025-03-12-07-13-03

Source: Goal
ကလပ်အသစ်ကို ရွေးချယ်ဖို့အတွက် ပေါ့ဘာ အချိန်ယူဖို့ ဆုံးဖြတ်

CNI Sport News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၂

ဂျူဗင်တပ်စ်အသင်း ကွင်းလယ်လူဟောင်း ပေါ့ဘာဟာ ဘောလုံးကစားခွင့် ၁၈ လကြာ ပိတ်ပင်တဲ့ ပြစ်ဒဏ် တရားဝင် ပြီးဆုံးသွားပြီ ဖြစ်ပေမယ့် နောက်ထပ်ကစားမယ့် ကလပ်အသင်းသစ်ကို ရွေးချယ်ဖို့အတွက် အချိန်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

ဥရောပလိဂ်ပြိုင်ပွဲတွေဟာ ရာသီပြီးဆုံးဖို့ လအနည်းငယ်ပဲ ကျန်ရှိတော့တာကြောင့် ပေါ့ဘာအတွက် ရွေးချယ်မှု ဟာ အကန့်အသတ်နဲ့သာ ရှိနေတောပါ။

Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/index.php/local-news-2/local-sport/27874-2025-03-12-08-11-40

Source: ESPN
Media is too big
VIEW IN TELEGRAM
မတ်လ ( ၁၂ ) ရက်နေ့အတွက်ညနေခင်းသတင်းအစီအစဉ်
*******************************************************
- ၂၀၂၅ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲ ကြီးကြီးမားမား မဖြစ်နိုင်သေး

- ရုရှားနှင့်နစက သဘောတူညီချက်ကို သိလို၍ တရုတ်လာခြင်းဖြစ်နိုင်

- ရုရှား-ဘယ်လာရုစ်ပြန် နစကဥက္ကဋ္ဌနှင့် တိန့်ရှီးကျွင်း ဘာတွေဆွေးနွေးလဲ

- နိုင်ငံခြားသားများ မီဇိုရမ်ကိုဖြတ်၍ မြန်မာသူပုန်များကို သင်တန်းပေးနေ

- ဆီးရီးယားအစိုးရသစ်က ကာ့ဒ်လက်နက်ကိုင်အဖွဲ့နှင့် ပူးပေါင်း

- ICC ၏ ဖမ်းဝရမ်းဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး ဖမ်းဆီးခံရ

- PSG ကို ချန်ပီယံလိဂ်ရဖို့ ရေပန်းစားတဲ့အသင်းအဖြစ် ဆလော့ မသတ်မှတ် စသည့်သတင်းများကို တင်ဆက်ပေးထားပါသည်။

Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/index.php/watch-tv-2/27882-2025-03-12-10-25-49
Media is too big
VIEW IN TELEGRAM
ကမ္ဘာ့အပြင်းထန်ဆုံးနှင့် ကျည်ထွက်နှုန်း အမြန်ဆုံးလက်နက်များ

CNI Knowledge

၂၀၂၅ ခုနှစ်၊ မတ်လ ၁၂

ဒီနေ့ ဗွီဒီယိုထဲမှာတော့ ကမ္ဘာ့အပြင်းထန်ဆုံးနဲ့ ကျည်ထွက်နှုန်း အမြန်ဆုံး လက်နက်တွေ အကြောင်းကို တင်ဆက် ပေးချင်ပါတယ်။

ဒီလက်နက်တွေ စာရင်းမှာ ထိပ်ဆုံး ၃ နေရာမှာ ရပ်တည်နေတဲ့ လက်နက် ၃ မျိုးအကြောင်းကို ပြောပြပေးသွား မှာပဲ ဖြစ်ပါတယ်။

နံပါတ် ၃ နေရာမှာတော့ GAU-8 Avenger ဆိုတဲ့ ဆုံလည်သေနတ်က ရပ်တည်နေပါတယ်။

Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/index.php/watch-tv-2/27875-2025-03-12-09-19-07

Source: YouTube
Media is too big
VIEW IN TELEGRAM
မြန်မာနယ်မြေကို အိန္ဒိယထဲပေါင်းဖို့ပြောတဲ့အပေါ် နစက ဘာပြောလဲ

CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၃

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရပြည်နယ်မှ လွှတ်တော် အမတ်များသည် မြန်မာနိုင်ငံအတွင်းရှိ ချင်းပြည်နယ် အပါအဝင် တမူး-ကဘော်ချိုင့်ဝှမ်း ဒေသများကို အိန္ဒိယနိုင်ငံအတွင်း ထည့်သွင်းပေါင်းစည်းရေး လွှတ်တော်မှာအဆိုတင်သွင်း၍ တောင်းဆိုခဲ့သည်။

ချင်းပြည်နယ်နှင့် တမူး-ကဘော်ချိုင့်ဝှမ်း ဒေသတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အင်အားစုများကြား တိုက်ပွဲများဖြစ်ပွားနေပြီး ဗဟိုအစိုးရ၏ အုပ်ချုပ်ရေးယန္တရား အားနည်းလျက်ရှိနေသည်။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံ၏ သဘောထားကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
Media is too big
VIEW IN TELEGRAM
ရုရှား-ဘယ်လာရုစ်ပြန် နစကဥက္ကဋ္ဌနှင့် တိန့်ရှီးကျွင်း ဘာတွေဆွေးနွေးလဲ

CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၃

ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများမှ ချစ်ကြည်ရေးခရီးသွားရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မတ်လ ၁၁ ရက်တွင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း လာရောက်တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နစက၏ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစကအဖွဲ့ဝင် NSPNC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ တက်ရောက်ခဲ့သည်။

Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/index.php/political-2/politics-local/27860-2025-03-11-15-21-04
Media is too big
VIEW IN TELEGRAM
ရုရှားနှင့်နစက သဘောတူညီချက်ကို သိလို၍ တရုတ်လာခြင်းဖြစ်နိုင်

CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၃

တရုတ်အနေဖြင့် ရုရှားနှင့် နစက ညှိနှိုင်းသဘောတူခဲ့သည့် ကိစ္စများ၊ ရှေ့လျှောက်လုပ်မည့် လုပ်ငန်းစဥ်များအား အသေးစိတ်နားလည်ဖို့အတွက် မြန်မာနိုင်ငံသို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း ရောက်ရှိလာခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံ‌ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ရုရှားနှင့် ဘယ်လာရုစ် နိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်ပြီး ပြန်လည်‌ရောက်ရှိလာသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းက လာရောက်တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

Websiteတွင်ဖတ်ရှုရန်.........https://cnimyanmar.com/index.php/political-2/politics-local/27868-2025-03-12-05-38-05
Media is too big
VIEW IN TELEGRAM
၂၀၂၅ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲ ကြီးကြီးမားမား မဖြစ်နိုင်သေး

CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၃

ရွေးကောက်ပွဲ ကျင်းပပေးမည့်ကာလကို ထုတ်ဖော်ပြောကြားထားသော်လည်း ယခု ၂၀၂၅ ခုနှစ်၌ နိုင်ငံရေး အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်နိုင်သေးကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေး အပြောင်းအလဲ ဖြစ်လိုပါက နှစ်ဖက်အတိုက်အခံ အင်အားစုများ အားလုံးအနေဖြင့် လမ်းဖွင့်ရန်လို ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

Websiteတွင်ဖတ်ရှုရန်......https://cnimyanmar.com/index.php/political-2/politics-local/27869-2025-03-12-06-06-58
Media is too big
VIEW IN TELEGRAM
စျေးနှုန်းသက်သာပြီး အရသာထိမိတဲ့ "ကိုဆံရှည် ကြေးအိုးဆီချက်ဆိုင်"

CNI Street Food

၂၀၂၅ ခုနှစ်၊ မတ်လ ၁၃

စျေးနှုန်းချိုသာပြီး အရသာထိမိတဲ့ ကြေးအိုး ဆီချက်နဲ့ တရုတ်ဟင်းလျာများကို စားသုံးချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်က "ကိုဆံရှည်" ကြေးအိုးဆီချက်ဆိုင်ရှိပါတယ်။

ဆိုင်ဖွင့်သက်တမ်းဟာလည်း နှစ်ပေါင်းသုံးဆယ်ရှိပြီဖြစ်ပြီး ယနေ့ထိတိုင် အရသာမပြောင်းလဲဘဲရှိနေတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။

ကြေးအိုးဆီချက်နဲ့ တရုတ်ဟင်းလျာများကို စျေးနှုန်းသက်သက်သာသာနဲ့အရသာရှိရှိ စားသုံးချင်သူတွေအတွက် CNI ရဲ့ စားပြီးရင်းစား အစီအစဥ်ကနေတင်ဆက်ပေးလိုက်ပါတယ်။

Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/index.php/all-2/food/27881-2025-03-12-10-22-11