Movie_Max_Cartoon _Myanmar_Channel
319K subscribers
6.71K photos
1 video
2.61K links
Download Telegram
Orion and the Dark (2024)

~ IMDb - 6.7/10, RT - 87%, Meta - 74% ~

ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။ 

လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗

Three Kingdoms: Resurrection of the Dragon (2008)

IMDb -6.2/10

Red cliff လိုပဲ တရုတ်ဂန္တဝင်ဝတ္ထုRomance of the three kingdims ကိုပဲအခြေခံထားပါတယ်
ဒီတော့ Red cliff မှာပရိသတ်ရင်းနှီးပြီးသား ဇာတ်ကောင်အတော်များများပြန်လည်ပါဝင်ပါတယ်။
အဓိကဇာတ်ကောင်ဖြစ်တဲ့ လှံရေးမှာ သူမတူအောင်ကျွမ်းကျင်သူ Zhao Zilong(Red cliffပထမဆုံးအခန်း မှာ Lui Bei ရဲ့ သားငယ်ကိုကယ်တင်ခဲ့သူ)အဖြစ် မင်းသားကြီး Andy lau က ပါဝင်ထားပါတယ်။
အက်ရှင်ခန်းတွေ အရမ်းမိုက်ပြီး အထူးသဖြင့် setting ဟာ 2008 ထွက်ကားလို့မထင်ရအောင် ကောင်းမွန်ပါတယ်။စစ်ဝတ်စုံ တွေဟာ red cliff ထဲကထက် smart ကျပြီး အက်ရှင်ခန်းတွေကတော့ red cliff ကိုမကျော်ဘူးဆိုရင်တောင် မနိမ့်ကျပါဘူး။
ဇာတ်လမ်းအနေနဲ့ကတော့ Cao Cao က Lui Bei ရဲ့နယ်မြေကိုကျူးကျော်နေချိန်မှာ သာမန်တပ်သားငယ်လေးဖြစ်တဲ့ Zilong ဟာသူ့ရဲ့ ရဲစွမ်းသတ္တိကြောင့် ထင်ရှားလာပုံ ရန်သူခေါင်းဆောင် Cao Cao ကိုယ်တိုင် လေးစားရပုံ ကျားဗိုလ် ငါးယောက်မှာ တစ်ယောက်အပါအဝင်ဖြစ်လာပုံ Cao ရဲ့ မြေးမ(Maggie Q)နဲ့ ရင်ဆိုင်ရပုံ တွေကို စစ်အခင်းအကျင်းခမ်းနားစွာနဲ့တင်ဆက်ထားတာပါတယ်

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Rogue One: A Star Wars Story (2016)

Rogue One: A Star Wars Story - Sci-fi ကြိုက်သူပရိတ်သတ်တွေအတွက် epic sci-fi လေးတစ်ခု တင်ပေးထားပါတယ်။ Star Wars တွေဟာသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်သမိုင်းရဲ့ အကျော်ကြားဆုံး ရုပ်ရှင်ဇတ်လမ်းတွဲတွေထဲက တစ်ခုပါပဲ။ ပထမဆုံး Star Wars ရုပ်ရှင်ကိုတော့ ၁၉၇၇ မှာ ပြသခဲ့ပြီး သူ့နောက်မှာ ၂ ကားဆက်တိုက်ထွက်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမယ့် 1999 ကနေစလို့ နောက်ထပ် ၃ ကားထပ်ပြသခဲ့ပြီး လက်ရှိ ၂၀၁၅ မှာ တစ်ကား ၂၀၁၆ မှာ တစ်ကား ထပ်မံထွက်ရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ဟိုးရှေးရှေးတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းတစ်နေရာမှာ ဂြိုလ်ပေါင်းများစွာ စုစည်းနေထိုင်ကြပြီး လွှတ်တော်နဲ့ ဒီမိုကရေစီစနစ်နဲ့ နေထိုင်ကြပါတယ်။ လွှတ်တော်အောက်မှာတော့ စကြဝဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေဖြစ်တဲ့ Jedi သူရဲကောင်းတွေ ရှိနေပါတယ်။ Jedi တွေဟာ သက်ရှိတွေအားလုံးအတွင်းနဲ့ပတ်လည်မှာတည်ရှိနေတဲ့ Force ဆိုတဲ့ စွမ်းအင်ကို သုံးစွဲနိုင်သူတွေ ဖြစ်ပြီး သူတို့ရဲ့ အလင်းဓားတွေနဲ့အတူ ကျော်ကြားကြပါတယ်။

Vindicta (2023)
----------------------

အထက်လူကြီး​တွေလာဘ်စားမှု​ကြောင့် ဆန္ဒပြပွဲ​တွေဖြစ်​နေတဲ့ မြို့​လေးတစ်မြို့မှာ ဆိုးဝါးတဲ့လူသတ်မှု​တွေဖြစ်​နေတဲ့အချိန် လု တစ်​ယောက် သူ့ရဲ့ ပထမဆုံး ​​ရှေးဦးသူနာပြုအလုပ်ဆင်းတဲ့​နေ့မှာပဲ မ​​မျှော်လင့်ထားတဲ့ လူသတ်မှု​တွေ ကြုံလာရတဲ့အခါ…
တဖက်မှာလည်း ဒီကိစ္စ​တွေမတိုင်ခင် လွန်ခဲ့တဲ့ငါးနှစ်တုန်းက တိုက်​ဟောင်းတစ်ခုမီး​လောင်မှုမှာ မိသားစုတစ်စု မီးထဲပါသွားပြီး အဲဒီကိစ္စမှာ ပါဝင်တဲ့သူ​တွေ တစ်​ယောက်ပြီးတစ်​ယောက် ရက်စက်စွာ အသတ်ခံနေရပါတယ်။အသတ်ခံရတဲ့သူ​တွေနဲ့ ဖြစ်ရပ်ဆိုးမီး​လောင်မှုကြီးနဲ့ ဘယ်လိုပတ်သက်​နေလဲ… လူသတ်သမားက​ရော ဘာ​ကြောင့် သူတို့ကိုလိုက်သတ်​နေရတာလဲ… လု ဆီကို​ရော တိုက်တိုက်ဆိုင်ဆိုင် လူသတ်မှုကြီးက ​ရောက်ရှိလာတာလား… ဆိုတာ​တွေကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းပြီးတဲ့အထိ ဆက်သာကြည့်လိုက်ကြပါတော့။

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
End of Loyalty (2023)

ဂိုဏ်းရာဇာတစ်ဦးဖြစ်တဲ့ ကာမိုင်းနဲ့သားဖြစ်သူတ်ို့ဟာ လုပ်ငန်းအကျိုးတူပူးပေါင်းသူဖြစ်တဲ့ ရုကာနဲ့ညှိနှိုင်းရန် သွားတွေ့ဆုံရာမှ ဖခင်ဖြစ်သူအသတ်ခံလိုက်ရပါတော့တယ်။

ဖခင်ဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ရဲအရာရှိတစ်ယောက်ဖြစ်နေပြီတဲ့ ငယ်သူငယ်ချင်းနဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ အဖေဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ၊ ရဲဖြစ်သူ သူငယ်ချင်းကရော ဂိုဏ်းရန်ပွံတွေကြားမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ စသဖြင့်ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Night Train (2023)
===============

IMDB: 3.5/10

ဒီတခါ ပရိသတ်ကြီးအတွက်တင်ဆက်ပေးမယ့်ကားလေးကတော့.. ရောဂါသည်သားအတွက် ရုန်းကန်နေတဲ့ Single mom တစ်ယောက် သားအတွက် မှောင်ခိုဈေးကွက်ကနေ ဆေးတွေဝယ်ရင်း ကိုယ်တိုင် ဆေးပို့သမားဖြစ်သွားတဲ့ကားလေး တင်ဆက်ပေးလိုက်ပါတယ်။

ဒီကားမှာတော့ မင်းသမီးက ကားပြိုင်မောင်းရင်း ငွေရှာပြီး ရောဂါသည်သားကို တစ်ဦးထဲစောင့်ရှောက်နေတာပါ။ အမြဲဝယ်တိုက်နေရတဲ့ဆေးတွေက ဈေးကြီးတဲ့အတွက် ဆေးပစ္စည်းမှောင်ခိုဈေးကွက်ကနေ ဝယ်တိုက်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ရဲတွေကျေးဇူးနဲ့ သူ့ dealer က လုပ်ငန်းရပ်ရမလိုဖြစ်ပြီး သူ့သားအသက်အန္တရာယ်နဲ့လွန်ဆွဲမယ့်အခြေအနေရောက်လာတဲ့အခါ သူကိုယ်တိုင်ပဲ အန္တရာယ်ကြားက ဆေးပို့သမားဖြစ်လာပါတော့တယ်။ ဘယ်လို အန္တရာယ်တွေကြားကြ ဆေးပို့မလဲ ။ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်ကြီး ကြည့်ရှုခံစားဖို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Clifford the Big Red Dog (2021)
__

IMDB (6/10)

ဒီနေ့မှာတော့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်

IMDb 6 ရထားပြီး ကြည့်ရတာပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် ဇာတ်ကားလေးပါ

Universal ရုပ်ရှင်ကုမ္ပဏီကနေ ထုတ်လုပ်ထားပြီး Clifford:The Big Red Dogဆိုတဲ့နာမည်ကြီး ကလေးပုံပြင်စာအုပ်ကိုအခြေခံရိုက်ကူးထားတာပါ

နယူးယောက်မြို့ကြီးကို မကြာသေးခင်ကမှပြောင်းလာတဲ့ အလယ်တန်းကျောင်းသူအမ်မလီအတွက် အပေါင်းအသင်းဆိုတာမရှိဘဲ အထီးကျန်နေခဲ့ရတာပါ

ဒီလိုနေရင်းတစ်နေ့မှာ ဘရစ်ဝဲလ်ဆိုတဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးသမားကြီးနဲ့တွေ့ပြီး ကလစ်ဖို့ဒ်ဆိုတဲ့ အမွေးနီနီရဲရဲနဲ့ ချစ်စရာပါပီလေးက သူ့ဘဝထဲကို ရောက်လာပါတယ်

ဒါပေမဲ့အမ်မလီဆီရောက်ပြီး တစ်ရက်အကြာမှာပဲကလစ်ဖို့ဒ်လေးဟာ အံ့ဩဖွယ်ကောင်းလောက်အောင် နေ့ချင်းညချင်း ၁၀ပေအရွယ် ဧရာမပါပီကြီးဖြစ်သွားတဲ့အခါ

အမ်မလီနဲ့ ဦးလေးဖြစ်သူကေစီတို့ ဒီခွေးလေး ပုံမှန်အရွယ်ပြန်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ

ခွေးလေးရဲ့ အရွယ်ကြီးသွားတဲ့အစွမ်းကို လိုချင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုပေါ်လာတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့

#Credit
#ChannelMyanmar

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Svaha: The Sixth Finger (2019)

IMDB (6.3/10)

ဒီရုပ်ရှင်ကတော့ နက်ဖလစ်ရဲ့ကိုရီးယားဇာတ်ကားအသစ်ပါပဲ..Horror, Thriller အမျိုးအစားပဲ ပြောရမှာပါပဲ..ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ
ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်သူဖြစ်ပါတယ်

သူလိုက်နေတဲ့အမှု့တစ်ခုဟာ လူသတ်မှု့တွေနဲ့ ပတ်သတ်လာခဲ့တယ်..လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့လူသတ်နေတဲ့ နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကိုအယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ

မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှု့လိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Point Break [2015]
================

ဘဏ်ကိုဓားပြတိုက်ပြီး ဆင်းရဲသားတွေကိုပြန်ပေးတဲ့ကားလေးပါ

ဇာတ်လမ်းကတော့ ဘက်စုံကျွမ်း အားကစားသမားဖြစ်တဲ့ ယူတာ့ရ်ှတစ်ယောက် FBI ကို စတင်ဝင်ဖြစ်ပုံနဲ့ စတင်ထားပါတယ်။

သူရောက်ပြီးနောက်ပိုင်းမှာတော့

ဘဏ်ဓားပြတိုက်အမှု ပိုက်ဆံသယ်လာတဲ့လေယာဉ်ကို တစင်းလုံးအပိုင်စီးပြီး ပိုက်ဆံတွေဆင်းရဲသားရွာပေါ်ကို ကြဲချခဲ့တဲ့အမှု စိတ္တဇဆန်ဆန် လုယက်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။

ယူတာ့ရ်ှဟာ သူကိုယ်တိုင်လဲ အာကစားသမား၁ယောက်ဖြစ်နေတာကြောင့် အမှုသွား အမှုလာတွေကို လေ့လာပြီးတော့ သံသယရှိသူတွေဟာ ဘက်စုံကျွမ်း အားကစားသမားများ ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ အကြောင်းကတော့ အိုဇာကီ ၈ ချက် ဆိုတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေ နေပေးရင် ထွက်ရပ်ပေါက်မယ်ဆိုတဲ့ အယူဝါဒကြောင့်ပါ။ ဒီလိုကိစ္စတွေကို လုပ်မယ့်သူတွေဟာ ဘက်စုံကျွမ်းအားကစားသမားများပင် ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။

ဒါပေမယ့် FBI အထက်တန်းက အဲ့ဒီအယူအဆကို လက်မခံခဲ့ပါဘူး။ တစ်ခုရှိတာကတော့ ယူတာ့ရ်ှရဲ့
ဘော့စ် ဟောလ်က လက်ခံပေးလိုက်တာပါပဲ။ အဲ့ဒီမှာတင် အသွင်ယူစစ်ဆင်ရေးစတာပါပဲခင်ဗျ။

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Clifford the Big Red Dog (2021)
__

IMDB (6/10)

ဒီနေ့မှာတော့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်

IMDb 6 ရထားပြီး ကြည့်ရတာပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် ဇာတ်ကားလေးပါ

Universal ရုပ်ရှင်ကုမ္ပဏီကနေ ထုတ်လုပ်ထားပြီး Clifford:The Big Red Dogဆိုတဲ့နာမည်ကြီး ကလေးပုံပြင်စာအုပ်ကိုအခြေခံရိုက်ကူးထားတာပါ

နယူးယောက်မြို့ကြီးကို မကြာသေးခင်ကမှပြောင်းလာတဲ့ အလယ်တန်းကျောင်းသူအမ်မလီအတွက် အပေါင်းအသင်းဆိုတာမရှိဘဲ အထီးကျန်နေခဲ့ရတာပါ

ဒီလိုနေရင်းတစ်နေ့မှာ ဘရစ်ဝဲလ်ဆိုတဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးသမားကြီးနဲ့တွေ့ပြီး ကလစ်ဖို့ဒ်ဆိုတဲ့ အမွေးနီနီရဲရဲနဲ့ ချစ်စရာပါပီလေးက သူ့ဘဝထဲကို ရောက်လာပါတယ်

ဒါပေမဲ့အမ်မလီဆီရောက်ပြီး တစ်ရက်အကြာမှာပဲကလစ်ဖို့ဒ်လေးဟာ အံ့ဩဖွယ်ကောင်းလောက်အောင် နေ့ချင်းညချင်း ၁၀ပေအရွယ် ဧရာမပါပီကြီးဖြစ်သွားတဲ့အခါ

အမ်မလီနဲ့ ဦးလေးဖြစ်သူကေစီတို့ ဒီခွေးလေး ပုံမှန်အရွယ်ပြန်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ

ခွေးလေးရဲ့ အရွယ်ကြီးသွားတဲ့အစွမ်းကို လိုချင်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုပေါ်လာတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့

#Credit
#ChannelMyanmar

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Svaha: The Sixth Finger (2019)

IMDB (6.3/10)

ဒီရုပ်ရှင်ကတော့ နက်ဖလစ်ရဲ့ကိုရီးယားဇာတ်ကားအသစ်ပါပဲ..Horror, Thriller အမျိုးအစားပဲ ပြောရမှာပါပဲ..ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ
ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်သူဖြစ်ပါတယ်

သူလိုက်နေတဲ့အမှု့တစ်ခုဟာ လူသတ်မှု့တွေနဲ့ ပတ်သတ်လာခဲ့တယ်..လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့လူသတ်နေတဲ့ နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကိုအယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ

မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှု့လိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေပါနေတဲ့အတွက် အများကြီး ပြောပြလို့မရပါဘူး

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Cloud Atlas (မြန်မာစာတန်းထိုး)

ဒီCloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင်
၆ ယောက်ရဲ့ ဇာတ်လမ်းကိုု ရုုိက်ပြထားပြီးအဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ၂၁၀၀၊
နောက်တော့ လူ့ယဉ်ကျေးမှုုပျက်ဆီးသွားတဲ့ ခေတ် စတဲ့ မတူညီတဲ့ ခေတ် ၆ ခေတ်ကဖြစ်ပါတယ်။ဇာတ်လမ်းဆင်ထားတဲ့ ပုုံကအရမ်းအံ့အော်စရာ
ကောင်းပါတယ်။ ဇာတ်ကားတစ်ကားတည်းနဲ့ ဇာတ်ကား ၆ ကားကိုု တစ်ခါတည်းကြည့်ရသလိုု
ပါပဲ။ အဲ့ဇာတ်ကား ၆ ကား ဟာလည်း တစ်ခုုနဲ့တစ်ခုု theme မတူညီတဲ့အတွက်အပေါ်မှာရေးထား သလိုု
Adventure, Drama, Thriller, Scifi, Action, Mystery, Fantasy, Comedy ခံစားမှုုပေါင်းစုုံနဲ့ ရုုိက်ကူးထားပါ
တယ်။ ကျွန်တော်အကြိုက်ဆုုံးအချက်ကတော့ ဒီလိုုမတူညီတဲ့ ခေတ် ၆ ခေတ်မှာ မတူညီတဲ့ ဇာတ်ကောင် ၆
ယောက်ရဲ့ ဇာတ်လမ်းကိုု တစ်ပြိုင်တည်း တင်ဆက်ထားတာမှာဇာတ်လမ်းအတက်အကျတွေဟာ တစ်ပြေးညီဖြစ်နေတာပါပဲ။

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Oz the Great and Powerful (2013)

IMDB (6.3/10)

သက္ကရာဇ် (၁၉၀၅) ခုနှစ်မှာ အော်စကာလို့ အမည်ရတဲ့ မျက်လှည့်ဆရာတစ်ယောက်ဟာ လေမုန်တိုင်းတိုက်ခံရတာကနေတစ်ဆင့် (The Land of OZ) ခေါ်တဲ့နေရာကိုရောက်ရှိသွားပါတယ်

သူရောက်ရှိသွားတဲ့နေရာမှာ (သီအိုဒေါ) ဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံခဲ့ပါတယ်..အဲ့ဒီမိန်းမလှလေးက (အော်စကာ) ဟာဆိုရင် သူတို့ရဲ့ မြေကို ရက်စက်တဲ့ စုန်းမကြီးလက်ထဲကနေ ကယ်တင်မယွ ဟောကိန်းလာ မှော်ဆရာကြီးလို့ ယုံကြည်ခဲ့ပါတယ်

ဒါပေမယ့် (အော်စကာ) ဟာ မှော်ပညာတတ်တဲ့ သူတစ်ယောက်မဟုတ်ပဲ သာမန် မျက်လှည့်ဆရာလေးဖြစ်ပါတယ်

ဒီလိုနဲ့ (အော်စကာ)ဟာဆိုရင် နန်းတော်ကိုရောက်သွားပြီး (သီအိုဒေါ) ရဲ့ အစ်မဘုရင်မတို့နဲ့ တွေ့ဆုံခဲ့ပါတယ်

အဲ့ဒီနောက်မှာတော့ (အော်စကာ) ဟာ စုန်းမကြီးကို နှိမ်နှင်းပေးဖို့ ကတိပေးပြီး ဟန်ကိုယ့်ဖိုဆိုသလို ထွက်လာခဲ့ပါတယ်

ဒါပေမယ့် စုန်းမကြီး နေထိုင်တဲ့နေရာကိုရောက်တော့ သူထင်နေသလို စုန်းမကြီးမဟုတ်တဲ့အပြင် တစ်ကယ့် အမှန်တရားတစ်ခုကို သိလာရတဲ့ အခါမှာတော့ ဘာတွေ ဘလို ဆက်ဖြစ်လာမလဲဆိုတာကိုတော့

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Geostorm (2017)

၂၀၁၉ ခုနှစ်မှာ ကမ္ဘာတ၀ှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ကြုံတွေ့လာခဲ့ရတာကို စတင်ပြသထားပြီး အဲ့ဒီ ရာသီဥတု ဆိုးဝါးတာတွေကို ကာကွယ်ဖို့ အတွက်ဂျိတ် နဲ့ မတ် ဆိုတဲ့ ညီအကို ၂ ယောက်က နိုင်ငံတကာကသိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒက်​ချ်​ဘွိုင်း ဆိုတဲ့ စနစ်တစ်ခုကိုဖန်တီးခဲ့ပြီး အာကသ ထဲတွင် စခန်းတည်ဆောက်ကာသက်ဆိုင်ရာ နိုင်ငံတွေ ရဲ့ ရာသီဥတုတွေကို လိုက်လျောညီထွေစေရန်ဆောင်ရွက်အောင်မြင်ခဲ့ကြပါတော့တယ်

ဂျိတ်မရှိတဲ့နောက်မှာဂျိတ် ရဲ့ ညီ ဖြစ်သူ မတ် က စနစ်ကို နာဆာ လက်အောက်မှ တဆင့်ဦးဆောင်ရင်း ၃ နှစ်ခန့် ကြာသော အခါမှာတော့ နာဆာ ရဲ့ ဒက်​ချ်​ဘွိုင်း ဂြိုလ်တု တစ်ခုဟာ အာဖဂန်နစ်စတန် ရဲ့သဲကန္တာရ တစ်ခုထဲက မြို့အပေါ်ကျခဲ့ပြီး တစ်မြို့လုံး ရေခဲပြီးအကုန်အေးခဲသေသွားကြတယ်

ဂျိတ် တစ်ယောက် နာဆာ မှ တဆင့် အာကသ ထဲက ဒက်​ချ်​ဘွိုင်းစနစ်တည်ရှိရာ စခန်းသို့ ရောက်သွားချိန်မှာတော့ သူ့ညီ မတ်ထင်နေခဲ့သလို ဒက်​ချ်​ဘွိုင်း ရဲ့ စနစ်ချို့ယွင်းမှု မဟုတ်ပဲအမည်မသိ တစ်စုံတစ်ယောက်ရဲ့ မိုးလေ၀သ ထိန်းချုပ်တဲ့ စက်အပေါ်လူသတ်လက်နက် အဖြစ် အသုံးချနေတဲ့ အဖြစ်မှန်း သိရှိသွားခဲ့သောအခါ

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Lawless (2012)

Rotten Tomatoes… 67%
ဒီအရေ ဒီအသား ဒီအသွေးနဲ့ပဲ တည်ဆောက်ထားကြတဲ့ အသက်တစ်ချောင်းစီရှိကြတဲ့ လူချင်းအတူတူ ဘယ်သူမဆို သတ်ရင်သေကြတာပါပဲ။ အကြောက်တရား ရှိကြတာပါပဲ။
ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာ ကိုယ့်အကြောက်တရားကို ကိုယ်ထိန်းချုပ်နိုင်တဲ့လူ ၊ ဒဏ်ရာတွေကြား ရှင်သန်ဖို့ အားတင်းနိုင်တဲ့လူ ၊ မသေမျိုးအထင်ခံရတဲ့လူတစ်ယောက် ပါဝင်ထားပါတယ်။
အဲ့ဒီလူနေရာက သရုပ်ဆောင်ထားတာကလည်း Tom Hardy ပါ။

ဒီဇာတ်လမ်းဟာ…
1920 ကနေ 30 အတွင်း အရက်ပုန်းတားမြစ် ဥပဒေကာလမှာ အမေရိကန်ပြည်ထောင်စု Franklin ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အရက်မှောင်ခိုသမားတွေနဲ့ ဥပဒေကြားက ထိပ်တိုက်ယှဉ်ပြိုင်မှူတွေအကြောင်း.. ဖြစ်ရပ်မှန် အခြေခံ ဇာတ်လမ်း ဖြစ်ပါတယ်။
ဒီ ရုပ်ရှင်ရဲ့ ဝတ္တုကို Matt Bondurant ရေးသားပြီး သူ့အဘိုး Jack Bondurant ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါတဲ့။
ဒီဇာတ်လမ်းရဲ့ တစ်ပါးသော ဆွဲဆောင်မှုကတော့ Memento ရဲ့Lead Actor Guy Pearce ပါ။
(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
My Shining Revenge [2023]

တစ်ခါတလေမှာ ကိုယ့်အတွက် အပြင်းထန်ဆုံး စိတ်ဒဏ်ရာက တခြားတစ်ယောက်အတွက် မတော်တဆလို့ သတ်မှတ်ခံရတာရှိပါတယ်

အဲလိုအချိန်မှာ လက်စားချေတာ မှန်ရဲ့လား...

ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် စုံထောက်ရူအီဂျယ်ဟာ သားဖြစ်သူကိုဆုံးရှုံးလိုက်ရသလိုဇနီးဖြစ်သူကိုလည်း ကွာရှင်းလိုက်ရပြီးတစ်ယောက်တည်း ဖြစ်သလိုနေခဲ့ရာကနေ..

သားဖြစ်သူကိုသတ်သွားတဲ့ တရားခံကို နောက်မှသိလိုက်ရတဲ့အချိန်မှာ
အချိန်တွေအများကြီး ကိန်းအောင်းခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ အမုန်းတရားတွေကို လက်စားချေနိုင်မလား
လက်စားချေရင်ရော ရင်ထဲကအမုန်းတရားတွေပျောက်သွားမလား၊
ဘဝအသစ်ကိုပြန်ထူထောင်နိုင်မလားဆိုတဲ့ မေးခွန်းတွေကို ဒီဇာတ်လမ်းကိုကြည့်ရင်း အဖြေရှာလိုက်ပါဦးနော်...

အညွှန်း နဲ့ ဘာသာပြန်ကတော့ JoyZ ပဲ ဖြစ်ပါတယ်။

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
Sacrum Vindictae (2023)

ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်ကို မတရားဆုံးရှုံးလိုက်ရမယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ ဘယ်လိုနေမလဲ။အဲ့လိုဆုံးရှုံးအောင် လုပ်ခဲ့တဲ့သူကိုအနည်းနဲ့ အများတော့ လက်စားချေခြင်စိတ်တွေပေါ်နေမှာတော့သေချာပါတယ်။ဒီကားထဲမှာလည်း စစ်တပ်ထဲကနေထွက်လာပြီး မိန်းမနဲ့ကလေးနဲ့မိသားစုဘဝကို
ပျော်ရွင်စွာဖြတ်သန်းနေတဲ့ နုချ်ကတစ်နေ့မှာတော့ ကံကြမ္မာဆိုးကြီးနဲ့ကြုံတွေ့ရပြီးသူ့မိန်းမနဲ့ကလေးကိုဆုံးရှုံးလိုက်ရပါတော့တယ်။ဒီလိုနဲ့နုချ်လည်း ကမ္ဘာပျက်ပြီးတော့ပြန်လက်စားချေဖို့လုပ်ရင်းနဲ့ ကြေးစားလူသတ်သမားဖြစ်နေပါတော့တယ်။သူ့အလုပ်ရှင်က မိန်းမနဲ့ကလေးတွေကိုသတ်တဲ့ လူတွေကိုမုန်းတဲ့လူဖြစ်ပြီးအဲ့လိုလုပ်ခဲ့တဲ့ လူတစ်ယောက်ကိုသတ်ဖို့နုချ်ကိုတောင်ခိုင်းခဲ့ပါသေးတယ်။ဒါပေမယ့် အဲ့လိုမျိုးမုန်းတဲ့လူတစ်ယောက်က သူ့မိန်းမနဲ့သမီးသေဆုံးရခြင်းရဲ့အဓိကတရားခံဖြစ်နေခဲ့တဲ့အခါမှာတော့ နုချ်တစ်ယောက် ဘာတွေဆက်လုပ်မယ်ဘာတွေဆက်ဖြစ်မလဲ သူ့မိန်းမနဲ့သမီးအတွက်ရောလက်စားချေနိုင်ပါ့မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။

#Credit

▶️ 𝐩𝐥𝐚𝐲 🔗

🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗