Movie_Max_Cartoon _Myanmar_Channel
344K subscribers
6.43K photos
1 video
2.33K links
ကြေငြာအပ်ချင်ရင် အောက်က
Admin accကို Hiပေးကြပါ 👇👇

👉 @YoteShinVip 👈
👉 @YoteShinVip 👈
Download Telegram
Ruben Brandt, Collector (2018)
------------------------

IMDB (7.2/10)

သင်ဟာ now you see me တို့လို့ money heist တို့လို အဖွဲ့လိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကိုသဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ

ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ ပါးစပ်ငါးခုတွေ မျက်လုံးသုံးလုံးငါးလုံး two-dimensional တွေ စတဲ့ ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ

ဘာလို့ဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို့ အရသာမျိုး တစ်ခုခုကြည့်စရာရှိနေစေချင်လို့ပါတဲ့ ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ

ဒါ့အပြင် စုံထောက်စတိုင်တွေ actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီးဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါ

#ChannelMyanmar
Utama [2022]

IMDb – 7.4/10

သိမ်းငှက်တစ်ကောင်ဟာ သူ့ဘဝကို ဘယ်အချိန်မှာ အဆုံးသတ်လဲတဲ့တောင်ပံတွေမဖြန့်နိုင် အားအင်ချိနဲ့တဲ့ ဘဝနေဝင်ချိန်မှာ သိမ်းငှက်‌တစ်ကောင်ဟာ
နောက်ဆုံးခွန်အားနဲ့ တောင်ထိပ်ကိုတက်ပြီး အဲ့ကနေ ပြုတ်ကျခံပြီး ကျောက်ဆောင်တွေနဲ့ တိုက်သေပါတယ်

တဲ့ဘဝရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုကြည့်ရရင်လဲ အဲ့လိုပါပဲ
ကိုယ့်ကိုယ်ကို အသုံးမဝင်တော့ဘူးလို့ ထင်တဲ့တစ်ချိန်ကျရင် ဘယ်သူမှဆက်လက်ရှင်သန်ချင်မှာ မဟုတ်ပါဘူး

ဒီစပိန်စကားပြော ဇာတ်ကားလေးထဲမှာ စပိန်ကားတွေရဲ့မြင်နေကျ ကလက်စီကယ်ဂစ်တာတွေ ပေါင်တံရှည်တွေကို ကြည့်ရမှာမဟုတ်ပါဘူး

အဲ့အစား သင်တို့ကို ခံစားချက်တွေတနင့်တပိုးနဲ့ တွေးစရာတွေ အပြွတ်လိုက်ထည့်ပေးမှာပါ

ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးမှာ ဘဝရဲ့အဓိပ္ပာယ်ကို ရှာ‌ဖွေကြည့်နိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။

#Credit
#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/flexx134789/148
https://t.me/flexx134789/148
Finch (2021) အသစ်စက်စက်🔺🔺
____

IMDB (7.1/10)

(Tom Hanks) ကားသစ်ကြီး လာပါပြီ

ဇာတ်လမ်းအကျဉ်းကတော့ အိုဇုန်းလွှာပျက်စီးပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် နေရောင်ထဲကို လူသားတွေထွက်လို့မရတော့ အချိန်၊ EMP ကြောင့် လျှပ်စစ်ဓာတ်အားလုံး သေဆုံးသွားတဲ့အချိန်၊ ရာသီဥတုဖောက်ပြန်ပြီး မုန်တိုင်းတွေ ဆက်တိုက်တိုက်ခတ်နေတဲ့ အနာဂတ် ကမ္ဘာပျက်ကြီးထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ဖင့်ချ်ဆိုတဲ့ အဘိုးကြီးတစ်ယောက် အဖော်အနေနဲ့ ခွေးလေးတစ်ကောင်နဲ့ စက်ရုပ်လေး တစ်ရုပ်ရှိတယ်

သူ မရှိတော့တဲ့အချိန်မှာ ခွေးလေးကို စောင့်ရှောက်ဖို့နောက်ထပ်စက်ရုပ်တစ်ရုပ်တိုးလာပြီး အဲဒီစက်ရုပ်ကို သင်ကြားပေးဖို့ ကြိုးစားနေတဲ့အချိန်မှာ စက်ရုပ်ကလည်း လူလုပ်အသိဉာဏ်ရှိတဲ့အဆင့်ဖြစ်တော့ တဖြည်းဖြည်းသင်ယူလာနိုင်တာပေါ့

ဒီလိုနဲ့ ဖင့်ချ် လက်ရှိနေတဲ့နေရာကို ဧရာမမုန်တိုင်းကြီးရောက်လာတော့မယ့်အခါမှာ ဘေးကင်းတဲ့အဝေးတစ်နေရာကိုအခက်အခဲတွေ ကြားထဲကနေ ရောက်အောင်သွားဖို့ စွန့်စားခန်းဖွင့်တာကို တွေ့ရပါလိမ့်မယ်

Finch အဖြစ်သရုပ်ဆောင်ထားသူကတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး (Tom Hanks) ပဲ ဖြစ်ပါတယ်

#Channelmyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/Flexx2246/834
https://t.me/Flexx2246/834
Escape from Mogadishu (2021)
__

IMDB (7.2/10)

နာမည်ကြီးမင်းသားတွေ အများကြီးပါဝင်ပြီး Box Office မှာလည်း ဝင်ငွေအများဆုံး ရုပ်ရှင်တစ်ခုဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်

၁၉၉၁ ခုနှစ်တုန်းက ဖြစ်ရပ်မှန်ကို ပြန်လည် ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်

ဆိုမာလီယာနိုင်ငံ မိုဂါဒီရှူမြို့ကနေ အာဏာရှင် အစိုးရစစ်တပ်နဲ့ လက်နက်ကိုင်တပ်ကြား ပြည်တွင်းစစ်ဖြစ်တဲ့အချိန် သံအမတ်တွေပါ သက်ဆိုင်ရာနိုင်ငံတွေနဲ့ အဆက်အသွယ်မရဘဲ ပိတ်မိသွားပါတယ်

နောက်တော့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံရဲ့ သံအမတ်နဲ့ ဝန်ထမ်းတွေ ကယ်ဆယ်ရေးလေယာဥ်နဲ့ လွတ်မြောက်ဖို့ အချင်းချင်းကူညီဖေးမခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားတာပါ

မင်းသား Jo In Sung ရဲ့ပရိသတ်တွေလည်း လည်ပင်းရှည်ခဲ့ရကျိုးနပ်တဲ့ ဇာတ်လမ်းကောင်းလေးပါ

#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/flexx134789/383
https://t.me/flexx134789/383
TimeCrafters: The Treasure of Pirates Cove [2022]

ရတနာမြေပုံတစ်ခုကို ရှာတွေ့သွားကြတဲ့ ၁၈ရာစုက ပင်လယ်ဓားပြတွေဟာ မြေပုံကိုလုကြရင်း မုန်တိုင်းကနေတစ်ဆင့် ၂၁ရာစု အခုခေတ်ရဲ့ပင်လယ်ဓားပြကမ်းစပ် လို့ခေါ်တဲ့ မြို့လေးကို ရောက်သွားကြပါတယ်။

ဒါပေမဲ့ မြေပုံကိုတော့ အဲဒီမြို့က ကလေးအုပ်စုက ရှာတွေ့သွားကြပြီးသူတို့လည်း ရတနာတွေလိုက်ရှာပါတော့တယ်။

ရတနာကိုလိုက်ရှာနေ
ကြတဲ့ လူကြီးတစ်သိုက်နဲ့ ကလေးတစ်သိုက် ဘယ်သူက ရတနာတွေရသွားမလဲ။

တကယ့်ရတနာအစစ်ကရော ဘာများလဲဆိုတာ
ကြည့်ရမှာပဲဖြစ်ပါတယ်။

Adventure, Fantasy အမျိုးအစားဖြစ်ပြီး စိတ်လွတ်
လပ်စွာအပန်းဖြေကြည့်ရှုနိုင်မယ့် မူဗီတစ်ခုပါ။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ELYa ဖြစ်ပါတယ်)

#Credit
#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/mdg2246/3551
https://t.me/mdg2246/3551
Hacksaw Ridge (2016)
-----------------------------------

IMDB (8.1/10)

စစ်ခုံရုံးတစ်ခုမှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်..စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု့ အမိန့်မလိုက်နာမှုကြောင့်ပါ

စစ်သားလုပ်တယ်၊ သေနတ်မကိုင်ချင်ဘူးဆိုတော့ ဘယ်လိုမှ သဟဇာတမဖြစ်ဘူးပေါ့..သို့သော် တပ်မတော်တွင် တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန်..ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်

သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာရနေတဲ့ သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ်၊ အားပေးမှုတွေလုပ်မယ်၊ ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ

စွဲချက်တွေက စစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ..ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့ စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်း
ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ်

သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ်သားလေးဟာ တိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့်။။။

#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/mdg2246/3802
https://t.me/mdg2246/3802
Hacksaw Ridge (2016)
-----------------------------------

IMDB (8.1/10)

စစ်ခုံရုံးတစ်ခုမှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်..စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု့ အမိန့်မလိုက်နာမှုကြောင့်ပါ

စစ်သားလုပ်တယ်၊ သေနတ်မကိုင်ချင်ဘူးဆိုတော့ ဘယ်လိုမှ သဟဇာတမဖြစ်ဘူးပေါ့..သို့သော် တပ်မတော်တွင် တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန်..ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်

သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာရနေတဲ့ သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ်၊ အားပေးမှုတွေလုပ်မယ်၊ ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ

စွဲချက်တွေက စစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ..ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့ စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်း
ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ်

သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ်သားလေးဟာ တိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့်။။

#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/mdg2246/3802
https://t.me/mdg2246/3802
Detonator(1993)

ဂျာမန်တွေရဲ့ ပလူတိုနီယံအမြောက်အများအခိုးခံလိုက်ရတယ်..ဒီသတင်းက အာဏာပိုင်တွေက ထိန်းသိမ်းထားနိုင်တော့ လူအများကြီးတော့သိပ်မသိခဲ့..သို့ပေမဲ့ နျူကလီးယားရဲ့ အဓိကအစိတ်အပိုင်းဖြစ်လေတော့ထိပ်သီးအင်အားကြီးနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက သိခဲ့ကြပါတယ်..တစ်နေတော့ ခိုးယူထားတဲ့အကြမ်းဖက်အဖွဲ့တွေဟာ ပလူတိုနီယံတွေတင်ပြီးရထားတွဲတစ်တွဲပေါ်အပြည့်တင်ပြီး ဓားစာခံတွေနဲ့ အတူ စတုဂတ်မြို့ကို ဆက်တိုက်ထွက်ခွာသွားတယ်… လမ်းကြောင်းရပ်အောင်လုပ်တာမျိုး လမ်းကြောင်းလွှဲတာမျိုး တစ်ခုခုလုပ်ခဲ့ရင်ဓားစာခံတွေ သေမယ်လို့ အကြတ်ကိုင်ထားပါတယ်..ဒီသတင်းကို အမေရိကန်တွေလည်းသိရှိသွားပြီး ကမ္ဘာကြီးတစ်ဝက်ဝက်လောက်ပျောက်သွားမယ့်အရေးဆိုတော့မနေသာဘဲ ဝင်ကူရပါတော့တယ်…ဂျန်းဘွန်းမင်းသားကြီးလို့ လူသိများတဲ့ Pierce Brosnan အဓိက ပါဝင်ထားပါတယ်..

#Credit
#Channelmyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/mdg2246/3848
https://t.me/mdg2246/3848
The Notebook (2004)🔺🔺
___

IMDB (7.8/10)

1940 ခုနှစ် နွေရာသီကာလ ကာရိုလိုင်းနားတောင်ပိုင်းဆီဘရွတ်ကျွန်းဒေသရဲ့ ကစားပွဲတော်တစ်ခုမှာ သစ်ခွဲအလုပ်သမားလေး noah သည် ကောင်မလေးတစ်ယောက်နဲ့ ဆုံဆည်းခဲ့ပါတယ်

အဲဒီကောင်မလေး ရဟတ်စီးနေချိန်တွင် သူ ရဟတ်ကိုင်းကို ကိုင်ပြီး ခင်မင်ခွင့်တောင်းခဲ့သည်..သူတို့နှစ်ဦးသားရင်းနှီးသွားကြ၏

အမှန်ဆို ဒီကားက နာမည်ကြီး လူကြိုက်များတဲ့ကားမို့ အညွှန်းတောင် လိုမယ် မထင်ပါဘူး

#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/mdg2246/4152
https://t.me/mdg2246/4152
Indiana Jones and the Dial of Destiny (2023)


#Credit
#Channelmyanmar


ဇာတ်ကားကြည့်ရန် 👇👇

https://t.me/http2245/1594
https://t.me/http2245/1594
Snitch (2013)
----------------------

IMDB (6.5/10)

အဖေတယောက်ရဲ့မေတ္တာကိုဖော်ကြူထားတဲ့ဇာတ်ကားလေးတစ်ကားကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ် ဗျပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသားကြီးကလည်း Dwayne Johnson ဆိုတော့ ကောင်းလားမကောင်းလားပြောမနေတော့ပါဘူး ဇာတ်ကြမ်းကြိုက်တဲ့သူတွေဆိုရင်တော့လက်လွတ်မခံသင့်တဲ့ဇာတ် ကားလေးဖြစ်ပါတယ်ဗျ

ဇာတ်လမ်းအကျဉ်းလေးကတော့ သားဖြစ်သူဟာဆေးမှောင်ခိုသယ်မှုမှာ မထင်မှတ်ပဲ ၀င်ပါမိပြီးအဖမ်းခံရရာမှ အဖေဖြစ်သူက ရတက်ပွေရပြီးသားဖြစ်သူကို ပြန်လည်ကယ်တင်ပြီးသားဖြစ်သူရဲ့ ဇာတ်လမ်း အရှူပ်တော်ပုံတွေကိုဖြေရှင်းပေးနိုင်မလားဆိုတာကိုတော့

#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/Flexx2246/2651
https://t.me/Flexx2246/2651
The Call of the Wild (2020)
--------------------------------

IMDB (6.9/10)

စာရေးဆရာကြီး (ဂျက်လန်ဒန်) ရဲ့ နာမည်ကျော်စာအုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ..ခေတ်ကတော့ (၁၉) ရာစုနှောင်းပေါင်း ရွှေမုဆိုးတွေရဲ့ ခေတ်ပါပဲ

မင်းသားကြီး (ဟယ်ရစ်ဆန်ဖို့ဒ်) ပါဝင်ထားပါတယ်..အဓိကဇာတ်ကောင်ကတော့ အင်မတန်လိမ္မာတဲ့ (ဘက်ခ်) ဆိုတဲ့ ဧရာမခွေးကြီးတစ်ကောင်ပါပဲ

(ဘက်ခ်) ဟာ သခင်နဲ့အတူ ပျော်ရွှင်စွာနေထိုင်တဲ့ ဘဝကနေ စွပ်ဖားလှည်းဆွဲတဲ့ခွေးအဖြစ် ရောင်းစားခံခဲ့ရတယ်..စွပ်ဖားလှည်းတစ်စီးနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ခဲ့ရင်း သခင်မဲ့သွားချိန်မှာ အဘိုးကြီးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ရပြန်ပါတယ်

အဲဒီအဘိုးကြီးနဲ့အတူ (ဘက်ခ်) ဟာ လူသူမရောက်ဖူးတဲ့နေရာတွေကို စွန့်စားခန်းတွေထွက်ရင်း သူ့ဘဝအပြောင်းလဲကြီးပြောင်းလဲစရာတွေ ဆက်တိုက်ကြုံလာရပါတော့တယ်

ဒီရုပ်ရှင်ဟာ တိရစ္ဆာန်ချစ်သူတွေ၊ စွန့်စားခန်းတွေနဲ့စိတ်ကူးယဉ်ရတာ ချစ်သူတွေအတွက်တော့ အကောင်းစားရုပ်ရှင်တစ်ကားပါပဲ

#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/Flexx2246/2946
https://t.me/Flexx2246/2946
Collide (2016)
-----------------------

IMDB (5.6/10)

အချစ်အတွက် ချစ်တဲ့သူအတွက်ဆိုရင် သူ့ဘ၀ ရပ်တည်မှု ပုံစံအရာရာကို ပြောင်းလဲ ပစ်ဖို့ အသင့်ရှိတဲ့ အရမ်းချစ်တတ်တဲ့ ကောင်လေး တစ်ယောက်နေရာက Nicholas Hoult နဲ့ ရောဂါသည်ကောင်မလေး နေရာက Felicity Jones တို့ရဲ့ အရမ်းချစ်တတ်ကြတဲ့ ချစ်သူပုံစံလေးကိုလည်း မြင်တွေ့ရမှာပါ

အဲဒီလိုနဲ့ အေးချမ်းတဲ့ ဘ၀လေးတစ်ခုကို ရိုးသားစွာနဲ့ တည်ဆောက်နေချိန်မှာပဲ လျှို့၀ှက်ထားခဲ့တဲ့ ချစ်သူကောင်မလေးရဲ့ ရောဂါအခြေအနေ များပြားလွန်းတဲ့ ငွေပမာဏကြောင့် ကိုယ့်ကိုယ်ကို နောက်ဆုံးအချိန်တစ်ခုလို အရူံးပေးထားတဲ့ ချစ်သူ ကောင်မလေးအတွက် လိုအပ်နေတဲ့ ငွေကို မရရအောင်ရှာဖွေမယ့် ချစ်သူကို မစွန့်လွှတ်နိုင်တဲ့ ဇောနဲ့ အရာရာကို ရင်ဆိုင်သွားမယ့် ကောင်လေးတစ်ယောက်အဖြစ် ပီပြင်စွာနဲ့ Nicholas Hoult ကို မြင်တွေ့ရမှာပါ

သူ့ရင်ဆိုင်ရမယ့် အဆိုးဆုံးဆိုတဲ့ ရန်သူတွေကတော့ သွေးအေးရက်စက်လွန်းတဲ့ ဇာတ်ကောင်ပုံစံနဲ့ အလိုက်ဖက်ဆုံး Anthony Hopkins ပေါ့။ အကောင်းဆုံး ဒိုင်ယာလော့ တွေနဲ့ ဖမ်းစားပြီး အသက်ရှုဖို့မေ့လောက်တဲ့ အက်ရှင်ကားကောင်းလေးတစ်ကားပါ

#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/Flexx2246/3133
https://t.me/Flexx2246/3133
Shershaah (2021)
-----------------------------

IMDB (8.4/10)

ဒီတစ်ခါတင်ဆက်ပေးမဲ့ဇာတ်ကားကတော့ IMDb (8.8)အထိရထားပြီး အခုလတ်တလောလူကြိုက်များလူပြောများနေတဲ့ (Shershaah) ဆိုတဲ့ အိန္ဒိယစစ်ကားကောင်းလေးပါ

အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့ ၁၉၉၉ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ကာဂီစစ်ပွဲမှာ တိုင်းပြည်အတွက်အသက်ပေးရင်းကျဆုံးသွားတဲ့ ကပ္ပတိန် (Vikram Batra) အကြောင်းဖြစ်ရပ်မှန်ကိုအခြေတည်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်

သူ့ရဲ့စွမ်းဆောင်နိုင်မှုကြောင့် နိုင်ငံနှစ်ခုကြားကတိုက်ပွဲကိုအဆုံးသတ်သွားစေတဲ့အတွက် အိန္ဒိယနိုင်ငံရဲ့သူရဲကောင်းဆိုလည်း မမှားပါဘူး

(၁၉၇၄) ခုနှစ် ပါလန်ပူဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့ပြီး ကိုယ်မှန်တယ်ထင်ရင်ဘာမဆိုပြောရဲလုပ်ရဲတဲ့ ဗီကရန်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်

သူ့ရဲ့ငယ်စဉ်ကတည်းကမက်ခဲ့တဲ့ အိပ်မက်ကတော့ ကြီးလာရင်စစ်သားကြီးဖြစ်အောင်လုပ်ပြီး တိုင်းပြည်ကိုကာကွယ်ချင်တာပါတဲ့

မိဘနှစ်ပါးစလုံးကျောင်းဆရာ ဆရာမတွေဖြစ်ကြပေမယ့် ဗီကရန်ကတော့ တိုက်ရခိုက်ရတဲ့ရဲစွမ်းသတ္တိရှိတဲ့စစ်သားကြီးပဲဖြစ်ချင်ခဲ့တာပါ

#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/Flexx2246/3432
https://t.me/Flexx2246/3432
Snitch (2013)
----------------------

IMDB (6.5/10)

အဖေတယောက်ရဲ့မေတ္တာကိုဖော်ကြူထားတဲ့ဇာတ်ကားလေးတစ်ကားကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ် ဗျပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသားကြီးကလည်း Dwayne Johnson ဆိုတော့ ကောင်းလားမကောင်းလားပြောမနေတော့ပါဘူး ဇာတ်ကြမ်းကြိုက်တဲ့သူတွေဆိုရင်တော့လက်လွတ်မခံသင့်တဲ့ဇာတ် ကားလေးဖြစ်ပါတယ်ဗျ

ဇာတ်လမ်းအကျဉ်းလေးကတော့ သားဖြစ်သူဟာဆေးမှောင်ခိုသယ်မှုမှာ မထင်မှတ်ပဲ ၀င်ပါမိပြီးအဖမ်းခံရရာမှ အဖေဖြစ်သူက ရတက်ပွေရပြီးသားဖြစ်သူကို ပြန်လည်ကယ်တင်ပြီးသားဖြစ်သူရဲ့ ဇာတ်လမ်း အရှူပ်တော်ပုံတွေကိုဖြေရှင်းပေးနိုင်မလားဆိုတာကိုတော့

#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/Flexx2246/3538
https://t.me/Flexx2246/3538
To Be Immortal [2018]

ဖုယန်ဆိုတဲ့ကောင်လေးဟာသေဆုံးသွားခဲ့ပါတယ်ဟုတ်ပါတယ်

ဆေးရုံမှာဝိညာဉ်နဲ့ကိုယ်ရုပ်နဲ့နာမ်ကွဲသွားပြီးအသက်ပျောက်သွားခဲ့တဲ့အချိန်မှာပဲသေမင်းလိုလို ဘာလိုလိုဝတ်စုံနက်ကြီးနဲ့လူတစ်ဦးကလွဲပြီး ဘယ်သူမှသူ့ကိုမမြင်ရဖြစ်နေတာကြောင့် စကားသွားပြောရာကနေငါနဲ့ မသေမျိုးကျင့်စဉ် ကျင့်မလား
ချက်ချင်းငရဲသွားမလားလို့ အမေးခံလိုက်ရတယ်

ဒီလိုအမေးခံရရင် ဘယ်သူကများ ငရဲတန်းသွားမယ်ဖြေမှာလဲနော်

ဖုယန်လည်း နောက်ဆုံးမှာ ကျင့်စဉ်ကျင့်ဖို့ ရွေးခဲ့ရာကနေအချိန်စက်ဝန်းမန္တန်အရ ဘယ်ရောက်မှန်းမသိရောက်သွားရာကနေ ပထမဆုံး ဓားပျံလေးက ပြောင်းလဲသွားတဲ့ဓားဝိညာဉ်ကို ကြွေသွားတာက တစ်မျိုး

ဘိုးတော်ဘုရားခေတ်ကိုပြန်ရောက်ပြီး လေ့ကျင့်မှုတွေကို လေ့ကျင့်ရတာက တစ်မျိုး
နောက်ပြီး မသေမျိုး စစ်ဆေးခြင်းစာမေးပွဲ ကျရင်ဝိညာဉ်ပျက်စီးသွားမယ်တာကြီးကလည်းရှိနေတော့

မသေမျိုးဖြစ်အောင် ဘယ်လိုတွေကျင့်မှာလဲသူစာမေးပွဲတွေကိုအောင်ပါ့မလားဘာစာမေးပွဲတွေလဲ


#Credit
#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/Flexx2246/3697
https://t.me/Flexx2246/3697
Wolves (2022)ဧပြီလတုန်းက ကိုရီးယားမှာ ရုံတင်ပြသခဲ့တဲ့ အက်ရှင်ဇာတ်လမ်းလေး ဖြစ်ပါတယ်။
ဂျယ်ဂျူကျွန်းပေါ်မှာ မူးယစ်ဆေးမှောင်ခိုတင်သွင်းနေတဲ့ ဂျပန် ယာခူဇာဂိုဏ်း …
ယာခူဇာဂိုဏ်းရဲ့ လုပ်ငန်းကို လုယူဖို့ ကြိုးစားနေတဲ့ ကိုရီးယား မာဖီးယားဂိုဏ်းတွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲစတင်နေချိန် ….အဲ့ဒီကာလမှာ သက်လတ်ပိုင်းအမျိုးသမီးတွေ ဆက်တိုက် အသတ်ခံရတဲ့အခါ ကွင်းဆက်လူသတ်သမားကို ဖော်ထုတ်ဖို့ စုံထောက်အိုနဲ့ စုံထောက်ယွန်း တို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ ယာခူဇာဂိုဏ်းခေါင်းဆောင်ရဲ့သမီး က ပြန်ပေးဆွဲပြီး အသတ်ခံလိုက်ရတဲ့အချိန်မှာ စုံထောက်အဖွဲနဲ့ ယာခူဇာဂိုဏ်းရဲ့ တရားခံကို အပြိုင်အဆိုင် ဖော်ထုတ်ကြတဲ့အခါ …
အမိုက်စား အက်ရှင်ဇာတ်ကားလေးဖြစ်ပြီး လူမိုက်ဂိုဏ်းတွေရဲ့ ရက်စက်တဲ့ ပြစ်ဒဏ်ပေးပုံ ပေးနည်းတွေကို မြင်တွေ့ရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။

#Credit
#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/Flexx2246/3787
https://t.me/Flexx2246/3787
White Tiger(2012).

ဒီတင့်ကတော့ ဂျာမန်တို့ရဲ့ White Tiger ဆိုတဲ့တင့်ပါ….[[[ ဒီ Tiger တင့်အမျိုးအစားဟာ FURY ဆိုတဲ့ကားမှာ ဘရက်ပစ်တို့
M4 Sherman တွေကို အားပါတရဖျက်ဆီးပြသွားတာ ကြည့်ဖူးတဲ့သူတွေသိမှာပါ]]တစ်စီးထဲက ဖျက်ဆီးသွားတော့ ရုရှားတင့်တပ်က အကြီးအကဲတွေနဲ့နည်းပညာသမားတွေအတွက်တော့ တကယ့်သွေးပျက်စရာပါပဲ…ပျောက်ကျားစစ်ပုံစံဆင်နွဲနေတဲ့ ဒီ White Tiger ကြီးကြောင့်
များစွာအထိနာနေတဲ့ရုရှားတွေဟာ တန်ပြန်တိုက်ခိုက်ဖို့ တင့်တပ်ဖွဲစီစဉ်ပါတော့တယ်..ဒီအထဲမှာတော့ အတွေ့အကြုံများစွာရှိနေတဲ့ တင့်ကား(၁၅)စီးတိုက်ခိုက်ခံရစဉ်မသေပဲကျန်ရစ်ခဲ့တဲ့ ယာဉ်မောင်းတစ်ဦးကို ခေါင်းဆောင်ခန့်ပြီး တိုက်ခိုက်ဖို့ကြံရွယ်ကြတယ်…ကိုင်း သူတို့အောင်မြင်မလားဆိုတာကိုတော့…..ကိုင်း တင့်ကား စစ်ကားတွေမှ သဘောကြတဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်လို့ခံစားကြည့်လိုက်ပါဦး….

#Credit
#Channelmyanmar
Clifford the Big Red Dog (2021)
__

IMDB (6/10)

ဒီနေ့မှာတော့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်

IMDb 6 ရထားပြီး ကြည့်ရတာပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် ဇာတ်ကားလေးပါ

Universal ရုပ်ရှင်ကုမ္ပဏီကနေ ထုတ်လုပ်ထားပြီး Clifford:The Big Red Dogဆိုတဲ့နာမည်ကြီး ကလေးပုံပြင်စာအုပ်ကိုအခြေခံရိုက်ကူးထားတာပါ

နယူးယောက်မြို့ကြီးကို မကြာသေးခင်ကမှပြောင်းလာတဲ့ အလယ်တန်းကျောင်းသူအမ်မလီအတွက် အပေါင်းအသင်းဆိုတာမရှိဘဲ အထီးကျန်နေခဲ့ရတာပါ

ဒီလိုနေရင်းတစ်နေ့မှာ ဘရစ်ဝဲလ်ဆိုတဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးသမားကြီးနဲ့တွေ့ပြီး ကလစ်ဖို့ဒ်ဆိုတဲ့ အမွေးနီနီရဲရဲနဲ့ ချစ်စရာပါပီလေးက သူ့ဘဝထဲကို ရောက်လာပါတယ်

ဒါပေမဲ့အမ်မလီဆီရောက်ပြီး တစ်ရက်အကြာမှာပဲကလစ်ဖို့ဒ်လေးဟာ အံ့ဩဖွယ်ကောင်းလောက်အောင် နေ့ချင်းညချင်း ၁၀ပေအရွယ် ဧရာမပါပီကြီးဖြစ်သွားတဲ့အခါ

အမ်မလီနဲ့ ဦးလေးဖြစ်သူကေစီတို့ ဒီခွေးလေး ပုံမှန်အရွယ်ပြန်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ

ခွေးလေးရဲ့ အရွယ်ကြီးသွားတဲ့အစွမ်းကို လိုချင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုပေါ်လာတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့

#Credit
#ChannelMyanmar


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Clifford the Big Red Dog (2021)
__

IMDB (6/10)

ဒီနေ့မှာတော့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်

IMDb 6 ရထားပြီး ကြည့်ရတာပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် ဇာတ်ကားလေးပါ

Universal ရုပ်ရှင်ကုမ္ပဏီကနေ ထုတ်လုပ်ထားပြီး Clifford:The Big Red Dogဆိုတဲ့နာမည်ကြီး ကလေးပုံပြင်စာအုပ်ကိုအခြေခံရိုက်ကူးထားတာပါ

နယူးယောက်မြို့ကြီးကို မကြာသေးခင်ကမှပြောင်းလာတဲ့ အလယ်တန်းကျောင်းသူအမ်မလီအတွက် အပေါင်းအသင်းဆိုတာမရှိဘဲ အထီးကျန်နေခဲ့ရတာပါ

ဒီလိုနေရင်းတစ်နေ့မှာ ဘရစ်ဝဲလ်ဆိုတဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးသမားကြီးနဲ့တွေ့ပြီး ကလစ်ဖို့ဒ်ဆိုတဲ့ အမွေးနီနီရဲရဲနဲ့ ချစ်စရာပါပီလေးက သူ့ဘဝထဲကို ရောက်လာပါတယ်

ဒါပေမဲ့အမ်မလီဆီရောက်ပြီး တစ်ရက်အကြာမှာပဲကလစ်ဖို့ဒ်လေးဟာ အံ့ဩဖွယ်ကောင်းလောက်အောင် နေ့ချင်းညချင်း ၁၀ပေအရွယ် ဧရာမပါပီကြီးဖြစ်သွားတဲ့အခါ

အမ်မလီနဲ့ ဦးလေးဖြစ်သူကေစီတို့ ဒီခွေးလေး ပုံမှန်အရွယ်ပြန်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ

ခွေးလေးရဲ့ အရွယ်ကြီးသွားတဲ့အစွမ်းကို လိုချင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုပေါ်လာတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့

#Credit
#ChannelMyanmar


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗