တရုတ်စီးရီး 🦋 Review 🦋
14.1K subscribers
1.56K photos
4 links
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။
Download Telegram
❤️‍🔥Si Jin (似锦 2025)
နှစ်လွှာပေါင်းမှ တစ်ရွက်❤️‍🔥


♡ဇာတ်လမ်းအကျဉ်း♡

Dongping Bo အိမ်တော်က စတုတ္ထသခင်မလေး Jiang Si

သူ့ရဲ့ချစ်ရသူ အမျိုးသား Yu Jin

ချစ်ရသူအမျိုးသား Yu Jin ရဲ့လက်ပေါ်မှာ သေဆုံးသွားခဲ့ရတဲ့ Jiang Si က ပြန်လည်မွေးဖွားလာတယ်။

Jiang Si ပြန်လည်မွေးဖွားပြီးနောက် ကံကြမ္မာကို အသစ်ပြန်ရေးမည်ဟု တွေးကာ အရင်က စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပြီး ကောက်ကျစ်တဲ့‌‌အ‌ဒေါ်ဖြစ်သူကို သတိထားနေတယ်။

အမွှေးနံ့ဆိုင်တစ်ဆိုင်ဖွင့်ပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို စုံစမ်းမှုလုပ်လာသောအခါ...

ချစ်ရသူ Yu Jin နဲ့ပြန်ဆုံတော့ အတိတ်က ဖြေရှင်းလို့မရတာတွေကို ဘေးဖယ်ထားပြီး ဝမ်းနည်းစရာကောင်းတဲ့ ကံတရားတွေကို အတူတူ‌ပြောင်းလဲပစ်တယ်။

Jiang Si ရဲ့မွေးချင်းတွေကို Yu Jin က ကယ်တင်ခဲ့ပြီး Jiang Si ဖခင်ဖြစ်သူရဲ့ နာမည်ပျက်ကိုပါ ကူညီပြီးရှင်းလင်းပေးခဲ့တယ်။

ဒီလိုနဲ့ အခက်အခဲတွေကို အတူတူကျော်ဖြတ်လာပြီးနောက်မှာ...

Yu Jin အပေါ်ရှိခဲ့တဲ့ Jiang Si ရဲ့ခံစားချက်တွေက တစ်ဖန်ပြန်ထွက်ပေါ်လာမလား...။

Jiang Si က Yu Jin လက်ပေါ်မှာ သေ‌ဆုံးသွားရတဲ့အတိတ်ကအဖြစ်အပျက်နောက်ကွယ်မှာ ဘာအကြောင်းအရင်းရှိနေမလား...။

Jiang Si အဖြစ် အလှပဂေးမမ Jing Tian
Yu Jin အဖြစ် ကိုကို Zhang Wanyi တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

Main Lead Visual နဲ့တင် ဇာတ်လမ်းကို ကြည့်ရတာတန်နေပြီမလို့ "နှစ်လွှာပေါင်းမှတစ်ရွက်" ဆိုတဲ့ ကားလေးကို ဘာသာပြန်လက်ရာအကောင်းဆုံးနဲ့ အရည်အသွေးအကောင်းဆုံး တင်ဆက်ပေးနေတဲ့ SoulKingdom မှာ အတူတူကြည့်ရအောင်လေနော်♡

(အညွှန်းရေးသားသူကတော့ Kay Zin Win ဖြစ်ပါတယ်☀️)

Native Title : 似锦
Starrings : Jing Tian, Zhang Wanyi
Genres : Historical, Romance, Fantasy, Family
Episodes : 40
Air Date : Mar 1, 2025
Original Network : Tencent Video

#SiJin
#似锦
#ReviewedByKayZinWin☀️
#SoulKingdom
#JingTian #ZhangWanyi
11👍7🥰1😁1
Dagger Mastery 2018
ဓားဘုရင်
=================

ထန်ရှန်းဟာငယ်ငယ်ကသိုင်းပညာကိုစိတ်ဝင်စားပြီးပျော်ပျော်ပါးပါးနေတတ်တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့အဖေကတော့သိုင်းလောကသား၁ယောက်ဖြစ်ပြီး သူ့ဘဝအမှန်ကို ဖုံးကွယ်ထားခဲ့တယ်။

သူ့အဖေကသူ့ကိုသိုင်းလောကထဲမဝင်စေဘဲ သိုင်းပညာကိုလျှိုဝှက်ထားစေခဲ့ပေမယ့် တစ်နေ့သူတို့မိသားစုကို အမှောင်ကပ်ဆိုးလွှမ်းခြုံလာခဲ့တယ်။

ထန်ရှန်းဟာ သူ့မိသားစုကိုသတ်ခဲ့တဲ့ရန်သူကိုရှာဖို့ သိုင်းလောကထဲဝင်ရောက်လာခဲ့တယ်။

သိုင်းလောကရဲ့လှည့်ကွက်အမျိုးမျိုးကြားမှာမင်းသားထန်ရှန်းတစ်ယောက်ဘယ်လိုစခန်းသွားမလဲဆိုတာ။
👍3910
Northward 北上 2025
လေညာအရပ်မှ ဦးတည်၍

Family, Drama အမျိုးအစားဇာတ်လမ်းတွဲလေးဖြစ်ပြီး ဒီဇာတ်လမ်းတွဲရဲ့ မူရင်းဝထ္ထုဟာ 2019 မှာ တရုတ်ပြည် ဝထ္ထုစာရေးဆရာ Mao Dun စာပေဆုကို ရယူထားနိုင်ခဲ့တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

Ma Si Yi ဆိုတဲ့ (၁၀)နှစ်အရွယ်မိန်းကလေးဟာ ဆန်းကြယ်တဲ့ဘဝဇာတ်ကြောင်းနဲ့ Flower Street ကိုရောက်ရှိလာခဲ့ပြီး သူ(မ)ရဲ့ ထူးခြားတဲ့သွင်ပြင်ကြောင့် Flower Street မှာမျက်နှာပန်းအပွင့်ဆုံးသူဖြစ်ခဲ့ရပါတယ်။ ရွယ်တူတွေဖြစ်ကြတဲ့ Xie Wang He, Xing Chi နဲ့ Hai Kuo စတဲ့ကောင်လေးတွေကလည်း  Ma Si Yi ကို နှောင့်ယှက်လာတဲ့ကောင်လေးတွေရဲ့ရန်ကနေကာကွယ်ရင်း သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။

တစ်ရက်မှာတော့ ကျောင်းမှာမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး အဲဒီဖြစ်ရပ်ကြောင့် Ma Si Yiရဲ့ အစ်ကိုနဲ့အဘွားဟာဆုံးပါးသွားခဲ့ပြီး Ma Si Yi ပါ နေထိုင်ရာအရပ်ကနေ ပျောက်ကွယ်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ (၈)နှစ်အကြာမှာတော့ ဒီလူငယ်လေးတွေဟာ ပေကျင်းမှာ ဘဝရဲ့ဖိအား ပြိုင်ဆိုင်မှု အတွေ့အကြုံတွေကြားကနေဘဝအသစ်တစ်ခုကိုရှာတွေ့ရင်း  တစ်ချိန်က ပျောက်ဆုံးသွားခဲ့တဲ့ Ma Si Yi နဲ့ပြန်လည်ဆုံတွေ့ပြီးနောက် မွေးရပ်မြို့လေးဆီအသီးသီးပြန်လည်ရောက်ရှိလာတဲ့အခါမှာတော့ ...
👍53🥰1
Love of Petals 花间一倾城
ပွင့်ဖတ်မှသည် ချစ်ပန်းဝေသီ

ဇာတ်လမ်းအကျဥ်း

Gu Qingcheng ဆိုတဲ့ပန်းသည်လေးဟာ ဆန်းကြယ်ပိုးစုန်းကြူးတစ်ကောင်ရဲ့ လမ်းပြမှုကနေပြီး ပျိုနီပန်းဖြူလေးရဲ့ ပန်းဝိညာဥ်ကိုရှူရှိုက်မိခဲ့ပါတယ်။ သူမသိလိုက်တာကတော့ အဲဒီပျိုနီပန်းဖြူလေးဟာ နှစ်ထောင်ချီသက်တမ်းရှိတဲ့ မိစ္ဆာတစ်ပိုင်း Lyu Gengyun ဖြစ်နေတယ်ဆိုတာပါပဲ။

Gu Qingcheng ဟာငယ်စဥ်ကတည်းက အဖေဖြစ်သူရဲ့နောက်ဆုံးဆန္ဒအရ ပန်းပေါင်း ၉၉၉၉ပင်ကို ပျိူးထောင်ဖို့စိတ်ပိုင်းဖြတ်ထားတဲ့သူပါ။ ဒီလိုဆုံးဖြတ်ထားတာကလည်း သူ့အနေနဲ့ ဒါကိုပြည့်မြောက်အောင်လုပ်နိုင်ရင် ပန်းမျိုးတစ်ရာဝိဇ္ဇာအရှင်ကနေပြီး သူအတွေ့ချင်ရဆုံးသူကိုတွေ့ရဖို့ ကောင်းကင်နန်းတော်ဆီခေါ်သွားမယ်လို့ မှတ်ထားတာကြောင့်ပါပဲ။

တစ်ညမှာတော့ Lyu Gengyun တစ်ယောက် Gu Qingcheng ရဲ့ရှေ့မှာတင် ပျိုနီပန်းဖြူထဲကနိုးထလာတာတော့တွေ့လိုက်ရတဲ့အခါ ပန်းမျိုးတစ်ရာဝိဇ္ဇာအရှင်လို့ထင်မိသွားတဲ့အခါ ...

Lyu Gengyun အနေနဲ့လည်း သရုပ်မှန်ကိုဖုံးကာ သူ့ပန်းဝိညာဥ်ကိုပြန်ယူဖို့ကြိုးစားရင်း ...

ဘယ်လိုနှောင်ဖွဲ့မဲ့ကြမ္မာတွေကြား ရောက်ရှိသွားမလဲဆိုတာကို မကြာခင်တင်ဆက်ပေးသွားတော့မှာမို့ အားပေးစောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော် ...

Native Title: 花间一倾城
Starrings: Li Lin Fei & He Chang Xi
Also Known As: Falling Blossoms , I'm in Love with the Flower Fairy , Petals of Love , 我和花妖恋爱了 , 落花傾城 , 我和花妖戀愛了 , 落花倾城
Genres: Romance, Wuxia, Fantasy
Country: China
Type: Drama
Episodes: 24
Original Network: iQiyi
Duration: 35 min.

#LiLinFei  #HeChangXi
#LoveOfPetals #花间一倾城
#SK #SoulKingdom
👍116🥰2