Burma Recap အညွှန်းသီးသန့်
5.43K subscribers
53 links
Download Telegram
🎥 Handsome Guys (2024)

"မျက်နှာက လူဆိုးရုပ်၊ စိတ်ထားက ဘုရားလောင်း" ဂျယ်ဖေးနဲ့ ဆန်ဂူဆိုတဲ့ ညီအစ်ကိုနှစ်ယောက် ဟာ ရုပ်ရည်က ကြမ်းတမ်းခက်ထန်ပြီး ကြည့်လိုက်တာနဲ့ ရာဇဝတ်ကောင်တွေလို့ ထင်ရပေမဲ့၊ တကယ်တမ်းတော့ အရမ်းကို ရိုးသားဖြူစင်သူတွေပါ။
သူတို့ညီအစ်ကိုနှစ်ယောက်ဟာ တစ်သက်လုံး စုဆောင်းထားတဲ့ပိုက်ဆံနဲ့ တောထဲက အိမ်ဟောင်းကြီးတစ်လုံးကို ဝယ်ပြီး အေးအေးဆေးဆေး နေထိုင်ဖို့ ပြောင်းရွှေ့လာကြပါတယ်။
ပြဿနာကတော့ အဲဒီနားကို အပန်းဖြေခရီးထွက်လာတဲ့ တက္ကသိုလ်ကျောင်းသားအုပ်စုက သူတို့ညီအစ်ကိုကို "Psychopath လူသတ်သမားတွေ" လို့ အထင်လွဲသွားတာပါပဲ။
ရေနစ်နေတဲ့ ကောင်မလေးတစ်ယောက်ကို သူတို့က စေတနာနဲ့ ကယ်တင်လိုက်ပေမဲ့၊ ကျောင်းသားတွေဘက်ကတော့ "ငါတို့သူငယ်ချင်းကို လူသတ်သမားတွေ ဖမ်းသွားပြီ" ဆိုပြီး လာကယ်ဖို့ ကြိုးစားကြပါတယ်။
ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီး မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကိုအမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့…ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလိုကြောက်စရာလည်းကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/28
5
🎥 Perfume: The Story Of A Murderer (2006)

ဒီဇာတ်ကားကို အပျိုစင်တွေကိုသတ်ပြီး ရေမွှေးလုပ်တဲ့ ကားဆိုပြီး အတော်လေး လူသိများပါတယ်။ ဇာတ်အိမ်ကထူးဆန်းပြီး ဇာတ်ဝင်ခန်းတိုင်း စိတ်ဝင်စား ဖို့ကောင်းပါတယ်။ စမွေးဖွားလာကတည်းက ငါးစိမ်းတန်း ညစ်ပတ်စုတ်ပြတ် အနံ့ဆိုးရွားတဲ့ငါးစျေးတန်းမှာ အမှိုက်ပုံထဲ မွေးဖွားလာတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။
ဒါပေမယ့် သူ့မှာ ပါလာတဲ့ ပါရမီကတော့ အင်မတန် အနံ့ခံစွမ်းအားကောင်းတာရယ်အနံ့တွေကို ခွဲခြားနိုင်ခြင်း ရှိမှုပါပဲ။
သူ့မှာ စဉ်းစားဆင်ခြင်နိုင်စွမ်းသိပ်မရှိပါဘူး။ လိုချင်တာကိုပဲ သိတဲ စိတ်ပဲရှိပါတယ်။ သူ့ကို သနားလို့ အလုပ်ခေါ်ခိုင်းတဲ့ မွှေးနံ့သာ ဖော်စပ်တဲ့ ဆရာတစ်ယောက်ဆီရောက်ရှိပြီးနောက် ကိုယ်ပိုင်ရေမွှေးတစ်ခု ထွင်ချင်လာပါတယ်။ ဒါပေမယ့် သူထွင်ချင်တာကတော့ အပျိုစစ်စစ်တွေရဲ့ ကိုယ်သင်းမွှေးရနံဖြစ်ပြီး ထိုမွှေးရနံတွေရဖို့ မိန်းကလေးတွေကို ပေါင်းတင်အဆီထုတ်ပြီး ဖော်စပ်ရတာပါ။ ဒီလိုနဲ့ မြို့တော်မှာ အပျိုလေးတွေ ကိုယ်တုံးလုံးနဲ့ အသတ်ခံရတာ များများလာလို့ လိုက်လံဖမ်းစီးပြီး ရေမွှေးဖော်စပ်တဲ့ ကောင်လေးကို ဖမ်းမိသွားတဲ့ အခါမှာတော့ . .

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecap2/19
17
🎥A Walk in the Clouds (1995)

ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ ချစ်ဇနီးထံ ပြန်လာတဲ့ (Paul) တစ်ယောက်၊ ဇနီးသည်ရဲ့ ဆန္ဒအရ ချောကလက်ရောင်းဖို့ (Sacramento) မြို့လေးကို ရထားနဲ့ ခရီးနှင်ခဲ့ပါတော့တယ်

ကံကောင်းချင်လို့ပြောရမလား၊ ကံဆိုးချင်လို့ပြောရမလား..သွားနေတဲ့လမ်းမှာပဲ ကိုယ်ဝန်ရသွားပြီး ချစ်သူကပါ ပစ်သွားလို့ အိမ်မပြန်ရဲဘူးဖြစ်နေတဲ့ မက္ကစီကန် ကောင်မလေးနဲ့ ဆုံပါတော့တယ်

ကောင်မလေးရဲ့ အခက်အခဲကိုကူညီဖို့ ဟန်ဆောင်ခင်ပွန်းအဖြစ် မိသားစုကိုလိုက်တွေ့ရာကနေ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့

တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံတဲ့ချိန်ဟာ နှစ်ယောက်လုံးရဲ့အခက်ခဲဆုံးအချိန်ဖြစ်နေပြီး ဆိုင်သူရှိနေတဲ့ လူဖြူကောင်လေးနဲ့ တခြားသူရဲ့ရင်သွေးလေးကိုလွယ်ထားရတဲ့ စပျစ်ခြံပိုင်ရှင်သမီးလေးတို့ ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကတော့

အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပုံဖော်ထားတာမို့ (လုံးဝ) လက်မလွှတ်မိဖို့ အကြံပြုလိုက်ပါရစေ

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecap3/74
8
Emilia Pérez (2024)

ရှေ့နေမလေး ရီတာဟာ တရားဥပဒေရဲ့ ဟာကွက်တွေကို ရှာပြီး လူဆိုးတွေကို လွတ်အောင် ကူညီပေးနေရတဲ့ ဘဝကို ငြီးငွေ့နေသူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ မက္ကဆီကိုရဲ့ အကြောက်မက်ဖွယ်အကောင်းဆုံး မူးယစ်ရာဇာကြီး မနီတာက သူမကို ပြန်ပေးဆွဲပြီး ငြင်းလို့မရတဲ့ အလုပ်တစ်ခု အပ်ပါတယ်။

အဲဒီအလုပ်က သာမန် ငွေမဲခဝါချတာနဲ့ လူသတ်တာ မဟုတ်ဘဲ ရာဇာကြီး မနီတာက သူ့ရဲ့ မူးယစ်အင်ပါယာကို စွန့်လွှတ်ကာ သေဆုံးသွားပြီလို့ သတင်းလွှင့်ပြီး သူ တစ်သက်လုံး အိပ်မက်မက်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ခွဲစိတ်ပြုပြင်ကာ ဘဝသစ်စတင်ဖို့ပါပဲ။ ဒီလိုနဲ့ မနီတာဟာ ပျောက်ကွယ်သွားပြီး အမ်မီလီယာဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါတယ်။

နှစ်တွေကြာပြီးနောက် အမ်မီလီယာဟာ သူ့ရဲ့ မုဆိုးမဖြစ်ကျန်ရစ်ခဲ့တဲ့ ဇနီးသည်နဲ့ ကလေးတွေရှိရာဆီကို အမျိုးသမီးတစ်ယောက်အနေနဲ့ ပြန်သွားပြီး စောင့်ရှောက်ဖို့ ကြိုးစားပါတော့တယ်။ ရုပ်ပြောင်းသွားပေမဲ့ အတိတ်က သွေးစွန်းခဲ့တဲ့ လက်တွေနဲ့ ရန်ငြိုးတွေက အမ်မီလီယာကို ပြန်လည်ခြောက်လှန့်လာပါတယ်။ မိသားစုကရော သူတို့ချစ်တဲ့ အမျိုးသမီးကြီးဟာ တစ်ချိန်က သူတို့ရဲ့ ခင်ပွန်းနဲ့ ဖခင် ဖြစ်ခဲ့တဲ့ မူးယစ်ရာဇာကြီးမှန်း သိသွားကြမလား ဆိုတာကိုတော့ သီချင်းသံစဉ်တွေ၊ ရင်နင့်စရာ ဇာတ်ကွက်တွေနဲ့ ထူးထူးခြားခြား ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/31
8👍1
In Secret (2013)

Thérèse ဟာ မိဘမဲ့ဖြစ်သွားပြီးနောက် သူမရဲ့အဒေါ်ဖြစ်သူရဲ့ လက်ထဲမှာ ကြီးပြင်းလာခဲ့ရပါတယ်။
အဒေါ်ဖြစ်သူဟာ သူမကို တစ်ကိုယ်ကောင်းဆန်ပြီး ကျန်းမာရေးချို့တဲ့တဲ့ ဝမ်းကွဲမောင်နှမ Camille နဲ့ အချစ်မပါဘဲ အတင်းအကျပ် လက်ထပ်ပေးခဲ့ပါတယ်။
သူတို့သုံးယောက် ပဲရစ်မြို့ကို ပြောင်းရွှေ့လာပြီး Madame Raquin ရဲ့ ဆိုင်နောက်က မှောင်မည်းကျဉ်းမြောင်းတဲ့ တိုက်ခန်းလေးမှာ နေထိုင်ကြပါတယ်။
Thérèse ရဲ့ ဘဝဟာ ငြီးငွေ့စရာကောင်းပြီး စိတ်ဓာတ်တွေ ခြောက်သွေ့နေချိန်မှာပဲ Camille က သူ့ရဲ့ ဆွဲဆောင်မှုရှိပြီး စိတ်ထက်သန်တဲ့ သူငယ်ချင်းဖြစ်သူ Laurent နဲ့ မိတ်ဆက်ပေးလိုက်တဲ့အခါ အရာအားလုံး ပြောင်းလဲသွားပါတယ်။
Thérèse နဲ့ Laurent တို့ဟာ တဏှာစိတ်နဲ့ လွတ်လပ်မှုကို တောင့်တတဲ့စိတ်တွေကြောင့် မကြာခင်မှာပဲ ချစ်သူတွေ ဖြစ်သွားကြပါတယ်။
သူတို့ရဲ့ တားမြစ်ထားတဲ့ ဖောက်ပြန်မှုကနေတစ်ဆင့် ဒီငရဲလိုဘဝကနေ လွတ်မြောက်ဖို့အတွက် Camille ကို သတ်ပစ်ဖို့အထိ အမှောင်ဖုံးတဲ့ အစီအစဉ်တစ်ခုကို ချမှတ်ကြတဲ့အခါမှာတော့....

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/32
16
Fall (2022)

တောင်တက်သမားကောင်မလေးတစ်ယောက်ဟာ အတူတောင်တက်တဲ့ သူ့ယောကျ်ား ပြုတ်ကျပြီး ဆုံးသွားတဲ့နောက်မှာ စိတ်ဓာတ်ကျပြီး အရက်တွေသောက် အခန်းထဲအောင်းတာပဲလုပ်နေပါတော့တယ်။
ဒီတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသူ့ကိုစိတ်ပြေလက်ပျောက်အမြင့်တစ်ခုတက်ဖို့လာခေါ်ပါတော့တယ်။
သူတို့တက်ရမယ့်အရာ အမေရိကရဲ့ စတုတ္ထမြောက်အမြင့်ဆုံး တီဗီတာဝါဖြစ်ပြီး ပေ ၂၀၀၀ လောက်ကိုမြင့်ပါတယ်။
သူက အစပိုင်းမှာ သံဘောင်တွေပါတဲ့အတွင်းလှေကားကနေ လုံလုံခြုံခြုံတက်ရတာဖြစ်ပေမဲ့ ထိပ်တစ်ဆင့်မှာတော့ လှေကားအလွတ်ကြီးပဲ ရှိပါတယ်။
သူတို့တွေ အဲဒီအပေါ်ကို ခက်ခက်ခဲခဲတက် ဓာတ်ပုံတွေရိုက်ပြီး ပြန်အဆင်းမှာတော့ သံလှေကားဟောင်းကြီး ကျွတ်ကျသွားခဲ့ပါတယ်။
အဲဒီတော့ တာဝါအမြင့်ကြီးရဲ့ ထိပ်ဆုံးမှာ သူငယ်ချင်းနှစ်ယောက် ပိတ်မိနေပြီး ကယ်မယ့်သူလည်းမရှိ၊ ဘေးပတ်လည်မှာလူလည်းမရှိ၊ ဖုန်းလိုင်းလည်းမမိတဲ့အချိန်မှာ အသက်ရှင်လျက် ပြန်ဆင်းလာနိုင်ဖို့ ဘယ်လိုတွေ နည်းမျိုးစုံနဲ့ စွန့်စားရမလဲဆိုတာ ကြည့်ရမှာပါပဲ။

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/33
8
Lamb (2021)

ဒီဇာတ်လမ်းလေးက အေး"လေးကိုမှ Mystery ဆန်တာမျိုး။မွန်းကြပ်မှုနဲ့အတူအေးချမ်းငြိမ်သက်တဲ့သဘာဝရဲ့အရသာကိုခံစားရလိမ့်မယ်
ဒါ့အပြင်လောကကြီးရဲ့သဘောသဘာဝအကြောင်းတွေးနေစေမှာမျိုး
ရေခဲတောင်ဒေသမှာသိုးမွေးမြူရင်းအသက်မွေးဝမ်းကြောင်းပြုနေထိုင်ကြတဲ့ Ingvarနဲ့ Mariaလို့ခေါ်တဲ့လင်မယားနှစ်ယောက်....
တစ်ဖက်ကလည်း စိုက်ပျိုးမွေးမြူရေးကိုပါလုပ်ကိုင်ရင်းနှစ်ယောက်တည်းအထီးကျန်ဆန်တဲ့ဘဝကိုနေထိုင်တယ်
ဒီလိုနဲ့တစ်ရက် သိုးခြံထဲ သိုးလေးတစ်ကောင်ပေါက်လာတော့ သားသမီးမရှိတဲ့ လင်မယားဟာဒီသိုးပေါက်လေးကို Ada လို့နာမည်ပေးပြီး သားသမီးသဖွယ်ထိန်းသိမ်စောင့်ရှောက်ကြရှာပါတယ်
ဒါပေမယ့် အချိန်အနည်းငယ်ရလာတော့ သိုးမကြီးတစ်ကောင်ဟာ သူတို့အိမ်ကိုနေ့တိုင်းလိုလိုရောက်လာတယ်
ဘယ်လိုပဲ မောင်းထုတ်"အမြဲတမ်းစိတ်ရှုပ်စရာကောင်းအောင် ရာက်"လာပြီးအော်ဟစ်ညည်းညူမြဲ ညည်းညူနေတယ်။
ဒီလိုနဲ့ အဲဒီသိုးမကြီးရောက်လာပြီးတဲ့နောက်ပိုင်းသူတို့မိသားစုရဲ့ အပျော်တွေက ကြာရှည်မခံတော့ပါဘူး
မလုပ်သင့်တာတွေလုပ်မိကြတယ် မဖြစ်သင့်တာတွေဖြစ်ရင်း ဇာတ်လမ်းတစ်ခုလုံးက အလှည့်အပြောင်းဖြစ်ခဲ့ပြီး တွေးစရာမေးစရာတွေ ရင်ထဲကျန်နေစေခဲ့တော့တယ်...

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/34
6
The Wrath of God (2022)
======================

ဒီကားလေးကတော့ “The Slow Death of Luciana B” ဆိုတဲ့ ဝတ္ထုကို ပြန်ရိုက်ထားတဲ့ စပိန်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်...
ဒီကားကို အမြည်းပြောပြရရင် လူစီယားနားဆိုတဲ့ ကောင်မလေးနဲ့ သူ့အလုပ်ရှင် စာရေးဆရာ ကလော့စတာ တို့ကြားကနားလည်မှုအလွဲလေးကြောင့် အရာအားလုံး စတင်ခဲ့တယ်လို့ ပြောရပါမယ်...
သေးငယ်တဲ့ လိပ်ပြာ‌လေး တစ်‌ကောင် အတောင်ပံခတ်လိုက်ရာကနေ ဟာရီကိန်းမုန်တိုင်းကြီးထိ ဖြစ်လာနိုင်တယ်ဆိုတဲ့ Butterfly Effect လိုမျိုးပဲ...
ဒီကားထဲမှာလည်း အနမ်းလေးတစ်ခုကနေ အစပြုပြီး မိသားစုဝင်တွေ ‌အသက်ဆုံးရှုံးကုန်ကြတဲ့အထိ ဘယ်လိုတွေ ဒုက္ခကြုံကြရမလဲ..?
ကံကြမ္မာဆိုး အားလုံးရဲ့နောက်ကွယ်က တရားခံကရော ဘယ်သူဖြစ်မလဲ..?
လူစီယားနားကပဲ မှားခဲ့တာလား ကလော့စတာကပဲ လွန်တာလား..?
ဘယ်သူ့ကြောင့် ဒါတွေဖြစ်လာခဲ့တာလဲ..? စတဲ့မေးခွန်းပေါင်းများစွာကို ဒွိဟခံစားချက်တွေနဲ့ ကြည့်ရှုအဖြေရှာလိုက်ပါ...
2022 ခုနှစ်ကထွက်ရှိထားတဲ့ Drama, Thriller ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/35
14
Sweeney Todd: The Demon Barber of Fleet Street (2007)
===========================================

လန်ဒန်မြို့ရဲ့ မှောင်မိုက်တဲ့ လမ်းကြားတွေထဲမှာ မတရားစွပ်စွဲခံရပြီး ထောင်ကျခဲ့တဲ့ ဘန်ဂျမင် ဘာကာ ဆိုသူ ပြန်ရောက်လာပါတယ်။
သူဟာ ဆွီနီ တော့ဒ် အမည်နဲ့ ဆံသဆရာအဖြစ် အသွင်ပြောင်းပြီး သူ့ဘဝကို ဖျက်ဆီးခဲ့တဲ့ တရားသူကြီးကို လက်စားချေဖို့ အခွင့်အရေး စောင့်နေသူဖြစ်ပါတယ်။
သူ့ရဲ့ အိမ်အောက်ထပ်မှာတော့ မုန့်တွေမကောင်းလို့ စီးပွားပျက်နေတဲ့ မုဆိုးမ လားဗက် ဆိုသူ ရှိပါတယ်။
ဆွီနီ တော့ဒ်ရဲ့ လက်စားချေလိုစိတ် လွန်ကဲမှုနဲ့ လားဗက်ရဲ့ စီးပွားရေးဆန်တဲ့ အတွေးတို့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ လန်ဒန်မြို့သားတွေ ထိတ်လန့်စရာ အဖြစ်ဆိုးကြီး စတင်ပါတော့တယ်။
အဲဒါကတော့ ဆံသဆိုင်ကို ရောက်လာတဲ့ လူတွေ ပျောက်ဆုံးသွားပြီး အောက်ထပ်က ဆိုင်မှာတော့ အသားပိုင်မုန့်တွေ ရုတ်တရက် ရောင်းကောင်းလာတာပါပဲ။
လူသားအသားနဲ့ လုပ်ထားတဲ့ မုန့်တွေကို မြို့သူမြို့သားတွေ အရသာရှိရှိ စားသုံးနေကြချိန်မှာ ဆွီနီ တော့ဒ် တစ်ယောက် သူ့ရဲ့ ဓားသွားအောက်ကို ရန်သူတော်ကြီး ရောက်လာအောင် ဘယ်လို မျှားခေါ်မလဲ။
လက်စားချေခြင်းရဲ့ အဆုံးသတ်မှာ သူကိုယ်တိုင်ရော ဘယ်လို ကြေကွဲဖွယ်ရာ အမှန်တရားနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကိုတော့ သီချင်းသံစဉ်တွေနဲ့ သွေးစွန်းတဲ့ ဇာတ်ကွက်တွေ ပေါင်းစပ်ပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/36
5
Live and Let Die (1973)
=================

ကမ္ဘာကျော် ဗြိတိသျှ လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့် ဂျိမ်းစ်ဘွန်းရဲ့ ပွဲဦးထွက် စွန့်စားခန်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာ တာဝန်ထမ်းဆောင်နေတဲ့ ထောက်လှမ်းရေး သုံးဦးဟာ ၂၄ နာရီအတွင်း တစ်ပြိုင်နက်တည်း လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီအမှုကို စုံစမ်းဖို့အတွက် ဂျိမ်းစ်ဘွန်းဟာ နယူးယောက်မြို့နဲ့ ကာရစ်ဘီယံ ကျွန်းစုတွေဆီ ခရီးထွက်ခဲ့ရပါတယ်။

အဲဒီမှာ သူရင်ဆိုင်ရတာကတော့ ဗူးဒူးမှော်ပညာတွေနဲ့ အယူသည်းမှုတွေကို လက်နက်တစ်ခုလို အသုံးချပြီး ကမ္ဘာကျော် မူးယစ်ဆေးဝါး အင်ပါယာကြီးကို တည်ထောင်ထားတဲ့ ဒေါက်တာ ကနန်ဂါ ဆိုသူပဲ ဖြစ်ပါတယ်။ သူက အနာဂတ်ကို ကြိုတင်ဟောပြောနိုင်စွမ်းရှိတဲ့ ဆော်လီတာ ဆိုတဲ့ မိန်းမလှလေးကို အသုံးချပြီး ဂျိမ်းစ်ဘွန်းရဲ့ လှုပ်ရှားမှုတိုင်းကို ကြိုတင်စောင့်ကြည့်နေပါတယ်။

ပြဿနာက အပျိုစင်ဘဝကို စွန့်လွှတ်လိုက်တာနဲ့ အနာဂတ်ဟောနိုင်တဲ့ စွမ်းရည်တွေ ပျောက်ကွယ်သွားမယ့် ဆော်လီတာတစ်ယောက် ဂျိမ်းစ်ဘွန်းနဲ့ ချစ်ကြိုက်မိသွားတဲ့ အခါမှာတော့ အရာရာ ပြောင်းလဲသွားပါတယ်။ ရန်သူ့အကွက်တွေကို ကြိုမမြင်နိုင်တော့တဲ့ အခြေအနေမှာ ဂျိမ်းစ်ဘွန်းတစ်ယောက် လူသားစား မိကျောင်းတွေ ဝိုင်းနေတဲ့ ကန်ထဲကနေ အရှင်လွတ်အောင် ပြေးနိုင်ပါ့မလား။ ကမ္ဘာကြီးကို ဒုက္ခပေးမယ့် မူးယစ်ရာဇာကြီးရဲ့ စီမံကိန်းကို အချိန်မီ ဖျက်ဆီးနိုင်မလား ဆိုတာကိုတော့ အမိုက်စား စက်လှေ မောင်းပြေးခန်းတွေနဲ့အတူ ရင်ခုန်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecap3/75
12
The Other Lamb (2019)

မိန်းမတွေချည်းပဲ သီးသန့်နေထိုင်ကြတဲ့ တောတွင်း ဂိုဏ်းတစ်ခုမှာ ဆီလာ ဆိုတဲ့ မိန်းကလေးတစ်ယောက် မွေးဖွားကြီးပြင်းလာပါတယ်။
အဲဒီဂိုဏ်းမှာ သိုးထိန်း လို့ ခေါ်တဲ့ အမျိုးသား ခေါင်းဆောင် တစ်ယောက်တည်းကသာ ဩဇာအာဏာ အပြည့်အဝ ယူထားပြီး ကျန်တဲ့ အမျိုးသမီးတွေ အားလုံးက သူ့ရဲ့ မယားတွေနဲ့ သမီးတွေ အဖြစ် အကြွင်းမဲ့ နာခံနေထိုင်ကြရတာ ဖြစ်ပါတယ်။
ဆီလာ အရွယ်ရောက်လာချိန်မှာတော့ သိုးထိန်းကြီးရဲ့ အထူးဂရုစိုက်မှုကို ခံလာရသလို တစ်ဖက်မှာလည်း ဂိုဏ်းရဲ့ ဖုံးကွယ်ထားတဲ့ အမှောင်ဘက်ခြမ်းတွေကို စတင် သတိထားမိလာပါတယ်။
သူတို့ ကိုးကွယ်ယုံကြည်နေတဲ့ အရာတွေက အမှန်တရားလား ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်တဲ့ ယောကျ်ားတစ်ယောက်ရဲ့ စိတ်တိုင်းကျ ခြယ်လှယ်မှု သက်သက်ပဲလား ဆိုတာကို သူမ စတင် မေးခွန်းထုတ်လာပါတော့တယ်။
အပြင်လောကနဲ့ အဆက်အသွယ် လုံးဝမရှိဘဲ သိုးထိန်းကြီးရဲ့ စကားကသာ ဥပဒေဖြစ်နေတဲ့ နေရာမှာ ဆီလာ တစ်ယောက် သူမရဲ့ ယုံကြည်မှုတွေကို ပုန်ကန်ပြီး လွတ်မြောက်အောင် ရုန်းထွက်နိုင်မလား။
ဒါမှမဟုတ် သိုးငယ်လေး တစ်ကောင်လိုပဲ သိုးထိန်းကြီးရဲ့ လက်အောက်မှာ တစ်သက်လုံး အသုံးချခံသွားရမလား ဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ်ရာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/38
7
John and the hole (2021)
==================

စစ်ဖြစ်လာရင် ပုန်းခိုဖို့အတွက် တည်ဆောက်ထားတဲ့ကတုတ်ကျင်း အနက်ကြီးထဲကို မိဘတွေနဲ့အမဖြစ်သူအား ပစ်ချခဲ့တဲ့ကောင်လေးရဲ့ဇာတ်လမ်း။
ဒီဇာတ်ကားကို ကြည့်နေရင်း John ဆိုတဲ့ ငနဲလေးကိုတော်တော်ကို အမြင်ကပ်ပြီး ရွံလာမိတယ်။
John က သူ့အဖေရယ် အမေရယ် အစ်မရယ်ကို အိပ်ဆေးခတ်ပြီး သူရှာတွေ့ထားတဲ့တွင်းအနက်ကြီးထဲကို ပစ်ချခဲ့တာပါ။
နောက်တော့ အိမ်ကိုပြန်တယ် သူနေချင်ခဲ့တဲ့ပုံစံအတိုင်းနေဖို့ အကောင်အထည်ဖော်တယ်။
သူငယ်ချင်းတွေ‌ခေါ်ပြီး အိမ်မှာ သောင်းကြမ်းတယ်။
ရက်အနည်းငယ်ကြာလာ‌တော့ တွင်းထဲကနေ မိဘတွေရဲ့ အော်ဟစ်သံကို John ကြားရတယ်။
မိဘတွေနဲ့ အမဖြစ်သူတို့ဟာ အစာရေစာ ငတ်မွတ်တဲ့ဒဏ်ကို အလူးအလဲခံ‌စားနေရပြီ။ John ကတော့ လှည့်တောင်မကြည်ခဲ့ဘူး။
ရက်အနည်းငယ်ကြာလာမှာ တွင်းနားကို ရောက်သွားပြီး သူစားပြီးသား အစားသောက်အကြွင်းအကျန်တွေကို ပစ်ချပေးခဲ့တယ်။
မိဘတွေက John ကို အပေါ်ပြန်တင်ပေးဖို့ အကူညီတောင်းတဲ့အခါမှာတော့ သူဘာလုပ်ခဲ့သလဲဆိုရင် ...?

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/39
9👍1
Eden Lake (2008)
================

ချစ်သူစုံတွဲဖြစ်တဲ့ ဂျန်နီ နဲ့ စတိဗ် တို့ဟာ တိတ်ဆိတ်အေးချမ်းတဲ့ အီဒင် ရေကန်ကြီးဆီကို သီတင်းပတ်ကုန် အပန်းဖြေခရီး ထွက်လာကြပါတယ်။ သူတို့ရဲ့ ကြည်နူးစရာ ခရီးစဉ်လေးဟာ ရေကန်နားမှာ ဆူညံသောင်းကျန်းနေတဲ့ ဆယ်ကျော်သက် လူငယ်တစ်စုနဲ့ ထိပ်တိုက်တွေ့ဆုံချိန်မှာတော့ အိပ်မက်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။

စတိဗ် က လူငယ်တွေကို သွားရောက်သတိပေးရာကနေ စကားများရန်ဖြစ်ကြပြီးနောက် လူငယ်တွေဘက်က သူတို့ရဲ့ ကားသော့ကို ခိုးယူကာ ကားကိုပါ ဖျက်ဆီးပစ်လိုက်ကြပါတယ်။ ဒေါသထွက်သွားတဲ့ စတိဗ် က လူငယ်တွေကို ပြန်လည်ရင်ဆိုင်ရာမှာ မထင်မှတ်ဘဲ လူငယ်တွေရဲ့ ခွေး သေဆုံးသွားတဲ့အခါ အခြေအနေတွေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပါတယ်။ အဲဒီအချိန်ကစပြီး လူမဆန်တဲ့ ဆယ်ကျော်သက်တွေဟာ တောနက်ထဲမှာ ချစ်သူစုံတွဲ နှစ်ယောက်ကို သားကောင်တွေလို သတ်မှတ်ပြီး ရက်ရက်စက်စက် အမဲလိုက်ကြပါတော့တယ်။

ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ ချစ်သူကောင်လေးကို ကယ်တင်ဖို့ ဂျန်နီ တစ်ယောက်တည်း ကြိုးစားရုန်းကန်ရတဲ့အခါ ယဉ်ကျေးသိမ်မွေ့တဲ့ ကျောင်းဆရာမလေး တစ်ယောက် အသက်ရှင်ကျန်ရစ်ဖို့အတွက် ဘယ်လောက်ထိ ရက်စက်ကြမ်းကြုတ်တဲ့သူ အဖြစ် ပြောင်းလဲသွားမလဲ။ လူကြီးတွေရဲ့ အကူအညီမဲ့နေတဲ့ တောနက်ထဲကနေ သူတို့စုံတွဲ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ အဆုံးထိ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/40
11👎1🏆1
Lake Placid (1999)
===============

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဘလက် ရေကန်ကြီးထဲမှာ မထင်မှတ်ထားတဲ့ အန္တရာယ်တစ်ခု ပုန်းကွယ်နေပါတယ်။ သာမန်ရေကန်တစ်ခုလို့ ထင်ရပေမဲ့ အဲဒီရေအောက်မှာ ပေသုံးဆယ်လောက် ရှည်လျားပြီး လူသားတွေကို အရှင်လတ်လတ် ကိုက်ဖြတ်စားသောက်တတ်တဲ့ ဧရာမ မိကျောင်းကြီး တစ်ကောင် ရောက်ရှိနေတာ ဖြစ်ပါတယ်။ ရေကန်ထဲမှာ ရေငုပ်သမားတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ အချိန်ကစပြီး ထိတ်လန့်စရာ အဖြစ်အပျက်တွေ စတင်လာပါတော့တယ်။
ဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့အတွက် သစ်တောအရာရှိ ဂျက်ခ် နဲ့ မြို့ပြက ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ကယ်လီ တို့ အဖွဲ့ဟာ ရေကန်ဆီကို စုံစမ်းဖို့ ရောက်လာကြပါတယ်။ သူတို့နဲ့အတူ မိကျောင်းတွေကို ရူးသွပ်စွာ လေ့လာနေတဲ့ ပညာရှင် ဟက်တာ လည်း ပါဝင်လာတဲ့အခါမှာတော့ တစ်ယောက်နဲ့တစ်ယောက် အမြဲသဘောထားကွဲလွဲနေတဲ့ ဒီအဖွဲ့ဟာ အသက်အန္တရာယ်ကို အတူတူ ရင်ဆိုင်ရပါတော့တယ်။ ရေကန်နားမှာ နေထိုင်တဲ့ အဘွားအိုကြီးက မိကျောင်းကြီးကို နွားတွေကျွေးပြီး မွေးထားတယ်ဆိုတာကို သိလိုက်ရချိန်မှာတော့ အခြေအနေတွေက ပိုပြီး ဆိုးရွားလာပါတယ်။
ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ အဖွဲ့ဟာ သာမန်မဟုတ်တဲ့ ဒီဧရာမ လူသားစား မိကျောင်းကြီးကို အရှင်ဖမ်းမလား ဒါမှမဟုတ် အသေပဲ သတ်ပစ်မလား ဆိုတာကို ရွေးချယ်ရပါတော့တယ်။ ကြီးမားလှတဲ့ အစွယ်တွေနဲ့ ရေအောက်ကနေ ရုတ်တရက် ထွက်ပေါ်လာတတ်တဲ့ မိကျောင်းကြီးရဲ့ အန္တရာယ်ကနေ သူတို့အဖွဲ့သားတွေ အားလုံး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလား ဆိုတာကိုတော့ သည်းထိတ်ရင်ဖို ဇာတ်ကွက်တွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/42
9👍2
Dum Laga Ke Haisha (2015)
=====================

၁၉၉၀ ပြည့်လွန်နှစ်များက အိန္ဒိယနိုင်ငံက မြို့ငယ်လေးတစ်ခုမှာ ပရမ်မ် ဆိုတဲ့ လူငယ်လေးတစ်ယောက် ရှိပါတယ်။
သူဟာ ကျောင်းထွက်ထားရပြီး အသံသွင်းတဲ့ တိပ်ခွေဆိုင်လေး ဖွင့်ထားသူဖြစ်ပါတယ်။
သူ့မိသားစုက သူ့ကို ပညာတတ်ပေမဲ့ ဝဝကစ်ကစ်နဲ့ ရုပ်မချောတဲ့ ဆန်ဒရာ ဆိုတဲ့ မိန်းကလေးနဲ့ အတင်းအကျပ် လက်ထပ်ပေးလိုက်တဲ့အခါမှာတော့ သူ့ဘဝကြီး ပျက်စီးသွားပြီလို့ ခံစားလိုက်ရပါတယ်။
ပရမ်မ် ဟာ သူ့မိန်းမရဲ့ ခန္ဓာကိုယ် အချိုးအစားကို ရှက်ရွံ့နေပြီး သူတို့နှစ်ယောက်ကြားမှာ နားလည်မှုလွဲမှားတာတွေနဲ့ စကားများရန်ဖြစ်တာတွေ အမြဲဖြစ်နေပါတော့တယ်။
ဆန်ဒရာ ကလည်း ခင်ပွန်းဖြစ်သူရဲ့ အချစ်ကိုရဖို့ ကြိုးစားပေမဲ့ အရာမထင်တဲ့အတွက် နောက်ဆုံးမှာ မိဘအိမ်ကို ပြန်သွားပြီး ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမဲ့ တရားရုံးက သူတို့ကို ခြောက်လကြာ အတူနေထိုင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
ဒီအချိန်မှာပဲ မြို့လေးမှာ ဇနီးသည်ကို ကျောပိုးပြီး ပြေးရတဲ့ ပြိုင်ပွဲတစ်ခု ကျင်းပလာပါတယ်။
မထင်မှတ်ဘဲ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ ဝဝကစ်ကစ် ဇနီးသည်ကို ကျောပိုးပြီး အပြေးပြိုင်ရမယ့် ပရမ်မ် တစ်ယောက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ။
ဒီပြိုင်ပွဲကနေတစ်ဆင့် သူတို့နှစ်ယောက်ကြားက အေးစက်နေတဲ့ ဆက်ဆံရေးတွေ ပြန်လည်နွေးထွေးလာပြီး တကယ့် အချစ်စစ်ကို ရှာတွေ့သွားမလား ဆိုတာကို ရယ်မောပျော်ရွှင်ဖွယ်ရာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/43
3
The Hot Chick (2002)
=================

ဒီဟာသကားလေးကတော့ အရင်တုန်းက ခဏခဏ ထွက်ရှိခဲ့သလိုယောက်ျားမိန်းမ နေရာချင်းလဲသွားတာမျိုးပါ။
ဒါကတော့ စိတ်ချင်းလဲတာ မဟုတ်ပဲ ခန္ဓာ ကိုယ်ကြီး လဲသွားတာဖြစ်လို့မင်းသားကြီး စကေးပြထားတဲ့ကားပါ။
ဇာတ်လမ်းလေးကတော့ ချောမောလှပပေမဲ့ သူများအပေါ် ယုတ်မာပြီးလူမုန်းများတဲ့ အထက်တန်းကျောင်းသူလေး ဂျက်ဆီကာ၊ ယောက်ျားလေးတွေကိုလည်း မယုံကြည်ပဲအပြိုင်ဆိုင်များ တိုက်ခိုက်ပြီး အကျင့်မကောင်းတဲ့ကောင်မလေးပေါ့။
သူဟာ ရှော့ပင်းမောလ်ထဲက ရှေးဟောင်းပစ္စည်းဆိုင်ကထူးဆန်းတဲ့နားကပ်လေး တွေ့ခဲ့ပါတယ်။
ဒီနားကပ်လေးက ရှေးပဝေသနီကတည်းက မင်းသမီးတစ်ပါးကအိမ်ထောင်မပြုချင်တာကြောင့် အစေခံမလေးနဲ့ ခန္ဓာကိုယ်ချင်း လဲခဲ့တဲ့ မှော်နားကပ်လေးပေါ့။
နားကပ်လေးလှလို့ ဝယ်မယ်လုပ်တော့ဆိုင်ပိုင်ရှင်က မရောင်းတဲ့အခါ မရမက ခိုးခဲ့ပါတော့တယ်။
ဒါနဲ့ လမ်းကျ ဆီဖြည့်နေတဲ့အချိန် အပေအတေ သူခိုးဂျပိုးတစ်ယောက်နဲ့ တွေ့ဆုံကြပြီးနားကပ်တစ်ဖက်က သူ့ဆီပါသွားလို့ ညရောက်တော့ဟိုက ကမြင်းကြောထပြီး ကောက်ဝတ်လိုက်တဲ့အခါမှာတော့ဂျက်ဆီကာနဲ့ သူခိုးဂျပိုး ခန္ဒာကိုယ်တို့ လဲသွားခဲ့ပါတော့တယ်။
အဲဒီမှာ သူငယ်ချင်းဖြစ်သူ ဧပရယ်ရဲ့ အကူအညီနဲ့ ခန္ဒာကိုယ်ဘယ်လိုရအောင် ပြန်လုပ်မလဲဆိုတာကို မင်းသားကြီးRob Schneider ရဲ့ အခွီ သရုပ်ဆောင်ချက်တွေနဲ့အတူပျော်ပျော်ပါးပါး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/44
5
The Rookies (2019)
================

အစွန်းရောက် အားကစားတွေကို ရူးသွပ်သူ လူငယ်လေး ဖုန်း ဟာ မတော်တဆမှုတစ်ခုကနေတစ်ဆင့် နိုင်ငံတကာ အကြမ်းဖက်ဂိုဏ်းတစ်ခုရဲ့ မှောင်ခိုအရောင်းအဝယ် ကိစ္စထဲကို ဝင်ပါမိရက်သား ဖြစ်သွားပါတယ်။
ဒီကိစ္စကြောင့် သူဟာ နိုင်ငံတကာ ထောက်လှမ်းရေးအရာရှိ အမျိုးသမီးကြီးနဲ့ အဆက်အသွယ်ရသွားပြီး ဥရောပနိုင်ငံက မြို့ကြီးတစ်မြို့ဆီကို စွန့်စားခန်းထွက်ဖို့ အကြောင်းဖန်လာပါတယ်။
သူတို့နဲ့အတူ အလွဲလွဲအချော်ချော် လုပ်တတ်တဲ့ ရဲအရာရှိမလေး တစ်ဦး၊ တီထွင်မှုတွေ လုပ်ပေမဲ့ အမြဲတမ်း အလွဲတွေဖြစ်တတ်တဲ့ သိပ္ပံပညာရှင် တစ်ဦးနဲ့ အလုပ်လက်မဲ့ ဆရာဝန် တစ်ဦးတို့ ပူးပေါင်းပြီး အပျော်တမ်း ထောက်လှမ်းရေးအဖွဲ့လေး တစ်ခုကို ဖွဲ့စည်းလိုက်ကြပါတယ်။
သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးကို ဖျက်ဆီးမယ့် ဇီဝလက်နက်ကို အကြမ်းဖက်သမားတွေ လက်ထဲကနေ ကယ်တင်ဖို့ပဲ ဖြစ်ပါတယ်။
သေနတ်တောင် သေချာ မကိုင်တတ်တဲ့ ဒီ အပျော်တမ်းအဖွဲ့လေးဟာ ခေတ်မီလက်နက်တွေနဲ့ လေ့ကျင့်ထားတဲ့ နိုင်ငံတကာ အကြမ်းဖက်သမားတွေကို ဘယ်လို ရင်ဆိုင်ကြမလဲ။
ဟာသတွေ အလွဲတွေကြားကနေ ကမ္ဘာကြီးကို တကယ်ပဲ ကယ်တင်နိုင်မလား ဒါမှမဟုတ် သူတို့ကိုယ်တိုင်ပဲ ဒုက္ခတွင်းထဲ ကျဆင်းသွားမလား ဆိုတာကိုတော့ ရယ်မောဖွယ်ရာ တိုက်ခိုက်ရေး ဇာတ်ကွက်တွေနဲ့အတူ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/45
2
Virgin Territory (2007)
==================

အပေါ်ပိုင်း ဗလာကျင်းမှုတွေ တော်တော်များများ ပါဝင်တာရယ်
လိင်ပိုင်းဆိုင်ရာ ပြကွက်တွေ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ရှုဖို့ဆို အထူးသတိချပ်စေလိုပါတယ်။
အတော်ကိုချောမောလှပကြတဲ့ မင်းသမီးတွေ အုပ်လိုက်ပါပါတယ် ဆက်စီလည်းဆန်ပါတယ်။
ဇာတ်လမ်းကတော့ ရှေးခေတ် အီတလီကို ပလိပ်ရောဂါတွေ ဖြစ်နေတဲ့အချိန်အရ အခြေခံထားပါတယ်။
လိုရန်ဇိုဆိုတဲ့ကောင်ချောလေးတစ်ယောက်ဟာ လောင်းကစားလုပ်ရင်း
လူဆိုးသူဌေးဖြစ်တဲ့ ဂျာဘီနိုကို အနိုင်ရပေမဲ့ ဟိုကအကျင့်ယုတ်ပြီး
လိုက်သတ်ဖြတ်နေတဲ့အတွက် မြို့ကနေ ရှောင်ပြေးရာကနေ
အပျိုစင်တွေချည်း ရှိတဲ့ သီလရှင်ကျောင်းထဲကို ပရမ်းပတာနဲ့ ရောက်သွားပါတော့တယ်။
သူချစ်တဲ့ သူဌေးမလေးဆိုတာကျ မိဘသဘောအရ ရုရှားမြို့စားတစ်ယောက်နဲ့ လက်ထပ်ရမယ်ဆိုပေမဲ့လည်း
လူဆိုးသူဌေး ဂျာဘီနိုကလည်း သိမ်းပိုက်ဖို့ချောင်းနေတာပါ။
ဒီမှာတင် သူဌေးမလေးကလည်း ရုရှားမြို့စားမလာခင် လူဆိုးသူဌေးကြီးကို မယူချင်တာကြောင့် သူငယ်ချင်းတွေနဲ့အတူ
နယ်ဖက်ကို ထွက်ပြေးလာပြီး လိုရန်ဇို စားဘဲကြီး လုပ်နေတဲ့ သီလရှင်ကျောင်းကို ရောက်သွားတဲ့အခါမှာတော့…..။

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/46
10😁2
Bedevilled (2010)
===============

ဟယ်ဝန်းတစ်ယောက် ငယ်ငယ်က အဖိုးနဲ့ ကြီးပျင်းလာခဲ့တဲ့ မွန်းဒုံကျွန်းကို အလည်သွားပါတယ်။
ဟယ်ဝန်းသူငယ်ချင်း ဘို့နမ်ဟာ ကျွန်းကလူတစ်ယောက်နဲ့လက်ထပ်ပြီး သမီးလေးတစ်ယောက်မွေးထားတယ်ဆိုပေမယ့်
လိင်ကျွန်သာသာ အခိုင်းစေတစ်ယောက်လိုတိရိစ္ဆာန်တစ်ကောင်လို ဆက်ဆံခံရတာပါ။
မိန်းကလေးတွေကို ပညာမတတ်လည်းရတယ်ဆိုတဲ့အယူအဆမျိုးနဲ့ ပညာလည်းမသင်ပေးပါဘူး။
ဒီလိုမျိုး ယောက်ျားတွေကို ဘုရားလို ကိုးကွယ်တဲ့ရွာမှာ ဘို့နမ်အတွက်တော့ နေစရာဆိုတာ ဖိနပ်စင်သာသာပါပဲ။
ဘို့နမ်ဟာ အမြဲတမ်း ဆိုးလ်ကို သမီးလေးနဲ့အတူထွက်ပြေးမယ်ဆိုတဲ့ စိတ်နဲ့အားတင်းပြီး ရှင်သန်နေတာပါ။
ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ သမီးလေးကိုလည်းဒီလိုမျိုး ရွာမှာ မကြီးပျင်းစေချင်ပါဘူး။
တဏှာစိတ်ကြီးလွန်းပြီး မိန်းမတွေကိုလိင်ကျွန်သာသာသတ်မှတ်ထားတဲ့ ယောက်ျားသားတွေအယူသီးပြီး ယောက်ျားတွေကိုမှ
မြင့်မြတ်တယ်လို့ သတ်မှတ်ထားပြီး မိန်းကလေးဆို လူရာမသွင်းချင်တဲ့ အဖွားကြီးတွေနေထိုင်တဲ့ ရွာမှာ ဘို့နမ်တစ်ယောက်ရှင်သန်ရတာအရမ်းခက်ခဲခဲ့ပါတယ်။
ဒီလိုနဲ့  ဘုတ်နမ်းတစ်ယောက် သမီးလေးကိုခေါ်ပြီး မြို့ကိုထွက်ပြေးဖို့  စက်လှေဆိပ်အရောက် သူ့ယောက်ျားက မိသွားပြီး စကားများရန်ဖြစ်ကြရာကနေ
ယောကျ်ားလုပ်သူက သမီးလေးကို ကိုင်ပေါက်လိုက်တာ သေပါလေရော အဲဒီနောက်မှာတော့......

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/47
7🥰2
Brave Citizen (2023)
=================

မမ ရှင်းဟယ်ဆွန်းကို တမူထူးခြားတဲ့ ဇာတ်ကောင်အနေနဲ့ စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။
ဆိုရှီမင်ဟာ ကျောင်းသူဘဝတုန်းက အရည်အချင်းရှိတဲ့ လက်ဝှေ့ကစားသမားကောင်းတစ်ယောက်အဖြစ် နာမည်ကျော်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အခြေအနေတွေကြောင့် ကစားသမားအဖြစ်ကနေ အနားယူလိုက်ရပြီး မိသားစုအတွက်အထက်တန်းကျောင်းမှာ အချိန်ပိုင်းယာယီဆရာမအဖြစ် အလုပ်ဝင်ခဲ့ပါတယ်။
တရားဝင်အချိန်ပြည့်ဆရာမ ဖြစ်လာဖို့က သူ့ရည်ရွယ်ချက်ဖြစ်ပြီး ရည်ရွယ်ချက်ပြည့်မြောက်ဖို့ဆို မျက်စိပိတ်နားပိတ်ပြီး ပြဿနာကို မမြင်ချင်ယောင်တဲ့အထိ နေလာခဲ့ပါတယ်။
ဒါပေမယ့် တစ်ရက်မှာ သူ အလုပ်လုပ်နေတဲ့ ကျောင်းမှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုပြဿနာတွေကို သိလိုက်ရပြီး တိုက်တိုက်ဆိုင်ဆိုင် သူ့ဆီကို အကြမ်းဖက်ခံရတဲ့ ကျောင်းသားလေးက အကူအညီလာတောင်းပါတော့တယ်
ရှီမင်တယောက် အကြမ်းဖက်မှုတွေရဲ့ လက်သည်ကို သူ ဘယ်လိုရင်ဆိုင်ပညာပေးမလဲ။
ခေါက်ရိုးကျိုးလောကကြီးရဲ့ နည်းလမ်းတွေကို သူ ဘယ်လိုပြောင်းလဲမလဲဆိုတာကို ရင်ခုန်စွာနဲ့ …

ဇာတ်ကားကြည့်ရန်လင့်ခ် ➡️ https://t.me/burmarecapfourpointzero/48
7