တရုတ်စီးရီး 🦋 Review 🦋
14K subscribers
1.59K photos
4 links
မြန်မာစာတန်းထိုးတရုတ်စီးရီး Review များကို ဖတ်ကြည့်နိုင်ပါသည်။
Download Telegram
Dream of Golden Years 2026
အချစ်အိပ်မက် ရွှေရတုတိုင်


Legend of Female General ရဲ့ Main Lead တစ်ယောက်ဖြစ်တဲ့ Zhou Ye ဟာ ပြိတ်သတ်တို့ရဲ့ဆန္ဒကို ကြားသွားပုံပါပဲ။ LOFG မှာ ထက်ထက်မြက်မြက် Strong Woman အဖြစ်မြင်တွေ့ခဲ့ရသလို အခုညွှန်းပေးမဲ့စီးရီးမှာလဲ Zhou Ye ကို ထက်မြက်တဲ့စွန့်ဦးတီထွင်သူအမျိုးသမီးငယ်လေးအဖြစ် မြင်တွေ့ရမှာပါ။

ဒီကားကို ၁၉၈၃ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး Zhou Ye နဲ့အတူ Love in Pavilion မှာ ပါဝင်ခဲ့သလို အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့ ကိုကို Zhai Xiao Wen က တွဲဖက်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအညွှန်း >>>

အပြောင်းအလဲများစွာရှိနေတဲ့ ၁၉၈၃ ခုနှစ်မှာ "လုပ်ငန်းခွင်ကျွန်" လို့တံဆိပ်ကပ်ခံထားရတဲ့ ခေတ်မိန်းမပျိုတစ်ဦးဟာ လှိုင်းလေထန်လှတဲ့စီးပွားရေးလောကထဲကို ရဲရဲဝံ့ဝံ့ခြေစုံပစ်ဝင်ခဲ့ပါတယ်။ အဲလိုမိုက်ရူးရဲဆန်မှုကြောင့် လူအများရဲ့ကဲ့ရဲ့ဝေဖန်မှုတွေကိုလဲ ရင်ဆိုင်ခဲ့ရရှာပါတယ်။ ဒါပေမဲ့ မိန်းမငယ်လေးဟာ အဲလိုဝေဖန်မှုတွေကို တွန်းလှန်ပြီး ကိုယ်ပိုင်လမ်းစဉ်တစ်ခုကိုဖော်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားသူပါ။ အရာအားလုံးကို ဘာမှမရှိတဲ့ဘဝကနေစတင်ခဲ့ပြီး အခက်အခဲတွေကြား ကြံ့ကြံ့ခံရင်း မြင့်မားလှတဲ့အောင်မြင်မှုဆီ ဖြည်းဖြည်းချင်းတက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီလိုစိန်ခေါ်မှုတွေနဲ့ဆင်းရဲပင်ပန်းမှုများစွာကို ရင်ဆိုင်နေရချိန်မှာ ကျိုးချန်လို့အမည်ရတဲ့ ကိုလူချောလေးနဲ့ ဆုံခဲ့ပါတော့တယ်။ မိန်းမပျိုလေးဟာ မဆုတ်မနစ်ကြိုးစားအားထုတ်မှုနဲ့ ထူးချွန်လှတဲ့ဉာဏ်ရည်ဉာဏ်သွေးကို အသုံးချကာ စီးပွားရေးလောကမှာ နေရာတစ်ခုကို အောင်မြင်စွာဖန်တီးနိုင်ခဲ့ပါတယ်။ အဲလိုပဲ တစ်ဖက်မှာလည်း သူနဲ့ကျိုးချန်တို့ရဲ့ပတ်သက်မှုဟာ နှလုံးသားထဲထိစိမ့်ဝင်သွားရာမှာတော့

ချစ်ခရီးအိပ်မက်ဟာ ဖြောင့်ဖြူးလေမလား၊ ရောက်ချင်တဲ့နေရာကိုရော ရောက်လေမလား... ဒီလိုဝေခွဲမရမှုတွေကြားမှာ သေချာတာတစ်ခုကတော့ ကျိုးချန်နဲ့သူရဲ့အချစ်အိမ်ငယ်ဟာ သကာလောင်းတဲ့ပျားသလက်လို ချစ်ရနံ့တို့ချိုမြထုံသင်းနေမှာ အမှန်ပါပဲ။ Romance ဇာတ်အိမ်ကို ပုံမှန်ကြည့်နေရတဲ့ဇာတ်လမ်းတွေကနေ ကွဲထွက်တာမျိုးလေးမှဆို ဒီစီးရီးလေးက အသင့်တော်ဆုံးပါပဲနော်။

#DreamOfGoldenYears
5
Live up to your youth 2026
ပျိုမြစ်ချိန်ရဲ့အားမာန်တေးသွင်


ဒီတစ်ခါတော့ ကြည့်နေကျ Life Drama မျိုးထက် Musical Life Drama ပုံစံကို ဇာတ်အိမ်တည်ထားပြီး ၁၉၉၀ ပြည့်နှစ်ကို နောက်ခံအဖြစ်ရိုက်ကူးထားတဲ့စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီစီးရီးမှာ The First Frost ရဲ့ MC ဖြစ်တဲ့ Zhang Ruo Nan နဲ့အတူ Bai Yu၊ Jelly Lin၊ Wang Yang Lin တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဘဝရဲ့အနိမ့်အမြင့်တွေကြား ချစ်ပျားရည်ချိုစိမ့်စိမ့်လေးတစ်ခွက် သောက်ရမဲ့ဇာတ်လမ်းလေးမို့ ပရိသတ်တို့ အကြိုက်တွေ့မှာ အသေချာပါပဲ!

ဇာတ်လမ်းအညွှန်း >>>

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ပေကျင်းမှာရှိတဲ့ သေးငယ်တဲ့ တည်းခိုခန်းလေးတစ်ခုဟာ အနုပညာနဲ့ရည်မှန်းချက်တွေကို လိုက်လံရှာဖွေနေကြတဲ့လူငယ်တစ်စုရဲ့အိမ်ဂေဟာ ဖြစ်လာခဲ့ပါတယ်။ ဇာတ်ညွှန်းရေးဆရာ ရွှီရှန့်လီဟာ လောကအလယ်မှာ နာမည်တစ်လုံးရဖို့ ရုန်းကန်နေရသလို ကျွမ်းကျွမ်းကလဲ ပိုမိုကြီးကျယ်တဲ့စင်မြင့်ထက်ကိုတက်လှမ်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ စီးပွားရေးပွဲတွေမှာ ဖျော်ဖြေသီဆိုရင်း အခွင့်အရေးကို စောင့်စားနေသူပါ။ ရှန်ရန်ရန်ကတော့ သရုပ်ဆောင်ခွင့်ရရှိဖို့ မရေရာလှတဲ့အခြေအနေတွေကြားမှာ ဖြတ်သန်းနေရပါတယ်။

Saxophone ပညာရှင် ထောင်လျန်လျန်ကတော့ လူကူးတံတားတွေအောက်မှာ တီးခတ်ဖျော်ဖြေရင်း ဘဝကိုရှာဖွေနေပြီး ကောကျန့်ပေါင်ကတော့ မိသားစုကိုထောက်ပံ့နိုင်ဖို့ အပိုအလုပ်‌တွေကိုကျပန်းလုပ်ကိုင်ရင်း နောက်ခံ Extra အဖြစ် အနုပညာလောကထဲ ခြေစုံပစ်ဝင်ထားသူပါ။ ထူးခြားဆန်းသစ်လှတဲ့အ‌တွေးအမြင်သမား ပန်းချီဆရာချောင်ယဲ့ကမူ သူ့အနုပညာပန်းချီကို တစ်စုံတစ်ယောက် နားလည်ပေးနိုင်မဲ့နေရောက်လာဖို့ မျှော်လင့်တောင့်တနေသူပါ။

ငြင်းပယ်ခံရမှု၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ခဏတာအောင်မြင်မှုတွေကြားမှာ လူငယ်လေး ၆ ယောက်ဟာ အသက်ရှင်ရပ်တည်ရေးအတွက် ခါးသီးလှတဲ့လက်တွေ့ဘဝတွေကို ရင်ဆိုင်ခဲ့ရပေမဲ့ အနုပညာစိတ်ဓာတ်ကတော့ လုံးဝပျောက်မသွားခဲ့ကြပါဘူး။ ဒါပေမဲ့ အချိန်ကာလတစ်ခုကို ကူးပြောင်းလာချိန်မှာ‌တော့ အချို့က ဆက်လက်ကြိုးစားကြပြီး အချို့ကမူ လက်လွှတ်လိုက်ကြပါတော့တယ်။ အခြေအနေတွေဟာ ထင်ထားသလိုဖြစ်မလာကြပေမဲ့ သူတို့အားလုံးကတော့ ပြောင်းလဲလာတဲ့ ခေတ်ကာလတစ်ခုမှာ သမိုင်းခြေရာကိုယ်စီကို ချန်ရစ်ထားနိုင်ခဲ့တာတော့ အမှန်ပါပဲ။

ဒီစီးရီးက လူငယ်တွေရဲ့အားမာန်၊ ခေတ်ရဲ့ရိုက်ခတ်မှုတွေကြား တောက်ပနေတဲ့မီးခဲအသွင်ပျိုမြစ်မှုတို့ကြောင့် စိတ်နှလုံးအိမ် တသိမ့်သိမ့်တုန်စေမဲ့ဇာတ်လမ်းမို့ ပြိတ်သတ်တို့စိတ်ထဲ တသသစွဲကျန်နေမှာ ကျိန်းသေပါပဲနော်!

#LiveUpToYourYouth
2
မရဏမြေမှ မေတ္တာရိပ်မြုံ
Love Beyond the Grave ( 2026 )
=========================

အသက်လေးရာကျော်သက်တမ်းရှိပြီး အင်အားအကြီးဆုံးတစ္ဆေဘုရင်မဖြစ်သူ ဟယ့်စစ်မုနဲ့ လျှို့ဝှက်ချက်များစွာရှိနေတဲ့ စစ်သူကြီးသွမ့်ရွှီးတို့ဟာ ပျက်စီးသွားတဲ့ ဖော့ဝမ်ဓားကြောင့် မထင်မှတ်ဘဲဆုံတွေ့ခဲ့ကြပါတယ်။ အဲဆုံတွေ့မှုကနေတစ်ဆင့် နှစ်ဦးသားဟာ အာရုံငါးပါးကိုအပြန်အလှန်လဲလှယ်ဖို့ ကတိကဝတ်‌သွေးစာချုပ်ပြုလုပ်ခဲ့ကြရာမှ ထူးဆန်းစွာပဲ ကံကြမ္မာချင်း ဆက်နွှယ်သွားခဲ့ကြပါ‌တော့တယ်။

ဒီလိုနဲ့ သူတို့ဟာ လူ့လောကနဲ့ဝိညာဉ်လောကကြားက ငြိမ်းချမ်းမှုကို ထိန်းသိမ်းကာကွယ်ဖို့ အချင်းချင်းလက်တွဲပြီး အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြပါတယ်။ အခက်အခဲတွေကို အတူတူရင်ဆိုင်ရင်း နှစ်ပေါင်း ၄၀၀ ကျော်လောက်အေးခဲငြိမ်စက်နေတဲ့ ဟယ့်စစ်မုရဲ့ နှလုံးသားလေးဟာလည်း သွမ့်ရွှီးကြောင့် ပြန်လည်လှုပ်ရှားနွေးထွေးလာခဲ့ရာမှ ဘဝမတူတဲ့သူတို့နှစ်ဦးကြားမှာ ချစ်မေတ္တာဟာ လှပစွာပွင့်လန်းလာခဲ့ပါတော့တယ်။

ဒီဇာတ်လမ်းက Dilraba ရဲ့ပရိသတ်တွေအတွက်ရော Chen Feiyu ရဲ့ပရိသတ်တွေအတွက်ပါ တကယ့်ကိုလက်လွှတ်မခံသင့်တဲ့ Fantasy Epic ကြီးမို့ ကြည့်ကိုကြည့်သင့်တာထက် ပိုသောပါပဲ‌ ပြိတ်သတ်တို့ရေ။
26🥰1