Channel News Independent(CNI)
7.14K subscribers
15.5K photos
5.77K videos
1 file
18.8K links
Offical Telegram account of Channel News Independent (CNI)
Download Telegram
Media is too big
VIEW IN TELEGRAM
ဒီဇင်ဘာလ ရွေးကောက်ပွဲအောင်မြင်ဖို့ ပူးပေါင်းပါဝင်ကြရန် ပြော

CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပရန် ရည်ရွယ်ထားသော အထွေထွေရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် ပြည်သူလူထုများက ပူးပေါင်းပါဝင်ကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက်တွင် ပြောသည်။

မြန်မာနှစ်သစ်ကူးကာလ နှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာနိုင်ငံသူ/သားများအား နှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာ စကားပြောကြားစဉ် ထည့်သွင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ဒီဇင်ဘာလမှာ ကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်ဖို့ ပူးပေါင်းကြရန် ပြော

CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပရန် ကြိုးပမ်းနေသည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်ဖို့အတွက် ပြည်သူ လူထုက ပူးပေါင်းပါဝင်ကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ကျရောက်သည့် မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ နှုတ်ခွန်းဆက်မင်္ဂလာ စကား ပြောကြားစဉ် ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။


CNI website တွင်ဖတ်ရန်--------https://cnimyanmar.com/index.php/political-2/politics-local/28576-2025-04-17-04-14-05
This media is not supported in your browser
VIEW IN TELEGRAM
ငလျင်ဘေး ပြန်လည်ထူထောင်ရေး အမြန်ဆုံးလုပ်မယ်

CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးထိခိုက်မှုများနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများအား ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေးကို အမြန်ဆုံးလုပ်ဆောင်မည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ကျရောက်သည့် မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့၌ ပြည်သူလူထုသို့ နှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Website တွင်ကြည့်ရှုရန်- - - -https://cnimyanmar.com/index.php/watch-tv-2/28578-2025-04-17-05-04-28
ယူနိုက်တက်နဲ့ခြေစမ်းမယ့် ASEAN-All Stars အသင်းမှာ မောင်မောင်လွင်ကို ရွေးချယ်

CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)ဟာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် ယူနိုက်တက်အသင်းနဲ့ ခြေစမ်းမယ့် ASEAN-All Stars အသင်းမှာ ပါဝင်ကစားဖို့ မြန်မာ့လက်ရွေးစင်အသင်း တောင်ပံကစားသမား မောင်မောင်လွင်ကို ရွေးချယ်ခဲ့ပါတယ်။

အာဆီယံဘောလုံးအဖွဲ့ချုပ်ဟာ ASEAN-All Stars အသင်းမှာ မောင်မောင်လွင်ကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ တရားဝင် ဆက်သွယ် အကြောင်းကြားခဲ့တာပါ။

CNI Website တွင်ဖတ်ရန်------https://cnimyanmar.com/index.php/local-news-2/local-sport/28579-asean-all-stars
ဗိုလ်ချုပ်မှူးကြီး၊ သက်ဆင်နှင့် အန်ဝါတို့ ညစာစားမည့် ဟိုတယ်မြင်ကွင်း

CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါတို့ ညစာ စားကြမည့် ဟိုတယ်ကို ထိုင်းက လုံခြုံရေး တင်းကြပ်ထားသည်။

ညစာစားမည့် ဟိုတယ်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Phloen Chit လမ်းရှိ Rosewood ဟိုတယ်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ဧပြီ ၁၇-၁၈ ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး မစ္စတာ အန်ဝါနှင့် မစ္စတာသက်ဆင်တို့ဖြင့် တွေ့ဆုံကြမည်ဖြစ်သည်။
အာဆီယံဥက္ကဋ္ဌ အန်ဝါနှင့် ဝန်ကြီးချုပ် ပေတုန်တန် တွေ့ဆုံ

CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မစ္စတာအန်ဝါနှင့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီ ၁၇ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံမှုအပေါ် အာဆီယံ အနေဖြင့် ပူးပေါင်း ဖြေရှင်းရေး၊ ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ် အရေးကိုင်တွယ် ဖြေရှင်းရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

CNI Website တွင်ဖတ်ရန်--------https://cnimyanmar.com/index.php/political-2/politics-local/28580-2025-04-17-09-25-42
အာဆီယံဥက္ကဋ္ဌနှင့် နစကဥက္ကဋ္ဌ ဘာတွေဆွေးနွေးလဲ

CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မစ္စတာအန်ဝါနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်လည်း တက်ရောက်ခဲ့သည်ဟု နစက,က သတင်းထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန် ကြီးချုပ် အန်ဝါတို့ သုံးပွင့်ဆိုင် တွေ့ဆုံမှုတွင် မြန်မာငလျင်ဘေး ပြန်လည်ထူထောင်ရေးတွင် အာဆီယံ အသိုက် အဝန်းမှ ဆက်လက်ကူညီဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာ-အာဆီယံ အသိုက်အဝန်းမှ ပူးပေါင်းဆောင်ရွက်ကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

CNI Website တွင်ဖတ်ရန်------https://cnimyanmar.com/index.php/political-2/politics-local/28582-2025-04-17-14-48-30
ယူနိုက်တက်၊ စပါးနဲ့ ချယ်လ်ဆီး ဥရောပပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်

CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈

ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ယူနိုက်တက်၊ စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ပြိုင်ဘက်အသင်းတွေကို အနိုင်ယူကျော်ဖြတ်ပြီး ဥရောပပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို တက်ခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ လိုင်ယွန်အသင်း နဲ့ပွဲစဉ်မှာ အချိန်ပိုအထိယှဉ်ပြိုင်ခဲ့ရပြီး ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ပွဲချိန်မိနစ် ၉၀ အတွင်းမှာ ယူနိုက်တက်အသင်းဟာ ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် လိုင်ယွန်အသင်းရဲ့ ချေပဂိုး ၂ ဂိုးကြောင့် ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။

CNI Website တွင်ဖတ်ရန်--------https://cnimyanmar.com/index.php/local-news-2/local-sport/28583-2025-04-18-02-53-05
အာဆီယံဥက္ကဋ္ဌနှင့် NUG ဆွေးနွေး

CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီး မစ္စတာအန်ဝါနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အွန်လိုင်းက တဆင့် ဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးမှုကို ဧပြီ ၁၈ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု NUG က ထုတ်ပြန်ခဲ့သည်။

အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီး မစ္စတာအန်ဝါနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်စ်မြို့တွင် ဧပြီ ၁၇ ရက်က လူချင်းတွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့နောက် NUG နှင့် မစ္စတာအန်ဝါကြား အွန်လိုင်းက တွေ့ဆုံမှု ပေါ်ပေါက်လာခဲ့သည်။

မစ္စတာအန်ဝါနှင့် တွေ့ဆုံရာတွင် မြန်မာပြည်သူများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိရောက်စွာ ပေးပို့နိုင်ရေးနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့သည်ဟု NUG က ထုတ်ပြန်ခဲ့သည်။