Byoh Lifestyle
275 subscribers
257 photos
4 videos
332 links
Lifestyle App and Website Service with great contents
Download Telegram
အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ နီပါဗိုင်းရပ်စ် (Nipah virus) ကူးစက်ရောဂါ ပြန်လည်ဖြစ်ပွားတာကြောင့် အာရှတိုက်တဝန်း သတိပေးချက်တွေ မြင့်တက်လျက် ရှိပါတယ်။

ခု လထဲမှာတင် လူနာနှစ်ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း သတင်းတွေအရ သိရပါတယ်။

နီပါဗိုင်းရပ်စ်ဟာ အန္တရာယ် များတဲ့ ဇီဝ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး လူတွေမှာ ကူးစက်ပြီဆိုရင် သေနှုန်း ၄၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ရှိတတ်ပါတယ်။

အဓိကအားဖြင့် လင်းနို့တွေရဲ့ တံတွေး၊ ဆီး ဒါမှမဟုတ် မစင်ကနေတစ်ဆင့် ကူးစက်တတ်ပြီး တခြား တိရစ္ဆာန်တွေ (ဥပမာ ဝက်)၊ ညစ်ညမ်း အစားအသောက်နဲ့ လူချင်း နီးကပ်စွာ ထိတွေ့မှုကနေလည်း တစ်ဆင့် ကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ ဖျားခြင်း၊ အတက်ရောဂါ၊ အသက်ရှုမဝခြင်း၊ သတိလစ်ခြင်း၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ မလှုပ်ရှားနိုင်ခြင်း၊ ကြွက်သားများ ဆတ်ခနဲ လှုပ်ရှားခြင်း နဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ (ဥပမာ ရုတ်တရက် အပြုအမူ ထူးဆန်းလာခြင်း သို့မဟုတ် စိတ်ရောဂါလက္ခဏာ) တွေ ဖြစ်ပေါ်တတ်ပါတယ်။

ရောဂါပိုးဝင်စကာလမှာ ရက်ပိုင်းကနေ သုံးပတ်အထိ လက္ခဏာပြတာ ကြာတတ်ကြောင်းသိရပါတယ်။

လက်ရှိ ဖြစ်ပွားမှုကြောင့် အိန္ဒိယအပြင် ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ခရီးသွားတွေကို စစ်ဆေးစမ်းသပ်တဲ့ အစီအမံ ပိုမို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လျက်ရှိပါတယ်။

နီပါဗိုင်းရပ်စ်အတွက် ခုချိန်ထိ ကာကွယ်ဆေး ဒါမှမဟုတ် တိကျတဲ့ ကုသနည်း မရှိသေးဘဲ အာရှဒေသတွေမှာ အတွေ့ရများကြောင်း သိရပါတယ်။

နီပါကူးဆက်တာကို ပထမဆုံးအကြိမ်အဖြစ် ၁၉၉၈ ခုနှစ်က မလေးရှားနိုင်ငံမှာ တွေ့ရှိ မှတ်တမ်းတင်ခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။

Ref; Science Altert
3
"၂၀၂၆ ခုနှစ်အတွက် အချစ်ရေး သင်္ချာဗေဒဟောကိန်း"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁)ဂဏန်းသမားများ ( ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်မွေးသူများ)
မေတ္တာရေးကံ အနိမ့်အမြင့်အတက်အကျ များတတ်သောနှစ်ဖြစ်သည်။ ကောင်းမွန်လျှင်လည်း အလွန်ကောင်းတတ်ပြီးနောက် ရုတ်တရက် အညံ့များပြီး ညှိနှိုင်းမရခြင်းမျိုးထိလည်း ဖြစ်တတ်သည်။ တစ်ဦးပေါ်တစ်ဦး သံသယနှင့် ချုပ်ချယ်ခြင်းများကြောင့် စိတ်အနှောင့်ယှက်ဖြစ်စရာ များတတ်မည်။

(၂) ဂဏန်းသမားများ ( ၂၊ ၁၁၊ ၂၀၊ ၂၉) ရက်မွေးသူများ
မေတ္တာရေးကံကောင်းမွန်သောနှစ် ဖြစ်သည်။ နက်ရှိုင်းသောခံစားမှုများ စတင်လာတတ်ပြီး ကတိကဝတ်ပြုခြင်းများလည်း ရှိလာမည်။ တစ်ကိုယ်တည်းသမားများအဖို့လည်း ကောင်းမွန်သောမေတ္တာရေး အသစ်များပေါ်ပေါက်လာမည်။ လက်တွဲဖော်ကောင်းကို ရရှိမည့်နှစ်ဖြစ်သည်။

(၃) ဂဏန်းသမားများ ( ၃၊ ၁၂၊ ၂၁၊ ၃၀) ရက်မွေးသူများ
စန်ပွင့်ခြင်း လူချစ်လူခင်များခြင်း ကြုံမည်။ ဆန့်ကျင်ဖက်လိင်အပေါ် ဆွဲဆောင်နိုင်စွမ်း မြင့်မားလာတတ်ပြီး ပျော်ရွှင်စရာကောင်းသော အခိုက်အတန့်များ နှင့် ဖြတ်သန်းရမည်။ Single သမားများအဖို့လည်း အချစ်သစ်တစ်ခုစတင်နိုင်ပြီး စိတ်လှုပ်ရှားဖွယ်ရာများနှင့် ကြုံရမည်။

(၄) ဂဏန်းသမားများ (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးသူများ
လက်တွေ့ကျပြီး တည်ငြိမ်မှုရှိသည်ဟု ခံစားရသော်လည်း ရေရှည်အဆင်ပြေဖို့အတွက် အသေးအဖွဲပဋိပက္ခလေးများကို ချိန်ညှိဖို့လိုပါသည်။ ယုံကြည်မှုကို စိတ်ရှည်စွာ တည်ဆောက်ခြင်းဖြင့် အထင်မြင်လွဲမှားမှုများကို ဖြေရှင်းကာကွယ်ပေးပါလိမ့်မည်။

(၅) ဂဏန်းသမားများ (၅၊ ၁၄၊ ၂၃) ရက်မွေးသူများ
အချစ်ရေး နှလုံးသားရေးရာကိစ္စများတွင် စွန့်စားခန်းများ ပြည့်နှက်နေမည် ဖြစ်ပါသည်။ မိမိဘက်ကရိုးသားမည်ဆိုပါက အဆင်ပြေမှုများပါမည်။ စန်းပွင့်ခြင်း လူချစ်လူခင်များခြင်းများ ကြုံမည်။ Single သမားများအဖို့ ချစ်သူရည်းစားအသစ်ရကိန်း ကြုံမည်။

(၆) ဂဏန်းသမားများ ( ၆၊ ၁၅၊ ၂၄) ရက်မွေးသူများ
မေတ္တာရေး နှလုံးသားရေးရာကိစ္စများတွင် သံယောဇဉ်နှောင်ဖွဲ့မှု ခိုင်မာလာပါလိမ့်မည်။ အချစ်ရေးမှသည် အိမ်ထောင်ရေးထိ သွားနိုင်မဲ့နှစ်မျိုးဖြစ်ပါသည်။ နှစ်ဖက်မိဘအသိုင်းဝိုင်းညှိနှိုင်းမှုများ ကြုံပါလိမ့်မည်။ ချစ်မှုရေးရာကိစ္စအသစ်များလည်း ကြုံတွေ့ရပါမည်။

(၇) ဂဏန်းသမားများ(၇၊ ၁၆ ၊ ၂၅) ရက်မွေးသူများ
လုပ်ငန်းကိစ္စ ဘဝတိုးတက်မှုဘက်ကို အချိန်ပေးများမှုကြောင့် အချစ်ရေးမှာ အချိန်မပေး နိုင်တာ များပါလိမ့်မည်။ ပျိုရွယ်သူတွေအတွက် ယုံကြည်မှု၊ စိတ်ရှည်မှု နှင့် ရှင်းလင်းသောဆက်ဆံရေးကို လိုအပ်ပါမည်။ လက်ထပ်ရန်ကိစ္စ စေ့စပ်ညှိနှိုင်းမှုကိစ္စများ ဆုံးဖြတ်ချက်ကောင်းများ ချမှတ်နိုင်ပါမည်။

(၈) ဂဏန်းသမားများ ( ၈၊ ၁၇ ၊ ၂၆) ရက်မွေးသူများ
ရန်အတိုက်အခံများတတ်ခြင်းနှင့်အတူ အမြင်ကွဲပြားမှုလည်း များတတ်သော နှစ်ဖြစ်သည်။လုပ်ငန်းတာဝန်များနှင့် မေတ္တာရေးကိစ္စများကြား မျှတမှုရှိဖို့ လုပ်ဆောင်ဖို့ သင့်ပါမည်။ တစ်ကိုယ်တည်းသမားများအဖို့လည်း မေတ္တာရေး နှလုံးသားရေးရာကိစ္စများ စဉ်းစားရန် မသင့်သောနှစ် ဖြစ်သည်။

(၉) ဂဏန်းသမားများ(၉၊ ၁၈၊ ၂၇) ရက်မွေးသူများ
အတိတ်က အညံ့များ ပြေပျောက်သွားပြီး အပြန်အလှန် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်လာနိုင်ပါမည်။ ခိုင်မာသော နားလည်မှုနဲ့အတူ လေးနက်သည့် မေတ္တာတရားကို တည်ဆောက်နိုင်ပါမည်။ စုံတွဲများအဖို့လည်း ပျော်ရွှင်စွာ ညှိနှိုင်းရေးလုပ်နိုင်ပြီး တစ်ကိုယ်တည်းသမားများအဖို့လည်း အချစ်သစ်စတင်နိုင်ပါမည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ‌
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)
"ကွာရှင်းပြတ်စဲ ကျောက်ကပ်ပြန်တောင်းခြင်း"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
-Thant Ko

ချစ်တုန်းကြိုက်တုန်း ကာလ ဇနီး ဖြစ်သူ ကျန်းမာရေးကို စိုးရိမ်ပူပန်စိတ်နဲ့ ကျောက်ကပ် ထုတ်ပေးခဲ့တဲ့ ခင်ပွန်းသည် အမျိုးသားဟာ ကွာရှင်းပြတ်စဲချိန်မှာ သူ့ ကျောက်ကပ်ကို ပြန်လိုချင်လာပါတယ်။ ပြီးတော့ ကျောက်ကပ်တန်ဖိုး အမေရိကန်ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း တောင်းဆိုတယ်ဆိုတဲ့ ဇာတ်လမ်းက တကယ့် ဖြစ်ရပ်မှန်ပါ။ ဒါပေမဲ့ ဒီ ဇာတ်လမ်းရဲ့ နောက်ကွယ် လူမသိ သူမသိ အသေးစိတ်အချက်တွေကတော့ ဥပဒေ ဘောင်ထက် ကျော်လွန်နေပြီး ဒရာမာဆန်လှပါတယ်။

ဇာတ်လမ်းရဲ့ အစကတော့ ဒီလိုပါ။ ၂၀၀၁ ခုနှစ်မှာ နယူးယောက်က ခွဲစိတ်ဆရာဝန် ဒေါက်တာ ရစ်ချတ် ဘတ်တစ်စတာဟာ သူ့ ကျောက်ကပ်တလုံးကို ဇနီးဖြစ်သူ ဒေါနဲလ်ကို ပေးခဲ့ပါတယ်။ ဒေါနဲလ်ဟာ နှစ်ချီ ကျောက်ကပ်ဝေဒနာ ခံစားနေရပြီး နှစ်ကြိမ် အစားထိုးတာလည်း မအောင်မြင်တာကြောင့် သူ့ ကျောက်ကပ်ကို ကိုယ်တိုင်ပဲ ပေးလိုက်တာပါ။ ခင်ပွန်းသည် ဘတ်တစ်စတာရဲ့ ကျောက်ကပ်နဲ့ ဒေါနဲလ်ကို အသက်ကယ်တင်နိုင်ခဲ့ပြီး ပြန်လည် ကျန်းမာလာစေပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အိမ်ထောင်ရေးကတော့ မတည်မြဲခဲ့ပါဘူး။ ၂၀၀၅ ခုနှစ်မှာ ဇနီးဖြစ်သူက ကွာရှင်းခွင့် လျှောက်ခဲ့ပါတော့တယ်။

ခါးသီးတဲ့ တရားရုံး စစ်ဆေးကြားနာမှုအတွင်း ဘတ်တစ်စတာက သတင်းတွေ ဟိုးလေးတကျော် ဖြစ်သွားစေတဲ့ တောင်းဆိုမှုတခု လုပ်လိုက်ပါတယ်။ “ကျောက်ကပ် ပြန်ပေးပါ ဒါမှမဟုတ် ကျောက်ကပ်တန်ဖိုးအဖြစ် ဒေါ်လာ တစ်သန်းခွဲ ပေးပါ” ဆိုပြီး လျှောက်ထားတောင်းဆိုလိုက်တာပါ။

အိမ်ထောင် ပြိုကွဲတာနဲ့ တရားတဘောင် ရင်ဆိုင်ရတာတွေကြောင့် စိတ်ဓာတ်ကျ ပျက်ပြားရတာမို့ အမှုရင်ဆိုင်ရာမှာ ကျောက်ကပ်အစားထိုးပေးတဲ့ ကိစ္စကိုပါ ထည့်ပြောရတာပဲ ဖြစ်တယ်ဆိုပြီး နောက်ပိုင်းမှာ သူက ပြောပါတယ်။

သူ့ တောင်းဆိုချက်ဟာ သတင်းခေါင်းကြီးအဖြစ် အရမ်းကို ဟော့ဖြစ်သွားပေမဲ့ ရိုးရှင်းတဲ့ အရှိတရားကိုတော့ မျက်စိလျှမ်းနေခဲ့ကြပါတယ်။ ဒါကတော့ သူ့ ကျောက်ကပ် ပြန်ရလိုမှု တောင်းဆိုချက်ဟာ တရားဥပဒေအရ ဘောင်မဝင်ဘူး ဆိုတာပါပဲ။

အမေရိကန်ပြည်ထောင်စုမှာ လှူဒါန်းတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပြန်လည် သိမ်းယူဖို့ မရတဲ့ လက်ဆောင်အဖြစ် သတ်မှတ်ထားပါတယ်။ ရောင်းချတာ၊ တန်ဖိုး သတ်မှတ်တာတွေကိုလည်း ဖက်ဒရယ်ဥပဒေနဲ့ တားမြစ်ထားပါတယ်။ တရားရုံးတွေက လူ့ကိုယ်တွင်းအင်္ဂါတစ်ခုကို တန်ဖိုးမဖြတ်နိုင်ပါ။ တရားသူကြီးတွေအနေနဲ့လည်း အန္တရာယ်နဲ့ ရင်းပြီး ခွဲစိတ်လို့ ပြန်လည် ပေးအပ်ခိုင်းတာမျိုး အမိန့်မထုတ်နိုင်ပါ။ ဆေးပညာကျင့်ဝတ်ရေးရာ ပညာရှင်တွေကလည်း အသက်ကယ်တင် ပေးထားတဲ့ ကျောက်ကပ် အစားထိုးထားတာကို ပဋိပက္ခ အငြင်းပွားမှုကြောင့် ပြန်လည် ဖယ်ရှားတာမျိုး ဘယ် ဆရာဝန်တစ်ယောက်မှ မလုပ်ဘူးလို့လည်း ဆိုကြပါတယ်။

၂၀၀၉ ခုနှစ်မှာ တရားရုံးက တရားဝင် စီရင်ချက်ချပါတယ်။ ဒီ ကျောက်ကပ်ဟာ အိမ်ထောင်တွင်း လက်ထက်ပွား ပစ္စည်း မဟုတ်ဘဲ တန်ဖိုးသတ်မှတ်၍ မရသကဲ့သို့ ခွဲဝေလို့လည်း မရဘူးလို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ အဆုံးမှာတော့ အိမ်ထောင်ကွဲ ဘတ်တစ်စတာဟာ သူ့ရဲ့ ကျောက်ကပ်ကို ပြန်မရခဲ့ပါဘူး။ ဒေါ်လာ တစ်သန်းခွဲလည်း အိပ်မက်မက်ခွင့်တောင် မရလိုက်ပါဘူး။
ကျန်ရစ်ခဲ့တာကတော့ ချစ်ခြင်း၊ စွန့်လွှတ်အနစ်နာခံမှု၊ ဒေါသ နဲ့ ရှင်းရှင်းလင်းလင်း နယ်နမိတ်သတ်မှတ်ထားတဲ့ ဥပဒေစနစ်ပါဝင်တဲ့ ရှုပ်ထွေးတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ကိုယ့်ရဲ့ ကိုယ်တွင်းအင်္ဂါ လှူဒါန်းပြီး တစ်ယောက်ယောက်ရဲ့ အသက်ကို တစ်ကြိမ် ကယ်တင်ပေးလိုက်ပြီဆိုရင် ဘယ်လို ဆက်ဆံရေးနဲ့ အဆုံးသတ်သတ် ကိုယ့်ရဲ့ ကိုယ်တွင်းအင်္ဂါကို ပြန်လည် ပိုင်ဆိုင်ခွင့် ဘယ်တော့မှ ရှိတော့မှာ မဟုတ်ပါ။ ကိုယ့်နဲ့ မသင့်မြတ်လို့ ဆက်ဆံရေး ပြတ်စဲတဲ့ သူဆီမှာ ကိုယ့်ရဲ့ ကိုယ်တွင်းအင်္ဂါက သက်ဝင်လှုပ်ရှားနေတော့မှာပဲ ဖြစ်ပါတယ်။

Ref; Techworm
1
"သူငယ်ပြန်ရောဂါ ဖြစ်နိုင်တဲ့ အကြိုလက္ခဏာ အိပ်စက်ခြင်းများ . . . "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
-Thant Ko
အမျိုးသမီးတွေမှာ ဖြစ်တဲ့ သိမြင်နားလည်မှုစွမ်းရည် ကျဆင်းနှုန်းဟာ အမျိုးသားတွေထက်စာရင် ပိုပြီး နှေးကွေးတာကို လေ့လာမှုအရ သိရပါတယ်။
အိပ်မက်ထဲမှာ ဖြစ်ပျက်နေတာတွေကို အပြင်မှာပါ လိုက်လုပ်တာ၊ အော်ဟစ်တာ၊ ရယ်မောတာနဲ့ အိပ်နေရင်း ကြမ်းတမ်းတဲ့ အပြုအမူတွေ လုပ်တတ်တဲ့သူတွေဟာ နောက်ပိုင်းမှာ သူငယ်ပြန်ရောဂါ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က သတိပေးထားပါတယ်။
iRBD လို့ခေါ်တဲ့ အိပ်စက်မှု ချို့ယွင်းခြင်းဟာ လူကြီးပိုင်းတွေရဲ့ ၂ ရာခိုင်နှုန်းလောက်မှာ ဖြစ်လေ့ရှိပါတယ်။ iRBD ရောဂါလက္ခဏာကတော့ အိပ်မက်မက်နေချိန်မှာ ပုံမှန် ဖြစ်ရမယ့် ကြွက်သားတွေ လှုပ်ရှားလို့မရတဲ့ အခြေအနေ မရှိတော့တာပဲ ဖြစ်ပါတယ်။ Rapid eye movement - REM ဆိုတာကတော့ အိပ်စက်နေချိန် ဦးနှောက်က တက်ကြွနေပြီး မျက်လုံးတွေ လှုပ်ရှားနေတဲ့အပြင် အသက်ရှုနှုန်းနဲ့ နှလုံးခုန်နှုန်းတွေလည်း ပြောင်းလဲနေတတ်တဲ့ အိပ်စက်ခြင်းအဆင့်တစ်ခု ဖြစ်ပါတယ်။
iRBD ရှိသူတွေဟာ အိပ်နေရင်း အော်တာ၊ ရယ်တာ၊ တစ်ခုခုကို ဆွဲကိုင်တာ ဒါမှမဟုတ် ကုတင်ပေါ်က ခုန်ချတာတွေ လုပ်တတ်ကြပါတယ်။ အဆိုးဆုံးကတော့ ဘေးမှာ အတူအိပ်နေတဲ့သူကို ကန်တာ၊ ထိုးတာမျိုးအထိ ကြမ်းတမ်းနိုင်တာပါ။ ဒါပေမဲ့ ဒီ အခြေအနေက ရေရှည်မှာ ဘယ်လို ဆက်ဖြစ်မလဲဆိုတာနဲ့ သိမြင်နားလည်မှု စွမ်းရည်မှာ အပြောင်းအလဲ ဖြစ်လာနိုင်တဲ့ ဆက်စပ်မှုကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တောင်ကိုရီးယားမှာ ပြုလုပ်တဲ့ လေ့လာမှုသစ်အရ ဆိုးလ်မြို့က iRBD ရောဂါရှိသူတွေကို ၇ နှစ်ကြာ စောင့်ကြည့်ခဲ့ပြီး သူတို့ရဲ့ သိမြင်နားလည်မှု စွမ်းရည် ပြောင်းလဲလာပုံကို ဆန်းစစ်ခဲ့ပါတယ်။ ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံက သုတေသီတွေဟာ ပျမ်းမျှအသက် ၆၆ နှစ်ရှိတဲ့ လူနာ ၁၆၂ ဦးကို နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်ချက်ပေါင်း ၃၂၀ ကျော်နဲ့ စစ်ဆေးခဲ့ပါတယ်။ အဲဒီအခါမှာ iRBD အိပ်စက်ခြင်း ရောဂါ ရှိသူတွေဟာ မှတ်ဉာဏ်တွေ တဖြည်းဖြည်းချင်း ကျဆင်းလာတာကို သိသိသာသာ တွေ့ရှိခဲ့ရပါတယ်။
အချက်အလက်တွေကို ဦးနှောက်က တုံ့ပြန်ပုံ၊ အာရုံစိုက်နိုင်စွမ်းနဲ့ ယာယီမှတ်ဉာဏ်တွေကို တိုင်းတာတဲ့ စစ်ဆေးမှု (digit symbol test) တွေမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေကို တွေ့ရပါတယ်။ စစ်ဆေးမှု ရလဒ်တွေဟာ ဦးနှောက်ထိခိုက်မှု၊ သူငယ်ပြန်ရောဂါ၊ အသက်အရွယ်နဲ့ စိတ်ဓာတ်ကျခြင်းတို့အပေါ် မူတည်ပြီး အဖြေတွေ ကွဲပြားနိုင်ပါတယ်။ ဒါ့အပြင် ပြောစကားကို မှတ်သားတဲ့ မှတ်ဉာဏ်နဲ့ မျက်စိနဲ့ အမြင်ကို မှတ်သားတဲ့ မှတ်ဉာဏ်တွေဟာလည်း လေ့လာမှုမှာ ပါဝင်သူတွေကြားမှာ တောက်လျှောက် ကျဆင်းလာတာကို တွေ့ရပါတယ်။
Sleep ဂျာနယ်မှာ ဖော်ပြထားတဲ့ အခု သုတေသနက "အာရုံစိုက်နိုင်စွမ်းနဲ့ မှတ်ဉာဏ်တွေ တဖြည်းဖြည်းချင်း ကျဆင်းလာတာဟာ iRBD အိပ်စက်မှု ချို့ယွင်းခြင်း ရောဂါရှိတဲ့ အမျိုးသားတွေမှာ အာရုံကြောတွေ ပျက်စီးလာတဲ့ သဘာဝအလျောက် ဖြစ်စဉ်တစ်ခု ဖြစ်နိုင်တယ်" လို့ ဆိုထားပါတယ်။
Ref; Independent
"အကျည်းတန် အလန်းစား Crocs"
+++++++++++++++++++++++
-Thant Ko
Crocs ဖိနပ်တွေကို တစ်ချိန်က "အရုပ်ဆိုးတယ်" လို့ အပြောခံခဲ့ရပေမဲ့ အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းက လူငယ်တွေရော၊ လူကြီးတွေပါ အကြိုက်တွေ့နေတဲ့ ဖက်ရှင်တစ်ခု ဖြစ်လာပါပြီ။
Crocs ဖိနပ်တွေကို ၂၀၀၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး တကယ်တော့ လှေစီးတဲ့သူတွေ၊ ရေလုပ်သားတွေ၊ သင်္ဘောသားတွေ အတွက် ရည်ရွယ်ခဲ့တာပါ။ ရေထဲမှာ မချော်အောင်နဲ့ ရေစိုခံအောင် အထူးဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ပထမဆုံးထုတ်လုပ်တဲ့ အစုံ ၂၀၀ လုံးကို "Fort Lauderdale Boat Show" မှာ တင်ရောင်းတာနဲ့ ချက်ချင်း ကုန်သွားခဲ့ပါတယ်။
လူအများစုက Crocs ကို ပလတ်စတစ် ဒါမှမဟုတ် ရာဘာလို့ ထင်ကြပါတယ်။ တကယ်တော့ သူတို့ကို Croslite လို့ခေါ်တဲ့ အထူးအမြှုပ် (Closed-cell resin) နဲ့ ပြုလုပ်ထားတာပါ။ အဲဒီပစ္စည်းက ခြေထောက်ရဲ့ အပူချိန်ကြောင့် ပျော့ပြောင်းသွားပြီး သင့်ခြေထောက် ပုံစံအတိုင်း အံဝင်ခွင်ကျ ဖြစ်စေသလို အနံ့အသက်ဆိုးတွေကိုလည်း တားဆီးပေးပါတယ်။
Crocs ဖိနပ်တစ်ဖက်မှာ အမြဲတမ်း အပေါက် ၁၃ ပေါက် ပါဝင်ပါတယ်။ အဲဒီအပေါက်တွေက လေဝင်လေထွက် ကောင်းအောင်နဲ့ ရေထွက်လွယ်အောင် လုပ်ပေးရုံတင်မကဘဲ အခုခေတ်မှာတော့ Jibbitz လို့ခေါ်တဲ့ အလှဆင် ပစ္စည်းလေးတွေ တပ်ဖို့အတွက် အဓိကနေရာ ဖြစ်လာပါတယ်။
အပေါက် ၁၃ ပေါက်ဟာ Crocs ရဲ့ နာမည်ကြီး Classic Clog ပုံစံတွေမှာဆိုရင် လူကြီးစီးပဲဖြစ်ဖြစ်၊ ကလေးစီးပဲဖြစ်ဖြစ် ဖိနပ်တစ်ဖက်စီမှာ အတိအကျ ပါလေ့ရှိပါတယ်။ ဒီအပေါက်တွေက ဖိနပ်ရဲ့ အပေါ်မျက်နှာပြင်မှာ ရှိနေတာဖြစ်ပြီး လေဝင်လေထွက်အတွက်ရော၊ Jibbitz အလှဆင်ဖို့အတွက်ပါ သတ်မှတ်ထားတဲ့ အရေအတွက်ပါ။
Crocs က အခုနောက်ပိုင်းမှာ ဒီဇိုင်းအသစ်တွေ အများကြီး ထုတ်လာတဲ့အတွက် အပေါက်အရေအတွက်က မတူတော့ပါဘူး။ Crocs Sandals/Slides: ခြေညှပ်ဖိနပ် ဒါမှမဟုတ် အဆောင်းဖိနပ်ပုံစံတွေမှာ အပေါက်အရေအတွက်က ပိုနည်းသွားပါတယ်။ LiteRide သို့မဟုတ် အားကစားဒီဇိုင်း ဖိနပ်တွေမှာတော့ အပေါက်လေးတွေက ပိုကျဉ်းသွားပြီး သေးငယ်သွားတတ်သလို အရေအတွက်ကလည်း ၁၃ ပေါက်ထက် ပိုများနိုင်ပါတယ်။ Boot သို့မဟုတ် အပိတ်ဖိနပ်များ: တချို့ အလုပ်ခွင်သုံး (Work collection) ဖိနပ်တွေမှာတော့ ဘေးကင်းလုံခြုံရေးအတွက် အပေါက် လုံးဝမပါတာမျိုးလည်း ရှိပါတယ်။
အပေါက် ၁၃ ပေါက် ပါတာဟာ ကုမ္ပဏီရဲ့ ဒီဇိုင်းအမှတ်အသား သဘောမျိုးပါပဲ။ ဒီ အပေါက်အရေအတွက်က ခြေထောက်ကို အေးမြစေဖို့အတွက် လုံလောက်တဲ့ လေဝင်လေထွက်ကို ပေးစွမ်းနိုင်သလို၊ Jibbitz လေးတွေ အများကြီး တပ်ချင်တဲ့သူတွေအတွက်လည်း နေရာအလုံအလောက် ရစေပါတယ်။
Crocs ဖိနပ်တွေဟာ တစ်နေ့လုံး မတ်တပ်ရပ် အလုပ်လုပ်ရတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ စားဖိုမှူးတွေကြားမှာလည်း အင်မတန် နာမည်ကြီးပါတယ်။ အကြောင်းရင်းကတော့ ပေါ့ပါးခြင်း၊ ခြေထောက် နာကျင်မှုကို သက်သာခြင်း။ ဆေးကြောရ လွယ်ကူခြင်း (ပိုးသတ်ရလွယ်ခြင်း) တွေကြောင့် ဖြစ်ပါတယ်။
Crocs ဟာ အခုဆိုရင် high-fashion လောကထဲကိုတောင် ရောက်နေပါပြီ။ Balenciaga, Justin Bieber, Post Malone စတဲ့ နာမည်ကြီး Brand တွေ၊ အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး Limited Edition တွေ ထုတ်လုပ်လာပါတယ်။ တချို့ Balenciaga x Crocs ဖိနပ်တွေဆိုရင် ဒေါ်လာ ရာဂဏန်းကနေ ထောင်ဂဏန်းအထိ ဈေးပေါက်ပါတယ်။
Crocs တွေက ခံနိုင်ရည်ရှိပေမဲ့ အပူဒဏ်ကိုတော့ ကြောက်ပါတယ်။ အဝတ်လျှော်စက်ထဲ ထည့်လျှော်တာ ဒါမှမဟုတ် နေပူထဲမှာ အကြာကြီး ပစ်ထားတာမျိုး လုပ်ရင် ဖိနပ်က ကျုံ့သွားတတ်တာကိုတော့ သတိထားဖို့ လိုပါတယ်။
Ref; Slate
"မြန်မာနှစ် ၁၃၈၈ ခုနှစ်မှာ အိုးအိမ်နေရာဌာန ကံဇာတာ ထူးခြားမယ့်သူများ . . . "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
-ဧက (ဗေဒင်သုတ)
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်မှာ ဘယ်နေ့သားသမီးတွေက အိုးအိမ်၊ နေရာထိုင်ခင်းနဲ့ ပတ်သက်လို့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲဆိုတာ ဦးစွာပထမ တင်ပြပေးပါမယ်။
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် တစ်နှစ်တာအတွင်း (၁၇.၄.၂၀၂၆ မှ ၁၆.၄.၂၀၂၇ အတွင်း)
(၁) ဗုဒ္ဓဟူးသားသမီး
*****************
ဒီတစ်နှစ်တာအတွင်း အိုးအိမ်ကိစ္စ၊ ရာထူးနေရာ ထိုင်ခုံကိစ္စတွေ လှုပ်ခတ်လာပြီး ဟိုပြောင်းဒီရွှေ့ လုပ်ရတာ၊ အိမ်နေရာဌာန ပြောင်းရွှေ့ရတာတွေ ဖြစ်လာနိုင်ပါတယ်။
(၂) သောကြာသားသမီး
*********************
ဒီတစ်နှစ်တာအတွင်း ဝေးမြေရပ်ခြား (သို့) နိုင်ငံရပ်ခြား (သို့) တခါမှ မရောက်ဖူးတဲ့ သူစိမ်းဆန်ဆန် နေရာဒေသတွေဆီ ပြောင်းရွှေ့ရတတ်ပြီး ပြည်ပကို ထွက်ချင်သူတွေကတော့ အဆင်ပြေပါလိမ့်မယ်။
ဖော်ပြပါ နေ့နံဖွားတွေဟာ ၁၃၈၈ ခုနှစ်အတွင်းမှာ နေရာဌာနကံ မတည်မငြိမ် ဖြစ်လာနိုင်ပြီး လက်ရှိ ရပ်တည်နေထိုင်ရာကနေ မလွှဲသာမရှောင်သာ အပြောင်းအလဲ လုပ်ရတတ်တဲ့နေ့နံတွေ ဖြစ်ပါတယ်။ ဖော်ပြပါ နေ့နံအားလုံး ကျိန်းသေပေါက် ပြောင်းလဲရမယ်လို့ မဆိုသာပေမဲ့ ကောဇာဂြိုဟ်တွေအရ အပြောင်းအလဲကံ အနည်းနဲ့အများ ကြုံတွေ့လာနိုင်ပါတယ်။ ဒါပေမဲ့….
(၁) ရာဟုဖွား
(၂) အင်္ဂါနေ့ဖွား
(၃) ကြာသပတေးနေ့ဖွား ဆိုတဲ့
နေ့ဖွား (၃) ခုကတော့ မြန်မာနှစ်သစ် ၁၃၈၈ ထဲမှာ အိုးအိမ်နေရာကောင်း ရရှိတာ၊ လုပ်ငန်းခွင်ထဲမှာ ရာထူးဌာန နေရာကောင်းကို ရောက်ရှိတာမျိုး ကံကောင်းတတ်ပါတယ်။
အစိုးရ/ကုမ္ပဏီ ဝန်ထမ်းဆိုရင် လုပ်ပိုင်ခွင့်ရတဲ့ နေရာတွေကို ရောက်သွားတာ၊ သွားချင်လိုချင်နေတဲ့ အရပ်ဒေသကို သွားရတာ၊ အိုးသစ်အိမ်သစ် ဝင်တာ၊ ဝယ်ယူရင်းနှီးမြှုပ်နှံတာတွေမှာ ကံအကျိုးပေး ကောင်းမွန်နိုင်ပါတယ်။
ဒါကတော့ ဒီနှစ် ၁၃၈၈ တစ်နှစ်တာလုံးမှာ အိုးအိမ်နေရာဌာနကံနဲ့ ပတ်သက်လို့ အဆိုးအကောင်း သိသာထင်ရှားပေါ်လွင်မယ့် နေ့နံတွေကို ဦးစားပေးဖော်ပြထားတာဖြစ်ပြီး ကျန်နေ့ဖွားတွေကတော့ ကောင်း/ဆိုး သိပ်မထင်ရှားတဲ့ သာမန်အနေအထားသာ ရှိပါလိမ့်မယ်။
ဒီဟောကိန်းဟာ မြန်မာကောဇာနှစ်အလိုက် အိုးအိမ်နေရာဌာနကံကို နေ့နံတွေနဲ့ ခွဲခြား တွက်စစ်တဲ့ ယေဘုယျအဟောသာ ဖြစ်လို့ တစ်ဦးတစ်ယောက်ချင်းရဲ့ မူလဇာတာ၊ နာမည်အနေအထားတွေပေါ် မူတည်ပြီးတော့လည်း ကံအပြောင်းအလဲ ရှိနိုင်တယ်ဆိုတာ သတိပြုရပါမယ်။
နှစ်သစ်မှာ လိုလားတောင့်တတဲ့ အိုးအိမ်နေရာဌာနတွေ ရရှိကြပါစေ။
1👍1