တရုတ်စီးရီး 🦋 Review 🦋
14.1K subscribers
1.56K photos
4 links
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။
Download Telegram
Everlasting Longing 相思令
ထာဝရရိပ်လွှမ်း

ဇာတ်လမ်းအကျဥ်း

Yannan မြို့ ကုန်သည်မျိုးရိုး Jun မိသားစုရဲ့သမီးကြီး Jun Qi Luo ဟာ ငယ်စဥ်ဘဝကတည်းကနေလို့ သရုပ်၂မျိုးနဲ့ရှင်သန်ခဲ့ရသူပါ။ အပြင်လောကမှာတော့ သူဟာ Jun မိသားစုရဲ့ တရားမဝင်သား Jun Fei Fan အဖြစ်ပေါ့။

Jun Qi Luo ဟာ သူ့အသက်(၂၀)နှစ်မှာ အဖေဖြစ်သူနဲ့အတူ စီးပွားရေးလုပ်ကိုင်ရင်း နယ်ခရီးထွက်ချိန်မှာ Xuanbu မျိုးနွယ်စုခေါင်းဆောင် Xuan Lei ရဲ့ဓားပြတိုက်ခြင်းကိုခံခဲ့ရပြီးနောက် Beixuan ပြည်နယ်ကို ခေါ်သွားခံခဲ့ရပါတယ်။ ဒီလိုနဲ့ Jun Qi Luo တစ်ယောက် Beixuan မှာအခက်အခဲမျိုးစုံကို ခံစားခဲ့ရတဲ့အပြင်ကိုမှ သူလျှိုအဖြစ်မှားယွင်းစွပ်စွဲခံရကာ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရပေမဲ့ အခွင့်အရေးတစ်ခုကိုအသုံးချကာ လွတ်မြောက်ဖို့လမ်းစရခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ Jun မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို မင်းသားဟာ သူ့ဝမ်းကွဲအစ်ကို(၂)တို့လင်မယားနဲ့ပေါင်းပြီး ခိုးယူတဲ့အကြံအကြောင်းသိလိုက်ရတဲ့အခါမှာတော့ ...

Main Lead အနေနဲ့ အတွဲ(၃)တွဲတောင် ပါဝင်ထားတဲ့ကားလေးမို့ လက်မလွတ်တမ်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ...

Native Title: 相思令
Starrings: Angelababy, Song Wei Long, Ren Hao, Bai Bing Ke, Yao Chi & Wang Yi Ting
Also Known As: Xiang Si Ling , Qiang Lai De Xin Niang , 抢来的新娘 , 搶來的新娘
Genres: Historical, Romance, Drama
Country: China
Type: Drama
Episodes: 30
Original Network: Tencent Video

#EverlastingLonging
#Angelababy #SongWeiLong #RenHao #BaiBingKe #YaoChi #WangYiTing
#相思令
#SoulKingdom
👍189🥰2👏1
Millennium Heart (2025)
❤️ရတုထောင်ချီ မေတ္တာ ❤️
❤️心动千年 ❤️

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ခန့်ကပေါ့
နတ်နဂါးရဲ့သားတော် နဲ့ အမတနယ်မြေရဲ့နတ်သမီး တို့ချစ်သူ ၂ ဦးဟာ ရှုပ်ထွေးတဲ့ကိစ္စရပ်တစ်ခုထဲမှာ ဝင်ရောက်ပတ်သက်မိသွားပါတယ်

နှစ်ပေါင်း ၃၀၀၀ ကျော်ကြာပြီးနောက်မှာတော့ လင်မြို့ရဲ့အချမ်းသာဆုံးမိသားစုရဲ့ သား Cheng Qi နဲ့ ကြင်နာတတ်တဲ့မိစ္ဆာမလေး A Lin အဖြစ် ပြန်လည်လူဝင်စားပြီးတွေ့ဆုံခဲ့ပါတော့တယ်
အကြောင်းတစ်ခုကြောင့် Cheng Qi ရဲ့အသက်ကိုကယ်ဖို့ A Lin ဟာ သူ့ရဲ့ဝိညာဉ်အမြုတေကို စတေးခဲ့ပါတယ်…

ဒီအကြောင်းကို Cheng Qi သိသွားရင်ရော…

ကံကြမ္မာရဲ့ရက်စက်မှုကို ခံခဲ့ရတဲ့သူတို့ ၂ ဦးကရော ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ…

Native Title: 心动千年
English Tiltle: Millennium Heart
Genres: Romance, Wuxia, Fantasy
Cast: Aaron Deng,Tu Zhi Yin
Country: China
Type: Drama
Episodes: 34
Airs On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday Original Network: iQiyi
👍1513
鹊刀门传奇 第二季
Legend of the Undercover Chef 2 (2025)
⚔️စားတော်ကဲကြီးရဲ့ သိုင်းလောကခရီး S2⚔️

သိုင်းကားချစ်သူတွေအတွက် စားတော်ကဲကြီးရဲ့ သိုင်းလောကခရီးလေးဟာ ဇာတ်လမ်းပုံစံအဆက်အနေနဲ့ အသစ်ထွက်ရှိလာတာမလို့ ဒီကားလေးကို ဆက်ပြီး Souler လေးတို့ဆီ ယူလာခဲ့ပါတယ်။

ဇာတ်လမ်းအညွှန်း

မိန်းမစိုးချောင်ရဲ့အကြံအစည်တွေ မအောင်မြင်တဲ့နောက်မှာတော့ သိုင်းလောကထဲက Liaodong ဆိုတဲ့သူ ပေါ်လာပါတော့တယ်

Ximen Changhai ကတော့ သူ့ရဲ့ပြင်းထန်တဲ့ဒဏ်ရာတွေကနေ ပြန်လည်ကောင်းမွန်လာပြီး ဓားပြတိုက်ထုတ်ရေးဂိုဏ်းမှာ ဆက်လက်တာဝန်တွေကို လုပ်ဆောင်နေပါတယ်

တစ်ဖက်မှာလည်း မိန်းမစိုးချောင်ရဲ့ တူဖြစ်သူဟာလည်း Ximen Changhai ကို ပြန်လည်လက်စားချေဖို့အတွက်
စတင်လုပ်ဆောင်နေပြန်ရော

ဒီတစ်ခေါက်မှာ Ximen အမြွှာညီအစ်ကိုတွေကြားမှာ ဘာတွေဖြစ်ကြမလဲ…

တခြားဘယ်လို အမှုတွေအခက်အခဲတွေနဲ့ရင်ဆိုင်ကြရမလဲ….
👍1810🥰1
🎎五福临门🎎
Perfect Match
ထိမ်းမြားခြင်းသည်မင်္ဂလာဆိုသော်

မြောက်ပိုင်းစုန့်မင်းဆက်ကာလမှာပေါ့ Luoyang မှာနေထိုင်တဲ့ ချမ်းသာကြွယ်ဝတဲ့မိသားစုက Mrs Liဟာ အတိတ်ကအကြောင်းတစ်ခုကြောင့် Bianjian မြို့ကိုပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ပါတယ်

Mrs.Li မှာ သမီးချောငါးယောက်ရှိပါတယ်။သမီးငါးယောက်လုံးဟာ သူတို့ရဲ့ အလှနဲ့ အရည်အချင်းကြောင့် Louyang မှာ နာမည်ကျော်ကြားကြပေမဲ့ Mrs.Li ဟာ သူတို့အိမ်ထောင်ကျဖို့ ခဲယဉ်းတာကို စိုးရိမ်နေရပါတယ်

အားလုံးဟာ Bianjing ကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ရွှေ့ပြောင်းလာခဲ့ပေမဲ့ သူတို့ရဲ့ယုံကြည်မှုဟာ ကြုံတွေ့လာရတဲ့ လက်တွေ့အခြေအနေတွေကြောင့် ပြိုကွဲကုန်တယ်။ စီးပွားရေးကျဆင်းလာတဲ့ Li မိသားစုဟာ စီးပွားရေး နလန်ပြန်ထူနိုင်ဖို့ အတူတူအလုပ်လုပ်ကြရပြီး တိုင်းပြည်ရေးရာဂုဏ်သိက္ခာနဲ့ အရည်အချင်းရှိတဲ့ အိမ်ထောက်ဖက်ကောင်းတစ်ယောက်ကို တဖြည်းဖြည်းရှာရပါတော့တယ်
👍1211🥰4
ငါသာလျှင် ပြိုင်ဘက်ကင်း 大奉打更人之世间无我这般人 (No One Like Me) 2025

ဒီခေတ်မှာ ငါ့လိုလူ အခြားမရှိနိုင်တော့


ဒီရုပ်ရှင်လေးကတော့ ခေတ်တစ်ခေတ်ရဲ့သူရဲကောင်း (The Guardians of DaFeng) ထဲက မျက်နှာမပြဘဲ အမြဲနောက်ကျောပေးစကားပြောတဲ့ ယန်ချန်းဟွမ့်ရဲ့ဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်း

Si Tian Jian ရဲ့ တတိယတပည့်ဖြစ်သူ Yang Qian Huan ဟာ တစ်ချိန်က လူတွေရဲ့ပါးစပ်ဖျားမှာ ပါရမီရှင်လို့ သမုတ်ခံရသူပါ

ဒါပေမဲ့ Xu Qi An ထွက်ပေါ်လာပြီး နောက်မှာတော့ သူ့ရဲ့ နာမည်ဂုဏ်သတင်းတွေအကုန် မှေးမှိန်သွားခဲ့ပါတယ်

Yang Qian Huan ဟာ မနားတမ်းကြိုးစားခဲ့ပေမဲ့ သူပြန်ရခဲ့တဲ့ အဖြေကတော့ "သတ်မှတ်ထားပြီးသား ကံတရား" ဆိုတဲ့အရာသာ ဖြစ်နေခဲ့ပါတယ်

ကံတရားရဲ့ ခေါ်ဆောင်ရာနောက် နစ်မွန်းနေခဲ့တဲ့ Yang Qian Huan ဟာ "ကံကြမ္မာ" ကို မယုံကြည်‌ကြောင်း ဘယ်လိုကိုယ်တိုင် သက်သေပြဖို့ ကြိုးစားမလဲဆိုတာ ...

Native Title : 大奉打更人之世间无我这般人
English Title : No One Like Me
Starring : Liu Guan Lin
Aired : Jan 29, 2025
Original Network : Tencent Video

#ReviewByPanda
#SoulKingdomMovie
#Movie
#大奉打更人之世间无我这般人
👍2315🥰1😢1
လူတစ်ဦးနဲ့ တစ်ဦး ဆုံတွေ့နိုင်တဲ့ဖြစ်နိုင်ခြေက ခုနစ်ဘီလံယံပုံတစ်ပုံပဲ ရှိတယ် သူတို့နှစ်ဦးကြား နောက်တစ်ကြိမ် ထပ်ဆုံနိုင်ဖို့ ဒီလိုသိမ်မွေ့တဲ့ရေစက်ကြမ္မာရှိပါဦးမလား
----သံလွင်ပင်ဖြူ သက်သေထူ၍-----


ချစ်ရနံ့ထုံသင်းတဲ့ ဖေဖော်ဝါရီလလေးမှာ GCverse လေးတွေအတွက် တင်ဆက်ပေးမဲ့ အချစ်ဇာတ်လမ်းလေးကတော့ ဝတ္ထုအနေနဲ့လည်း သိပ်ကို နာမည်ကြီးသလို ဇာတ်လမ်းအဖြစ် စတင်ရိုက်ကူးကတည်းကနေ ပြသစဉ်အထိ နာမည်ကြီးနေတဲ့ သံလွင်ပင်ဖြူ သက်သေထူ၍ 𝗧𝗵𝗲 𝗪𝗵𝗶𝘁𝗲 𝗢𝗹𝗶𝘃𝗲 𝗧𝗿𝗲𝗲 ဆိုတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်

ဒီကားလေးက နာမည်ကြီးစာရေးဆရာမ Jiu Yue Xiရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ တရုတ်ဖောက်ခွဲရေး အင်ဂျင်နီယာလီဇန့်အဖြစ် ~နှင်းဆီခိုင်လေး 𝐂𝐡𝐞𝐧 𝐙𝐡𝐞 𝐘𝐮𝐚𝐧 
အမျိုးသမီးသတင်းထောက်စုန့်ရန်အဖြစ်~မမလှလှ 𝐋𝐢𝐚𝐧𝐠 𝐉𝐢𝐞 တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ တခြား နာမည်ကျော်သရုပ်ဆောင်တွေလည်း ပါဝင်ထားပါသေးတယ်

ဇာတ်လမ်းအကျဉ်း- လျန်မြို့ဂြိုဟ်တုရုပ်သံလိုင်း သတင်းထောက်မလေးစုန့်ရန်တစ်ယောက် မငြိမ်မသက်ဖြစ်နေတဲ့ အရှေ့တိုင်းပြည်မှာ သတင်းရယူခြင်းတာဝန်ထမ်းဆောင်နေချိန်မှာပဲ အန္တရာယ်ကြုံတွေ့ခဲ့ပါတယ် သူ့ကို ကယ်တင်ခဲ့သူကတော့ အရှေ့တိုင်းပြည်မှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ တရုတ်ဖောက်ခွဲရေး အင်ဂျင်နီယာလေးလီဇန့်ပါတဲ့
သူတို့နှစ်ဦး နောက်ပိုင်း စကားပြောဆိုဆက်ဆံရင်းနဲ့
လီဇန့်ရဲ့ နူးညံ့သိမ်မွေ့ပြီး ကလေးလိုဖြူစင်တဲ့နှလုံးသားဟာ
စုန့်ရန်ကို နက်ရှိုင်းစွာ ဆွဲဆောင်ခဲ့သလို
စုန့်ရန်ဟာ အပြင်ပန်းက ပျော့ညံ့ပုံပေါ်ပေမဲ့ အတွင်းစိတ်ကတော့ တရားမျှတပြီး အကြင်နာတရားအပြည့်လို့ ရဲရင့်ပြီး စိတ်ဓာတ်ခိုင်မာသူဆိုတာ လီဇန့် တစ်ယောက် သိရှိလာခဲ့ပါတယ်
သူတို့နှစ်ဦးကြား သံယောဇဉ်တိုးလာချိန်မှာပဲ အရှေ့တိုင်းပြည်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ပြီး သူတို့ဆက်ဆံရေးလည်း ရပ်တန့်သွားခဲ့ရပါတော့တယ်

တရုတ်ပြည်ကို ပြန်ရောက်သွားတဲ့အခါမှာလည်း သူတို့နှစ်ဦးကြား အဆက်အသွယ်က ပြတ်တောက်နေခဲ့ရပြန်ပါတယ်
သူရိုက်ခဲ့တဲ့ ဓာတ်ပုံကြောင့် အငြင်းပွားမှုတွေ ကြုံနေရတဲ့ စုန့်ရန်နဲ့ သူငယ်ချင်း သေဆုံးမှုအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း စိတ်ဒဏ်ရာရနေတဲ့ လီဇန့်တို့ ရေစက်မကုန်ကြတော့ မတော်တဆ ပြန်ဆုံတွေ့ခွင့်ရကြပြီး စိတ်ရောကိုယ်ပါ နာကျင်မှုဝေဒနာကနေ ရုန်းထွက်လို့ သာမန်အခြေအနေဆီ ပြန်ရောက်အောင် အတူတူကြိုးပမ်းကြဖို့ ဖြစ်လာတဲ့အခါ....

"တိုင်းပြည်က သူ့ကို ကျွန်မဆီက ငှားယူသွားခဲ့တယ် ဒါပေမဲ့ ဘယ်တော့မှ ပြန်မပေးခဲ့ဘူး ကျွန်မရဲ့ အားဇန့်"
----စုန့်ရန်----


အရှေ့တိုင်းပြည်စစ်ပွဲတွေကြားမှာ လီဇန့်တစ်ယောက် ဘာတွေ တွေ့ကြုံခဲ့ရသလဲ

စုန့်ရန်နဲ့လီဇန့်ကရော ဘယ်လိုမျိုး ပြန်လည်ဆုံဆည်းသွားကြမှာလဲ

လီဇန့်နဲ့ စုန့်ရန်တို့ အနိဌာရုံတွေကြားက‌နေမှ ငြိမ်းချမ်းရေး သံလွင်ပင်ဖြူမျိုးစေ့ကို အတူတူ ဘယ်လိုစိုက်ပျိုးကြမှာလဲ

အားဇန့်နဲ့ အားဇန့်ချစ်ရတဲ့ရန်ရန်တို့ရဲ့ အချစ်ခရီးလမ်းလေးကရော သာယာဖြောင့်ဖြူးပါ့မလား တွေကို ကြည်နူးဖွယ် ရင်နင့်ဖွယ် ရသမျိုးစုံခံစားရအောင် ပုံဖော်ရိုက်ကူးထားတဲ့ အားဇန့်နဲ့ ရန်ရန်တို့ရဲ့ အချစ်ပုံပြင်လေး သံလွင်ပင်ဖြူ သက်သေထူ၍ 𝗧𝗵𝗲 𝗪𝗵𝗶𝘁𝗲 𝗢𝗹𝗶𝘃𝗲 𝗧𝗿𝗲𝗲 ဆိုတဲ့ တရုတ်အချစ်ဇာတ်လမ်းလေးမှာ ဇာတ်ဆောင်တွေနဲ့တစ်သားတည်း စီးမျောခံစားကြည့်ရှုလိုက်ကြပါစို့လားရှင်

Reviewed by Feyremme
Translated by GC Chinese Team 1
Encoded by Meng
#TheWhiteOliveTree
#သံလွင်ပင်ဖြူသက်သေထူ၍
16👍12