တရုတ်စီးရီး 🦋 Review 🦋
14.1K subscribers
1.56K photos
4 links
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။
Download Telegram
🏵လောကဓံအန်တု ဖူးပွင့်တဲ့ပန်းငယ်🏵
Blossom / 九重紫 (2024)


ဒီနေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို သဘောကျတဲ့ soulers လေးတို့အတွက် "Blossom" ‌ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်

*ဇာတ်လမ်းအညွှန်း*

ငယ်ရွယ်စဉ်ကတည်းက မိခင်ဆုံးပါးသွားပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အချစ်နဲ့ မိသားစုကို စိတ်နာနေခဲ့တဲ့ Dou Zhao

လျှို့ဝှက်ဆန်းကြယ်တဲ့ မတော်တဆမှုကြောင့် မိဘနှစ်ပါးဆုံးပါးသွားခဲ့ပြီး မိဘနှစ်ပါးရဲ့သေဆုံးမှုကို ဖော်ထုတ်ဖို့ပဲ စိတ်နှစ်မြှုပ်နေခဲ့တဲ့ Song Mo

Duo Zhao တစ်‌ယောက် မိထွေးဖြစ်သူရဲ့လက်ထပ်ထိမ်းမြားဖို့ အတင်းဖိအားပေးမှုတွေကြောင့် Song Mo နဲ့ လက်ထပ်ဖို့ အကြောင်းဖန်လာတဲ့အခါ...

အစပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက် မယုံမကြည်ဖြစ်နေကြတဲ့သူတို့နှစ်ဦး နိုင်ငံရေးမငြိမ်မသက်မှုတွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို အတူတူဖော်ထုတ်ကြရင်း ရင်းနှီးမှုရရှိလာပြီး နှစ်ဦးသားအတူတူ စိန်ခေါ်မှုတွေရင်ဆိုင်ကာ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်သွားနိုင်မလားဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်...

SoulKingdom Channel လေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်💌

(ဇာတ်လမ်းအညွှန်းရေးသားသူကတော့ Hikazu ဖြစ်ပါတယ်)

Native Title: 九重紫
Starring: Li Yun Rui & Meng Zi Yi
Genres: Historical, Mystery, Romance
Country: China
Type: Drama
Episodes: 34
Aired: 6 Dec 2024
Original Network: Tencent Video

#ReviewByHikazu
#Blossom #九重紫
#SoulKingdom
15👍12👎3
Crimson Sabre (碧血剑) 2000
ဓားသွားထက်ကသွေးကလဲ့စား
======================

သိုင်းကားစစ်စစ်နဲ့ ကြမ်းတာကြည့်ချင်တယ်ဆိုတဲ့ ညီကိုတွေအတွက်ပါ။ မြွေဓားရှင်နဲ့မတူတဲ့ နောက်ထပ်ဗားရှင်းတစ်မျိူးဖြစ်ပါတယ်။

အဆိပ်ငါးပါးဂိုဏ်းရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတာဖြစ်ပြီး သူတို့ရဲ့ အစွမ်းထက် ရတနာ၃ခု (ဓား၊လက်နက်ပုန်း၊သိုင်းကျမ်း)ကို ဘယ်လိုလက်လွှတ်ခဲ့ရလဲဆိုတာ အပြည့်အစုံဖော်ပြထားပါတယ်။
22👍10❤‍🔥3🥰3
" The Legend of Taotie " (2024)

ဇာတ်လမ်းအညွှန်း

ဒီဇာတ်လမ်းလေးဟာ လျန်မင်းဆက်ကာလမှာ ဇာတ်အိမ်တည်ထားပြီး ဝူရှမြို့တော်ရဲ့နာမည်ကြီးစားသောက်ဆိုင်တစ်ခုဖြစ်တဲ့ ထျန်ရှန်းစားသောက်ဆိုင်ကလည်း ဇာတ်လမ်းရဲ့တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးထားပါတယ်။

ဆိုင်ရှင်ဖြစ်သူ Zhu Chengbi နဲ့ စာရင်းအင်းအမှုထမ်း Chang Qingတို့စုံတွဲဟာ မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုသလိုပဲ တကျက်ကျက်ရန်ဖြစ်လွန်းတဲ့နေရာမှာ နာမည်ကြီးလွန်းလှပါတယ်။
သူတို့ဟာ ရင်တလှပ်လှပ်ဖြစ်စေလောက်မဲ့အပြင် ကမ္ဘာမြေကြီးပါတုန်ဟည်းစေလောက်မဲ့ ဖြစ်ရပ်အထွေထွေနဲ့ရင်ဆိုင်တွေ့ကြုံရင်း အရသာရှိတဲ့ဟင်းလျာများစွာကို ဖန်တီးလက်စွမ်းပြခဲ့ကြပါတယ်။
ဟင်းလျာတစ်ခုချင်းစီမှာ ဇာတ်လမ်းရာဇဝင်အမျိုးမျိုးရှိနေကြပြီး အဓိပ္ပါယ်တွေကလည်း ထပ်တူညီမနေခဲ့ပြန်ပါဘူး။

အဆုံးမှာတော့ လန်ယန်ဘုရင်ဟာ သူ့တစ်ကိုယ်စာအကျိုးအတွက် Zhu Chengbi နဲ့ Chang Qing တို့ကြားဘယ်လိုတွေခလောက်ဆန်မလဲ ။

သူဟာ လူတစ်ဦးရဲ့ဘဝသက်တမ်းကို ​ကြာမြင့်စေမဲ့ ဟင်းလျာကိုချက်ပြုတ်ဖို့
Zhu Chengbiကိုစေခိုင်းခဲ့ပြီး သူ့တစ်ကိုယ်ရည်လောဘအတွက် အနက်ရောင်ချီလင်ကို လွှတ်ပေးလိုက်တဲ့အခါမှာရောဘယ်လိုတွေဆက်ဖြစ်လာမလဲ
24👍22🥰6
The Mystery of the Condor Hero (1993)
ကိုးခန်းသိုင်းကျမ်း ဒဏ္ဍာရီ
====================

ရှေးကားလည်းဖြစ်ရမယ်၊သိုင်းကားစစ်စစ်မှဆိုတဲ့ ဖန်တွေအတွက် ကျိုးယင်၊ယန် သိုင်းကျမ်းတွေ ဖြစ်ပေါ်လာပုံတွေ၊ ဆယ်နှစ်တစ်ကြိမ်ပြိုင်တဲ့ ဟွာစန်းတောင် သိုင်းပြိုင်ပွဲတွေ၊သိမ်းငှက်သူရဲကောင်းဇာတ်လမ်းတွေထဲမှာ ဘာမှန်းမသိတဲ့ အကြောင်းအရာတွေ ပြည့်ပြည့်စုံစုံသိချင်ရင် ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။

မင်းသားကြီး ဒေးဗစ်ချန်း အပါအဝင် ဟောင်ကောင်သရုပ်ဆောင်ကောင်းများစွာ ပါဝင်သရုပ်ဆောင်ထားပြီး ဟွမ်ယောင်ရှီး (မက်မွန်ကျွန်းသခင်)ရဲ့ လူငယ်ဘဝနဲ့ သူရဲ့ဘယ်အကြောင်းအရာတွေကြောင့် ထူးခြားတဲ့ သိုင်းသမားတစ်ယောက် ဖြစ်လာတယ်ဆိုတာကို တင်ဆက်ထားတဲ့ သိုင်းဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်...

ကျင်းယုံ Universe သိန်းငှက်သူရဲကောင်းရဲ့ side story ဖြစ်ပါတယ်။
👍3523
မြစ်ကမ်းဘေးက ချင်းမင်ပွဲတော် 清明上河图密码 (Riverside Code at Qingming Festival)

ဇာတ်လမ်းအကျဉ်း

မြောက်ပိုင်းစုန့်မင်းဆက်ရဲ့ ရွှမ်းဟော်နှစ်ကာလတွေမှာ Zhao Bu You နဲ့ Wen Yue တို့ပါဝင်တဲ့ အလွန်ကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ မိသားစုဝင်ငါးယောက်ဟာ Bian Liang မြို့လေးရဲ့ Que Er လမ်း ထောင့်မှာ နေထိုင်ခဲ့ကြပါတယ်

Zhao Bu You ဟာ သာ့လီတရားရုံးရဲ့ အခြေခံစာရေးတစ်ဦးဖြစ်ပြီး သာမန်ဘဝနဲ့ နေထိုင်လိုသူဖြစ်သော်လည်း ဇနီးသည် Wen Yue ကတော့ အိမ်နဲ့မြေကိုသာ ဝယ်ယူလိုသူပါ

မိသားစုဟာ မကြာခဏ ဆူညံနေပေမယ့် ပျော်စရာကောင်းပါတယ်

တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကြောင့် မိသားစုဟာ ဇီးသီးသင်္ဘောပျောက်ဆုံးတဲ့ အမှုကြီးထဲမှာ ပါဝင်ပတ်သက်မိသွားပါတယ်

ထိုစဉ်က Zhang Ze Duan ရဲ့ "မြစ်ကမ်းနံဘေးက ချင်းမင်ပွဲတော်" ပန်းချီထဲမှာ လူတွေအားလုံးရဲ့ ကံကြမ္မာပါဝင်လို့နေပြီး နောက်ကွယ်မှ ပူးပေါင်းကြံစည်မှုကြီးဟာလည်း မရပ်တန့်သေးတဲ့အခါ ...

Zhao Bu You တို့ မိသားစုဟာ နောက်ကွယ်ကကြိုးကိုင်သူကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ ...

Native Title : 清明上河图密码
English Title : Riverside Code at Qingming Festival
Starring : Zhang Song Wen, Bai Bai He, Zhang Yao, Xia Meng, Lin Jia Chuan, Shi An
Episodes : 26
Aired : 16 December 2024
Original Network : Youku

#ReviewByPanda
#清明上河图密码
#RiversideCodeAtQingmingFestival
#SoulKingdom
12👍6