Dream Builders
670 subscribers
250 photos
97 links
Steps To Tomorrow
Download Telegram
📢 Mediapartnership Announcement for ‘Heart in Balance’ 💌

Dream Builders Organization 🤝 RiseUp Organization

မကြာခင်မှာ RiseUp Organization ကနေ ‘Heart in Balance’ အမည်ရတဲ့ Workshop လေးတစ်ခု ပြုလုပ်သွားဖို့ရှိပါတယ်‌။ ဒီ တစ်ရက်တာ Workshop လေးမှာ အလုပ်နဲ့ Personal life ကြားမှာ ဘယ်လို Balance လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမျှဝေသွားမှာပဲ ဖြစ်ပါတယ်။

နေ့စဉ်ဘဝမှာ အလုပ်တွေရှုပ်လာတာနဲ့အမျှ လူမှုရေးအားနည်းလာတာ၊ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်မပေးနိုင်တာ၊ စတဲ့ ပြဿနာတွေကို အဖြေရှာနိုင်ဖို့ ဒီ Workshop ကို သေချာပေါက် Join ကြည့်ကြပါလို့ အကြံပြုချင်ပါတယ်။ 🤗

‘Heart in Balance’ ပွဲလေးကိုတော့ February 21 ရက်နေ့ (စနေနေ့) ည 8 နာရီမှာ ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်နော်။‼️

ဒီပွဲလေးကို စိတ်ဝင်စားတယ်ဆိုရင် အချိန်မလင့်သေးခင် အောက်က Link ထဲမှာ အသေးစိတ်ဖတ်ရှုပြီး စာရင်းသွင်းနိုင်ပါပြီဗျာ။

Event Announcement - https://www.facebook.com/share/p/1EEnmCZ771/

Registration Link - https://forms.gle/YebkLCTjDGM2SZWbA


အတူတကွ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အသစ် ဖန်တီးတည်ဆောက်ဖို့အတွက် သင့်ကို RiseUp မှ အမြဲကြိုဆိုနေပါတယ် 🙌💖

Facebook Page
https://www.facebook.com/RiseUpOrgMyanmar

Telegram Channel
t.me/riseuporganization

LinkedIn
linkedin.com/company/riseuporganization/

Tiktok
https://www.tiktok.com/@riseuporganization?_r=1&_t=ZS-93nd9yuypQT

Remember! Success is near, RiseUp is here!
RiseUp Organization

#RiseUp_Org
#AboutRiseUpOrganization
#Heart_In_Balance
#WS2602RSM
#Work_Life_Balance
#Relationship_Management
#Relevant_Topic
#RiseUp_Content_by_YWT
#RiseUp_Graphic_by_HtooMyatNwe
#Success_is_near_RiseUp_is_here
❤1
Ding Dong 🔔

Dream Builders ရဲ့ Volunteer Recruitment [Batch 4] ကို စိတ်ပါ၀င်စားစွာ လျှောက်ထားပေးကြတဲ့ Builders တွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။

လျှောက်ထားသူတွေ ထဲကမှ ဒုတိယအဆင့်ဖြစ်တဲ့ interview stage အတွက် အရွေးချယ်ခံလိုက်ရတဲ့ Shortlisted Builders တွေကို mail ကတဆင့် interview အတွက် information တွေပို့ထားပြီးပါပြီ။

ကိုယ့်ရဲ့ mail box အပြင် spam folder ထဲပါ ၀င်စစ်ဖို့ မမေ့ပါနဲ့နော်။ ရွေးချယ်ခံလိုက်ရဲ့ တစ်ယောက်စီတိုင်း congratulations ပါ‌။ Interview နေ့မှာ ဆုံကြပါမယ်။✨


#dreambuilders@builders_mm
#volunteer
#DBO
#interview
❤4
𝑴𝒆𝒅𝒊𝒂 𝑷𝒂𝒓𝒕𝒏𝒆𝒓𝒔𝒉𝒊𝒑 𝑨𝒏𝒏𝒐𝒖𝒏𝒄𝒆𝒎𝒆𝒏𝒕

𝐌𝐘𝐄𝐎 ရဲ့ 𝐀𝐈 𝐁𝐮𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 (Shan State) မှာ Dream Builders ကလည်း National Media Partner အနေနဲ့ ပါဝင်ထားကြောင်း ဝမ်းမြောက်ဝမ်းသာဖြင့် ကြေညာလိုက်ပါတယ်။

ဒီနေ့ခေတ်မှာက အလုပ်၊ ကျောင်း၊ နေ့စဉ်ဘဝတွေမှာပါ AI က အရေးပါလာပါပြီ။

အဲ့လို AI ကို လူတိုင်းနီးပါး အသုံးပြုလာကြတဲ့အချိန် AI အကြောင်းကို မသိရင်၊ အသုံးမချတတ်ရင် နောက်မှာကျန်ခဲ့မှာပါ။

ဒါကြောင့် မြန်မာနိုင်ငံကလူတွေအနေနဲ့ AI အကြောင်း များများသိကြစေဖို့ လူတိုင်းကို ဒီ AI Bus Training မှာ သင်ပေးသွားပါမှာ ဖြစ်ပါတယ်။

အဓိကကတော့ လူငယ်တွေသာမက ဆရာ/မတွေနဲ့ မိဘတွေပါ AI ကို သုံးတတ်စေချင်ပါတယ်။

ပြီးတော့ ဒီ Training မှာသင်ပေးသွားမယ့် အကြောင်းအရာတွေက
- Fundamental of Generative AI
- AI Prompts 101 – How to Talk to AI
- Work Smarter not Harder – Maximize Productivity with AI
- AI in Combating Fake News, Hoax & Misinformation
- Ethical AI Usage – Plagiarism & Copyright Issues
စတာတွေမို့လို့ AI နဲ့ပတ်သက်ပြီး လုံးဝအခြေခံကနေ ရသွားမှာပါ။

နောက်တစ်ခုက ဒီ Training ကနေ ASEAN ဒေသတစ်ခွင်လုံးမှာ AI စာတတ်မြောက်ရေး (AI Literacy) အတွက် အရေးတကြီးလိုအပ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ကြိုးစားနေတာပါ။
- AI နည်းပညာ အမြန်တိုးတက်မှုနဲ့ လူထုထဲက ကျွမ်းကျင်မှုနည်းပါးမှုကြားက Skill Gap တွေကို ဖြည့်ဆည်းပေးမယ်။
- AI သုံးပြီး Productivity တိုးတက်အောင် သင်ပေးမယ်။
- AI ကနေပေးတဲ့ အန္တရာယ်ရှိ အကြောင်းအရာတွေ (သတင်းမှားတွေ၊ အတုအယောင်ဗီဒီယိုတွေ) ကို တိုက်ဖျက်နည်း သင်ပေးမယ်။
- မူပိုင်ခွင့်နဲ့ စာပေအတုအယောင်ပြုမှု ပြဿနာတွေအတွက် လမ်းညွှန်ချက်တွေပေးမယ်။

ဒီ Training က AI ကျင့်သုံးမှုကြောင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲပေးပြီး AI Ready ASEAN ရည်မှန်းချက်တွေနဲ့ တိုက်ရိုက်ကိုက်ညီအောင် ဒီဇိုင်းဆွဲထားတဲ့ ဗျူဟာကျတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

ပြီးတော့ ဒီ Training က ASEAN Foundation နဲ့ Google.org တို့နဲ့ ပူးပေါင်းပြီး ပြုလုပ်တဲ့ AI Ready ASEAN training ဖြစ်ပါတယ်။

ဒါကြောင့် သင်ပေးမယ့် သင်ခန်းစာတွေ၊ အကြောင်းအရာတွေကို တကယ်ကို ယုံကြည်ရတယ်ဆိုတာ အာမခံနိုင်ပါတယ်။

ဒါကြောင့်မို့လို့ လူတိုင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။

AI Bus (Shan State) Online Training ကို ပြုလုပ်သွားမယ့်နေ့ရက်တွေက… မတ်လ ၃ရက်နေ့ကနေ ၈ရက်နေ့အထိ (၅) ရက်တိုင်တိုင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

အချိန်ကတော့
6 pm - 8 pm ဆိုပြီး ကျောင်းချိန် ရုံးချိန်လွတ် စီစဉ်ထားပါတယ်။

AI အတွေ့အကြုံတွေ အများကြီးရသွားမယ့်အပြင် Tool တွေ သုံးတာ၊ အဖွဲ့လိုက်လုပ်တာလည်း ပါမှာမို့လို့ ပျော်ပျော်ရွှင်ရွှင် လေ့လာရမှာပါ။

📅 ရက်စွဲ: March 3 - 8, 2026
⏰ အချိန်: ညနေ ၆ နာရီ - ၈ နာရီ (အလုပ်မပျက် တက်လို့ရတယ်နော်)

ရှမ်းပြည်နယ်ရဲ့ Digital အနာဂတ်အတွက် အခုပဲ စာရင်းသွင်းလိုက်ပါ! 👇

🔗 Registration Link: [Link ထည့်ရန်]
https://m.me/myeo.hub?ref=ai_bus_shan

(တကယ်လို့ Link က အဆင်မပြေရင် MYEO Messenger မှာ ai bus shan လို့ စာရိုက်ပို့လိုက်ပါ)

နောက်ထပ်လာမယ့် AI Bus နဲ့ပတ်သက်တဲ့ Update တွေကို သိချင်ရင်တော့ အောက်က Tele Link ကို Join ထားလိုက်နော်။
https://t.me/myeochannel


#MYEOAIBus
#MYEOAIBusMM
#MYEOAIBusMandalay
#လူငယ်တွေအတွက်_AIBus
#Dream@builders_mm
❤2
🎉Congratulations to our new Builders 🎉

Dream Builders Organisation ဟာဆိုရင် လူငယ်တွေအတွက် Free language classes, skill building workshops တွေ အပြင် knowledge sharing contents တွေကို builders တို့အတွက် ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။

Volunteer based နဲ့ ဖွဲ့စည်းထားတဲ့ DBOဟာ အခုဆို volunteer batch 4 ထိရောက်ခဲ့ပါပြီ။ Interview အဆင့်မှာ ရွေးချယ်ခြင်း ခံလိုက်ရတဲ့ လူတွေကို mail ကနေ orientation အတွက် information တွေပို့ပေးထားပြီးပါပြီ။

ကိုယ့်ရဲ့ mail box နဲ့ spam folder လေးကို ၀င်စစ်ဖို့ မမေ့ပါနဲ့နော်။

ဒီအခေါက် အ‌ရွေးမခံလိုက်ရတဲ့ လူတွေအနေနဲ့လည်း နောက်အခေါက်တွေမှာ chance ရှိသေးတာမလို့ DBO ရဲ့ update တွေကို အမြဲ see first လုပ်ထားဖို့ မမေ့နဲ့နော်။

အရွေးခံလိုက်ရတဲ့ လူတွေအားလုံးကို congratulations again ပါ။ orientation နေ့မှာ ဆုံကြပါမယ်နော်။ ✨

#dreambuilders@builders_mm
#volunteer
#DBO
❤6
🌟 Media Partnership Announcement 🎉

MIND Organization ကနေ စီစဉ်ပြုလုပ်မယ့် “Academic CV Lab” Mini Workshop မှာ ကျွန်တော်တို့ရဲ့ Dream Builders Organization ကနေလည်း ပါဝင်အားဖြည့်ထားတာဖြစ်ပါတယ် 🥰

✨ MIND Organization ဟာဆိုရင် လူငယ်တွေအတွက် အကျိုးပြုစေမဲ့ Quality Education ကို ကူညီဖော်ဆောင်ပေးနေပြီး Leadership နဲ့ပတ်သက်တဲ့
Webinars တွေနဲ့ Workshop တွေကို စဉ်ဆက်မပြတ် စီစဉ်ပေးနေတဲ့ လူငယ်အကျိုးပြု Organization တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေးနဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ဗဟုသုတတွေ တိုးမြင့်စေဖို့ Knowledge Sharing Content တွေကိုလည်း နေ့စဉ် MIND ရဲ့ Page မှာ မျှဝေပေးလျက်ရှိပါတယ်။

ကျောင်းလျှောက်တဲ့အခါ၊ Scholarship လျှောက်တဲ့အခါနဲ့ ကိုယ့်အတွက် အခွင့်အလမ်းကောင်းတွေ ယူဆောင်လာပေးမဲ့ အလုပ်တွေ ဒါမှမဟုတ် Internship ‌တွေလျှောက်တဲ့အခါတွေမှာ မဖြစ်မနေသုံးရမဲ့ …

🔹ကိုယ့်ရဲ့ Skill တွေ

🔹Experience တွေ

🔹ကိုယ်လုပ်ဆောင်ဖူးခဲ့တဲ့ Project တွေ

အကြောင်းကို ဖော်ပြလို့ရမဲ့ CV ကို ဆရာကျကျ ဖန်တီးနိုင်စေဖို့အတွက် MIND ကနေ “Academic CV Lab” ဆိုတဲ့ Mini Workshop လေးတစ်ခု ယူဆောင်လာပါပြီ။

MIND ကနေ Academic Pathway အတွက် Perfect CV တစ်ခု ဖန်တီးနိုင်ဖို့ရာ လမ်းပျောက်နေတဲ့ လူငယ်တွေအတွက် လမ်းပြပေးမယ့် “Academic CV Lab” Mini Workshop ဆိုတာ ဘာမှန်းသိရအောင် အောက်က link ထဲကို သွားကြည့်လိုက်တော့နော်

🔗 https://www.facebook.com/share/p/18bhMVZm74/

ဒီ Mini Workshop ကနေ Professional CV တစ်ခုရသွားမယ်ဆိုတာ အာမခံပါတယ်။
ဒါ့ကြောင့် ကိုယ့်ရဲ့ Academic Pathway မှာ အလိုအပ်ဆုံးဖြစ်တဲ့ CV ကို ဒီအချိန် ၂ နာရီခွဲအတွင်းမှာ ရသွားမှာဆိုတော့ မဖြစ်မနေ Join သင့်တဲ့ Workshop တစ်ခုဆိုလည်းမမှားပါဘူး။
အဲ့တော့ လက်မနှေးဘဲ အခုချက်ချင်း Register လုပ်လိုက်တော့နော်။
Form link https://forms.gle/yCD7RWcJDXToMDCy8
Form ဖြည့်ပြီးရင် “acl” ဆိုတဲ့ code လေးကို Comment မှာ ရေးခဲ့မှသာ Mini Workshop ရဲ့ Zoom Invitation link ကို chat box ကနေတစ်ဆင့် ပို့ပေးမှာ ဖြစ်ပါတယ်။
Mini Workshop Details
Date - 8 March 2026 (Sunday)
Time - 7:00 - 9:30 PM
Place - Zoom Platform

“အခွင့်အလမ်းတွေ လက်မလွတ်ရဖို့ဆို Perfect CV တစ်ခုပဲလိုတယ်”

MIND - Mentoring in New Dimensions
“Quality Education is a Right for All.”

#MIND #Mentoring_in_New_Dimensions
#dreambuilders@builders_mm
မဖြစ်မနေ သိထားသင့်တဲ့ Sex Education ‼️

မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ "လိင်ကိစ္စ" ဆိုတာနဲ့ လူအများစုက ရှက်စရာ၊ ဖုံးကွယ်ထားသင့်တဲ့ အရာတစ်ခုအဖြစ် ထင်မြင်နေကြဆဲဖြစ်ပါတယ်။ မိဘတွေနဲ့လူငယ်တွေ ကြားမှာလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ အလွန်ခက်ခဲနေကြဆဲပဲ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့် ယနေ့ခေတ်မှာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု‌တွေ၊ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ (STIs) ခံစားရသူ‌တွေနဲ့ မလိုလားအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေက ပိုမိုများပြားလာနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လိင်ပိုင်းဆိုင်ရာ ပညာပေးခြင်း (Sex Education) ဆိုတာက လူငယ်တွေရဲ့ ဘဝအတွက် အလွန်အရေးကြီးတဲ့ လိုအပ်ချက်တစ်ခု ဖြစ်လာတာပဲ ဖြစ်ပါတယ်။

💁‍♀ လိင်ပညာပေး (Sex Education) ဆိုတာဘာလဲ။

လိင်မှုဆိုင်ရာ ပညာပေး (Sex Education) ဆိုတာက လိင်ဆက်ဆံဖို့ တွန်းအားပေးတာမျိုး မဟုတ်ဘဲ၊ လိင်နဲ့ လိင်စိတ်ဆိုင်ရာ ကျယ်ပြန့်တဲ့ အကြောင်းအရာတွေ (Values, Beliefs, Health) ကို နားလည် သဘောပေါက်အောင် သင်ကြား‌ပေးခြင်းမျိုး ဖြစ်ပါတယ်။

Sex Education ကိုသင်ကြားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့….

🔹လူငယ်‌တွေကို မှန်ကန်တဲ့ အသိပညာပေးပြီး မိမိကိုယ်ကို ကာကွယ်တတ်စေဖို့နဲ့

🔹အရာရာကို စဉ်းစားချင့်ချိန်ပြီးမှ ဆုံးဖြတ်တတ်ပြီး ရွေးချယ်မှုတိုင်းအတွက် တာဝန်ယူတတ်‌စေဖို့အတွက် အဓိကအနေနဲ့ ရည်ရွယ်ဝာာပဲ ဖြစ်ပါတယ်။

📍Sex Education ကို ဘာလို့ မသင်မဖြစ် သင်ယူဖို့ လိုအပ်တာလဲ။

➡️ မလိုလားအပ်တဲ့ ကိုယ်ဝန်ဆောင်မှု‌
တွေကနေ ကြိုတင်ကာကွယ်နိုင်ရန်။

➡️ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ (STIs) ကို ကာကွယ်ခြင်းနဲ့ စစ်ဆေးခြင်း အကြောင်းတွေကို သိရှိနားလည်စေရန်။

➡️ ကလေးသူငယ်‌တွေကို အလွဲသုံးစားပြုမှု (Abuse) နဲ့ အနိုင်ကျင့်ခံရမှုတွေကနေ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန်။

➡️ မိမိရဲ့စိတ်ခံစားချက်တွေနဲ့ လိင်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ဆွေးနွေးဖြေရှင်းနိုင်စေရန်။

စတာတွေကို သင်ကြားပေးတာဖြစ်တဲ့ အတွက်ကြောင့် Sex Education က လူငယ်တွေကို ဘက်ပေါင်းစုံက‌ ကူညီပံ့ပိုးပေးပြီး၊ နေ့စဉ်ဘဝ‌တွေကို ကျန်းမာ၊ လုံခြုံ၊ ပျော်ရွှင်စွာ ဖြတ်သန်းစေနိုင်မှာ ဖြစ်ပါတယ်။

📚 ဘယ်အချိန်ကနေစတင် ထိတွေ့သင့်လဲ။

လိင်ပညာ‌ပေးခြင်း ဆိုတာမျိုးက တစ်ခါတည်း သင်လိုက်ရုံနဲ့ ပြီးမြောက်တတ်ကျွမ်းသွားတဲ့ ဘာသာရပ်မျိုးမဟုတ်ပါဘူး။ ကလေးဘဝက စပြီး အသက်အရွယ်အလိုက် နည်းစနစ်တကျ သေချာသင်ကြား ဆွေးနွေးပေးရတာမျိုး ဖြစ်ပါတယ်။

ဒီလိုသင်ကြားရာမှာလည်း သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်‌တွေနဲ့သာ သင်ကြားရမှာဖြစ်ပါတယ်။

🧒 ပထမဆုံး စတင်ထိ‌တွေ့ ရမယ့်အသက်အရွယ် (မူလတန်းအရွယ်)

ဒီအရွယ်ကလေးတွေအတွက် အရေးကြီးဆုံးက “မိမိကိုယ်ကို ပိုင်ဆိုင်ခွင့် Self-Ownership နဲ့ Boundaries ကောင်းတဲ့ထိတွေ့မှုနဲ့ မကောင်းတဲ့ ထိတွေ့မှုတွေကို ခွဲခြားသိမြင်အောင်၊ လူ့အခွင့်အရေးနဲ့ ကိုယ့်ကိုယ်ကိုအပြင် မိသားစု၊ သူငယ်ချင်း‌တွေရဲ့ ဆန္ဒနဲ့ ဖြစ်တည်မှူကို လေးစားတတ်ဖို့ စတင်‌ သင်ယူသင့်တဲ့ အချိန်ဖြစ်ပါတယ်။

👧အလယ်တန်းအဆင့်

ဒီဆယ်ကျော်သက် အဆင့်မှာ ကိုယ်ခန္ဓာပြောင်းလဲမှု (Puberty) တွေ စတင်ခံစားရမှာဖြစ်ပြီး ရာသီသွေးစတင်ခြင်း၊ အသံပြောင်းခြင်း၊ သုတ်လွှတ်ခြင်း စတဲ့ သဘာဝဖြစ်စဉ်တွေဟာ ရှက်စရာကိစ္စမဟုတ်ကြောင်း နားလည်အောင် ပြောပြရမှာဖြစ်ပြီး LGBTQ+ အပါအဝင် လူတိုင်းရဲ့ ဖြစ်တည်မှု၊ မတူကွဲပြားမှု‌တွေကို လေးစားတတ်ရန်နဲ့ အနိုင်ကျင့်မှု‌တွေကို တိုက်ဖျက်တတ်စေဖို့တို့ကို အလေးပေး သင်ကြားပေးရမှာဖြစ်ပါတယ်။

👩အထက်တန်းအဆင့်

ဒီအသက်အရွယ်ဟာ စိတ်ခံစားချက်အလိုက်
စူးစမ်းစိတ်များပြီး လက်တွေ့စမ်းသက်ချင်ကြတဲ့ အသက်အရွယ်ဖြစ်ပါတယ်။

ဒါ့ကြောင့် အဓိက သင်ကြားသင့်တဲ့ အကြောင်းအရာတွေကတော့…

🌟 လိင်ကျန်းမာရေး (Sexual Health)

➜ ကိုယ်ဝန်တားဆီးနည်းများ (Contraception)

➜ ကွန်ဒုံးကို အသုံးပြုနည်းနဲ့အရေးပါမှု

➜ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါများ (STIs/STDs)

🌟 သဘောတူညီချက် (Consent)

➜ လိင်ဆက်ဆံမှုတိုင်းမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုဟာ အင်မတန်မှ အရေးကြီးကြောင်း သိရှိစေဖို့ သင်ကြားပေးရမှာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး အသက်အရွယ်အလိုက် စနစ်တကျ သင်ပေးခြင်းကြောင့် ရရှိလာမယ့် ကောင်းကျိုးတွေကတော့…

🔹ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုနှုန်း သိသိသာသာ လျှော့ချနိုင်ခြင်း။

🔹လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါများ(STIs) ကူးစက်မှုနှုန်း နည်းပါးစေခြင်း။

🔹အနာဂတ်မှာ ကျန်းမာပြီး လေးစားမှုရှိတဲ့ ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် အထောက်အကူပြုခြင်း
စတဲ့အကျိုးကျေးဇူးတွေ ရရှိမှာပဲ ဖြစ်ပါတယ်။

လိင်ပညာပေးဆိုတာက ရှက်စရာတစ်ခုမဟုတ်ဘဲ တာဝန်သိတတ်ပြီး တာဝန်ယူတတ်တဲ့ လူငယ်တစ်ဦးအဖြစ် ကြီးပြင်းလာစေရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာတစ်ခုဖြစ်ပါတယ်။✨
❤3
လူငယ်တွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို အာမခံနိုင်ရန်အတွက် ပွင့်လင်းပြီး တိကျတဲ့ ပညာပေးမှုတွေကို ဆက်လက် လုပ်ဆောင်သွားနိုင်ဖို့က အရမ်းကို အရေးကြီးပါတယ်။
ဒါကြောင့် တစ်ဖက်ပိတ်အတွေးတွေနဲ့ တားဆီးပိတ်ပင်တာတွေမျိုး မလုပ်ကြဘဲ လူတိုင်းအတူတကွ ပါဝင်လုပ်‌ဆောင်ဖို့ လိုအပ်ပါတယ်ရှင်။💁‍♀✅

"နောက်ထပ် အသစ်‌အသစ်‌သော Content တွေအတွက် Dream Builders ကိုစောင့်ကြည့်ပေးကြပါဦး”

Facebook Page
https://www.facebook.com/profile.php?id=61573721284085&mibextid=wwXIfr&mibextid=wwXIfr

Telegram Channel
https://t.me/builders_mm

#Content_by_HsuMyatNoe
#Research_by_MayMyatNoeWai

#Dream_Builders
#Stepstotomorrow
#non_profit
#Sex_education
❤7
🌍 နိုင်ငံခြားမှာ ပညာသင်ရင်း Part-Time လုပ်နိုင်တဲ့ နိုင်ငံတွေက ဘာတွေလဲ❓

International Student တွေအနေနဲ့ နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပညာသင်နေစဥ်မှာ တစ်ကိုယ်ရည်စာဖြစ်ဖြစ် ကာမိအောင် မိဘဆီက ပြန်မတောင်းဘဲ Part-time Job တွေ လုပ်ရင်း ဖြတ်သန်းလေ့ရှိပါတယ်။ ကျောင်းသားတွေကို အလုပ်လုပ်ခွင့်ပေးတဲ့ နိုင်ငံတွေရှိသလို ကန့်သတ်ထားတဲ့ နိုင်ငံတွေလည်း ရှိတာမို့ ကိုယ်သွားမဲ့ နိုင်ငံကို သေချာလေး ရွေးချယ်သင့်ပါတယ်။

👉 ဒီနေ့မှာတော့ Builder တို့အတွက် ကျောင်းတက်ရင်း Work Experience တွေ၊ Time Management နဲ့ Personal Development များ ရရှိစေနိုင်တဲ့ နိုင်ငံတွေနဲ့ ထိပ်တန်းတက္ကသိုလ်တွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးသွားပါမယ်။

🇨🇦 Canada

ပညာရေးစနစ်ကောင်းမွန်တဲ့ Canada နိုင်ငံမှာဆိုရင် ကျောင်းတက်ခါစအတွင်း တစ်ပတ် 20 နာရီအထိ အလုပ်လုပ်ခွင့်ရှိပြီး ပိတ်ရက်နှင့် Semester Break တွေမှာဆို Full-Time အနေဖြင့် လုပ်ကိုင်နိုင်ပါတယ်။ ထိပ်တန်းတက္ကသိုလ်အဖြစ် University of Toronto က Engineering , Business , Computer Science နဲ့ Life Sciences Majors အတွက် နာမည်ကြီးတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

🇩🇪 Germany

ဥရောပနိုင်ငံတွေထဲက Germany နိုင်ငံမှာလည်း International Student တွေကို တစ်နှစ်ကို 120 ရက် (သို့) 240 Half-Days အထိ အလုပ်လုပ်ခွင့်ရှိပြီး Technical University of Munich က Engineering နဲ့ Natural Sciences Majors အတွက် ထင်ရှားတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။

🇬🇧 United Kingdom

ကမ္ဘာထိပ်တန်းနိုင်ငံဖြစ်သလို ပညာရေးစနစ်မှာ Ranking မြင့်တဲ့ UK နိုင်ငံဟာလည်း International Students တွေ အများဆုံး ရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ UK မှာ University Students တွေအတွက် Term Time အတွင်း တစ်ပတ် 20 နာရီအထိ လုပ်ကိုင်နိုင်ပြီး Imperial College London က Engineering , Medicine , Business နဲ့ Data Science တို့အတွက် ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။

🇲🇾 Malaysia

Asia ဒေသတွင်းနိုင်ငံဖြစ်တဲ့ Malaysia မှာဆိုလည်း အခုနောက်ပိုင်း Myanmar Students တွေအတွက် Best Choice Country တစ်ခု ဖြစ်လာပါပြီ။ USA Dreamers တွေအတွက်လဲ Third Country အနေနဲ့ ‌ကူးဖို့ အကောင်း‌ဆုံးနိုင်ငံတစ်ခု ဖြစ်ပါတယ်။ Malaysia မှာ Semester Break တွေမှာသာ တရားဝင် တစ်ပတ် 20 နာရီအထိ အလုပ်လုပ်ခွင့်ရှိပြီး University of Malaysia က Engineering , Medicine နဲ့ Business အတွက် လူကြိုက်များတဲ့ ထိပ်တန်း University တစ်ခုလည်း ဖြစ်ပါတယ်။

🇳🇿 New Zealand

နောက်ပိုင်းမှာ International Student တွေ ရွေးချယ်မှုတွေ များလာတဲ့ New Zealand မှာလည်း ကျောင်းသားတွေဟာ တစ်ပတ် 20 နာရီအထိ Part-Time အလုပ်လုပ်နိုင်ပြီး University of Auckland က Engineering၊ Business နဲ့ Education Major တွေအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။

📍 ကျောင်းတက်ရင်း Part-Time လုပ်တာက Work Experience, Budget , Time-Management ကောင်းမွန်လာခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပေမဲ့ ကျောင်းတစ်ဖက် အလုပ်တစ်ဖက်ဖို့ Balance မညီတဲ့အခါ ပင်ပန်းခက်ခဲခြင်း၊ Stress ပိခြင်း၊ Academic Performance တွေအပေါ် ထိခိုက်မှုရှိလာခြင်း စတဲ့ ဆိုးရွားသော အချက်တွေကိုလည်း ဂရုပြုဖို့ အရေးကြီးပါတယ်။

#Content by _KyiPhyarAung
#Graphic_by_Harry
#Research by _May_Myat_Noe_Wai

#Dream_Builders #Builders #DBO #non_profit #Stepstotomorrow #Part_Time #Job #Work #University
❤14❤‍🔥1
Idioms တွေသိထားမှ English Learners တွေကြားခေတ်မှီမယ်နော်🫣💡

English language မှာ Four Skills အပြင် Idioms တွေကလည်း အရေးပါတဲ့ကဏ္ဌကနေနေရာယူထားပါတယ်။ Idioms တွေသိရင် Daily Conversation မှာလည်း အထာကျကျပြောလို့ရတဲ့အပြင် Learners တွေကြားထဲခြေတစ်လှမ်းသာနေမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ Idioms မျိုးစုံကို တစ်နေရာထဲမှာလေ့လာလို့ရတဲ့ Website တစ်ခုကို Sharing လုပ်ပေးချင်ပါတယ်။ Topic တစ်ခုဆီကိုလေ့လာရမဲ့ကြာချိန်တွေလည်း ပါပြီးသားမို့ ရေကန်အသင့်ကြာအသင့်ပါပဲရှင်။😉✨

🔑Website Link: https://langeek.co/en/vocab/idioms

Idioms တွေအများကြီးလေ့လာသင်ယူပြီး နေ့စဉ်ဘဝမှာကောင်းမွန်စွာအသုံးချနိုင်ကြပါစေရှင်။

#Graphic_by_KyiLae

#Dream_Builders #Builders #DBO #non_profit #Stepstotomorrow #Idioms #English #Learners
❤11
RiseUp Organization ကနေ “The Language Of Behaviour” ဆိုတဲ့ Event လေးတစ်ခု ယူဆောင်လာပြီနော်!

“The Language Of Behavior” ဆိုတဲ့ Event ကြီးကိုတော့ (2) ရက်တာ ကျင်းပသွားမှာဖြစ်ပြီး ကိုယ်ရဲ့ ကိုယ်ပိုင်လူနေမှုဘဝနဲ့ လုပ်ငန်းခွင်က လူမှုဆက်ဆံရေး၊ စီးပွားရေးစတဲ့ အမျိုးမျိုးသော အခြေအနေတွေမှာ ကိုယ့်ရဲ့ Behavior က ဘယ်လောက်တောင် အရေးကြီးသက်ရောက်မှုရှိလဲဆိုတာ ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Dream Builders Organization ကနေပြီးတော့လည်း Media Partnership အနေနဲ့ ပူးပေါင်းပါဝင်ထားတာတဲ့ “The Language Of Behaviour” ဆိုတဲ့ Event လေးက စိတ်ဝင်စားစရာကောင်းတာမို့ Join လိုက်တော့နော်။ 🥰

အသေးစိတ်အကြောင်းအရာတွေနဲ့ Guest Speaker တစ်ယောက်ချင်းစီရဲ့အကြောင်းကို Main Announcement မှာ ဖတ်ရှုနိုင်ပါတယ်။

The Language of Behaviour Event အကြောင်း
https://www.facebook.com/share/p/1HjcPfsHFF/?mibextid=wwXIfr

“The Language Of Behaviour” Event Details

Date - March 28 & 29 (Saturday, Sunday)
Time - 8:00 PM to 10:00 PM
Event Platform - Zoom

Registration Link 🔗 https://forms.gle/ppJJFNcTn4dLrMxg8

အတူတကွ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အသစ် ဖန်တီးတည်ဆောက်ဖို့အတွက် သင့်ကို RiseUp မှ အမြဲကြိုဆိုနေပါတယ် 🙌💖

Stay connected with us on:

Facebook Page
https://www.facebook.com/RiseUpOrgMyanmar

RiseUp Community Network
https://www.facebook.com/share/g/1GhM75ZVYQ/?mibextid=wwXIfr

Telegram Channel
t.me/riseuporganization

LinkedIn
linkedin.com/company/riseuporganization/

Tik Tok
https://www.tiktok.com/@riseuporganization

Remember! Success is near, RiseUp is here!
RiseUp Organization

#RiseUp_Org
#WS2603PDBS
#The_Language_of_Behaviour
#Your_Time_To_RiseUp
#Content_riseup_KhantSiTharHein
#Success_is_near_RiseUp_is_here
#Dream_Builders
#Stepstotomorrow
❤2
❤1
2026 မှာ စာအုပ်တွေအများကြီးဖတ်ဖို့ Goal ထားထားတဲ့ Bookworms လေးတွေ ရှိလား 📚✨

အင်္ဂလိပ်စာလည်း လေ့လာချင်တယ်၊ စာအုပ်ကောင်းတွေကိုလည်း ပိုက်ဆံအကုန်အကျမရှိဘဲ ဖတ်ချင်တယ်ဆိုရင် English Books ပေါင်း (၅၀,၀၀၀) ကျော်ကို Free Download ဆွဲပြီး ဖတ်လို့ရမယ့် ManyBooks ဆိုတဲ့ Website လေးအကြောင်း သိထားဖို့လိုအပ်နေပါပြီနော်။💁🏻‍♀️

ManyBooks website မှာဆိုရင် Romance, Mystery, Thriller ကနေ Non-fiction အထိ ကိုယ်ကြိုက်တာကို စိတ်ကြိုက်ရွေးလို့ရတဲ့အပြင် Classic စာအုပ်ဟောင်းတွေကနေ ဒီဘက်ခေတ် စာအုပ်သစ်တွေအထိ စုံစုံလင်လင် ရှိတာကြောင့် Reading လေ့ကျင့်ချင်သူတွေအတွက် ရွှေတွင်းကြီးပဲဖြစ်ပါတယ်။✨

စာအုပ်အများစုကို အခမဲ့ ဖတ်ရှုနိုင်သလို၊ Download ဆွဲပြီး Offline သိမ်းထားလို့လည်းရတာမလို့ Reading Skills တိုးတက်ချင်သူတွေနဲ့ စာဖတ်ဝါသနာပါသူတွေအတွက်တော့ တကယ့်ကို တန်ဖိုးရှိတဲ့ Resource တစ်ခု ဖြစ်မှာသေချာပါတယ်။🥳

🌐 Website Link: https://manybooks.net/

အခုပဲ ကိုယ်ဖတ်ချင်တဲ့ စာအုပ်လေးတွေကို သွားရှာကြည့်လိုက်တော့နော်🫵🏻

#Content_by_HsuMyatNoe
#Graphic_by_Harry

#Dream_Builders #Builders #DBO #non_profit #Stepstotomorrow #Reading #English #Learners
❤5❤‍🔥1