တရုတ်စီးရီး 🦋 Review 🦋
14.1K subscribers
1.56K photos
4 links
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။
Download Telegram
Love of Petals 花间一倾城
ပွင့်ဖတ်မှသည် ချစ်ပန်းဝေသီ

ဇာတ်လမ်းအကျဥ်း

Gu Qingcheng ဆိုတဲ့ပန်းသည်လေးဟာ ဆန်းကြယ်ပိုးစုန်းကြူးတစ်ကောင်ရဲ့ လမ်းပြမှုကနေပြီး ပျိုနီပန်းဖြူလေးရဲ့ ပန်းဝိညာဥ်ကိုရှူရှိုက်မိခဲ့ပါတယ်။ သူမသိလိုက်တာကတော့ အဲဒီပျိုနီပန်းဖြူလေးဟာ နှစ်ထောင်ချီသက်တမ်းရှိတဲ့ မိစ္ဆာတစ်ပိုင်း Lyu Gengyun ဖြစ်နေတယ်ဆိုတာပါပဲ။

Gu Qingcheng ဟာငယ်စဥ်ကတည်းက အဖေဖြစ်သူရဲ့နောက်ဆုံးဆန္ဒအရ ပန်းပေါင်း ၉၉၉၉ပင်ကို ပျိူးထောင်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့သူပါ။ ဒီလိုဆုံးဖြတ်ထားတာကလည်း သူ့အနေနဲ့ ဒါကိုပြည့်မြောက်အောင်လုပ်နိုင်ရင် ပန်းမျိုးတစ်ရာဝိဇ္ဇာအရှင်ကနေပြီး သူအတွေ့ချင်ရဆုံးသူကိုတွေ့ရဖို့ ကောင်းကင်နန်းတော်ဆီခေါ်သွားမယ်လို့ မှတ်ထားတာကြောင့်ပါပဲ။

တစ်ညမှာတော့ Lyu Gengyun တစ်ယောက် Gu Qingcheng ရဲ့ရှေ့မှာတင် ပျိုနီပန်းဖြူထဲကနိုးထလာတာတော့တွေ့လိုက်ရတဲ့အခါ ပန်းမျိုးတစ်ရာဝိဇ္ဇာအရှင်လို့ထင်မိသွားတဲ့အခါ ...

Lyu Gengyun အနေနဲ့လည်း သရုပ်မှန်ကိုဖုံးကာ သူ့ပန်းဝိညာဥ်ကိုပြန်ယူဖို့ကြိုးစားရင်း ...

ဘယ်လိုနှောင်ဖွဲ့မဲ့ကြမ္မာတွေကြား ရောက်ရှိသွားမလဲဆိုတာကို မကြာခင်တင်ဆက်ပေးသွားတော့မှာမို့ အားပေးစောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော် ...

Native Title: 花间一倾城
Starrings: Li Lin Fei & He Chang Xi
Also Known As: Falling Blossoms , I'm in Love with the Flower Fairy , Petals of Love , 我和花妖恋爱了 , 落花傾城 , 我和花妖戀愛了 , 落花倾城
Genres: Romance, Wuxia, Fantasy
Country: China
Type: Drama
Episodes: 24
Original Network: iQiyi
Duration: 35 min.

#LiLinFei  #HeChangXi
#LoveOfPetals #花间一倾城
#SK #SoulKingdom
👍116🥰2
Ski into Love 嘘,国王在冬眠
နှင်းငွေ့သက် ချစ်ရိပ်ခြယ်

"ကိုယ်တို့ဟာ အထီးကျန်သစ်ပင်ကြီးအောက်က လိုက်ဖက်ညီတဲ့ဝိညာဥ်ဘက်လေးတွေပေါ့"

ဇာတ်လမ်းအကျဥ်း

Manga စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Wei Zhi ဟာ မကောင်းသတင်းတစ်ခုကြောင့် သူ့ရဲ့ ကလောင်နာမည်နဲ့ မူပိုင်ခွင့်တွေကို ဆုံးရှုံးလိုက်ရပါတယ်။ ဒီလိုအိပ်မက်တွေရိုက်ချိုးခံလိုက်ရတဲ့ Wei Zhi တစ်ယောက် Beishan Snow Resort ကိုသွားရင်း နှင်းလျှောစီးခြင်းနဲ့ပတ်သက်ပြီး နှင်းလျှောစီးချန်ပီယံဟောင်း Shan Chong နဲ့ဆုံတွေ့ဖို့အကြောင်းဖန်လာတဲ့အခါမှာတော့ ...

ကံကြမ္မာခါးသီးတဲ့အချိန် ဆုံမှတ်တစ်ခုမှာ တွေ့ဆုံကြတဲ့သူတို့နှစ်ယောက်ရဲ့ ခံစားချက်တွေဟာ ထပ်တူကျပါ့မလား ???

Native Title: 嘘,国王在冬眠
Starrings: Esther Yu & Lin Yi
Genres: Romance, Sports
Country: China
Type: Drama
Episodes: 32
Airs: 2025
Original Network: Youku
Duration: 45 min.

#SkiintoLove
#嘘国王在冬眠
#SoulKingdom
10👍7
အထက်တန်းလွှာက မိန်းမမြတ်ဂုဏ်ရည်
The Glory / 雁回时 (2025)


ကဲ ဒီတစ်ခါမှာတော့

Historical & Romance အမျိုးအစားနှစ်ခုကိုပေါင်းစပ်ထားတဲ့ The Glory ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးပါမယ်နော် ...

ငယ်စဥ်ကတည်းက ပစ်ပယ်ခံခဲ့ရပြီး တောင်ပိုင်းနယ်အစွန်အဖျားမှာသာရှင်သန်ခဲ့ရတဲ့မိန်းကလေး - Zhuang Han Yan

ထူးဆန်းတဲ့ဝေဒနာကိုခံစားနေရပြီး ဂုဏ်ပညာသီလနဲ့ပြည့်စုံတဲ့အမျိုးသမီးတစ်ယောက်ကို လက်ဆက်ဖို့ရာရှာဖွေနေတဲ့ တော်ဝင်တရားရုံးတော်ရဲ့ ငယ်ရွယ်တဲ့အမတ်မင်း - Fu Yun Xi

တစ်ရက် Zhuang Han Yan တစ်ယောက်မြို့တော်မှာရှိတဲ့ ကျွမ်းအိမ်တော်ကိုပြန်လာဖို့အကြောင်းဖန်လာရင်းကနေမှ Fu Yun Xi နဲ့တွေ့ဆုံခဲ့ပြီးနောက်မှာတော့ Han Yan ရဲ့ ကိုယ်ကျင့်သီလ သတ္တိ စိတ်နေစိတ်ထားကိုမြင်တွေ့လိုက်ရတဲ့အခါ Fu Yun Xi ရဲ့ အာရုံစူးစိုက်မှုကိုရရှိသွားပါတော့တယ်

သို့ပေမဲ့ ကလေးဘဝကတည်းကနေလို့ မြို့တော်ကိုစွန့်ခွာခဲ့ရတဲ့ Zhuang Han Yan တစ်ယောက် ဘယ်လိုအရာတွေကိုကြုံခဲ့ရတာလဲ

Fu Yun Xi ရဲ့ အာရုံစိုက်မှုကရော Zhuang Han Yan အတွက် ဘယ်လိုအရာတွေကိုဖြစ်စေမှာလဲ

မြို့တော်ကိုပြန်ရောက်လာချိန်မှာ Zhaung အိမ်တော်နဲ့ သူ့ရဲ့ကံကြမ္မာကဖြောင့်ဖြူးနေပါဦးမလား
👍107🥰2👏1😁1
ဂန္ဓာရီသိုင်းလမ်းခရီးကြမ်း 凡人修仙传
The Immortal Ascension
2025

မကြာခင်ထွက်ရှိလာတော့မယ်လို့ သတင်းတွေကြားနေရတဲ့ မင်းသားချောလေး Yang Yang ရဲ့
A Record Of A Mortal's Journey To Immortality ကို LA ဗားရှင်းရိုက်ကူးထားတာလေး


ဇာတ်လမ်းအကျဉ်း

ရွာလေးတစ်ရွာက သာမန်ဆင်းရဲသားလေး ဟန်လိဟာ သိုင်းလောကရဲ့ ဂိုဏ်းငယ်တစ်ခုထဲကို မတော်တဆ ဝင်ရောက်သွားခဲ့ပါတယ်

သူ့ရဲ့အရည်အချင်းတွေက သာမန်ဆိုပေမဲ့ ကြိုးစားအားထုတ်မှုနဲ့ ကျိုးကြောင်းသင့်တွက်ချက်မှုတွေကြောင့် ဂိုဏ်းထဲမှာ တဖြည်းဖြည်းနေရာရလာခဲ့ပါတယ်

ဟန်လိဟာ သူတော်စဉ်လမ်းစဉ်ကို ကျင့်ကြံဖို့ အန္တရာယ်တွေကို ဘယ်လိုရှောင်ရှားရမလဲ ?

သူတော်စင်နတ်ဖြစ်လာဖို့ ကျင့်ကြံတဲ့ လမ်းတလျှောက်မှာ နတ်ဆိုးတွေနဲ့ ကောင်းကင်ဘိုးဘေးရဲ့စိန်‌ခေါ်စမ်းသပ်မှုတွေကို ဘယ်လို ဖြတ်ကျော်ရမလဲဆိုတာ ...

ဒီကားလေးထွက်ရှိလာတဲ့အချိန်မှာ SoulKingdom ကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်

#SoulKingdom
#凡人修仙传
#TheImmortalAscension
👍2016
စိတ္တဇကျားစေ့ခုံ 棋士 Playing Go

ကဲ ကဲ လာပြန်ပါပြီ ရင်ခုန်စိတ်လှုပ်ရှား ဥာဏ်ကစားရဦးမဲ့ အက်ရှင်စုံထောက်ကားလေး

သာမန်ကျားထိုးဆရာတစ်ယောက်ဖြစ်တဲ့ Cui Ye ဟာမမျှော်လင့်ဘဲ ဓါးပြမှုတစ်ခုမှာ ဓါးစားခံအဖြစ် အဖမ်းခံခဲ့ရပါတယ်

သူဟာကိုယ့်ကိုယ်ကာကွယ်ဖို့အတွက် ဓါးပြတွေကိုရဲလက်ကလွတ်အောင်ထွက်ပြေးရာမှာကူညီခဲ့ရပါတယ်။

ဒီအချိန်မှာပဲ သူ့ရဲ့ကျားထိုးပါရမီကို ရာဇဝတ်မှုတွေမှာ ကောင်းကောင်းအသုံးချနိုင်တယ်ဆိုတာကို သူတွေ့ရှိလာပါတယ်

ဒီလိုနဲ့ နေ့စဥ်လူနေမှုဘဝရဲ့ ဖိအားတွေအောက်မှာ Cui Ye ဟာ ကိုယ့်ကိုယ်မထိန်းချုပ်နိုင်တော့ဘဲ ဒုစရိုက်လမ်းအပေါ် တဖြည်းဖြည်းရောက်လာပါတော့တယ်။

တစ်ဖက်မှာလည်း ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အစ်ကိုဖြစ်သူ Cui Wei ကတော့ သူ့ညီကို လမ်းမှန်ပေါ်ပြန်ရောက်လာအောင် အစွမ်းကုန်ကြိုးစားပါတယ်

Cui Wei တစ်ယောက်သူ့ရဲ့ညီ Cui Ye ကို သူဖြစ်စေချင်တဲ့အတိုင်း ပြန်ဖြောင်းဖျနိုင်လိမ့်မလား ?

ညီအစ်ကို ၂ ယောက်ကရော မတူညီတဲ့လမ်းပေါ်လျှောက်ရင်း ဘာတွေဆက်ကြုံတွေ့ရမလဲဆိုတာတော့... ...

Native Title: 棋士
English Title: Playing Go
Genres: Thriller, Crime
Starring: Wang Bao Qiang, Chen Ming Hao
Episodes: 24
Airs : March 25 ,2025
Original Network: Tencent Video

#ReviewByDD
#棋士
#SoulKingdom
#PlayingGo
4👍3