Movie_Max_Cartoon _Myanmar_Channel
363K subscribers
6.45K photos
2.34K links
ကြေငြာအပ်ချင်ရင် အောက်က
Admin accကို Hiပေးကြပါ 👇👇

👉 @YoteShinVip 👈
👉 @YoteShinVip 👈
Download Telegram
Belle: The Dragon and the Freckled Princess (2021)

IMDB (7.2/10)

Anime ရုပ်ရှင်ကားကောင်းတွေကိုမျှော်လင့်နေတဲ့သူတွေအတွက် လတ်တလောပူပူနွေးနွေးထွက်ရှိထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်

စုဇု (Suzu Naito) ဆိုတာ အသက် ၁၇ နှစ်အရွယ်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက အမေဖြစ်သူ ဆုံးပါးခဲ့တာကြောင့် ဝမ်းနည်းကြေကွဲစွာနဲ့ ရှင်သန်နေရတဲ့ ကောင်မလေးပေါ့

ကျောင်းမှာလည်း လူတောသိပ်မတိုး အရှက်အကြောက်ကလည်းကြီးသေး၊ ဒါပေမယ့် တနေ့မှာ သူ့ရဲ့သူငယ်ချင်းမတစ်ယောက်က U ဆိုတဲ့ App တစ်ခုကို မိတ်ဆက်ပေးခဲ့တယ်

U ဆိုတာ သာမန်ဆိုရှယ်မီဒီယာ App မဟုတ်ပဲ လူကိုယ်တိုင် အဲ့ဒီကမ္ဘာထဲကို ရောက်ရှိသွားသလိုခံစားစေရမယ့် အဆင့်မြင့် App တစ်ခုဖြစ်နေတယ်

ဒီ App ကို စုဇုတစ်ယောက် အသုံးပြုကြည့်လိုက်တဲ့အခါမှာတော့ အခု ပရိတ်သတ်ကြီး ရင်ခုန်ခံစားရမယ့် ဟောဒီ BELLE ဆိုတဲ့ ဇာတ်လမ်းတစ်ပုဒ်စတင်မွေးဖွားလာပါတော့တယ်

ဇာတ်လမ်းအရရော အန်နီမေးရှင်း၊ နောက်ခံတီးလုံး၊ ဇာတ်ဝင်တေးတွေရဲ့ ကောင်းမွန်မှုတွေကြောင့် ကြည့်ရှူသူတွေကို ကောင်းကောင်းကြီး ဆွဲခေါ်သွားနိုင်တယ်

#ChannelMyanmar
Ruben Brandt, Collector (2018)
------------------------

IMDB (7.2/10)

သင်ဟာ now you see me တို့လို့ money heist တို့လို အဖွဲ့လိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကိုသဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ

ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ ပါးစပ်ငါးခုတွေ မျက်လုံးသုံးလုံးငါးလုံး two-dimensional တွေ စတဲ့ ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ

ဘာလို့ဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို့ အရသာမျိုး တစ်ခုခုကြည့်စရာရှိနေစေချင်လို့ပါတဲ့ ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ

ဒါ့အပြင် စုံထောက်စတိုင်တွေ actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီးဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါ

#ChannelMyanmar
Utama [2022]

IMDb – 7.4/10

သိမ်းငှက်တစ်ကောင်ဟာ သူ့ဘဝကို ဘယ်အချိန်မှာ အဆုံးသတ်လဲတဲ့တောင်ပံတွေမဖြန့်နိုင် အားအင်ချိနဲ့တဲ့ ဘဝနေဝင်ချိန်မှာ သိမ်းငှက်‌တစ်ကောင်ဟာ
နောက်ဆုံးခွန်အားနဲ့ တောင်ထိပ်ကိုတက်ပြီး အဲ့ကနေ ပြုတ်ကျခံပြီး ကျောက်ဆောင်တွေနဲ့ တိုက်သေပါတယ်

တဲ့ဘဝရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုကြည့်ရရင်လဲ အဲ့လိုပါပဲ
ကိုယ့်ကိုယ်ကို အသုံးမဝင်တော့ဘူးလို့ ထင်တဲ့တစ်ချိန်ကျရင် ဘယ်သူမှဆက်လက်ရှင်သန်ချင်မှာ မဟုတ်ပါဘူး

ဒီစပိန်စကားပြော ဇာတ်ကားလေးထဲမှာ စပိန်ကားတွေရဲ့မြင်နေကျ ကလက်စီကယ်ဂစ်တာတွေ ပေါင်တံရှည်တွေကို ကြည့်ရမှာမဟုတ်ပါဘူး

အဲ့အစား သင်တို့ကို ခံစားချက်တွေတနင့်တပိုးနဲ့ တွေးစရာတွေ အပြွတ်လိုက်ထည့်ပေးမှာပါ

ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးမှာ ဘဝရဲ့အဓိပ္ပာယ်ကို ရှာ‌ဖွေကြည့်နိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။

#Credit
#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/flexx134789/148
https://t.me/flexx134789/148
Finch (2021) အသစ်စက်စက်🔺🔺
____

IMDB (7.1/10)

(Tom Hanks) ကားသစ်ကြီး လာပါပြီ

ဇာတ်လမ်းအကျဉ်းကတော့ အိုဇုန်းလွှာပျက်စီးပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် နေရောင်ထဲကို လူသားတွေထွက်လို့မရတော့ အချိန်၊ EMP ကြောင့် လျှပ်စစ်ဓာတ်အားလုံး သေဆုံးသွားတဲ့အချိန်၊ ရာသီဥတုဖောက်ပြန်ပြီး မုန်တိုင်းတွေ ဆက်တိုက်တိုက်ခတ်နေတဲ့ အနာဂတ် ကမ္ဘာပျက်ကြီးထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ဖင့်ချ်ဆိုတဲ့ အဘိုးကြီးတစ်ယောက် အဖော်အနေနဲ့ ခွေးလေးတစ်ကောင်နဲ့ စက်ရုပ်လေး တစ်ရုပ်ရှိတယ်

သူ မရှိတော့တဲ့အချိန်မှာ ခွေးလေးကို စောင့်ရှောက်ဖို့နောက်ထပ်စက်ရုပ်တစ်ရုပ်တိုးလာပြီး အဲဒီစက်ရုပ်ကို သင်ကြားပေးဖို့ ကြိုးစားနေတဲ့အချိန်မှာ စက်ရုပ်ကလည်း လူလုပ်အသိဉာဏ်ရှိတဲ့အဆင့်ဖြစ်တော့ တဖြည်းဖြည်းသင်ယူလာနိုင်တာပေါ့

ဒီလိုနဲ့ ဖင့်ချ် လက်ရှိနေတဲ့နေရာကို ဧရာမမုန်တိုင်းကြီးရောက်လာတော့မယ့်အခါမှာ ဘေးကင်းတဲ့အဝေးတစ်နေရာကိုအခက်အခဲတွေ ကြားထဲကနေ ရောက်အောင်သွားဖို့ စွန့်စားခန်းဖွင့်တာကို တွေ့ရပါလိမ့်မယ်

Finch အဖြစ်သရုပ်ဆောင်ထားသူကတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး (Tom Hanks) ပဲ ဖြစ်ပါတယ်

#Channelmyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/Flexx2246/834
https://t.me/Flexx2246/834
Escape from Mogadishu (2021)
__

IMDB (7.2/10)

နာမည်ကြီးမင်းသားတွေ အများကြီးပါဝင်ပြီး Box Office မှာလည်း ဝင်ငွေအများဆုံး ရုပ်ရှင်တစ်ခုဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်

၁၉၉၁ ခုနှစ်တုန်းက ဖြစ်ရပ်မှန်ကို ပြန်လည် ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်

ဆိုမာလီယာနိုင်ငံ မိုဂါဒီရှူမြို့ကနေ အာဏာရှင် အစိုးရစစ်တပ်နဲ့ လက်နက်ကိုင်တပ်ကြား ပြည်တွင်းစစ်ဖြစ်တဲ့အချိန် သံအမတ်တွေပါ သက်ဆိုင်ရာနိုင်ငံတွေနဲ့ အဆက်အသွယ်မရဘဲ ပိတ်မိသွားပါတယ်

နောက်တော့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံရဲ့ သံအမတ်နဲ့ ဝန်ထမ်းတွေ ကယ်ဆယ်ရေးလေယာဥ်နဲ့ လွတ်မြောက်ဖို့ အချင်းချင်းကူညီဖေးမခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားတာပါ

မင်းသား Jo In Sung ရဲ့ပရိသတ်တွေလည်း လည်ပင်းရှည်ခဲ့ရကျိုးနပ်တဲ့ ဇာတ်လမ်းကောင်းလေးပါ

#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/flexx134789/383
https://t.me/flexx134789/383
TimeCrafters: The Treasure of Pirates Cove [2022]

ရတနာမြေပုံတစ်ခုကို ရှာတွေ့သွားကြတဲ့ ၁၈ရာစုက ပင်လယ်ဓားပြတွေဟာ မြေပုံကိုလုကြရင်း မုန်တိုင်းကနေတစ်ဆင့် ၂၁ရာစု အခုခေတ်ရဲ့ပင်လယ်ဓားပြကမ်းစပ် လို့ခေါ်တဲ့ မြို့လေးကို ရောက်သွားကြပါတယ်။

ဒါပေမဲ့ မြေပုံကိုတော့ အဲဒီမြို့က ကလေးအုပ်စုက ရှာတွေ့သွားကြပြီးသူတို့လည်း ရတနာတွေလိုက်ရှာပါတော့တယ်။

ရတနာကိုလိုက်ရှာနေ
ကြတဲ့ လူကြီးတစ်သိုက်နဲ့ ကလေးတစ်သိုက် ဘယ်သူက ရတနာတွေရသွားမလဲ။

တကယ့်ရတနာအစစ်ကရော ဘာများလဲဆိုတာ
ကြည့်ရမှာပဲဖြစ်ပါတယ်။

Adventure, Fantasy အမျိုးအစားဖြစ်ပြီး စိတ်လွတ်
လပ်စွာအပန်းဖြေကြည့်ရှုနိုင်မယ့် မူဗီတစ်ခုပါ။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ELYa ဖြစ်ပါတယ်)

#Credit
#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/mdg2246/3551
https://t.me/mdg2246/3551
Hacksaw Ridge (2016)
-----------------------------------

IMDB (8.1/10)

စစ်ခုံရုံးတစ်ခုမှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်..စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု့ အမိန့်မလိုက်နာမှုကြောင့်ပါ

စစ်သားလုပ်တယ်၊ သေနတ်မကိုင်ချင်ဘူးဆိုတော့ ဘယ်လိုမှ သဟဇာတမဖြစ်ဘူးပေါ့..သို့သော် တပ်မတော်တွင် တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန်..ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်

သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာရနေတဲ့ သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ်၊ အားပေးမှုတွေလုပ်မယ်၊ ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ

စွဲချက်တွေက စစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ..ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့ စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်း
ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ်

သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ်သားလေးဟာ တိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့်။။။

#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/mdg2246/3802
https://t.me/mdg2246/3802
Hacksaw Ridge (2016)
-----------------------------------

IMDB (8.1/10)

စစ်ခုံရုံးတစ်ခုမှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်..စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု့ အမိန့်မလိုက်နာမှုကြောင့်ပါ

စစ်သားလုပ်တယ်၊ သေနတ်မကိုင်ချင်ဘူးဆိုတော့ ဘယ်လိုမှ သဟဇာတမဖြစ်ဘူးပေါ့..သို့သော် တပ်မတော်တွင် တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန်..ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်

သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာရနေတဲ့ သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ်၊ အားပေးမှုတွေလုပ်မယ်၊ ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ

စွဲချက်တွေက စစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ..ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့ စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်း
ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ်

သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ်သားလေးဟာ တိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့်။။

#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/mdg2246/3802
https://t.me/mdg2246/3802
Detonator(1993)

ဂျာမန်တွေရဲ့ ပလူတိုနီယံအမြောက်အများအခိုးခံလိုက်ရတယ်..ဒီသတင်းက အာဏာပိုင်တွေက ထိန်းသိမ်းထားနိုင်တော့ လူအများကြီးတော့သိပ်မသိခဲ့..သို့ပေမဲ့ နျူကလီးယားရဲ့ အဓိကအစိတ်အပိုင်းဖြစ်လေတော့ထိပ်သီးအင်အားကြီးနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက သိခဲ့ကြပါတယ်..တစ်နေတော့ ခိုးယူထားတဲ့အကြမ်းဖက်အဖွဲ့တွေဟာ ပလူတိုနီယံတွေတင်ပြီးရထားတွဲတစ်တွဲပေါ်အပြည့်တင်ပြီး ဓားစာခံတွေနဲ့ အတူ စတုဂတ်မြို့ကို ဆက်တိုက်ထွက်ခွာသွားတယ်… လမ်းကြောင်းရပ်အောင်လုပ်တာမျိုး လမ်းကြောင်းလွှဲတာမျိုး တစ်ခုခုလုပ်ခဲ့ရင်ဓားစာခံတွေ သေမယ်လို့ အကြတ်ကိုင်ထားပါတယ်..ဒီသတင်းကို အမေရိကန်တွေလည်းသိရှိသွားပြီး ကမ္ဘာကြီးတစ်ဝက်ဝက်လောက်ပျောက်သွားမယ့်အရေးဆိုတော့မနေသာဘဲ ဝင်ကူရပါတော့တယ်…ဂျန်းဘွန်းမင်းသားကြီးလို့ လူသိများတဲ့ Pierce Brosnan အဓိက ပါဝင်ထားပါတယ်..

#Credit
#Channelmyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/mdg2246/3848
https://t.me/mdg2246/3848
The Notebook (2004)🔺🔺
___

IMDB (7.8/10)

1940 ခုနှစ် နွေရာသီကာလ ကာရိုလိုင်းနားတောင်ပိုင်းဆီဘရွတ်ကျွန်းဒေသရဲ့ ကစားပွဲတော်တစ်ခုမှာ သစ်ခွဲအလုပ်သမားလေး noah သည် ကောင်မလေးတစ်ယောက်နဲ့ ဆုံဆည်းခဲ့ပါတယ်

အဲဒီကောင်မလေး ရဟတ်စီးနေချိန်တွင် သူ ရဟတ်ကိုင်းကို ကိုင်ပြီး ခင်မင်ခွင့်တောင်းခဲ့သည်..သူတို့နှစ်ဦးသားရင်းနှီးသွားကြ၏

အမှန်ဆို ဒီကားက နာမည်ကြီး လူကြိုက်များတဲ့ကားမို့ အညွှန်းတောင် လိုမယ် မထင်ပါဘူး

#ChannelMyanmar

ဇာတ်ကားကြည့်ရန် 👇👇

https://t.me/mdg2246/4152
https://t.me/mdg2246/4152