တရုတ်စီးရီး 🦋 Review 🦋
14.1K subscribers
1.56K photos
4 links
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။
Download Telegram
အိပ်မက်စေညွန်းရာ
Dream Once More (2024)

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် Dream Once More ဆိုတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-

နည်းပညာတွေ တိုးတက်နေတဲ့ခေတ်မှာ ပေကျင်းမြို့မှာ နှစ်ပေါင်းများစွာလေလွင့်နေခဲ့တဲ့ ဇာတ်ညွှန်းဆရာမလေး ကုရီမုံ့နဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ ဇာတ်ညွှန်းတွေကို ရေးပေးနေတဲ့ app ကို တီထွင်ရေးသားသူ ယန်ကျွင်းကုတို့နှစ်ယောက်က app က တီထွင်ရေးသားခဲ့တဲ့ ဇာတ်ညွှန်းလောကထဲကို အိပ်မက်တစ်ခုလို မတော်တဆဝင်ရောက်မိသွားပါတယ်။ အဲဒီဇာတ်ညွှန်းထဲမှာပဲ ဆန်းကြယ်တဲ့လောကတစ်ခုမှာ ကံကြမ္မာကို ပြောင်းလဲဖို့ကြိုးစားပြီး အချင်းချင်း ကယ်တင်ကြတဲ့ ခရီးစဉ်ကို စတင်ရပါတော့တယ်။

သူတို့နှစ်ယောက် ဇာတ်ညွှန်းလောကထဲမှာ ဘယ်လိုကံကြမ္မာမျိုးနဲ့ တွေ့ကြုံရမလဲဆိုတာကို စောင့်ဆိုင်းကြည့်ရှုလိုက်ရအောင်နော်......

#DreamOnceMore
👍97
🫧 အဆုံးမဲ့ည 🫧
The Night is Still Young (夜未央 2024)


သူများချစ်ခြင်းကိုခွဲပြီး ကိုယ့်ကိုမုန်းနေသူကိုမှ ရင်ခွင်ထဲရောက်အောင် အပိုင်သိမ်းခဲ့တဲ့ အချစ်လူကြမ်းကြီး “Ye Bei Chen”

အချစ်ဦးရှိရက်နဲ့ ဝေးခဲ့ရပြီး သိမ်းပိုက်ခံခဲ့ရလို့ Ye Bei Chenကို မုန်းတီးစက်ဆုပ်နေတဲ့ အလှလေး “Shangguan Wei Yang”

မချစ်မနှစ်သက်တဲ့လူရဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရတဲ့ညတွေဟာ မျှော်လင့်ချက်မဲ့ပြီး ညတာရှည်လွန်းလှလို့ လွတ်မြောက်ချင်ပေမဲ့  တကယ်တမ်းမှာ Ye Bei Chenရဲ့အဝေးကို ထွက်သွားနိုင်မှာတဲ့လား။

နန်းတွင်းရှုပ်ထွေးမှုတွေနဲ့အတူ အချစ်အမုန်း အားပြိုင်မှုတွေကြား ရင်နာဖွယ်ကြည့်ရမဲ့ “The Night is Still Long (အဆုံးမဲ့ည)” ကို SKပရိသတ်တွေ ခံစားကြည့်ရှုပေးကြပါဦးနော်။

(အညွှန်းရေးသားသူကတော့ Bai Xue ဖြစ်ပါတယ်။)

Native Title: 夜未央
Starrings: Zhang He, Liang Jingxian, Wang  JunHao
Genres: Drama
Released Date : Dec 6,2024 - Dec 10, 2024
Episode: 30
Network: IQIYI

#ReviewedByBaiXue
#TheNightIsStillYoung #夜未央
#EndlessNight #SK #MiniDrama #SoulKingdom
👍157🥰2
🏵လောကဓံအန်တု ဖူးပွင့်တဲ့ပန်းငယ်🏵
Blossom / 九重紫 (2024)


ဒီနေ့မှာတော့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို သဘောကျတဲ့ soulers လေးတို့အတွက် "Blossom" ‌ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်

*ဇာတ်လမ်းအညွှန်း*

ငယ်ရွယ်စဉ်ကတည်းက မိခင်ဆုံးပါးသွားပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အချစ်နဲ့ မိသားစုကို စိတ်နာနေခဲ့တဲ့ Dou Zhao

လျှို့ဝှက်ဆန်းကြယ်တဲ့ မတော်တဆမှုကြောင့် မိဘနှစ်ပါးဆုံးပါးသွားခဲ့ပြီး မိဘနှစ်ပါးရဲ့သေဆုံးမှုကို ဖော်ထုတ်ဖို့ပဲ စိတ်နှစ်မြှုပ်နေခဲ့တဲ့ Song Mo

Duo Zhao တစ်‌ယောက် မိထွေးဖြစ်သူရဲ့လက်ထပ်ထိမ်းမြားဖို့ အတင်းဖိအားပေးမှုတွေကြောင့် Song Mo နဲ့ လက်ထပ်ဖို့ အကြောင်းဖန်လာတဲ့အခါ...

အစပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက် မယုံမကြည်ဖြစ်နေကြတဲ့သူတို့နှစ်ဦး နိုင်ငံရေးမငြိမ်မသက်မှုတွေနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အမှုတွေကို အတူတူဖော်ထုတ်ကြရင်း ရင်းနှီးမှုရရှိလာပြီး နှစ်ဦးသားအတူတူ စိန်ခေါ်မှုတွေရင်ဆိုင်ကာ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်သွားနိုင်မလားဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်...

SoulKingdom Channel လေးမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်💌

(ဇာတ်လမ်းအညွှန်းရေးသားသူကတော့ Hikazu ဖြစ်ပါတယ်)

Native Title: 九重紫
Starring: Li Yun Rui & Meng Zi Yi
Genres: Historical, Mystery, Romance
Country: China
Type: Drama
Episodes: 34
Aired: 6 Dec 2024
Original Network: Tencent Video

#ReviewByHikazu
#Blossom #九重紫
#SoulKingdom
15👍12👎3
Crimson Sabre (碧血剑) 2000
ဓားသွားထက်ကသွေးကလဲ့စား
======================

သိုင်းကားစစ်စစ်နဲ့ ကြမ်းတာကြည့်ချင်တယ်ဆိုတဲ့ ညီကိုတွေအတွက်ပါ။ မြွေဓားရှင်နဲ့မတူတဲ့ နောက်ထပ်ဗားရှင်းတစ်မျိူးဖြစ်ပါတယ်။

အဆိပ်ငါးပါးဂိုဏ်းရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတာဖြစ်ပြီး သူတို့ရဲ့ အစွမ်းထက် ရတနာ၃ခု (ဓား၊လက်နက်ပုန်း၊သိုင်းကျမ်း)ကို ဘယ်လိုလက်လွှတ်ခဲ့ရလဲဆိုတာ အပြည့်အစုံဖော်ပြထားပါတယ်။
22👍10❤‍🔥3🥰3