Live up to your youth 2026
ပျိုမြစ်ချိန်ရဲ့အားမာန်တေးသွင်
ဒီတစ်ခါတော့ ကြည့်နေကျ Life Drama မျိုးထက် Musical Life Drama ပုံစံကို ဇာတ်အိမ်တည်ထားပြီး ၁၉၉၀ ပြည့်နှစ်ကို နောက်ခံအဖြစ်ရိုက်ကူးထားတဲ့စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီစီးရီးမှာ The First Frost ရဲ့ MC ဖြစ်တဲ့ Zhang Ruo Nan နဲ့အတူ Bai Yu၊ Jelly Lin၊ Wang Yang Lin တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဘဝရဲ့အနိမ့်အမြင့်တွေကြား ချစ်ပျားရည်ချိုစိမ့်စိမ့်လေးတစ်ခွက် သောက်ရမဲ့ဇာတ်လမ်းလေးမို့ ပရိသတ်တို့ အကြိုက်တွေ့မှာ အသေချာပါပဲ!
ဇာတ်လမ်းအညွှန်း >>>
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပေကျင်းမှာရှိတဲ့ သေးငယ်တဲ့ တည်းခိုခန်းလေးတစ်ခုဟာ အနုပညာနဲ့ရည်မှန်းချက်တွေကို လိုက်လံရှာဖွေနေကြတဲ့လူငယ်တစ်စုရဲ့အိမ်ဂေဟာ ဖြစ်လာခဲ့ပါတယ်။ ဇာတ်ညွှန်းရေးဆရာ ရွှီရှန့်လီဟာ လောကအလယ်မှာ နာမည်တစ်လုံးရဖို့ ရုန်းကန်နေရသလို ကျွမ်းကျွမ်းကလဲ ပိုမိုကြီးကျယ်တဲ့စင်မြင့်ထက်ကိုတက်လှမ်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ စီးပွားရေးပွဲတွေမှာ ဖျော်ဖြေသီဆိုရင်း အခွင့်အရေးကို စောင့်စားနေသူပါ။ ရှန်ရန်ရန်ကတော့ သရုပ်ဆောင်ခွင့်ရရှိဖို့ မရေရာလှတဲ့အခြေအနေတွေကြားမှာ ဖြတ်သန်းနေရပါတယ်။
Saxophone ပညာရှင် ထောင်လျန်လျန်ကတော့ လူကူးတံတားတွေအောက်မှာ တီးခတ်ဖျော်ဖြေရင်း ဘဝကိုရှာဖွေနေပြီး ကောကျန့်ပေါင်ကတော့ မိသားစုကိုထောက်ပံ့နိုင်ဖို့ အပိုအလုပ်တွေကိုကျပန်းလုပ်ကိုင်ရင်း နောက်ခံ Extra အဖြစ် အနုပညာလောကထဲ ခြေစုံပစ်ဝင်ထားသူပါ။ ထူးခြားဆန်းသစ်လှတဲ့အတွေးအမြင်သမား ပန်းချီဆရာချောင်ယဲ့ကမူ သူ့အနုပညာပန်းချီကို တစ်စုံတစ်ယောက် နားလည်ပေးနိုင်မဲ့နေရောက်လာဖို့ မျှော်လင့်တောင့်တနေသူပါ။
ငြင်းပယ်ခံရမှု၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ခဏတာအောင်မြင်မှုတွေကြားမှာ လူငယ်လေး ၆ ယောက်ဟာ အသက်ရှင်ရပ်တည်ရေးအတွက် ခါးသီးလှတဲ့လက်တွေ့ဘဝတွေကို ရင်ဆိုင်ခဲ့ရပေမဲ့ အနုပညာစိတ်ဓာတ်ကတော့ လုံးဝပျောက်မသွားခဲ့ကြပါဘူး။ ဒါပေမဲ့ အချိန်ကာလတစ်ခုကို ကူးပြောင်းလာချိန်မှာတော့ အချို့က ဆက်လက်ကြိုးစားကြပြီး အချို့ကမူ လက်လွှတ်လိုက်ကြပါတော့တယ်။ အခြေအနေတွေဟာ ထင်ထားသလိုဖြစ်မလာကြပေမဲ့ သူတို့အားလုံးကတော့ ပြောင်းလဲလာတဲ့ ခေတ်ကာလတစ်ခုမှာ သမိုင်းခြေရာကိုယ်စီကို ချန်ရစ်ထားနိုင်ခဲ့တာတော့ အမှန်ပါပဲ။
ဒီစီးရီးက လူငယ်တွေရဲ့အားမာန်၊ ခေတ်ရဲ့ရိုက်ခတ်မှုတွေကြား တောက်ပနေတဲ့မီးခဲအသွင်ပျိုမြစ်မှုတို့ကြောင့် စိတ်နှလုံးအိမ် တသိမ့်သိမ့်တုန်စေမဲ့ဇာတ်လမ်းမို့ ပြိတ်သတ်တို့စိတ်ထဲ တသသစွဲကျန်နေမှာ ကျိန်းသေပါပဲနော်!
#LiveUpToYourYouth

❤1
မရဏမြေမှ မေတ္တာရိပ်မြုံ
Love Beyond the Grave ( 2026 )
=========================
အသက်လေးရာကျော်သက်တမ်းရှိပြီး အင်အားအကြီးဆုံးတစ္ဆေဘုရင်မဖြစ်သူ ဟယ့်စစ်မုနဲ့ လျှို့ဝှက်ချက်များစွာရှိနေတဲ့ စစ်သူကြီးသွမ့်ရွှီးတို့ဟာ ပျက်စီးသွားတဲ့ ဖော့ဝမ်ဓားကြောင့် မထင်မှတ်ဘဲဆုံတွေ့ခဲ့ကြပါတယ်။ အဲဆုံတွေ့မှုကနေတစ်ဆင့် နှစ်ဦးသားဟာ အာရုံငါးပါးကိုအပြန်အလှန်လဲလှယ်ဖို့ ကတိကဝတ်သွေးစာချုပ်ပြုလုပ်ခဲ့ကြရာမှ ထူးဆန်းစွာပဲ ကံကြမ္မာချင်း ဆက်နွှယ်သွားခဲ့ကြပါတော့တယ်။
ဒီလိုနဲ့ သူတို့ဟာ လူ့လောကနဲ့ဝိညာဉ်လောကကြားက ငြိမ်းချမ်းမှုကို ထိန်းသိမ်းကာကွယ်ဖို့ အချင်းချင်းလက်တွဲပြီး အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြပါတယ်။ အခက်အခဲတွေကို အတူတူရင်ဆိုင်ရင်း နှစ်ပေါင်း ၄၀၀ ကျော်လောက်အေးခဲငြိမ်စက်နေတဲ့ ဟယ့်စစ်မုရဲ့ နှလုံးသားလေးဟာလည်း သွမ့်ရွှီးကြောင့် ပြန်လည်လှုပ်ရှားနွေးထွေးလာခဲ့ရာမှ ဘဝမတူတဲ့သူတို့နှစ်ဦးကြားမှာ ချစ်မေတ္တာဟာ လှပစွာပွင့်လန်းလာခဲ့ပါတော့တယ်။
ဒီဇာတ်လမ်းက Dilraba ရဲ့ပရိသတ်တွေအတွက်ရော Chen Feiyu ရဲ့ပရိသတ်တွေအတွက်ပါ တကယ့်ကိုလက်လွှတ်မခံသင့်တဲ့ Fantasy Epic ကြီးမို့ ကြည့်ကိုကြည့်သင့်တာထက် ပိုသောပါပဲ ပြိတ်သတ်တို့ရေ။

❤21
Veil Of Shadows《 2026 》
ဝူကျိ၊ ကျွီးကျင့်ယီး၊ ချန်တူးလင်၊ ထျန်ကျားရွေ့တို့ရဲ့သိုင်းစီးရီးအသစ်ရပါပြီ။
ဇာတ်လမ်းအကျဥ်း~
လူသားမျိုးနွယ်တွေနဲ့မိစ္ဆာမျိုးနွယ်တွေ အတူယှဥ်တွဲနေထိုင်ကြတဲ့ လော့အန်းမြို့လေးမှာ လူ့နှလုံးသားတွေကို ထိုးဖောက်စားသောက်တဲ့အမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့အချိန်။
ထူးဆန်းပဟေဠိဂိုဏ်းဝူးရှန်းယွဲ့ရဲ့ အငယ်ဆုံးအမြီးကိုးချောင်းမြေခွေးမလေး“လုဝူယီး”။အငယ်ဆုံးဖြစ်တဲ့အပြင် သွက်လက်ဖြတ်လတ်ပြီး ဉာဏ်နီဉာဏ်နက်လည်း အင်မတန်များသူဖြစ်တဲ့ “လုဝူယီး”ဟာ မြေခွေးမိစ္ဆာရှောင်ဝေကို လိုက်ရှာတဲ့ တာဝန်ကို ထမ်းဆောင်ဖို့အတွက် လော့အန်းမြို့က ဝေအိမ်တော်ကို နတ်ဆရာမအဖြစ်နဲ့ တိတ်တခိုးဝင်ရောက်လာခဲ့ပါတယ်။
ဒါပေမဲ့ သူမလိုပဲ တခြားသူတွေလည်း မြေခွေးမိစ္ဆာရှောင်ဝေကို ရှာဖွေနေကြသူတွေပါ ရှိမှန်း သိသွားခဲ့ပါတယ်။အဲဒီထဲမှာ မိစ္ဆာအယောင်ဆောင်ထားတဲ့ မှော်ဆရာ “ဝူရှစ်ကွမ်း”၊သူမနဲ့အတူ လိုက်ပါလာတဲ့ ဆရာတူအစ်မဖြစ်သူ“ဝုဝမ့်ယန်”တို့နဲ့ ဖြူစင်ရိုးသားပုံပေါက်ပေမဲ့ ပဟေဠိပေါင်းများစွာရှိသူ “ကျိလင်”တို့လည်း ပါဝင်နေခဲ့ပါတယ်။
ထူးဆန်းပဟေဠိဖြစ်ရပ်တွေရဲ့နောက်ကွယ်က တရားခံကတော့ မြေခွေးမိစ္ဆာ “ရှောင်ဝေ”ဖြစ်ပြီး သူသည်လည်း တစ်ချိန်က “ထောင်းထျယ်”၊“ဝူကျစ်းချီ”၊“ပိုင်ဇယ်”၊“ဟန့်ပါ”တို့လိုပဲ နဂါးနတ်ဘုရားအပေါ် သစ္စာစောင့်သိခဲ့သူဖြစ်ပြီး နဂါးနတ်ဘုရားစွမ်းအားကို ချီးမြှင့်ထားခံရသူဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့ဟာ နဂါးနတ်ဘုရားအပေါ် သစ္စာဖောက်ဖျက်ခဲ့ကြပြီး လူသားမျိုးနွယ်စုကို အန္တရာယ်အကြီးအကျယ်ပေးလာခဲ့ကြပါတယ်။ အမှန်တရားကို ရှာဖွေကြတဲ့ ဖြစ်ရပ်မှာ လုဝူယီးတို့အဖွဲ့တွေ အတူပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြပါတယ်။သူတို့အားလုံးက ရှောင်ဝေဆီမှာ ရှိတဲ့ နဂါးနတ်ဘုရားအစွမ်းကို လိုချင်လို့ လာခဲ့ကြတာဖြစ်ပေမဲ့ ရည်ရွယ်ချက်ချင်းကတော့ မတူပါဘူး။ တချို့ကတော့ အဲဒီအစွမ်းကို ကာကွယ်ချင်ကြပြီး တချို့ကတော့ ဖျက်ဆီးချင်ကြတယ်။
“လုဝူယီး”တို့အဖွဲ့တွေဟာ ပျောက်ဆုံးနေတဲ့နဂါးနတ်ဘုရားရဲ့အစွမ်းကို ရရှိဖို့အတွက် ကြိုးပမ်းကြရင်းကနေ သူတို့ချင်း သံယောဇဥ်တွေဖြစ်လာကြပြီး မေတ္တာကြိုးတွေပါ ချည်နှောင်လာခဲ့ကြပါတယ်။ဒါပေမဲ့ သူတို့ရဲ့ချစ်ခြင်းတရားတွေကို တားဆီးနေတဲ့ အနှောင့်အယှက်ရှိမှန်း သိသွားကြတဲ့အခါ...။ဒီအတားအဆီးကို ရှာဖွေကြရင်းကနေ သူတို့ရဲ့ဘဝအကြောင်းတွေကိုပါ သိလာခဲ့ကြပါတယ်။
သူတို့အတွက် အတားအဆီးကတော့ မိစ္ဆာအားလုံးရဲ့အရှင်သခင်မ၊လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာက စစ်ပွဲတရားခံ “ကျိုယင်း”ပဲဖြစ်ပါတယ်။ သူတို့တစ်တွေ လောကကြီးကို အေးချမ်းဖို့အတွက် ဘာတွေပေးဆပ်လိုက်ကြရမလဲ။ သူတို့ရဲ့ကံကြမ္မာကိုရော ပြောင်းလဲနိုင်ကြမလား။

❤21👏1
မုန်တိုင်းကြားက ပန်းရိုင်းတစ်ပွင့် (2017)
ဝေအနောက်တိုင်းပြည် ပရမ်းပတာဖြစ်နေတဲ့ ကာလမှာ ရိုးသားဖြူစင်တဲ့ ပြည်သူတွေ ပြန်ပေးဆွဲခံရတယ်။ ကျေးကျွန်အဖြစ် စေခိုင်းခံရတယ်။ အစေခံ ချူချောင်က ချမ်းသာကြွယ်ဝပြီး အာဏာရှိတဲ့သခင်တွေရဲ့ အမဲလိုက်ပွဲတစ်ခုမှာ ပါ၀င်ခဲ့တယ်။ တောထဲကို အပို့ခံရပြီး ဝံပုလွေနဲ့တူတူ အမဲလိုက်ခြင်းခံခဲ့ရတယ်။ အဲ့ဒီနောက်သူမကို အာဏာရှိတဲ့ မိသားစုတစ်ခုဖြစ်တဲ့ ယွီ၀မ်အိမ်က ခေါ်ဆောင်ပြီး အလုပ်ကျွေးပြုခိုင်းတယ်။
ဂုဏ်ဓန ကြီးမားတဲ့ မိသားစု အချင်းချင်း လုပ်ကြံသတ်ဖြတ်တဲ့ သက်သေတွေ သူမရှာဖွေတွေ့ရှိသွားတယ်။ သူမက သူမရဲ့ ညီမတွေနဲ့ အဲ့ဒီအခြေနေကနေ အဝေးကို ထွက်ပြေးဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့ ယွီ၀မ်ယွဲရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး ရန်ရွှင်နဲ့ ကြားပက်သက်မှုတွေမှာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ ပြစ်ဒဏ်တွေ အလူးအလဲခံရတယ်။ ကံမကောင်းစွာနဲ့ အနောက်ဝေက စစ်ပွဲနဲ့ ကြုံတွေ့ရပြီး ရန်ရွှင်မိသားစုက အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတယ်။
နှင်းဆီမလေးတွေရဲ့ အသဲကျော်ရန်ရွှင်မှာ ရည်ရွယ်ချက် ကြီးကြီးမားမား ရှိနေပြန်တယ်။ သူ့လူတွေ အသက်ပေးဆပ်ခဲ့ရလို့ ပြန်လက်စားချေမယ်ဆိုပြီး ရက်စက်ကြမ်းကြုတ် လာခဲ့တယ်။ ချူချောင်က သူ့အပေါ်သစ္စာရှိနေတာ သူ့ကိုမေတ္တာရှိနေတာဟာ သူ့ကိုသစ္စာဖောက်ချင်လို့ အရော၀င်နေတာ ပေးဆပ်နေတာလို့ သံသယရှိခဲ့တယ်။ ရန်ရွှင်ဟာ အာဏာရဖို့ဆို အစွမ်းကုန် ရက်စက်တော့တာပဲ။ အဲ့ဒီနောက် ချူချောင်းနဲ့သူ ပြတ်စဲခဲ့ပြီး ချူချောင်က ယွီ၀မ်ယွဲကို လက်စားချေမယ်။ ရန်ရွှင်ရဲ့ ယုတ်မာတဲ့ အစီစဉ်တွေကိုလဲ ဖျက်ဆီးပစ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ သူမက နောက်ဆုံးမှာ ယွီ၀မ်ကိုလည်း ယုံကြည်သွားတယ်။
အဆုံးသတ်မှာတော့ ချူချောင်းက ကျေးကျွန်တွေ မတရားညည်းပန်း နှိပ်စက်ခံနေရတာကိုလဲ ဖျက်သိမ်းပြီး စစ်မှုရေးရာ အဖြာဖြာမှာ နည်းမဟာဗျူဟာ ကျွမ်းကျင်ပိုင်နိုင်တဲ့ အမျိုးသမီး စစ်သူကြီးအဖြစ်နဲ့ တိုင်းသူပြည်သားတွေရဲ့ နှလုံးသားမှာ ထာ၀ရရှိနေတဲ့ သူတစ်ယောက် ဖြစ်သွားပါတော့တယ်။

❤9❤🔥1👍1👏1
Agent From Above 2026
နတ်ဝင်သည်
ဒီတစ်ခါမှာတော့ သာမန် fantasy drama တစ်ခုထက်ပိုပြီး ကြည့်လိုက်တဲ့အခါမှာတော့ လူ့ဘဝရဲ့ အမှားတွေ၊ နာကျင်မှုတွေ၊ ပြန်လည်ကောင်းမွန်လာနိုင်ခြင်းဆိုတဲ့ theme ကို နတ်ဘုရားနဲ့ ဝိညာဉ်လောကတို့နဲ့ ပေါင်းစပ်ပြီး စိတ်ဝင်စားဖွယ်ကောင်းအောင် တင်ဆက်ထားတဲ့ series တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဒီဇာတ်လမ်းလေးထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟန်ကျယ်က မူးယစ်ဆေးဝါးကြောင့် ဘဝပျက်ခဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ အမှားတွေကို ပြန်လည်ပြုပြင်ဖို့အတွက် နတ်ဘုရား San Tai Zi ရဲ့ နတ်ဝင်သည်အဖြစ် ရွေးချယ်ခံရတာကနေ စတင်ပြီး လူ့လောကထဲက မမြင်ရတဲ့ ဝိညာဉ်ဆိုင်ရာပြဿနာတွေကို ဖြေရှင်းရတဲ့လမ်းကြောင်းထဲ ဝင်ရောက်သွားရပါတယ်
ဒီလို ကူးပြောင်းခြင်းမှာ “လူတစ်ယောက်ဟာ အမှားတွေကြားကနေ ပြန်လည်တည်ဆောက်နိုင်ရဲ့လား” ဆိုတာ
ထူးခြားတာက ဒီ series ဟာထိုင်ဝမ်ရိုးရာယုံကြည်မှုဖြစ်တဲ့ နတ်ဝင်ခြင်း၊ ဝိညာဉ်နှင့် ဆက်သွယ်ခြင်းစတဲ့ သဘောတွေကို ခေတ်သစ်ပုံစံ ရာဇဝတ်မှုတွေနဲ့ပါ ရောနှောတင်ဆက်ထားတာကြောင့် မမြင်ဖူးသေးတဲ့ storytelling experience တစ်ခုကို ပေးစွမ်းနိုင်မှာပါ
ပြီးတော့ ဟန်ကျယ်တစ်ယောက်တည်းမဟုတ်ဘဲ ဝိညာဉ်တွေကို မြင်နိုင်တဲ့ ရဲအရာရှိ၊ သွေးကင်ဆာနဲ့ ရုန်းကန်နေတဲ့ ကျောင်းသား၊ လူ့လောကနဲ့ မကောင်းဆိုးဝါးလောကကြား balance ကို ဖျက်ဆီးချင်တဲ့ အာဏာလိုချင်သူ ဗီလန်ဇာတ်ကောင် စတဲ့ characters များစွာပါဝင်ပါတယ်
ထုတ်လုပ်ရေးဘက်မှာလည်း ထိုင်ဝမ်ဒရာမာတွေထဲမှာ ဘတ်ဂျက်အမြင့်ဆုံးတစ်ခုဖြစ်တာကြောင့် visual effects, cinematography, overall atmosphere တွေက cinematic level တစ်ခုလိုခံစားရပြီး supernatural scenes တွေကိုလည်း believable ဖြစ်အောင် ဖန်တီးထားတဲ့စီးရီးကောင်းတစ်ခုဖြစ်ပါတယ်
ဒီစီးရီးလေးဟာ action နဲ့ fantasy ရသပေးနိုင်တာအပြင် လူ့ဘဝရဲ့ အမှား၊ ပြစ်မှု၊ နောင်တနဲ့ ပြန်လည်မွေးဖွားခြင်းဆိုတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ မက်ဆေ့ချ်ကိုပါ ပေးနိုင်တဲ့ စီးရီးတစ်ခုဖြစ်လို့ dark fantasy နဲ့ supernatural drama ကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ စာရင်းထဲက အရေးပါတဲ့ ကားကောင်းတစ်ခုလို့ ပြောနိုင်ပါတယ်
#AgentFromAbove

❤3