🕯ဝင်္ကပါအလယ်က မေတ္တာပန်းငယ်🕯
Kill My Sins / 掌心 (2025)
Hello Hello....Soulersလေးတို့ရေ
ပရိသတ်ကြီးတို့ဆီ အကောင်းတကာ့အကောင်းဆုံးတွေပဲ ယူဆောင်လာပေးတတ်တဲ့ SoulKingdom ကနေ ဒီတစ်ခါယူဆောင်လာပေးတဲ့ကားလေးကတော့ ပြည်သူ့အချစ်တော် မမ Liu Shi Shi ရဲ့Kill My Sins ဆိုတဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်...
ပဟေဠိဆန်ဆန် အမှုတွေဖော်ရ နောက်ကွယ်က တရားခံကို ဟိုလူလားဒီလူလားဆိုပြီး ခေါင်းရှုပ်ခံစဉ်းစားရတာ ကြိုက်တတ်တဲ့သူများအတွက် ဒီဇာတ်ကားလေးက အကြိုက်တွေ့စေမှာအသေအချာပါပဲရှင်...
ဇာတ်လမ်းအညွှန်း
လောကအနှံ့ လေလွင့်သွားလာနေတဲ့ သမားတော်တစ်ဦးဖြစ်တဲ့ Ye Ping An ဟာ ချန်အန်းမြို့ကို ရောက်ရောက်ချင်းမှာပဲ အမှုသက်တမ်းကြာလှနေပြီဖြစ်တဲ့ ရှုပ်ထွေးပွေလီတဲ့အမှုတစ်ခုကြားမှာ ခြေချုပ်မိကာ သူပါ ရောပါသွားရပါတော့တယ်
သူ့ရဲ့ဆေးပညာအသိဉာဏ်ကြွယ်ဝမှုကြောင့် သူဟာ စိတ်အစဉ်ကို လိုသလို ထိန်းချုပ်ကိုင်တွယ်ရင်း အကြောက်တရားကို အန်တုယှဉ်ပြိုင်နေချိန်မှာ နိမ့်ကျတဲ့မျိုးရိုးမှာမွေးဖွားလာရသူတစ်ဦးဖြစ်တဲ့ တရားသူကြီးမင်းYuan Shao Cheng ဟာ ရာထူးအာဏာကို အမိအရအသုံးချရင်း သူ့ဘဝတိုးတက်မြင့်မားနိုင်မဲ့ အခွင့်အရေးကို ဖမ်းဆုပ်နိုင်ဖို့ ချောင်းမြောင်းနေသူဖြစ်တဲ့အခါ သူတို့နှစ်ယောက်ရဲ့ဆုံတွေ့မှုက ဘယ်လိုများဖြစ်နေမလဲ....
ချန်အန်းမြို့က လူသတ်မှုတစ်ခုမှာ Ye Ping An ပါဝင်ငြိစွန်းနေရပေမဲ့ သူဟာ တကယ်ပဲ အပြစ်မရှိတဲ့ ဓားစာခံမြေစာပင်ကလေးလား....ဒါမှမဟုတ် အရာရာကို နောက်ကွယ်ကနေ ခြယ်လှယ်နေတဲ့ ကြိုးကိုင်သူစင်စင်ဖြစ်နေလေမလား... ရှုပ်ထွေးပွေလီလှတဲ့ ဘဝဇာတ်ခုံပေါ်မှာ ဒီလူသားတွေဟာရော ဘယ်နေရာဘယ်ရှုထောင့်ကများ ပါဝင်နေကြဦးမလဲ....စတဲ့ စိတ်ဝင်စားစရာဇာတ်ကြောင်းတွေကိုသိရှိနိုင်ဖို့ အခုပဲ ဒီဇာတ်ကားလေးကို SoulKingdom မှာ ကြည့်ရှူလိုက်ကြရအောင်လားနော်...
(အညွှန်းရေးသားသူကတော့ Vilkas Minပဲ ဖြစ်ပါတယ်ရှင်💛)
Native title - 掌心
Starrings - Liu Shi Shi, Shawn Dou
Genre - Thriller, Historical, Mystery
Country - China
Type - Drama
Episodes - 30
Air- February 7, 2025--??
Original Network - CCTV Youku
Duration - 45min
#ReviewbyVilkasMin
#KillMySins
#掌心
#SoulKingdom

👍12❤4🥰4
The Heaven Sword And Dragon Sabre [ 2009 ]
နဂါးနိုင်ဓါး or ဓားနှစ်လက်ရဲ့ရာဇဝင်
==========================
နဂါးနိုင်ဓါးဦးထိပ်ထား တိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း ...
သိုင်းလောကကြီးရဲ့ပဋိပက္ခတွေစတင်လာပုံကတော့ သိမ်းငှက်သူရဲကောင်းရန်ကော့ရဲ့သံဓားကို ကောကျင့်နဲ့ဟွမ်ရုံကရသွားပြီးတော့ ရွှေနဲ့ရောအရည်ဖျော်ပြီး နဂါးနိုင်ဓားနဲ့ တိမ်လွှာဓားဆိုတဲ့ဓားနှစ်လက်ကိုသွန်းလုပ်ခဲ့တယ်။
အဲဒီဓားနှစ်လက်ထဲမှာ ယွဲဖေးရဲ့စစ်ဗျူဟာကျမ်းနဲ့ လစကြာသိုင်းကျမ်းရဲ့လျှိဝှက်ချက်ကိုထည့်ဖွက်ထားတယ်လိုဆိုကြတယ်။ ဒီဓားနှစ်လက်ကိုပိုင်ပြီး လျှို့ဝှက်ချက်တွေကိုရတဲ့အခါ သိုင်းလောကတစ်ခုလုံးကိုလွှမ်းမိုးနိုင်ပြီလို့ယူဆကြတဲ့အတွက်ကြောင့် သိုင်းလောကကြီးမှာ သွေးစွန်းတဲ့တိုက်ပွဲပေါင်းများစွာနဲ့ ဓားလုပွဲကြီးဖြစ်လာတာပဲဖြစ်ပါတယ်။
Quality : 1080p
Episode : 40

👍17❤11🕊2👎1
Love And Sword 2025
ဝတ်ရုံနီသိုင်းသမား
=================
ကျွန်မလက်ထပ်ချင်တဲ့အမျိုးသားက သိုင်းလောကတစ်ခွင်လှည့်လည်နေတဲ့ ၀တ်ရုံနီသိုင်းသမားတစ်ယောက်လေ ... ❤️🤍
သူက ကျွန်မကို တစ်ခါကယ်ခဲ့ဖူးတယ်။ တနေ့ သူနဲ့အတူ ကျင်းဟူတစ်ခွင်လျှောက်သွားမယ်ဆိုတဲ့ အိမ်မက်တွေလည်း မက်ခဲ့ရတယ်။
ဝိဥာဥ်ကူးပြောင်းပြီး သိုင်းလောကကမ္ဘာထဲ ရောက်လာခဲ့တဲ့ ကျွန်မအတွက် သူကသာ နေပျော်စေတဲ့ အကြောင်းပြချက်လေးပါပဲ။
အဲ့ဒီသူကလေ..ကျွန်မကို ကတိတစ်ခုကြောင့်ဆိုတဲ့ ခေါင်းစဥ်အောက်ကနေပဲ ဆက်ဆံပေမဲ့ သူ ကျွန်မအပေါ်နွေးထွေးပြီး ကြင်နာ စောင့်ရှောက်ပေးတာ သိတာပေါ့။ ချစ်တယ်မပြောဘဲ ရုပ်တည်ကြီးနဲ့လည်း သ၀န်တိုတတ်သေးတာ..
မေးတော့လည်း ငြင်းတယ်။ ဒါ ကျွန်မ သဘောကျတဲ့လူကြီးပါပဲ...ဒီလိုနဲ့ပဲ ခံစားချက်ကို မဖော်ပြတတ်တဲ့သူကြီးရယ်။
၂၁ရာစုကနေ ဝိဥာဥ်ကူးပြောင်းလာတဲ့ကျွန်မ ရယ်။
သိုင်းလောက အရှုပ်အထွေးတွေရယ် ...❤️🤍
#LoveAndSword ၂၄ပိုင်းတည်းပါ။
#GaoWeiGuang #XuanLu #HBCDCS

❤32👍24
❤️🔥Si Jin (似锦 2025)
နှစ်လွှာပေါင်းမှ တစ်ရွက်❤️🔥
♡ဇာတ်လမ်းအကျဉ်း♡
Dongping Bo အိမ်တော်က စတုတ္ထသခင်မလေး Jiang Si
သူ့ရဲ့ချစ်ရသူ အမျိုးသား Yu Jin
ချစ်ရသူအမျိုးသား Yu Jin ရဲ့လက်ပေါ်မှာ သေဆုံးသွားခဲ့ရတဲ့ Jiang Si က ပြန်လည်မွေးဖွားလာတယ်။
Jiang Si ပြန်လည်မွေးဖွားပြီးနောက် ကံကြမ္မာကို အသစ်ပြန်ရေးမည်ဟု တွေးကာ အရင်က စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပြီး ကောက်ကျစ်တဲ့အဒေါ်ဖြစ်သူကို သတိထားနေတယ်။
အမွှေးနံ့ဆိုင်တစ်ဆိုင်ဖွင့်ပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို စုံစမ်းမှုလုပ်လာသောအခါ...
ချစ်ရသူ Yu Jin နဲ့ပြန်ဆုံတော့ အတိတ်က ဖြေရှင်းလို့မရတာတွေကို ဘေးဖယ်ထားပြီး ဝမ်းနည်းစရာကောင်းတဲ့ ကံတရားတွေကို အတူတူပြောင်းလဲပစ်တယ်။
Jiang Si ရဲ့မွေးချင်းတွေကို Yu Jin က ကယ်တင်ခဲ့ပြီး Jiang Si ဖခင်ဖြစ်သူရဲ့ နာမည်ပျက်ကိုပါ ကူညီပြီးရှင်းလင်းပေးခဲ့တယ်။
ဒီလိုနဲ့ အခက်အခဲတွေကို အတူတူကျော်ဖြတ်လာပြီးနောက်မှာ...
Yu Jin အပေါ်ရှိခဲ့တဲ့ Jiang Si ရဲ့ခံစားချက်တွေက တစ်ဖန်ပြန်ထွက်ပေါ်လာမလား...။
Jiang Si က Yu Jin လက်ပေါ်မှာ သေဆုံးသွားရတဲ့အတိတ်ကအဖြစ်အပျက်နောက်ကွယ်မှာ ဘာအကြောင်းအရင်းရှိနေမလား...။
Jiang Si အဖြစ် အလှပဂေးမမ Jing Tian
Yu Jin အဖြစ် ကိုကို Zhang Wanyi တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
Main Lead Visual နဲ့တင် ဇာတ်လမ်းကို ကြည့်ရတာတန်နေပြီမလို့ "နှစ်လွှာပေါင်းမှတစ်ရွက်" ဆိုတဲ့ ကားလေးကို ဘာသာပြန်လက်ရာအကောင်းဆုံးနဲ့ အရည်အသွေးအကောင်းဆုံး တင်ဆက်ပေးနေတဲ့ SoulKingdom မှာ အတူတူကြည့်ရအောင်လေနော်♡
(အညွှန်းရေးသားသူကတော့ Kay Zin Win ဖြစ်ပါတယ်☀️)
Native Title : 似锦
Starrings : Jing Tian, Zhang Wanyi
Genres : Historical, Romance, Fantasy, Family
Episodes : 40
Air Date : Mar 1, 2025
Original Network : Tencent Video
#SiJin
#似锦
#ReviewedByKayZinWin☀️
#SoulKingdom
#JingTian #ZhangWanyi

❤11👍7🥰1😁1
Dagger Mastery 2018
ဓားဘုရင်
=================
ထန်ရှန်းဟာငယ်ငယ်ကသိုင်းပညာကိုစိတ်ဝင်စားပြီးပျော်ပျော်ပါးပါးနေတတ်တဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့အဖေကတော့သိုင်းလောကသား၁ယောက်ဖြစ်ပြီး သူ့ဘဝအမှန်ကို ဖုံးကွယ်ထားခဲ့တယ်။
သူ့အဖေကသူ့ကိုသိုင်းလောကထဲမဝင်စေဘဲ သိုင်းပညာကိုလျှိုဝှက်ထားစေခဲ့ပေမယ့် တစ်နေ့သူတို့မိသားစုကို အမှောင်ကပ်ဆိုးလွှမ်းခြုံလာခဲ့တယ်။
ထန်ရှန်းဟာ သူ့မိသားစုကိုသတ်ခဲ့တဲ့ရန်သူကိုရှာဖို့ သိုင်းလောကထဲဝင်ရောက်လာခဲ့တယ်။
သိုင်းလောကရဲ့လှည့်ကွက်အမျိုးမျိုးကြားမှာမင်းသားထန်ရှန်းတစ်ယောက်ဘယ်လိုစခန်းသွားမလဲဆိုတာ။

👍39❤10