တရုတ်စီးရီး 🦋 Review 🦋
14.1K subscribers
1.56K photos
4 links
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။
Download Telegram
🧑‍⚕The Top Speed (奔跑吧,医生 2024)
ဒေါက်တာတို့ မြန်မြန်ပြေးကြစို့
👩‍⚕


အေဆေးရုံရဲ့ ‌အဆုတ်ခွဲစိတ်မှုဌာနမှ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Zhang Chi

မတော်တဆမှုတစ်ခုကြောင့် သူ့ဌာနကထွက်ပြီး အရေးပေါ်ဌာနကို ပြောင်းရွှေ့လိုက်ရတယ်။

Zhang Chi က အရေးပေါ်ဌာနက သူ့ဆေးပညာယူဆချက်တွေနဲ့ သဘောထားမတိုက်ဆိုင်တဲ့ ဒေါက်တာ Qi Ji နဲ့ တွဲဖက်လုပ်ကိုင်ရသောအခါ...။

ကိုယ့်ဆေးပညာ အယူအဆကို အကောင်းဆုံးယူဆထားတဲ့ Zhang Chi နဲ့ ဒေါက်တာ Qi Ji တို့ ဘယ်လိုတွေညှိယူကြမလဲ...။

သူ့ကျွမ်းကျင်ရာနဲ့သူ ရှိနေကြတဲ့ သူတို့နှစ်ဦး အရေးပေါ်လူနာတွေကို အကောင်းဆုံးကယ်တင်နိုင်ပါ့မလား...။

ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဆေးပညာဇာတ်လမ်းလေးကို ဘာသာပြန်လက်ရာအကောင်းဆုံးနဲ့ အရည်အသွေးအကောင်းဆုံး တင်ဆက်ပေးနေတဲ့ SoulKingdom မှာ အတူတူကြည့်ရအောင်လေနော်

(အညွှန်းရေးသားသူကတော့ ဒူးရင်းဖြစ်ပါတယ်☀️)

Native Title : 奔跑吧,医生
Starrings : Tong Dawei, Ren Suxi, Zhang Yuxi, Liu Yitong, Vincent Wei
Genres : Medical
Episodes : 30
Duration : 45 min
Air Date : Dec 30, 2024
Original Network : CCTV, Tencent Video

#ReviewedByDurian☀️
#SoulKingdom
#TheTopSpeed
#奔跑吧,医生
👍64
The Blossoming Love 2024
မက်မွန်ထောင်ချီ ဘဝသက်တည်

ရှေးကာလတစ်ခုမှာ Zhao Ming ဆိုတဲ့လူတွေရဲ့ဧကရာဇ်တစ်ပါး ရှိခဲ့တယ်။
သူဟာ နတ်ပြည်ကိုခုခံရာတွင် လူသားတွေအစားအသနားခံဖို့ သူ့ကိုယ်သူစတေးခဲ့ရတယ်။

Zhao Ming ဧကရာဇ် နတ်ရွာစံပြီးနောက်မှာ
သူ့ရဲ့ချစ်ရသူ Hun Dun Zhu ဟာလည်း သူ့ဘဝကိုစတေးပြီး Zhao Ming ရဲ့ဝိညာဉ်အမျှင်လေးတစ်ခုကို အဆုံးမဲ့သံသရာစက်ဝန်းထဲမှာ လည်ပတ်ဖို့အစီအရင် ဆောင်ရွက်ခဲ့တယ်။

နှစ်ပေါင်းဘဝပေါင်းများစွာကြာပြီးနောက် Zhao Ming ဟာ အမတမဟာမိတ်ရဲ့ခေါင်းဆောင် Xie Xue Chenအဖြစ် လူဝင်စားခဲ့ပါတယ်… အဲဒီဘဝမှာပဲHun Dun Zhu ကတော့ အမှောင်နယ်မြေရဲ့မြင့်မြတ်အပျိုစင် Mu Xuan Ling အဖြစ်မွေးဖွားလာခဲ့ပါတယ်။

အတိတ်ဘဝအကြောင်းကိုမေ့နေကြတဲ့သူတို့ ၂ ဦးဟာ သေမျိုးလောကမှာ ပြန်လည်ဆုံစည်းဖြစ်ဖို့အကြောင်းဖန်လာပါတော့တယ်။
28👍27
🌙 လရောင်ရိပ်လွှမ်း မေတ္တာပန်း🌙
Moonlight Mystique (2025)

Cdramaတို့ရဲ့အချစ်တော်မင်းသမီး‌Bai Lu နဲ့ Blood of youthထဲက လေဝူကျဲအနေနဲ့ သရုပ်ဆောင်ထားတဲ့မင်းသား Ao Rui Pengတို့ နှစ်ယောက်အတူပါဝင်ထားတဲ့ drama လေးပဲဖြစ််ပါတယ်ရှင်။

ဇာတ်လမ်းအညွှန်း

Tianqi ဆိုတဲ့နတ်ဘုရားကိုကယ်တင်ဖို့အတွက် စတေးခံပြီးတဲ့နောက် ကြယ်နဲ့လနတ်ဘုရားမ Yue Mi ဟာ သေမျိုးလောကမှာ စစ်သူကြီးချုပ်စံအိမ်တော်ရဲ့ အငယ်ဆုံးသမီးလေး Bai Shuo အနေနဲ့ ပြန်လည်ဝင်စားလာခဲ့ပြီး ကျေးဇူးပြန်ဆပ်ဖို့အတွက် မသေမျိုးလမ်းစဉ်ကိုလျှောက်လမ်းဖို့ ရည်မှန်းနေခဲ့တယ်။

အဲဒီလို မသေမျိုးလမ်းစဉ်ကိုလျှောက်လှမ်းဖို့အတွက် မသေမျိုးတစ်ယောက်ကိုရှာဖို့ထွက်သွားရာကနေ မိစ္ဆာအရှင် Fan Yue ကို မထင်မှတ်ဘဲ ကယ်တင်မိသွားခဲ့‌တာက‌နေစလို့  သူတို့နှစ်ယောက်တွေ့ဆုံပြီး သူစိမ်းတွေအချင်းချင်း နှစ်ယောက်သားအပြန်အလှန် အသုံးချခြယ်လှယ်နေကြရာက မကောင်းတဲ့ မိစ္ဆာတွေ မကောင်းဆိုးဝါးတွေကို နှိမ်နင်းတဲ့ထူးဆန်းတဲ့ခရီးရှည်ကြီးကိုစတင်ခဲ့တော့တယ်။

နှစ်ယောက်သား အပြန်အလှန်အသုံးချရာကနေ အဲဒီခရီးမှာ အတားအဆီး အခက်အခဲတွေကို အတူကျော်ဖြတ်ပြီး ချစ်ကြိုးသွယ်မိသွားကြတဲ့အခါ ...
👍2822🥰5