တရုတ်စီးရီး 🦋 Review 🦋
14.1K subscribers
1.56K photos
4 links
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။
Download Telegram
နဂါးငွေ့တန်းထံမှ အမိန့်သံ (Calling from the Galaxy) 星辰令 2024

Hello ,

မင်္ဂလာပါ Souler လေးတို့ရေ ဒီတစ်ခေါက်တင်ဆက်ပေမဲ့ဇာတ်ကားလေးကတော့ Romance, Wuxia, Xianxia ဇာတ်လမ်းတွဲလေးဖြစ်တဲ့ Calling from the Galaxy ပဲဖြစ်ပါတယ်။

သက်ရှိသတ္တဝါတွေရဲ့ရှင်သန်သေဆုံးခြင်းကံကြမ္မာကိုစီမံရတဲ့ တောင်မြောက်အရှင်နှစ်ပါးဟာ မြစ်ကောင်းကင်ကြီးရဲ့ အစွန်းနှစ်ဖက်မှာ စံမြန်းကြပါတယ်။ တစ်ရက်မှာတော့ အရှင်နှစ်ပါးဟာ စစ်တုရင်ကစားရင်းကနေ ခံစားချက်မေတ္တာတရားကို ကြားခံနယ်အဖြစ်ထားကာ ရှင်သန်သေဆုံးခြင်းကို ခန့်မှန်းကာ အလောင်းအစားပြုလုပ်ခဲ့ကြပါတယ်။

ဒါကြောင့်ပဲ Beidou Black Pearl ကို လူ့ပြည်စေလွှတ်ပြီး အချစ်အတိဒုက္ခကိုတွေ့ကြုံခံစားစေတဲ့အခါမှာတော့ ...

Native Title: 星辰令
Also Known As: Xing Chen Ling / Calling From The Galaxy
Starrings: Zhang Tian Qi & Zhang Chu Han
Genres: RomanceWuxiaFantasy
Country: China
Type: Drama
Episodes: 48
Airs: Nov 27, 2024
Airs On: Monday, Tuesday, Wednesday, Thursday, Friday, Saturday, Sunday
Original Network: Youku

#星辰令
#CallingFromTheGalaxy
#XingChenLing
#SoulKingdom
👍1713🥰1
ပျိုလေးရယ် နုနယ်လွန်းတယ် 君子如玉 Pretty Boy

ဇာတ်လမ်းအကျဉ်း

အရင်တော်၀င်မင်းသားတစ်ပါးဖြစ်တဲ့ ချင်းချိုက်ဟာ ပျောက်ဆုံးနေတဲ့ မွေးစားဖခင်ကို ရှာဖို့အတွက် အမည်နဲ့နောက်ကြောင်းကို ဖုံးကွယ်ပြီး

အမျိုးသမီးတွေသာရှိတဲ့ မင်ယီစံအိမ်တော်ကို မတတ်သာဘဲ အမျိုးသမီးတစ်ယောက်လို ဟန်ဆောင်ကာ ၀င်ရောက် ရောနှေနေရပါတော့တယ်

တစ်ဖက်မှာလည်း လက်စားချေဖို့အတွက် မော့ဂိုဏ်းက သူရဲကောင်းမလေး ကန်းဖူဟာလည်း မင်ယီစံအိမ်ကို ရောက်လာပြီး ချင်းချိုက်နဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ်

မင်ယီစံအိမ်တော်ရဲ့ပြင်းထန်တဲ့တပည့်လေ့ကျင့်ရေးတွေနဲ့ အတူ မတည့်အတူနေ ချင်းချိုက်နဲ့ ကန်းဖူနှစ်ကောင် တဖြည်းဖြည်းနဲ့ ရင်းနှီးကျွမ်း၀င်လာတဲ့အခါ ......

"The Tale of Nokdu ဆိုတဲ့ကိုးရီးယား၀တ္တုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်"

Native Title : 君子如玉
English Title : Pretty Boy
Starring : Darren Chen , Zheng He Hui Zhi ,Zhu Zan Jin ,Wang Zi Jia
Episodes : 24
Aired : Nov 28, 2024
Original Network : IQIYI

#SoulKingdom
#PrettyBoy
#君子如玉
13👍12🥰6
ပိုးသားနွယ်သည့် ပုံပြင်ငယ် 蜀锦人家 Brocade Odyssey

ဇာတ်လမ်းအကျဉ်း

Tang မင်းဆက်နှောင်းပိုင်းခေတ်မှာ ကျီချွမ်ခရိုင်ထွက် ဘရိုကိတ်ပိုးထည်ရဲ့ အလှဟာ အနယ်နယ်အရပ်ရပ်က သြဇာကြီး လူကုံထံတွေရဲ့ မျက်စိကျရာဖြစ်လာပြီး တပ်အတွင်းမှာတောင် လစာနဲ့လဲလှယ်ဖို့ ပိုးထည်ကို အသုံးပြုနိုင်ပါတယ်

ထိုခေတ်အချိန်ကာလမှာ စီချွမ်အလယ်ပိုင်း ယိကျိုးဒေသရှိ ဘရိုကိတ်ပိုးထည် လုပ်ငန်းရဲ့ ကြွယ်ဝမှုအရှိန်ဟာ တဟုန်းဟုန်းတောက်လောင်နေခဲ့ပါတယ် 

Ji မိသားစုရဲ့ အမျိုးသမီးငယ် Ji Ying Ying ဟာ ငယ်စဉ်ကတည်းက ထက်မြက်သူတစ်ယောက်ဖြစ်ပြီး ပိုးထည်ဆေးဆိုးခြင်းကို စွဲလမ်းနှစ်သက်သူတစ်ယောက်ပါ

ဘရိုကိတ်ပိုးထည်ယက်လုပ်တဲ့ လူကုံထံ Zhao မိသားစုရဲ့ သားဖြစ်သူ Zhao Xiu Yuan ဟာ ချစ်ခြင်းကနေ အစပြုခဲ့တဲ့ အမုန်းမီး‌ကြောင့်Ji မိသားစုကို နေရာတိုင်းမှာ အတားအဆီးဖြစ်စေခဲ့ပါတယ်

Ji Ying Ying ရဲ့ ဆေးဆိုးခြင်းနည်းပညာဟာ နာမည်ကြီးလာတာနဲ့အမျှ Ji မိသားစုမှာ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ ?

အပြိုင်အဆိုင်တွေနဲ့ လက်ဝါးကြီးအုပ်ချင်တဲ့ အာဏာရှိအသိုင်းအဝိုင်းကြားမှာ ပိုးထည်လုပ်ငန်းကို ဘယ်လိုကာကွယ်မလဲ ? ဆိုတာကို ဒီကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီနော်

Native Title : 蜀锦人家
Starring : Tan Song Yun, Zheng Ye Cheng, Lin Xin Ze, Jing Chao, Chen Xiao Yun, Zhou Jie Qiong
Episodes : 40
Airs : 30 November 2024
Original Network : Youku

#ReviewByPanda
#SoulKingdom
#蜀锦人家
#BrocadeOdyssey
👍108🙏1
အိပ်မက်စေညွန်းရာ
Dream Once More (2024)

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် Dream Once More ဆိုတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-

နည်းပညာတွေ တိုးတက်နေတဲ့ခေတ်မှာ ပေကျင်းမြို့မှာ နှစ်ပေါင်းများစွာလေလွင့်နေခဲ့တဲ့ ဇာတ်ညွှန်းဆရာမလေး ကုရီမုံ့နဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ ဇာတ်ညွှန်းတွေကို ရေးပေးနေတဲ့ app ကို တီထွင်ရေးသားသူ ယန်ကျွင်းကုတို့နှစ်ယောက်က app က တီထွင်ရေးသားခဲ့တဲ့ ဇာတ်ညွှန်းလောကထဲကို အိပ်မက်တစ်ခုလို မတော်တဆဝင်ရောက်မိသွားပါတယ်။ အဲဒီဇာတ်ညွှန်းထဲမှာပဲ ဆန်းကြယ်တဲ့လောကတစ်ခုမှာ ကံကြမ္မာကို ပြောင်းလဲဖို့ကြိုးစားပြီး အချင်းချင်း ကယ်တင်ကြတဲ့ ခရီးစဉ်ကို စတင်ရပါတော့တယ်။

သူတို့နှစ်ယောက် ဇာတ်ညွှန်းလောကထဲမှာ ဘယ်လိုကံကြမ္မာမျိုးနဲ့ တွေ့ကြုံရမလဲဆိုတာကို စောင့်ဆိုင်းကြည့်ရှုလိုက်ရအောင်နော်......

#DreamOnceMore
👍97