တရုတ်စီးရီး 🦋 Review 🦋
14.1K subscribers
1.56K photos
4 links
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။
Download Telegram
Flourished Peony (2025)
ပျိုနီပန်းကလေးရဲ့ဖူးပွင့်ချိန်



ထန်ခေတ်ကို မှီငြမ်းထားတဲ့ ဇာတ်အိမ်လေးမှာ တော်ဝင်ပန်းဟု ဆိုကြသော ပျိုနီပန်းကလေးတွေကို စိုက်ပျိုးခဲ့သည့် အမျိုးသမီးငယ်တစ်ဦးရဲ့ ဘဝဇာတ်ကြောင်းလေးတစ်ပုဒ်

🔻ဇာတ်လမ်းအညွှန်း🔻

သခင်လေး Liu Chang ရဲ့ဇနီးဖြစ်သူ ကုန်သည်မျိုးရိုးက ပေါက်ဖွားလာတဲ့ ထက်မြက်တဲ့မိန်းမငယ်လေး He Weifang အဖြစ် Yang Zi

ဧကရာဇ်ရဲ့မျက်နှာသာပေးခြင်းကို ခံရတဲ့ အမတ်ကြီး Jiang ရဲ့ သားအရင်းဖြစ်သူ ပန်းငှက်သံတမန် Jiang Changyang အဖြစ် Li Xian

Weifang က မွေးကတည်းက ကျန်းမာရေးမကောင်းတာကြောင့် အညံ့ပယ်အောင် ရွေးစရာမရှိဘဲ သခင်လေး Liu နဲ့ အိမ်ထောင်ပြုခဲ့ရပါတယ်။

သို့ပေမဲ့ ခင်ပွန်းဖြစ်သူ Liu Chang ရဲ့‌နှိပ်စက်မှုဒဏ်ကြောင့် ဆိုးရွားတဲ့အိမ်ထောင်ရေးကို အဆုံးသတ်ပစ်ပြီး Liu အိမ်တော်ကနေ ထွက်သွားနိုင်ဖို့အတွက် ကြံစည်တဲ့အချိန်...။

အိမ်ထောင်ကွဲအမျိုးသမီးတွေကို လူတိုင်းက အပြစ်ဖို့ချင်နေတဲ့အချိန်မှာ သံတမန် Jiang နဲ့အကူအညီနဲ့ Weifang တစ်ယောက် ဘယ်လိုတွေရုန်းထွက်မလဲ...။

တိုင်းပြည်နဲ့ ပြည်သူ့အကျိုးကို ထမ်းဆောင်နေတဲ့ သခင်လေး Jiang ကိုရော He Weifang က ပြန်အကူအညီပေးရင်း ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ရှိလာသောအခါ...။
20👍7🥰3
တိမ်လွှာမဲ့သည့် ကောင်းကင်ပြင် 朝云散 Towards The Truth 2025

ဇာတ်လမ်းအကျဉ်း

လွန်ခဲ့တဲ့ ဆယ်နှစ်က Shen မိသားစုတစ်စုလုံး လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရ‌ပြီး Shen Song Ben တစ်ယောက်သာ ကံကောင်းထောက်မစွာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်

ဆယ်နှစ်အကြာ Shen Song Ben ဟာ နန်းတော်တရားရုံးမှာ နာမည်ကြီးတဲ့ တက်သစ်စထူးချွန်သူတစ်ဦးဖြစ်လာခဲ့ပေမဲ့

သူ့ကံကြမ္မာအပြောင်းအလဲတွေကြောင့် စားဖိုဆောင်က လျှို့ဝှက်စုံစမ်းထောက်လှမ်းသူတစ်ယောက် ဖြစ်သွားခဲ့ပါတယ်

Shen Song Ben ဟာ စုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာ ယုံကြည်ရတဲ့ တွဲဖက်ဖြစ်သူ Li Qin Er နဲ့ တွေ့ဆုံခဲ့ပါတယ်

Shen မိသားစုရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ၊ မိဖုရား‌ခေါင်ကြီးရဲ့ သက်‌‌ပြည့်အထိမ်းအမှတ် ပွဲတော်ရက်က စံအိမ်ပေါက်ကွဲမှု ... စတဲ့အမှုတွေအပြင်

Shen မိသားစုတစ်စုလုံးအသတ်ခံရတဲ့ နောက်ကွယ်မှာ ကွယ်ဝှက်ထားသည့် ကြီးမားတဲ့ပူးပေါင်းကြံစည်မှုတွေကို သူဘယ်လိုဖော်ထုတ်မလဲဆိုတာ ...

Native Title : 朝云散
English Title : Towards The Truth
Starring : Wang You Shuo, Jin Jia Yue, Zhang Chen Xiao, Quan Pei Lun
Episodes : 16
Aired : 9 January 2025
Original Network : IQIYI

#ReviewByPanda
#SoulKingdom
#TowardsTheTruth
#朝云散
👍1712
📜Cao Xuanxuan’s Love Journey(2025)📜
了不起的曹萱萱
ကြင်သူရဲ့ အံ့ဖွယ်ခရီးမှတ်တမ်း

Hi Souler လေးတို့ရေ
C drama လေးတွေရဲ့စိတ်ဝင်စားဖွယ် ဇာတ်အိမ်လေးတွေထဲက ဒီခေတ်ကနေ ရှေးခေတ်ကိုရောက်သွားတဲ့ပုံစံကားလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ

ဇာတ်လမ်းအညွှန်း

Zhou Na ဆိုတဲ့ ခေတ်သစ် စာရေးဆရာမလေးတစ်ယောက်ဟာ ရှေးခေတ်ယန်မြို့ဆီကို အခြေအနေတစ်ခုကြောင့် ရောက်သွားပါတော့တယ်

ရှေးခေတ်မှာ သူဟာ စီရင်စုတရားသူကြီး Guo Zu Jie ရဲ့ဇနီးလောင်းတဲ့
အဲဒီမှာကလည်း ထူးဆန်းဖွယ်အမှုတွေဖြစ်ပေါ်နေတာဆိုတော့ သူတို့ ၂ ဦးအနေနဲ့ ဘယ်လိုတွေပူးပေါင်း အဖြေရှာမလဲဆိုတာ SoulKingdom ကနေတဆင့် ကြည့်ရှုအားပေးကြပါဦးနော်

ဒီအညွှန်းလေးကို ရေးသားသူကတော့ “မောင်”ဖြစ်ပါတယ်

Native Title: 了不起的曹萱萱
Also Known As: The Great Cao Xuan Xuan ,  Liao Bu Qi De Cao Xuan Xuan
Cast:Zhu Xu Dan,Zhai Xiao Wen
Genres:  Historical,  Mystery,  Romance,  Fantasy
Country: China 
Type: Drama
Episodes: 21
Airs: Jan 13, 2025 - ?
Airs On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network:  Tencent Video


#CaoXuanxuan’sLoveJourney(2025)
#了不起的曹萱萱
#SoulKingdom
#ReviewbyMaung
👍83🐳1