🫧 အဆုံးမဲ့ည 🫧
The Night is Still Young (夜未央 2024)
သူများချစ်ခြင်းကိုခွဲပြီး ကိုယ့်ကိုမုန်းနေသူကိုမှ ရင်ခွင်ထဲရောက်အောင် အပိုင်သိမ်းခဲ့တဲ့ အချစ်လူကြမ်းကြီး “Ye Bei Chen”
အချစ်ဦးရှိရက်နဲ့ ဝေးခဲ့ရပြီး သိမ်းပိုက်ခံခဲ့ရလို့ Ye Bei Chenကို မုန်းတီးစက်ဆုပ်နေတဲ့ အလှလေး “Shangguan Wei Yang”
မချစ်မနှစ်သက်တဲ့လူရဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရတဲ့ညတွေဟာ မျှော်လင့်ချက်မဲ့ပြီး ညတာရှည်လွန်းလှလို့ လွတ်မြောက်ချင်ပေမဲ့ တကယ်တမ်းမှာ Ye Bei Chenရဲ့အဝေးကို ထွက်သွားနိုင်မှာတဲ့လား။
နန်းတွင်းရှုပ်ထွေးမှုတွေနဲ့အတူ အချစ်အမုန်း အားပြိုင်မှုတွေကြား ရင်နာဖွယ်ကြည့်ရမဲ့ “The Night is Still Long (အဆုံးမဲ့ည)” ကို SKပရိသတ်တွေ ခံစားကြည့်ရှုပေးကြပါဦးနော်။
(အညွှန်းရေးသားသူကတော့ Bai Xue ဖြစ်ပါတယ်။)
Native Title: 夜未央
Starrings: Zhang He, Liang Jingxian, Wang JunHao
Genres: Drama
Released Date : Dec 6,2024 - Dec 10, 2024
Episode: 30
Network: IQIYI
#ReviewedByBaiXue
#TheNightIsStillYoung #夜未央
#EndlessNight #SK #MiniDrama #SoulKingdom

👍15❤7🥰2
🏵လောကဓံအန်တု ဖူးပွင့်တဲ့ပန်းငယ်🏵
Blossom / 九重紫 (2024)
ဒီနေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို သဘောကျတဲ့ soulers လေးတို့အတွက် "Blossom" ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
*ဇာတ်လမ်းအညွှန်း*
ငယ်ရွယ်စဉ်ကတည်းက မိခင်ဆုံးပါးသွားပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အချစ်နဲ့ မိသားစုကို စိတ်နာနေခဲ့တဲ့ Dou Zhao
လျှို့ဝှက်ဆန်းကြယ်တဲ့ မတော်တဆမှုကြောင့် မိဘနှစ်ပါးဆုံးပါးသွားခဲ့ပြီး မိဘနှစ်ပါးရဲ့သေဆုံးမှုကို ဖော်ထုတ်ဖို့ပဲ စိတ်နှစ်မြှုပ်နေခဲ့တဲ့ Song Mo
Duo Zhao တစ်ယောက် မိထွေးဖြစ်သူရဲ့လက်ထပ်ထိမ်းမြားဖို့ အတင်းဖိအားပေးမှုတွေကြောင့် Song Mo နဲ့ လက်ထပ်ဖို့ အကြောင်းဖန်လာတဲ့အခါ...
အစပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက် မယုံမကြည်ဖြစ်နေကြတဲ့သူတို့နှစ်ဦး နိုင်ငံရေးမငြိမ်မသက်မှုတွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို အတူတူဖော်ထုတ်ကြရင်း ရင်းနှီးမှုရရှိလာပြီး နှစ်ဦးသားအတူတူ စိန်ခေါ်မှုတွေရင်ဆိုင်ကာ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်သွားနိုင်မလားဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်...
SoulKingdom Channel လေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်💌
(ဇာတ်လမ်းအညွှန်းရေးသားသူကတော့ Hikazu ဖြစ်ပါတယ်)
Native Title: 九重紫
Starring: Li Yun Rui & Meng Zi Yi
Genres: Historical, Mystery, Romance
Country: China
Type: Drama
Episodes: 34
Aired: 6 Dec 2024
Original Network: Tencent Video
#ReviewByHikazu
#Blossom #九重紫
#SoulKingdom

❤15👍12👎3
Crimson Sabre (碧血剑) 2000
ဓားသွားထက်ကသွေးကလဲ့စား
======================
သိုင်းကားစစ်စစ်နဲ့ ကြမ်းတာကြည့်ချင်တယ်ဆိုတဲ့ ညီကိုတွေအတွက်ပါ။ မြွေဓားရှင်နဲ့မတူတဲ့ နောက်ထပ်ဗားရှင်းတစ်မျိူးဖြစ်ပါတယ်။
အဆိပ်ငါးပါးဂိုဏ်းရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတာဖြစ်ပြီး သူတို့ရဲ့ အစွမ်းထက် ရတနာ၃ခု (ဓား၊လက်နက်ပုန်း၊သိုင်းကျမ်း)ကို ဘယ်လိုလက်လွှတ်ခဲ့ရလဲဆိုတာ အပြည့်အစုံဖော်ပြထားပါတယ်။

❤22👍10❤🔥3🥰3
" The Legend of Taotie " (2024)
ဇာတ်လမ်းအညွှန်း
ဒီဇာတ်လမ်းလေးဟာ လျန်မင်းဆက်ကာလမှာ ဇာတ်အိမ်တည်ထားပြီး ဝူရှမြို့တော်ရဲ့နာမည်ကြီးစားသောက်ဆိုင်တစ်ခုဖြစ်တဲ့ ထျန်ရှန်းစားသောက်ဆိုင်ကလည်း ဇာတ်လမ်းရဲ့တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးထားပါတယ်။
ဆိုင်ရှင်ဖြစ်သူ Zhu Chengbi နဲ့ စာရင်းအင်းအမှုထမ်း Chang Qingတို့စုံတွဲဟာ မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုသလိုပဲ တကျက်ကျက်ရန်ဖြစ်လွန်းတဲ့နေရာမှာ နာမည်ကြီးလွန်းလှပါတယ်။
သူတို့ဟာ ရင်တလှပ်လှပ်ဖြစ်စေလောက်မဲ့အပြင် ကမ္ဘာမြေကြီးပါတုန်ဟည်းစေလောက်မဲ့ ဖြစ်ရပ်အထွေထွေနဲ့ရင်ဆိုင်တွေ့ကြုံရင်း အရသာရှိတဲ့ဟင်းလျာများစွာကို ဖန်တီးလက်စွမ်းပြခဲ့ကြပါတယ်။
ဟင်းလျာတစ်ခုချင်းစီမှာ ဇာတ်လမ်းရာဇဝင်အမျိုးမျိုးရှိနေကြပြီး အဓိပ္ပါယ်တွေကလည်း ထပ်တူညီမနေခဲ့ပြန်ပါဘူး။
အဆုံးမှာတော့ လန်ယန်ဘုရင်ဟာ သူ့တစ်ကိုယ်စာအကျိုးအတွက် Zhu Chengbi နဲ့ Chang Qing တို့ကြားဘယ်လိုတွေခလောက်ဆန်မလဲ ။
သူဟာ လူတစ်ဦးရဲ့ဘဝသက်တမ်းကို ကြာမြင့်စေမဲ့ ဟင်းလျာကိုချက်ပြုတ်ဖို့
Zhu Chengbiကိုစေခိုင်းခဲ့ပြီး သူ့တစ်ကိုယ်ရည်လောဘအတွက် အနက်ရောင်ချီလင်ကို လွှတ်ပေးလိုက်တဲ့အခါမှာရောဘယ်လိုတွေဆက်ဖြစ်လာမလဲ

❤24👍22🥰6